Shwe Gingah - ရွှေဂင်္ဂါ အိန္ဒိယဆေးရုံများသို့ ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Shwe Gingah - ရွှေဂင်္ဂါ အိန္ဒိယဆေးရုံများသို့ ကျန်းမာရေးဝန်ဆောင်မှု

Shwe Gingah - ရွှေဂင်္ဂါ အိန္ဒိယဆေးရုံများသို့ ကျန်းမာရေးဝန်ဆောင်မှု အိန္ဒိယနိုင်ငံသို့ ကုန်ကျစရိတ်မှန်ကန်စွာဖြင့် အကောင်းဆုံး ဆေးကုသနိုင်ရန်အတွက် ဆက်သွယ်လိုက်ပါ။

 #ကျောက်ကပ်အစားထိုးကုသလိုသူများအတွက်_သတင်းကောင်း 🎉အိန္ဒိယနိုင်ငံရှိ Max Hospital India Delhi,Saket မှ - ဆီးနှင့်ကျောက်ကပ...
13/07/2024

#ကျောက်ကပ်အစားထိုးကုသလိုသူများအတွက်_သတင်းကောင်း 🎉

အိန္ဒိယနိုင်ငံရှိ Max Hospital India Delhi,Saket မှ - ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး -

✅- Dr. Anant Kumar -✅
(Chairman - Urology,Renal Transplant,Robotics & Uro-Oncology)

ရန်ကုန်သို့ လာရောက်ဆွေးနွေးဟောပြောမည်ဖြစ်ပါ၍ ကုသမှုခံယူခဲ့သည့် လူနာဟောင်းနှင့် ကုသရန်ကြိုးပမ်းလျက်ရှိသည့် လူနာသစ်များ မည်သူမဆို "အခမဲ့" စာရင်းသွင်းတတ်ရောက်နိုင်ပါသည်။

အိန္ဒိယကို ကျောက်ကပ်အစားထိုးကုသရန်ဖြစ်ဖြစ် ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသမှုလိုအပ်နေသည်ဖြစ်ဖြစ် သွားရောက်လိုသူများအတွက် ဆေးကုသမှုမခံယူမှီ လိုအပ်တာတွေ သိရှိလိုတာတွေကို ဆရာဝန်ကြီးနဲ့အနီးကပ် "အခမဲ့" ဆွေးနွေးခွင့်ရမှာဖြစ်တဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

(လူနာသစ်များအနေဖြင့် မိမိသွေးစစ်မှတ်တမ်း/သွေးအဖြေများ၊လူနာဟောင်းများအနေဖြင့် ဆေးရုံဆင်း Discharge Summary နှင့် သွေးအဖြေ များယူလာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)

ရန်ကုန်မြို့တွင် -
✅နေ့ရက် - (20.7.2024)စနေနေ့
✅နေရာ - "Park Royal Hotel"
✅အချိန် - နံနက် 11 နာရီမှ နေ့လည် 1 နာရီထိ

ဆက်သွယ်စာရင်းပေးသွင်းရန် -

✅ဖုန်း - 09 692 367 697
(Viber/Whatsapp) မှပေးနိုင်
- 09 400 783 478

(သို့မဟုတ်)

✅ "Page Chat Box" မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

Max HealthCare - Care For Life




#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#ကျန်းမာရေးဆွေးနွေးပွဲ

 #အခမဲ့တတ်ရောက်ခွင့်ရမည့်_ကျန်းမာရေးနှီးနှောဖလှယ်ပွဲ 🎉အိန္ဒိယနိုင်ငံ၏ Max Super Speciality Hospitals India,Delhi Saket မ...
04/05/2024

#အခမဲ့တတ်ရောက်ခွင့်ရမည့်_ကျန်းမာရေးနှီးနှောဖလှယ်ပွဲ 🎉

အိန္ဒိယနိုင်ငံ၏ Max Super Speciality Hospitals India,Delhi Saket မှ ထူးချွန် ဝါရင့်ဆရာကြီးများကိုယ်တိုင် ​ဟောပြောမည့် ကျန်းမာရေးဆွေးနွေးပွဲအား လာမည့် မေလ (၁၁) နှင့် (၁၂)ရက်နေ့များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသည့် မည်သူမဆို "အခမဲ့" စာရင်းသွင်းတတ်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

Max Super Speciality Hospitals India,Delhi Saket တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် -

👨🏼‍⚕️Dr. Asit Arora

(Associate Director -GI Surgical Oncology)

Max super speciality Hospital ,Saket.

Max Institute of cancer care, Lajpal Naga.

MBBS, Kasturba Medical College, Bangalore,

MS (General Surgery).SMS Medical College, Jaipur,2007

M.Ch. (Surgical Gastroenterology),G.B .Pant,New Delhi , 2012

ကင်ဆာခွဲစိတ်ဆရာကြီး 👨🏼‍⚕️Dr .Asit Arora သည်Max Hospital Delhi Saket ဆေးရုံကြီးတွင်ကင်ဆာပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများဖြစ်သည့် -

🍃ရင်သားကင်ဆာ

🍃အစာအိမ်အူလမ်းကြောင်းကင်ဆာ

🍃သည်းခြေကျောက်ကင်ဆာ

🍃ဦးနှောက်ပိုင်းဆိုင်ရာကင်ဆာ

🍃ပန်ကရိယာကင်ဆာ

🍃ကင်ဆာရောဂါအမျိုးမျိုးကို

အောင်မြင်စွာခွဲစိတ်ကုသပေးနေသောဆရာကြီးဖြစ်ပါသည်။

*********

👨🏼‍⚕️Dr.Kulbhushan S Dagar

M.Ch.(Cardio -Thoracic and Vascular Surgery )

M.S (General Surgery), infants and children with

congenital heart defects ဆရာကြီးသည် India နိုင်ငံဆေးရုံကြီးများတွင်မွေးရာပါနှလုံးအပေါက်ပါ
🧒ကလေးငယ်များကိုကုသလျှက်ရှိရာ 2024 ထိတိုင် 40 နှစ်

အတွေ့အကြုံရှိဆရာကြီးဖြစ်ပြီးယခုလက်ရှိ 🏥Max hospital

🇮🇳Delhi Saket hospital ကြီးတွင် မြန်မာနိုင်ငံမှလူနာပေါင်း

200+ ကလေးငယ်လေးများကိုအောင်မြင်စွာခွဲစိတ်ကုသ

အောင်မြင်မှုရရှိထားသောဆရာကြီးဖြစ်ပါသည်။

🏥Max hospital Saket Delhi ဆေးရုံကြီးဆရာကြီးတွင်ကုသနိုင်သောရောဂါများမှာ…….

🍃မိခင်ကလေးကိုယ်ဝန်ဆောင်နေချိန်ကလေးငယ်တွင်မွေးရာပါနှလုံးအပေါက်ပါမပါကို 4D technology နည်းပညာဖြင့် စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။

ကလေးမွေးခြင်း။

ကုသရသောကလေးငယ်များကိုမွေးမွေးပြီးခြင်းခွဲစိတ်ကုသမှုပြုလုပ်ရပါတယ်။

🍃ကလေးငယ်တွင်မွေးရာပါ congenital Down Syndrome

🍃 နှလုံးသွေးဝင်ခန်း နံရံ အပေါက်ပါခြင်း (𝐀𝐒𝐃)

🍃 နှလုံးသွေးလွှတ်ခန်း အပေါက်ပါခြင်း (𝐕𝐒𝐃)

🍃 အဆုတ်သို့သွားသော နှလုံး သွေးကြောကျဥ်းရောဂါ (𝐏𝐒)

🍃 နှလုံးသွေးကြောမကြီး ကျဥ်းရောဂါ
(𝐂𝐨𝐚𝐫𝐜𝐭𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐚𝐨𝐫𝐭𝐚)

🍃 နှလုံးအပေါက်ပါခြင်း နှင့် သွေးကြောကျဥ်း
တပြိုင်နက် ဖြစ်ပေါ်နေသော ရောဂါ (𝐓𝐎𝐅)

🍃 နှလုံးသွေးကြော အပိုပါ ရောဂါ (𝐏𝐃𝐀) တို့ပဲ ဖြစ်ပါတယ်။

🍃TOF primary repair(total correction)

🍃VSD closure

🍃BT shunt

🍃ASD closure

🍃AVSD repair

🍃TAPVR repair

🍃Glenn shunt

🍃AP window repair

🍃Bilateral PA banding

🍃PDA ligatin

အဆိုပါ Health Talk Event လေးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်ပါအစီစဥ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။

ရန်ကုန်မြို့တွင် -
✅နေ့ရက် - (12.5.2024)တနင်္ဂနွေနေ့
✅နေရာ - "Park Royal Hotel"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 1 နာရီထိ

မန္တလေးမြို့တွင် -
✅နေ့ရက် - (11.5.2024)စနေနေ့
✅နေရာ - "Great Wall Hotel"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 12 နာရီထိ

ဟောပြောပွဲသို့ စိတ်ပါဝင်စားသည့် မည်သူမဆို ကျွန်တော်တို့ ရွှေဂင်္ဂါသို့ "အခမဲ့" စာရင်းသွင်းပြီး တတ်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatapp)
- 09 400 783 478

(viber/whatsapp တို့မှလဲ စာရင်းပေးသွင်းလို့ရပါတယ်)

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#အခမဲ့_ကျန်းမာရေးဟောပြောပွဲ

ကျောက်ကပ်အစားထိုးကုသရန် သွားရောက်ခြင်း ခရီးစဥ်။(29.11.2023)ရွှေဂင်္ဂါဖြင့် ချိတ်ဆက်၍ ကျောက်ကပ်အစားထိုးကုသမှုခံယူမည့် Cli...
29/11/2023

ကျောက်ကပ်အစားထိုးကုသရန် သွားရောက်ခြင်း ခရီးစဥ်။

(29.11.2023)

ရွှေဂင်္ဂါဖြင့် ချိတ်ဆက်၍ ကျောက်ကပ်အစားထိုးကုသမှုခံယူမည့် Client လူနာအဖွဲ့အား MAI လေယာဥ်ကြောင်းဖြင့် အဆင်ပြေချောမွေ့စွာသွားရောက်နိုင်စေရန် လေဆိပ်သို့အရောက် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

မြန်မာပြည်ဘက်ခြမ်း ကိစ္စရပ်များဖြစ်သည့် -

✅ လူနာနှင့် အလှူရှင် အစားထိုးရန်အတွက် အရေးပါသည့် ဆေးပညာပိုင်းဆိုင်ရာ စီစစ်ဆောင်ရွက်ပေးမှု။

✅ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ လိုက်ပါဆောင်ရွက်ပေးမှု။

✅ စာရွက်စာတမ်းနှင့် လေယာဥ်လက်မှတ် စီစဥ်ဆောင်ရွက်ပေးမှု။

အစရှိသည့် ကိစ္စအဝဝအား ကျွန်တော်တို့ team မှ အချိန်တိုအတွင်း လျင်မြန်စွာ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

(အစားထိုးကုသမှု အောင်မြင်စွာပြီးစီး၍ အမြန်ဆုံးပြည်တော်ပြန်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏)

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း

ပြီးခဲ့သည့် နိုဝင်ဘာလ (၄)ရက်နှင့်(၅)ရက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အသီးသီး အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် Max H...
06/11/2023

ပြီးခဲ့သည့် နိုဝင်ဘာလ (၄)ရက်နှင့်(၅)ရက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အသီးသီး အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် Max Hospital,Delhi,Saket မှ ဝါရင့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး၏ "အခမဲ့" ကျန်းမာရေးဆွေးနွေးပွဲမှ ပုံရိပ်များအား ဖော်ပြပေးလိုက်ရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးပြီး India နိုင်ငံသို့ သွားရောက် အစားထိုးကုသလိုပါက ရွှေဂင်္ဂါတွင် အချိန်မရွေးဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#ကျန်းမာရေးဆွေးနွေးဟောပြောပွဲ

 #ကျောက်ကပ်ကျန်းမာရေးဆွေးနွေးပွဲတတ်ရောက်ရင်း_သွေးအားဖြည့်ဆေး_အခမဲ့ရယူပါ လာမည့် နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်နှင့်မန္တလေ...
01/11/2023

#ကျောက်ကပ်ကျန်းမာရေးဆွေးနွေးပွဲတတ်ရောက်ရင်း_သွေးအားဖြည့်ဆေး_အခမဲ့ရယူပါ

လာမည့် နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်နှင့်မန္တလေးမြို့တို့၌ ပြုလုပ်မည့် ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်ကြီး၏ ကျန်းမာရေးဆွေးနွေးပွဲ၌ ပထမဆုံး စာရင်းပေးတတ်ရောက်သူ ကျောက်ကပ်ဆေးနေရသည့် လူနာ အယောက် (၂၀) အား သွေးအားဖြည့်ဆေး - ✅ Renocel 4000 IU ✅ အချောင်း (၂၀) တိတိကို တချောင်းစီနှုန်းဖြင့် မေတ္တာလက်ဆောင်အဖြစ် အခမဲ့ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။

(ရန်ကုန်ပွဲတတ်လူနာ (၁၀)ဦးနှင့် မန္တလေးပွဲတတ်လူနာ (၁၀)ဦး စုစုပေါင်း အယောက် (၂၀) စာ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။)

ဆီးနှင့်ကျောက်ကပ်ရောဂါများအား ဆရာဝန်ကြီးနှင့် အနီးကပ်ဆွေးနွေးပြီး သွေးအားဖြည့်ဆေး မေတ္တာလက်ဆောင်အား လာရောက်ရယူဖို့ ယခုပဲ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ....

----------------------

ပွဲအစီအစဥ်နှင့် ဆက်သွယ်စာရင်းပေးရန်။

အိန္ဒိယနိုင်ငံရှိ Max Hospital India Delhi,Saket မှ - ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး -

✅- Dr. Anant Kumar -✅
(Chairman - Urology,Renal Transplant,Robotics & Uro-Oncology)

ရန်ကုန်နှင့်မန္တလေးမြို့များသို့ လာရောက်ဆွေးနွေးဟောပြောမည်ဖြစ်ပါ၍ မည်သည့်ဆေးရုံတွင်မဆို ကုသမှုခံယူခဲ့သည့် လူနာဟောင်းနှင့် လူနာသစ်များ မည်သူမဆို "အခမဲ့" စာရင်းသွင်းတတ်ရောက်နိုင်ပါသည်။

အိန္ဒိယကို ကျောက်ကပ်အစားထိုးကုသဖို့ သွားရောက်လိုသူများအတွက် ဆေးကုသမှုမခံယူမှီ လိုအပ်တာတွေ ကိုယ်သိရှိလိုတာတွေကို ဆရာဝန်ကြီးနဲ့အနီးကပ် ဆွေးနွေးခွင့်ရမှာဖြစ်တဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

ရန်ကုန်မြို့တွင် -
✅နေ့ရက် - (4.11.2023)စနေနေ့
✅နေရာ - "Vintage Luxury Yacht"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 12 နာရီထိ

မန္တလေးမြို့တွင် -
✅နေ့ရက် - (5.11.2023)တနင်္ဂနွေနေ့
✅နေရာ - "Hotel Queen"
✅အချိန် - နံနက် 10 နာရီမှ နေ့လည် 12 နာရီထိ

ဆက်သွယ်စာရင်းပေးသွင်းရန် -

✅ဖုန်း - 09692367697
09400783478

************

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#ကျန်းမာရေးဆွေးနွေးပွဲ

ကျောက်ကပ်အစားထိုးကုသမှု ခံယူမည့် လူနာရှင်နှင့်အတူ အစားထိုးကုသရာတွင် အရေးပါသည့် အလှူရှင်နှင့်လူနာ သွေးနှောစစ်ဆေးမှု HLA C...
03/10/2023

ကျောက်ကပ်အစားထိုးကုသမှု ခံယူမည့် လူနာရှင်နှင့်အတူ အစားထိုးကုသရာတွင် အရေးပါသည့် အလှူရှင်နှင့်လူနာ သွေးနှောစစ်ဆေးမှု HLA CDC Crossmatch Test စစ်ဆေးရာတွင် ကျွန်တော်တို့ team မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

***********

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း

𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 - ကမ္ဘာ့နှလုံးကျန်းမာရေးနေ့။ စက်တင်ဘာလ (၂၉)ရက်နေ့ဟာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ နေ့တနေ့...
29/09/2023

𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗮𝗿𝘁 𝗗𝗮𝘆 - ကမ္ဘာ့နှလုံးကျန်းမာရေးနေ့။

စက်တင်ဘာလ (၂၉)ရက်နေ့ဟာ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အဖြစ် သတ်မှတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။

❤"USE HEART, KNOW HEART"❤

ကျန်းမာသန်စွမ်းသောနှလုံးအတွက် ဂရုစိုက်လိုက်နာသင့်သည့်အချက်များ။

- ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
- ဆားနှင့် အငံလွန်သော အစားအစာများစားခြင်းမှ ရှောင်ကျဉ်ပါ။
- ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး အမြဲလန်းဆန်းတက်ကြွစွာနေပါ။
- အရက်အလွန်အကျွံ သောက်ခြင်းကို လျော့ချပါ။
- သွေးခုန်နှုန်း တိုင်းတာခြင်း၊ သွေးတွင်းရှိ သကြားဓာတ် စစ်ဆေးခြင်း၊ သွေးတွင်း အဆီပမာဏ စစ်ဆေးခြင်း စသည့်အခြေခံတိုင်းတာစစ်ဆေးခြင်းများကို အမြဲ ပြုလုပ်ပါ။
- စိတ်ဖိစီးမှုများခြင်းအား လျော့ချပါ။
- မိသားစုအတွင်း နှလုံးကျန်မာရေးစစ်ဆေးခြင်းကို အမြဲပြုလုပ်ပါ။
- ကျန်မာသန်စွမ်းသော ခန္ဓာကိုယ်အလေးချိန် ကို ထိန်းထားပါ။

"ကိုယ့်နှလုံးကျန်းမာရေးကိုသိအောင်ကြိုးစားပါ ကာကွယ်ကုသပါ"

(Credit)


 #အခမဲ့တတ်ရောက်ခွင့်ရမည့်_ကျန်းမာရေးဟောပြောပွဲ 🎉အိန္ဒိယနိုင်ငံ၏ Max Super Speciality Hospitals India,Delhi Saket မှ ထူးခ...
26/09/2023

#အခမဲ့တတ်ရောက်ခွင့်ရမည့်_ကျန်းမာရေးဟောပြောပွဲ 🎉

အိန္ဒိယနိုင်ငံ၏ Max Super Speciality Hospitals India,Delhi Saket မှ ထူးချွန် ဝါရင့်ဆရာကြီးများကိုယ်တိုင် ​ဟောပြောမည့် ကျန်းမာရေးဆွေးနွေးပွဲအား လာမည့် အောက်တိုဘာလ (၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ "Park Royal Hotel" ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသည့် မည်သူမဆို "အခမဲ့" စာရင်းသွင်းတတ်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

Max Super Speciality Hospitals India,Delhi Saket တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် -

✅ - Dr. Rayaz Ahmed -
Director of Hematology & Bone Marrow Transplant
(သွေးကင်ဆာနှင့်ရိုးတွင်းခြင်ဆီ အစားထိုးအထူးကုဆရာဝန်ကြီး)

✅ - Dr. Kulbhushan Singh Dagar -
Principal Director of Chief Surgeon & Head - Neonatal & Congenital Heart Surgery
(ကလေးမွေးရာပါ နှလုံးအပေါက် ခွဲစိတ်ဆရာဝန်ကြီး) တို့မှ ဆွေးနွေးဟောပြောပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ Health Talk Event လေးကို ရန်ကုန်မြို့တွင် အောက်ပါအစီစဥ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။

✅ နေ့ရက် - ၈.၁၀.၂၀၂၃(တနင်္ဂနွေနေ့)
✅ အချိန် - နေ့လည် (၁၁)နာရီမှ (၃)နာရီ
✅ နေရာ - "Park Royal Hotel" အမှတ် (၃၃)၊အလံပြဘုရားလမ်း၊ဒဂုံမြို့နယ်၊ရန်ကုန်မြို့။

ဟောပြောပွဲသို့ စိတ်ပါဝင်စားသည့် မည်သူမဆို ကျွန်တော်တို့ ရွှေဂင်္ဂါသို့ "အခမဲ့" စာရင်းသွင်းပြီး တတ်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

✅ Ph - 09 692 367 697
- 09 400 783 478

(viber/whatsapp တို့မှလဲ စာရင်းပေးသွင်းလို့ရပါတယ်)

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#အခမဲ့_ကျန်းမာရေးဟောပြောပွဲ

ကျောက်ကပ်ရောဂါရှင်တွေ လိုက်နာသင့်တဲ့ စားသောက်နည်းပုံစံ (𝐑𝐞𝐧𝐚𝐥 𝐝𝐢𝐞𝐭) ကျောက်ကပ်မကောင်းသူ၊ ကျောက်ကပ်အားနည်းသူတွေနဲ့ နာတာရှည...
23/09/2023

ကျောက်ကပ်ရောဂါရှင်တွေ လိုက်နာသင့်တဲ့ စားသောက်နည်းပုံစံ (𝐑𝐞𝐧𝐚𝐥 𝐝𝐢𝐞𝐭)

ကျောက်ကပ်မကောင်းသူ၊ ကျောက်ကပ်အားနည်းသူတွေနဲ့ နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသူတွေမှာ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေက ပုံမှန်မဟုတ်ဘဲ လျော့နည်းနေပါတယ်။ ဒီလိုအချိန်မှာ ကျောက်ကပ်က ပုံမှန်စွန့်ထုတ်ပေးရမယ့် အရာတွေ၊ သွေးထဲက အညစ်အကြေးတွေကို မစွန့်ထုတ်နိုင်တော့တဲ့အတွက် သွေးထဲမှာ စုပုံလာကြပါတယ်။ အဲ့ဒီလိုအရာတွေ စုပုံလာခြင်းဟာ ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေကနေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်နေတာမို့လို့ ကျောက်ကပ်သမားတွေမှာ အစားအစာဟာ အလွန်ဂရုစိုက်ရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါရှင်တွေ လိုက်နာသင့်တဲ့ စားသောက်နည်းပုံစံ (Renal diet) ဆိုတာကတော့ အကြမ်းအားဖြင့် ဆိုဒီယမ်/ဆားဓာတ် (Sodium)၊ ဖော့စဖရပ်စ် (Phosphorous)၊ နှင့် အသားဓာတ် (Protein) တို့ နည်းပါးစွာပါဝင်တဲ့ စားသောက်နည်းပုံစံပဲ ဖြစ်ပါတယ်။ အရည်ဓာတ်တွေကိုလည်း အကန့်အသတ်နဲ့သာ သောက်သုံးရပါမယ်။ အချို့လူနာများမှာဆိုရင် ပိုတက်စီယမ် (Potassium) နှင့် ကယ်လ်စီယမ် (Calcium) ဓာတ်တို့ကိုပါ ကန့်သတ်လိုက်ရတာမျိုးလည်း ရှိပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အခြေအနေတွေ မတူညီကြတာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် (သို့) အာဟာရပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ယခု Post မှာ Renal diet စားသောက်နည်းပုံစံမှ အရေးပါသောအချက်များကို အကျဉ်းချုပ် ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဆိုဒီယမ်/ဆားဓာတ် (𝗦𝗼𝗱𝗶𝘂𝗺)
-------------------------------
ကျောက်ကပ်မကောင်းသူတွေဟာ ခန္ဓာကိုယ်က ပိုလျှံနေတဲ့ ဆိုဒီယမ်နဲ့ ရေဓာတ်တွေကို ကောင်းကောင်း မစွန့်ထုတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နဲ့ ရေဓာတ်တွေ များလာမယ်ဆိုရင် ရေငတ်တာ၊ ဖောရောင်တာ၊ သွေးတိုးတာ၊ နှလုံးအားနည်းတာနဲ့ မောတာတွေကို ဖြစ်စေနိုင်ပါတယ်။ အစားအစာမှာ ဆိုဒီယမ်ပါဝင်မှုကို လျှော့ချဖို့အတွက် ဆားနဲ့ ငန်တဲ့အစားအစာတွေ လျှော့စားပါ။ တာရှည်အထားခံအောင် ပြုလုပ်ထားတဲ့ အသား၊ ငါး၊ ဝက်/ကြက်အူချောင်း၊ အသီးအရွက်ဆားရည်စိမ် စတာတွေ ရှောင်ပါ။ အပြင်စာမစားဘဲ ဆားပါဝင်မှုနည်းအောင်စီမံပြီး အိမ်မှာချက်ထားတဲ့ အစာများကို စားပါ။ အချိုမှုန့် (MSG)၊ မုန့်ဖုတ်ဆိုဒါ စတာတွေလည်း ရှောင်ပါ။ အစားအစာတွေမှာ ဖော်ပြထားတဲ့ အာဟာရပါဝင်မှု အချက်အလက်များ (Nutrition facts) များကို ဖတ်ရှုပြီး တွက်ချက်စားသောက်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ထမင်းတစ်ခါစားလျှင် ဆိုဒီယမ် ၄၀၀ မီလီဂရမ်နှင့် အဆာပြေမုန့် တစ်ခါစား ဆိုဒီယမ် ၁၅၀ မီလီဂရမ်ထက် ပိုမစားရပါ။

(၂) ပိုတက်စီယမ် (𝗣𝗼𝘁𝗮𝘀𝘀𝗶𝘂𝗺)
-----------------------------
ကျောက်ကပ်မကောင်းသူတွေဟာ ဆိုဒီယမ်နည်းတူ ပိုတက်စီယမ်ကိုလည်း ခန္ဓာကိုယ်ကနေ ပုံမှန်မစွန့်ထုတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် ကျောက်ကပ်မကောင်းသူတွေမှာ ပိုတက်စီယမ်ဓာတ်တွေလည်း စုပုံများပြားလာတတ်ပါတယ်။ ထိုအခါ ကြွက်သားအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးခုန်နှုန်းနှေးခြင်း၊ နှလုံးဖောက်ခြင်း (Heart attack) တို့ဖြစ်လာနိုင်လို့ အသက်အန္တရာယ်အထိ စိုးရိမ်ရတတ်ပါတယ်။ ဒါကြောင့် ပိုတက်စီယမ် မများလာအောင် အစားအသောက်ကို သတိထားရပါမယ်။ ပိုတက်စီယမ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ ငှက်ပျောသီး၊ အာလူး၊ ထောပတ်သီး၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ မှို၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ပဲ၊ လိမ္မော်/ရှောက်/သံပရာမျိုးဝင် အသီးများ၊ သရက်သီး၊ အုန်းရည်၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့အဆံများနှင့် ချောကလက်တို့ကို သတိထားစားသောက်ရပါမယ်။ လိုအပ်လျှင် ရှောင်ကြဉ်ရပါမယ်။ ဆီးချိုသမားတွေစားတဲ့ ဆန်လုံးညိုနဲ့ ဂျုံကြမ်းပေါင်မုန့်တွေ၊ သွေမတိုးစေဘူးလို့ ကြေငြာတဲ့ ဆားအစားထိုး ဆားတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အစားအသောက်မှာဝင်တဲ့ ပိုတက်စီယမ်ပမာဏကို တစ်နေ့လျှင် ၁၅၀၀ မီလီဂရမ် မှ ၂၅၀၀ မီလီဂရမ် အကြားသာ စားသောက်ပါ။

(၃) ဖော့စဖရပ်စ် (𝗣𝗵𝗼𝘀𝗽𝗵𝗼𝗿𝗼𝘂𝘀)
--------------------------------
ကျောက်ကပ်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဖော့စဖရပ်စ်ဓာတ်တွေ များလာမယ်ဆိုရင် အဆိုပါ ဖော့စဖရပ်စ်တွေက အရိုးအတွင်းမှာရှိတဲ့ ကယ်လ်စီယမ်ကို သွေးထဲကို ဆွဲထုတ်ပါတယ်။ အရိုးထဲမှာ ကယ်လ်စီယမ်နည်းလာရင် အရိုးသန်မာမှု နည်းလာပါမယ်။ တစ်ချိန်ထဲမှာပဲ သွေးထဲမှာများလာတဲ့ ကယ်လ်စီယမ်တွေက နှလုံး၊ သွေးကြော၊ အဆုတ် နဲ့ မျက်လုံးတို့မှာ သွားရောက်စုပုံနိုင်ပါတယ်။ ဒါ့ကြောင့် ဖော့စဖရပ်စ်များတဲ့ အစားအစာတွေဖြစ်တဲ့ အနီရောင်အသား၊ အသည်း၊ ပင်လယ်စာ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲ၊ အစေ့အဆံတွေ၊ ဆီသွတ်ဘူးတွေ၊ ကိုလာအချိုရည်၊ ချောကလက်၊ ကွေကာအုတ်နဲ့ အမြန်ပြင်အစားအစာ (Fast food) တွေကို ရှောင်သင့်ပါတယ်။

(၄) အသားဓာတ် (𝗣𝗿𝗼𝘁𝗲𝗶𝗻)
--------------------------
အမှန်တော့ အသားဓာတ်က ကျောက်ကပ်အတွက် ပြဿနာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းမှာ အသားဓာတ်ကတစ်ဆင့် ထွက်လာတဲ့ အညစ်အကြေးတွေကသာ ပြဿနာဖြစ်စေတာပါ။ သူတို့ကို ကျောက်ကပ်က ကောင်းကောင်းမစွန့်ထုတ်ပေးနိုင်ချိန်မှာ ခန္ဓာကိုယ်အတွင်း စုပုံလာပါတော့တယ်။ ဒါပေမဲ့ ကျောက်ကပ်မကောင်းလို့ အသားဓာတ် လျှော့စားကြပါလို့ပြောရတာ အင်မတန်မှ ခက်ခဲလှပါတယ်။ အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စားသောက်မှုပုံစံအရ အစကတည်းက အသားစားနည်းကြပါတယ်။ နောက်ပြီး အသားဓာတ် လျှော့စားရာမှာလည်း ကျောက်ကပ်ပျက်စီးမှု အဆင့်ပေါ်မှာ မူတည်နေတာမို့လို့ တတ်ကျွမ်းနားလည်တဲ့ ကျောက်ကပ်အထူးကု (သို့) အာဟာရပညာရှင်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၅) အရည်ဓာတ် (𝗙𝗹𝘂𝗶𝗱𝘀)
-----------------------
အရည်ဓာတ် ထိန်းချုပ်ခြင်းဟာ နာတာရှည် ကျောက်ကပ်ပျက်စီးသူတွေနဲ့ ကျောက်ကပ်ရောဂါ အဆင့်မြင့်သူတွေအတွက် အလွန်အရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါမှာ ဆီးနည်းပြီး ရေဓာတ်စွန့်ထုတ်မှု မလုံလောက်တာကြောင့် အရည်တွေ အများကြီးသောက်လိုက်ရင် ခန္ဓာကိုယ်အတွင်း အရည်ဓာတ်များလာပြီး နှလုံးနဲ့ အဆုတ်တို့ကို ဝန်ပိစေပါတယ်။ ရေဓာတ်များလာရင် ဖောရောင်ခြင်း၊ မောခြင်းနဲ့ သွေးတိုးခြင်းစတဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လောက်အထိ သောက်သုံးနိုင်တယ် ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ ဆီးသွားတဲ့ပမာဏ၊ ခန္ဓာကိုယ်အလေးချိန်၊ ရောဂါအနေအထားနဲ့ ခံယူနေရတဲ့ကုသမှု စတဲ့အချက်အလက်တွေပေါ် မူတည်ပြီး တွက်ချက်ရတာ ဖြစ်ပါတယ်။ သတိထားရမှာကတော့ ဆရာဝန်ညွှန်ကြားတဲ့ ပမာဏထက် ပိုမသောက်မိဖို့ အရေးကြီးပါတယ်။ သောက်သုံးတဲ့ပမာဏ တွက်ချက်ရာမှာ အစားအစာတွေမှာပါတဲ့ အရည်များကိုပါ ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

(Credit)

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးခြင်းအဆင့် CKD (stage 5) သို့ရောက်ရှိပြီး အစားထိုးကုသရန်လိုအပ်နေပါက ကျွန်တော်တို့ ရွှေဂင်္ဂါတွင် အစားထိုးကုသရန်အတွက် "အခမဲ့" ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

ကျောက်ကပ်ရောဂါအပြင် အခြားသောကျန်းမာရေးဆွေးနွေးမှုတွေပါ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Group အသစ်လေးကို Join(ဝင်ရောက်) ပေးကြပါဦးခင်ဗျာ။

Link -

https://www.facebook.com/groups/788456436107828/?ref=share_group_link

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း

ကျောက်ကပ်အစားထိုးကုသရန် သွားရောက်ခြင်း ခရီးစဥ်။(15.9.2023)ရွှေဂင်္ဂါဖြင့် ချိတ်ဆက်၍ ကျောက်ကပ်အစားထိုးကုသမှုခံယူမည့် Clie...
15/09/2023

ကျောက်ကပ်အစားထိုးကုသရန် သွားရောက်ခြင်း ခရီးစဥ်။

(15.9.2023)

ရွှေဂင်္ဂါဖြင့် ချိတ်ဆက်၍ ကျောက်ကပ်အစားထိုးကုသမှုခံယူမည့် Client လူနာအဖွဲ့အား MAI လေယာဥ်ကြောင်းဖြင့် အဆင်ပြေချောမွေ့စွာသွားရောက်နိုင်စေရန် လေဆိပ်သို့အရောက် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

မြန်မာပြည်ဘက်ခြမ်း ကိစ္စရပ်များဖြစ်သည့် -

✅ လူနာနှင့် အလှူရှင် အစားထိုးရန်အတွက် အရေးပါသည့် ဆေးပညာပိုင်းဆိုင်ရာ စီစစ်ဆောင်ရွက်ပေးမှု။

✅ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ လိုက်ပါဆောင်ရွက်ပေးမှု။

✅ စာရွက်စာတမ်းနှင့် လေယာဥ်လက်မှတ် စီစဥ်ဆောင်ရွက်ပေးမှု။

အစရှိသည့် ကိစ္စအဝဝအား ကျွန်တော်တို့ team မှ အချိန်တိုအတွင်း လျင်မြန်စွာ လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

(အစားထိုးကုသမှု အောင်မြင်စွာပြီးစီး၍ အမြန်ဆုံးပြည်တော်ပြန်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏)

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း

‼ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ‼ကျောက်ကပ်တွေက လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ကျောက်ကပ်က ကိုယ်...
01/09/2023

‼ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ‼

ကျောက်ကပ်တွေက လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ကျောက်ကပ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်လေးတွေကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်က မရပ်မနား ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးနေရင်း တစ်ခါတစ်လေမှာ ပိုးဝင်တာမျိုး ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ပိုးဝင်တာက အစပိုင်းမှာ လက္ခဏာ သိသိသာသာ မပြတာမျိုး ရှိနေနိုင်တာကြောင့် လက္ခဏာ ပြင်းထန်မှ သိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။

ဘာတွေကများ ကျောက်ကပ်ပိုးဝင် တာကို ဖြစ်စေတာလဲ!
ကျောက်ကပ်ပိုးဝင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတေသီတွေကတော့ ကျောက်ကပ်ပိုးဝင်တာက ဆီးလမ်းကြောင်းတစ်နေရာမှာ ပိုးဝင်ကူးစက်တာကြောင့်ပါတဲ့။ အစာဟောင်းအိမ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းထဲကို ဝင်လာတာကြောင့်လည်း ကျောက်ကပ်မှာ ပိုးဝင်ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။

တစ်ခါတလေမှာလည်း ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ ပိုးဝင်ပြီး ပိုးတွေက သွေးကနေတဆင့် ကျောက်ကပ်ကို ရောက်လာပြီး ကျောက်ကပ်ပိုးဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကတော့ -

ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲလာတာ။

ကျောက်ကပ် ပိုးဝင်တာ အပါအဝင် ကျောက်ကပ်ထိခိုက်တဲ့အခါ အရင်ဆုံး မြင်သာတဲ့ လက္ခဏာ တစ်ခုက ဆီးသွားတဲ့ အလေ့အထ ပြောင်းလဲသွားတာပါ။ မကြာခဏ ဆီးသွားတာမျိုး၊ ဆီးသွားတဲ့အခါ ဆီးနည်းသွားတာမျိုး၊ ဆီးသွားရ ခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

များသောအားဖြင့်ကတော့ ဆီးမှာ သွေးပါလာတာမျိုးကို တွေ့ရနိုင်ပါတယ်။ ဆီးသွားတဲ့အခါ ပူစပ်စပ် ခံစားရတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေမျိုး ဖြစ်လာပြီဆိုရင် လျစ်လျူရှုတာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ။

ဖောရောင်တာ။

ကျောက်ကပ်ရဲ့ တာဝန်က ခန္ဓာကိုယ်ရဲ့ စနစ်ထဲကနေ အညစ်အကြေးတွေကို ဖယ်ရှားပေးတာပါ။ ဒီလုပ်ငန်းစဉ်က ခရီးမတွင်တော့တဲ့အခါ ကိုယ်တွင်းမှာ အညစ်အကြေးတွေ စုပုံလာပြီး ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ရောင်ရမ်းမှုတွေကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေ နဲ့ ဝမ်းဗိုက်ပိုင်းလို နေရာမျိုးတွေမှာပါ။

ဒီလို ရောင်ရမ်းတာနဲ့အတူ ဗိုက်ထဲက အောင့်တာ၊ ကျောက်ကပ် ရှိတဲ့နေရာက နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရောင်ရမ်းတာနဲ့အတူ နာကျင်တာကို ခံစားရတာမျိုး ရှိမယ်ဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ပြသပေးပါ။

ဆီးနံ့ပြင်းလွန်းတာ။

ကျောက်ကပ်ပိုးဝင်တဲ့အခါ အညစ်အကြေးတွေ၊ ပြည်တွေက ဆီးနဲ့ အတူပါလာပြီး ဆီးနံ့ဆိုးလွန်းတာ ဖြစ်တတ်ပါတယ်။ ဆီးက သာမန်အနံ့မဟုတ်ဘဲ သတိထားမိလောက်အောင် အနံ့ပြင်းနေရင်၊ ဆီးအရောင်ကလည်း နောက်နေရင် ကျောက်ကပ်ပိုးဝင်တာကို သတိထားသင့်ပါတယ်။

ခါးနာတာ။

အကြောင်းအရင်း ရေရေရာရာမရှိဘဲ ခါးနာတာ အထူးသဖြင့် ခါးဘေးဘက်ခြမ်းက အောင့်နေတာမျိုး ခံစားနေရတာက ကျောက်ကပ် ပိုးဝင်နေတာပါ။

ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်ဆောင်နိုင်တော့ဘူးဆိုရင် အဆစ်တွေ တောင့်တင်း နာကျင်လာနိုင်ပါတယ်။ အရည်တွေစုပုံနေတာကလည်း ဝန်ပိစေပြီး ခါးနာတာကို ပိုဆိုးစေနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာ ဆိုရင်တော့ ဗိုက်အောက်ဖက်နားကပါ အောင့်တာမျိုး ခံစားရနိုင်ပါတယ်။ ဗိုက်ထဲက တဆစ်ဆစ် နာကျင်နေတယ်ဆိုရင်တော့ ချက်ချင်း ကုသမှု ခံယူဖို့ လိုမှာပါ။

ခြေကုန်လက်ပမ်းကျတာ။

ကျောက်ကပ်က အလုပ်တွေ ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင်တော့ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာပြီး ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ကိုယ်ထဲမှာ အဆိပ်အတောက်တွေ များလာလေလေ လူက ခြေကုန်လက်ပမ်း ကျလာလေလေပါ။ ဒါကြောင့် ကိုယ်ထဲမှာ အားမရှိသလို ခံစားနေရပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့ ပြောချင်ပါတယ်။

အသားတွေ ယားတာ။

ကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေတာက အသားယားတာကို ဖြစ်စေနိုင်ပါတယ်။ အရေပြားမှာ ပြင်းထန်တဲ့ ယားယံမှုကို ခံစားနေရပြီ။ ဒီလို အသားယားတာကလည်း ရုတ်တရက်ကြီး ဖြစ်လာမယ်ဆိုရင်တော့ ကျောက်ကပ်ကို ထိခိုက်မှု ရှိနေပြီ ဆိုတာပါ။ ဒါကြောင့် အသားမှာ အနီရောင် အကွက်တွေထလာပြီး အသားတွေ ယားလာပြီဆိုရင်တော့ ကျောက်ကပ်ရောဂါကို သတိထားသင့်ပါတယ်။

အခုပြောတဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ ကျောက်ကပ် ကျန်းမာရေးကို လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။

# အမှာစကား
လူတော်တော်များများက ကျောက်ကပ် ပိုးဝင်တာကို လက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း မသိကြတာမျိုး ရှိပါတယ်။ ဘဝနေထိုင်မှုပုံစံ၊ ဆေးလိပ်သောက်တတ်တာ၊ သွေးပေါင်ချိန်တက်တာလိုမျိုး အခြေအနေတွေကလည်း ကျောက်ကပ် ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့် အပေါ်မှာ ပြောသလို လက္ခဏာတွေ တွေ့ခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ တိုက်တွန်းချင်ပါတယ်။

(Credit)

ရွှေဂင်္ဂါကျန်းမာရေးအေဂျင်စီတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးပြီး အစားထိုးကုသမှုခံယူလိုသော လူနာများအတွက် ကျောက်ကပ်အစားထိုးကုသခြင်းအား သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုပေးလျက်ရှိပါသည်။အစားထိုးကုသမှုခံယူလိုပါက "အခမဲ့" ဆွေးနွေးတိုင်ပင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ရွှေဂင်္ဂါ ကျန်းမာရေးအေဂျင်စီမှ ရရှိနိုင်တဲ့ ဝန်ဆောင်မှု အသေးစိတ်အား အောက်ပါ link ကိုနှိပ်၍ ဝင်ရောက်လေ့လာဖတ်ရူနိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=119759931160538&id=100093795957433&mibextid=Nif5oz

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်ကို အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး ဖြည့်စည်းပေးဖို့ ရွှေဂင်္ဂါ အဖွဲ့သားများမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။

"မြန်ကောင်းသက်သာ ကျန်းမာဖို့
ရွှေဂင်္ဂါနှင့် ဆက်သွယ်စို့"

ကျောက်ကပ်ရောဂါအပြင် အခြားသောကျန်းမာရေးဆွေးနွေးမှုတွေပါ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Group အသစ်လေးကို Join(ဝင်ရောက်) ပေးကြပါဦးခင်ဗျာ။

Link -

https://www.facebook.com/groups/788456436107828/?ref=share_group_link

*******

ဆေးကုသမှုနှင့်ပတ်သတ်၍ဖြစ်စေ ကုန်ကျစရိတ်နှင့် ပတ်သတ်၍ဖြစ်စေ -

✅ "Page Chat Box" မှတဆင့် (သို့)

အောက်ပါဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါသည်။

✅ Ph - 09 692 367 697
(Viber/Whatsapp)
- 09 400 783 478

✅ Company Address -

No.(44-A),Ground Floor,36th Street,Kyautada Ts,Yangon.

#ရွှေဂင်္ဂါ
#အိန္ဒိယဆေးရုံများဝန်ဆောင်မှု
#ကျန်းမာရေးဝန်ဆောင်မှု
#ကျောက်ကပ်ရောဂါကုသခြင်း
#ကျောက်ကပ်အစားထိုးခြင်း
#အသည်းအစားထိုးခြင်း
#နှလုံးရောဂါများခွဲစိတ်ကုသခြင်း
#ကျောက်ကပ်ပိုးဝင်ခြင်းလက္ခဏာများ

Address

No(44-A), Ground Floor, 36th Street, Kyautada Tsp
Yangon

Telephone

+959692367697

Website

Alerts

Be the first to know and let us send you an email when Shwe Gingah - ရွှေဂင်္ဂါ အိန္ဒိယဆေးရုံများသို့ ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram