Myittar Yeik Clinic

Myittar Yeik Clinic Medical&Healthy knowledge

ရေနွေးဖြူကို သောက်ရင်ဒါတွေ ဖြစ်လာလိမ့်မယ် ရေကို ကြိုချက် အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက် တခါသောက်ရင် ငါးကြင်းဖန်အလတ်...
18/07/2025

ရေနွေးဖြူကို သောက်ရင်
ဒါတွေ ဖြစ်လာလိမ့်မယ်

ရေကို ကြိုချက် အအေးခံပြီး ရေနွေးဖြူ အဖြစ်ပြန်သောက်
တခါသောက်ရင် ငါးကြင်းဖန်အလတ်စား ၅ခွက်
ဝင်အောင်သောက်
သင်တို့ခန္ဓာကိုယ်က
ရောဂါအားလုံးနီးနီး
သွေးတိုး ဆီးချို
ရင်တုန် အမောလွယ် အမြင်မှုန် ရက်ပိုင်း
လပိုင်းအတွင်းကို ပျောက်တယ် နောက်ဆုံး
ကင်ဆာ ရောဂါပါပျောက်တယ် အစွဲတော့
သောက်ရပါ့မည်။

ရေနွေးအဖြူ၏ ကောင်းကျိုး

မနက်စောစော အိပ်ယာထချိန် ဗိုက်ဗလာဖြစ်ချိန်
ကြိုထားသည့်ရေနွေး 600ml ငါးကြင်းဖန်ခွက် ၂ခွက် နီးပါး သောက်သုံးသင့်ပါသည်။အကျင့််မရ
သေးခင် မသောက်နိုင်ပေမယ့် ကျင့်သားရသွား
လျှင်သောက်နိုင် သွားပါလိမ့်မည်။

အထူးသတိပြုရန်

ရေနွေးသောက်ပြီးချိန်{ 30~ 45 }မိနစ်အတွင်း
မည်သည့်အစားအစာမှ မစားပါနှင့်။

ပျောက်ကင်းသည့်ဝေဒနာများ

၁။ ဝက်ရူးပြန်ရောဂါ
၂။ စိတ်ဖိစီးမှုများခြင်း
၃။ သွေးကြောပိတ်ခြင်း
၄။ အစာအိမ်ပြဿနာများ
၅။ အမျိုးသမီးဓမ္မတာများ
၆။ ခေါင်းတခြမ်းကိုက်ခြင်း
၇။ သွေးပေါင် တိုး/တက် ခြင်း
၈။ အဆစ်အမြစ်ကိုက်ခဲခြင်း
၉။ နှလုံးခုန်ရုတ်တရက်မြန်ခြင်း
၁၀။ ကိုလက်စထရောများခြင်း
၁၁။ ချောင်းဆိုးပန်းနာကြပ်ခြင်း
၁၂။ နား/လည်ချောင်းရောဂါများ
၁၃။ မျက်လုံးမကြည်အားနည်းခြင်း
၁၄။ အစာစားချင်စိတ်ပျောက်ဆုံးခြင်း
၁၅။သာအိမ်ခေါင်းနှင့်သားအိမ်ရောဂါများ

အာမခံထားသည်ရက်စွဲများ

၁။ ဆီးချို/သွေးတိုး ၃၀-ရက် အတွင်း
၂။ အစာအိမ်ပြဿနာ ၁၀-ရက် ။
၃။ ကင်ဆာမှန်သမျှ ၉-လ ။
၄။ သွေးကြောပိတ်ခြင်း ၆-လ ။
၅။ အစာစားချင်စိတ်မရှိ ၁၀-ရက် ။
၆။ သားအိမ်ရောဂါများ ၁၀-ရက် ။
၇။ အမျိုးသမီးဓမ္မတာ ၁၅-ရက် ။
၈။ နား/လည်ချောင်း ၁၀-ရက် ။
၉။ နှလုံးရောဂါ ၃၀-ရက် ။
၁၀။ခေါင်းတခြမ်းကိုက် ၃-ရက် ။
၁၁။ကိုလက္စထေရာက် ၄-လ ။
၁၂။ဝက်ရူး/သွပ်ချာပါဒ ၉-လ ။
၁၃။ပန်းနာရင်ကြပ် ၄-လ ။

ရေအေးရဲ့ဆိုးကျိုးများ

ရေအေးသည် နုငယ်ရွယ်စဉ်မှာ သင့်ကိုမထိခိုက်စေပေမယ့် အသက်ကြီးလာတဲ့အခါ သင့်ကိုဘေး
ဒုက္ခကောင်းကောင်းပေးပါလိမ့်မည်။ ရေအေး
သည် နှလုံးသွေးပြန်ကြော (၄)ခုကို ပိတ်စေပြီး
နှလုံးအမောဖောက်ခြင်းကို ဖြစ်စေသည်။ ရေအေးသောက်ခြင်း နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ရေအေးသည် အသည်းပြဿနာများကို ဖြစ်စေသည့်အပြင် အသည်းထဲမှာ
အဆီတွေစုစေသည်။အသည်းအစားထိုးကုသမှုခံယူရန် စောင့်ဆိုင်းနေသူအများစုသည် "ရေအေးသောက်ခြင်းကြောင့် အစာအိမ်အတွင်းပိုင်းနံရံများ
ကို ထိခိုက်စေသည်။ ရေအေးသည် အူမကြီးကိုထိခိုက်စေသည့်အပြင် ကင်ဆာကိုဖြစ်စေသည်။ OIIIIIIA အဖွဲ့မှ ဂျပန်ဆရာဝန်များက ရေနွေးအဖြူသည် 100% ထိရောက်မှုရှိကြောင်း အတည်ပြုခဲ့သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။ | Photo - Internet

သမီးချည်းမွေးတာ အမေနဲ့ မဆိုင်ပါဘူး ၊ အဖေနဲ့သာအဓိက ဆိုင်တာပါ ..1. ကလေးလိင် ဘယ်လိုဆုံးဖြတ်သလဲ..?ကလေးရဲ့ လိင် (သားလား၊ သမီး...
28/06/2025

သမီးချည်းမွေးတာ အမေနဲ့ မဆိုင်ပါဘူး ၊ အဖေနဲ့သာအဓိက ဆိုင်တာပါ ..

1. ကလေးလိင် ဘယ်လိုဆုံးဖြတ်သလဲ..?
ကလေးရဲ့ လိင် (သားလား၊ သမီးလား)ကို
ဖခင်ရဲ့ သုတ္ပိုး (S***m) က ဆုံးဖြတ်ပါတယ်။
ဖခင်က X ခရိုမိုဆုမ်းပေးရင် သမီး (XX)
ဖခင်က Y ခရိုမိုဆုမ်းပေးရင် သား (XY)
မိခင်ရဲ့ မျိုးဥ (Egg) က အမြဲတမ်း X ခရိုမိုဆုမ်းပါပဲ။ ဒါကြောင့် သားသမီးလိင် 100% ဖခင်ဆီက လာတာဖြစ်ပါတယ်။

2. သားမမွေးရင် အပြစ်တင်တတ်ကြသည်ကား မှားပါတယ်!
သားသမီးလိင် ဆုံးဖြတ်မှုမှာ မိခင်က တစ်စိတ်တစ်ပိုင်းမှ မပါဝင်ပါ။
သမိုင်းတစ်လျှောက် အမျိုးသမီးတွေကို "သားမမွေးလို့" အပြစ်တင်တဲ့ အယူအဆမှားတွေ ရှိခဲ့ပေမယ့်၊ သိပ္ပံနည်းကျ အချက်အလက်တွေအရ ဒါဟာ လုံးဝမှားယွင်းပါတယ်။

3. လူမှုရေးအမြင်နဲ့ သိပ္ပံအချက်တွေရ
မိန်းမတွေကို သားမမွေးနိုင် ဆိုပြီး ကဲ့ရဲ့တာဟာ ပညာမဲ့တဲ့ အပြုအမူဖြစ်ပါတယ်။
Y သုတ္ပိုး (သားဖြစ်စေတဲ့) က ဖခင်ဆီကလာတာမို့၊ သားသမီးလိင် ဖြစ်မဖြစ်က အဖေရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ သက်ဆိုင်ပါတယ်။

4. လူတွေ သိထားသင့်တဲ့ အချက်တွေက
မိခင်က သားသမီးလိင် ဆုံးဖြတ်ပိုင်ခွင့် မရွိပါ။
သားမရှိလို့ မိန်းမကို အပြစ်တင်တာ လုံးဝမမှန်ကန်ပါ။
ကလေးလိင် ဆိုတာ သဘာဝအလျောက် ကျပြန့်ဝေမျှမှုသာ ဖြစ်ပါတယ်။

5. ကောက်ချက်
သားမမွေးလို့ ဆိုပြီး အမျိုးသမီးတွေကို လှောင်ပြောင်တာ၊ ဖီဆန်တာတွေဟာ သိပ္ပံနဲ့ မညီဘဲ လူမှုရေးယူဆချက်အမှားသာ ဖြစ်ပါတယ်။

ဒီအကြောင်း လူအမ်ား သိရှိပြီး မှားယွင်းတဲ့ အပြစ်တင်မှုတွေ ရပ်တန့်သွားဖို့ မျှော်လင့်ပါတယ်။

သားမမွေးရင်ပဲ အဲ့မိန်းမက နှိမ့်ကျသလိုလို .. သားပဲ မမွေးနိုင်သလိုလို ကဲ့ရဲ့တတ်ကြသူများ စာဖတ်ပါ လေ့လာပါ ။

17/04/2025

နှစ်သစ်🙏🙏🙏🤍🤍🤍🤍🤍

၇ရက် သားသမီးများအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။
လိုအင်ဆန္ဒများလည်းပြည့်ဝကြပါစေ။
အားလုံးသတ္တာဝါ ချမ်းသာကြပါစေ။
ရန်သူမျိုးငါးပါးရန်မှလည်း အမြန်ဆုံးလွတ်ရပါလို၏

ချစ်မိတ်ဆွေများ လိုအပ်ခဲ့လျှင် မနက် ၈နာရီမှ  ည၈နာရီအထိ🌠🌠🌠🌠🌠🌠🌠🌠🌠🌠အောက်ပါဝန်ဆောင်များအပြင်  # သားဖွားမီးယပ်  အထူးကုဆရာဝန် ...
01/01/2025

ချစ်မိတ်ဆွေများ လိုအပ်ခဲ့လျှင်
မနက် ၈နာရီမှ ည၈နာရီအထိ
🌠🌠🌠🌠🌠🌠🌠🌠🌠🌠
အောက်ပါဝန်ဆောင်များအပြင်
# သားဖွားမီးယပ် အထူးကုဆရာဝန်
# အရိုးအကြောအထူးကုဆရာဝန်
# ကလေးအထူးကုဆရာဝန်
များကိုပါလာရောက်ပြသနိုင်​ပါ​​​တယ်ရှင့်👩‍🔬👩‍🔬👩‍🔬

01/01/2025

Dear 2025
ချစ်ခင်ရပါသော(၇)ရက်သားသမီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွင်စရာ နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း
ဆုတောင်း
မေတ္တာပို့သအပ်ပါတယ်

17/10/2024

သီတင်းကျွတ်လပြည့်နေ့မှာ ချစ်ရတဲ့ မိတ်ဆွေများအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီးလိုအင်ဆန္ဒအားလုံး ဆုတောင်းမေတ္တာပို့သအပ်ပါသည်

05/07/2024

မနက် ၈နာရီမှ ည ၈နာရီ အထိ
ဆေးခန်းမှာရရှိနိုင်သော ဝန်ဆောင်မှုများ
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
🔷အထွေထွေ ရောဂါကုဆရာဝန်များနှင့် မိမိခံစား​ရ​သော​​ရောဂါလက္ခဏာများကိုပြောပြပြီး
ဆွေးနွေးတိုင်ပင်ခြင်းနှင့်ကုသနိုင်ခြင်း
🔷ဆရာဝန်အိမ်ပင့် ဝန်ဆောင်မှုဖြင့် ကုသနိုင်ခြင်း
🔷ဓါတ်ခွဲစစ်ဆေးမှုအမျိူးမျိူ
🔷ရောဂါရှာဖွေစစ်​​ဆေးမှုအမျိူးမျိူး
🔷ကူးစက်ရောဂါအမျိူးမျိူး
🔷ဘီပိုး
🔷စီပိုး
🔷HIVပိုး
🔷သားအိမ်​ခေါင်းကင်ဆာစစ်ဆေးပေးခြင်း
🔷ရောဂါရှာဖွေစစ်ဆေးခြင်းအတွက်လိုအပ်သော သွေး /ဆီး/ဝမ်း/သလိပ်တို့ကို စစ်ဆေးနိုင်ခြင်း
🔷Ultrasound ရိုက်ခြင်း
🔷လက်မောင်းအတွင်း သန္ဓေတားပစ္စည်း ထည့်ပေးခြင်း
🔷သန္ဓေတားဆေး ထိုးနှံနိုင်ခြင်း
တို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ် 🔘🔘

ဆေးကိုချိုးပြီးသောက်ရင် ဘာဖြစ်နိုင်လဲ?_____________________________________💊 တစ်ချို့သူတွေ ဆေးသောက်တဲ့အခါ ဆေးလုံးကို မမျ...
20/02/2024

ဆေးကိုချိုးပြီးသောက်ရင် ဘာဖြစ်နိုင်လဲ?
_____________________________________

💊 တစ်ချို့သူတွေ ဆေးသောက်တဲ့အခါ ဆေးလုံးကို မမျိုနိုင်တာ၊ ဆေးသောက်ရတာအခက်အခဲရှိတာစတဲ့ ပြဿနာတွေကြောင့် ဆေးကို ချိုးပြီး ၊ တစ်ဝက်ခြမ်းပြီး သောက်ကြတာလဲရှိပါတယ်။ တစ်ချို့ကလဲ ဆေးကို အလုံးလိုက်မဟုတ်ပဲ ချိုးပြီး သောက်မှ၊ ဝါးစားမှပဲ အာနိသင်ရှိတယ်လို့ ယူဆကြတာလဲရှိပါတယ်။ ဒီတော့… အလုံးလိုက်မဟုတ်ပဲ ခွဲခြမ်းပြီး သောက်တဲ့အခါ ဘာဖြစ်နိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

💁‍♀️ ပုံမှန်အားဖြင့် ဆေးသောက်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နိုင်မလဲ? ဆေးကို အလုံးလိုက် ရေနဲ့အတူ မျိုချလိုက်တဲ့အခါ ဆေးက အစာအိမ်ထဲကို ရောက်သွားပါမယ်။ အစာအိမ်ထဲမှာရှိတဲ့ အရည်တွေကြောင့် ဆေးက အရည်ပျော်သွားပြီး စတင်ကွဲလာပါတယ်…. ဒီလိုနဲ့ အချိန်တစ်ခုရောက်တဲ့အခါမှာ ဆေးက သွေးထဲကို စိမ့်ဝင်သွားပြီး သူ့ကို လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောက်သွားပြီး အာနိသင်ကို စပေးပါတယ်။ တကယ်လို့ ဆေးကို အလုံးလိုက်သောက်ရမယ့်အချိန်မှာ ဝါးစားတာ၊ တစ်ခြမ်းချိုးတာတွေလုပ်တဲ့အခါ ခန္ဓာကိုယ်တွင်း ဆေးရဲ့ ချေဖျက်မှုအပေါ် အကျိုးသက်ရောက်နိုင်ပြီး ဆေးရဲ့ အာနိသင်ကိုလဲ ထိခိုက်နိုင်ပါတယ်။

(၁) ဆေးအာနိသင် များသွားတာ

တစ်ချို့သော ဆေးတွေက အစာအိမ်ထဲမှာ တဖြေးဖြေးချင်း ဆေးကို စိမ့်ထွက်စေပြီး ဖြေးဖြေးချင်း အာနိသင်ရအောင် ဖန်တီးထားတာပါ။ တကယ်လို့ ဆေးကို ချိုးပြီးသောက်မယ် ကျေအောင် ဝါးစားမယ်ဆိုရင် ဆေးရဲ့ ပမာဏများများကို တစ်ကြိမ်ထဲရစေလို့ ဆေးလွန်တာ၊ overdose ဖြစ်တာတွေလဲ ဖြစ်နိုင်ပါတယ်။

(၂) ဆေးရဲ့ ပုံစံအနေအထားပျက်စီးတာ

ဒါ့အပြင် တစ်ချို့ဆေးတွေက အစာအိမ်ထဲမှာရှိတဲ့ အက်စစ်တွေကြောင့် ပျက်စီးနိုင်ပါတယ်။ ဒီလိုဆေးတွေကို Enteric coated လို့ခေါ်တဲ့ အပေါ် coating တစ်ထပ်နဲ့ အုပ်ထားပါတယ်။ ဒီ coating ကြောင့် ဆေးက အစာအိမ်ထဲမှာ ဆေးကို မထွက်စေပဲ အူလမ်းကြောင်းထဲရောက်မှပဲ ဆေးကို ဖြေးဖြေးချင်းထွက်စေပါတယ်။ တကယ်လို့ ဆေးကို ဝါးစားတာ ၊ ခြမ်းပြီးသောက်တာမျိုးလုပ်လိုက်မယ်ဆိုရင် ဆေးရဲ့အပေါ်ယံ တစ်ထပ်ကို ပျက်စီးစေလို့ ဆေးအာနိသင်အလုံအလောက်မရတာ ဖြစ်နိုင်ပါတယ်။

(၃) ဆေးရဲ့ အရသာဆိုးရွားတာ

တစ်ချို့ဆေးတွေက အရသာအလွန်ဆိုးတာ၊ အနံ့ဆိုးတာတွေကြောင့် အပြင်ကနေ coating တစ်ထပ်နဲ့ ကာရံထားတာလဲ ရှိတတ်ပါတယ်။ ဒီလိုဆေးမျိုးကို ဝါးစားမိရင်လဲ ဆေးသောက်ရတာ အဆင်မပြေတာ ဖြစ်နိုင်ပါတယ်။

👉🏻 ဒါဆိုရင်… ဆေးတွေအကုန်လုံး ချိုးသောက်လို့ မဖြစ်နိုင်တာလား??? မဟုတ်ပါဘူး…. တစ်ချို့သော ဆေးတွေက မဖြစ်မနေ ချိုးပြီး သောက်ရတာ၊ ဝါးစားဖို့ လိုအပ်တဲ့ ဆေးတွေလဲ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ထုတ်ထားတဲ့ အားဆေးတွေနဲ့ တစ်ချို့သော ဗီတာမင်ဆေးတွေကတော့ ဝါးစားရတာလဲ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာလဲ အလယ်မှာ ချိုးလို့ရတဲ့ break line လေးပါဝင်ပြီး ချိုးသောက်လို့ရတာတွေလဲ ရှိပါတယ်။

👩‍⚕️ တစ်ခါတစ်လေ ဆေးရဲ့ label မှာ ဆေးကို ချိုးသောက်ခြင်း၊ ဝါးစားခြင်းများမလုပ်ရပါလို့ ရေးထားတာ ရှိပါတယ်။ တစ်ချို့ဆေးတွေမှာတော့ tablet ကို ဆေးလုံးကို သေချာ ဝါးစားပါရန်လို့ ညွှန်ကြားထားတာလဲ ရှိပါတယ်။ ဒါ့ကြောင့် ဆေးကို နည်းစနစ်ကျ မှန်မှန်ကန်ကန် သောက်ဖို့ဆိုရင် ဆေးရဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ဖို့ အရေးကြီးပါတယ်။

👩‍⚕️ တကယ်လို့ သင့်အနေနဲ့ ဆေးလုံးတွေကို မျိုချရတာ အခက်အခဲရှိနေမယ်… ဝါးစားမှပဲ အဆင်ပြေမယ်… ဆေးကို ချိုးပြီး သောက်ချင်တယ်ဆိုရင်… ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို သေချာမေးမြန်းပြီး ကိုယ်နဲ့ အဆင်ပြေနိုင်မယ့် တခြားဆေးတစ်ခုကို ပြောင်းပေးဖို့… အကြံဉာဏ်တောင်းဖို့ လိုအပ်ပါတယ်နော်….. ဒါ့ကြောင့်…. အရေးကြီးဆုံးက… ဆေးမသောက်ခင်… ဆေးညွှန်းကို သေသေချာချာဖတ်ပါ…. တတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ပါလို့ မျှဝေလိုက်ရပါတယ်နော်….

# Credit to original writer & Photo

17/09/2023

ကလေးကို တကယ်ချစ်ရင် ဖုန်းပေး မသုံးပါနဲ့ … 📵
__________________________________________

ကလေးတွေက အခုနောက်ပိုင်းမှာ အသက်လေး နည်းနည်းရလာရင် ဖုန်းကြည့်တတ်လာသလို ဖုန်းလည်း ကြိုက်တတ်လာကြပါတယ်။ ဖုန်းပေးမကြည့်ရင် ဘာမလုပ်ဘူး။ ဆိုတာမျိုးတွေ ရှိသလို ဖုန်းကြည့်ရမှ ထမင်းစားမယ်ဆိုတဲ့ ကလေးတွေကလည်း ခပ်များများပါ။

မိဘတွေကလည်း နားငြီးသက်သာပြီးရောဆိုပြီး ပေးသုံးရင်းက ကလေးက ဖုန်းစွဲလာတာမျိုးတွေ ဖြစ်လာပါတယ်။ တကယ်ကတော့ ကလေးက လုံလောက်တဲ့ ကြီးထွားဖွံ့ဖြိုးမှု မရသေးခင် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရသေးဘူးဆိုရင် ဖုန်းပေးသုံးတာမျိုးက ကလေးကို ချစ်ရာ မရောက်ဘဲ နှစ်ရာရောက်ပါ။

နောက်တစ်ခုက ကလေးအတွက် သီးသန့်ထုတ်ထားတာမျိုး မဟုတ်တဲ့ ဖုန်းတွေက ကလေးရဲ့ အမြင်အာရုံကို ထိခိုက်စေသလို ဖုန်းကနေထွက်တဲ့ လှိုင်းတွေကလည်း ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုကိုရော ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှု စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေနိုင်ပါတယ်။

ကလေးက ဖုန်းသုံးရင် ဘာတွေ ဖြစ်လာမလဲ❓

ကလေးက အသက် ၂ နှစ် မပြည့်ခင်မှာ ဖုန်းအပါအဝင် ဘယ်လိုအမျိုးအစား အီလက်ထရောနစ် ပစ္စည်းတွေကိုမှ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ …

👉 ကလေးရဲ့ ကျန်းမာရေးကိုရော ကြီးထွာဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်လို့ပါ။

👉 နောက်တစ်ချက်က ဖုန်းသုံးတာက အပေါ်မှာ ပြောခဲ့သလို ကလေးရဲ့ ဖွံ့ဖြိုးနေဆဲ ကလေးရဲ့ မျက်လုံးလေးတွေကို ထိခိုက်စေပါတယ်။

👉 ဖုန်းက ထုတ်လွှတ်တဲ့ လှိုင်းတွေက ကလေးရဲက ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

👉 ကလေးက ဖုန်းသုံးရင် အလှုပ်အရှား နည်းတာက အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးဈ ဆီးချို စတာတွေကို ခံစားရနိုင်ခြေ မြင့်စေပါတယ်။

👉 ကလေးကို ညှက်စေနိုင်ပါတယ်။

👉 ကျောင်းစာ မလိုက်နိုင်တာမျိုး ဖြစ်မယ်။

👉 အိပ်ရေးပျက်မယ်။

👉 ပေါင်းသင်းဆက်ဆံရေး ညံ့သွားမယ်။

👉 ပြင်ပဗဟုသုတတွေကို ရှာဖွေဖို့ လက်လွတ်သွားနိုင်ပါတယ်။

၂ နှစ်မပြည့်ခင်မှာ ဖုန်းလုံးဝ ပေးမသုံးရဘူးဆိုတော့ ၂ နှစ်ကျော်ရင်တော့ ပေးသုံးလို့ရတယ်ဆိုတဲ့ သဘောလားဆိုရင်လည်း မဟုတ်ပါဘူး။ စမတ်ဖုန်းတွေကို ငယ်ရွယ်တဲ့ကလေးတွေ အသုံးပြုခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါကြောင့် မဖြစ်မနေ ပေးသုံးမယ်ဆိုရင်တောင်မှ အချိန် အကန့်အသတ်နဲ့သာ အသုံးပြုခွင့်ပြုရမှာဖြစ်ပါတယ်။

ဖုန်းပေးသုံးတာက ကလေးကို လေ့လာသင်ယူနိုင်စွမ်းတိုးတက်စေတယ်၊ ပျော်ရွှင်စေတယ်ဆိုရင်တောင်မှ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေက ပိုများနေတာကြောင့် ဖြစ်နိုင်ရင် ကလေးကို ဖုန်းပေးမသုံးတာက အကောင်းဆုံး
ကျန်းမာရေး​ကြပါစေ

# Credit

12/09/2023

ချစ်မိတ်ဆွေများ
မေတ္တာရိပ် အထွေထွေ ရောဂါကုဆေးခန်းမှာ
နေ့စဉ် အထွေထွေရောဂါကုဆရာဝန်များအပြင်
🏵 သားဖွား မီးယပ် အထူးကု ဆရာဝန်
🏵 အရိုးအကြော အထူးကု ဆရာဝန်
🏵 ကလေး အထူးကု ဆရာဝန်
🏵 အထွေထွေ ရောဂါကု သမားတော်
တို့ကို ပါ လာရောက်ပြသနိုင်ပါတယ်

12/09/2023
02/09/2023

ဆေးခန်းမှာရရှိနိုင်သော ဝန်ဆောင်မှုများကတော့
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴
🔵 #ဓါတ်ခွဲစစ်ဆေးမှုအမျိူးမျိူး
🔵 #ရောဂါရှာဖွေစစ်​​ဆေးမှုအမျိူးမျိူး
🔵 #ကူးစက်ရောဂါအမျိူးမျိူး
🔵 #ဘီပိုး
🔵 #စီပိုး
🔵 ိုး
🔵 #သားအိမ်​ခေါင်းကင်ဆာစစ်ဆေးပေးခြင်း
🔵 ဆွဲပေးခြင်း
🔵 ရိုက်ခြင်းစသည်
တို့ကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ် 🔘🔘🔘

Address

Yangon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Myittar Yeik Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram