ဖြိုးဆေးခန်း - Phyo Clinic

ဖြိုးဆေးခန်း - Phyo Clinic Online consultation is available here

ရေကျော် ကလေး ဆရာဝန်ကြီးထိုင်တဲ့  #ဖြိုးဆေးခန်း ဖုန်းနံပါတ် နဲ့ လိပ်စာ လေးပါ။
29/08/2025

ရေကျော် ကလေး ဆရာဝန်ကြီးထိုင်တဲ့ #ဖြိုးဆေးခန်း ဖုန်းနံပါတ် နဲ့ လိပ်စာ လေးပါ။

ရှက်ရှက်ကတဆင့် ကူးစက်တက်သော ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသား များလိင်တူဆက်ဆံ ရမှ အဖြစ်များလာတဲ့ စအို ကင်ဆာ ...
23/08/2025

ရှက်ရှက်ကတဆင့် ကူးစက်တက်သော ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာနှင့် အမျိုးသား များလိင်တူဆက်ဆံ ရမှ အဖြစ်များလာတဲ့ စအို ကင်ဆာ
**l &

Main cause : ဘာကြောင့်ဖြစ်တာလဲ ??
A: virus (HPV type 16 &18 ) ကူးစက်ရာမှ ဖြစ်ပွား ပါတယ်။ (80-85% major cause of cervical cancer and a**l cancer)

Q: ဒီ HPV virus အတွက် ကာကွယ်ဆေးရှိလား??
A: HPV vaccine ရှိပါတယ်။ (3ကြိမ် ထိုးနှံရပါတယ်။)

*** 0month - 1 month - 6 month ***

HPV ဆိုတာ Human papilloma virus = လိင်အဂ်ါကြွက်နို့ ဖြစ်စေတဲ့ ပိုး ဖြစ်ပါတယ်။

Q: တခြားအကြောင်းအရာတေကြောင့်ရော စအိုတွင်း ကင်ဆာ ဖြစ်နိုင်သေးလား??
A:
🎗️HIV positive ဖြစ်ပြီးသူများ ၊
🎗️ကိုယ်ခံအား ချသောဆေး မှီဝဲနေရသူများ (Immunosuppressant drugs or steroids ) ၊
🎗️သားအိမ်ခေါင်း ကင်ဆာဖြစ် ဖူးသော အမျိုးသမီးများ ( cervical cancer /CIN) ၊
🎗️ ဆေးလိပ်သောက်သူများ (Heavy smoker )
🎗️လိင်တူ ပျော်မွေ့သူများ ၊
🎗️lifetime partners များသူများ အနေဖြင့် မဖြစ်မနေ #သားအိမ်ခေါင်းကင်ဆာ ၊ #စအိုကင်ဆာ #ကာကွယ်ဆေး ထိုးနှံထား ရပါမည်။

မရှင်းလင်းသည့် အချက်အလက်များကို cmt သို့မဟုတ် chatbox တွင်မေးမြန်း နိုင်ပါတယ်။

အသိပညာလေး တခုထပ်တိုးလာတယ်ဆိုရင် and လုပ်ပီး ကိုယ်ရဲ့ ချစ်သူငယ်ချင်း များကိုလည်း မျှဝေပေးစေချင်ပါတယ်။

Dr Chit su

⚠️"ဆင်တုတ်ကွေး ဖြစ်ပြီဆိုရင် ဘာတွေလုပ်သင့်လဲ❓".............................................................................
13/08/2025

⚠️"ဆင်တုတ်ကွေး ဖြစ်ပြီဆိုရင် ဘာတွေလုပ်သင့်လဲ❓"..........................................................................

🦟တရုတ်နိုင်ငံတွင် ဆင်တုတ်ကွေး ဖြစ်ပွားမှု သိသိသာသာ မြင့်တက်နေ!

📍 အထူးသဖြင့် ဂွမ်ဒေါင်းပြည်နယ်တွင်
📅 ဇွန်လကုန်မှစ၍ 🦠ကူးစက်မှု ၇,၀၀၀+ တွေ့ရှိခဲ့ပါသည်။

🌍 ကမ္ဘာတစ်ဝှမ်း ၂၀၂၅ ခုနှစ် ဆင်တုတ်ကွေးအခြေအနေ
📊 ကူးစက်မှု ၂၄၀,၀၀၀+ 😢 thayဆုံးမှု ၉၀+

အဓိကဖြစ်ပွားသောဒေသများ
🏝️ အိန္ဒိယသမုဒ္ဒရာ ကျွန်းများ
🌎 တောင်အမေရိက
🦁 အာဖရိက
🌏 အာရှ (အချို့ဒေသများ)

🇲🇲 မြန်မာနိုင်ငံတွင်
⏳ ၂၀၁၉ ခုနှစ်က 🏙️မန္တလေးဒေသတွင်
🦠 သိသာထင်ရှားသည့် ဖြစ်ပွားမှုများ ရှိခဲ့ဖူးပါသည်။

🔬ဆင်တုတ်ကွေးရောဂါ ဆိုတာဘာလဲ
---------------------------------
🦠 ဆင်တုတ်ကွေးရောဂါသည် Chikungunya Virus ကြောင့် ဖြစ်သည်
🦟 အေဒီးစ်ခြင် (Aedes) ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ပါသည်

⏰အထူးသဖြင့် 🌅 မနက်စောစော နှင့် 🌇 နေဝင်ချိန် တွင် အများဆုံးကိုက်လေ့ရှိပါသည်

🦟 ဆင်တုတ်ကွေး ကူးစက်ပုံ
---------------------------------
📍ဗိုင်းရပ်စ်ရှိသော ခြင်တစ်ကောင်က လူကို ကိုက်သောအခါ ဗိုင်းရပ်စ်သည် သွေးထဲသို့ ဝင်သွားသည်။

🔴 ချီကန်ဂန်ရာ ရဲ့ အဓိက လက္ခဏာများ
---------------------------------
ကူးစက်ခံရပြီး ၃ မှ ၇ ရက်အတွင်း လက္ခဏာများ ပေါ် 🤒😰😱

1️⃣ အဖျားကြီးခြင်း (High Fever) 🌡️
✔️39°C - 40°C အထိ ရုတ်တရက် အဖျားတက်နိုင်ပါတယ်

2️⃣ ပြင်းထန်သော အဆစ်နာခြင်း (Severe Joint Pain) 💢
👋လက်ဆစ်🔹
🦶👣ခြေဆစ်
🦵 ဒူးဆစ်
🤲 လက်ကောက်ဝတ်ဆစ်
🦶 ခြေကျင်းဝတ်ဆစ်

💢လမ်းလျှောက်ရခက်အောင် နာကျင်တတ်ပါတယ်

3️⃣ ကြွက်သားနာခြင်း (Muscle Pain)💪
✔️ကိုယ်လက်ကိုက်ခဲပြီး မောပန်းနွမ်းနယ်ခြင်း🤕

4️⃣ ခေါင်းကိုက်ခြင်း (Headache)
✔️မျက်လုံးနောက်ဘက်မှာ တင်းပြီးကိုက်ခဲတတ်ပါတယ်🧠

5️⃣ အရေပြားအနီစက်ထွက်ခြင်း (Skin Rash)
✔️ဖျားပြီး ၂-၅ ရက်အကြာမှာ အနီကွက်များ ထွက်လာတတ်ပါတယ်🔴

6️⃣ မျက်လုံးနာခြင်း (Eye Pain) 👁️
✔️မျက်လုံးနီရဲပြီး နာကျင်တတ်ပါတယ် 👁️

7️⃣အခြားလက္ခဏာများ
💩 ဝမ်းလျှောခြင်း
🤮 ပျို့အန်ခြင်း
😵 အလင်းရောင်မခံနိုင်ခြင်း (Photophobia)

🚨အန္တရာယ်ရှိသူများ (ရောဂါပိုမိုဆိုးရွားနိုင်)
---------------------------------
🦴😣အဆစ်ရောဂါရှိသူများ
👴👵သက်ကြီးရွယ်အိုများ
👶🍼ကလေးငယ်များ
🛡️😷ကိုယ်ခံအားနည်းသူများ

🔍ရောဂါရှာဖွေခြင်း
---------------------------------
✔️ဆင်တုတ်ကွေးကို ရောဂါလက္ခဏာများနှင့် ဆေးစစ်ခြင်းများဖြင့် ရှာဖွေနိုင်သည်။

🩺💉သွေးစစ်ခြင်း

🧬🔬ဗိုင်းရပ်စ်၏ မျိုးဗီဇ (RNA) ကို ရှာဖွေခြင်း (RT-PCR)
🧪🩺ဗိုင်းရပ်စ်ဆန့်ကျင်သည့် ပဋိဇီဝဆေးမျာ စစ်ဆေးခြင်း (Serological Tests)

📌ကုသမှု
------------
🚫💊ဆင်တုတ်ကွေးအတွက် သီးသန့်ဆေးဝါးမရှိသေးပါ
🚫💉ကာကွယ်ဆေးမရှိသေးပါ
😌🩹ကုသမှုသည် လက္ခဏာများကို သက်သာစေရန် အာရုံစိုက်သည်

🛌အနားယူခြင်း...........................
💤လုံလောက်စွာ အနားယူရန်နှင့် 💧ရေဓာတ်ဖြည့်တင်းရန်။

💊💊ဆေးဝါးများ............................
🌡️ အဖျားနှင့် နာကျင်မှုအတွက်
➝ 🟡 Paracetamol (ပါရာစီတမော) သောက်သုံးနိုင်ပါသည်
➝ ⚠️ NSAID ဆေးများ (ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ)

🛌 အဆစ်နာကျင်မှု သက်သာစေရန်........................................................
• 🔥 ရေနွေးအိတ်ကပ်ခြင်း
• 🏃 လှုပ်ရှားမှုအနည်းငယ်ပြုလုပ်ခြင်း (အဆစ်လှုပ်ရှားမှု)

⚠️ နောက်ဆက်တွဲပြဿနာများ
--------------------------------
🦠 ဆင်တုတ်ကွေး ➝ ☠️ သေဆုံးနှုန်းနည်းပါး
🔄 လူအချို့တွင်နာတာရှည်အဆစ်နာ ဖြစ်နိုင်ခြေရှိ

✅ ကာကွယ်ရန် နည်းလမ်းများ
-------------------------------
✔️ ခြင်မကိုက်အောင် ဂရုစိုက်ပါ (ခြင်ဆေးလိမ်း၊ ခြင်ထောင်သုံး)
✔️ အိမ်နဲ့ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ
✔️ ရေအိုင်များ၊ ရေဝပ်နေသောနေရာများကို ဖယ်ရှားပါ

🦟❓ အမေးအများဆုံးမေးခွန်းများ
---------------------------------

1️⃣ ဆင်တုတ်ကွေး vs သွေးလွန်တုတ်ကွေး ကွာခြားချက်
🦠 ဆင်တုတ်ကွေး ➝ 💢 အဆစ်နာကျင်မှု ပိုဖြစ်
🩸 သွေးလွန်တုတ်ကွေး ➝ သွေးယိုစိမ့်မှု (နှာခေါင်း/သွားဖုံးသွေးယို) ပိုဖြစ်

⚠️ နှစ်ခုလုံး က 🦟အေဒီးစ်ခြင် ကိုက်ခံရမှုမှ ကူးစက်ပါသည်

2️⃣ လူတစ်ဦးမှ တစ်ဦး ကူးစက်နိုင်သလား?
❌ တိုက်ရိုက်မကူးစက်နိုင်
✅ ခြင်ကိုက်မှသာ ကူးစက်ပါသည်

Crd: Dr Khant
#ဆင်တုတ်ကွေး #ကျန်းမာရေး #ခြင်ကိုက်မခံရန် #ကျန်းမာရေး #အဆစ်နာ

နှာခေါင်းသွေးယိုခြင်း (Epistaxis)ဘာကြောင့် ❔နဲ့ ဘယ်လိုလုပ်ရမလဲ❓__________________________နှာခေါင်းသွေးယိုတာဟာ အကြောင်းအရ...
08/08/2025

နှာခေါင်းသွေးယိုခြင်း (Epistaxis)
ဘာကြောင့် ❔နဲ့ ဘယ်လိုလုပ်ရမလဲ❓
__________________________

နှာခေါင်းသွေးယိုတာဟာ အကြောင်းအရင်းကိုလိုက်ပြီး
နှာခေါင်းအရှေ့ခြမ်း (Anterior Epistaxis) နဲ့
နှာခေါင်းအနောက်ခြမ်း (Posterior Epistaxis)ဆိုပြီး
နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ ဒီနှစ်မျိုးလုံးက ပြုစုရပုံနဲ့ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ မတူညီတာကြောင့် ကွဲကွဲပြားပြား သိထားဖို့ အရေးကြီးပါတယ်။

🔺နှာခေါင်းအရှေ့ခြမ်းမှ သွေးယိုခြင်း (Anterior Epistaxis)
______________________________________________
နှာခေါင်းသွေးယိုခြင်းရဲ့ ၉၀% ကျော်ဟာ ဒီအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နှာခေါင်းအရှေ့ခြမ်း၊ နှာခေါင်းဝရဲ့ အလယ်အကန့်အနီးတဝိုက်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ (Kiesselbach's plexus) ပေါက်ပြဲရာကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သွေးထွက်တာဟာ နှာခေါင်းပေါက်ကနေ အပြင်ကို စီးကျလေ့ရှိပါတယ်။

အဓိကဖြစ်ရတဲ့ အကြောင်းအရင်းများ
••••••••••••••••••••••••••••••••••

- နှာခေါင်းနှိုက်ခြင်း (Nose-picking) - ကလေးတွေမှာ အဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပြီး နှာခေါင်းအတွင်းသားကို ထိခိုက်ပြီး သွေးယိုစေပါတယ်။

- ခြောက်သွေ့တဲ့ ရာသီဥတု - ဆောင်းတွင်းလိုမျိုး လေထုခြောက်သွေ့တဲ့အခါ နှာခေါင်းတွင်း အရေပြားတွေ ကွဲအက်ပြီး သွေးယိုနိုင်ပါတယ်။

- နှာခေါင်းတွင်း ဓာတ်မတည့်ခြင်း (Rhinitis) - နှာခေါင်းယားယံပြီး မကြာခဏ နှာချေခြင်း၊ ပွတ်သပ်ခြင်းတို့ကြောင့် သွေးယိုနိုင်ပါတယ်။

- ထိခိုက်ဒဏ်ရာရခြင်း - နှာခေါင်းကို မတော်တဆ ထိခိုက်မိခြင်း။

- ပိုးဝင်ခြင်း - နှာခေါင်းနဲ့ ဆိုင်းနပ်စ် (sinuses) ပိုးဝင်တဲ့အခါ နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းပြီး သွေးယိုနိုင်ပါတယ်။

🔺နှာခေါင်းအနောက်ခြမ်းမှ သွေးယိုခြင်း (Posterior Epistaxis)
_________________________________________________
ဒီအမျိုးအစားဟာ အဖြစ်နည်းပေမယ့် ပိုပြီးပြင်းထန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှာခေါင်းရဲ့ အနောက်ဘက် အပေါ်ပိုင်းမှာရှိတဲ့ သွေးကြောတွေ ပေါက်ပြဲတာကြောင့် ဖြစ်ပါတယ်။ သွေးယိုတာဟာ လည်ချောင်းထဲကို စီးဝင်ပြီး ပါးစပ်ကနေ အန်ထွက်တာမျိုး၊ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့တာမျိုး ဖြစ်နိုင်တာကြောင့် စိုးရိမ်ရပါတယ်။

အဓိကဖြစ်ရတဲ့ အကြောင်းအရင်းများ
••••••••••••••••••••••••••••••••••
- သွေးတိုးရောဂါ (Hypertension) - သွေးပေါင်ချိန် ထိုးတက်လာတဲ့အခါ နှာခေါင်းနောက်ဘက်က သွေးလွှတ်ကြောတွေ ပေါက်ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

- သွေးကျဲဆေးများ (Blood Thinners) - Aspirin, Warfarin, Rivaroxaban စတဲ့ ဆေးတွေ သောက်သုံးနေရသူတွေမှာ သွေးတိတ်ဖို့ အလွန်ခက်ခဲပါတယ်။

- အကျိတ်များ (Tumors) - နှာခေါင်းအတွင်း သို့မဟုတ် နှာခေါင်းနောက်ဘက် (Nasopharynx) မှာရှိတဲ့ ကင်ဆာနဲ့ ကင်ဆာမဟုတ်သောအကျိတ်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ- Nasopharyngeal Angiofibroma လိုမျိုး သွေးကြောလုံးအကျိတ်တွေဟာ သွေးအများအပြားယိုလွယ်ပါတယ်။

- သွေးခဲမှုအားနည်းခြင်း (Coagulopathy) - သွေးရောဂါကြောင့် သွေးခဲတဲ့စနစ်မှာ ချို့ယွင်းချက်ရှိနေခြင်း။

ရှေးဦးပြုစုနည်း
____________

နှာခေါင်းသွေးယိုလာပါက အောက်ပါအဆင့်များကို မှန်ကန်စွာ လုပ်ဆောင်ပေးခြင်းဖြင့် အများစုကို ကိုယ်တိုင် ထိန်းချုပ်နိုင်ပါသည်။

၁။ တည်ငြိမ်စွာနေပါ - စိတ်လှုပ်ရှားမှုကြောင့် သွေးပေါင်ချိန်တက်ကာ သွေးပိုထွက်နိုင်သောကြောင့် တည်ငြိမ်စွာနေပါ။

၂။ ခေါင်းကို ရှေ့သို့ငုံ့ထားပါ - မတ်မတ်ထိုင်ပြီး ခေါင်းကို ရှေ့သို့ အနည်းငယ်ငုံ့ထားပေးပါ။ ခေါင်းကို နောက်လှန်ခြင်းသည် သွေးများကို လည်ချောင်းထဲ စီးဝင်စေပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နိုင်သောကြောင့် လုံးဝမပြုလုပ်ပါနှင့်။

၃။ နှာခေါင်းအရှေ့ပိုင်းကို ညှစ်ပါ - လက်ညှိုးနှင့် လက်မကို အသုံးပြုပြီး နှာခေါင်းအရှေ့ဘက်ခြမ်း၏ အပျော့ဆုံးအပိုင်းကို ဖိညှစ်ပေးပါ။

၄။ အနည်းဆုံး ၁၀ မိနစ်ခန့် ဖိထားပါ - ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ဆက်တိုက် ဖိထားပေးပါ။ ထိုသို့ ဖိထားစဉ် ပါးစပ်ဖြင့် အသက်ရှူနိုင်ပါသည်။

၅။ ရေခဲကပ်ပါ - နှာခေါင်းပေါ် သို့မဟုတ် လည်ပင်းနောက်ဘက်သို့ ရေခဲဝတ် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့် သွေးကြောများကို ကျုံ့စေပြီး သွေးတိတ်မြန်စေပါသည်။

မည်သည့်အချိန်တွင် ဆရာဝန်နှင့် ပြသသင့်သနည်း
______________________________________
အကယ်၍ အောက်ပါအခြေအနေများ ကြုံတွေ့ရပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။

- သွေးမတိတ်ခြင်း - မိနစ် ၂၀ ကျော်ကြာသည်အထိ သွေးဆက်လက်ထွက်နေခြင်း။

- သွေးအများအပြား ထွက်ခြင်း - သွေးထွက်သည့်ပမာဏ များပြားပြီး ရပ်တန့်ရန် ခက်ခဲခြင်း။

- ခဏခဏ ပြန်ဖြစ်ခြင်း - ရက်အနည်းငယ်ခြားပြီး နှာခေါင်းသွေးခဏခဏ ပြန်ယိုခြင်း။

- အခြားရောဂါလက္ခဏာများ တွဲပါခြင်း - နှာခေါင်းသွေးယိုခြင်းနှင့်အတူ မူးဝေခြင်း၊ ခေါင်းမူးခြင်း၊ သွေးပေါင်ချိန်ကျခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အမည်းစက်များ ထွက်ပေါ်လာခြင်း။

- နှာခေါင်းနောက်ဘက်မှ သွေးထွက်ခြင်း - အချို့သော လူကြီးများတွင် နှာခေါင်းနောက်ဘက်ခြမ်းမှ သွေးယိုခြင်း (Posterior Epistaxis) ဖြစ်တတ်ပြီး ယင်းမှာ ပိုမိုပြင်းထန်ကာ သွေးအများအပြား ထွက်လေ့ရှိပါသည်။ ၎င်းအခြေအနေမျိုးတွင် ဆေးရုံသို့ အရေးပေါ်သွားရောက်ရန် လိုအပ်ပါသည်။

အကယ်၍ နှာခေါင်းကို ၁၅ မိနစ် ဖိညှစ်ထားတာတောင် သွေးမတိတ်ဘူးဆိုရင် သို့မဟုတ် ပါးစပ်ထဲကနေ သွေးတွေ အများအပြား ထွက်နေတယ်ဆိုရင် အရေးပေါ်ဌာနကို အမြန်ဆုံး သွားရောက်ပြီး ဆရာဝန်နဲ့ ပြသဖို့ အထူးလိုအပ်ပါတယ်။ ဆရာဝန်မှသာ သွေးယိုနေတဲ့နေရာကို ရှာဖွေပြီး သင့်လျော်တဲ့ ကုသမှု (ဥပမာ- cauterization, nasal packing)ကို ပေးနိုင်မှာဖြစ်ပါတယ်။

••••••

မေတ္တာဖြင့်

ဆရာ့ကို လေးစားစွာ credit ပေးပါတယ်။

ဒေါက်တာ အောင်ထက်ထွန်း
M.B.,B.S M.Med.Sc(ORL-HNS)
Dr.Med.Sc(ORL-HNS) M.R.C.S (ENT) Edinburgh
နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ပါရဂူ



••••••

🔍 Disclaimer
This post is intended for health educational purposes only.
All images shown are either simulated or digitally generated to illustrate common first aid techniques and health conditions like epistaxis (nosebleed).
If you or your child experiences frequent or severe nosebleeds, please consult a licensed medical professional.

📌 Viewer discretion is advised due to medical imagery

03/08/2025

မိုးရာသီမှာ အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ‌ဆိုတာ ခြင်ကိုက်ရာမှ ကူးစက်တက်တာကြောင့် သားသားမီးမီးတို့ခြင်မကိုက်အောင် နေကြမယ်။ 🤟🤟

21/07/2025

မိုးရာသီတုပ်ကွေး တစ်ကျော့ပြန် ပြန်ဖြစ်နေတဲ့ အတွက် တုပ်ကွေးကာကွယ်ဆေး မထိုး ရသေးသူများ ကာကွယ်ဆေးထိုးထားပေး ကြပါရှင့်။

🙏 ဝါဆိုလပြည့်နေ့ ဓမ္မစက်ြာနေ့ရဲ့ အထိမ်းအမှတ် အနှစ်သာရလေး အဖြစ်နဲ့ ဉပုလ်သီလစောင့် တည် ကြသော ဓမ္မ မိတ်ဆွေအပေါင်းတို့နှင့် ...
09/07/2025

🙏 ဝါဆိုလပြည့်နေ့ ဓမ္မစက်ြာနေ့ရဲ့ အထိမ်းအမှတ် အနှစ်သာရလေး အဖြစ်နဲ့ ဉပုလ်သီလစောင့် တည် ကြသော ဓမ္မ မိတ်ဆွေအပေါင်းတို့နှင့် တကွ ခုနှစ် သားသမီးများ အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ငလျင်ဘေး၊ ရေဘေး၊ စားဝတ်နေရေး အခက်တွေ့ခြင်းဘေး ၊ ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုး မှ အမြန်ဆုံး လွတ်မြောက် ကြပါစေ ..... ကြောင်း ဖြိုးဆေးခန်း - Phyo Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းပေး လိုက် ရပါတယ်ရှင်။ 🙏😊🙏

‼️ ဒညင်းသီး ကပေးတဲ့ သင်ခန်းစာ ⁉️ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြ...
04/07/2025

‼️ ဒညင်းသီး ကပေးတဲ့ သင်ခန်းစာ ⁉️

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။
အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်

တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

Crd

#ဒေါက်တာကျော်စိုးထက်

👋🤗 တုပ်ကွေးကာကွယ်ဆေးမထိုးရသေးတဲ့ သူတေကို အားပေးပါမယ်ဆို … ကိုယ်ကိုတိုင် က ဆေးထိုး ရမှာ ကြောက် နေ။ 😅😅ကိုယ်ချစ်ရတဲ့ မူကြို...
29/06/2025

👋🤗 တုပ်ကွေးကာကွယ်ဆေးမထိုးရသေးတဲ့ သူတေကို အားပေးပါမယ်ဆို … ကိုယ်ကိုတိုင် က ဆေးထိုး ရမှာ ကြောက် နေ။ 😅😅

ကိုယ်ချစ်ရတဲ့ မူကြိုကျောင်း က သားသားမီးမီးလေးတေ မမြင် ပါစေနဲ့ ။
ကလေးတေ အတုယူမမှားစေချင်ဘူး 🥰🥰

ကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်း အချင်းချင်း တွေ့ရင် ဘယ် လို နှုတ်ဆက်ကြရင်ကောင်းမလဲ ??

ဒီလိုလေး မေးပေးနော် ‘’ ဒီနှစ် အတွက် တုပ်ကွေး ကာကွယ်ဆေး ထိုးပြီးပြီ လား ‘’

Vaxigriptetra 2025
Price - 65000 ks
3 ဦးနှင့် အထက် ထိုးနှံ သူတိုင်းအတွက် - 63000 ks

Booking ရယူလိုသူများ အတွက်

ဖြိုးဆေးခန်း
0943020455
သဃ်န်းကျွန်း မြို့နယ်



#ခေတ်မှိလိုသူတိုင်း #တုပ်ကွေးကာကွယ်ဆေး #ထိုးပြီးကြပြီနော်

  tetra 2025 💉တဦးလျှင် - 65000 ks 🎁 ၃ ဦးနှင့်အထက် - 63000 ks (😲 😳 😳)တုပ်ကွေးကာကွယ်ဆေးရဲ့ 99% feedback ကောင်းများနဲ့ အတူ ...
24/06/2025

tetra 2025

💉တဦးလျှင် - 65000 ks
🎁 ၃ ဦးနှင့်အထက် - 63000 ks (😲 😳 😳)

တုပ်ကွေးကာကွယ်ဆေးရဲ့ 99% feedback ကောင်းများနဲ့ အတူ ရှိနေတဲ့ 💯 အာမခံချက်အပြည့်နဲ့ ကာကွယ်ဆေး များ ကို ယုံကြည် စိတ်ချစွာ ထိုးနှံ နိုင်ပြီ။ ဖြစ်ကြောင်း သတင်းကောင်း လေး ပါးပါရစေရှင့် ..... ✅✅✅

*** ဈေးနှုန်း အားဖြင့်လည်း သင့်တင့်တာ မို့ ယုံယုံကြည်ကြည် ထိုးနှံထား ကြဖို့ တိုက်တွန်း လိုက်ပါရစေ။ ****

#အိမ်အရောက်ဝန်ဆောင်မှုများလည်း ရှိတာမို့ မြန်မြန်လေး HELLO !!! လုပ် လိုက်တော့နော်။

ဖြိုးဆေးခန်း
သဃ်န်းကျွန်း မြို့နယ်
09 430 20455

#တုပ်ကွေးကာကွယ်ဆေး

Best choice Preschool မှ ချစ်စရာ သားသားမီးမီးလေးများ အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခဲ့ ပါပြီ။ ဘယ်လောက်တောင် ချစ်ဖို့...
23/06/2025

Best choice Preschool မှ ချစ်စရာ သားသားမီးမီးလေးများ အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခဲ့ ပါပြီ။ ဘယ်လောက်တောင် ချစ်ဖို့ ကောင်းကြလဲ ပုံလေးတေ သာကြည့်တော့ 🥰🥰🥰

တုပ်ကွေးကာကွယ်ဆေး ထိုးနှံလိုသော #မူကြို #ကျောင်းများ #စာသင်ကျောင်းများ အနေ ဖြင့် လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

တကြိမ်ထိုးနှံလျှင် - 65000 ks
ဆယ်ဦးနှင့် အထက် ထိုးနှံလျှင် - 59000 ks
****Special Discount ****

#စက်ရုံ၊ #အလုပ်ရုံများ #ကုမ္ပဏီများ ဖြစ်စေရင် အထူး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

  Nirmatrevir 150 mg Rotonavir 100 mg Price 490,000 ks Limited stock only ✅✅✅ကိုဗစ်ရောဂါ ကူးစက်ခံရပီး အောက်ဆီဂျင်ကျသော  ...
08/06/2025


Nirmatrevir 150 mg
Rotonavir 100 mg

Price 490,000 ks
Limited stock only ✅✅✅
ကိုဗစ်ရောဂါ ကူးစက်ခံရပီး အောက်ဆီဂျင်ကျသော အခြေအနေများ၊ သက်ကြီးရွယ်အို ဖိုးဖိုး ဖွားဖွား များ၊ ရောဂါအခံ ရှိသူများ ဆရာဝန် ညွှန်ကြားချကိ အတိုင်း သောက်သုံး ရန် အထူးသင့်လျှော် ပါသည်။

Address

Kyaung Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943020455

Website

Alerts

Be the first to know and let us send you an email when ဖြိုးဆေးခန်း - Phyo Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဖြိုးဆေးခန်း - Phyo Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category