Mahar Loka Wellness

Mahar Loka Wellness Better Health, Better Life

ပျော်ရွှင်ကျန်းမာတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ 🌿မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ အဖော်မွန်ဖြစ်ဖို့ Ma...
16/03/2026

ပျော်ရွှင်ကျန်းမာတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ 🌿

မိသားစုတိုင်းရဲ့ ကျန်းမာရေးအတွက် စိတ်ချရတဲ့ အဖော်မွန်ဖြစ်ဖို့ Mahar Loka Wellness က အမြဲအသင့်ရှိနေပါတယ်။

ကိုယ့်ကိုယ်ကိုယ်ရော ချစ်ရတဲ့သူတွေကိုပါ ဂရုစိုက်ဖို့ မမေ့ပါနဲ့ဦးနော်။

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ "အသည်း" ဟာ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။ “အသည်း” ဟာအစာခြေဖျက်မှု က...
26/02/2026

ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ "အသည်း" ဟာ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အင်္ဂါတစ်ခုဖြစ်ပါတယ်။
“အသည်း” ဟာအစာခြေဖျက်မှု ကို ထိန်းညှိပေးခြင်း၊ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း နဲ့ နေ့စဉ်ရှင်သန်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို သိုလှောင်ပေးခြင်း စတဲ့ တာဝန်ပေါင်း (၅၀၀) ကျော်ကို အချိန်ပြည့် လုပ်ဆောင်နေရတာပါ။

ဒါပေမဲ့...
❌ မမှန်ကန်တဲ့ စားသောက်မှုပုံစံ (အဆီအစိမ့်နှင့် အငန်များခြင်း)
❌ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဓာတုပစ္စည်းများ
❌ အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း
❌ အနားယူမှု နည်းပါးခြင်း
ဒီအချက်တွေကြောင့် သင့်အသည်းဟာ တဖြည်းဖြည်း လုံးပန်းလာပြီး "အသည်းအဆီဖုံးခြင်း" နဲ့ "အသည်းဆဲလ်များ ပျက်စီးခြင်း" တို့ကို ခံစားလာရတတ်ပါတယ်။
ဒါကြောင့် အသည်းအတွက် လိုအပ်တဲ့ 𝐇𝐞𝐩𝐚𝐬𝐭𝐫𝐨𝐧𝐠 ကဲ့သို့သော အားဆေးတွေ သောက်သုံးလာကြရပါတယ်။

𝐇𝐞𝐩𝐚𝐬𝐭𝐫𝐨𝐧𝐠 အသည်းအားဆေး က သင့်ကို ဘယ်လို ကူညီပေးနိုင်မလဲ?

✅ Cellular Repair: အသည်းဆဲလ်တွေကို အခြေခံကအစ ပြန်လည်ပြုပြင်ပေးနိုင်တဲ့ မရှိမဖြစ် Amino Acids များဖြင့် ဖော်စပ်ထားပါတယ်။

✅ Natural Detox: အသည်းထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး အသည်းလုပ်ဆောင်ချက်ကို ပြန်လည်မြှင့်တင်ပေးပါတယ်။

✅ Advanced Protection: အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပြီး အရက်ကြောင့်ဖြစ်တဲ့ အသည်းထိခိုက်မှုတွေကို လျော့ပါးသက်သာစေပါတယ်။

သင့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ "အသည်း" ကို 𝐇𝐞𝐩𝐚𝐬𝐭𝐫𝐨𝐧𝐠 နဲ့ ဒီနေ့ပဲ စတင်စောင့်ရှောက်လိုက်ပါ။

🇲🇲 ပြည်ထောင်စုနေ့ အစိုးရရုံးပိတ်ရက် ကြေညာခြင်း 🇲🇲၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့များသည် ပြည်ထောင်စုနေ့ အစိုးရ ...
14/02/2026

🇲🇲 ပြည်ထောင်စုနေ့ အစိုးရရုံးပိတ်ရက် ကြေညာခြင်း 🇲🇲

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့များသည် ပြည်ထောင်စုနေ့ အစိုးရ ရုံးပိတ်ရက်များဖြစ်သောကြောင့် ၊ ဤနေ့များတွင် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ကြိုတင်လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်ခင်ဗျ🙏🏻

အဆိုပါရုံးပိတ်ရက်အတွင်း သိလိုသောအကြောင်းအရာများအား 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗮𝗻𝗴𝗲𝗿 တွင်မေးမြန်းထားနိုင်ပြီး ရုံးဖွင့်ရက်တွင် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျ။

#ပြည်ထောင်စုနေ့ #အစးရရုံးပိတ်ရက် #မြန်မာ့သမိုင်း #ရးပိတ်ရက်

🌟 အသက် (၅၀) ကျော်သူများအတွက် ကျန်းမာကြံ့ခိုင်စေမည့် အာဟာရလမ်းညွှန်"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ကျန်းမာသန်စွ...
28/01/2026

🌟 အသက် (၅၀) ကျော်သူများအတွက် ကျန်းမာကြံ့ခိုင်စေမည့် အာဟာရလမ်းညွှန်

"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ကျန်းမာသန်စွမ်းမှုကတော့ သင့်ရဲ့ ရွေးချယ်မှုပါ"
အသက် ၅၀ နောက်ပိုင်းမှာ ကြွက်သားထု လျော့နည်းလာခြင်းနဲ့ အရိုးအဆစ် အားနည်းခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် အိုမင်းခြင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ နေ့စဉ်စားသောက်မှုပုံစံမှာ ဒီအချက်လေးတွေကို ထည့်သွင်းစဉ်းစားကြည့်ရအောင်။

✅ ၁။ ကြွက်သားအတွက် "ပရိုတင်း" (Protein)
အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ဆုံးရှုံးမှုကို ကာကွယ်ဖို့ ပရိုတင်းဓာတ်က မရှိမဖြစ်ပါ။
• စားသင့်သည့်အစားအစာများ: ကြက်ဥ၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အဆီထုတ်ထားတဲ့ နွားနို့။

✅ ၂။ အရိုးအဆစ်အတွက် "ကယ်လ်စီယမ်နှင့် ဗီတာမင် D"
အရိုးပွခြင်းကို ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် လုံလောက်စွာ ရရှိဖို့ လိုပါတယ်။
• စားသင့်သည့်အစားအစာများ: ဒိန်ချဉ်၊ ဟင်းနုနွယ် နဲ့ ကိုက်လန်။

✅ ၃။ အစာခြေစနစ်အတွက် "အမျှင်ဓာတ်" (Fiber)
အစာခြေစနစ် ကောင်းမွန်စေပြီး သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးဖို့ အမျှင်ဓာတ်က အရေးကြီးပါတယ်။
• စားသင့်သည့်အစားအစာများ: သစ်သီးဝလံများ၊ အုတ်ဂျုံ (Oats) နဲ့ ဟင်းသီးဟင်းရွက်များ။

✅ ၄။ ဦးနှောက်နှင့် နှလုံးအတွက် "Omega-3"
မှတ်ဉာဏ်ကောင်းမွန်စေဖို့နဲ့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီဓာတ်ကို ရွေးချယ်ပါ။
• စားသင့်သည့်အစားအစာများ: ငါးကြီးဆီ၊ သစ်ကြားသီးနဲ့ အစေ့အဆန်များ။

🛡 ဖြည့်စွက်အာဟာရအနေနဲ့ ဘာကိုရွေးချယ်မလဲ?
နေ့စဉ် စားသောက်မှုကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အပြည့်အဝမရရှိနိုင်တဲ့အခါ 𝐀𝐋𝐕𝐈𝐓𝐌𝐈𝐍 လိုမျိုး Quality ကောင်းမွန်တဲ့ အားဆေးတစ်ခုကို အားကိုးနိုင်ပါတယ်။
𝐀𝐋𝐕𝐈𝐓𝐌𝐈𝐍 က သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် နေ့စဉ်ဖြတ်သန်းမှုမှာ ပိုမိုလန်းဆန်း တက်ကြွနေစေမှာပါ။

အကြံပြုချက်: မည်သည့်ဖြည့်စွက်စာ မဆို မိမိရဲ့ လက်ရှိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးဖို့ တိုက်တွန်းလိုပါတယ်။

ကျန်းမာပျော်ရွှင်တဲ့ ဘဝကို အတူတူ တည်ဆောက်ကြပါစို့။ 💪✨

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄❄️☃️ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭  ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့...
24/12/2025

🧑‍🎄❄️ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐲𝐨𝐮 𝐚𝐥𝐥🎅🎄

❄️☃️ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 ရဲ့ မိတ်ဟောင်း၊ မိတ်သစ် ကျေးဇူးရှင် Customer များနှင့် လုပ်ဖော်ကိုင်ဖက် ညီကို မောင်နှမများအားလုံး မကြာခင်မှာ ရောက်ရှိလာတော့မည့် ခရစ်စမတ်နေ့ ရုံးပိတ်ရက်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အေးချမ်းသာယာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း "မဟာလောက"မှ 🙏ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ🎄🎁
#ခရစ်စမတ်နေ့ #ကျန်းမာပျော်ရွှင်စွာနေထိုင်ရေး #ရုံးပိတ်ရက်

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရု...
18/12/2025

📢 ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရုံးပိတ်ရက် ကြေညာခြင်း 📢

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ သည် အစိုးရရုံးပိတ်ရက်ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 ကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🗓 ပိတ်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက် (သောကြာနေ့)
🗓 ပြန်လည်ဖွင့်လှစ်မည့်ရက်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် (စနေနေ့)

ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 👉🏻 09946500500 👈🏻သို့ ဆက်သွယ်နိုင်ပါသည်။
ကရင် တိုင်းရင်းသား ညီကိုမောင်နှမများနှင့် အတူ မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကရင်နှစ်သစ်ကူး #ကရင်အမျိုးသား #ကျန်းမာပျော်ရွှင်စွာနေထိုင်ရေး #ရုံးပိတ်ရက်

လူကြားထဲရောက်မှ ကွက်တိ လာယားနေတဲ့ ဒုက္ခ... ကြုံဖူးကြတယ်မလား? 😖💦🔰ကားပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးခန်းထဲမှာပဲဖြစ်ဖြစ်...မသိမသာလေ...
26/11/2025

လူကြားထဲရောက်မှ ကွက်တိ လာယားနေတဲ့ ဒုက္ခ... ကြုံဖူးကြတယ်မလား? 😖💦

🔰ကားပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးခန်းထဲမှာပဲဖြစ်ဖြစ်...
မသိမသာလေး ကုတ်ချင်နေပေမယ့် ဘေးလူတွေ မြင်မှာစိုးလို့ ဟန်လုပ်ပြီး နေနေရတဲ့ ခံစားချက်က တကယ်ကို ကမ္ဘာပျက်မတတ်ပါပဲနော်။ 😅

ကုတ်ရခက်၊ နေရခက်နဲ့ မျက်နှာတွေပါ ပျက်နေပြီဆိုရင်တော့ အိတ်ထဲမှာ Cloxzema လေး ဆောင်ထားလိုက်တော့နော်။ 👜

ယားတဲ့နေရာလေးကို ပါးပါးလေး တို့လိုက်တာနဲ့...
✅ အေးခနဲဖြစ်ပြီး ချက်ချင်း သက်သာသွားမယ်။
✅ ယားယံမှု ပျောက်ပြီး လူကြားထဲ ယုံကြည်မှု ပြန်ပြည့်သွားမယ်။
✅ အနံ့မမွှန်၊ စေးကပ်ခြင်း မရှိလို့ စိတ်သန့်သန့်နဲ့ သုံးရုံပါပဲ။

ယားနာကြောင့် "အောင့်ထားရတဲ့ ဒုက္ခ" တွေ Cloxzema နဲ့ အဆုံးသတ်လိုက်ပါ။ 👋
#ကျန်းမာပျော်ရွှင်စွာနေထိုင်ရေး

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။အကြောင်...
01/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပါတယ်။
အကြောင်းကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်ဟာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော်ဖြစ်သလို ကထိန်သင်္ကန်းကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ဖြစ်တဲ့အတွက်ဖြစ်ပါတယ်….။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် အဇာတသတ်မင်းကြီးအမှူးပြုတဲ့ ပရိသတ်တို့ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့လည်း သိရပါတယ်🙏🏻

🔸 အဇာတသတ်မင်းကြီးဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရနေတဲ့အချိန် တန်ဆောင်မုန်းလပြည့်ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ အခုလိုနေ့မျိုးမှာ ဘယ်လိုရဟန်းသာမဏေ ၊ ဗြဟ္မဏတို့ထံ ဆည်းကပ်ရင် ကောင်းမလဲဆိုတာကို တွေးတောမိပြီး မင်းချင်းတို့ကို ဖွင့်ဟတိုင်ပင်မိခဲ့တယ်လို့ ဆိုကြပါတယ်။
မင်းလိုလိုက်အကြိုက်ဆောင်တတ်တဲ့ မင်းချင်းတွေက သူတို့ကိုးကွယ်ဆည်းကပ်တဲ့ မိစ္စာဒိဌိဆရာကြီး ၆ ဦးကို ညွှန်ပြရာ အဇာတသတ်မင်းက နားမဝင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ နှုတ်ဆိတ်နေတဲ့ ဗုဒ္ဓဘာသာဝင်ဆေးဆရာ ဇီဝကကို မေးမြန်းခဲ့ရာ ဆေးဆရာ ဇီဝကက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဘုရားရှင်ကို ဆည်းကပ်ဖို့ လျှောက်တင်ခဲ့ပါတယ်။

🔸 အဇာတသတ်မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး ဆင်မြင်းဗိုလ်ပါခြံရံကာ ဆရာဇီဝကရဲ့ ဥယျာဉ်တော်မှာ သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ထံကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဥယျာဉ်တော်ထဲမှာ ရဟန်းအပေါင်း ခြံရံလျက် သီတင်းသုံးနေတဲ့ မြတ်စွာဘုရားရှင်ကို ဖူးတွေ့တဲ့အခါ အဇာတသတ်မင်းကြီးက မေးမြန်းလျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပြီး မြတ်စွာဘုရားရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဆိုထားပါတယ်🙏🏻
🌕တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်းတွေဆက်ကပ်လှူဒါန်းကြတဲ့ ကထိန်ပွဲတော်ကလည်း တန်ဆောင်မုန်းလရဲ ကျင်းပမြဲဖြစ်တဲ့ ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတာကာလဟာ ကထိန်သင်္ကန်းတွေ ကပ်လှူကြတဲ့ ကာလဖြစ်ပါတယ်။

ဒါအပြင် တန်ဆောင်မုန်းလမှာ ကထိန်ပွဲအပြင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းတဲ့ ပွဲတော်တွေကိုပါ ကျင်းပကြလေ့ရှိပါတယ်။ နေ့မကူး ၊ ရက်မကူးစေပဲ တစ်ရက်အတွင်း အပြီးရက်လုပ်လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တဲ့အတွက် မသိုးသင်္ကန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ မသိုးသင်္ကန်းရက်လုပ်မှုကို တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေပိုင်းကနေ လပြည့်နေ့ အာရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ ကပ်လှူကြလေ့ရှိပါတယ်။ မသိုးသင်္ကန်းကပ်လှူပွဲတွေကို နိုင်ငံတစ်ဝန်းဘုရားစေတီတွေမှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။

🎈အထင်ကရ အရှိဆုံးပွဲတော် နောက်တစ်ခုလဲ ထပ်ရှိနေပါသေးတယ်။ ဒါကတော့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပွဲဖြစ်ပါတယ်။ ထိုကဲ့သို့ တန်ဆောင်တိုင် လပြည့်ညများမှာ တောင်ကြီးမြို့တွင် မီးပုံးများကို ပြုလုပ်ကာ မြို့လုံးကျွတ် စည်းကားသိုက်မြိုက် စွာ ဘုရားရှင်ကို ပူဇော်ကြလေ့ရှိပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ပွဲတော်တစ်ခုကတော့ ကျီးမနိုးပွဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်ည လူအများအိပ်ချိန်ကနေ နံနက် အာရုဏ်မတက်မီကလအထိ ပြုလုပ်ကြလေ့ရှိပါတယ်။
သူခိုးကြီးညလို့လည်း ခေါ်ဆိုကြပြီး ရပ်ကွက်အတွင်း ၊ ကျေးရွာအတွင်းမှာ အရာဝတ္ထုတွေကို ရွှေ့ထားတာ ၊ တစ်စုံတစ်ယောက်ကို နောက်ပြောင်တာ စတဲ့အပြုအမူတွေနဲ့ ရိုးသားစွာနောက်ပြောင်ကျီစယ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

📌 ထိုကဲ့သို့သော ရက်ထူးရက်မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေနှင့် အများပြည်သူရုံးပိတ်ရက်များဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) မှ နိုဝင်ဘာလ ၄ ရက်နေ့ (အင်္ဂါနေ့) အထိ 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
#တန်ဆောင်တိုင် #ရုံးပိတ်ရက်

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း🙏🏻မင်္ဂလာပါရှင်၊လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…လာမည့် အောက်တိုဘာလ ၂၀ ရ...
19/10/2025

ဒေဝါလီနေ့ ရုံးပိတ်ရက် ကြေညာခြင်း

🙏🏻မင်္ဂလာပါရှင်၊
လေးစားအပ်ပါသော ဖောက်သည်များနှင့် မိတ်ဆွေများရှင်…
လာမည့် အောက်တိုဘာလ ၂၀ ရက် (တနင်္လာနေ့) သည် ဒေဝါလီနေ့ အစိုးရရုံးပိတ်ရက် ဖြစ်ပါသောကြောင့်၊ ကျွန်ုပ်တို့၏ ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးလုပ်ငန်းများကို အောက်တိုဘာလ ၂၁ ရက် (အင်္ဂါနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်စတင်မည် ဖြစ်ပါသည်။
ရုံးပိတ်ရက်အတွင်း အရေးပေါ်ကိစ္စများရှိပါက 09946500500 သို့ ဆက်သွယ်နိုင်ပါသည်။

မိတ်ဟောင်း ၊မိတ်သစ်၊ customer များအားလုံး ဒေဝါလီပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဒေဝါလီနေ့ #ရုံးပိတ်ရက် #မိဘကျန်းမာရေး #သက်ကြီးရွယ်အိုကျန်းမာရေး #ကျန်းမာပျော်ရွှင်စွာနေထိုင်ရေး #အာဟာရဖြည့်စွက်စာ

"အစားအသောက်နဲ့ မလုံလောက်တဲ့အခါ... ALVITMIN နဲ့ အားဖြည့်ပါ"👵👴 သက်ကြီးရွယ်အိုတွေ ဘာကြောင့် လိုအပ်တဲ့ အာဟာရပြည့်ဖို့ ခက်ခဲလ...
11/10/2025

"အစားအသောက်နဲ့ မလုံလောက်တဲ့အခါ... ALVITMIN နဲ့ အားဖြည့်ပါ"

👵👴 သက်ကြီးရွယ်အိုတွေ ဘာကြောင့် လိုအပ်တဲ့ အာဟာရပြည့်ဖို့ ခက်ခဲလာတာလဲ။

အသက်ကြီးလာတဲ့အခါမှာ...
🔻အစား စားချင်စိတ် (Appetite) နည်းပါးလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
🔻သွားတွေ မကောင်းလို့၊ သို့မဟုတ် အစာချေဖျက်မှု အားနည်းလို့ ဝါးရခက်တာ၊ မြိုချရခက်တာ တွေ ဖြစ်လာတယ်။
🔻တစ်ခါတလေ ဆေးဝါးတွေ သောက်ရတာများလို့ အာဟာရ စုပ်ယူမှု ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလိုအကြောင်းတွေကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင်ကနေ ဖြည့်တင်းပေးဖို့ လိုအပ်လာပါတယ်။ ပုံမှန်ထမင်းတစ်နပ်က အာဟာရ အပြည့်အဝ မပေးနိုင်တော့ပါဘူး။ဒါတွေကို ဖြေရှင်းပေးဖို့ ALVITMIN က ကူညီပေးဖို့ အသင့်ရှိနေပါပြီ…။

💡 ALVITMIN က ဘာကြောင့် အကူအညီပေးနိုင်တာလဲ။

ALVITMIN က သက်ကြီးရွယ်အိုတွေ လိုအပ်တဲ့ အဓိက အာဟာရဓာတ်တွေကို ပြည့်စုံစွာ ဖြည့်ဆည်း ပေးနိုင်ဖို့ ဖော်စပ်ထားပါတယ်။
🔺 အာဟာရ ဖြည့်ဆည်းမှု: ပုံမှန်ထမင်းတစ်ပန်းကန်နဲ့ မလုံလောက်တဲ့ ဗီတာမင်နဲ့ ဓာတ်သတ္တုတွေကို ဖြည့်ပေးနိုင်ပါတယ်။
🔺စားရလွယ်ကူခြင်း: ဆေးရည်လေး တစ်ဇွန်းပဲ သောက်ရုံနဲ့ လိုအပ်တဲ့ အားအင်ကို ရရှိစေနိုင်ပါတယ်။
🔺အားအင်ပြန်လည်ရရှိစေခြင်း: ကိုယ်ခံအားကောင်းပြီး တစ်နေ့တာ လှုပ်ရှားမှုတွေအတွက် လန်းဆန်းတက်ကြွ နေစေဖို့ အထောက်အကူပြုပါတယ်။

👨‍👩‍👧‍👦 ချစ်ရတဲ့သူတွေ ကျန်းမာနေမှ စိတ်ချမ်းသာမှာပါ။
သင့်ရဲ့ မိဘတွေ၊ အဘိုးအဘွားတွေ ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည် နေနိုင်ဖို့အတွက်...
အစားအသောက်နဲ့ မလုံလောက်တဲ့အခါ... ALVITMIN နဲ့ ဖြည့်ပါ!

#အာဟာရဖြည့်စွက်စာ #သက်ကြီးရွယ်အိုကျန်းမာရေး #မိဘကျန်းမာရေး #ကျန်းမာပျော်ရွှင်စွာနေထိုင်ရေး

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျ...
04/10/2025

🏮တူယှဉ်နွှဲပျော် သီတင်းကျွတ်ပွဲတော်🏮

🙏🏻 05.10.2024 ရက်နေ့ (တနင်္ဂနွေနေ့) မှ 07.10.2024 ရက်နေ့ (အင်္ဂါနေ့) အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်၊ အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 ၏ ရုံးတွင်းဝန်ဆောင်မှုများ၊ Online အရောင်းများ၊ ပစ္စည်းပိုဆောင်ရေးများအားလုံးပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။
08.10.2024 ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ပုံမှန်အတိုင်းဝန်ဆောင်မှုများဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

🏮ကျက်သရေမင်္ဂလာရှိသောဝါလကင်းလွတ်သီတင်းကျွတ်အခါသမယကို ချစ်ရတဲ့ မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်….။

#သတင်းကျွတ် ရုံးပိတ်ရက် #ဝါလကင်းလွတ်သီတင်းကျွတ် #တယှဉ်နွှပျော် သီတင်းကျွတ်ပွဲတော်

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 အား အစဉ်တစိုက် အားပေးလာကြသော...
19/07/2025

အာဇာနည်‌နေ့ ရုံးပိတ်ရက် ကြေညာခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 အား အစဉ်တစိုက် အားပေးလာကြသော မိတ်ဟောင်း မိတ်သစ်များ ခင်ဗျာ
၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ (စနေနေ့) သည် ◤အာဇာနည်‌နေ့ ◢ ဖြစ်တဲ့အတွက် 𝐌𝐚𝐡𝐚𝐫 𝐋𝐨𝐤𝐚 ရုံးချုပ်နှင့် ရုံးခွဲများ အားလုံး ပိတ်ထားမည် ဖြစ်ပြီး ပစ္စည်းပို့ဆောင်ခြင်း ၊ ငွေကောက်ခံခြင်း ၊ စာပြန်ခြင်း ဝန်ဆောင်မှုများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ကြိုတင် အသိပေး ကြေညာအပ်ပါသည်။

#အာဇာနည်နေ့ #ရုံးပိတ်ရက် #ဗိုလ်ချုပ်အောင်ဆန်း

Address

No-6, Moe Ma Kha Street, Malikha Housing, Thinganyun Township
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959780780500

Website

Alerts

Be the first to know and let us send you an email when Mahar Loka Wellness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram