ဝိဇ္ဇာ - Weizza

ဝိဇ္ဇာ - Weizza အထက်လမ်းပညာကိုလေ့လာသူဖြစ်ပြီး လေ့လာထားသမျှကိုမျှဝေကာ၊ခုနှစ်ရက်သားသမီးများနှင့်သတ္တဝါများအား ကယ်ဆယ်ရန်

ကုန်ရောင်းထွက်စေရန် နေ့အလိုက် ဈေးခေါ်ကုန်တိုက်စီရင်နည်း ၁။ တနင်္ဂနွေနံ     အိုး၊အုန်း၊အိမ်၊ဥ စသည့် တနင်္ဂနွေနံ ကုန်များ ...
22/04/2023

ကုန်ရောင်းထွက်စေရန် နေ့အလိုက် ဈေးခေါ်ကုန်တိုက်စီရင်နည်း

၁။ တနင်္ဂနွေနံ

အိုး၊အုန်း၊အိမ်၊ဥ စသည့် တနင်္ဂနွေနံ ကုန်များ
ဈေးကောင်းကောင်းနှင့် အမြတ်များများရ၍
ရောင်းထွက်စေလိုသော် .... တနင်္ဂနွေ‌နေ့
နံနက်(၇)နာရီက နံနက်(၉)နာရီ အတွင်းတွင်
သနပ်ကိုင်း(၆)ခွက်ကိုယူ၍ ပစ္စည်းထည့်ထား
သောနေရာ၏ မြောက်အရပ်၌ သံပုံးထဲတွင်
သဲထည့်၍ သနပ်ကိုင်းကို ၎င်းသံပုံးထဲတွင်
စိုက်ထားပါ။ မွန်းလွဲ(၁)နာရီခွဲ အချိန်သို့ရောင်
သောအခါ သောကြာသား/သမီးတစ်ယောက်
ယောက်က အိုး၊အိမ်စသောကုန်ထွက်စေဆို၍
မိမိရောင်းလိုသော ပစ္စည်းကို(၆)ချက်ရိုက်ပါ။
၎င်းနောက်သနပ်ကိုင်းကိုသံပုံးတွင်ပြန်စိုက်ပါ။
(၇)လည်လျှင်အဟောင်းစွန့်၍ အသစ်ပြန်
လုပ်ပါ။ ဈေးကောင်းကောင်းနဲ့ ရောင်းရပါ
မယ်။

၂။ တနင်္လာနံ

ကျောက်၊ကျွဲ၊ကြံ၊ကြက်ဥစသည့်တနင်္လာနံ
ကုန်များရောင်းထွက်စေလိုသော် တနင်္လာနေ့
နံနက်(၇)နာရီခွဲမှ နံနက်(၉)နာရီအတွင်းတွင်
လက်ပံကိုင်း (၁၅)ခက်ကိုယူ၍ ပစ္စည်းထား
သော နေရာ၏ အနောက်အရပ်တွင်
သော်လည်းကောင်း အနောက်တောင်ထောင့်
တွင်သော်လည်းကောင်း ရောင်းလိုသော
တစ်နေရာရာ၌ ဒန်အိုးတွင် နနွင်းထည့်၍
လက်ပံကိုင်း (၁၅)ခက်ကို ၎င်းဒန်အိုးတွင်
စိုက်၍ထားပါ။ မွန်းလွဲ(၁)နာရီခွဲမှ ညနေ(၃)
နာရီအတွင်းတွင် မိမိရောင်းလိုသော ကျောက်
စသော တနင်္လာနံကုန် အဖိုးများများနှင့်
ထွက်စေဆို၍ ၎င်းလက်ပံကိုင်းနှင့် (၁၅) ချက်
ရိုက်ပါ ပြီးလျှင် ဒန်အိုးထဲပြန်စိုက်ပါ။ (၇)ရက်
လည်လျှင် အဟောင်းစွန့်၍ အသစ်ကိုပြန်ပြု
လုပ်ပါ။ ဈေးကောင်းကောင်းနှင့်ရပါမည်။

၃။ အင်္ဂါနံ

ဆန်၊ဆီ၊ဆေး၊ဆား၊စောင်၊စိန်၊စက် ‌စသော
အင်္ဂါနံကုန်များ ရောင်းထွက်စေလိုသော်
အင်္ဂါနေ့နံနက်(၉)နာရီမှ နံနက်(၁၀)နာရီခွဲ
အတွင်း မရမ်းကိုင်း (၈)ခက်ကိုယူ၍ အရှေ့
မြောက်ထောင့် အရပ်၌ အိုးထဲတွင်စိုက်ထူ၍
ထားပါ။မွန်းလွဲ(၁)နာရီခွဲမှ(၃)နာရီအတွင်း
တနင်္ဂနွေသား/သမီးတစ်ယောက်ယောက်က ‌
ရောင်းလိုသော ဆန်၊ဆီ၊ဆား၊ဆေး၊စိန်စသော
အင်္ဂါနံကုန်များ ရောင်းထွက်စေဟုဆို၍
မရမ်းကိုင်းဖြင့် (၈)ချက်ရိုက်ပါ။ပြီးလျှင်
၎င်းသစ်ကိုင်းကို အိုးထဲပြန်စိုက်၍ထားပါ။
(၇)ရက် စေ့လျှင်‌အဟောင်းစွန့်၍ အသစ်ပြန်
စိုက်ထားပါ။ဈေးကောင်းနှင့်ရောင်းရမည်။

၃။ ဗုဒ္ဓဟူးနံ

ရွှေ၊လှေ၊လှည်း၊ဝါး စသည့်ဗုဒ္ဓဟူးနံကုန်များ
ရောင်းထွက်စေလိုသော ဗုဒ္ဓဟူးနေ့နံနက်(၇)
နာရီမှ(၁၀)နာရီခွဲအတွင်း ကသစ်ကိုင်း(၁၇)
ခက်ယူ၍ ကုန်ထားသောနေရာ၏ အရှေ့အရပ်
၌ ကြေးခွက်တွင်ဖြစ်စေ၊ကျောက်ပေါ်မှာဖြစ်
စေ စိုက်ထားပါ။ညနေ(၃)နာရီမှ(၄)နာရီခွဲ
အတွင်းတွင် တနင်္လာသား/သမီးများက
ရောင်းရမည့်ကုန်ကို ထွက်စေဆို၍ကသစ်ခက်
နှင့်(၁၇)ချက်ရိုက်ပါ။ ပြီးလျှင်ပြန်စိုက်ထားပါ။
ရောင်းကောင်းပြီးအမြတ်များရပါမည်။

၅။ ကြာသပတေးနံ

ပဲ၊ပြောင်း၊မြ၊ပတ္တမြား၊မြေ၊မြင်း စသော
ကြာသပတေးနံကုန်များရောင်းထွက်လိုသော်
ကြာသပတေးနေ့နံနက်(၁၀)နာခွဲမှ မွန်းလွဲ(၂)
နာရီခွဲအတွင်းတွင် ပိတောက်ကိုင်း (၁၉)ခက်
ကိုယူ၍ စဉ့်အိုးတွင်စိုက်ထားပါ။ ညနေ(၃)
နာရီမှ(၄)နာရီအတွင်းတွင် ၎င်းပိတောက်ကိုင်း
နှင့် ကြာသပတေးနံကုန်ရောင်း‌ထွက်စေဟု
(၁၉)ခါ ဆို၍ရိုက်ပါ။ ပြီးလျှင် စဉ့်အိုးတွင်ပြန်
စိုက်ထားပါ။ ရောင်းကောင်းပြီးအမြတ်များရ
ပါမည်။

၆။ သောကြာနံ

သံ၊သွပ်၊သစ် စသောသောကြာနံကုန်များ
ရောင်းထွက်စေလိုသော သောကြာနေ့(၆)နာရီ
မှ(၇)နာရီခွဲအတွင်းတွင် ဇလပ်ကိုင်း(၂၁)ခက်
ကိုယူ၍ (ပစ္စည်းများထား‌သောနေရာ(သို့)
ရောင်းရန်ကုန်)တစ်နေရာရာ၏ တောင်အရပ်
ကလက်ရန်းပေါ်တွင်စိုက်ထောင်၍ထားရ
မည်။ ၎င်းသစ်ကိုင်းနှင့် သောကြာနေ့
ညနေ(၄)နာရီ ခွဲမှ(၉)နာရီအတွင်းတွင်ဗုဒ္ဓဟူး
သား/သမီးများ က သောကြာနံကုန်ထွက်စေ
ဆို၍ (၂၁)ချက်ရိုက်ပါ။ ပြီးလျှင်လက်ရန်း
ပေါ်ပြန်ထားပါ။ ၎င်းကုန်ရောင်းကောင်းပြီး
အမြတ်များရပါမည်။ (၇)ရက်စေ့လျှင်
သစ်ကိုင်းဟောင်းစွန့်၍အသစ်ထားပါ။

၇။ စနေနံ

ကျောက်နီ၊နီလာ၊ထီး၊နွား၊အထည်အလိပ်
စသော စနေနံကုန်များရောင်းထွက်စေလို
သော် စနေနေ့နံနက်(၆)နာရီမှ(၇)နာရီအတွင်း
တွင် ပိတောက်ကိုင်း(သို့) ပိန္နဲရွက် (၁၀)ကိုင်း/
ရွက် တစ်ခုခုဖြင့် စနေနံပစ္စည်းထားသော
နေရာ၏ အနောက်တောင်ထောင့်တွင် ပုလင်း
(သို့)ဖန်ဘူး တစ်မျိုးမျိုးတွင်ထည့်၍ ညနေ(၄)
နာရီခွဲတွင် ကြာသပတေးသား/သမီး
တစ်ယောက်ယောက်မှ စနေနံကုန်
ဈေးကောင်းကောင်းနှင့် အမြတ်များများရ၍
ရောင်းထွက်စေဟု (၁၀)ချက်ရိုက်၍မူလ
နေရာပြန်ထားပါ။ (၇)ရက်စေ့လျှင်
သစ်ကိုင်းဟောင်းစွန့်၍အသစ်ထားပါ။

မှတ်ချက် - ဆရာသည်ဤ "ကုန်ရောင်းထွက်စေရန် နေ့အလိုက် ဈေးခေါ်ကုန်တိုက်စီရင်နည်း" အား သစ်တံခါးဆရာတော်ဘုရား၏ *စီးပွားတက်၍ ချမ်းသာအောင် အဓိဌာန်ကျင့်စဉ်ဆောင်နှင့် ကျိုက် (၁၀) ကျိုက် အဓိဌာန်ကျင့်စဉ်မြတ်ကြီး* စာအုပ်မှထုတ်နုတ်ကာ
အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#အစီအရင်
#ဓာတ်ရိုက်ဓာတ်ဆင်

ဝိဇ္ဇာ - Weizza

မကောင်းတဲ့နိမိတ်၊မင်္ဂလာမရှိတဲ့အရာ‌တွေ၊ ဂြိုလ်ဆိုး ကြမ္မာဆိုးတွေ၊အိမ်မက်ဆိုးတွေပျောက်လိုလျှင် ဤဂါထာတို့အား ရွတ်ပါပွားမျာ...
19/04/2023

မကောင်းတဲ့နိမိတ်၊မင်္ဂလာမရှိတဲ့အရာ‌တွေ၊ ဂြိုလ်ဆိုး ကြမ္မာဆိုးတွေ၊အိမ်မက်ဆိုးတွေပျောက်လိုလျှင် ဤဂါထာတို့အား ရွတ်ပါပွားများပါလေ....

၁ - ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
{ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ၊}
ယော စာ' မနာပေါ သကုဏဿ သ‌ဒ္ဒေါ။
{ယော စာမနာပေါ သကုနတ်သ သတ်ဒေါ။}
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
{ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန်}
ဗုဒ္ဓါနုဘာဝေန ဝိနသ'မေန္တု။
{ဗုတ်ဓာနုဘာဝေန ဝိနာသမင်တု။}

၂ - ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
{ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ၊}
ယော စာ' မနာပေါ သကုဏဿ သ‌ဒ္ဒေါ။
{ယော စာမနာပေါ သကုနတ်သ သတ်ဒေါ။}
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
{ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန်}
ဓမ္မာနုဘာဝေန ဝိနသ'မေန္တု။
{ဓမ်မာနုဘာဝေန ဝိနာသမင်တု။}

၃ - ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
{ယံ ဒုန်နိမိတ်တံ အဝမင်ဂလင်စ၊}
ယော စာ' မနာပေါ သကုဏဿ သ‌ဒ္ဒေါ။
{ယော စာမနာပေါ သကုနတ်သ သတ်ဒေါ။}
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
{ပါပက်ဂဟော ဒုတ်သုပိနံ အ-ကန်တန်}
သံဃာနုဘာဝေန ဝိနသ'မေန္တု။
{သံဃာနုဘာဝေန ဝိနာသမင်တု။}

နံနက်မိုးသောက်အလင်းရောက်လာလို့ အိမ်မက်မကောင်းတာမက်တာ၊ ဂြိုလ်ဆိုးဂြိုလ်ညံ့ ကျရောက်တာ၊ ဌက်ဆိုးသံကြားတဲ့အခါတွေမှာ
ဘုရားရှိခိုးပြီး ဘုရား၊တရား၊သံဃာ တို့ကိုအာရုံပြုကာ ဂါထာ ၃ပိုဒ်အား ရွတ်ပြီး စိတ်ထဲမှာနှလုံးသွင်းပြုပြီး ကုသိုလ်ဖြစ်လာတဲ့အခါ ထိုထိုသော အိမ်မက်မကောင်းတာမက်တာ၊ ဂြိုလ်ဆိုးဂြိုလ်ညံ့ ကျရောက်တာတွေဟာ ပျောက်ကုန်၏။
ယတြာကျေပြီးသားဖြစ်၏၊ယတြာချေပြီးသားဖြစ်၏။ ဟု ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသဘုရား‌၏ ပုဗ္ဗဏှသုတ်အနှစ်ချုပ်တရားတော်မှ ပြန်လည်မျှဝေပါ၏။

ဂါထာတော်မြတ်၏အဓိပ္ပာယ်

{ဒုန္နိမိတ္တံ - မကောင်းတဲ့အိမ်မက်တွေ
အဝမင်္ဂလဉ္စ - မင်္ဂလာမရှိတဲ့အရာတွေ
ယောစာမနာပေါ သကုဏဿ
သ‌ဒ္ဒေါ - မနှစ်သက်စရာကောင်းသော ဌက်ဆိုးသံ
ပါပဂ္ဂဟော - မကောင်းတဲ့ဂြိုလ်စီး၊ဇာတာ၊ကံကြမ္မာ‌တွေ}ဟာ
ဗုဒ္ဓါနုဘာဝေန ဝိနာသမင်တု- စိတ်ထဲမှာမကောင်းဘူး၊စိတ်ထဲမှာ မသန့်ဘူးလို့ ဆိုတဲ့အရာအားလုံးဟာ မြတ်စွာဘုရားကို အာရုံပြုပြီးတော့ရလိုက်တဲ့ စွမ်းအားနဲ့ အားလုံးကျေပျောက်သွားပါစေ ဟု ပါချုပ်ဆရာတော်ဘုရား၏ ပုဗ္ဗဏှသုတ်အနှစ်ချုပ်တရားတော်မှ ပြန်လည်မျှဝေပါ၏။

အခက်ခဲဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် ပါမောက္ခချုပ်ဆရာတော်ဘုရား၏ ပုဗ္ဗဏှသုတ်အနှစ်ချုပ်တရားတော်မှ ပြန်လည်မျှဝေပါ၏။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
#ပုဗ္ဗဏှသုတ်အနှစ်ချုပ်တရားတော်
#ဂါထာ
ဝိဇ္ဇာ - Weizza

အတိုက်ခိုက်များလို့သော်လည်းကောင်း၊ ကံညံ့နေလို့သော်လည်းကောင်း၊ စီးပွားရေးအဆင်ပြေချင်လို့သော်လည်းကောင်း၊လူချစ်လူခင်ပေါ်ကာပ...
17/04/2023

အတိုက်ခိုက်များလို့သော်လည်းကောင်း၊ ကံညံ့နေလို့သော်လည်းကောင်း၊ စီးပွားရေးအဆင်ပြေချင်လို့သော်လည်းကောင်း၊လူချစ်လူခင်ပေါ်ကာပီယ ပွင့်လိုသော်လည်းကောင်း "ဘုရားဂုဏ်တော်ကိုးပါး"အား ပူဇော်ကာအဓိဌာန်ဝင်လိုက်ပါ။

"ဘုရားဂုဏ်တော်ကိုးပါ"

၁။ အရဟံ (ပုတီးတစ်လုံးချ)
၂။ သမ္မာသမ္ဗုဒ္ဓေါ (ပုတီးတစ်လုံးချ)
၃။ ဝိဇ္ဇာစရဏသမ္ပန္နော (ပုတီးတစ်လုံးချ)
၄။ သုဂေတာ (ပုတီးတစ်လုံးချ)
၅။ လောကဝိဒူ (ပုတီးတစ်လုံးချ)
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ (ပုတီးတစ်လုံးချ)
၇။ သတ္ထာဒေ၀မနုဿာနံ (ပုတီးတစ်လုံးချ)
၈။ ဗုဒ္ဓေါ (ပုတီးတစ်လုံးချ)
၉။ ဘဂဝါ (ပုတီးတစ်လုံးချ)

"အဓိဌာန်ဝင်နည်း"

၁။ ငါးပါးသီလခံယူပါ၊တည်ဆောက်ပါ။

၂။ ဆီမီး၊အမွှေးတိုင်၊ဖယောင်းတိုင်တို့အား
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့အား
ပူဇော်လှူတန်းပါ။

၃။ မိမိ၏ ရုပ်နာမ်(၂)ပါး၊ ခန္ဓာ(၅)ပါးနှင့်တကွ
မမြဲသောခန္ဓာကိုယ်၊အစိုးမရသော ခန္ဓာကိုယ်
အား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်
တို့အား လှူပါ။

၄။ ခင်ပွန်းကြီးဆယ်ပါးကန်တော့ပါ။

၅။ မေတ္တာပို့ပါ။(အကြောင်းကား တစ်ခါတစ်လေ
ကိုယ့်ဝန်းကျင်မှာရှိသော မြင်အပ်မမြင်အပ်
ပုဂ္ဂိုလ်များက "ဘုရားဂုဏ်တော်" ၏ ဟိတ်ကို
မခံနိုင်သောကြောင့် မေတ္တာအရင်ပို့ပါလေ၊
အဓိဌာန်ဝင်နေသည့်အချိန်အနှောက်ယှက်မရှိ
ရလေအောင်မေတ္တာပို့ပါလေ။)

၆။ သစ္စာဆိုကာ မိမိလုပ်နိုင်သ‌လောက် ‌ကို
အဓိဌာန်ဝင်လို့ရပါ၏။

သစ္စာဆိုပုံ -

"ကျတော်/ကျမ သည် ဤနေ့၊ဤချိန်မှ စပြီး
(ဥပမာ) - ဘုရားဂုဏ်တော် (၉)ပါးဖြင့် ဂုဏ်တော်တစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၉)ပတ်ဖြင့် (၉)ရက်တိတိဖြင့် မြတ်စ္စာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ခွင့်ပြုပေးတော်မူပါ အရှင်မြတ်ဘုရား။ ဤကျတော်နေထိုင်ရာ နေရာမှာရှိကျသော အစောင့်ရှောင်နှင့်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အသိပေးပန်ကြားအပ်ပါ၏။ခွင့်ပြုပေးကာ မည်သည့်အနှောက်ယှက်မှမရှိရလေအောင် ကူညီပေးတော်မူကျပါကုန်လော့" ဟု သစ္စာဆိုကာ အဓိဌာန်စဝင်ပါ။ပုတီးစိပ်နေတဲ့အချိန်မှာ အတွေးပေါင်းစုံက ဝင်နေမှာပဲ၊ ဒါပေမဲ့တစ်လုံးထိ၊တစ်လုံးသိ အသိနဲ့စိပ်ပါ။ နောက်မှာပေါ်သည်များနောက်ကိုမလိုက်ပါနှင့်။ အသိနှင့်သတိကပ်ပြီးစိပ်ပါ။အဓိဌာန်ပြီးက ကိုယ်ပြုတဲ့ကုသိုလ်အဖို့ဖို့အား ပြန်အမျှဝေပါ။

၁။ အရဟံ (ပုတီးတစ်လုံးချ)
၂။ သမ္မာသမ္ဗုဒ္ဓေါ (ပုတီးတစ်လုံးချ)
၃။ ဝိဇ္ဇာစရဏသမ္ပန္နော (ပုတီးတစ်လုံးချ)
၄။ သုဂေတာ (ပုတီးတစ်လုံးချ)
၅။ လောကဝိဒူ (ပုတီးတစ်လုံးချ)
၆။ အနုတ္တရောပုရိသ ဓမ္မသာရထိ (ပုတီးတစ်လုံးချ)
၇။ သတ္ထာဒေ၀မနုဿာနံ (ပုတီးတစ်လုံးချ)
၈။ ဗုဒ္ဓေါ (ပုတီးတစ်လုံးချ)
၉။ ဘဂဝါ (ပုတီးတစ်လုံးချ) ကာ
ပုတီး(၉)ပတ်၊(၉)ရက် အနည်းဆုံးဝင်ရပါမယ်
ထိုမှတစ်ဆင့် ကိုယ်နိုင်သလောက်
ပုတီး(၁၈)ပတ်၊(၁၈)ရက်၊
ပုတီး(၂၇)ပတ်၊(၂၇)ရက်၊စသည်ဖြင့်
ရက်တွေ၊ပုတီးအပတ်ရေ တိုးသွားကာ
ပုတီး(၁၀၈)ပတ်၊(၁၀၈)ရက်အထိ အဓိဌာန်ဝင်
လို့ရပါ၏။ ကိုယ်ဝင်သည့်အဓိဌာန်တော့တစ်
ရက်မှတော့ပျက်လို့မရပါ။ လောဘစိတ်နှင့်မဝင်ရပါ။

မိမိသည် *ဘုရားဂုဏ်တော်ကိုးပါး* ကို အဓိဌာန်အနေနှင့်မဟုတ်လည်း လမ်းသွားရင်း၊ထမင်းစားရင်း၊ရေသောက်ရင်း၊ထိုင်ရင်း၊ခရီးသွားရင်းဖြစ်ဖြစ် ဗုဒ္ဓနုဿတိပွားများလို့ရ၏။

*ဘုရားဂုဏ်တော်ကိုးပါး*
ကိုရွတ်ပါများပြီး ထုံလာပါက

- ဘေးရန်ကင်းကာ၊ကျက်သရေ မင်္ဂလာတိုး၏။
- အောက်လမ်း၊စုန်း၊ကဝေ၊ပညာသည်တို့က
အန္တရယ် မပြုနိုင်ရာ၏။
- ပီယနှင့်လာဘပွင့်၏။
- အပါယ်တံခါးပါပိတ်၏။

လောဘစိတ်ကိုရှေ့ထားပြီးတော့မဝင်ရပါ။ထိုကဲ့သို့ဝင်ပါက ထူးမည်မဟုတ်ပါ။ မရှော့သောဇွဲ၊လုံ့လ၊ဝီရိယနှင့် စိတ်ကိုတည်ငြိမ်အောင်ထားပြီး
အားထုတ်ပါလေ။ တစ်ခါတည်းနှင့်တော့ ဘယ်အရာမှ လွယ်လွယ်မရတတ်ပါ။

အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#ဘုရားဂုဏ်တော်ကိုးပါး
ဝိဇ္ဇာ - Weizza

09/03/2023

ဒီရက်ပိုင်းနေမကောင်းဖြစ်နေတာမလို့ ပို့စ်တွေတင်တာ ခဏနားထားတာပါ။ အခုသက်သာစပြုပြီမို့ ပို့စ်တွေပြန်တင်ပေးပါမယ်။ စကားတွေပြန်မပြောနိုင်တာတွေအတွက် တောင်းပန်ပါတယ်။နားလည်ပေးပါ။

24/02/2023

အတိုက်အခိုက်များသူအတွက် ကိုယ်လုံစေသည့်
ဦးဥတ္တမသာရ၏ "သရဏဂုံ" ပုတီးစိပ်နည်း

"သရဏဂုံသုံးပါး"

* ‌ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
ဓမ္မံသရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
သံဃံသရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)

* ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံချ)
ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။ (ပုတီးတစ်လုံးချ)
ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။(ပုတီးတစ်လုံးချ)

* တတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။(ပုတီးတစ်လုံးချ)
တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။(ပုတီးတစ်လုံးချ)
တတိယမ္ပိသံဃံသရဏံဂစ္ဆာမိ။(ပုတီးတစ်လုံးချ)


"အဓိဌာန်ဝင်နည်း"

၁။ ငါးပါးသီလခံယူပါ၊တည်ဆောက်ပါ။

၂။ ဆီမီး၊အမွှေးတိုင်၊ဖယောင်းတိုင်တို့အား
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့အား
ပူဇော်လှူတန်းပါ။

၃။ မိမိ၏ ရုပ်နာမ်(၂)ပါး၊ ခန္ဓာ(၅)ပါးနှင့်တကွ
မမြဲသောခန္ဓာကိုယ်၊အစိုးမရသော ခန္ဓာကိုယ်
အား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့
အား လှူပါ။

၄။ ခင်ပွန်းကြီးဆယ်ပါးကန်တော့ပါ။

၅။ မေတ္တာပို့ပါ။(အကြောင်းကား တစ်ခါတစ်လေ
ကိုယ့်ဝန်းကျင်မှာရှိသော မြင်အပ်မမြင်အပ်
ပုဂ္ဂိုလ်များက "သရဏဂုံ" ၏ ဟိတ်ကို
မခံနိုင်သောကြောင့် မေတ္တာအရင်ပို့ပါလေ)

၆။ သစ္စာဆိုကာ မိမိလုပ်နိုင်သ‌လောက် ‌ကို
အဓိဌာန်ဝင်လို့ရပါ၏။
ပုတီး(၉)ပတ်၊(၉)ရက်သော်လည်းကောင်း
ပုတီး(၉)ပတ်၊(၃၀)ရက်သော်လည်းကောင်း
ပုတီး(၃)ပတ်၊(၃၀)ရက်သော်လည်းကောင်း
ကိုယ်အဆင်ပြေသလိုဝင်လို့ရပါ၏။ တစ်ရက်
မှတော့ပျက်လို့မရပါ။လောဘစိတ်နှင့်မဝင်ရ
ပါ။

မိမိသည် *သရဂုံ* ကို အဓိဌာန်အနေနှင့်မဟုတ်လည်း လမ်းသွားရင်း၊ထမင်းစားရင်း၊ရေသောက်ရင်း၊ထိုင်ရင်း၊ခရီးသွားရင်းဖြစ်ဖြစ် ဗုဒ္ဓနုဿတိပွားများလို့ရ၏။

*သရဂုံ* ကိုရွတ်ပါများပြီးထုံလာပါက

- ဘေးရန်ကင်းကာ၊ကျက်သရေ မင်္ဂလာတိုး၏။
- အောက်လမ်း၊စုန်း၊ကဝေ၊ပညာသည်တို့က
အန္တရယ် မပြုနိုင်ရာ၏။
- ပီယနှင့်လာဘပွင့်၏။
- အပါယ်တံခါးပါပိတ်၏။

အဓိဌာန်တစ်ခေါက်ပြီးတာနဲ့ ထူးခြားပါသည်။ လောဘစိတ်ကိုရှေ့ထားပြီးတော့မဝင်ရပါ။ထိုကဲ့သို့ဝင်ပါက ထူးမည်မဟုတ်ပါ။ မရှော့သောဇွဲ၊လုံ့လ၊ဝီရိယနှင့် စိတ်ကိုတည်ငြိမ်အောင်ထားပြီး
အားထုတ်ပါလေ။ တစ်ခါတည်းနှင့်တော့ ဘယ်အရာမှ လွယ်လွယ်မရတတ်ပါ။

အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#သရဏဂုံသုံးပါး
ဝိဇ္ဇာ - Weizza

22/02/2023

မည်သည့်အဓိဌာန်ကိုမဆို အကျိုးရှိအောင်
အဓိဌာန်ဝင်နည်း။

အဓိဌာန်ဆိုတာ မဝင်တတ်က "ပလိုင်းပေါက်နှင့်ဖားကောက်" နေသလိုဖြစ်ကာ ဝင်တာဝင်ပြီး အကျိုးမထူးဖြစ်တတ်၏။ ကိုယ်ဝင်လိုက်သည့် အဓိဌာန်ဟာ ကိုယ်၏ ခန္ဓာကိုယ်မှာတည်တံ့အောင် ခန္တာကိုယ်မှာ ပြန်ချုပ်ဖို့လို၏။ ရိုးရိုးချုပ်လို့မရပေ...သစ္စာနှင့်ချုပ်ရာ၏။

အဓိဌာန်ဝင်တော့မည်ဆိုရင်

ဂိုဏ်းဝင်ထားသောသူမဟုတ်ပါက အဓိဌာန်ဝင်တဲ့အတောတွင်းမှာ အရက်လုံးဝလုံးဝမသောက်ရပါ၊
ကာမပိုင်ရှိ၊ပိုင်ရှင်ရှိသူ ကိုပြစ်မှား၊စော်ကားမှုမပြုရ၊ (အမဲသား၊ကျွဲသား၊ဝက်သား) ရှောင်ကာကောင်း၏။ မရှောင်လည်းရပါ၏။

၁။ ငါးပါးသီလကိုတောင်းခံပါ၊တည်ဆောက်ပါ။

၂။ ရုပ်နာမ်(၂)ပါး၊ခန္ဓာ(၅)ပါးကို မြတ်စွာဘုရား
အားလှူပါ။

၃။ ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပါ။

၄။ မေတ္တာဘာဝနာစီးဖြန်းပါ။မေတ္တာပို့ပါ။ မေတ္တာ
ဓာတ်ပြန်ခံယူပါ။

၅။ သစ္စာဆိုပြီး သစ္စာအဓိဌာန်ဖြင့်အလုပ်လုပ်ပါ။

သစ္စာဆိုပုံ -

"ကျတော်/ကျမ သည် ဤနေ့၊ဤချိန်မှ စပြီး
(ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စ္စာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ပါအံ့၊ခွင့်ပြုပေးတော်မူပါ အရှင်မြတ်ဘုရား။ ဤကျတော်နေထိုင်ရာ နေရာမှာရှိကျသော အစောင့်ရှောင်နှင့်ဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း အသိပေးပန်ကြားအပ်ပါ၏။ခွင့်ပြုပေးကာ မည်သည့်အနှောက်ယှက်မှမရှိရလေအောင် ကူညီပေးတော်မူကျပါကုန်လော့" ဟု သစ္စာဆိုကာ အဓိဌာန်စဝင်ပါ။ပုတီးစိပ်နေတဲ့အချိန်မှာ အတွေးပေါင်းစုံက ဝင်နေမှာပဲ၊ ဒါပေမဲ့တစ်လုံးထိ၊တစ်လုံးသိ အသိနဲ့စိပ်ပါ။ နောက်မှာပေါ်သည်များနောက်ကိုမလိုက်ပါနှင့်။ အသိနှင့်သတိကပ်ပြီးစိပ်ပါ။အဓိဌာန်ပြီးက ကိုယ်ပြုတဲ့ကုသိုလ်အဖို့ဖို့အား ပြန်အမျှဝေပါ။

၆။ အဓိဌာန်နောက်ဆုံးရက်မှာ ဤကဲ့သို့
သစ္စာဖြင့် ခန္ဓာကိုယ်မှာ ပြန်ချုပ်ပါလေ။
"ကျတော်၊ကျမ သည် (ဘယ်နေ့၊ဘယ်နေ့မှစပြီး
ဤကနေ့ထိ) (ဥပမာ) - သရဏဂုံ (၃)ပါးဖြင့် သရဏဂုံတစ်ပါးလျှင် ပုတီးတစ်လုံးချကာ ပုတီး(၃)ပတ်ဖြင့် ရက်(၃၀)တိတိ အား မြတ်စ္စာဘုရား ရှင်ကိုယ်တော်မြတ်ကြီးအား ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။ ကျတော်၊ကျမ၏ မှန်ကန်သောသစ္စာစကားကြောင့် ဤ သရဏဂုံ (၃)ပါး၏ တန်‌ခိုးတော်၊ဟိတ်တော်များ ကျတော်၊ကျမ၏ ခန္ဓာကိုယ်မှာ ကိန်းအောင်းပြီး (လိုရာဆုတောင်း) ပြည့်ရပါလို၏။" ဟု ခန္ဓာကိုယ်မှာပြန်ချုပ်ပါလေ......

မှတ်ချက် -ဤအဓိဌာန်ဝင်ပုံဝင်နည်းအား ဆရာလေ့လာပြီး ဖတ်ရှူထားသောအရာများနှင့် ဆရာများမှပြောပြထားသောနည်းအား ပြန်လည်မျှဝေခြင်းဖြစ်၏။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#အဓိဌာန်ဝင်ပုံဝင်နည်း
ဝိဇ္ဇာ - Weizza

ပီယနှင့်လာဘ ပွင့်လိုသူများအတွက် *သူရဿတီမယ်တော်* ရဲ့ဂါထာတော်မြတ်                "သူရဿတီမယ်တော် ဂါထာ"၁။ ဥုံ... သူရဿတီစ၊ မေ...
20/02/2023

ပီယနှင့်လာဘ ပွင့်လိုသူများအတွက် *သူရဿတီမယ်တော်* ရဲ့ဂါထာတော်မြတ်

"သူရဿတီမယ်တော် ဂါထာ"

၁။ ဥုံ... သူရဿတီစ၊ မေ မာတာ၊မာတာစ မေ
သူရဿတီ။ အနုကမ်မံ ဥပ်ပဇ်ဇနံ၊ ပီယံဒတေု၊
သူရဿတီ။

၂။ ဥုံ... သူရဿတီစ၊ မေ မာတာ၊မာတာစ မေ
သူရဿတီ။ အနုကမ်မံ ဥပ်ပဇ်ဇနံ၊ လာဘံဒတေု၊
သူရဿတီ။

∆ "ပီယ" တစ်မျိုးတည်းပွင့်လိုလျှင် "ပီယ" အပိုဒ်
ကိုရွတ်ပါလေ။ "လာဘ" ပွင့်လိုလျှင် "လာဘ"
အပိုဒ်ကိုရွတ်ပါလေ။

∆ "ပီယနှင့်လာဘ" နှစ်မျိုးလုံးပွင့်လိုလျှင် ဤကဲ့
သို့ရွတ်ပါလေ ...

" ဥုံ... သူရဿတီစ၊ မေ မာတာ၊မာတာစ မေ
သူရဿတီ။ အနုကမ်မံ ဥပ်ပဇ်ဇနံ၊ ပီယံဒတေု၊
လာဘံဒေတု၊သူရဿတီ။" ဟုရွတ်ပါလေ။

"အဓိဌာန်ဝင်နည်း"

၁။ ငါးပါးသီလဆောက်တည်ပါ။ ခင်ပွန်းကြီး
ဆယ်ပါးအား ကန်တော့ပါ။

၂။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
ရည်မှန်း၍ ဖယောင်းတိုင် (၅) တိုင်၊
အမွှေးတိုင် (၅) တိုင်၊ သောက်တော်ရေ
(၅) ခွက် တို့အား ကပ်လှူပါ။
အမေကိုယ်တော်မြတ် အတွက် ဖယောင်း
တိုင် (၃) တိုင်၊ အမွှေးတိုင် (၃) တိုင်၊
သောက်တော်ရေ (၃) ခွက်တို့အား ပူဇော်ပါ။

၃။ အဓိဌာန်တစ်ခါဝင်လျှင် -
ပုတီးနှင့် အဓိဌာန်ဝင်မည်ဆိုပါက-
ဂါထာတစ်ခါရွတ်ပြီးလျှင် ပုတီးတစ်လုံးချ
နှုန်းဖြင့် ပုတီး(၃)ပတ်စိပ်ကာ (၉)ရက်တိတိ
အဓိဌာန်ဝင်လို့ရ၏။
(ဝါ)
ဂါထာ အား တစ်နေ့လျှင် (၃၇) ခေါက်၊
(၃၇)ရက် ရွတ်ဖတ် ပူဇော်ကာ အဓိဌာန်ဝင်
လို့ရ၏။

၄။ သစ္စာဆိုပါ - "သားတော်/သမီးတော် သည်
ဤနေ့ဤချိန်မှစပြီး (ကိုယ်အဓိဌာန်ဝင်နိုင်
သည့်ပမာဏ (ဝါ) အဓိဌာန်ဝင်လိုသည့်ပုံဖြင့်)
ဥပမာ- တစ်နေ့လျှင် ပုတီး (၃)ပတ်ဖြင့် (၉)
ရက်တိတိ ရွတ်ဖတ်ပူဇော်ပါမယ်။
ပူဇော်ခွင့်ကိုပြုတော်မူပါအမေကိုယ်တော်
မြတ်ဘုရား..." ဟုသစ္စာဆိုကာ အဓိဌာန်ဝင်
ပါလေ။

မှတ်ချက် - ပီယပွင့်သည်ဆိုသည်မှာ စော်ကြည်၊ဘဲကြည် သည့်နေရာမှာတင်ရပ်သွားသည်မဟုတ်ပဲ၊ လူချစ်လူခင်ပေါများခြင်း၊ သတ္တဝါတွေကိုယ့်အား ချစ်ခင်ခြင်း၊အကြည်ဓာတ်ပွင့်ခြင်းကိုဆိုသည် (၁၅၀၀) ချစ်ခြင်းမှာတင် မပြီးဆုံးပဲ (၅၂၈) မေတ္တာတွေမှာလည်းပွင့်လန်းပါသည်။

အဓိဌာန်တစ်ခေါက်ပြီးတာနဲ့ ထူးခြားပါသည်။ လောဘစိတ်ကိုရှေ့ထားပြီးတော့မဝင်ရပါ။ထိုကဲ့သို့ဝင်ပါက ထူးမည်မဟုတ်ပါ။ မရှော့သောဇွဲ၊လုံ့လ၊ဝီရိယနှင့် စိတ်ကိုတည်ငြိမ်အောင်ထားပြီး
အားထုတ်ပါလေ။ တစ်ခါတည်းနှင့်တော့ ဘယ်အရာမှ လွယ်လွယ်မရတတ်ပါ။

အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#သူရဿတီမယ်တော်ဂါထာ
ဝိဇ္ဇာ - Weizza

17/02/2023

အခက်ခဲ အကြပ်တည်း ဘေးရန်အန္တရယ်မှ ကင်းစေသော ဂါထာတော်မြတ်ကြီး

"စက်ကြီး တစ်ဆယ့်သုံးပါး ဂါထာပါဠိတော်မြတ်"

ဩောင်း ... တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။
တစ်ဆယ့်လေးချက် ဓမ္မစက်။
တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။
လရောင်ဝင်းလျက်ရှင်မင်းပစ္စေကဗုဒ္ဓရဟန္တာစက်
မြင်းမိုရ်တောင်ဦးမက ကျူးလျက် မိဘစက်။
ဂုဏ်ကျေးဇူးကို အထူးသိလျက် ဆရာ့စက်။
ဝရဇိန်လက်နက် ဗြဟ္မာစက်။
မိုးကြိုးလက်နက် သိကြားစက်။
လောင်မီးကျလျက် နတ်တို့စက်။
ဘွဲ့ဖြူလက်နက် ဘီလူးစက်။
တောင်ဟုန်ပြင်းလျက် ဂဠုန်စက်။
အာခံတွင်းက ဝင်းဝင်းတောက်လျက်
နဂါးစက်။
သုံးတောင်သင်္ချာ ဟိမဝန္တာ အာဏာစိုးလျက်
သီဟစက်။

စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်သံကြားကဘေးများမြင်မူ မကောင်းစုတို့ ဝေးကကြဉ်ရှောင်
အောင်စေတတ်သည် မြတ်သည့်ဆရာပညာတည်း။

ဩောင်း ... နမော ဗုဒ္ဓနုဘာဝေန
ဩောင်း ... နမော ဓမ္မာနုဘာဝေန
ဩောင်း ... နမော သံဃာနုဘာဝေန
ဩောင်း ... နမော ဒူရေ ဒူရေ သွားဟုံဟုံ..။


အဓိဌာန်ဆောင်ရွက်နည်း

ဤဂါ‌ထာတော်မြတ်ကြီးကို တစ်နေ့လျှင်
(၁၀၈)ကွက် ဗုဒ္ဓစက်ကို အာရုံပြုကာ ရွတ်ပွားမည်ဆိုပါက လူပုဂ္ဂိုလ်များဖြစ်ပါက

၁။ (၅)ပါးသီလခံယူပါ။ခင်ပွန်းကြီးဆယ်ပါးအား
ကန်တော့ပါ။

၂။ သောက်တော်ရေ (၁၀)ခွက်၊ ဆီမီးဖယောင်း
တိုင်(၁၀)တိုင်၊ အောင်သပြေ(၁၀)ညွန့်၊
စပယ်ပန်း (၁၀)ကုံး၊ရွှေပန်း(၁၀)ကုံး၊
ငွေပန်း(၁၀)ကုံး တို့ကိုဘုရားကပ်လှူပါ။

၃။ သပိတ်ရှိလျှင်(သပိတ်မရှိလည်းရ) -
သပိတ်ထဲတွင် သစ်သီးဆွမ်း ထည့်ပြီး
ပဲမုန့်(၁၀)ခု၊ ပဲကြော်(၁၀)ခုထည့်ကာ
ဇွန်းခရင်းတပ်ပြီး မိမိ၏မွေးနေ့(၁၀)နာရီ(၁၀)
မိနစ်၊ (၇)နာရီ(၃)မိနစ်၊ (၈)နာရီ(၂)မိနစ်
စသည့် (၁၀)ကျသောအချိန်တွင်
"တပည့်တော်၏ ငွေအကြပ်တည်း၊အလုပ်
ကိစ္စအကြပ်တည်း၊ အမှုကိစ္စအကြပ်တည်းမှ
ကျော်လွှားပါစေ အောင်ပါစေ" ဆိုပြီး တစ်ခါ
လုပ်လျှင် (၁၀)ရက် (၁၀)ကြိမ်လုပ်ပါ။သစ္စာ
ဆို၍အလုပ်လုပ်ပါ။

***တော်တော်ထူးခြားပါမည်။ ထူးစေလိုသောလောဘစိတ်နှင့် မလုပ်ပါနှင့်။ အဓိဌာန် ပါရမီမြောက်အောင်ဘဲ ဆုတောင်းပါ အောင်ပါသည်။လောဘ၊အပူတွေနှင့်လုပ်ပါက မထူးပါ။ သဒ္ဓါစိတ်ကို ပညာထည့်ပြီး အထုံတည်အောင် လုပ်ပါမှ ထူးပါမည် သတိပြုပါ။ အောင်ပါမည် လုပ်ဆောင်မှုကအရေးကြီးပါသည်။***

မှတ်ချက် - ဆရာသည်ဤ "စက်ကြီးတစ်ဆယ့်သုံးပါးဂါထာ" အဓိဌာန်အား သစ်တံခါးဆရာတော်ဘုရား၏ *စီးပွားတက်၍ ချမ်းသာအောင် အဓိဌာန်ကျင့်စဉ်ဆောင်နှင့် ကျိုက် (၁၀) ကျိုက် အဓိဌာန်ကျင့်စဉ်မြတ်ကြီး* စာအုပ်မှထုတ်နုတ်ကာ
အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....

#စက်ကြီး၁၃ပါး

ဝိဇ္ဇာ -Weizza

ဘယ်လိုအခက်ခဲ အကြပ်တည်းနဲ့တွေ့နေပါစေ "ရှင်သီဝလိ" ရဟန္တာအရှင်မြတ်ကြီးဂါထာကို နေ့စဉ် အဓိဌာန်ဖြင့် ရွတ်ပွားကာ ကျော်လွှားပါ  ...
16/02/2023

ဘယ်လိုအခက်ခဲ အကြပ်တည်းနဲ့တွေ့နေပါစေ
"ရှင်သီဝလိ" ရဟန္တာအရှင်မြတ်ကြီးဂါထာကို နေ့စဉ် အဓိဌာန်ဖြင့် ရွတ်ပွားကာ ကျော်လွှားပါ

"ဆောင်ရွက်ပုံ အဓိဌာန်ပြုပုံ"

၁။ သီလခံယူပါ။သောက်တော်ရေ ဘုရား၅ဆူ ရည်မှန်း၍ ၅ခွက်ကပ်ပါ။ ဆီမီး ၅တိုင်ပူဇော်ပါ။ ပန်း၊ ဆွမ်းစသည် ကပ်လှူပါ။

၂။ ရှင်သီဝလလိ ရဟန္တာအရှင်မြတ်ကြီးအားလည်း သောက်တော်ရေ ၅ခွက်၊ဆီမီး ၅တိုင်၊ ပန်း၊ဆွမ်းစသည် အလှူဒါနပြုပါ။ ကပ်လှူပါ၊‌ ပူဇော်ပါ။

၃။ရှင်သီဝလိ ရဟန္တာအရှင်မြတ်ကြီးသည် လာဘ်လာဘအရာ၌ ထူးကဲလွန်မြောက် ထူးခြားခြင်း ရှိတော်မူသော ရဟန္တာအရှင်မြတ်ကြီးပါပဲဟု ဆင်ခြင်၍ အာရုံပြုပြီး အဓိဌာန်တင်ကာ ဂါထာတော်မြတ်ကြီးကို ရွတ်ပွားပါ။ မေတ္တာပို့လွှတ်ပေးပါ။ အမျှဝေပေးပါ။ ထူးခြားပါ၏။

"ရွတ်ပွားရမည့် ရှင်သီဝလိ ၁၀ ဂါထာ"

၁။ သီဝလိ စ မဟာနာမံ၊
သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊
သဗ္ဗေ ဟောန္တု ပီယံမမ။

၂။ သီဝလိ စ မဟာဝီရော၊
ယေယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊
ဇနပဒါ ပူဇယန္တု။

၃။ သီဝလိစနာမ ထေရေန၊
မမ သီသေ ဌပေတွာန။
ဇမ္ဗုဒီပ မဏ္ဍလေန၊
ဇယောမန္တာ သုခါဝဟံ။

၄။ သီဝလိ စ မဟာနာမံ၊
ဣန္ဒာဒေဝါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊
မဟာလာဘံ ဘဝိဿတိ။

၅။ သီဝလိ စ မဟာလာဘံ၊
နာနာဒေတိ ဝရံ ဝရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊
မဟာသုခံ ဘဝိဿတိ။

၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိ၊
အနာမယံ ဘဝေ ဘဝေ။
တဝ ရုက္ခေ ဒေဝဓိတာ၊
သဗ္ဗေကောဓံ ဝိနဿတု။

၇။ သီဝလိ စ မဟာလာဘံ၊
သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊
သဒါ ဟောန္တု ပိယံ မမ။

၈။ သီဝလိ စ မဟာထေရော၊
ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊
ဇနပဒါ ပူဇယန္တု။

၉။ သီဝလိ စ မဟာထေရော၊
မမ သီသေ ဌပေတွာန။
မန္တိတေန ဇယောမန္တံ၊
အဟံ ဝန္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော
ဒေဝမနုဿ ပူဇိတော။
သော ရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတုမေ။

ဤအရှင်သီဝလိ မထေရ်မြတ် ရဟန္တာကြီး၏ ဂါထာမြတ်ကြီးကို သေချာကျနစွာ အာရုံပြုပြီး ဆီမီး၊ ပန်း၊ ရေချမ်း၊ ကပ်လှူကာဖြင့် ပူဇော်ပြီးလျှင် ရွတ်ပွားသရဇ္ဈာယ်ပြီး အဓိဌာန်ဝင်ပါက စိတ်ကြံစည်သလောက် အဓိဌာန် သိဒ္ဓိပေါက်ကာ တွေ့ကြုံနေရသော အခက်ခဲ ဟူသမျှ ဘေးဥပါဒ်အန္တရယ် ကင်းစင်လွင့်ပျောက် ဘေးမရောက်ရပါဘဲ၊ လာဘ်ပွင့်ကံမြင့် ကောင်းဂုဏ်ဆင်၍ အောင်မြင်ရမည် အမှန်ဖြစ်ပါ၏။ လူချစ်နတ်ချစ်ပြီး လာဘ်လည်းဖြစ်ပါ၏။ သေချာဝီရိယရှေ့ထားရွတ် ပွားကြပါ။ သူတော်ကောင်းတို့.....
....."ရှင်သီဝလိဂါထာ အဓိဌာန်ချက် သစ္စာပန္နက်ဖြင့် အောင်မြင်ပါစေ".......

မှတ်ချက် - ဆရာသည်ဤ "ရှင်သီဝလိ" ၁၀ ဂါထာ အဓိဌာန်အား သစ်တံခါးဆရာတော်ဘုရား၏ *စီးပွားတက်၍ ချမ်းသာအောင် အဓိဌာန်ကျင့်စဉ်ဆောင်နှင့် ကျိုက် (၁၀) ကျိုက် အဓိဌာန်ကျင့်စဉ်မြတ်ကြီး* စာအုပ်မှထုတ်နုတ်ကာ
အကြပ်တည်းဖြစ်ပြီးအဆင်မပြေသူများ နှင့် အဆင်ပြေသော်လည်း ပို၍အဆင်ပြေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေပါသည်။ အကျွန်ုပ်၏ မှန်ကန်သော သစ္စာ စကားကြောင့် (၃၁) ဘုံသားအားလုံးနှင့်တကွ ၇ရက်သားသမီးအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံကာ ကပ်ဘေးအားလုံးမှ ကျော်လွှားနိုင်ကြ‌ပါစေ.....
ဝိဇ္ဇာ - Weizza

#ရှင်သီဝလိ

အားလုံးပဲ မင်္ဂလာပါ။ ဆရာကတော့ အထက်လမ်းပညာရပ်ကိုလေ့လာသူဖြစ်သလို လေ့လာထားတဲ့ပညာရပ်များကို ပြန်လည်မျှဝေပြီး ခုနှစ်ရက်သားသမီ...
15/02/2023

အားလုံးပဲ မင်္ဂလာပါ။ ဆရာကတော့ အထက်လမ်းပညာရပ်ကိုလေ့လာသူဖြစ်သလို လေ့လာထားတဲ့ပညာရပ်များကို ပြန်လည်မျှဝေပြီး ခုနှစ်ရက်သားသမီးများနှင့်သတ္တဝါများကို အဘဘုရားတို့ပေးထားသော သိဒ္ဓိနှင့် ကိုယ်တတ်ထားသောပညာများကိုပေါင်းပြီး ကူညီပေးရန် ရည်ရွယ်ကာ ဤ page အားဖွင့်ခြင်းဖြစ်သည်။ ဆရာက ‌(စုန်း၊အောက်လမ်း၊ခုလတ်၊ကဝေ)တိုက်တာတွေ၊ သိုက်သက်တမ်းတိုးတာ၊သိုက်ကပြန်ခေါ်တာ၊ အိမ်အတိုက်ရှင်းတာတွေ၊ စီးပွားလာဘ်လာဘ တက်အောင် အဆောင်စီမံပေးတာတွေနှင့် ဘေးကင်းအောင် အဆောင်တွေစီမံပေးခြင်း၊ မြွေ၊ကင်း စသည့် အဆိပ်အမျိုးမျိုးကို ကုသပေးခြင်း၊ ပယောဂရှိမရှိတို့ကို စစ်ဆေးပေးခြင်းတို့အတွက် ဆရာဆီမှာ လာရောက် မေးမြန်းနိုင်ပါသည်။ ခုနှစ်ရက်သားသမီးများနှင့်တကွ ဝေနေယျသတ္တဝါတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံကာ ဘေးဘယာမှ ‌ကင်းဝေးကြပါစေ...

Address

Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943815972

Alerts

Be the first to know and let us send you an email when ဝိဇ္ဇာ - Weizza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဝိဇ္ဇာ - Weizza:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram