Phyo Clinic

Phyo Clinic ဖြိုးဆေးခန်း

31/10/2023

Phyo Clinic ရဲ့ ဆရာဝန်ချောချောလေး ပြောပြထားတဲ့ လေဖြတ်ခြင်းအကြောင်း သိကောင်းစရာ အကြောင်းအရာလေးပါ

Thank you Osotspa Myanmar Company (Shark Energy Drink)...Osotspa Myanmar Company (Shark Energy Drink) ရှိ ဝန်ထမ်းများအား...
02/06/2023

Thank you Osotspa Myanmar Company (Shark Energy Drink)...

Osotspa Myanmar Company (Shark Energy Drink) ရှိ ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အတွက် “ဖြိုး”ဆေးခန်း အားထပ်မံ၍ ယုံကြည်စိတ်ချစွာ အပ်နှံပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ…

Company ဝန်ထမ်းများအား ဆေးထိုးပေးခြင်း၊ သင်္ဘောသားများအား ဆေးထိုးပေးခြင်းတို့အတွက် ဆက်သွယ်စုံစမ်းလိုပါ က အောက်ပါဖုန်းနံပါတ်များကို‌ မေးမြန်းနိုင်ပါတယ်ခင်ဗျာ...

☎️ 09-5033349

💉💉💉 Vaxigrip Tetra ( 2023 )💉💉💉ရာသီတုပ်ကွေးကာကွယ်ဆေးကိုတစ်ဉီးလျှင် 💉 ( 39000 ) 💉ကျပ်ထဲနှင့် ထိုးနှံနိုင်ပါပြီအိမ်တိုင်ရာရ...
20/03/2023

💉💉💉 Vaxigrip Tetra ( 2023 )💉💉💉
ရာသီတုပ်ကွေးကာကွယ်ဆေးကိုတစ်ဉီးလျှင်
💉 ( 39000 ) 💉
ကျပ်ထဲနှင့် ထိုးနှံနိုင်ပါပြီ
အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံချင်သူများအတွက်လဲ ကျွမ်းကျင်သော ဆရာဝန်များကိုယ်တိုင် ထိုးနှံပေးပါမည်
ဆေးခန်းတွင်လဲ လာရောက်ထိုးနှံနိုင်ပါသည်
(၅)ဦးနှင့်အထက် ထိုးနှံပါက အိမ်အရောက် (အခမဲ့) ထိုးနှံပေးပါသည်
ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံရန် ကြိုတင်စာရင်းပေးသွင်းလိုပါက
☎️ 09-793933349
☎️ 09-976630122
☎️ 09-5033349

ရာသီတုပ်ကွေး ကာကွယ်ဆေး VAXIGRIP TETRA ထိုးနှံလိုပါက ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီကာကွယ်ဆေးများ  နောက်အပတ်ထဲရောက်ပါမယ်...
13/03/2023

ရာသီတုပ်ကွေး ကာကွယ်ဆေး VAXIGRIP TETRA
ထိုးနှံလိုပါက ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ
ကာကွယ်ဆေးများ နောက်အပတ်ထဲရောက်ပါမယ်
စုံစမ်းမေးမြန်းလိုပါက
09-5033349,09-790132456 ကိုလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်
Page ရဲ့ CBကနေလဲ အသေးစိတ် မေးမြန်းနိုင်ပါတယ်

Happy Healthy New Year Everyone ❤️နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ ကျန်းမာခြင်းအပေါင်းခညောင်းပါစေလို့ "ဖြိုး" ဆေးခန်းမိသားစုမ...
01/01/2023

Happy Healthy New Year Everyone ❤️

နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ ကျန်းမာခြင်းအပေါင်းခညောင်းပါစေလို့ "ဖြိုး" ဆေးခန်းမိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်။ 🌟

" ဆီးချိုသမားတွေ ဒါတွေကိုများများစားပေးနော် 👇🏻 "ဆီးချိုသမားတွေဆိုတာ အစားအသောက်ကို အထူးဂရုစိုက်ရပါတယ်...ဒါကြောင့် အောက်ပါ...
12/09/2022

" ဆီးချိုသမားတွေ ဒါတွေကိုများများစားပေးနော် 👇🏻 "

ဆီးချိုသမားတွေဆိုတာ အစားအသောက်ကို အထူးဂရုစိုက်ရပါတယ်...ဒါကြောင့် အောက်ပါပုံလေးကို ဖုန်းလေးထဲမှာသိမ်းထားပါ။ နောင်တစ်ချိန်လိုအပ်ရင် ပြန်ရှာကြည့်လို့ရတာပေါ့။ 👨‍⚕️

ဆေးခန်း Booking တင်ရန်နှင့် စုံစမ်းရန်အတွက် -
ဖုန်း 09-975390530 📞

🏥 အမှတ်(၉၆၉),အင်းဝလမ်း,(၆)ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်,ရန်ကုန်မြို့, Yangon, Myanmar

#ဖြိုးဆေးခန်း #ဖြိုး #ဆီးချို

" ပါးစပ်ဖျားလေး‌တွင် မေ့မေ့သွားတာ ဘာကြောင့်လဲ?🤔 "ကျွန်တော်တို့တွေ နေ့စဥ်သွားလာလှုပ်ရှားနေစဥ်အတွင်း အသိတစ်ယောက်ကိုတွေ့လို...
26/07/2022

" ပါးစပ်ဖျားလေး‌တွင် မေ့မေ့သွားတာ ဘာကြောင့်လဲ?🤔 "

ကျွန်တော်တို့တွေ နေ့စဥ်သွားလာလှုပ်ရှားနေစဥ်အတွင်း အသိတစ်ယောက်ကိုတွေ့လို့ ‌နှုတ်ဆက်တဲ့အခါ " သူ ဘယ်သူပါလိမ့်...ငါ သူ့နာမည်သိပါတယ်...ဘာပါလိမ့် " လို့ တွေးမိကြသလို ကိုယ်အရမ်းကြိုက်တဲ့ သီချင်းနာမည်တို့ အစားအစာနာမည် အစရှိသဖြင့်တို့ကို တစ်စုံတစ်ဦးကို ပြန်ပြောလို့သော်လည်း‌ကောင်း၊ ကိုယ့်ဟာကိုယ် စဥ်းစားရင်း " ငါသိပါတယ်...ပါးစပ်ဖျားလေးတင် မေ့နေတာ " လို့ဖြစ်ဖူးကြမှာပါ🧑‍⚕️

ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်...တစ်ချို့တွေကတော့ ပြောကြပါတယ်..ဒါဟာ ကိုဗစ်ဖြစ်ဖူးသူတိုင်း ဖြစ်တဲ့ လက္ခဏာဆိုပြီး....🤷🏻

ဟုတ်တော့လည်း ဟုတ်ပါတယ်...ကိုဗစ်ဖြစ်တဲ့သူတစ်ချို့အနေနဲ့ မေ့ပျောက်တတ်တာမျိုးဖြစ်တတ်ပါတယ် သို့သော် ‌ရေရှည် မှတ်ဥာဏ်ချို့ယွင်းတာမျိုးမဟုတ်ဘဲ ခဏတာပဲဖြစ်တာပါ🙋🏻...

ကျနော့်လို ကိုဗစ်မဖြစ်ခင်ကလည်း အလွယ်တကူမေ့ပျောက်တတ်တဲ့ သူတွေက ဘာကြောင့် ခဏ ခဏ ဖြစ်ရတာလည်းဆိုရင်....

၁. စိတ်ဖိစီးမှုများခြင်း
၂. အိပ်ရေးမ၀ခြင်း သို့မဟုတ် Thyroid ပြဿနာရှိခြင်း
၃. ပုံမှန်သောက်နေရတဲ့ ဆေးကြောင့်
၄. အနေအထိုင် အစားအသောက်မမှန်ခြင်း
၅. ရေလုံလောက်စွာမသောက်ခြင်းနှင့်
၆. ဗီတာမင် B12 ချို့တဲ့ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။🧑‍⚕️

မေ့မေ့ပျောက်ပျောက် ဖြစ်လွယ်တဲ့ အကြောင်းအရင်းတွေက အများကြီးရှိပေမယ့် ဒီနေ့မှာ ဗီတာမင် B12 ချို့တဲ့ခြင်းအကြောင်းကို အဓိက ပြောချင်ပါတယ်။🤗

လူတွေ မေ့မေ့ပျောက်ပျောက်ရှိနေတဲ့ ဗီတာမင် B12 ပေါ့....ဗီတာမင် B12 ဟာဆိုရင် လူ့ခန္ဓာကိုယ်ထဲမှာ သွေးနီဥလုပ်ဆောင်ချက်တွေနဲ့ ဦးနှောက်နှင့် အာရုံကြောတို့အတွက် အလွန်အရေးပါတဲ့ ဗီတာမင်တစ်မျိုးပဲဖြစ်ပါတယ်။

ဗီတာမင် B12 လုံလောက်စွာ ရရှိနေရင် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတစ်ချို့နဲ့ Dementia လို့ခေါ်တဲ့ မှတ်ဥာဏ်ချို့တဲ့ခြင်းရောဂါမျိုးတွေ အပြင် အယ်လ်ဇိုင်းမားလိုရောဂါမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အယ်လ်ဇိုင်းမားလိုရောဂါမျိုးတွေဟာ ဗီတာမင် B12 ချို့တဲ့ရာကနေ အစပြုတဲ့ရောဂါမျိုးတွေဖြစ်တာမို့ မချို့တဲ့ရအောင် ဂရုစိုက်ဖို့လည်းလိုပါတယ်

ဗီတာမင် B12 ချို့တဲ့ရင်...

၁. အရမ်းကိုမှပင်ပန်းနွမ်းနွယ်မယ်🌟
၂. ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ🌟
၃. အပ်လေးတွေနဲ့ ထိုးနေသလို ကျဥ်နေတတ်တယ်🌟
၄. လျှာရောင်ရမ်းခြင်းသို့မဟုတ် နှုတ်ခမ်းမှာအနာဖြစ်ခြင်း🌟
၅. ကြွက်သားအားနည်းခြင်း🌟
၆. အမြင်‌ ေ၀၀ါးခြင်း🌟
၇. စိတ်ပိုင်းဆိုင်ရာရောဂါမျိုး🌟
၈. မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင့်ခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။

ဒီလောက်ဆို ဗီတာမင် B12 လုံလောက်စွာရှိရင်နဲ့ ချို့တဲ့ရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို သိပြီးလောက်ပြီပေါ့...နောက်အပတ်တွေမှာလည်း‌ တခြားကျန်းမာရေးနဲ့ပတ်သက်တာတွေကို တင်ပေးသွားမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်

👉ရင်တုန်တတ်သော လူနာတစ်ယောက်👈-------------------------------------------တစ်နေ့တစ်နေ့ ဆေးခန်းလာပြကြသော လူနာများမှာ ရင်တုန်...
28/06/2022

👉ရင်တုန်တတ်သော လူနာတစ်ယောက်👈
-------------------------------------------

တစ်နေ့တစ်နေ့ ဆေးခန်းလာပြကြသော လူနာများမှာ ရင်တုန်တာကြောင့် လာပြတဲ့လူနာတွေက ပါတတ်စမြဲပါပဲ။

ဒါကြောင့် ရင်တုန်တာနဲ့ပတ်သက်တာလေးကို သိထားစေချင်ပါတယ်။

ပုံမှန်အားဖြင့် ရင်တုန်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရင်တုန်တာအပြင် တခြားလက္ခဏာတွေပါတွဲရှိနေရင်တော့ သတိထားရပါတော့မယ်။ အဲ့တော့ ဘယ်လိုလက္ခဏာတွေကို စောင်ကြည့်ရမလဲ။

မကြာခဏရင်တုန်ခြင်း
တချို့က အကြောင်းရင်းသေချာမသိပဲ မကြာခဏရင်တုန်တတ်ပါတယ်။ တစ်ရက်မှာ ခဏခဏတုန်နေတာမျိုး၊ ဒါမှမဟုတ် တစ်ကြိမ်တည်းမိနစ်အနည်းငယ်လောက်တုန်တာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်များခြင်း၊ ကဖိန်းဓာတ်၊ အရက်၊ ဖျားနာခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ စတာတွေကလည်း ရင်တုန်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အရမ်းမဆိုးဝါးရင် ဆရာဝန်ဆီအမြန်သွားဖို့မလိုအပ်ပါဘူး။

ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်ပြီး နှလုံးအရမ်းတုန်နေရင်တော့ ဆေးရုံအမြန်သွားသင့်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။

အသက်ရှူကြပ်ခြင်း
ဒါဟာလည်း အရေးပေါ်အခြေအနေပဲဖြစ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ဖို့စောင့်မနေပဲ ဆေးရုံအမြန်သွားဖို့လိုပါတယ်။ သင့်နှလုံးမှာဆိုးဆိုးရွားရွားဖြစ်နေပြီဆိုတာကို ပြသနေပါတယ်။

အားအင်ကုန်ခမ်းခြင်း
ရင်တုန်ပြီးတဲ့နောက် သတိလစ်သွားခြင်း၊ မူးဝေလဲကျခြင်းများဖြစ်ရင် အရေးပေါ်ကုသမှုချက်ချင်းလိုအပ်ပါတယ်။ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတယ်ဆိုတာ ပြသနေတာပါ။

လေဖြတ်တဲ့လက္ခဏာများ
ကိုယ်လက်အားနည်းခြင်း၊ ပါးရွဲ့ခြင်း၊ သတိလျော့ခြင်း၊ စကားမပီတော့ခြင်း၊ အမြင်အာရုံအားနည်းခြင်းတွေက လေဖြတ်ချင်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

ကာလတာရှည်စွာ ရင်တုန်ခြင်း
ရင်တုန်ခြင်းရဲ့အခြားအကြောင်းတခုက နှလုံးကြွက်သားအားနည်းတာကြောင့်ပါ။ နှစ်ရှည်လများမကုသပဲထားရင် နှလုံးခုန်နှုန်းတွေ မူမမှန်ဖြစ်လာမှာပါ။ အဲ့နောက်မှာ နှလုံးကြွက်သားလည်း ပင်ပန်းပြီးအားနည်းလာပါလိမ့််မယ်။ နှလုံးခုန်နှုန်းမမှန်တာက မသေနိုင်ပေမယ့် ဒီလက္ခဏာကြောင့် လေဖြတ်နိုင်ပါတယ်။

နှလုံးရောဂါအခံရှိခြင်း
သင့်မှာအရင်ကတည်းက နှလုံးရောဂါအခံရှိခဲ့မယ်ဆိုရင် ရင်တုန်တာကဖြစ်နိုင်ပါတယ်။ နှလုံးအားနည်းတဲ့သူတစ်ယောက်မှာ နှလုံးခုန်နှုန်းပိုများနိုင်ပါတယ်။ မကြာခဏဖြစ်နေမယ်ဆိုရင်တော့ ရုတ်တရက်နှလုံးရပ်သွားနိုင်ပါတယ်။

အခြားရောဂါများရှိခြင်း
နှလုံးရောဂါအပြင် အခြားသောရောဂါများရှိခြင်းကလည်း နှလုံးခုန်မမှန်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါရှိသူများဟာ သွေးကြောအတွင်းသွေးခဲနိုင်ပါတယ်။ သွေးခဲရှိသူတစ်ယောက်က နှလုံးတအားခုန်တဲ့အခါ သွေးခဲကပြုတ်ထွက်ပြီး ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်စေနိုင်ပါတယ်။ ဒါ့အပြင် သွေးအားနည်းရောဂါရှိသူတွေမှာလည်း နှလုံးကပိုမိုအလုပ်လုပ်ဆောင်ရပါတယ်။

ဒီလိုထပ်ပေါင်း လက္ခဏာတွေပါ ရှိလာပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းတော့ သွားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ။



တုတ်ကွေးရောဂါ နှင့်ကာကွယ်ဆေး အကြောင်းသိကောင်းစရာ-----------------------------------------------------------------------က...
31/05/2022

တုတ်ကွေးရောဂါ နှင့်ကာကွယ်ဆေး အကြောင်းသိကောင်းစရာ
-----------------------------------------------------------------------

ကာကွယ်ဆေးအကြောင်းမပြောခင် တုပ်ကွေးရောဂါ ရဲ့ အခြေခံအကြောင်းတွေ
သိထားရင်ကောင်းပါတယ်... တုပ်ကွေးရောဂါ ဟာ Influenza Viruses ကြောင့် ဖြစ်တာပါသည်။

Influenza Viruses ကို A,B,C,D ဆိုပြီး အမျိုးအစား အုပ်စု ၄ ခု ခွဲပြီး သတ်မှတ်ထားပါတယ်။ အုပ်စု A နဲ့ B က ရာသီအလိုက် ဖြစ်ပေါ်ပြီး ဖြစ်ပြီဆိုရင်လည်း လူအများအပြားကြား အစုလိုက် အပြုံလိုက် ကူးစက်ဖြစ်ပွားပါတယ်။

Seasonal Flu ဆိုတဲ့ ရာသီဖျား ရာသီပေါ်တုပ်ကွေးက တစ်ချို့ရာသီတွေမှာ တော်တော်ပြင်းထန် တတ်ပါတယ်. .အုပ်စု C ကတော့ အပျော့စား အပေါ့စား ဖြစ်ပြီး အစုအပြုံလိုက် ပြန့်ပွားဖြစ်စေတာမျိုး သိပ်မရှိပါဘူး ချောင်းဆိုး နှာစေး တာလောက် နည်းနည်းဖျားတာလောက်နဲ့ပဲ ပြီးသွားတာမျိုးပါ.....

အုပ်စု D ကတော့ တိရစ္ဆာန်တွေ မှာပဲ ဖြစ်ပြီး လူတွေ ဆီ ကူးစက်နိုင်တာမျိုး မရှိဘူးလို့
အကြမ်းအားဖြင့် ဆိုပါတယ်.....

လူသိများတဲ့ "H1N1" တို့ "H3N2" တို့ "H5N1" တို့ ဆိုတာ တွေ က Influenza Type A viruses အုပ်စုဝင်တွေပါသည်။ Virus ပိုးတွေရဲ့ ထူခြားချက် ကမျိုးစိတ်ကွဲ တစ်ခု တည်းမှာတင် Strain လို့ခေါ်တဲ့ မျိုးဗီဇ နည်းနည်း နည်းနည်း ပြောင်းပြီး ပေါ်ပေါ် လာတတ်တာပါပဲ။

ဆိုလိုချင်တာက ပြီးခဲ့တဲ့ ရာသီ က ပေါ်ခဲ့တဲ့ "H1N1" နဲ့ နောက်တစ်ရာသီ မှာ ပေါ်မယ့် "H1N1" ချွတ်စွပ် မတူနိုင်တာမျိုးပါ.....!ဒါကြောင့် အခုရာသီ မှာ တုပ်ကွေး ဖြစ်ထားလည်း နောက်ရာသီ မှာ ထပ်ဖြစ်တတ်ပါတယ်။ အခုရာသီ အတွက် ကာကွယ်ဆေး ထိုးထားလည်း နောက်ရာသီ အတွက် ကာကွယ်ချင်မှ ကာကွယ် နိုင်ပါလိမ့်မယ်.....
အခုပြောခဲ့တာတွေ က တုပ်ကွေးရောဂါ ဖြစ်စေတဲ့ Virus ပိုးတွေရဲ့ အကြောင်းပါ

ပိုးတွေအကြောင်း ပြီး တော့ တုပ်ကွေးရောဂါ ဖြစ်တဲ့ ရာသီတွေ အကြောင်း
ဆက်ပြောပါ့မယ်.... လူတော်တော်များများကတော့ တုပ်ကွေးရောဂါဆိုတာ မိုးရာသီမှာပဲဖြစ်တယ်လို့ ထင်ကြပါတယ်။

တကယ်တော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆို တုပ်ကွေးရောဂါဖြစ်တဲ့ ရာသီ နှစ် ရာသီ ရှိပါတယ်။ Northern Hemisphere Strain လို့ပြောတဲ့ ကမ္ဘာ့မြောက်ခြမ်း မှာ ပေါ်တဲ့ပိုးကြောင့် ပျံ့နှံ့ဖြစ်ပွားတဲ့ တုပ်ကွေးရာသီ နဲ့ Southern Hemisphere Strain လို့ပြောတဲ့ ကမ္ဘာ့တောင်ခြမ်း မှာ ပေါ်တဲ့ပိုးကြောင့် ပျံ့နှံ့ဖြစ်ပွားတဲ့ တုပ်ကွေးရာသီ ဆိုပြီး ရာသီ နှစ်ခု ကွဲပါတယ်။

တစ်ရာသီ နဲ့ တစ်ရာသီ ဖြစ်တဲ့အချိန်မတူသလို ဖြစ်စေတဲ့ virus တွေရဲ့ မျိုးဗီဇ တွေလည်းမတူပါဘူး.... အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့မြောက်ခြမ်းတုပ်ကွေးပိုးတွေကြောင့် ဖြစ်တဲ့ တုပ်ကွေးရာသီ က ၁၂ လ ပိုင်း ကနေ ၅ လ ပိုင်း မှာ ဖြစ်ပြီး ကမ္ဘာ့တောင်ခြမ်းတုပ်ကွေးပိုးတွေကြောင့် ဖြစ်တဲ့ တုပ်ကွေးရာသီ က ၆ လ ပိုင်း ကနေ ၁၁ လ ပိုင်း မှာ
ဖြစ်တတ်ပါတယ်

ယခုမြန်မာနိုင်ငံ ကို တရားဝင်ရောက်လာသော တုတ်ကွေးကာ ကွယ်ဆေးသည် ကမ္ဘာ့တောင်ခြမ်း တုပ်ကွေးပိုးတွေကြောင့် ဖြစ်တဲ့ တုပ်ကွေးရာသီ က ၆ လ ပိုင်း ကနေ ၁၁ လ ပိုင်း မှာထိုးရမည့်ဆေးဖြစ်ပါသည်။

သူ့ရာသီ အတွက် ဆေးကို သူ့အချိန်နဲ့သူ မှန်အောင် ကိုက်ညီအောင် ထိုးရမှာပါ....

ခု အမေးများတဲ့ မေးခွန်းတွေ ကို ကြိုဖြေပေးပါ့မယ်...

(၁). မဖြစ်မနေထိုးရမှာလား/ထိုးသင့်သလား?
- မဖြစ်မနေ ထိုးကိုထိုးရမယ့် ကာကွယ်ဆေးတော့ မဟုတ်ပါဘူး
ထိုးထားသင့်တဲ့ကာကွယ်ဆေးတော့ဟုတ်ပါတယ်
(၂). ထိုးထားရင် တုပ်ကွေးရောဂါ မဖြစ်တော့ဘူးလား?
- မဟုတ်ပါ ဘယ်ရောဂါကာကွယ်ဆေး မှ ၁၀၀% ကာကွယ်နိုင်တယ်ဆိုတာ မရှိပါဘူး
အပေါ်မှာ ပိုးတွေအကြောင်းပြောခဲ့သလိုပဲ ဖြစ်နိုင်တဲ့ ပိုးတွေ အများကြီးထဲကမှ အဖြစ်များ ကူးစက်မြန်ပြီး
ဖြစ်ရင် အသက်အန္တရာယ်ရှိတဲ့ထိ ပြင်းထန်တတ်တဲ့ A အုပ်စု က ၂ မျိုး နဲ့ B အုပ်စု က ၂ မျိုး
1. AH1N1
2. AH3N2
3. B Victoria
4. B Yamagata အဓိက ကာကွယ်နိုင်မှာပါ (H1N1 ပါပါတယ်)
(အနည်းဆုံးတော့ တုပ်ကွေးရောဂါ ပြင်းပြင်းထန်ထန်ပျံံနှံ့ဖြစ်ပွားလာခဲ့ရင်တောင်
ကာကွယ်ဆေးထိုးထားတာပဲလေ ဆိုပြီး စိတ်တော့ အေးရမှာပေါ့)

(၃). ဘယ်အရွယ်တွေ ထိုးရမှာလဲ?
- အသက် ၆ လ ကျော်ရင် စထိုးလို့ရပါတယ် ဒါပေမယ့် အသက် ၉ လ ကျော်မှ ထိုးရင် ပိုသင့်တော်ပါမယ်
အသက် ၆လ အထက် (ဘယ်အရွယ်အတွက်မဆို) အတွက် ဆေးထိုးလို့ ရပါတယ်

(၄). ဘယ်နှစ်ခါထိုးရမှာလဲ?
- အရင် က တစ်ခါမှ မထိုးဖူးသေးတဲ့ အသက် ၉ နှစ်အောက် ကလေးတွေ က စစချင်း တစ်လုံး တစ်လခြားပြီး တစ်လုံး စုစုပေါင်း နှစ်ခါ ထိုးရပါမယ်။ အရင် က ထိုးခဲ့ဖူးရင်ဖြစ်ဖြစ် အသက် ၉ နှစ် ကျော်ရင်
ဖြစ်ဖြစ် တစ်လုံး တစ်ကြိမ် ပဲ ထိုးဖို့လိုပါတယ်

(၅). သွေးလွန်တုပ်ကွေးပိုးကိုပါ ကာကွယ်သလား?
- တုပ်ကွေးရောဂါကာကွယ်ဆေး နဲ့ သွေးလွန်တုပ်ကွေးရောဂါ


(နာမည်မှာ တုပ်ကွေးပါတာချင်းတူတာကလွဲရင်) ဘာဆိုဘာမှ မဆိုင်ပါ)]


👉 မနေ့က ဖြိုး ဆေးခန်းမှာ တွေ့ရတဲ့  ညဖက်ကြွက်ခဏခဏ တတ်တဲ့ လူနာတစ်ယောက်နဲ့ ပတ်သက်ပြီး ခြေထောက်ကြွက်တတ်ခြင်းအကြောင်းလေးကို ပ...
10/05/2022

👉 မနေ့က ဖြိုး ဆေးခန်းမှာ တွေ့ရတဲ့ ညဖက်ကြွက်ခဏခဏ တတ်တဲ့ လူနာတစ်ယောက်နဲ့ ပတ်သက်ပြီး ခြေထောက်ကြွက်တတ်ခြင်းအကြောင်းလေးကို ပြောပြချင်ပါတယ်။ 👈

ခြေထောက်ကြွက်တတ်တယ်ဆိုတာ ❓❓
-----------------------------------------

ကြွက်သားတစ်မျှင်ခြင်းဖြစ်ဖြစ် ကြွက်သားအစုလိုက်ဖြစ်ဖြစ် ရုတ်တရက်တောင့်တင်းပြီး ကျုံ့သွားတာကို ကြွက်တက်တယ်လို့ ခေါ်ဆိုပါတယ်။ များသောအားဖြင့်တော့ ညဖက်အိပ်နေရင်း ဒါမှမဟုတ် အားကစားလုပ်ရင်းခံစားရတတ်ပါတယ်။ ကြွက်တက်တယ်ဆိုတာအရေးပေါ်အခြေအနေမဟုတ်ပေမယ့် တော်တော်ခံစားရခက်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

ကြွက်တက်ရင်ဘယ်လိုလက္ခဏာတွေပြလဲ ❓❓
-------------------------------------------------

ကြွက်တက်တာကတော့ အများအားဖြင့်ခြေသလုံးကြွက်သားမှာဖြစ်တတ်ပါတယ်။ ခြေသလုံးက မခံရပ်နိုင်အောင်ကို နာကျဉ်ပြီး တောင့်တင်းသွားတတ်ပါတယ်။ များသောအားဖြင့်တော့ သူ့အလိုလိုပျောက်ကင်းသွားပါတယ်။ ဒါပေမယ့်

☑ မခံမရပ်နိုင်အောင်နာကျဉ်တယ်
☑ကြွက်တက်တဲ့ခြေထောက်ကရောင်ပြီးဖောင်းလာတယ်
☑ ကြွက်တက်တာပြီးသွားရင်တောင် ခြေထောက်ကြွက်သားတွေအားနည်းကျန်ခဲ့တယ်
☑ ခဏခဏကြွက်တက်တယ်
☑အချိန်အတော်ကြာကြာထိမပျောက်ဘူး
☑ အားကစားလည်းမလုပ်၊ ကြွက်တက်စေတဲ့အကြောင်းလည်းမရှိဘဲ နေရင်းထိုင်ရင်းထဖြစ်တယ် ဆိုရင်တော့ ဆရာဝန်နှင့် ပြကြည့်ဖို့တော့လိုပါလိပ်မယ်။

ကြွက်တက်စေတဲ့ အချက်တွေကတော့ 👇👇

ကြွက်သားကို အလွန်အကျူးအသုံးချတာ၊ ရေဓာတ်ခန်းခြောက်တာ၊ ခန္ဓာကိုယ်ပုံစံအနေအထား တစ်ခုနဲ့အချိန်အကြာကြီးနေတာ မျိုးတွေဆို ကြွက်တက်နိုင်ပါတယ်။ ဒါပေမဲ့လည်း တခြားမသိသေးတဲ့ အကြောင်းတွေလည်းရှိပါသေးတယ်။ တခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ကြွက်တက်စေနိုင်ပါတယ်၊

ဒါတွေကတော့

ခြေထောက်သွေးမလျှောက်ခြင်း - ခြေထောက်ကြွက်သားတွေကိုသွေးပို့ပေးတဲ့ သွေးလွှတ်ကြောတွေပုံမှန်ထက် ကျဉ်းနေရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ မကြာခဏကြွက်တက် တတ်ပါတယ်။

အာရုံကြောများဖိမိခြင်း - ကျောရိုးဆစ်ထဲက ပင်မအာရုံကြောညပ်သွားရင်လည်း ခြေထောက်ကြွက်တက်နိုင်ပါတယ်။

သတ္ထုဓာတ်များချို့တဲ့ခြင်း - ပိုတက်ဆီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်(ထုံးဓာတ်) စတဲ့သက်စောင့်ဓာတ်တွေထဲက တမျိုးမျိုးချို့တဲ့နေရင်လည်း ခြေထောက်ကြွက်တက်နိုင်ပါတယ်။

သွေးတိုးရောဂါ၊ အရိုးပွရောဂါ၊ ပါကင်ဆန်ရောဂါ မှာပေးတဲ့သောက်ဆေးတချို့နဲ့ ဆီးဆေးတွေကြောင့်လည်း ခြေထောက်ကြွက်တက်နိုင်ပါတယ်။

နောက်ပြီး‌ နေ့စဉ်စားသောက်မှုအနေအထိုင်ကြောင့်လည်း ကြွက်တက်စေနိုင်ပါတယ်။
ဆေးလိပ်အလွန်သောက်သုံးခြင်း၊ အရက်အလွန်သောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းခြင်း စသည်တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ခြေထောက်ကြွက်တက်တာကို အိမ်မှာနေရင်း သက်သာအောင်ပြုလုပ်လို့ ရပါတယ်။
------------------------------------------------------------------------------------------------

ခြေထောက်ကြွက်တက်ရင် stretching exercise လို့ခေါ်တဲ့ ကြွက်သားလေ့ကျင့်ခန်းနဲ့ သက်သာအောင်လုပ်နိုင်ပါတယ်။ ကြွက်တက်တဲ့ခြေထောက်ကို အားပြုရပ်ပြီး ဒူးခေါင်းကို ဖြည်းဖြည်းခြင်းကွေးချည်၊ ဆန့်ချည်လုပ်ပေးပါ။ နောက်ပြီး ကြွက်တက်တဲ့ကြွက်သားကို ရေနွေးအိတ် ဒါမှမဟုတ် ရေခဲအိတ်ကပ်ပြီး နှိပ်နယ်ပေးခြင်းတို့ပြုလုပ်ပေးလို့ ရပါတယ်။

ဒါကြောင့် ကြွက်တက်ခြင်းက အရေးပေါ် အခြေအနေမဟုတ်ပေမယ့် အတော်ခံစားရခက်တဲ့ ရောဂါဖြစ်တဲ့အတွက် နေ့စဉ်နေ့ထိုင်မှုပုံစံကို ဂရုစိုက်သင့်ပါတယ်။ ရေများများသောက်မယ်၊ ကိုယ်လက်လှုပ်ရှားလုပ်မယ်၊ လေ့ကျင့်လုပ်တဲ့ သူတွေဖြစ်ပါက အကြောလျှော့ပြီးမှလေ့ကျင့်ခန်းလုပ်မယ်၊ ညဖက်မအိပ်မှီ အကြောလျှော့ပြီး အိပ်တာတို့ကို ပြုလုပ်သင့်ပါတယ်။

ရာသီဥတုပူပြင်းလာခြင်း နဲ့ အတွေ့များလာတဲ့ Heat Exhaustion ယခုရာသီဥတုပူပြင်း လာတာနဲ့ အမျှ ဆေးခန်းတွင် heat exhaustion နဲ့ ...
05/05/2022

ရာသီဥတုပူပြင်းလာခြင်း နဲ့ အတွေ့များလာတဲ့ Heat Exhaustion

ယခုရာသီဥတုပူပြင်း လာတာနဲ့ အမျှ ဆေးခန်းတွင် heat exhaustion နဲ့ သက်ဆိုင်တဲ့ လူနာတွေ အများ အပြားတွေ့လာရပါတယ်။
ထိုကဲ့သို့ လူနာတွေက အဓိကအားဖြင့်

- နှုန်းတယ်၊
- ကိုယ်အပူချိန်တက်တယ် ( သာမန်ဖျားသလိုကိုယ်လက် ကိုက်တာမျိုးမဟုတ်ဘဲ ကိုယ်က ပူပြီး အားမရှိလို ဖြစ်ခြင်း )
- ချွေးအရမ်းထွက်တယ်
- ခေါင်းမူး၊ ကိုယ်လက် မသယ်ချင်ဘူး၊
- ဆီးသွား နည်းသွားမယ်
- အစားအသောက်ပျက်တယ် စသည့် လက္ခဏာ တွေ နဲ့ လာတတ်ပါတယ်။

အဲ့ထက်ဆိုးရင် Heat Stroke လို့ သတ်မှတ်လို့ ရတဲ့ ကိုယ်အပူချိန်လွန်ကဲပြီး သတိလစ်ခြင်း၊ တက်ခြင်း၊ ကရောင်ကတန်းဖြစ်ခြင်း စသည့် အန္တရာယ် ရှိတဲ့ လက္ခဏာတွေ နဲ့ လည်း လာတတ်ပါတယ်။

အဲ့လို Danger Sign တွေ ဖြစ်ရင်တော့ ဆေးရုံပို့ဖို့ လိုအပ်ပါတယ်။

ပထမပြောသလို Heat Exhaustion ရဲ့ လက္ခဏာတွေ လောက်ပဲဆိုရင်​တော့ ဆေးရုံလောက်ထိ သွားစရာမလိုပဲ ကုသလို့ ရနိုင်ပါတယ်။

အဖြစ်များတဲ့ လူတွေကတော့ အသက်ကြီးရွယ်အိုများ၊ နေပူထဲ အလုပ်လုပ်ရတဲ့ သူများ၊ ကလေးသူငယ်များ၊ ရောဂါအခံရှိတဲ့သူတွေ များတော့ အဖြစ်များပါတယ်။

ထိုကဲ့သို့ဖြစ်ရခြင်းက ခန္ဓာကိုယ်တွင်းရေဓာတ် ချို့တဲ့ ခြင်းကြောင့် အဓိက ဖြစ်တာပါ။
ဒါကြောင့် ရေဓာတ်ကို ပြန်ဖြည့်ဖို့ အဓိက ပဲဖြစ်ပါတယ်။ ကိုယ်ပူတွေ တက်တယ် ထင်ပြီး ကိုယ်ပူကျဆေး( Paracetamol) သောက်တာတွေတော့ မလုပ်သင့်ပါဘူး။ အဓိက ကတော့ ရေဓာတ်ပြန်ဖြည့်ဖို့ပါပဲ။

ကိုယ်ပူချိန် အရမ်းတက်နေတယ်ဆိုရင်တော့ ရေပတ်တိုက်ခြင်း၊ ရေချိုးခြင်း၊ ရေခဲကပ်ခြင်းတို့ကိုလဲ လုပ်ပေးလို့ရပါတယ်။

ထိုကဲ့သို့ အပူချိန်လွန်ကဲခြင်းမှား မဖြစ်ရလေအောင်

- နေပူပြင်းထန်သောအချိန်များတွင် မလိုအပ်ပဲ နေပူထဲ မသွားပါနဲ့
- မဖြစ်မနေသွားရမည်ဆိုပါက အဝတ်အထည်ပွပွဝတ်ခြင်း၊ အမည်းရောင်အဝတ်အထည်များ ရှောင်ရှားခြင်း၊ ဦးထုပ် ထီးများ အသုံးပြုခြင်း
- အပူချိန်ပြင်းထန်သော နေ့လည်ချိန်များတွင် ရေချိုးခြင်းများမှ ရှောင်ရှားခြင်း
- ရေများများသောက်ခြင်း
စသည်များကို လုပ်ဆောင်သင့်ပါတယ်။

အပူချိန်လွန်ကဲခြင်းဆိုတဲ့ ရောဂါသည် ပြင်းထန်သော ရောဂါမျိုးမဟုတ်ပေမယ့် Heat Stroke ကဲ့သို့ ပြင်းထန်အဆင့် ဖြစ်သွားပါက စိုးရိမ်ရသည့် အခြေအနေဖြစ်သည့် အတွက် အထူးဂရုပြုသင့်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည့်အတွက် ကာကွယ်ရေးနည်းလမ်း များကို လိုက်နာသင့်ပါတယ်။

ရာသီတုပ်ကွေးကာကွယ်ဆေး နဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ
25/04/2022

ရာသီတုပ်ကွေးကာကွယ်ဆေး နဲ့ ပတ်သက်ပြီး အမေးများသော မေးခွန်းများ

ရင်ဖတ်အောင့်သောလူနာတစ်ယောက်ရင်ဖတ်အောင့်ဖူးပါသလား? ဒါဆိုရင်တော့ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာကိုလေ့လာကြည့်ရအောင်။ ရင်ဖတ်အောင...
18/04/2022

ရင်ဖတ်အောင့်သောလူနာတစ်ယောက်

ရင်ဖတ်အောင့်ဖူးပါသလား?
ဒါဆိုရင်တော့ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာကိုလေ့လာကြည့်ရအောင်။ ရင်ဖတ်အောင့်ခြင်းကို ဖြစ်နိုင်တာတွေထဲမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံးရောဂါကတော့ နှလုံးသွေးကြောကျဉ်းရောဂါပဲဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ
နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးဆီကို သွေးပို့လွှတ်တဲ့ သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းလာတဲ့အတွက် နှလုံးထံကို သွေး အလုံအလောက် မရောက်တော့ဘဲ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပေါ်လာတာကို ခေါ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ
အသက်ကြီးလာတာနဲ့အမျှ သွေးကြောနံရံတွေ မာကြောလာတာ၊ သွေးကြောနံရံမှာ အဆီတွေ စုပုံတာတွေ ဖြစ်လာပါတယ်။

ဒီတော့ နှလုံးသွေးကြောတွေက ကျဉ်းလာပြီး နှလုံးဆီကို သွေးအလုံ အလောက် မရောက်နိုင်တာကြောင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်မလုပ်ဆောင်နိုင်တော့ဘဲ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

သိသာထင်ရှားတဲ့ လက္ခဏာများ
-ရင်ဘတ်အောင့်တာဟာ အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။ ရင်ညွန့်အနီးတဝှိုက် အောင့်တတ်ပြီး ရင်ဘတ်ကိုဆွဲဆုတ်ထားသလို ခံစားရနိုင်ပါသည်။
-ခန္ဓာကိုယ် လှုပ်ရှားမှုများတဲ့အခါ ပိုအောင့်တတ်ပါတယ်။ အနားယူလိုက်တဲ့အခါမျိုးမှာတော့ ပြန်ပြီးသက်သာသွားတာမျိုး ဖြစ်တတ်ပါတယ်။
-အစာမကြေတာ၊ ရင်ပူတာ စတဲ့ လက္ခဏာတွေနဲ့ လည်းမှားနိုင်ပါတယ်။
-ဘယ်ဘက်ပုခုံး၊ လည်ပင်း၊ မေးရိုး စတဲ့နေရာတွေမှာလည်း နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ပျို့ခြင်းအန်တာ၊ ချွေးစေးပြန်တာ၊ ပင်ပန်းနွမ်းနယ်တာတွေ ခံစားရနိုင်ပါတယ်။
-နောက်ပြီး မောပန်းတာ၊ ရင်တုန်တာ၊ နှလုံးခုန်မြန်တာ တွေ လည်းဖြစ်ပွားနိုင်ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာမယ်ဆိုရင် နှလုံးကြွက်သားပုပ်တာ၊ ရုတ်တရက်ရှော့ခ်ရပြီး သတိလစ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

ကုသမှု ပေးတဲ့အခါ

အရင်ဆုံး ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းရပါမယ်။
ဘယ်နေရာက အောင့်နေတာလဲ၊
ဘယ်အချိန်မှာ ပိုပြီး အောင့်တတ်လဲ၊
ဘယ်လိုနေရင် နှလုံးက ပိုအောင့်တာလဲ စတာတွေကို သေသေချာချာ မေးရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ ထပ်ပြီး ပြုလုပ်သင့်တဲ့ စမ်းသပ်စစ်ဆေးမ တွေကတော့

နှလုံးခုန်သံ နားထောင်တာပြီး နှလုံးခုန်သံ မှန်၊ မမှန်၊
နှလုံးခုန်နှုန်းကို ရေတွက်တာပြီး နှလုံး ခုန်နှုန်း မြန်၊ မမြန်၊
သွေးဖိအားကို ပုံမှန်တိုင်းတာပြီး သွေးဖိအား တက်နေလား၊ ကျနေလား ဆိုတာ အဓိက စစ်ဆေးရပါမယ်။
တခြားရောဂါလက္ခဏာတွေအနေနဲ့

ဖြူဖျေားနွမ်းနယ်တာ၊
မျက်လုံးတစ်ဝိုက် ဒါမှမဟုတ် တစ်ကိုယ်လုံးဖောရောင်လာတာ၊
မောပန်းနေတာ၊
ညဘက်မောပြီး ထထိုင်နေရတာ၊
ခဏခဏ ရင်တုန်တာ၊
မူးမေ့လဲတာတွေ ခံစားရနိုင်ပါတယ်။

ရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့

နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင် ကာကွယ်တဲ့နေရာမှာ နေ့စဉ် နေထိုင်မှုဘဝပုံစံက အရမ်းကို အရေးပါ ပါတယ်။
-ဆေးလိပ်သောက်တာဟာ နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တဲ့အတွက် ဆေးလိပ်ဖြတ်နိုင်အောင် မဖြစ်မနေ ကြိုးစားရပါမယ်။
-အစားအသောက်အနေနဲ့ကတော့ အဆီများတဲ့ အစားအစာတွေ၊ အငန်ပိုတဲ့ အစားအစာတွေ၊ အချိုကဲတဲ့အစားအစာကို အတတ်နိုင် ဆုံးလျှော့စားရပါမယ်။

အနေအထိုင်အနေနဲ့ ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန်ပြုလုပ်ဖို့ လိုပါတယ်။ နေ့စဉ်လမ်းလျှောက်တာ၊ အေရိုးဗစ်လို နှလုံး ကျန်းမာစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်တာ၊ မိမိစိတ်ဝင်စားတဲ့ အားကစားတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်တာမျိုး ရှိသင့်ပါတယ်။ တစ်နေ့ကို ၁၅မိနစ်ကနေ နာရီဝက် အထိ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရပါမယ်။ ကိုယ်အလေးချိန်ထိန်းပြီး အဝမလွန်အောင် ဂရုပြုပါ။

နောက်ပြီး သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ် တို့ကို သေသေချာချာ ထိန်းထားသင့်ပါတယ်။ ပုံမှန် သွေးချို ဖောက်စစ်တာ၊ သွေးပေါင်ပုံမှန်တိုင်းတာ တို့ကိုပြုလုပ်ပြီး သောက်ဆေး၊ ထိုးဆေးတို့ကို ပုံမှန်သောက်တာ၊ ထိုးတာတွေ ပြုလုပ်သင့်ပါတယ်။

သုံးသပ်ချက်

အကျဉ်းချုပ်အနေနဲ့ မိမိရဲ့ အစားအသောက် အနေအထိုင် ပုံစံကိုထိန်းသိမ်းပြီး ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်မယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကြိုတင် ကာကွယ်နိုင်တာကြောင့် ဆင်ခြင်သတိပြုဖို့ ဆန္ဒပြုလိုက်ရပါတယ်။



ရာသီတုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ ရာသီတုပ်ကွေးဆိုတဲ့ ရောဂါ ဆိုတာ လူအများဖြစ်ဖူးတဲ့ ရောဂါအမျိုးအစားပဲဖြစ်ပါတယ်။ ရောဂါ...
07/04/2022

ရာသီတုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ

ရာသီတုပ်ကွေးဆိုတဲ့ ရောဂါ ဆိုတာ လူအများဖြစ်ဖူးတဲ့ ရောဂါအမျိုးအစားပဲဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ အမျိုးအစားတွေလည်းများစွာရှိတဲ့ရောဂါလည်းဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါလည်းဖြစ်တဲ့ အတွက် ရောဂါနဲ့ပတ်သက်တဲ့ အကြောင်း အမေးများသည့် အရာများကို ဖေါ်ပြပေးလိုက်ပါတယ်။

ရာသီတုပ်ကွေးဆိုတာ - အမျိုးအစား ၂ ခုရှိပါတယ်။ မိုးတွင်း တုပ်ကွေး နဲ့ ဆောင်းတွင်းတုပ်ကွေးဆိုပြီးတော့ပါ။ ကျနော်တို့ အပူချိန်များတဲ့ မြန်မာ နိုင်ငံမှတော့ မိုးတွင်းတုပ်ကွေးက အဖြစ်များပါတယ်။ မိုးတွင်းတုပ်ကွေးကို များသောအားဖြင့် June ( ဇွန် လ ) မှ စပြီး November ( နိုဝင်ဘာလ ) အတွင်းအဖြစ်များပါတယ်။

ရောဂါ လက်ခဏာ တွေအနေနဲ့ - ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာဆေးခြင်း၊ ကိုက်လက်နှုန်းခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ပုံစံတွေနဲ့ လာတတ်ပါတယ်။ ရာသီတုပ်ကွေးက ပြင်းထန်မှုရှိလားဆိုတော့ ပုံမှန်အားဖြင့် မပြင်းထန်တတ်ပေမယ့် တချို့ပြင်းထန်ပြီး ဆေးရုံတက်ကုသမှုခံယူရတဲ့ လူနာတွေလဲရှိတတ်ပါတယ်။ ရာသီတုပ်ကွေးရောဂါကလည်း အသက်ရှူ လမ်းကြောင်းကို ထိခိုက်စေတဲ့ အတွက် COVID နဲ့ လည်းဆင်တူပါတယ်။ ဒါပေမယ့် COVID လောက်တော့ မဆိုးဘူးလို့ပြောနိုင်တယ်။ ရာသီတုပ်ကွေးမှာ တစ်ခု ထူးခြားတာက ကလေး တွေမှာ အဖြစ်များတတ် တာပါပဲ။

ရာသီတုပ်ကွေးကို ဘယ်သူတွေသတိထားသင့်သလဲ - ပုံမှန်ငယ်ရွယ်သူတွေမှာ ရာသီတုပ်ကွေးက မထူးဆန်းပေမယ့် ရောဂါအခံရှိတဲ့သူတွေ ( ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါသည်)၊ နာတာရှည်ရောဂါဝေသနာသည်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ ကလေးတွေမှာတော့ ရာသီတုပ်ကွေးရောဂါ သတိထားသင့်ပါတယ်။
ရာသီတုပ်ကွေးရောဂါကို ကာကွယ်လို့ရနိုင်လား- ရာသီတုပ်ကွေးရောဂါက Virus ( ဗိုင်းရပ်စ် ) ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့ အတွက် အမျိုးအစားတူသော Virus ဆိုရင်တော့ ကာကွယ်နိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ Virus မတူရင်တော့ မကာကွယ်နိုင်ဘူးပေါ့။ ဒါပေမယ့် Virus မတူတာကြောင့်ဖြစ်ရင်လည်း ရောဂါပြင်းထန် မှုတော့ လျော့နည်းစေပါတယ်။

ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးရောဂါတူပါသလား - သူတို့ ၂ ခုကတော့ လုံးဝ မတူပါဘူး။ ဖြစ်စေတဲ့ ရောဂါပိုးလည်း မတူသလို ကာကွယ်မှုလည်းမတူပါဘူး။ ရာသီတုပ်ကွေးကိုက တုပ်ကွေးကာကွယ်ဆေး ထိုးပြီးကာကွယ်နိုင်ပေမယ့် သွေးလွန်တုပ်ကွေးကိုကတော့မကာကွယ်နိုင်ပါဘူး။ သွေးလွန်တုပ်ကွေးကိုကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေး သပ်သပ်ရှိပါတယ်။ ကျနော်တို့ နိုင်ငံမှာတော့ မရနိုင်သေးပါဘူး။
ရာသီတုပ်ကွေးနဲ့ COVID အကြောင်း - ဒီရောဂါနှစ်ခုကတော့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ရောဂါတွေဖြစ်တဲ့ အတွက် ရောဂါပုံစံကတော့ ဆင်တူပါတယ်။ ပြင်းထန်မှုတော့ကွာခြားပါတယ်။ Virus ကြောင့်ဖြစ်တဲ့ ရောဂါတွေဆိုတော့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အချက်တွေလည်းတူပါတယ်။ ကာကွယ်ဆေးထိုးထားပါက မျိုးကွဲတူတာတွေကိုကာကွယ်နိုင်တယ်။ မျိုးကွဲ မတူပါက မကာကွယ်နိုင်ဘူး။ ဒါပေမယ့်ကာကွယ်ဆေးထိုးထားပါက ရောဂါပြင်းထန်မှုလျှော့နည်းမယ်၊ ဆေးရုံတက်ကုသမှုနှုန်း လျှော့ကျပါတယ်။

နောက်ဆုံးအနေနဲ့ လူတွေအမးများတာကတော့ COVID ကာကွယ်ဆေးနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်လိုထိုးလို့ရလဲဆိုတာပါပဲ - လေ့လာချက်များအရ ကာကွယ်ဆေး နှစ်ခုကို တစ်ချိန်တည်းတူတူ ထိုးလို့ရနိုင်ပါတယ်။ ကာကွယ်ဆေးထိုးလို့ထွက်လာတဲ့ အာနိသင်တွေကတစ်ခု နဲ့ တစ်ခု သပ်သပ်စီဖြစ်တဲ့ အတွက် ဆေးနှစ်ခုကို တစ်ချိန်တည်းမှာ တူတူ ထိုးလို့ ရပါတယ်။ ဆေးထိုးလို့ ဖြစ်လာနိုင်တဲ့ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ စတာတွေကလည်း ဆေးနှစ်မျိုးတူတူ ထိုးခြင်းကြောင့်ပိုဆိုးတယ် လို့ မရှိပါဘူး။

နောက်ထပ်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကိုက
• ပုံမှန်လက်ဆေးခြင်း
• Mask တပ်ခြင်း
• လူစုလူဝေးရှောင်ရှားခြင်း
• ကာကွယ်ဆေးထိုးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်.


Address

အမှတ်(၉၆၉), အင်းဝလမ်း, (၆)ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ်, ရန်ကုန်မြို့
Yangon
11431

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595033349

Website

Alerts

Be the first to know and let us send you an email when Phyo Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phyo Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category