K8 Family By Khwun Htet

K8 Family By Khwun Htet ကျန်းမာ​ရေးအတွက် Hanuman နဲ့ ဆံပင်ကျန်းမာ​ရေးအတွက် HairQueen လိုအပ်ပါက 09400475306,09774457669 Hanuman Footpatch
Massage Oil
Breathe Easy Patch
(1)

ဆေးကပ်ခွာ လာမှာတယ်ခါးကြောညပ်နေလို့တင်ပါးဆုံကြောညပ်နေလို့နာနေတာကိုအိမ်ရောက်ငွေချေ မရတဲ့ နမ္မတီးကမို့ငွေကြိုလွှဲပြီး မှာသွ...
11/05/2026

ဆေးကပ်ခွာ လာမှာတယ်
ခါးကြောညပ်နေလို့
တင်ပါးဆုံကြောညပ်နေလို့
နာနေတာကို
အိမ်ရောက်ငွေချေ မရတဲ့ နမ္မတီးကမို့
ငွေကြိုလွှဲပြီး မှာသွားတဲ့သူလေး
မနက် ပို့ပေးပါ့မယ်ရှင့်

#ဆေးကပ်ခွာ

Hanuman လေးက တစ်လ တစ်လ မှ ကြာကြာနေမှ နည်းနည်းပဲ ဝင်တာရတာလေး ကို ပြန်ရောင်းပေးနေရတာမို့သေချာ post မတင်ဖြစ်တာပါရှင့်Hanuma...
04/05/2026

Hanuman လေးက တစ်လ တစ်လ မှ
ကြာကြာနေမှ နည်းနည်းပဲ ဝင်တာ

ရတာလေး ကို ပြန်ရောင်းပေးနေရတာမို့
သေချာ post မတင်ဖြစ်တာပါရှင့်

Hanuman ဆေးကပ်ခွာ လိုချင်ရင်
မှာခဲ့လို့ရပါတယ်ရှင့်

🔴လုပ်စရာလေးပေါ်လာလို့_မတ်တပ်ထလိုက်တာမျက်လုံးတွေပြာဝေပြီး_ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှောင်သွားတယ်လူကလဲ_ယိမ်းထိုးသွားတာ_ပစ်လ...
24/04/2026

🔴လုပ်စရာလေးပေါ်လာလို့_မတ်တပ်ထလိုက်တာ
မျက်လုံးတွေပြာဝေပြီး_ပတ်ဝန်းကျင်ကြီးတစ်ခုလုံးမှောင်သွားတယ်

လူကလဲ_ယိမ်းထိုးသွားတာ_ပစ်လဲကျတော့မတတ်ပဲ🔴

🔴Postural_hypotension 🔴

ထိုင်နေရာ(သို့မဟုတ်) လှဲနေရာ ကနေ ရုတ်တရက် မတ်တက်ရပ်လိုက်ရင် မျက်လုံးတွေ ပြာသွားပြီး မူးပြီးယိုင်သွားတာ ကို ခေါ်ပါတယ်

လှဲနေတဲ့ အခါ နှလုံးက ဦးနှောက်နဲ့ တစ်တန်းထဲပါ သိပ်အားစိုက်ပြီး ညှစ်စရာ(အလုပ်လုပ်စရာ) မလိုပါဘူး။
ထိုင်တဲ့ အခါမှာလည်း မကွာတဲ့အတွက် ညှစ်စရာ(အလုပ်လုပ်စရာ) မလိုပါဘူး။

ရုတ်တရက်ထရပ်လိုက်တဲ့ အခါ
​ဦးနှောက်က အမြင့်ကို ရောက်သွားတဲ့ အတွက် ပုံမှန်ညှစ်နေကျအတိုင်း နှလုံးက ညှစ်တော့

😢 မြေညီထပ်ကို ရေပေးနေကျမော်တာနဲ့ (၆) ထပ်ကို ရေတင်လိုက်ရသလိုဖြစ်သွားပါတယ်

👉 ဦးနှောက်ဆီ သွားတဲ့ သွေးပမာဏ နည်းသွားတဲ့ အတွက် ဦးနှောက်ဆီ Oxygen အရောက်နည်းသွားတဲ့ အတွက် မူးသွားပြီး၊ ဦးနှောက် Control တစ်ချက်လွတ်သွားတဲ့ အတွက် အာရုံ (၅) ပါး ရုတ်တရက် ရပ်သွားပါတယ်

- မျက်လုံးပြာတယ်ဆိုတာ(ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ကျသွားတာပါ)
- အသံလည်းအဲ့ခဏမှာမကြားပါဘူး
- အနံလည်းမရပါဘူး
- ကြွက်သားတွေ ထိန်းထားတာ လွတ်သွားတဲ့ အတွက် လူကပြုတ်ကျပါတယ်

ဘာလို့ ရုတ်တရက်ထရင်ဖြစ်လဲ ဆိုတော့ ထမယ်လို့ ပြင်ထားတာ မဟုတ်တော့ နှလုံးက သာသာယာယာ အေးအေးဆေးဆေးပဲ ညှစ်နေရာကနေ (သားရေ ကောင်မလေးရှေ့မှာရောက်နေတယ်လို့လည်းကြားရော) ဝုန်းဆိုကောက်ထတာလေ
နှလုံးသားရဲ့ ဆန္ဒ နောက်ကို ဦးနှောက်က မလိုက်နိုင်တော့ ဖြစ်တာပေါ့ 😁

ဒါပေမယ့် ဘာရောဂါမှမရှိတဲ့ လူကောင်းတစ်ယောက်ရဲ့ ကျန်းမာသန်စွမ်းတဲ့ နှလုံးက အဲ့လို့ဖြစ်တာနဲ့
နောက်တစ်ချက် ကိုမြန်မြန်ခုန်လိုက်ပြီး၊ အားထည့်ပြီး ပိုညှစ်လိုက်ပါတယ်။

#စက္ကန့်ဝက်လောက် အချိန်လေးအတွင်း ဦးနှောက်က သွေးပြန်ရတဲ့ အတွက် ချက်ချင်းပြန်ကောင်းပါတယ်

အဲ့ဒါကြောင့် လူငယ်တွေဆိုရင် ယိုင်ရုံလောက်ပဲဖြစ်ပါတယ်။

😰
လူကြီးတွေ (၇၀-၈၀ ကျော်)၊ ဆီးချိုရောဂါရှင်တွေ၊ Parkinsonism ရောဂါရှင် တွေဆိုရင်တော့ အဲ့လောက် မရိုးရှင်းပါဘူး။

သူတို့ရဲ့ နှလုံးနဲ့ အာရုံကြောစနစ်က လူငယ်တွေလို မသန်စွမ်းတဲ့ အတွက် စက္ကန့်ဝက်အတွင်း အလုပ်ချက်ချင်းတိုးမလုပ်နိုင်ပါဘူး အဲ့တော့ Syncope ဆိုပြီး သတိပါလစ်သွားပါတယ်။

သတိလစ်တော့ပြုတ်ကျပါတယ် အောက်ပြုတ်ကျတော့ လှဲရက်ပြန်ဖြစ်သွားတဲ့ အတွက် ဦးနှောက်ကို သွေးပြန်ရောက်ပြီး ချက်ချင်းသတိရပါတယ်။

Postural hypotension က ရှင်းရှင်းလေးပါ

ရုတ်တရက်ထတယ် 👉 ဦးနှောက်ဆီသွေးအရောက်နဲတယ် 👉ဦးနှောက်က ချက်ချင်း 👉 နှလုံးကို ပိုညှစ်၊ပိုခုန်ခိုင်းတယ် 👉👉ချက်ချင်းလိုက်လုပ်နိုင်ရင် ယိုင်သွားရုံနဲ့ ပြီးသွားတယ်

👉👉 ဦးနှောက်က ချက်ချင်းမခိုင်းနိုင်တာဖြစ်ရင်၊ နှလုံးက ချက်ချင်း မလုပ်နိုင်တာ ဖြစ်ရင် 👉 သတိလစ်ပါတယ် 👉 သတိလစ်ပြီး လှဲရက်ဖြစ်တာနဲ့ ပြန်သတိရပါတယ်

ဒါပေမယ့် #လူကြီးတွေမှာ
လဲပြီဆိုတာနဲ့
- အရိုးပွ/အရိုးပါးတဲ့ အတွက် အရိုးကျိုးပါပြီ
- ခေါင်းထိမိရင် ခေါင်းကွဲရုံကနေ လေဖြတ်တဲ့အထိဖြစ်နိုင်ပါတယ်

လူကြီးတွေ ခဏခဏ လဲနေရင် သတိထားပါ (Postural hypotension) ရနေတာဖြစ်ဖို့များပါတယ်

{အဖေကလည်း သတိထားလေ ဘယ်အရွယ်ရှိနေပြီလဲ အဲ့လောက်စိတ်မမြန်နဲ့လေ၊ ကိုယ်အသက်မှကိုယ်မဆင်ခြင် အဲ့လိုကြပ်ကြပ်လုပ်၊ အခုတောင် ဖြစ်လို့ဆေးရုံတတ်ရပြီ၊ နောက်ဆို အရိုးကျိုးမယ်၊ ခေါင်းပွင့်မယ်} အဲ့လိုတွေ အော်နေကြမယ်ဆိုရင်

သူတို့က စိတ်မြန်တာမဟုတ်ဘူး၊ ပုံမှန်ပဲဖြည်းဖြည်းလုပ်ခဲ့ရင်တောင် သူတို့ခန္ဓာကိုယ်က အဲ့လောက်ကို လိုက်မညှိပေးနိုင်တော့တာ အဲ့ဒါကြောင့်ဖြစ်ရတာပါ

ခဏ ခဏ လဲတတ်တဲ့ လူကြီးတွေကို ကျွန်တော်မှာတတ်တာက ဦးလေး/အဒေါ် ထချင်ရင်
- ကိုယ်ဟာကိုယ်မထနဲ့ အိမ်သားတစ်ယောက်ရှိမှ သူကိုတွဲပြီး ဖြည်းဖြည်းထ
- လူကြီးတွေမှာ အရေးတကြီးလုပ်စရာက ဆီး၊ဝမ်း ကိစ္စပဲလေ ထွက်ကျရင်လည်း(သား/သမီး တွေက ငြိုညင်ကြဦးမှာဆိုတော့) အိပ်ယာနားမှာပဲ ဆီးအိုး၊ဝမ်းအိုးထား ၊ ခေါ်လို့မရရင်/အပြင်သွားနေကြရင် အိပ်ယာထဲမှာပဲ ဆီးအိုး/ဝမ်းအိုးနဲ့ ဖြေရှင်းလိုက်
- ညဘက်ဆို မျက်စိကမမြင်၊ ဆီးကျိတ်ဆေးက သောက်ထားတော့ သွေးပေါင်က မနက်ကထက်ပိုကျ ဆိုတော့ ညဆို အိမ်သာ (လုံးဝ) မသွားပါနဲ့ ဆီးအိုးထဲပဲသွားပါ

အဲ့လိုမှာပါတယ်။

ကျွန်တော့စာ ဖတ်ဖြစ်တဲ့ လူတွေထဲမှာ အဲ့လိုရောဂါရှိတဲ့သူတွေ၊ အသက်အရမ်းကြီးတဲ့ အဖိုးအဘွားရှိရင် အဲ့လိုလေး ဂရုစိုက်ပေးကြပါ။

😀😀😀😀😀

အဲ့လောက်လည်းအသက်မကြီး၊ လူငယ်လည်းမဟုတ်တဲ့ (၅၀-၆၀) အရွယ်တွေကျတော့
မျက်လုံးပြာပြီး၊ ယိုင်သွားပါတယ်၊ သတိလစ်မသွားပေမယ့် နှလုံးက လိုသလောက်ချက်ချင်းမတင်ပေးနိုင်တော့ မျက်လုံးကမှောင်နေဆဲဖြစ်ပြီး မူးနေတာက ချက်ချင်း မသက်သာပါဘူး
ဘာလုပ်ကျလဲဆိုတော့ လေဖြတ်ပါပြီဆိုပြီး

"အမလေး အမလေး ကယ်ကြပါဦး မူးလိုက်တာ၊ မူးလိုက်တာ၊ ဘာမှ မမြင်ရတော့ဘူး၊ လေဖြတ်ပြီနဲ့တူပါတယ်" ဆိုပြီး တစ်ခုခုကို ကိုင်ရပ်ပြီး အော်ကြပါတယ်

ဘာလို့ဖြစ်လဲ သိကြပြီဆိုတော့

👉 အဲ့လိုဖြစ်တဲ့ အချိန်ဆို ထိုင်လိုက်ပါ (မသက်သာရင် လှဲချလိုက်ပါ) ဦးနှောက်ဆီ သွားတဲ့ သွေးပမာဏ ပုံမှန်ပြန်ဖြစ်သွားတဲ့ အတွက် ဦးနှောက်က Oxygen လုံလုံလောက်လောက်ပြန်ရပြီး အမူးသက်သာ သွားပါလိမ့်မယ်

😀 ဘာလို့ မျက်စိပြာ၊ မှောင် အတိကျ၊ ယိုင်သွားရလဲ သိပြီထင်ပါတယ်

​ပိုဆိုးစေတဲ့ အကြောင်းရင်းတွေက ခန္ဓာကိုယ်ထဲက အရည်တွေနည်းနေစေတဲ့ အကြောင်းတွေ
- ချွေးထွက်များတာ
- အန်နေတာ၊ ဝမ်းပျက်နေတာ
- ဆီးအသွားများတာ
- ရေသောက်တာနည်းတာ
- အမျိုးသမီးတွေမှာ ဓမ္မတာလာတာ များတာ

😀 မဖြစ်အောင်ဆိုရင် 😀

၁။ ရေ များများသောက်ပါ (သွေးပေါင်ချိန်ပြီး ကျတတ်ပါက ဓာတ်ဆားပါ သောက်ပါ)
၂။ ဝတ်စုံ ကြပ်ကြပ်တွေ မဝတ်ပါနဲ့၊ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့
၃။ ကိုယ်အလေးချိန် ထိန်းပါ (ဝ နေပါက Weight လျှော့ပါ)
(အစားတရားလွန်လျှော့ပြီး Weight လျှော့နေခြင်းကလည်းဖြစ်စေပါတယ်)
၄။ မတ်တတ်ရပ်နေရတဲ့ အချိန် ငြိမ်ပြီးမရပ်ပါနဲ့ ခြေထောက်ကို သတိရတိုင်း အကွေးအဆန့်လုပ်ပေးပါ
၅။ အမျိုးသမီးဖြစ်ပြီး ဓမ္မတာ ဆင်းတာများပါက သံဓာတ်အားဆေးသောက်ပါ (ဓမ္မတာဆင်းနေတဲ့ အချိန်မှာ ဓာတ်ဆားရည်ပါသောက်ပေးပါ)
၆။ အိပ်ချိန်မှာ အိပ်ရေး ဝ ဝ အိပ်ပါ
၇။ အစာမှန်မှန်စားပါ

ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
#ကျန်းမာရေးဗဟုသုတရကြပါစေ
@ Dr ဘုန်းစည်သူလွင်

ခါးကြောကြီးတင်းပြီး တင်ပဆုံမှာထောက်ပြီး ခြေသလုံးကိုက် နေရခက်တာမျိုး ဖြစ်နေလား  !?=======================================...
24/04/2026

ခါးကြောကြီးတင်းပြီး တင်ပဆုံမှာထောက်ပြီး ခြေသလုံးကိုက် နေရခက်တာမျိုး ဖြစ်နေလား !?
================================================================

#ခါးကြောညှပ်ခြင်းဝေဒနာ‼️

ဘာတွေကြောင့်ဖြစ်နိုင်လဲ ?
▪️ခါးဆစ်ရိုးတွေကျဉ်းလာခြင်း
▪️ခါးဆစ်ကြားကြားအရိုးနုပြားကျွံခြင်း
▪️ကျီးပေါင်းနဲ့အရိုးပွလာခြင်း

ခံစားရလက္ခဏာများ ‼️
▪️ကြာကြာထိုင်ရာကနေထရင်အရမ်းနာကျင်ခြင်း
▪️အနေထားတစ်ခုမှာ ကြာကြာနေမိရင်အောက်ပိုင်းကျဉ်ခြင်း
▪️ခါးနဲ့တင်ပခွက်တလျှောက်နာကိုက်လာခြင်း (နှစ်ဖက်လုံးဖြစ်တတ်ပါတယ်)

သက်သာအောင် နေထိုင်နည်း ‼️
▪️အနေထားတစ်ခုထဲကြာကြာနေခြင်းရှောင်ပါ။
▪️တနေကုန်လှဲအိပ်နေတာမျိုးရှောင်ပါ။
▪️လှုပ်လှုပ်ရှားရှားနေပေးပါ။
▪️အလေးအပင် မ ခြင်းရှောင်ပါ။
▪️ခါးကုန်းပစ္စည်းကောက်တာမျိုးရှောင်ပါ။
▪️နင်းနှိပ်ခြင်းရှောင်ပါ။
▪️ရေနွေးအိတ်ကပ်ပါ။
▪️ခါးပတ်ပတ်ပါ။
▪️ကြွက်သားနာကျင်ရောင်ရမ်းမှုသက်သာဖို့ရာဆေးအကူယူပါ။

ဒီလိုဝေဒနာခံစားနေရသူများတွက် သဘာဝတိုင်းရင်းဆေးဘက်ဝင်အပင်များနဲ့အဓိကထုတ်လုပ်ထားတဲ့ #ဟာနုမာန်တိုင်းရင်းဆေး ကပ်ခွာဖြင့်သက်သာမှုယူနိုင်ပါတယ်။

ဆေးကပ်ခွာထဲမှာ ကြွက်သားနာကျင်ရောင်ရမ်းမှုတွက် ထိရောက်မှုသက်သာမှုရစေတဲ့ တိုင်းရင်းဆေးဘက်ဝင်အပင်များကိုသာ အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်။

လူပေါင်းရာနဲ့ချီ ခါးကြောညှပ်ဝေဒနာရှင်များလည်း အသုံးပြုသက်သာနေကြပြီဖြစ်သလို လက်ရှိလည်းပဲ အသုံးမပျက်တဲ့ အိမ်တွင်းတိုင်းရင်းဆေးလို့လည်းမမှားပါဘူးရှင်
🍀💛 ဆေးမှာယူရန် 👉

📱09 400475306
📱09 774457669


#ခါးကြောတင်း
#ခြေသလုံးကိုက်
#တင်ပဆုံနာ

ခြေလှမ်းတိုင်းမှာ နာကျင်နေပြီလား? ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်မယ့် သဘာဝဆေးနည်းများမနက်အိပ်ရာနိုးလို့ ခြေလှမ်းစလှမ...
24/04/2026

ခြေလှမ်းတိုင်းမှာ နာကျင်နေပြီလား? ဖနောင့်နာခြင်းကို အမြစ်ပြတ်ကုသနိုင်မယ့် သဘာဝဆေးနည်းများ
မနက်အိပ်ရာနိုးလို့ ခြေလှမ်းစလှမ်းလိုက်တာနဲ့ ဖနောင့်က စူးခနဲ အောင့်တက်လာတာမျိုး ခံစားနေရပြီလား? လမ်းလျှောက်တိုင်း ဒုက္ခရောက်နေလို့ အကိုက်အခဲပျောက်ဆေးတွေကိုပဲ အားကိုးနေရတယ်ဆိုရင် ခဏလောက် ရပ်နားပြီး ဒီသဘာဝကုထုံးလေးတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
ဖနောင့် ဘာကြောင့်နာတာလဲ?
ဖနောင့်နာရခြင်းရဲ့ အဓိကလက်သည်က Plantar Fasciitis လို့ခေါ်တဲ့ ခြေဖဝါးအမြှေးပါး ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါတယ်။
ကိုယ်အလေးချိန် များလွန်းခြင်း။
ဖိနပ်အသားမာမာများ အမြဲစီးခြင်း။
အလေးအပင် မတာများခြင်း။
ဒီအချက်တွေကြောင့် ဖနောင့်အရိုးနုတွေ ဒဏ်ဖြစ်ပြီး ရေရှည်မှာ အရိုးအတက်ထွက်ခြင်း (Heel Spur) အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်တာက ခေတ္တပဲ သက်သာစေပေမယ့် အမြစ်ပြတ်ဖို့ဆိုရင် သွေးလည်ပတ်မှုကောင်းမွန်ပြီး အရောင်ကျစေဖို့ လိုအပ်ပါတယ်။
၁။ မကျည်းသီးမှည့်နှင့် ဆားကုထုံး (အပြင်ပိုင်းလိမ်းဆေး)
ရှေးလူကြီးတွေ အစဉ်အဆက် သုံးစွဲခဲ့တဲ့ ဒီနည်းလမ်းဟာ ရောင်ရမ်းမှုကျစေဖို့ တကယ်ကို ထိရောက်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ -
မကျည်းသီးမှည့်အနှစ် - အနည်းငယ်
ဆားကြမ်း (သို့မဟုတ်) ဆားခါး - ၁ ဇွန်း
ပတ်တီး (သို့မဟုတ်) အဝတ်စသန့်သန့်
ပြုလုပ်ပုံ -
မကျည်းသီးမှည့်ကို ဆားနဲ့ရောနယ်ပြီး အနှစ်ပြုလုပ်ပါ။ (မီးအေးအေးနဲ့ နွေးရုံလေး အပူပေးရင် ပိုပြီးသိသာပါတယ်)။
ညအိပ်ခါနီးမှာ နာကျင်နေတဲ့ ဖနောင့်ပေါ်ကို အနှစ်များများ အုံပေးပါ။
ပတ်တီးလေးနဲ့ သေချာစည်းပြီး တစ်ညလုံး ထားလိုက်ပါ။
မနက်ပိုင်းမှာ ရေနွေးနွေးလေးနဲ့ စင်ကြယ်အောင် ဆေးကြောပါ။
အကျိုးကျေးဇူး: မကျည်းသီးရဲ့ အက်ဆစ်ဓာတ်နဲ့ ဆားရဲ့အစွမ်းက ရောင်ရမ်းမှုကို လျင်မြန်စွာ လျော့ကျစေပါတယ်။ (၃) ရက်ခန့် ဆက်တိုက်လုပ်ပေးခြင်းဖြင့် ထူးခြားမှုကို ခံစားရမှာပါ။
၂။ သောက်သုံးနိုင်မယ့် သဘာဝအားဖြည့်ဆေးများ
အပြင်ကအုံရုံတင်မကဘဲ အတွင်းပိုင်းကနေ အရောင်ကျစေဖို့ အောက်ပါနည်းလမ်း (၂) မျိုးကိုလည်း တွဲဖက်လုပ်ဆောင်နိုင်ပါတယ်။
ချင်း (Ginger) နှင့် ပျားရည်: ချင်းကို ရေနွေးနဲ့ပြုတ်ပြီး ပျားရည်တစ်ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးပါ။ ချင်းမှာပါတဲ့ Gingerol ဓာတ်က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။
နနွင်းနှင့် နွားနို့: ညအိပ်ခါနီး နွားနို့ပူပူထဲ နနွင်းမှုန့်အနည်းငယ် ထည့်သောက်ပါ။ နနွင်းမှာပါတဲ့ Curcumin ဟာ သဘာဝအကိုက်အခဲပျောက်ဆေး ဖြစ်တာကြောင့် အရိုးအတက်ကြောင့် နာကျင်တာကို သိသိသာသာ သက်သာစေပါတယ်။
အကြံပြုချက်
ဒီကုထုံးလေးတွေ လုပ်နေစဉ်အတွင်းမှာ အိမ်ထဲမှာပဲဖြစ်ဖြစ် ဖိနပ်အိအိညံညံလေးကို အမြဲတမ်း စီးပေးဖို့ မမေ့ပါနဲ့ဦးနော်။
ဒီဆေးနည်းလေးက ငွေကုန်ကြေးကျမရှိဘဲ တကယ်ထိရောက်တာကြောင့် ဖနောင့်နာဝေဒနာ ခံစားနေရတဲ့ မိဘ၊ ဘိုးဘွားနဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါဦး။
စာဖတ်သူတို့ရော ဖနောင့်နာတဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ကုသလေ့ရှိကြလဲ? ကောမန့်မှာ အတွေ့အကြုံလေးတွေ ဝေမျှပေးခဲ့ကြပါဦးရှင်။

#ကျန်းမာရေးဗဟုသုတ #ဖနောင့်နာခြင်း #သဘာဝဆေးနည်းများ

ခါးနာ၊ ခြေထောက်နာပြီး အကြောတက်နေသူများအတွက် "ခြေထောက်မပြီး ခြေဖျားကုပ်ခြင်း" အကြောလျှော့နည်း 🦵✨ခါးကနေ ခြေထောက်အထိ ဆင်းသွ...
24/04/2026

ခါးနာ၊ ခြေထောက်နာပြီး အကြောတက်နေသူများအတွက် "ခြေထောက်မပြီး ခြေဖျားကုပ်ခြင်း" အကြောလျှော့နည်း 🦵✨

ခါးကနေ ခြေထောက်အထိ ဆင်းသွားတဲ့ Sciatic nerve (အာရုံကြောမကြီး) တင်းတာ၊ နာတာတွေကို သက်သာစေမယ့် အလွန်ရိုးရှင်းတဲ့ အကြောလျှော့နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အထူးသဖြင့် ထိုင်ခုံမှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်ရသူတွေနဲ့ အကြောတက်တတ်သူတွေအတွက် အထူးသင့်လျော်ပါတယ်။
ပြုလုပ်နည်း -
၁။ ပက်လက်လှန်အိပ်ပြီး ခြေထောက်တစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပါ။
၂။ ထို့နောက် ခြေဖျားကို မိမိကိုယ်ဘက်သို့ ဖြည်းဖြည်းချင်း ဆွဲကုပ် (သို့မဟုတ်) ကွေးပေးပါ။
ဒီလေ့ကျင့်ခန်းက ဘာတွေအကျိုးပြုသလဲ?
✅ ခါးနာပြီး ခြေထောက်အထိ အကြောဆွဲသလို ခံစားရခြင်းကို သက်သာစေသည်။
✅ ပေါင်နောက်ခြမ်းနှင့် ခြေသလုံးကြွက်သား တင်းမာမှုများကို လျော့ကျစေသည်။
✅ အာရုံကြောပိခြင်း အစပျိုးလက္ခဏာရှိမရှိကို မိမိဘာသာ စစ်ဆေးနိုင်သည်။
ဘေးကင်းစေရန် သတိပြုရန်အချက်များ -
⚠️ ခြေထောက်ကို မြှောက်သည့်အခါ တင်းရုံသာမြှောက်ပါ၊ အရမ်းနာကျင်သည်အထိ မလုပ်ပါနှင့်။
⚠️ ခြေဖျားကုပ်ရာတွင် ဖြည်းဖြည်းချင်းလုပ်ပါ၊ အတင်းအကြပ် မဆောင့်ဆွဲပါနှင့်။
⚠️ အကယ်၍ လုပ်နေစဉ်အတွင်း ခြေထောက်သို့ ဓာတ်လိုက်သလိုမျိုး ပြင်းထန်စွာ နာကျင်လာပါက ချက်ချင်းရပ်ပြီး ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
ကျန်းမာရေးအတွက် နေ့စဉ် ဖြည်းဖြည်းချင်း ပုံမှန်လုပ်ဆောင်ပေးခြင်းဖြင့် အကြောအခြင်များ ပြေလျော့ပြီး ပေါ့ပါးလန်းဆန်းလာမှာ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ။ ❤️

#အကြောလျှော့နည်း #ခါးနာ #အာရုံကြော
#ကျန်းမာရေးဗဟုသုတ

✒တင်ပါးဆုံဆိုတာ ခန္ဓာကိုယ်ရဲ့ "အသက်တံခါး" ပါပဲ.....တင်ပါးဆုံမှာ အကြောပိ'တ်တာ၊ အကြောညှပ်တာတွေ ဖြစ်လာရင် ခါး၊ ခြေထောက်တင်မ...
24/04/2026

✒တင်ပါးဆုံဆိုတာ ခန္ဓာကိုယ်ရဲ့ "အသက်တံခါး" ပါပဲ.....
တင်ပါးဆုံမှာ အကြောပိ'တ်တာ၊ အကြောညှပ်တာတွေ ဖြစ်လာရင် ခါး၊ ခြေထောက်တင်မကဘဲ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

✒တင်ပါးဆုံဟာ ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အဆစ်ဖြစ်ပြီး အထက်က ကျောရိုးနဲ့ အောက်က ခြေထောက်တွေကို ချိတ်ဆက်ပေးထားတဲ့ ဗဟိုချက်ဖြစ်ပါတယ်။
တင်ပါးဆုံကြွက်သားတွေ တောင့်တင်းလာတဲ့အခါ (အထူးသဖြင့် တင်ပါးကြွက်သားနဲ့ ပေါင်ခြံကြွက်သားတွေ) ခြေဖျားအထိ သွယ်တန်းနေတဲ့ Sciatic nerve လို့ခေါ်တဲ့ အာရုံကြောကြီးကို ဖိမိသွားတတ်ပါတယ်။

✒ဒါကြောင့် "ခါးလေးပဲ နာတာပါ" ဆိုပြီး လျစ်လျူမရှုသင့်ပါဘူး။ အချိန်ကြာလာရင် ခြေထောက်ထုံတာ၊ လမ်းလျှောက်ရခက်တာ၊ ကြွက်သားအားနည်းတာကနေ လေဖြတ်သလိုမျိုး လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

✒ မိမိဘာသာ ကုသနိုင်မယ့် နည်းလမ်းကောင်းများ (တင်ပါးဆုံ ဖွင့်နည်း) တင်ပါးဆုံကြွက်သားတွေကို နေ့တိုင်း ဆန့်ထုတ်ပေးခြင်းက သွေးလည်ပတ်မှုနဲ့ အာရုံကြောစနစ်ကို ပြန်လည်ကောင်းမွန်စေပါတယ်။

🔹၁။ ဖားရုပ်ပုံစံ (Frog Pose) -
ဒူးကိုဘေးကားပြီး ပေါင်ခြံကြွက်သားတွေကို ဆန့်ထုတ်ပေးပါ။
🔹 ၂။ လိပ်ပြာပုံစံ (Butterfly Pose) -
ခြေဖဝါးနှစ်ခုကို ထိကပ်ပြီး တင်ပါးဆုံကို ဘေးကားပေးပါ။
🔹၃။ ခိုလုပ်ပုံစံ (Pigeon Pose) -
တင်ပါးအတွင်းပိုင်း အကြောပြေစေဖို့ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းပြီး ဆန့်ထုတ်ပါ။
🔹၄။ Glute Bridge -
ပက်လက်အိပ်ပြီး တင်ပါးကို အပေါ်မြှောက်ပေးခြင်းဖြင့် တင်ပါးကြွက်သားကို သန်မာစေပါ။

✒တင်ပါးဆုံကို ကျန်းမာအောင် ထိန်းသိမ်းခြင်းဟာ သင့်ရဲ့ အသက်စွမ်းအင်တံခါးကို ဖွင့်လိုက်တာနဲ့ အတူတူပါပဲ။ ဒီနေ့ပဲ စတင်ပြီး လေ့ကျင့်ခန်းလုပ်လိုက်ရအောင်။

" ရောဂါဘယကင်းဝေးပြီး ချမ်းသာသုခကို ခံစားကြရပါစေ..."

& Knowledge

မနက်ခင်းတိုင်း (၇) ရက်ဆက်တိုက် 'ခြေဆန့် ခေါင်းငုံ' လေ့ကျင့်ခန်း လုပ်ဆောင်ရုံနဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ...
24/04/2026

မနက်ခင်းတိုင်း (၇) ရက်ဆက်တိုက် 'ခြေဆန့် ခေါင်းငုံ' လေ့ကျင့်ခန်း လုပ်ဆောင်ရုံနဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မြင်တွေ့လာရမှာပါ။
ဒီလေ့ကျင့်ခန်းဟာ ရိုးရှင်းတဲ့ အကြောဆန့်နည်းတစ်ခုတင် မဟုတ်ဘဲ ခါးနဲ့ အာရုံကြောစနစ်ကို ပြန်လည်နိုးကြားစေတဲ့ (Reset) အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ အချိန်မှန်၊ နည်းစနစ်မှန် ပြုလုပ်မယ်ဆိုရင် တစ်ရက်ထက်တစ်ရက် ထူးခြားတဲ့ ရလဒ်တွေကို ခံစားရမှာပါ -
✅ ခါးနာ၊ ခါးတောင့်ခြင်းကို သက်သာစေတယ် - မနက်နိုးလာတဲ့အခါ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။
✅ ဇက်၊ ပုခုံးနဲ့ လည်ပင်း တောင့်တင်းမှုကို ပြေလျော့စေတယ် - စိတ်ဖိစီးမှုတွေကိုပါ သိသိသာသာ လျော့ကျစေပါတယ်။
✅ အစာခြေစနစ်ကို ကောင်းမွန်စေတယ် - ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အညစ်အကြေး စွန့်ထုတ်ရ ချောမွေ့စေပါတယ်။
✅ အိပ်စက်ခြင်းကို အထောက်အကူပြုတယ် - အသက်ရှူရတာ ပိုဝလာပြီး စိတ်တည်ငြိမ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
✅ တစ်နေ့တာလုံး အာရုံစူးစိုက်မှု (Concentration) - ပိုမိုကောင်းမွန်လာစေပါတယ်။
🧠 ဘာကြောင့် ဒီလေ့ကျင့်ခန်းက ထိရောက်တာလဲ?
ခြေဖျားကနေ ခါး၊ လည်ပင်းအထိ အကြောတွေကို တစ်ဆက်တည်း ဆန့်ထုတ်ပေးလို့ ဖြစ်ပါတယ်။ ကျောရိုးဆစ်တွေပေါ်က ဖိအားတွေကို 7လျော့ချပေးပြီး အာရုံကြောစနစ်ကို အနားရစေတာကြောင့် ခန္ဓာကိုယ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့ (Repair mode) ထဲကို ရောက်ရှိသွားစေပါတယ်။
⚠️ ဘေးအန္တရာယ်ကင်းပြီး ထိရောက်အောင် လုပ်ဆောင်နည်း
၁။ ခါးကို ကွေးမချဘဲ တင်ပါးဆုံကနေ စတင်ပြီး ကိုယ်ကို ဖြည်းဖြည်းချင်း ငုံချပါ။
၂။ ဒူးကို အတင်းဆန့်ထားဖို့ မလိုပါဘူး၊ လိုအပ်ရင် အနည်းငယ် ကွေးထားလို့ ရပါတယ်။
၃။ ဒီပုံစံအတိုင်း ၁ မိနစ်ကနေ ၃ မိနစ်အထိ အသက်ကို မှန်မှန် ရှူသွင်းရှူထုတ်လုပ်ရင်း တည်ထားပါ။
၄။ ခေါင်းက ဒူးနဲ့ မထိလည်း ကိစ္စမရှိပါဘူး၊ ကိုယ်တိုင် တတ်နိုင်သလောက်ပဲ ငုံပေးပါ။
ဒီနေ့မနက်ရော ဘယ်သူတွေ လေ့ကျင့်ပြီးပြီလဲ? အကြောတွေ တောင့်နေလား၊ ပေါ့သွားလားဆိုတာ Comment မှာ ဝေမျှပေးခဲ့ဦးနော်။ 🥰


#ကျန်းမာရေးဗဟုသုတ

🩸 သွေးတိုးဝေဒနာရှင်များအတွက် သတင်းကောင်းသွေးတိုးရောဂါကို အမြစ်ပြတ်ကုသနိုင်မည့် နည်းလမ်းကောင်းတစ်ခု ပေါ်ထွက်လာပါပြီ။ ထိုင...
23/04/2026

🩸 သွေးတိုးဝေဒနာရှင်များအတွက် သတင်းကောင်း
သွေးတိုးရောဂါကို အမြစ်ပြတ်ကုသနိုင်မည့် နည်းလမ်းကောင်းတစ်ခု ပေါ်ထွက်လာပါပြီ။ ထိုင်းနိုင်ငံမှ ဆေးဝါးပညာရှင်တစ်ဦးက သွေးတိုးကျစေသည့် ဆေးဖက်ဝင်အပင် ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သွေးပေါင်ချိန် ၂၀၀/၁၁၀ အထိ တက်ခဲ့ပြီး ၁၅ နှစ်ကြာ ဆေးစွဲသောက်ခဲ့ရသည့်အပြင်၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်မည့်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသူတစ်ဦးသည် ဤနည်းလမ်းကြောင့် ထူးထူးခြားခြား သက်သာလာခဲ့သည်။ ဤဆေးဖက်ဝင်အရွက်ကို ၃ ရက် သောက်သုံးပြီးနောက် သွေးပေါင်ချိန် ၁၀၈/၅၂ သို့ ကျဆင်းသွားကာ ဆေးဆက်သောက်ရန် မလိုတော့ဟု ဆိုပါသည်။
🌿 ပြုလုပ်ပုံအဆင့်ဆင့်
ရှောက်နုရွက် (ရင့်မှည့်သော အရွက်စိမ်း) ၉ ရွက် ကို အသုံးပြုပါ။
ရေ ၃ ဖန်ခွက် ဖြင့် ရောကာ ၁၅ မိနစ် ခန့် ပွက်ပွက်ဆူအောင် တည်ပါ။
ရေ ၁ ဖန်ခွက်စာ ကျန်သည်အထိ ကျိုချက်ပေးရပါမည်။
ပူနေစဉ် မသောက်ဘဲ အနည်းငယ် အအေးခံပြီးမှ မနက်နှင့် ညနေ တစ်နေ့ ၂ ကြိမ် သောက်သုံးပါ။
၃ ရက်အတွင်း ထူးခြားမှုရှိပါက ကုသိုလ်အဖြစ် ပြန်လည်မျှဝေပေးနိုင်ပါသည်။
သတိပြုရန် - သွေးကျဆေး သောက်နေသူများအနေဖြင့် မိမိသောက်နေကျဆေးကို ချက်ချင်းမဖြတ်ပါနှင့်။ အစပိုင်းတွင် ဆေးဖက်ဝင်အရည်နှင့် တွဲဖက်သောက်သုံးပြီးမှ သွေးပေါင်ချိန်အခြေအနေအရ တဖြည်းဖြည်း လျှော့ချသွားသင့်ပါသည်။
ကျန်းမာရေးသည် လာဘ်တစ်ပါးဖြစ်ပါသဖြင့် စနစ်တကျ စမ်းသပ်ကြည့်နိုင်ပါကြောင်း တိုက်တွန်းအပ်ပါသည်။


မှတ်သားစရာကင်ဆာ​ရောဂါလက္ခဏာများ(၁)အဆုတ်ကင်ဆာ ချောင်းဆိုးမပျောက်ခြင်း  အသက်ရှူသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့်အခါ ရင်ဘတ်...
23/04/2026

မှတ်သားစရာကင်ဆာ​ရောဂါလက္ခဏာများ

(၁)အဆုတ်ကင်ဆာ
ချောင်းဆိုးမပျောက်ခြင်း အသက်ရှူသည့်အခါ
သို့မဟုတ် ချောင်းဆိုးသည့်အခါ ရင်ဘတ်အောင့်ခြင်း လေ့ကျင့်ခန်း မလုပ်ဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း။

(၂)အသည်းကင်ဆာ
ဝမ်းဗိုက်အပေါ် ညာဖက်တွင် နာကျင်ခြင်း .
ဝမ်းဗိုက်ရောင်ရမ်းခြင်း
ပျို့အန်ခြင်း နှင့် အရေပြား သို့မဟုတ်
မျက်လုံးဝါခြင်း။

(၃)အစာအိမ်ကင်ဆာ
မကြာခဏ အစာမကြေခြင်း
အစာအနည်းငယ်စားပြီးနောက်ဗိုက်ပြည့်ခြင်း
ပျို့အန်ခြင်းနှင့် မောပန်းနေခြင်း။

(၄)ကျောက်ကပ်ကင်ဆာ
ဆီးထဲတွင်သွေးပါခြင်း ၊
ကျောတစ်ဖက်တွင် အဆက်မပြတ်နာကျင်ခြင်း၊
အကြောင်းမရှိဘဲဖျားခြင်း ၊ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။

(၅) ပန်ကရိယကင်ဆာ
အလွန်အမင်းအန္တရယ်များသောကင်ဆာ
အချက်ပေးမှုနောက်ကျသိရခြင်း ကင်ဆာဆဲလ်များ လျှင်မြန်စွာပျံ့နှံ့ခြင်းကြောင့် ကုသမှုခက်ခဲပါတယ်။

(၆)သားအိမ်ခေါင်းကင်ဆာ
မိန်းမ အင်္ဂါတွင် အနံဆိုးထွက်ခြင်း၊
ပုံမှန်မဟုတ်သောသွေးဆင်းခြင်း ၊
လိင်ဆက်ဆံချိန် နာကျင်စွာခံစားရခြင်း။

(၇)ရင်သားကင်ဆာ
အဖုအပိန့်များထွက်ခြင်း ၊ အရေပြားနှင့်နို့သီးခေါင်းပုံစံပြောင်းလဲခြင်း။

(၈)အူမကြီးကင်ဆာ
ဝမ်းသွားချိန်ပြောင်းလဲခြင်း၊ ဝမ်းချူပ်ခြင်း၊
ဝမ်းသွားခြင်း ၊ဝမ်းထဲသွေးပါခြင်း ၊မကြာခဏဝမ်းဗိုက်အောင့်ခြင်း။

(၉)ဦးနှောက်ကင်ဆာ
မနက်ပိုင်း ပြင်းထန်းစွာ ခေါင်းကိုက်ခြင်း၊
တက်ခြင်း ။


အားလုံးပဲကျန်းမာလို့ချမ်းသာကြပါစေရှင့်။

ကျမ်းမာရေးဗဟုသုတများကိုနေ့စဥ်တင်ဆက်ပေးမှာဖြစ်လို့ Page ကို Follow လေးလုပ်ထားပေးကြဖို့တောင်းဆိုပါရစေရှင့်🙏။

#မူရင်းရေးသားသူအားလေးစားစွာဖြင့်

ထမင်းစားပြီးပြီချင်း ချက်ချင်း အိပ်ရာဝင်တာ ဒါမှမဟုတ် ခဏတဖြုတ် လှဲနေတတ်တာဟာ လူတော်တော်များများ လုပ်လေ့ရှိတဲ့ အကြီးမားဆုံး...
23/04/2026

ထမင်းစားပြီးပြီချင်း ချက်ချင်း အိပ်ရာဝင်တာ ဒါမှမဟုတ် ခဏတဖြုတ် လှဲနေတတ်တာဟာ လူတော်တော်များများ လုပ်လေ့ရှိတဲ့ အကြီးမားဆုံး အမှားတစ်ခုပါ။

တကယ်တော့ ဒီအကျင့်ဟာ "အစာအိမ်အက်ဆစ် အထက်ပြန်ဆန်တက်ခြင်း (GERD)" ကို ဖြစ်စေတဲ့ အဓိကတရားခံ တစ်ခု ဖြစ်ပါတယ်။
အိပ်တဲ့အခါ ဒါမှမဟုတ် လှဲနေတဲ့အခါ အစာအိမ်ထဲက အက်ဆစ်ဓာတ်ဟာ အစာပြွန်ဆီကို အရင်ကထက် ပိုမို လွယ်ကူစွာ ပြန်စီးဆင်းတတ်ပါတယ်။ ဒါကြောင့် ဗိုက်တင်းတာ၊ ရင်ဘတ်အောင့်တာ၊ လေပွပြီး ပူလောင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

✅ ထမင်းစားပြီးရင် ဘာတွေ လုပ်သင့်လဲ?
ထမင်းစားပြီးတာနဲ့ ချက်ချင်း ထိုင်နေတာ၊ အိပ်နေတာမျိုး မလုပ်ဘဲ ၅ မိနစ်မှ ၁၀ မိနစ် ခန့် ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပေးသင့်ပါတယ်။ ဥပမာ - ဖြည်းဖြည်းလေး လမ်းလျှောက်တာမျိုးပါ။
🚶 ဒီလို လှုပ်ရှားပေးတာက အကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။

1. အစာခြေစနစ် ကောင်းမွန်စေ - အစာအိမ်က အစာတွေကို ပိုမို ထိရောက်စွာ ချေဖျက်နိုင်စေဖို့ ကူညီပေးပါတယ်။
2. အက်ဆစ် အထက်ဆန်တက်ခြင်းကို လျှော့ချ - အက်ဆစ်တွေ အထက်သို့ ပြန်မတက်အောင် ဟန့်တားပေးနိုင်ပါတယ်။
3. ဗိုက်တင်းခြင်း သက်သာ - ဗိုက်တင်းတာ၊ လေပွတာမျိုး မဖြစ်စေဘဲ သက်သောင့်သက်သာ ရှိစေပါတယ်။
4. ကိုယ်ခန္ဓာ ပေါ့ပါး - ထိုင်နေခြင်း သို့မဟုတ် အိပ်နေခြင်းထက် ပိုမို တက်ကြွ လန်းဆန်းစေပါတယ်။

ထမင်းစားပြီးတိုင်း ဒီရိုးရှင်းတဲ့ အလေ့အကျင့်လေးကို ပုံမှန် လုပ်ဆောင်ပေးခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာအောင် ဂရုစိုက်နိုင်ပါပြီနော်...!

#ဒေါက်တာဇာနည်ဇင် #ကျန်းမာရေးဗဟုသုတ

#ပြန်လည်မျှဝေပါသည်

Address

Myingyan

Telephone

+959774457669

Website

Alerts

Be the first to know and let us send you an email when K8 Family By Khwun Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to K8 Family By Khwun Htet:

Share