ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာ-ကျီးပေါင်း ဒူးနာ ခါးနာ အကိုက်အခဲပျောက်

  • Home
  • Myanmar
  • Yangon
  • ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာ-ကျီးပေါင်း ဒူးနာ ခါးနာ အကိုက်အခဲပျောက်

ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာ-ကျီးပေါင်း ဒူးနာ ခါးနာ အကိုက်အခဲပျောက် ဟာန်နုမာန်တိုင်းရင်းဆေးကို စိတ်ချယုံကြည်စွာ
လက်လီလက်ကားဝယ်ယူနိုင်ပါသည်
09789661944
09664737325
Viber-09780592055

ငွေ/များများကုန်တာတောင် မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့် ပျောက်ကင်း အစာအိမ်ဖြစ်တဲ့သူတွေလဲသောက်နိုင...
10/08/2025

ငွေ/များများကုန်တာတောင် မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့် ပျောက်ကင်း

အစာအိမ်ဖြစ်တဲ့သူတွေလဲသောက်နိုင်ပါတယ် အရမ်းကောင်းပါတယ်။ အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်။
အကြမ်းပန်ကန်လုံးနဲ့ မနက်တခွက်ညတခွက်သောက်ပေးပါ တပါတ်အတွင်းသိသာလာလိမ့်မယ်အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်။
သဘောပင်အဖို အမ သိချင်ရင်.......

အမြစ်အဖျားကိုကြည့်ပါ အမြစ်အခွပါရင်အမ အခွမပါရင်အဖို။ ကျနော်ကတော့သင်္ဘောရွက်လတ်လတ်ဆတ်ဆတ်ကို ပြုတ်လည်းစားတယ် .မီးမြှိုက်ပြီးလည်း ရေစင်စင်ဆေး ငပိချက်နဲ့တို့စားပါတယ်

ထူးခြားချက်ကတော့ ကျနော်ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါအစာအိမ်ဝေဒနာလံးုဝမရှိပါကြောင်း တဲ့ဗျာ..ငွေ(၁၅)သိန်းလောက်ကုန်တာတောင်မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့်ပျောက်ကင်း ဆေးကုသိုလ် ရှယ်ပေးပါ

မိမိ ပတ်ဝန်းကျင်သိရအောင် ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့သင်္ဘောရွက်အစွမ်း ကျွန်တော် အိမ်ဘေးက ၂၂နှစ်အရွယ် ကလေးမလေးရောဂါစဖြစ်ပါတယ်။

သူတို့စဖြစ်တဲ့ ရောဂါဟာ ဗိုက်မှာ ဘာရယ်မသိတဲ့ အလုံးလေးစတည်လာပါတယ်။အဲ့မှာ တောဓလေ့ မြန်မာပီပီအချို့က ဗိုက်ကြီးတယ်ပြောလို့ပြော လင်ပြောရမှာ ရှက်တာနေမှာဆိုလိုဆိုနဲ့မိဘတွေကလဲ ရိုးချက်သားသမီးကိုမယုံပဲ သူများပြောစကားနဲ့ ကလေးမလေးကို စတင်ပြီး မကြည်ပါတော့တယ်။

ကလေးမလေးမှာ ရောဂါထက် ပတ်ဝန်းကျင်ရိုက်ခက်မှု့ဒဏ်ကြောင့် ခုခံအားကျဆင်းလာပြီး တစ်နေ့ထက် တစ်နေ့ ပိန်ခြုံးချိလာပါတော့တယ်။ဒီလိုနဲ့ မဖြစ်တဲ့ အဆုံးမှာ ဆေးရုံကို စတင်ပြီးတက်ဖို့ ဆုံးဖြတ်ရာကနေ ကလေးမလေးမှာ စဖြစ်ဖြစ်ချင်း ရောဂါနုပေမဲ့ မိဘတွေရဲ့ ပေါဆမှု့ကြောင်း ရောဂါရင့်ကြပ်နေခဲ့ပါပြီ။

ဒီလိုနဲ့ ဆေးရုံတင်လိုက်တဲ့ အချိန်မှာ သအိမ်ထဲမှာ အကြိတ်ကင်ဆာဖြစ်နေပြီးဆိုတာ စစ်ဆေးချက်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ စဆေးရုံတင်လိုက်တဲ့ အချိန်မှာ ဓတ်ကင်ရတာနဲ့ ဘာနဲ့ဆိုတော့ ကလေးမလေး ခေါင်းမှာလဲ ဆံပင်တွေ က မယ်သီလရှင် ခေါင်းတိုင်းဖြစ်နေပါတော်သည်။

အစ ပထမပတ်တက်ရင်းနဲ့ကိုငွေ ၁၀သိန်းကျော်လောက်ကုန်ခဲ့ပါပြီး အခြေခံလူတန်းစားဆိုတော့နဲနဲငွေအင်းအားလဲ ချိနေပြီးရှာနေရပါပြီး။ ဒီလိုနဲ့ နောက်တစ်လပတ်ကြာတော့ ဓတ်ဒုတိယအကြိမ် ကင်ရတော့မဲ့အချိန်မှာ မိခင်မှာ သူတွက် ငွေးတိုး ၁၅သိန်းချီးလာပြီးဆိုတာ ကောင်မလေးကလဲ သိနေပါတော့သည်။ ဆရာဝန်ကြီးကလဲ ပျောက်မယ်ဆိုတာ အာမခံကုသာကုနေရတယ်။

ဒီလိုနဲ့ ဆေးရုံကပြန်လာတော့ အခြေမဟန် ဆက်ကုဖို့လဲငွေအားကမနိုင်ဆိုတော့ သမီးလေးမှာ အမေရယ်..သမီးမခံစားနိုင်တော့ဘူးသမီးကို မကုပါတော့နဲ့ သမီးအသေသာခံလိုက်ပါတော့မည်ဆိုပြီးငိုပါလေရောလား။
ကျွန်တော် လဲ အဲ့အသံကြား Facebook ပေါ်က သင်္ဘောရွက်အကြောင်းက စာဖတ် ဒီလိုနဲ့ သွားတိုင်ပင်တယ်။ ဒီလိုဒီလိုတော့ရှိတယ် ကျွန်တော့် ကိုယုံလို့ရှိရင်ကျွန်တော် ပြောတဲ့ ဆေးနည်းကိုသောက်မှာလား ကျွန်တော် ရှာပေးမယ်ဆိုတော့။

မအေက မလုပ် သမီးကတော့အကိုရယ် ကျမသေလူပဲ အကိုဘာနေနေ သမီးအဆင်ပြေမယ်ဆိုသောက်ပါမယ်လို့ ကောင်မလေးက ခတ်ချိချိလေးနဲ့ ကတုံးလေးပြောရှာပါတယ်။
ဒီလိုနဲ့ ကျွန်တော် ဈေးရောင်းသွားရင်.ကုသိုလ် နေစဉ်ရအောင် သင်္ဘော(အဖို)ရောက်လေအရပ်တိုင်းရှာခူးပါတော့တယ်။

ဆေးနည်း သင်္ဘောရွက် (အဖို) ကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး အဖတ်ကို ပိတ်ဖြူထဲထည့် အရည် သီးသန့်ဖြစ်အောင် ညှစ်ချပြီး တနေ့ (အကြမ်းပန်းကန်လုံး) ၁ခွက် ကနေ ၂ ခွက် အများဆုံး သောက်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၅ရက်ကြာတော့ ကောင်မလေး ဆံပင်တစ်ပင်နှစ်ပင်စပေါက်လာတာကို ကျွန်တော် သတိထားမိလာပါတယ်။ အစားကလဲ လူသာပိန်နေပေမဲ့ ဘယ်အစားအစားမှမရှောင်တော့ပါဘူး။

နောက်တစ်လလောက်နေတော့ လူက ပြည့်ပြည့်၀၀ နဲနဲဖြစ်လာတော့ ကောင်မလေးက ဆေးရုံကိုတစ်ခေါက်လောက်သွားချင်နေပါတော့တယ်။
သူသွားချင်တဲ့အကြောင်းရင်းက သူရောဂါအခြေနေကို သိချင်နေတဲ့ ဆန္ဒ ပြင်းပြရင်မနက်ဆေးရုံသွား ချက်ချင်းဆရာဝန်ကလဲ အန့်တွေအော ကျွန်တော် ဖို့လဲ မုန့်တွေဝယ်လာပြီး အကို တဲ့ ကျမ အကြိတ်မရှိတော့ဘူးတဲ့ ဆရာက ဘာဆေးတွေသောက်တာလဲ မေးနေတယ်တဲ့။

ကျွန်တော် ဗျာ ဝမ်းသာလိုက်တာ ကိုယ်ကူညီလိုက်တဲ့ သေမင်းရောဂါသယ်က ပျောက်ကင်းသွားတော့ဘဝမှာ အတော်ကို ပီတိဖြစ်တဲ့နေ့ပဘဲ ဒါကြောင့် သင်္ဘောရွက်သည် ထိုရောဂါတစ်ခုထဲကိုသာပျောက်စေတာမဟုတ်ပဲ...
အမျိုးမျိုးသော အရာဆဲလ်တွေအမြစ်တွေကိုခြေနိုင်စွမ်းရှိတာမို့ ကင်ဆာသမားတွေအထူးသင့်တော်တယ်လို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။စာမရေးတတ်လို့အမှားပါရင်ခွင့်လွတ်ပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

{ လက်တွေ့သွေးတိုးကျဆေး }ဒီဆေးနည်းတိုလေးက ကျွန်တော့သင်္ဘောပေါ်က ပါကစ္စတန်သူကြီးရဲ့ မြောက်ပိုင်းရိုးရာဆေးနည်းပါ။ရှင်းလွန်း...
04/08/2025

{ လက်တွေ့သွေးတိုးကျဆေး }
ဒီဆေးနည်းတိုလေးက ကျွန်တော့သင်္ဘောပေါ်က ပါကစ္စတန်သူကြီးရဲ့ မြောက်ပိုင်းရိုးရာဆေးနည်းပါ။
ရှင်းလွန်းလွယ်လွန်းလို့ ကျွန်တော်တောင်အထင်သေးမိသေးတယ်။
သူ့အညွန်းအတိုင်းသောက်လိုက်တာ တစ်လတိတိနေတော့ ဘယ်အချိန်တိုင်းတိုင်း ၁၃၅ / ၈၅ ကနေ ၁၁၅ / ၈၀ ကိုကျသွားပါတယ်။ကိုယ်တွေ့ပါ။

ဆေးနည်းတိုက လွယ်လွယ်ရှင်းရှင်လေးပါ။
၁။သစ်ဂျပိုးခေါက်အမှုန့်> လ္ဘက်ရည်ဇွန်း တစ်စိပ်လောက်။
၂။ပျားရည်>လ္ဘက်ရည်ဇွန်း တစ်ဇွန်း။
၃။သံပုရာရည်->လ္ဘက်ရည်ဇွန်း တစ်ဇွန်း။
၄။ရေနွေး->လ္ဘက်ရည်ခွက် သုံးပုံနှစ်ပုံ။
အဲဒီပထမသုံးမျိုးကို ရေနွေးပူပူထဲကိုထည့်ဖျော်ပြီး ၅မိနစ်လောက်နေရင်သောက်လိုက်ပါ။
မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ သောက်လိုက်တာအကောင်းဆုံးပါဘဲ။
နေ့တိုင်းမပျက်မကွက်သောက်ပြီး တစ်လကြာရင် သွေးပြန်ချိန်ကြည့်ပါ။
အံ့ဩ ဘို့ကောင်းလောက်အောင် သွေးဖိအားကျသွားတာတွေ့ရပါလိမ့်မယ်။
သွေးတိုးကျတဲ့ဆေးတွေစားလက်စဆိုရင်လဲ တွဲလို့ရပါတယ်။
ကျွန်တော်ဆို သွေးကျဆေးစားရက်နဲ့ ဒီဆေးနည်းတိုကိုသောက်တာပါ။
ခုသွေးကျဆေးမစားလဲ သွေးပေါင်ပြန်မတက်တော့ပါ။ ။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

 #ခွေးကိုက်ခံရရင် ကိုက်ခံရသည့်နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင...
31/07/2025

#ခွေးကိုက်ခံရရင် ကိုက်ခံရသည့်
နေရာကို အရင်ဆုံး
ဆပ်ပြာနှင့်တိုက်၍
ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေးထိုးပါ။

၄၈နာရီထက် နောက်ကျပြီး ထိုးရင် ဆေးထိုးခြင်းမထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေး တလုံးထိုးပါ။....(တကြိမ်)

၃ ။ ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၂.၈.၂၀၂၅) ရက်နေ့ ကိုက်ခံရရင်
အဲနေ့ တလုံးထိုး (၃)ရက်ကြာ၁၅ရက်နေ့ တလုံးထိုးပါ....(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့ ပထမ တလုံးထိုးပြီး(၇)ရက်ကြာရင် တလုံးထပ်ထိုးပါ။ ၁၃ရက်နေ့မှစတွက် . ၁၉ရက်နေ့ တလုံးထပ်ထိုးပါ).... (၃ကြိမ်)

၅။ ပထမတလုံးထိုးပြီး (၁၄)ရက်ကြာ တလုံးထပ်ထိုးပါ။

(၁၃ရက်နေ့မှစတွက် ၂၆ရက်နေ့ တလုံးထပ်ထိုးပါ).....(၄ကြိမ်)

၆။ ပထမတလုံးထိုးပြီး (၂၈)ရက်ကြာ တလုံးထပ်ထိုးပါ။
(၁၃ရက်နေက စတွက် . .၉ရက်နေ့ နောက်ဆုံး( ၅ကြိမ်)
မြောက်ထိုးရပါမယ်။)

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။

ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက်(၂ရက်)ကျော်သွားပါက အစမှ ပြန်လည်ထိုးရမည်။

** ခွေးရူး **
=========

>> ခွေးရူး ၂မျိုး ရှိပါသည်။✌✌✌

၁။ ကြမ်းတမ်းသော ခွေးရူး
•••••••••••••••••••••••••••••••

လက္ခဏာများမှာ ခွေး၏အနေအထိုင်
ပြောင်းလာခြင်း

အကြောင်းမဲ့ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာသိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကားနားမထောင်ခြင်း

ခွေးကောင်းများကခွေးရူးနောက်မှလိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေတတ်ခြင်း

၂။ လေဖြတ် / အကြောခွေးရူး
••••••••••••••••••••••••••••••••••

#လက္ခဏာများမှာ

ကြွက်သားများလေဖြတ်ခြင်းကြောင့် ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်းစသည်တို့သည်ခွေးရူးလက္ခဏာများဖြစ်ပါသည်။

ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?သတ်သတ်မှတ်မှတ်ပြော၍ မရပါ။

ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီးခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါသည်။

ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

ခွေးကိုက်ပြိးဘယ်အချိန်အတွင်း
ဆေးထိုးသင့်သလဲ....?

ခွေးကိုက်ခံရတိုင်းခွေးရူးကာကွယ်ဆေးချက်ချင်းထိုးသင့်ပါသည်။

စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည်။

တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေး
နှင့်ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ တိမွေးကုဆရာ၀န်များခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ်မူတည်၍ကာကွယ်ဆေးထိုးရုံမကဘဲအဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။ထို့အပြင်မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါကပျောက်ကင်းအောင်ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန်နာကျင်မှုများသက်သာစေရန်ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်းခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်များကိုထိန်းသိမ်းထားခြင်း အခြားနေရာမှသွင်းလာသော တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း၊ အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ် နိုင်ပါသည်။

ထို့ပြင်တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

ဘယ်သူကများ ယုံမှာလဲ..."ရုံပတီသီး" က ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် ဒီလောက်ထိ သူရဲကောင်းဖြစ်လာနိုင်မယ်ဆိုတာ.! 🥒✨ကျွန်မ အရင...
30/07/2025

ဘယ်သူကများ ယုံမှာလဲ..."ရုံပတီသီး" က ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် ဒီလောက်ထိ သူရဲကောင်းဖြစ်လာနိုင်မယ်ဆိုတာ.! 🥒✨

ကျွန်မ အရင်က အစာအိမ် အက်ဆစ်ပြန်တက်တာနဲ့ နာတာရှည် အစာအိမ်ရောဂါတွေကို ကြာရှည်စွာ ခံစားခဲ့ရတယ်။
အစာနည်းနည်းလေးစားတာနဲ့ ဗိုက်အောင့်တာ၊ နေမထိထိုင်မသာဖြစ်တာတွေ ဖြစ်လာတယ်။ 😥

ဒါပေမဲ့ နေ့တိုင်း "ရုံပတီသီး" ကို ၂-၃ တောင့်လောက် ပုံမှန်စားပြီးတဲ့နောက်မှာတော့.........
အစိမ်းစားသည်ဖြစ်စေ၊ ရေနွေးနဲ့ အနည်းငယ်ဖျောပြီးစားသည်ဖြစ်စေ၊

ပြောရမယ်ဆိုရင်… ကျွန်မကို အမြဲဒုက္ခပေးနေတဲ့ ရောဂါလက္ခဏာတွေက သိသိသာသာ သက်သာလာပါတယ်။
ဒီလို သာမန် ဟင်းသီးဟင်းရွက်တစ်မျိုးက ဒီလောက်ထိ ကူညီနိုင်မယ်ဆိုတာကို ကျွန်မကိုယ်တိုင်လည်း အံ့သြမိတယ်။ 🌿

🍃 ရုံပတီသီး တကယ်ကူညီပေးနိုင်တဲ့ အရာတွေကတော့......
* အစာအိမ်ထဲက အက်ဆစ်ကို လျှော့ချပေးလို့
ဗိုက်အောင့်တာ သက်သာစေတယ်။
* ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးလို့
ဆီးထဲမှာ အမြှုပ်တွေထတာလည်း သက်သာလာတယ်။
* သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့်
ခွန်အားပိုရှိလာတယ်လို့ ခံစားရပါတယ်။
* အရင်လို မောပန်းလွယ်တာမျိုးလည်း သိပ်မဖြစ်တော့ဘူး။
* ဝမ်းသွားတာလည်း အများကြီး ကောင်းလာတယ်၊
ဝမ်းချုပ်တာမရှိတော့ဘူး၊ ဝမ်းလည်း မှန်လာတယ်။ 💨

🍵 စားရတဲ့နည်းကလည်း မခက်ပါဘူး။
ကြွပ်ကြွပ်လေး အစိမ်းစားလည်း ကောင်းတယ်၊ ဒါမှမဟုတ် ရေနွေးနဲ့ ပြုတ်ပြီး ရေနွေးကြမ်းလို သောက်လည်း ရပါတယ်။
ဒီလို အရာတွေက ကျွန်တော်တို့ အိမ်မီးဖိုချောင်ထဲမှာပဲ ရှိတာ၊ ကိုယ်တိုင်လုပ်စားလို့ရတယ်၊ ဈေးကြီးတာတွေ ဝယ်စရာမလိုပါဘူး။

ဘယ်သူမဆို သဘာဝနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်တယ်ဆိုရင်........
"ရုံပတီသီး" ကို ခဏလောက် အခွင့်အရေးပေးပြီး စမ်းကြည့်ပါ။
ကျွန်မ အာမခံပါတယ်… တကယ်ကို မျှော်မှန်းထားတာထက် ပိုကောင်းတာကို တွေ့ရပါလိမ့်မယ်။ 🌿😊

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

 #အသည်းရောဂါ အသည်းမှာ အနာဖြစ်တာ အဖုအကြိတ်နှင့် အဖောအရောင်တွေကို ကိုယ်တွေ့သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်းအံ့မခန်း #အ...
30/07/2025

#အသည်းရောဂါ အသည်းမှာ အနာဖြစ်တာ အဖုအကြိတ်နှင့် အဖောအရောင်တွေကို ကိုယ်တွေ့သက်သာပျောက်ကင်းခဲ့တဲ့ ထိနံပင် အစွမ်းအံ့မခန်း

#အသည်းအနာအတွက်
အသဲတွင် အနာငါးခုဖြစ်နေပြီး ပြည်ပါတည်နေ၍ သီရိစန္ဒာဆေးရုံ ဆရာဝန်မှ ဆေးဆယ်ရက်သောက်ပါ အနာမချပ်ပါက ပြည်စုပ်ထုတ်ရမည်ဆိုသောအခြေအနေတွင်ဖြစ်ပါသည်။

ပုံမှန်ဆိုထိုအရွက်လက်တစ်ဆုပ်ခန့်ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ရမှာကိုမကြိုတော့ပဲ မနက် / ည ငါးရွက်ခန့်ကိုဝါးစားပြီးအရွက်ဖတ်တွေပါ ရေနဲ့ရောသောက်လိုက်ပါတယ်။ အင်္ဂလိပ်ဆေးလည်းသောက်ပါတယ်။

ဆယ်ရက်ပြည်လို့ ဆေးခန်းသွားပြန်ပြတဲ့အခါ အနာကပြည်မရှိတော့ပဲချောက်ပြီးကျက်နေပြီ ဘာဆေးတွေသောက်သေးလည်းဟု ဆရာဝန်တောင်အံသြပြီးမေးတော့ ထိနံရွက်နဲနဲစားပါတယ်လိုပြောလိုက်တယ်လေ။

#အဖောအရောင်
ကျွန်တော်တို့ပတ်ဝန်းကျင်က အရက်တော်တော်သောက်တဲ့လူဆို မျက်နှာတွေ ခြေခုံတွေဖောရောင်နေတာ ဒီထိနံပင်အရွက်ကို သုံးခွက်တစ်ခွက်တင်တစ်နေ့သုံးခွက်သောက်တာ နှစ်ရက်နဲ့ဖောတာတွေအကုန်ပျောက်တယ်။

#အဖုအကြိတ်အတွက်
အပင်ဆေးဆိုင်ကအကိုတစ်ယောက်လက်ကောက်ဝတ်မှာ အဖုကြိတ်တည်တာ ဆေးခန်းစုံ ဆရာဝန်စုံ အခါခါခွဲပြန်ဖြစ်တာပဲ ဆယ်နှစ်ကျော်ခံစားလာရတဲ့ အဲ့ဒီအကြိတ် ထိနံရွက်ကိုထုထောင်း အကြိတ်ပေါ်အုံထားပြီးပတ်တီးပါးပါးစီးထား လုပ်တာ ဆယ်ငါးရက်လောက်ကြာတော့ သေးပြီးပျောက်သွားတာ အခုထိပြန်မဖြစ်တော့ပါ။

ကင်ဆာဆေးရုံကလူနာတော်တော်များများ ဒီထိနံရွက်ပင်ကိုကြိုသောက်တာ ရောဂါတော်တော်သက်သာလို့ အငှါးကားသမားတွေနဲ့ နယ်ဖက်တွေကိုမှာယူကြပါတယ်။

ဒီအပင်က ထိလိုက်တာနဲ့ကို စိမ်းရွှေရွှေနံ့တော်တော်နံလို့ ကျွန်တော်တို့ဖက် မှာတော့ ထိနံလို့လူသိများပါတယ်။ ထိရင်သာတော်တော်နံတာ ဝါးစားရင်အနံမဆိုးတော့ဘူးဗျ။
ဒါကတော့ ကိုယ်တွေ့ဆေးတစ်လက်ဖြစ်လို့ ကျန်းမာစေရန်ရည်ရွယ်မျှဝေလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )
#ကျန်းမာရေး

သောင်ရင်းရေကြီးပြီးရင် သံလွင်လာမည်။သောင်ရင်းမြစ်ရေကြီးရင် အဖော်ပါလာပါတယ် သောင်ရင်းရေကို ပင်လယ်ထဲသယ်ထုတ်ပေးနေတဲ့ သံလွင်မြ...
23/07/2025

သောင်ရင်းရေကြီးပြီးရင် သံလွင်လာမည်။

သောင်ရင်းမြစ်ရေကြီးရင် အဖော်ပါလာပါတယ် သောင်ရင်းရေကို ပင်လယ်ထဲသယ်ထုတ်ပေးနေတဲ့ သံလွင်မြစ်သည် ‌သောင်ရင်းရေများရင် သံလွင်မြစ်တလျောက်ရေကြီးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။

လက်ရှိမြဝတီမှာ ရေကြီးမှုတွေဆိုးရွားနေပါတယ်။
အဆိုပါရေများသည် သံလွင်မြစ်ထဲ စီးဝင်လာမှာက တစ်ကြောင်း သံလွင်မြစ်အထက်ဘက် ရှမ်း၊ကယား၊ကရင်ဒေသတွေမှာ မိုးဆက်တိုက်ကောင်းနေတာကတကြောင်း၊
ဂျိုင်းမြစ်၊အတ္တရံမြစ်များမှစီးဝင်လာမယ့် ရေတွေကတကြောင်း၊ပင်လယ်ရေထရက်ဖြစ်လို့ ပင်လယ်ကတက်မယ့်ရေကတကြောင်းနဲ့ သံလွင်မြစ်ရေကြီးလာနိုင်ပါတယ်။ နောက် ၂ ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနိုင်လို့ သံလွင်မြစ်ကမ်းအနီးနေထိုင်သူများ ဘားအံမြို့နယ်၊ကမမောင်းမြို့နယ်၊
များရှိ မြေနိမ့်ရပ်ကွက်များတွင်နေထိုင်ကြသော သူမျာူအနေဖြင့် သယ်ရရွေ့ရခက်ခဲသော ပစ္စည်းများ၊ကို ကြိုတင်သိမ်းဆည်းရွေ့ပြောင်းထားကြရန် အကြံပြုပါတယ်။

23/7/2025 9:00Pm
မိုးလေဝသနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာခန့်မှန်းခြင်း

“ မူးရင်ရှူဖို့ အချစ်မရှိရင် ….        သွားလေရာဆောင်သွားလို့ရတဲ့ Breath In ” ကိုသာ ဆောင်ထား 🤭  #ဟာနုမာန်ရှူဆေး
17/07/2025

“ မူးရင်ရှူဖို့ အချစ်မရှိရင် ….
သွားလေရာဆောင်သွားလို့ရတဲ့ Breath In ” ကိုသာ ဆောင်ထား 🤭

#ဟာနုမာန်ရှူဆေး

17/07/2025

၂၀၂၅ ခုနှစ် ၁၉. ဂျူလိုင် အာဇာနည်နေ့ကို အကြိုဂုဏ်ပြုအပ်ပါသည်

 #ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး...ဆီးချို ...နည်းလိုသော်“ဘယ်လောက်ထိအောင...
16/07/2025

#ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ” ကြိုက်သလောက်တက် ဒီဆေးနည်းသိရင် ကြောက်စရာမလိုဘူး...

ဆီးချို ...နည်းလိုသော်

“ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”

“၄၀၀/၄၇၀ထိတက်တယ်ဗျာ”

“ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”

“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”

“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေး

တကယ်ကို သက်သာပျောက်ကင်းခဲ့တယ်–”

#ဆေးနည်း

မာလကာရွက် (၅)ရွက်

ကြက်သွန်ဖြူ (၁)ဥ

ကြက်သွန်နီ(၁) ဥ

သံပုရာ (၁)စိတ်

ဆားအနည်းငယ်

#အဲ့ဒီ အမယ်တွေဟာ မြင်နေတွေ့နေရတာများလို့ သာ အထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။

#မာလကာရွက်မှာတင်စွမ်းအင်တွေအများကြီး၊ကြက် သွန်ဖြူ/နီ၊သံပုရာ၊ဆားအကုန်လုံးအစွမ်းကြီးလှတယ်။ အဲ့ဒါကို ရေမတ်ခွက်တစ်လုံး(၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။

#အရသာက ဖန်၊သက်၊ခါး၊ချဉ် အဝါရောင်အရည်ပါ။

#ဆေးပတ်လည်ပြီးဆိုတာနဲ့ဆီးချိုအတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်း တာကိုတွေ့ရလိမ့်မယ်။အကုန်လွယ်လွယ်ကူကူပဲ။

#နက္ခတ္တရောင်ခြည်

#ဆီးချို အခြေအနေမဆိုးသေးသောဝေဒနာရှင်အတွက်

(၁) မာလကာရွက် (၁၄/၁၅)ရွက်

(၂) ကြက်သွန်ဖြူ (၁)လုံး

ထိုနှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ပြီးလျှင် ပျားရည်စစ်စစ်သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ် သည်။

***အကယ်၍ဆီးချိုရောဂါတက်၍ (၄၀၀/၄၈၀)ရှိနေ မည်ဆိုလျှင်

(၁) မာလကာရွက် လက်တစ်ဆုပ်ခန့်

(၂) ကြက်သွန်ဖြူ(၃/၄)လုံး

(၃) ပျားရည်နည်းနည်းပိုထည့်

အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာများသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။

ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက်(၁)လခန့်မှီဝဲ သွားပါက ဆီးချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။

လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ထို့အတူ ရောဂါချင်းတူပါသော်လည်း သွေးသားသဘာ၀ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။ မြန်မာတို့၏ ရှေ့ပညာကြီးသူတို့ညွှန်ပြပေးခဲ့သော အဖိုးအခနည်းပါးလွယ်ကူစွာရရှိနိုင်သော အမယ််များဖြင့် ခံစားနေကြရသော ဆီးချိုရောဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါ ရန် တင်ပြရေး သားမိ ပါသည်။

***ရောဂါသက်သာပျောက်ကင်းပါကဝေငှပေးပါရန်။
#ကျန်းမာရေးဗဟုသုတရကြပါစေ

ကျီးပေါင်းအတွက် သဘော်ရွက်💯💯သဘော်သီးမှည့်သာမက သဘော်ရွက်ကပါ ဆေးဖက်၀င်နေပါတယ်နော်🍀🍀ဒီတစ်ခေါက် မင်မင်က ကျီးပေါင်းသမားတွေတွက်...
14/07/2025

ကျီးပေါင်းအတွက် သဘော်ရွက်💯💯

သဘော်သီးမှည့်သာမက သဘော်ရွက်ကပါ ဆေးဖက်၀င်နေပါတယ်နော်🍀🍀
ဒီတစ်ခေါက် မင်မင်က ကျီးပေါင်းသမားတွေတွက် သဘော်ရွက်ရဲ့အသုံး၀င်တဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်🥰
-ဇက်/ဂုတ်ရိုး/ကျီးပေါင်းဖုတွေ ပေါ်မှာ သဘော်ရွက်ကိုပြုတ်ပီး ခပ်နွေးနွေး ကပ်ပေးနိုင်လျှင်ပိုကောင်းပါသည်။
_ပုံမှန်စိတ်ရှည်ရှည်ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်ပါသည်။
_လေ့ကျင့်ခန်းနှင့်တွဲလုပ်ပေးနိုင်ရင် ပိုပီး ထိရောက်နိုင်ပါတယ်
လေ့ကျင့်ခန်းက ဦးခေါင်းကိုဘယ်လှည့် ညာလှည့် အထက်မော့ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဥ်တိုင်း တစ်နေ့လျှင် အကြိမ်နှစ်ဆယ်ခန့် လုပ်ပေးရပါမယ်💯

#ကျီးပေါင်းရောဂါသည်တစ်ရက်တစ်လနှင့်သက်သာသောရောဂါမဟုတ်လနှစ်ချီစိတ်ရှည်ရှည်ကုသမှုခံယူဖို့လိုတဲ့ရောဂါဖြစ်ပါသည်

#ဆေးဖက်၀င်သဘော်ရွက်

#‎ကျမ်းမာရေးနင့်ပတ်သတ်သည့် ဗဟုသုတများကိုနေ့စဥ် နှင့်အမျှတင်ဆက် ပေးနေတာမို့ pageကိုlike shareလုပ်သွားမို့ မေတ္တာရပ်ခံပါတယ်ရှင့် အားလုံးဘဲကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏🙏

🏵🏵🏵🏵🏵🏵🏵🏵1. ထုံကျဉ်ခြင်း>🏵🏵🏵🏵🏵🏵🏵🏵🏵2. ပိုချမ်းတတ်ခြင်းအရင်ကဆို မှု့လောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေ...
05/07/2025


🏵🏵🏵🏵🏵🏵🏵🏵
1. ထုံကျဉ်ခြင်း

>
🏵🏵🏵🏵🏵🏵🏵🏵🏵
2. ပိုချမ်းတတ်ခြင်း

အရင်ကဆို မှု့လောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး၊ နည်းနည်းအေးတာနဲ့ ကိုယ်ကခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။
🏵🏵🏵🏵🏵🏵🏵
3. ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမ ဖြစ်လာခြင်း

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ၊ မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းလာခြင်း

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်လာခြင်း

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်းတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါးတို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာများပေါက်ခြင်း

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်း တခုခုကြောင့် ဖြစ်နိုင်ပါတယ်။

7. ဝမ်းဗိုက်ပြဿနာများဖြစ်ခြင်း

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

အာရုံကြောအားကောင်းစေတဲ့အစားအစာများ

အာရုံကြော အားနည်းလာပြီဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လို့ရပါတယ်။

ဗီတာမင် B1 (သီရာမင်း)
ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B6
အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

ဗီတာမင် B12
ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကော့ပါး
သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

#ဟင်းနုနွယ်ရွက်
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

#ဆန်လုံးညို
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

#ကိုကိုး

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

#ငါး
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

#ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကို ရေဓာတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

#ကြက်သွန်ဖြူ

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါနော်
#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်

20/06/2025

Address

Yangon

Telephone

+959780592055

Website

Alerts

Be the first to know and let us send you an email when ဟာန်နုမာန် တိုင်းရင်းဆေးကပ်ခွာ-ကျီးပေါင်း ဒူးနာ ခါးနာ အကိုက်အခဲပျောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram