PL600 ASD

PL600 ASD Air and Surface Disinfectant !! Need and Necesity !!

New stocks arrived !!
11/08/2021

New stocks arrived !!

New stocks arrived !! Hurry up
04/08/2021

New stocks arrived !! Hurry up

Pulse Oximeter အကြောင်းတစေ့တစောင်းCovid 19 နဲ့အတူ အရင်ကဆေးရုံတွေ ခွဲခန်းတွေမှာပဲ သုံးခဲ့တဲ့ pulse oximeter လေးတွေက ခုအိမ...
16/07/2021

Pulse Oximeter အကြောင်းတစေ့တစောင်း

Covid 19 နဲ့အတူ အရင်ကဆေးရုံတွေ ခွဲခန်းတွေမှာပဲ သုံးခဲ့တဲ့ pulse oximeter လေးတွေက ခုအိမ်သုံးပစ္စည်းအနေနဲ့ လူတိုင်းလိုလို သုံးနေကြတာတွေ့ရပါတယ်။ အသုံးပြုပုံပြုနည်းလေးတွေကတော့ youtube မှာရော FB မှာပါ တင်ထားကြတာတွေ့ရမှာပါ။ အများဖတ်လို့လွယ်အောင် ဆေးပညာစကားလုံးလျော့ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ ရေးကြည့်မလားလို့ပါ။
ခုလူတိုင်းလက်ထဲမှာရှိနေတဲ့အရာကို portable Pulse oximeter လို့ခေါ်ပါတယ်။ ခွဲခန်းမော်နီတာမှာပါတဲ့ oximeter နဲ့ principle အတူတူပါပဲ။ သူကဘာကိုတိုင်းပေးတာလဲဆိုရင် SpO2 (peripheral oxygen saturation) လက်ထိပ်ဖျားမှာရှိတဲ့သွေးကြောမျှင်တွေထဲက အောက်ဆီဂျင်ပမာဏကိုတိုင်းပေးတာပါ။ Percentage နဲ့ပြပါတယ်။ ကျတော်တို့အမှန်တယ် သိချင်တာက SaO2 (Arterial oxygen saturation)နဲ့ PaO2 (arterial Oxygen pressure)ဖြစ်တဲ့ သွေးလွှတ်ကြောမတွေထဲက အောက်ဆီဂျင်ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေတိုင်းဖို့ရာ နည်းပညာ၊ ကျွမ်းကျင်သူ၊ စက်ပစ္စည်းနဲ့ အချိန်ကုန်ပါတယ်။ ဒါကြောင့် ကိုယ်စားပြုတိုင်းတာမှု ( Surrogate measurement) အနေ့နဲ့ တိုင်းရလွယ်တဲ့ အစွန်အဖျားသွေးကြောမျှင်တွေထဲက ပမာဏကိုတိုင်းပြီး သွေးလွှတ်ကြောမတွေထဲကပမာဏကို မှန်းဆယူရပါတယ်။ (အောက်မှာ ခန့်မှန်းခြေ ဆက်စပ်ဇယားပြထားပါတယ်)
ဒီနည်းပညာက သုံးရလွယ်သလို အားနည်းချက်တွေ သတိထားရမှာလေးတွေရှိပါတယ်။ ဒါတွေမပြောပြခင်မှာ ဒီပစ္စည်းမှာ သုံးထားတဲ့ principles နှစ်ခုကိုပြောပြချင်ပါတယ်။ သုံးဖူးရင်တွေ့မှာပါ။ ဒိုင်ခွက်မှာ အောက်ဆီဂျင်ပမာဏ (ဥပမာ ၉၈%) နဲ့ သွေးခုန်နှုန်း (ဥပမာ ၉၀) အဲ့လိုပါပါတယ်။ တချို့စက်တွေမှာ သွေးခုန်နှုန်းပြတဲ့ waveform လေးတွေပါပြပါတယ်။ တချို့စက်တွေမှာတော့ အလယ်မှာပဲအတုံးလေးတွေ တီတီနဲ့ တက်လိုက်ကျလိုက်တွေ့ရမှာပါ။
အောက်ဆီဂျင်ပမာဏပြဖို့က oxymetry ဆိုတဲ့ နည်းပညာသုံးထားပါတယ်။ အလွယ်ပြောရရင် အရာဝတ္ထုတွေဟာ တခုနဲ့တခု အလင်းစုပ်ယူမှုမတူညီချက်ကို အခြေခံထားတာပါ။ oximeter ရဲ့နှုတ်သီးလေးတွေ ဖြဲကြည့်လိုက်ရင် မီးနီလေးတွေ ဖြတ်ခနဲဖြတ်ခနဲတွေ့ရမှာပါ။ အဲ့တာ LED (light emitting diodes)လေးနှစ်ခုက လှိုင်းအလျား(wavelength) မတူတဲ့ infrared light နဲ့ red light အလင်းနှစ်ခုကိုထုတ်ပေးပါတယ်။ အဲ့ဒီအလင်းတန်းနှစ်ခုကို လက်ထိပ်ရဲ့ သွေးကြောမျှင်ထဲက သွေးနီဥတွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင်ဆိုတဲ့ အောက်ဆီဂျင်သယ်တဲ့ အရာဝတ္ထုလေးတွေကစုပ်ထားပါတယ်။ အောက်ဆီဂျင်သယ်ထားတဲ့ ဟေမိုဂလိုဘင်(oxyhaemoglobin)က infrared lightကိုစုပ်ပြီး အောက်ဆီဂျင်လွတ်နေတဲ့ (deoxyhaemoglobin) က red light ကိုစုပ်ယူပါတယ်။ လက်ထိပ်ကိုဖြတ်ပြီး ထွက်လာတဲ့အလင်းတွေကို တဖက်မှာရှိတဲ့ light detecter ကဖမ်းယူပြီး အလင်းနှစ်ခုကို အချိုးချပြီး အဖြေထုတ်ပေးပါတယ်။
နောက်တခု သွေးခုန်နှုန်းကိုပြဖို့က pulse plethysmography ဆိုတဲ့နည်းပညာ သုံးထားပါတယ်။ သူကတော့ သွေးခုန်နှုန်းကြိမ်ရေတို့ ခုန်တဲ့ပုံစံတိုကို့ပြပေးတာပါ။ အလွယ်ပြောရရင် နှလုံးကညှစ်တဲ့အကြိမ်နဲ့အတူ သွေးကြောမျှင်လေးတွေ ဖောင်းလိုက်ပိန်လိုက်ဖြစ်တာကို တိုင်းတာပေးတာပေါ့။
အသုံးပြုပုံကတော့ သိကြပြီးဖြစ်မှာပါ။ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြချင်ပါတယ်။
၁- တိုင်းတဲ့အခါ fitting ကျဖို့လိုပါတယ်။လက်ချောင်းကို တပိုင်းတစထည့်ထားတာ၊ တစောင်းဖြစ်နေတာဆိုရင် ပြင်ပက အလင်းတွေက နှောက်ယှက်ပြီး တိုင်းတာမှုမှားနိုင်ပါတယ်။
၂- နောက်တခုက တပ်ထားပြီးရင် သွေးခုန်နှုန်းပြတဲ့ အသံလေး၊ လှိုင်းပုံစံလေး နဲ့ သွေးခုန်နှုန်းကြိမ်ရေ ငြိမ်သွားတဲ့အထိစောင့်ရပါမယ်။ မဟုတ်ရင် မှားယွင်းယူဆနိုင်ပါတယ်။
၃- သွေးကြောမျှင်တွေထဲမှာ သွေးလျောက်မှုနည်းနေတဲ့အခါလဲ တိုင်းတာမှုမှားနိုင်ပါတယ်။ ဥပမာ လက်ကတအားအေးစက်နေတာတို့၊ pulse oximeter ကို အပြင်ကနေ အတင်းဖိထားတာတို့၊ shock(သွေးလန့်) ရနေတဲ့အခါတို့ ဖြစ်ပါတယ်။
၄- လက်သည်းဆိုးဆေးဆိုးထားတာတို့ လက်သည်းတုကပ်ထားတာတို့ဆိုရင်လဲ တိုင်းတာမှုမှားနိုင်ပါတယ်။ တိုင်းမဲ့လက်ချောင်းက ဆိုးထား ကပ်ထားတာကို ဖျက်ဖို့လိုပါမယ်။
၅- တိုင်းမဲ့သူရဲ့သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ဟေမိုဂလိုဘင်တွေ ရှိရင်လဲ တိုင်းတာမှုမှားနိုင်ပါတယ်။
၆- သွေးခုန်မှု ပုံမမှန်တဲ့လူနာတွေမှာလဲ တိုင်းတာမှု မှားယွင်းနိုင်ပါတယ်။
၇- နောက်တခုက တိုင်းတာနေစဉ် လက်မငြိမ်လျှင်လဲ မှားနိုင်ပါတယ်။ လူနာအဖျားတက်နေတာတို့ ဂယောင်ကတမ်းနဲ့ မငြိမ်မသက်ဖြစ်နေတာတို့ ဖြစ်ပါတယ်။
၈- နောက်တခုက ပြတဲ့ပမာဏ ၇၀% အောက်ရောက်နေရင် ပေါ်နေတဲ့ပမာဏဟာ reliable သိပ်မဖြစ်တော့ပါဘူး။ ပြချင်တာပြတဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုရင် ထည့်ထားတဲ့ Algorithms တွေက လူသာမာန်တွေမှာ တိုင်းလို့ရတဲ့ ခံနိုင်တဲ့ပမာဏကိုပဲ ထည့်ပေးထားတာမို့ပါ။
၉- oximeter အမျိုးအစား တခုနဲ့တခုလဲ ပမာဏအနည်းငယ်ကွာနိုင်ပါတယ်။
၁၀- နောက်တခုက oximeter ဟာ သွေးထဲကအောက်ဆီဂျင်ပမာဏသာတိုင်းပြီး လူနာရဲ့ အသက်ရှူပုံနှေးတာတွေ သွေးထဲမှာကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်တက်ပြီး သတိလစ်တာတွေကို မသိနိုင်ပါဘူး။ ဒါတွေဟာလဲ အရေးကြီးပါတယ်။
၁၁- covid 19 မှာက ထပ်ပြီးသတိထားရမှာက silent hypoxia ဆိုတာရှိပါတယ်။ လူနာက မောတဲ့အရိပ်အရောင်လုံးဝမပြပဲ အောက်ဆီဂျင်ကျနေတာပါ။ oxymeter ဆောင်ထားရင် အလွယ်တကူသိနိုင်တာပေါ့
၁၂- နောက်တချက်အရေးကြီးတာပါ exertional hypoxia( လှုပ်ရှားရင်အောက်ဆီဂျင်ကျခြင်း) ပါ။ ကိုယ့်ကိုယ်ကို သံသယရှိလို့ တိုင်းကြည့်ရင် နားလျက်အနေအထားနဲ့တခါ လှုပ်လှုပ်ရှားရှား ပြုလုပ်ပြီးတခါ တိုင်းသင့်ပါတယ်။ exertional hypoxia ရှိရင် လှုပ်ရှားပြီးတဲ့အခါ အောက်ဆီဂျင်ပမာဏ ကျသွားတတ်ပါတယ်။ ဒါဟာလဲ covid 19 လက္ခဏာတခုပါ။
၁၃- နောက်တချက်က oximeter ဟာ သွေးထဲမှာ အောက်ဆီဂျင်ပမာဏ လိုတာထက်ပိုများနေတာကို မသိနိုင်ပါဘူး။ သူအကောင်းဆုံးပြနိုင်တာ ၁၀၀%ဖြစ်ပါတယ်။ လူနာကောင်းစေချင်ပြီး အောက်ဆီဂျင် ၁၀၀% မရရအောင် အတိုင်းအဆမရှိပေးရင် အန္တရာယ်ရှိပါတယ်။ တန်ဆေးလွန်ဘေးပါ။
၁၄- နောက်တချက်က အောက်ဆီဂျင်ဟာ drug တခုဖြစ်ပါတယ်။ ပေးချင်တိုင်းပေးလို့မရပါဘူး။ တိုင်းတာလို့ရတဲ့ ပမာဏကို ဘယ်လိုကောက်ချက်ဆွဲမလဲ။ ခန့်မှန်းခြေ ပြထားပါတယ်။ သွေးလွှတ်ကြောထဲက ပမာဏအမှန်က သွေးဖောက်တိုင်းမှသာသိရမှာပါ။ ဒါပေမဲ့ SpO2 သိရရင် အလုပ်လုပ်လို့ရပါပြီ။ အောက်မှာပြထားတာတွေက ပင်လယ်မျက်နှာပြင်နဲ့ ညီတဲ့နေရာမှာ လေထဲကအောက်ဆီဂျင်ကိုပဲ ရှူနေတဲ့ လူတွေ လူနာတွေက ခန့်မှန်းခြေတွေပါ။
📣လိုအပ်တဲ့လူကြီးမင်းများ စတင်order ပေးလို့ရပါပြီနော်။
Price-25000ks per pcs.
Crd to original uploader

Ref: Morgan and Mikhail's Clinical Anesthesiology, Anaesthesia Secrets

Need and Necessity for All !!
03/06/2021

Need and Necessity for All !!

19/01/2021

လွန်ခဲ့သောတစ်နှစ်က COVID-19 သည်ကူးစက်ပျံ့နှံ့ခဲ့သည်။ အသက်ကယ်ကာကွယ်ဆေးများကိုတီထွင်ခဲ့သည်။ နောက်ထပ်ဘာဆက်ဖြစ်မလဲ ကျွန်ုပ်တို့အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းမရှိပါကကမ္ဘာကြီးသည်ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်ကြုံတွေ့နေရပြီးအဆင်းရဲဆုံးနိုင်ငံများရှိလူနေမှုဘဝနှင့်အသက်မွေး ၀မ်းကျောင်းမှုများကိုပေးဆပ်ရလိမ့်မည်။
ကာကွယ်ဆေးများသည်ကျွန်ုပ်တို့အားလုံးအတွက်လိုအပ်သည်။ သို့သော်သာတူညီမျှလက်လှမ်းမီမှုရရှိရန်ကတိကဝတ်များသည်အလွန်ဆိုးရွားသည်။ ၀င်ငွေမြင့်မားသောနိုင်ငံ ၄၉ နိုင်ငံတွင်ယခုအခါဆေးပမာဏ ၃၉ သန်းကျော်ကိုစီမံခန့်ခွဲနိုင်ပြီဖြစ်သည်။
၀ င်ငွေအနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံတွင် ၂၅ ဆေးထိုးသာပေးနိုင်သည်။

ဒီနေ့ကျွန်ုပ်နှင့်
- COVAX နှင့်ဤစာချုပ်များတွင်ပွင့်လင်းမြင်သာမှုရှိရန်နှစ် ဦး နှစ်ဖက်ကာကွယ်ဆေးထိုးရန်စာချုပ်များချုပ်ဆိုထားသောနိုင်ငံများ
- အတည်ပြုချက်ကိုအရှိန်မြှင့်ရန် WHO ကိုအချက်အလက်အပြည့်အစုံပေးရန်ထုတ်လုပ်သူများ
နိုင်ငံအားလုံးတွင်ဘေးကင်းရေးအတွက်တိကျခိုင်မာသည့်နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသောကာကွယ်ဆေးများကိုသာအသုံးပြုရန်

လူတိုင်းအတွက်ကာကွယ်ဆေးအလုံအလောက်ရှိလိမ့်မည် သို့သော်ယခုအချိန်တွင်ကျွန်ုပ်တို့သည်နိုင်ငံအားလုံး၌ပြင်းထန်သောရောဂါနှင့်သေခြင်းကိုအန at တရာယ်အများဆုံးရှိသူများကို ဦး စားပေးနိုင်ရန်ကမ္ဘာလုံးဆိုင်ရာမိသားစုတစ်ခုအနေဖြင့်အတူတကွလုပ်ဆောင်ရမည်။

https://bit.ly/3io7f2q

04/01/2021

ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အား RTSမိသားစု PL600 ASD မှ ဂုဏ်ပြုကြိုဆိုပါ၏။




03/01/2021

🤔😷
ကာကွယ်​ဆေးထိုးပြီးရင် Mask တပ်စရာ မလိုတော့ဘူး?
Social Distancing လုပ်စရာမလိုတော့ဘူး?
လက်ဆေးစရာ မလိုတော့ဘူးလား?

ဗဟုသုတအနေနှင့် zeyar-vblogs ရဲ့ video လေးကို shareလိုက်ပါသည်။
Credit to zeyar-vblogs




📢water soluble air&surface disinfectantရေတွင်ပျော်ဝင်နိုင်သော လေနှင့်မျက်နှာပြင် ပိုးသတ်ဆေးလေးအကြောင်း မင်မင် ပြောပြချင်...
02/01/2021

📢water soluble air&surface disinfectant

ရေတွင်ပျော်ဝင်နိုင်သော လေနှင့်မျက်နှာပြင် ပိုးသတ်ဆေးလေးအကြောင်း မင်မင် ပြောပြချင်ပါတယ်။
💢စျေးနှုန်းသက်သာသောမူ့ရှိသည်။
💢​​လေထဲနှင့်မျက်နှာပြင် ပိုးသတ်ဆေးနှင့်သန့်စင်ဆေးအဖြစ် အသုံးပြုနိုင်သော 2in1 ဆေးဖြစ်ပါသည်။
💢အဆင်ပြေသလို သုံးစွဲနိုင်သလို၊အလွယ်တကူသယ်ဆောင်သွားနိုင်ပါသည်။
💢လူ့ခန္ဓာနှင့်တိရိစ္ဆာန်များ ကို အန္တရာယ်မဖြစ်စေပါ၊လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါသည်။
💢မီးလောင်မူ့အန္တရာယ် ကင်းရှင်းစေပါသည်။
📝စသော စိတ်ချယုံကြည်ရသည့်ဂုဏ်သတ္တိများရှိသည့် ဆေးပြားလေးကို ဘယ်လို အသုံးပြုရမလဲဆိုရင် 🤔...
📣သင့်၏အိမ်ထဲ၊ရေချိုးခန်း၊ဖိနပ်စင်ကဲ့သို့သော ဗက်တီးရီးယားများရှိနိုင်သောနေရာ၊ ကြမ်းခင်း သန့်ရှင်းရေး၊လက်ဆေးကန်၊အဝတ်လျှော်စက်၊စဥ့်နှီတုံး စသော နေ့စဥ်သန့်ရှင်းရေးလုပ်သင့်သော အရာများကို သန့်ရှင်းရာတွင် အသုံးပြုနိုင်ပါသည်။
📣အသီးအရွက်များသန့်စင်ဆေးကြောရာတွင် အသုံးပြုနိုင်သလို။ ကြက်ခြံ တိရိစ္ဆာန် ခြံများတွင် ဗက်တီးရီးယား ကာကွယ်မူ့အတွက်အသုံးပြုနျုင်ပါသည်။
🕳 PL-600 Fast CIO2 Tablet လေးက
ဘတ်တီးရီးယား၊ရောဂါပိုးမွှားများ၊ဗိုင်းရပ်များ၊VOCs၊ အဆိပ်အတောက်များနှင့်အနံ့ဆိုးများကို ဖယ်ရှားပေးသည်။
👌လက်သန့်ဆေးရည်အဖြစ်၊လေထဲမှပိုးမွှားများသတ်ရန် အတွက်လဲ အသုံးပြုနိုင်ပါသည်။
🚰ဆေးဖျော်စပ်ပုံ လမ်းညွှန်ချက်။
၁။ရေဗူးအကြည်ကို အသုံးပြု၍ ရေ၁လီတာတွင် ဆေးပြားတစ်ပြားထည့်၍ ၃မိနစ်ခန့်ထားပါ။ရေအဝါရောင်သို့ ပြောင်းလာပါလိမ့်မည်။
၂။အသုံးမပြုခင် သေချာလှုပ် ပေးပါရန်။
၃။အခန်းတွင်းအပူချိန်(သို့မဟုတ်)အေးသောနေရာတွင် ထားခြင်း ဖြင့် ကြာရှည်စွာအသုံးပြုနိုင်ပါသည်။
၄။ အဝါရောင်မှအဖြူရောင်သို့ပြောင်းလာလျှင်၊ ဆေးရည်အားအသုံးပြုရန်မသင့်လျှော်တော့ပါ။ ဆေးရည်များအားစွန့်ပြစ်သင့်ပါသည်။
🙅‍♂️(သတိပေးချက်)
၁။က​လေးများ အလွယ်တကူမယူနိုင်သော နေရာတွင်သိမ်းဆည်းပါ။
၂။နေရာင်နှင့်တိုက်ရိုက်တွေ့ထိနိုင်သောနေရာများတွင်ထားရှိမူ့များ ရှောင်ကျင် ပါ။
၃။စားသုံးရန်မဟုတ်ပါ။
👨‍⚕️👩‍💼မင်မင် တို့မိသားစု ပတ်ဝန်းကျင်မှာ ကူးဆက်ရောဂါကြောင့်ရောဂါဘယကင်းရှင်းဖို့က မိသားစုတိုင်းမှာ မရှိမဖြစ်လုပ်ဆောင်သင့်တာမို့ သင့်တို့မိသားစုဘဝ ရောဂါဘယကင်းဝေး ကျန်းမာပျော်ရွင်ဖို့ ကျွန်ုပ်တို့ရဲ့ PL-600 ကို သတိရလိုက်ပါလို့တိုက်တွန်းလိုက်ပါသည်။📞09951110308
#

31/12/2020

ဘာလိုလိုနဲ့ 2020 လေးကိုတောင် နှုတ်ဆက်ရတော့မယ်နော်
တစ်နှစ်ပတ်လုံး ကောင်းသည်ဖြစ်စေ... ဆိုးသည်ဖြစ်စေ ရခဲ့သမျှ တွေ့ကြုံခဲ့သမျှ အရာအားလုံးဟာ
ကောင်းဖို့အတွက် ဖြစ်လာတယ်လို့ မှတ်ယူရင်း 🥰🥰🥰 အမှတ်တရတွေ များစွာနဲ့ ကျန်ခဲ့တော့မယ့်
2020 လေးကို ဘာတွေ ပြောခဲ့ချင်တာရှိလဲနော်???
အတူတူ ရင်ဖွင့်ကြရအောင်လေ

ဒီနှစ်မှာ ဆုံတွေ့ခဲ့ရတဲ့ သူတွေ...
အေးအတူ ပူအမျှ ကိုယ့်ဘေးနား ရှိနေပေးခဲ့သူတွေ...သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ကြရအောင်လား 😇

ရောဂါဆိုးကြီးကြောင့် အားလုံးအတွက်
​အရမ်းကောင်းခဲ့တဲ့နှစ်တစ်နှစ်တော့ မဟုတ်ခဲ့ပေမယ့် တစ်ကြိမ်တစ်ခါ ပျော်ရွှင်ခဲ့ရဖူးတယ်ဆိုရင်ကို
ကျေးဇူးတင်သင့်တယ် မဟုတ်ဖူးလား ☺️

2020 လည်း သူ့တာဝန်သူ ကျေခဲ့ပါတယ်လေ ❤️




24/12/2020

🔔🔔🔔
Merry Christmas 2020: Xmas and New Year is the holiday season across the world. It is the time to indulge and make merry but make sure to wear your mask ,clean your hands with sanitizer or wash your hands and avoid large gatherings.
During Christmas amid the pandemic, it's important that we connect and tell each other that no one is alone. Today there are so many ways of staying safe and being with friends and family. Ahead of Christmas Day and New Year, meet and greet friends online, send wishes on Facebook, Twitter, WhatsApp or whatever way you choose. 2021 calls for human solidarity if we are to tide over the global health and economic crises. Christmas Trees are up and fairy lights are spreading cheer and hope in homes ahead of the New Year.Don't forget that PL-600 will be merry go round with you and protect you too.🙏🙏🙏



24/12/2020

💁ဘစိုင်းတော့ ပြောနေပြီ နော်၊ ယူတို့လဲ
Mask တပ်ပါ လက်​ဆေးပါ ခပ်ခွာခွာ​နေပါ
အသိ​ပေးပါ သတိ​ပေးပါ။


24/12/2020

📢 PL-600 Green disinfectant မှာ Sodium Chlorite,(Solid Chlorine Dioxide) နဲ့ magnesium saltပါဝင် ပြီး လေထုထဲက မမြင်နိုင်တဲ့ ပိုးမွား၊ ဘက်တီးရီးယား ၊ဗိုင်းရပ်စ် နဲ့ မှို တို့ကို အားပျော့ပျက်ပြယ် ဖယ်ရှား ပေး နိုင်တဲ့ အစွမ်းထက် Chlorine Dioxide အငွေ့ ကို ထုတ်ပေး နိုင်ပါတယ်။
📰Chlorine Dioxide ကို ပိုးသတ် အငွေ့ အဖြစ် 1900 ပြည့်နှစ် အစောပိုင်း များ ကတည်း က USFDA, WHO,SGSနှင့်EPAအဖွဲ အစည်း များ က အသိအမှတ်ပြု ခဲ့ ပါတယ်။
📝 USFDA - US Food and Drug Administration မှ စားသောက်ကုန်များတွင် မှိုနှင့် ဘက်တီးရီးယား ပိုး များ မပေါက်ပွား အောင်ထည့်သွင်း အသုံးပြုနိုင်သော Food additive နှင့် ဆေးဝါးပစ္စည်း ကိရိယာတွေ ကို ပိုးမွား သန့် စင် ပေး နိုင်သော Disinfectant အဖြစ် သုံးစွဲနိုင်ကြောင်း အတည်ပြုထားပါတယ်။
📝WHO - World Health Organization
Joint FAO/WHO Expert Comittee on Food Additive(JECFA) မှ
Solid Chlorine Dioxide ကို သကြား နှင့် ဆားတို့ ကဲ့သို့ နေ့စဉ် အသုံးပြု နိုင်သော Class A1 အဖြစ် အတည်ပြု ပေး ထားပါ သည်။
📝EPA - Taiwan Environmental Protection Agency မှ သောက်ရေ ၊ စက်ရုံ စွန့်ပစ် ရေဆိုးနှင့် ပတ်ဝန်းကျင် သန့်ရှင်း ရေး တို့ ကို ပိုးမွား သန့်စင် ရာတွင် သုံးပြု နိုင်ကြောင်း အတည်ပြုထား ပါသည်။
💢Chlorine Dioxide သည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှို တို့ကို ထိထိ ရောက်ရောက် အား ပျော့ ပျက်ပြယ်စေနိုင် ကြောင်း စမ်းသပ် အတည်ပြု ထား ပါသည်။
👨‍🔧လုပ်ခွင်နှင့် ပတ်ဝန်းကျင်တွင် 8 နာရီ ဆက်တိုက် အန္တရယ် ကင်းစွာ ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြု ခွင့် ပေး ထား သော Chlorine Dioxide စံသတ်မှတ်ချက်ပမာဏ မှာ 0.1 ppm ဖြစ်သည် မှ ထုတ်ပေးသော Chlorine Dioxide ပမာဏမှာ - ပိုးမွား၊ ဘက်တီးရီးယား ၊ဗိုင်းရပ်စ် နဲ့ မှို တို့ကို အားပျော့ပျက်ပြယ် ဖယ်ရှား ပေး နိုင်သော ပမာဏ 0.1 ppm သာ - ဖြစ် သောကြောင့် PL-600 ကို အလုပ်ခွင်နှင့် အန္တရာယ်ရှိ သော ပတ်ဝန်းကျင်တွင် အချိန် ကြာ​ကြာ အန္တရယ်ကင်းစွာ အသုံးပြု နိုင်ပါသည်။
📞 အသေးစိတ် မေးမြန်း လိုသည် များ ကို 09951110308 တိုက်ရိုက် ဖုန်းခေါ် ဆို ၍ ဖြစ်စေ Messenger မှ ဖြစ်စေ မေး မြန်း နိုင်ပါတယ်။
😎 မြန်မာနိုင်ငံ မှာ PL-600 တစ်ဦးတည်း ကိုယ်စားလှယ် အနေ နဲ့ RTS com.,Ltd မှတရားဝင် တင်သွင်း ဖြန့်ချီ ပါမည်။
🔜မကြာမီ သင့် ဆီ ကို PL-600 ရောက်ရှိလာတော့ပါမည်။

Address

Yangon
11211

Alerts

Be the first to know and let us send you an email when PL600 ASD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram