Vital Diagnostics

Vital Diagnostics Vital Diagnostics Co., Ltd. is a distribution company specialised in in-vitro diagnostics which are used to detect diseases and other conditions.

Vital Diagnostics is based in Yangon, Myanmar. Rapid Diagnostics / POC tests

အစားအသောက်မမှန်ခြင်းနှင့် မသန့်ရှင်းသော အစားအစာနဲ့ရေတို့ကို စားသုံးမိခြင်းတို့ကို အစပြုကာ ဖြစ်ပေါ်လာတဲ့ အစာအိမ်ရောဂါပိုး...
30/08/2023

အစားအသောက်မမှန်ခြင်းနှင့် မသန့်ရှင်းသော အစားအစာနဲ့ရေတို့ကို စားသုံးမိခြင်းတို့ကို အစပြုကာ ဖြစ်ပေါ်လာတဲ့ အစာအိမ်ရောဂါပိုး 🦠

H. Pylori Bacteria ခေါ် Helicobacter pylori (H. pylori) Bacteria ဆိုတာ အစာအိမ်ကိုတိုက်ခိုက်တတ်တဲ့ bacteria တစ်မျိုးဖြစ်ပါတယ်။ အစာအိမ်နံရံများကို urease လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးကိုပြုလုပ်ကာ အစာအိမ်ကို ဒုက္ခပေးတဲ့အပြင် အစာလမ်းကြောင်း၊ အစာအိမ်နံရံ၊ အူသိမ်များမှာ အနာများဖြစ်တတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများမှာ ပိုအဖြစ်များပါတယ်။ ☹️

အစာအိမ်ရောဂါဆိုတာ အစားအသောက်ပုံစံမမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်၊ အရက်နှင့်ဆေးဝါး များကြောင့် ဖြစ်လေ့ရှိတဲ့အပြင် အစာအိမ်ပိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ✔️

လူတစ်ချို့ ဖြစ်လေ့ရှိတဲ့ ပြင်းထန်သော အစာအိမ်ရောဂါလက္ခဏာမှာ
🔸 မခံမရပ်နိုင်အောင် အစာအိမ်စူးအောင့်ခြင်း
🔸 အစာအိမ် နံရံ ရောင်ခြင်း
🔸သွေးအန်ခြင်း
🔸ကော်ဖီကဲ့သို့အညိုရောင်အရည်များအန်ခြင်း
🔸ရင်ခေါင်းအောင့်ခြင်း
🔸ရင်ပူခြင်း
🔸အစာမရှိသည့်အခါ ဗိုက်အောင့်ခြင်း
စတဲ့လက္ခဏာများ ခံစားရပါက အချိန်မဆွဲဘဲ ကျွမ်းကျင်ဆရာဝန်များထံ အမြန်ဆုံးစစ်ဆေးပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ ✔️

H. pylori ရောဂါပိုးကို များသောအားဖြင့် သွေးစစ်ခြင်း၊ အသက်ရှုစစ်ဆေးခြင်း၊ ဝမ်းစမ်းသပ်ခြင်းနှင့် endoscopy နဲ့ရောဂါရှာဖွေခြင်းအပြင် သတိမမူမိလိုက်တဲ့အချိန် အစာအိမ်ရောဂါပိုးမဖြစ်ရလေအောင် ရောဂါပိုးရှိ၊မရှိ ကြိုတင်စစ်ဆေးချင်တယ်ဆိုရင်တော့ SD Biosensor ကုမ္ပဏီမှ ထုတ်လုပ်သော Standard Q အမှတ်တံဆိပ် H. Pylori Ag Test Kit ကို ဆောင်ထားသင့်ပါတယ်။ ✔️

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိတာကြောင့် ℹ️အသေးစိတ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

.pylori .PyloriAg

ခြင်ကိုက်ရာမှအစပြုကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်🦗သွေးလွန်တုပ်ကွေးရောဂါက အထူးသဖြင...
21/08/2023

ခြင်ကိုက်ရာမှအစပြုကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်🦗
သွေးလွန်တုပ်ကွေးရောဂါက အထူးသဖြင့် Aedes aegypti ရောဂါပိုးရှိသော Aedes ခြင်ကိုက်ရာမှတစ်ဆင့် လူရဲ့သွေးကြောထဲသို့ ကူးစက်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ Aedes ခြင်ကျားတွေကို နံနက်စောစောနှင့် ညနေပိုင်းများတွင် ပိုတွေ့ရတတ်ပါတယ်။ 🦠
ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့အခါ ဖြစ်လေ့ရှိတဲ့သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေကတော့
📌 အဖျားကြီးခြင်း
📌 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
📌 အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်ခြင်း
📌 အနီစက်များပေါ်ခြင်းနှင့် အစားအသောက်ပျက်ခြင်း စတဲ့လက္ခဏာများ ဖြစ်ပေါ်လာပါတယ်။
သွေးလွန်တုပ်ကွေးရောဂါက ရောဂါလက္ခဏာ ပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်လာနိုင်ပါတယ်။ 🦗

ဒါ့ကြောင့်မိဘများအနေနဲ့ ကိုယ်ခံအားနည်းတဲ့ မိမိကလေးငယ်လေးတွေကို ခြင်ကိုက်မခံရအောင် ခြင်ထောင်ဖြင့်သိပ်ခြင်း၊ လုံခြုံသော လက်ရှည်၊ ဘောင်းဘီရှည် စတဲ့အဝတ်အစားများ ဝတ်ဆင်ပေးခြင်း စတဲ့နည်းလမ်းများဖြင့် ဂရုစိုက် စောင့်ရှောက်သင့်ပါတယ်။ 🤱
လူကြီး၊ လူငယ်များအနေနဲ့ မိမိမှာ သွေးလွန်တုပ်ကွေး ရောဂါရှိမရှိ စစ်ဆေးသိရှိနိုင်ဖို့ 𝐒𝐃 𝐁𝐢𝐨𝐬𝐞𝐧𝐬𝐨𝐫 အမှတ်တံဆိပ် Dengue Duo Test kit များဖြင့်စစ်ဆေးနိုင်ပါတယ်။ 💁‍♀️
Dengue Duo test kit က Primary infection လား၊ Secondary infectionလား ဆိုတာ ၁၅ မိနစ်မှ မိနစ်၂၀အတွင်း မှန်ကန်တိကျတဲ့ စစ်ဆေးချက် သွေးအဖြေရလဒ်ကို ထုတ်ပေးပါတယ်။ ✅

ယခုဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းများသို့ ဖြန့်ချီပေးလျက်ရှိပါတယ်။ ✅
အသေးစိပ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ⬇️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

ကြားဖူးနားဝရှိတဲ့ ( Syphilis) ကာလသားရောဂါဆိုတာ … 🤔ကာလသားရောဂါဆိုတာ ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ...
16/08/2023

ကြားဖူးနားဝရှိတဲ့ ( Syphilis) ကာလသားရောဂါဆိုတာ … 🤔

ကာလသားရောဂါဆိုတာ ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် Treponema Pallidum ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းဖြစ်ပါတယ်။ အသက် (၂၀) မှ (၃၅) နှစ်အရွယ် အမျိုးသားများမှာ အများဆုံးတွေ့ရှိရပြီး လူကြီးလူငယ် ၊ အမျိုးသား၊ အမျိုးသမီးမရွေး ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။🦠
အဖြစ်အများဆုံး ကာလသားရောဂါ လက္ခဏာ အချို့ကတော့
🔸 ဆီးပူညောင်းကျ ဖြစ်ခြင်း
🔸 လိင်အင်္ဂါတစ်ဝိုက် ကြွက်နို့၊ ရေယုန်ပေါက်ခြင်း
🔸 ဆီးစပ်အောက်ပိုင်း ကိုက်ခဲနာကျင်ခြင်း
🔸 တစ်ခါတစ်ရံ ဆီးနှင့်အတူ သွေးများ ပါလာတတ်ခြင်း
စတဲ့လက္ခဏာများ ဖြစ်လေ့ရှိပြီး ရောဂါပြင်းထန်ပါက ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများအပြင် အခြားသောနောက်ဆက်တွဲ ရောဂါများ ဖြစ်လာနိုင်ပါတယ်။ 🦠

ရောဂါလက္ခဏာ ပြင်းထန်မှကုသခြင်း မဖြစ်ရလေအောင် မိမိမှာ ကာလသားရောဂါရှိ၊မရှိ စစ်ဆေး သိရှိထားနိုင်ဖို့ 𝐒𝐃 𝐁𝐢𝐨𝐬𝐞𝐧𝐬𝐨𝐫 အမှတ်တံဆိပ် Syphilis Ab Test Kit များကို Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs မှ မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းများ၊ ဓာတ်ခွဲခန်းများကို ဖြန့်ချီပေးလျက်ရှိပါသည်။ ✅

ယခုဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိတာကြောင့် ℹ️အသေးစိပ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ⬇️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

အနာဂတ်မိခင်လောင်းများနဲ့  သိရှိလေ့လာထားသင့်တဲ့ HIV ရောဂါအန္တရာယ် 🎗HIV ဆိုတာ ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြ...
11/08/2023

အနာဂတ်မိခင်လောင်းများနဲ့ သိရှိလေ့လာထားသင့်တဲ့ HIV ရောဂါအန္တရာယ် 🎗

HIV ဆိုတာ ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး အရှင်းပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမရှိသေးတဲ့အတွက် ART , PrEP ဆေးတို့နဲ့ သွေးထဲမှာ HIV ပိုး ဆက်လက်မပြန့်ပွားအောင် ရေရှည်ဆေးသောက် ထိန်းထားရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ 🦠
HIV ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိသူရဲ့ သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခြင်း၊ လိင်ပိုင်းဆိုင်ရာမှ တစ်ဆင့်ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ မိခင်မှသန္ဓေသားထံသို့ ကူးစက်ခြင်း နဲ့ မိခင်နို့တိုက်ကျွေးခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ 🎗

HIV ပိုးက ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နဲ့ နို့တိုက်နေစဉ်အတွင်း ကူးစက်နိုင်ပြီး မိခင်ရဲ့ အချင်းမှတစ်ဆင့် သားအိမ်အတွင်းရှိ သန္ဓေသားကို ကူးစက်ခြင်းဖြစ်လို့ သွေးထဲ HIV ပမာဏလျှော့ချနိုင်ဖို့ ကျွမ်းကျင်ဆရာဝန်များရဲ့ ညွှန်ကြားချက်အတိုင်း ART ဆေးပုံမှန်သောက်သင့်ပါတယ်။ ☑️

မိခင်လောင်းများအနေနဲ့ ကျန်းမာရေး စစ်ဆေးခြင်း၊ လိုအပ်တဲ့ဆေးဝါး ကုသမှုခံယူခြင်းများ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ✨

မိခင်လောင်းမဖြစ်ခင် မိမိနှင့် ခင်ပွန်းဖြစ်သူမှာ HIV ပိုးရှိ၊မရှိ ကြိုတင်စစ်ဆေး သိရှိထားနိုင်ဖို့ 𝐒𝐃 𝐁𝐢𝐨𝐬𝐞𝐧𝐬𝐨𝐫 အမှတ်တံဆိပ် HIV 1/2 Ab 3 line Test Kit များကို Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs မှ မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းများ၊ ဓာတ်ခွဲခန်းများကို ဖြန့်ချီပေးလျက်ရှိပါသည်။

ယခုဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိတာကြောင့် ℹ️အသေးစိပ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

1/2 Ab 3-line

အသည်းကွဲတဲ့ နာကျင်ခံစားမှုလို အမြန်ကုစားဖို့ မလွယ်တဲ့ အသည်းကင်ဆာရောဂါ... ❤️‍🔥Hepatitis C (HCV) စီပိုးဟာ အသည်းကို အဓိက ထိ...
08/08/2023

အသည်းကွဲတဲ့ နာကျင်ခံစားမှုလို အမြန်ကုစားဖို့ မလွယ်တဲ့ အသည်းကင်ဆာရောဂါ... ❤️‍🔥

Hepatitis C (HCV) စီပိုးဟာ အသည်းကို အဓိက ထိခိုက်စေ​တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အသည်းကို ရောင်ရမ်းပျက်စီးစေကာ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်း၊ အသည်းတစ်သျှူးများ ပျက်စီးခြင်းအပြင် အသည်းကင်ဆာရောဂါ အထိဖြစ်စေနိုင်ပါတယ်။ 🦠
အသည်းယောင် အသည်းဝါစီပိုး ကူးစက်ခံရနိုင်တဲ့ နည်းလမ်းများကတော့
🔺ဆေးထိုးအပ် သို့မဟုတ် ဆေးထိုးကိရိယာများ မျှဝေသုံးစွဲခြင်း
🔺မသန့်ရှင်းသော ကိရိယာဖြင့် တက်တူးထိုးခြင်း
🔺ရောဂါပိုးရှိသူထံမှ သွေးသွင်းမိခြင်း
🔺 အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
စတဲ့နည်းလမ်းတွေကတစ်ဆင့် အသည်းယောင် အသည်းဝါရောဂါ ကူးစက်နိုင်ပါတယ်။
အသည်းယောင်၊ အသည်းဝါ စီပိုးရှိသူအများစုက ရောဂါလက္ခဏာကို ချက်ချင်းမခံစားရဘဲ ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊အရေပြားနှင့် မျက်လုံးများဝါခြင်း (အသားဝါခြင်း) စတဲ့လက္ခဏာတွေ တဖြည်းဖြည်း ခံစားလာရပြီး ပြင်းထန်ပါက အသည်းရောဂါ အန္တရာယ်အထိ ဖြစ်လာနိုင်တာမလို့ ကြိုတင်ကာကွယ် ဆင်ခြင်ဖို့အထူး လိုအပ်ပါတယ်။ 🦠
အသည်းရဲ့ ပုံမှန်လှုပ်ရှားမှုတွေ မထိခိုက်စေရန်နဲ့ စီပိုးရောဂါကြောင့် အသည်းကင်ဆာမဖြစ်စေရန် ပုံမှန်ဆေးစစ်နိုင်ဖို့ ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ Standard Q HCV Ab test kit နဲ့ အသည်းရောင်အသားဝါ C ပိုးရောဂါရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။ ❤️‍🔥

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

04/08/2023

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ အမည်သုံး၍ Facebook လူမှုကွန်ယက်ပေါ်တွင် အလုပ်ခေါ်ဆိုနေခြင်းနှင့် ပတ်သက်၍ အသိပေး ကြေညာခြင်း 🚨

📌 Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ အမည်ကို အသုံးပြု၍ Facebook လူမှုကွန်ယက်ပေါ်တွင် လူပုဂ္ဂိုလ် အကောင့် ( Personal Facebook Account) များဖြင့် 'ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် ဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ' ဟုအလုပ်ခေါ်ဆိုပြီး
ဆက်သွယ်လာသောသူများအား ငွေကြေး တစ်စုံတစ်ရာ တောင်းခံကာ အလုပ်အင်တာဗျူးရန် စေလွှတ်လျှက်ရှိ သည်ဟု သိရှိရပါသည်။

📌 Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ အနေဖြင့် မည်သည့် အလုပ်ကြော်ငြာကိုမျှ လူပုဂ္ဂိုလ်အကောင့် ( Personal Facebook Account) များအား အသုံးပြု၍ အင်တာဗျူး ခေါ်ဆိုထားခြင်း မရှိကြောင်းနှင့် အခကြေးငွေ ကောက်ခံခြင်း မရှိကြောင်း အသိပေးကြေညာအပ်ပါသည်။

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

အရက်၊ဘီယာ မသောက်တဲ့လူတွေမှာ အသည်းရောင် အသည်းခြောက်ရောဂါ ဖြစ်တာ ဘာကြောင့်လဲ 🤔လူအများစုက "အရက်ဘီယာကို ရေရှည်သောက်ရင်းကနေ က...
03/08/2023

အရက်၊ဘီယာ မသောက်တဲ့လူတွေမှာ အသည်းရောင် အသည်းခြောက်ရောဂါ ဖြစ်တာ ဘာကြောင့်လဲ 🤔
လူအများစုက "အရက်ဘီယာကို ရေရှည်သောက်ရင်းကနေ ကြာလာရင် အသည်းခြောက်မယ်၊ အသည်းကင်ဆာဖြစ်မယ် " လို့ထင်ကြမယ်။
ဒီလိုထင်တာလည်း မမှားပါဘူး 🔺
အရက်ဘီယာကို အလွန်အကျွံသောက်ခြင်းက အသည်းကို ထိခိုက်စေပါတယ်။ 🍺
ဒါပေမယ့် အသည်းရောင်၊ အသည်းခြောက် ရောဂါဖြစ်နိုင်တဲ့ အခြား အကြောင်းအရင်းတွေလည်း ရှိပါတယ်။ ❤️‍🔥
လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ (Fungus) မှိုက အသည်းကို ပျက်စီးစေကာ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစတဲ့ ရောဂါတွေ ဖြစ်လာပါတယ်။ 🦠
( Fungus ) မှိုကို အချဉ်ဖောက်ထားတဲ့ အစားအစာအမျိုးမျိုး ၊ ငရုတ်သီးခြောက် ၊ ငရုတ်သီးအမှုန့်တို့နဲ့ ရက်လွန်နေသော အစားအစာ အများစုမှာ တွေ့ရတတ်ပါတယ်။ ❗️
ကင်ဆာရောဂါဖြစ်ရတဲ့ အကြောင်းအရင်းထဲမှ အများစုက ( Fungus ) မှိုကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်မသန့်ရှင်း မလတ်ဆတ်တဲ့ အစားအစာတွေကို စားမိတဲ့အခါ အသည်းရောင် အသားဝါ ဘီပိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသည်းကို ထိခိုက်စေပါတယ်။ ✔️
သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အဆိပ်အတောက် မှိုတွေက လူ့ခန္ဓာကိုယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာမလို့ အစားအစာများကိုလည်း ဂရုတစိုက် သေချာရွေးချယ် စားသောက်သင့်ပါတယ်။ ✔️

အရက်၊ ဘီယာမသောက်လို့ အသည်းရောင်၊ အသည်းခြောက်ရောဂါတွေ မဖြစ်လာနိုင်ပါဘူးဆိုပြီး သတိလက်လွတ်မနေဘဲ ကျန်းမာရေးကို အမြဲဂရုစိုက် ထိန်းသိမ်းသင့်ကြောင်း အကြံပြုလိုက်ပါတယ် ခင်ဗျာ။ ❤️‍🔥
အသည်းရောင် ၊ အသည်းခြောက်ရောဂါမဖြစ်စေဖို့ ကြိုတင် စစ်ဆေးသိရှိလိုပါက ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ SD Biosensor အမှတ်တံဆိပ် HBs Ag test kit များနဲ့စစ်ဆေးနိုင်ပါတယ်။ ☑️

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက်ပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

ယနေ့ကျရောက်လာသော ဝါဆိုလပြည့် ဗုဒ္ဓနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူများအားလုံး  စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမ...
01/08/2023

ယနေ့ကျရောက်လာသော ဝါဆိုလပြည့် ဗုဒ္ဓနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေလို့ Vital Diagnostic မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

"We're not waiting or World Hepatitis Day 2023" 🎗နှစ်စဉ်ကမ္ဘာတစ်ဝှမ်းမှာ အသည်းရောင်အသားဝါရောဂါ ခံစားနေရသူ အများအပြားရှိက...
28/07/2023

"We're not waiting or World Hepatitis Day 2023" 🎗

နှစ်စဉ်ကမ္ဘာတစ်ဝှမ်းမှာ အသည်းရောင်အသားဝါရောဂါ ခံစားနေရသူ အများအပြားရှိကြပါတယ်။ ပထမဆုံး Hepatitis B ကာကွယ်ဆေးကို တီထွင်ခဲ့တဲ့ Dr. Baruch Blumberg မွေးနေ့ ဇူလိုင်လ (၂၈) ရက်နေ့ကို ကမ္ဘာ့အသည်းရောင်အသားဝါနေ့ World Hepatitis Day နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 🦠

" We're not waiting " ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ကနဦးအစ အသည်းရောင်အသားဝါရောဂါ လက္ခဏာတွေ့ရှိချိန်မှ ကုသချိန်အထိ အချိန်ဆွဲ စောင့်ဆိုင်းမနေဘဲ ဂရုစိုက်သင့်တဲ့ ရောဂါတစ်မျိုးပါ။ 🦠

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က " World Hepatitis Day " ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ လူတစ်ဦးချင်းစီ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ သိရှိနားလည်စေခြင်း၊ လူမှုအသိုင်းအဝန်းတွင် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးရောဂါရှင်များရှိပါက ဝိုင်းဝန်းကူညီ ဖေးမပေးနိုင်ခြင်း တို့ဖြစ်ပါတယ်။ 🎗

ဒါ့ကြောင့် အချိန်ကြာကြာ ဆွဲမထားသင့်တဲ့ Hepatitis B, C ပိုးရှိ၊ မရှိ စစ်ဆေးသိရှိလိုပါက ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ SD Biosensor အမှတ်တံဆိပ် HBs Ag , HCV Ab test kit များနဲ့စစ်ဆေးနိုင်ပါတယ်။ ☑️

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက်ပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com



သေချာမချက်ပြုတ်ထားတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အလွန်အကျွံ စားမိနေပြီလား ❓🚫ကျန်းမာပြီး နေထိုင်မကော...
24/07/2023

သေချာမချက်ပြုတ်ထားတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ အလွန်အကျွံ စားမိနေပြီလား ❓🚫

ကျန်းမာပြီး နေထိုင်မကောင်း မဖြစ်ချင်ပေမယ့် သေချာချက်ပြုတ်မထားတဲ့ အစားအစာတွေကို နေ့စဉ်နဲ့အမျှ စားမိနေပြီဆိုရင်တော့ H. Pylori က သင့်ဆီလာဖို့ အသင့်ပါပဲနော်။ 🦠

H. pylori (Helicobacter pylori ) ဆိုတာ အစာခြေလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပြီး အခြေအနေ ပြင်းထန်တဲ့အခါ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ ရောဂါများ ဖြစ်လာနိုင်ပါတယ်။ 🦠

ဘယ်လို အစားအစာတွေစားမိရင် H. Pylori ဖြစ်လာနိုင်တာလဲ ❓

🦠 E. coli, Salmonella, နှင့် Listeria စတဲ့ အန္တရာယ်ရှိသော ဘက်တီးရီးယားများက မလတ်ဆတ်သောအသားစိမ်းများ၊ ပြုပြင်ထားတဲ့ အသင့်စားအစားအစာထဲမှာ ပါဝင်နေပြီး ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ပြင်းထန်ပါက ဆေးရုံတက်ရတဲ့ အခြေအနေထိ ဖြစ်နိုင်ပါတယ်။

🍽 မသန့်ရှင်းသောရေနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာများ၊ သန့်ရှင်းစွာ ကိုင်တွယ် မချက်ပြုတ်ထားတဲ့ အစားအစာများ စားမိခြင်းနဲ့ ရောဂါပိုးရှိသူများနှင့် အနီးကပ် ထိတွေ့မှုမှတစ်ဆင့် H. pylori ကူးစက်နိုင်ပါတယ်။

🍛 အစားအစာများကို သန့်ရှင်းစွာ သေချာချက်ပြုတ်စားသောက်ခြင်း၊ အာဟာရမျှတတဲ့ အစားအစာများ၊ ကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအစာများစားခြင်းနဲ့ ကြာရှည်ခံ အသင့်စားအစားအစာများ လျှော့စားခြင်းက H. pylori ပိုးမဖြစ်အောင် ကာကွယ်ခြင်းတစ်မျိုးပါပဲ။

အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို အန္တရာယ်ပေးတဲ့ H. Pylori ရှိမရှိ စစ်ဆေးချင်တယ်ဆိုရင် ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ SD Biosensor အမှတ်တံဆိပ် H. Pylori Ag Test Kit နဲ့စစ်ဆေးနိုင်ပါတယ်။ ☑️

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက်ပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

.Pylori .PyloriAg

" ကြိုတင်ပြင်ဆင် ကာကွယ်ထား HIV ရောဂါအန္တရာယ်များ "🎗️HIV (Human Immunodeficiency Virus) ဆိုတာရောဂါပိုးများကို တိုက်ထုတ်ပေ...
20/07/2023

" ကြိုတင်ပြင်ဆင် ကာကွယ်ထား HIV ရောဂါအန္တရာယ်များ "🎗️

HIV (Human Immunodeficiency Virus) ဆိုတာ
ရောဂါပိုးများကို တိုက်ထုတ်ပေးတဲ့ ခန္ဓာကိုယ်မှ ဆဲလ်များကို တိုက်ခိုက်ပြီး ခုခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် အကာအကွယ်မဲ့
လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊
HIV ပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါတယ်။ 🦠

HIV ပိုး ကူးစက်မခံရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းများကတော့

🎗️ တစ်ခါသုံး ဆေးထိုးအပ်များကိုသာ အသုံးပြုပါ။

ဆေးထိုး၊ သွေးသွင်းမယ်ဆိုရင် အသုံးပြုပြီးသား ဆေးထိုးအပ်များကို ပြန်လည်အသုံးမပြုဘဲ တစ်ခါသုံး ဆေးထိုးအပ်များကိုသာ အသုံးပြုပေးပါ။

🎗️ HIV ပိုးမကူးစက်စေဖို့ အကာအကွယ် ( Condom) သုံးပါ။

HIV ရောဂါဆိုတာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်လို့ လိင်ဆက်ဆံစဉ်အတွင်း အကာအကွယ် ကွန်ဒုံးကို စနစ်တကျ နည်းစနစ်မှန်မှန် အသုံးပြုပါ။

🎗️ PrEP (Pre-Exposure Prophylaxis ) ဆေးသောက်ပါ။
PrEP ဆေးဆိုတာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ HIV ပိုးကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဆေးဖြစ်ပြီး ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်ပါက HIV ကိုထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

🎗️ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုလုပ်ပါ။

HIV ပိုးရှိသူနဲ့ ထိတွေ့မိသည်ဟု သံသယရှိပါက အချိန်မီသိရှိ ကုသနိုင်ဖို့ ပုံမှန်ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးပါ။

" ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းလို့ " အခုပြောပြပေးသွားတဲ့ အချက်လေးတွေအတိုင်း HIV ပိုးကူးစက်မခံရအောင် နေထိုင်ကြမယ်။

ဒါ့အပြင် မိမိပတ်ဝန်းကျင်မှာ HIV ပိုးကူးစက်ခံရသူများ တွေ့ရှိပါက လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်မထားဘဲ နားလည်မှု၊ စာနာမှုနှင့် တတ်နိုင်သမျှ ဝိုင်းဝန်း ပံ့ပိုးကူညီပေးဖို့လည်း မမေ့ပါနဲ့နော်။ 💝

HIV ရောဂါမကူးစက်စေဖို့ ကြိုတင် ကာကွယ်ထားရမယ့်အပြင် မိမိမှာ HIV ပိုးရှိ၊ မရှိ စစ်ဆေးသိရှိနိုင်ဖို့ ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ SD Biosensor အမှတ်တံဆိပ် HIV 1/2 Ab 3 line Test Kit နဲ့ စစ်ဆေးနိုင်ပါတယ်ခင်ဗျာ။ 🎗️

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

/2Ab 3-line

HIV

ယနေ့ကျရောက်လာသော ၇၆ကြ်ိမ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ...
19/07/2023

ယနေ့ကျရောက်လာသော ၇၆ကြ်ိမ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား Vital Diagnostic မှ ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ပါသည်။

အသည်းရောင်အသားဝါ C ပိုးရဲ့ နောက်ကွယ် အသည်းကင်ဆာရောဂါ အန္တရာယ်... ❤️‍🔥အသည်းရောင် အသားဝါ (Hepatitis C Virus ) C ပိုးကအသည်း...
17/07/2023

အသည်းရောင်အသားဝါ C ပိုးရဲ့ နောက်ကွယ် အသည်းကင်ဆာရောဂါ အန္တရာယ်... ❤️‍🔥

အသည်းရောင် အသားဝါ (Hepatitis C Virus ) C ပိုးကအသည်းကို အဓိက ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ခြင်း နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲပြဿနာများကို ဖြစ်လာနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ 🦠

(HCV) C ပိုး ဟာ ရောဂါပိုးရှိသူရဲ့ သွေးနှင့် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ 🩸
သိသာထင်ရှားတဲ့ လက္ခဏာချက်ချင်းမပြဘဲ အချိန်ကြာမှ ရောဂါလက္ခဏာ ပြတတ်ပါတယ်။

🔺တုပ်ကွေးကဲ့သို့ အပျော့စား ဖျားနာခြင်း
🔺 ပင်ပန်းနွမ်းနယ်ခြင်း
🔺 အသားဝါခြင်း (အရေပြားနှင့် မျက်လုံးများ အဝါရောင်) ဖြစ်ခြင်း စတဲ့ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။

C ပိုးကို ပေါ့ဆပြီး မကုသဘဲထားပါက နာတာရှည် HCV ပိုးဝင်ခြင်းကြောင့် အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်တဲ့အထိ အသက်အန္တရာယ် ထိခိုက်စေပါတယ်။ 🦠

C ပိုးကြောင့် အသည်းကင်ဆာ မဖြစ်အောင် ပုံမှန်ဆေးစစ်နိုင်ဖို့ ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ Standard Q HCV Ab test kit နဲ့ အသည်းရောင်အသားဝါ C ပိုးရောဂါရှိ၊ မရှိ စစ်ဆေး နိုင်ပါတယ်ခင်ဗျာ။ ❤️‍🔥

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းဖြစ်တဲ့ အသည်းရဲ့ လုပ်ဆောင်မှုတွေ မနှောင့်နှေးစေဖို့ ... ❤️‍🔥အစာအိမ်နဲ့ အူလမ်းကြောင...
11/07/2023

ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းဖြစ်တဲ့ အသည်းရဲ့ လုပ်ဆောင်မှုတွေ မနှောင့်နှေးစေဖို့ ... ❤️‍🔥

အစာအိမ်နဲ့ အူလမ်းကြောင်းမှထွက်သော သွေးများအတွင်းရှိ အာဟာရများကို ခန္ဓာကိုယ် အစိတ်အပိုင်းများအတွက် အသည်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးကာ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

ဒါ့အပြင် အသည်းက Vitamin (A, D, E, K), သတ္တုဓာတ်များနှင့် Glycogen တို့ သိုလှောင်ရာ နေရာတစ်ခုဖြစ်ပြီး သွေးကြောထဲသို့ ပြန်လည် ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်အတွင်းရှိ Cholesterol level ကိုလည်း ထိန်းညှိပေးပါတယ်။ ☑️

သွေးတွင်း ဂလူးကို့စ်ပမာဏကို ထိန်းညှိပေးကာ အဆီများကို ချေဖျက်ပေးတဲ့အပြင် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးကာ အစာချေဖျက်မှုနှင့် အစားအသောက် အဆီများကို စုပ်ယူရာတွင် အသည်းက ကူညီပေးပါတယ်။ ☑️

ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ အသည်းကို ဂရုမစိုက်မိတဲ့အခါ အသည်းရောင်အသားဝါ အေပိုး၊ ဘီပိုးတို့ဖြစ်လာနိုင်ပြီး အချိန်မီမကုသပါက အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ အသက်အန္တရာယ် ထိခိုက်စေသော နောက်ဆက်တွဲရောဂါများ ဖြစ်လာနိုင်ပါတယ်။ 🦠

ဒါကြောင့် အသည်းရောင်အသားဝါ B ပိုးဆိုတာ အသည်းကို ထိခိုက်စေတဲ့ virus တစ်မျိုးဖြစ်လို့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ မထိခိုက်စေရန် ဘီပိုးရှိကြောင်း သိတာနဲ့ အချိန်မဆွဲဘဲ စတင်ကုသဖို့ အရေးကြီးပါတယ်။ ❤️‍🔥

အသည်းရောင်အသားဝါ 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐁 ရောဂါပိုးကူးစက်ခြင်းကို သွေးစစ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။
အချိန်မီစစ်ဆေးကုသနိုင်ဖို့ ကျွန်‌တော်တို့ 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 မှ တာ၀န်ယူပေးပါရစေ။

ဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိပါတယ်။

အသေးစိပ် သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ☎️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

# RDT

မိုးရာသီကိုစပြီး ကူးပြောင်းလာတာနဲ့အတူ အမှောင်မှာချောင်ခိုပြီး တွယ်တတ်တဲ့ ခြင်တွေရဲ့အန္တရာယ်ကိုလည်း စိုးရိမ်လာရပါပြီ။ 🦟ဒီ...
06/07/2023

မိုးရာသီကိုစပြီး ကူးပြောင်းလာတာနဲ့အတူ အမှောင်မှာချောင်ခိုပြီး တွယ်တတ်တဲ့ ခြင်တွေရဲ့အန္တရာယ်ကိုလည်း စိုးရိမ်လာရပါပြီ။ 🦟

ဒီခြင်တွေက ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတို့လို အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်တဲ့ ရောဂါပိုးတွေကို သယ်ဆောင်လာတတ်တာကြောင့် ပေါ့ပေါ့ဆဆနေမိရင် ဒုက္ခအကြီးကြီးရောက်ရပါလိမ့်မယ်။

ဒါဆို အချိန်လွန်မှ နောင်တမရရလေအောင် ခြင်အန္တရာယ်ကနေ ဘယ်လိုကာကွယ်ကြမလဲ။ ❓

🔺 ခြင်ထောင်များအသုံးပြုပါ။

ပိုးသတ်ဆေးစိမ်ပြီး သုံးရတဲ့ ဆေးစိမ်ခြင်ထောင်တွေက ခြင်အန္တရာယ်ကို အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆေးစိမ်ခြင်ထောင်တွေက အနံ့အသက်ပြင်းထန်လို့ ကောင်းကောင်းအိပ်မပျော်တာမျိုး၊ မျက်စိတွေစပ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ရိုးရိုးခြင်ထောင်ကိုမှ အပေါက်အပြဲမရှိဘဲ လုံခြုံတဲ့ခြင်ထောင်မျိုးအသုံးပြုခြင်းက ခြင်အန္တရာယ်ကို ထိရောက်‌အောင် ကာကွယ်ပေးနိုင်မှာပါ။

🔺 လုံခြုံစွာဝတ်စားဆင်ယင်ပါ။

ခြင်အတက်ကြွဆုံး အချိန်များဖြစ်တဲ့ ညချမ်းနှင့် အရုဏ်တက်ချိန်များတွင် လက်ရှည်နှင့် ဘောင်းဘီရှည်များကို ၀တ်ဆင်သင့်ပါတယ်။ ခြင်တွေက မှောင်သောနေရာများတွင် နားခိုတတ်တာကြောင့် အရောင်တောက်သော အဝတ်အစားများကို ရွေးချယ်သင့်ပါတယ်။

🔺 ခြင်မကိုက်စေသည့် လိမ်းဆေးအသုံးပြုပါ။

မိမိရဲ့ အရေပြားပေါ်တွင် အင်းဆက်ပိုးမွှားများမကိုက်စေနိုင်တဲ့ ဆေးကို လိမ်းပေးခြင်းကလည်း ခြင်ကိုက်ခြင်းနှင့် ငှက်ဖျားရောဂါတို့ကိုကာကွယ်နိုင်ပါတယ်။ DEET၊ picaridin (သို့မဟုတ်) IR3535 ပါဝင်သော ပိုးသတ်ဆေးကိုရွေးချယ်ပြီး ဆေးတွင်ပါဝင်သော ညွှန်ကြားချက်များကို လိုက်နာသင့်ပါတယ်။

🔺 ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။

ငှက်ဖျားပိုး သယ်ဆောင်လာတတ်တဲ့ ခြင်များဟာ ရေငြိမ်တဲ့ နေရာများမှာ ပေါက်ပွားသောကြောင့် မိမိအိမ်အတွင်းနှင့်အနီးတစ်ဝိုက်တွင် ပန်းအိုးများ၊ ရေအိုးများနှင့် ရေစုဆောင်းနိုင်သည့် အခြားပစ္စည်းများငြိမ်နေသောရေအရင်းအမြစ်များကို ဖယ်ရှားပစ်ရန် အရေးကြီးပါတယ်။

မိမိတွင် သွေးလွန်တုပ်ကွေးရောဂါရှိမရှိ အချိန်မီသိရှိနိုင်ဖို့ တိကျသေချာတဲ့ စစ်ဆေးမှုအတွက် SD Biosensor ကုမ္ပဏီမှ ထုတ်လုပ်သော Standard Q အမှတ်တံဆိပ် Dengue Duo Test kit ကို ဆောင်ထားသင့်ပါတယ်✔️

Dengue Duo Test kit ဆိုတာက❓
Duo ဆိုတဲ့အတိုင်း သွေးလွန်တုပ်ကွေးရဲ့ antigen "NS1" ရှိမရှိအပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားပြီး ထွက်လာတဲ့ antibodies ရှိမရှိ၊ နှစ်မျိုးလုံးကို စစ်ဆေးပေးနိုင်ပါတယ်။
🔸 Whole blood
🔸 Serum
🔸 Plasma သုံးမျိုးစလုံးဖြင့် စစ်ဆေးလို့ရပြီး စစ်ဆေးချက်ရလဒ်က Primary infection လား၊ Secondary infectionလား ဆိုတာကို ကွဲကွဲပြားပြား ဖော်ပြပေးနိုင်တဲ့အတွက် လူနာကို ကုသမှုပေးတဲ့အပိုင်းမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ (၁၅) မိနစ်မှ မိနစ်(၂၀) အတွင်း သွေးအဖြေကို မှန်ကန်တိကျစွာထုတ်ပေးနိုင်လို့ ယုံကြည်စိတ်ချရပါတယ်။ အအေးခန်းထဲ ထည့်ထားစရာမလိုပဲ အခန်းတွင်းအပူချိန်မှာတင် သိမ်းဆည်းထားနိုင်ပါတယ်။ ❤

ℹ️အသေးစိပ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

HIV ပိုး ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာကွာပါသလဲ။ ❓- ART ဆေး သောက်ရတာနဲ့၊ မသောက်ရတာဘဲ ကွာပါတယ်။ HIV Positive ဖြစ်နေတယ်။ မိမိမှာ...
30/06/2023

HIV ပိုး ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာကွာပါသလဲ။ ❓
- ART ဆေး သောက်ရတာနဲ့၊ မသောက်ရတာဘဲ ကွာပါတယ်။

HIV Positive ဖြစ်နေတယ်။ မိမိမှာ HIV ပိုးရှိနေတယ်ဆိုတဲ့ အဖြေက ဘဝတစ်ခုလုံးကိုပြောင်းလဲနိုင်လောက်အောင် တုန်လှုပ်ခြောက်ခြားဖို့ကောင်းပါတယ်။
မိမိ ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာများ ခံစားလာရမယ့်အပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါတယ်။ ဒါတွေက မိမိကို စိတ်ဖိစီးမှုများဖြစ်စေပြီး ဘဝတက်လမ်းကို ထိခိုက်နိုင်ပါတယ်။

အခုလို ၂၀၂၃ ခုနှစ်မှာတော့ HIV ရောဂါပိုးကို သွေးထဲမှာ ‌မတွေ့နိုင်၊ မပြန့်ပွားနိုင်တော့အောင် ART ဆေး‌ပုံမှန်သောက်ပြီး အလွယ်တကူပဲ ကုသနိုင်ပါတယ်။

💊 ART ‌ကုထုံးဆိုတာ HIV ပိုး ကူးစက်ခံထားရသူများအတွက် သွေးထဲမှာ HIV ပိုးတွေ ဆက်လက်မပွားများအောင် ထိန်းချုပ်ပေးနိုင်တဲ့ ပိုးထိန်းဆေးတစ်မျိုးဖြစ်ပါတယ်။ ART ဆေးကို နေ့စဉ်ပုံမှန်သောက်သုံးပါက သွေးထဲမှာ HIV ပိုးတွေ ဆက်လက်မပွားများနိုင်တော့သည်အထိ ထိန်းချုပ်နိုင်မှာပါ။

ဒါကြောင့် မိမိမှာ HIV ပိုးကူးစက်ခံထားရပြီဆိုရုံနဲ့ မိမိရဲ့ဘဝက ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
မိမိရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်ရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းလိုက်ပါ။ ✨

မိမိတွင် HIV ပိုးရှိမရှိ သေချာသိရှိပြီး ကုသနိုင်ဖို့ HIV စစ်ဆေးမှုများအတွက် 𝐒𝐃 𝐁𝐢𝐨𝐬𝐞𝐧𝐬𝐨𝐫 အမှတ်တံဆိပ် HIV 1/2 Ab 3 line Test Kit များကို Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs မှ မြန်မာနိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းများ၊ ဓာတ်ခွဲခန်းများကို ဖြန့်ချီပေးလျက်ရှိပါသည်။

ယခုဖော်ပြပါ 𝑷𝒓𝒐𝒅𝒖𝒄𝒕 အပြင် အခြား 𝐒𝐓𝐀𝐍𝐃𝐀𝐑𝐃 𝐐 𝐑𝐃𝐓 များကို 𝐕𝐢𝐭𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜𝐬 𝐂𝐨𝐦𝐩𝐚𝐧𝐲 မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါပိုး ရှာဖွေစစ်ဆေးရန် ခွင့်ပြုထားသော ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ဖြန့်ချီပေးလျက် ရှိတာကြောင့် ℹ️အသေးစိပ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

“May the joyous celebrations of Eid-al-Adha bring peace and harmony to your heart and to the world”
29/06/2023

“May the joyous celebrations of Eid-al-Adha bring peace and harmony to your heart and to the world”

ငှက်ဖျားရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ❔ ငှက်ဖျားရောဂါဆိုတာ Plasmodium genus ရဲ့ ကပ်ပါးပိုးများကြောင့် ဖြစ်ပေါ်လာပြီ...
27/06/2023

ငှက်ဖျားရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ❔

ငှက်ဖျားရောဂါဆိုတာ Plasmodium genus ရဲ့ ကပ်ပါးပိုးများကြောင့် ဖြစ်ပေါ်လာပြီး ရောဂါပိုးရှိသော Anopheles ခြင်အကိုက်ခံရခြင်းမှ တစ်ဆင့် ငှက်ဖျားရောဂါ ကူးစက်တတ်ပါတယ်။ ☹️

ငှက်ဖျားရောဂါကို အာရှတိုက်နဲ့ အပူပိုင်းဒေသများ၊ အာဖရိက၊ တောင်အမေရိကတို့မှာ အဖြစ်များပြီး နှစ်စဉ်သေဆုံးမှု မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်တဲ့ငှက်ဖျားရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့

📌 အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို လုံခြုံစွာဝတ်ဆင်ပါ

📌 မိမိနေအိမ်နဲ့ ပတ်ဝန်းကျင်အနီးအနားကို ‌ခြင်ဆေးဖျန်းပါ

📌 ခြင်ပေါက်ဖွား‌နိုင်တဲ့ နေရာများကို ရှင်းလင်းပြီး ပိုးသတ်ဆေးဖျန်းထားပါ

📌 ပိုးသတ်ထားတဲ့ ခြင်ထောင်နဲ့သာအိပ်စက်အနားယူပါ

📌 ငှက်ဖျားရောဂါအဖြစ်များတဲ့ နေရာများသို့ သွားရပါက လိုအပ်တဲ့အကာအကွယ်များ ကြိုတင်ပြင်ဆင်ပါ

ငှက်ဖျားရောဂါက အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်လို့ မပေါ့မဆဘဲ အမြဲကိုယ့်ကိုကိုယ် ဂရုစိုက်နေထိုင်သင့်ပါတယ်။ 💯

မပေါ့ဆသင့်တဲ့ ငှက်ဖျားရောဂါရှိ/မရှိကိုစစ်ဆေးချင်တယ်ဆိုရင်တော့ Vital Diagnostics Co., Ltd. မှ ငှက်ဖျားရောဂါအတွက် -
🌡️𝗠𝗮𝗹𝗮𝗿𝗶𝗮 𝗣.𝗳/ 𝗣𝗮𝗻 𝗔𝗴
🌡️𝗠𝗮𝗹𝗮𝗿𝗶𝗮 𝗣.𝗳/ 𝗣.𝘃 𝗔𝗴 တို့ကို ဖြန့်ချီပေးလျက်ရှိပါတယ်။

Vital Diagnostics Co., Ltd. သည် မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော SD BIOSENSOR, STANDARD Q ပစ္စည်းများကို ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများနဲ့ ရောဂါဓာတ်ခွဲစစ်ဆေးပေးနိုင်မည့်နေရာများသို့ တရားဝင်ဖြန့်ဖြူးပေးလျှက်ရှိတာကြောင့် ℹ️အသေးစိတ်သိရှိလိုသည်များနှင့် မှာယူလိုသူများ အနေဖြင့် အောက်ပါဖုန်းနံပါတ် လိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

♥️ 𝐋𝐚𝐛 & 𝐂𝐥𝐢𝐧𝐢𝐜 များအတွက် နံပါတ်တစ် Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs ♥️

Vɪᴛᴀʟ Dɪᴀɢɴᴏsᴛɪᴄs Cᴏᴍᴘᴀɴʏ Lɪᴍɪᴛᴇᴅ
📞𝐏𝐡𝐨𝐧𝐞: +95-9-400884451
📍𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township. Yangon, Myanmar.
📧𝐄𝐦𝐚𝐢𝐥: contact@vitaldiagnostics.com

Address

Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township
Yangon
11121

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30
Saturday 09:00 - 15:30

Website

Alerts

Be the first to know and let us send you an email when Vital Diagnostics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Vital Diagnostics:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram