Healing with Andrea

Healing with Andrea Empowering you for the awareness of your mental well-being We are a movement dedicated to the betterment of community well-being.

Welcome to ‘Healing with Andrea’ – a light and support for mental health advocacy in Myanmar. 🌱

We strive to be a supportive presence, offering accessible mental health resources and counseling service. We believe in the power of collaboration to amplify our impact. That’s why ‘Healing with Andrea’ is open to partnerships and collaborations with like-minded individuals, organizations, and initiatives. Together, we can break down barriers, spread awareness, and uplift lives. If you share our vision for a mentally healthy community and wish to contribute to the greater good, join us. Let’s unite our efforts and make a lasting difference.

၂၀၂၅ နှစ်သစ်ဆုမွန်ကောင်း ☘️🎉၂၀၂၅ နှစ်သစ်မှာ အဆင်မပြေမှုတွေ ပပျောက်ပြီး ကောင်းခြင်းတရားများနဲ့ ပြည့်စုံပါစေကြောင်း Healin...
31/12/2024

၂၀၂၅ နှစ်သစ်ဆုမွန်ကောင်း ☘️🎉

၂၀၂၅ နှစ်သစ်မှာ အဆင်မပြေမှုတွေ ပပျောက်ပြီး ကောင်းခြင်းတရားများနဲ့ ပြည့်စုံပါစေကြောင်း Healing with Andrea မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

ဒီနှစ်သစ်လေးမှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်များကို ကောင်းမွန်စွာထိန်းညှိကိုင်တွယ်နိုင်ပြီး လိုရာရည်မှန်းချက်များဆီသို့ ကောင်းမွန်သော သတိ (mindfulness) နဲ့အတူ လျှောက်လှမ်းသွားနိုင်ဖို့လည်း ဆုတောင်းအပ်ပါတယ်။

နှစ်သစ်လေးမှာ ရည်ရွယ်ရာခရီးလျှောက်လှမ်းခြင်းနဲ့အတူ ကိုယ့်စိတ်နဲ့ခန္ဓာ (Mind & Body) အတွက် သင့်လျော်လျောက်ပတ်တဲ့အနားယူဖို့နဲ့ လိုအပ်လာတဲ့အခါ အကူအညီရယူဖို့ကိုလည်း သတိချပ်စေချင်ပါတယ်။

ဒဏ်ရာဟောင်းတွေကနေ ကုစားလွန်မြောက်နိုင်ပြီး ဒဏ်ရာနာကျင်မှုအသစ်တွေလည်း ကင်းဝေးစေတဲ့နှစ်သစ်လေးဖြစ်ပါစေ။

ကိုယ့်အတွက် အကျိုးပေး “Self-Growth” ဖြစ်တဲ့နှစ်လေးဖြစ်စေရုံတင်မကဘဲ အများအတွက် မေတ္တာ၊ ကရုဏာ မျှဝေပံ့ပိုးပေးနိုင်တဲ့နှစ်လေးလည်း ဖြစ်ပါစေရှင်။

အားလုံးပဲ ဒီနှစ်သစ်လေးမှာ ကျန်းမာရွှင်လန်း၊ အောင်မြင် ပျော်ရွှင်နိုင်ပါစေ။

မေတ္တာဖြင့်
Andrea
(31-Dec-2024)
Healing with Andrea

နေ့စဉ်ဘဝမှာ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ မိသားစု၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာစတဲ့သောင်းပြောင်းထွေလာသော ကိစ္စရပ်များကိုယ်စ...
21/12/2024

နေ့စဉ်ဘဝမှာ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ မိသားစု၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာစတဲ့သောင်းပြောင်းထွေလာသော ကိစ္စရပ်များကိုယ်စီနဲ့ ညှိနှိုင်းရုန်းကန်နေရတဲ့အခါ စိတ်ဖိစီးမှု (Stress) ဆိုတာ မလွှဲမရှောင်သာ ကိုယ့်ဆီ ရောက်ရှိလာမယ့်အရာလည်း ဖြစ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို သတိနဲ့အတူ mindful ဖြစ်စွာ သမမျှတအောင် ညှိနှိုင်း balance လုပ်နိုင်ခြင်းက ကိုယ့်အတွက်များစွာ အကျိုးဖြစ်စေနိုင်မှာပါ။

ဒီ့အတွက် လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့ (သောကြာနေ့) ညပိုင်း ၇ နာရီ - ၉ နာရီမှာ ကျွန်မရဲ့ Healing with Andrea နဲ့အတူ Burmese Orchid လူငယ်အကျိုးပြုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး Stress နဲ့ Mindfulness အကြောင်းအရာများဆိုင်ရာ online workshop လေးကို ဖန်တီးတင်ဆက်သွားဖို့ ရှိပါတယ်။

Burmese Orchid ကတော့ Youth-led organization တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ လူငယ်ပံံ့ပိုးမှုများပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။

Stress တွေအကြား လက်တွေ့ကျ အသုံးချနိုင်မယ့် mindfulness အားပြုနည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲ၊ သတိတရားနဲ့ ကိုယ့်ကိုကိုယ်ဂရုဏာထားနိုင်တဲ့စိတ် (Mindful Self-Compassion) ကို ဘယ်လိုအသုံးချလို့ရမလဲ စတာတွေအတွက် ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့ register လုပ်လို့ရနိုင်ပါပြီနော်။

🗓️ Date: December 27th
⏰ Time: 07:00 PM - 09:00 PM
📍Zoom Online Meeting
🔖 Register here: https://workspace.burmeseorchid.org/event/mindfulness-and-stress-management-webinar-6/register

Burmese Orchid ကနေ ဘယ်လိုအစီအစဉ်တွေ ထပ်လုပ်ကြမလဲဆိုပြီး မျှော်လင့်စောင့်စားနေကြတဲ့ Orchies လေးတွေ ရှိကြလား? 🤔

စောင့်မျှော်နေကြတယ်ဆိုရင် အခု post လေးကို သေချာလေး ဖတ်ပေးပြီး ပါဝင်ပေးကြပါဦးနော် 🫶

20 ရာစုနောက်ပိုင်းမှာ ဖြစ်လာကြတဲ့ ရောဂါတွေ၊ ပြဿနာတွေကြားမှာ စိတ်ဖိစီးမှုတွေ အနည်းနဲ့အများ ခံစားနေကြရတာကြောင့် Burmese Orchid ကနေ ချစ်ရတဲ့ Orchies လေးတို့ကို နေ့စဉ်ခံစားရတဲ့ stress တွေရဲ့ဒဏ်ကို မခံစားရအောင် နည်းလမ်းလေးတွေ မျှဝေပေးသွားမယ့် webinar လေး တစ်ခုကို စီစဉ်ပေးထားပါတယ် 💗

ဒီ webinar လေးမှာ Guest Speaker အနေနဲ့ မ “Andrea” ကိုဖိတ်ခေါ်ထားပါတယ်။ မ Andrea က “Healing with Andrea” ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်သလို ပြည်တွင်းရှိ စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများမျှဝေပေးလျက်ရှိသလို နိုင်ငံတကာစိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများရဲ့ Su***de Decriminalization Working Group နဲ့ Children and Youth Working Group ရဲ့ member တစ်ယောက်လည်း ဖြစ်ပါတယ် ✨

"Healing with Andrea” ရဲ့တည်ထောင်သူအ‌နေနဲ့ မ Andrea က စိတ်ပညာဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အစည်းကို ဦးဆောင်ပြီး နှစ်သိမ့်ဆွေးနွေးခြင်း၊ counselling ဝန်ဆောင်မှုများကို လူမှုအကျိုးပြုအနေဖြင့် အခမဲ့ ပံ့ပိုးပေးလျက်လည်း ရှိနေပါတယ်။ ဒါ့အပြင် “Parabyte Learning” တွင် Mental well-being program တွေကို သင်ကြားပေးနေတဲ့ instructor တစ်ဦးဖြစ်ပြီး “LifeX Myanmar” မှာ စိတ်ကျန်းမာရေးပညာပေးဆိုင်ရာ Podcasts နှင့် ဆောင်းပါးများကို ရေးသားမျှဝေခဲ့ပါသေးတယ်။

Orchies လေးတို့ရဲ့ daily stress တွေကို ဖြေရှင်းနည်းလေးတွေ မျှဝေ‌ပေးသွားမှာမလို့ "Mindfulness & Stress Management" ဆိုတဲ့ webinar လေးကို လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်နော် 💌

Webinar လေးကို တက်ရောက်ဖို့ အခုပဲ အောက်က link လေးကို ဝင်ပြီး registration လုပ်လိုက်ကြရအောင် 😉

https://workspace.burmeseorchid.org/event/mindfulness-and-stress-management-webinar-6/register

🗓 Date : 27.12.2024
🕖 Time : 7 p.m to 9 p.m (MMT)
🌐 Platform : Zoom

Content by - Juni
Graphic by - Beta

☎️ Contact Us -

🌐 : burmeseorchid.org
📧 : enquiries@burmeseorchid.org
📞 : +95 9 964 512890
📱 Social Links -
Facebook :
Instagram :
Threads :
Linkedin :

#မြန်မာ့သစ်ခွအဖွဲ့အစည်း

𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗮𝘁 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗵𝗼𝗼𝗹 𝗥𝗼𝘆𝗮𝗹𝘀 (𝗜𝗦𝗥)Last week, I had the privilege of leading a worksho...
30/11/2024

𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗮𝘁 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗵𝗼𝗼𝗹 𝗥𝗼𝘆𝗮𝗹𝘀 (𝗜𝗦𝗥)

Last week, I had the privilege of leading a workshop on Mental Health Awareness at ISR.

The workshop aimed to raise awareness among teens, reduce the stigma around mental health, and promote well-being through healthy practices. Through interactive group activities and hands-on learning, students explored the value of gratitude and resilience.

Stay connected for more updates and upcoming workshops!

Andrea

🪷🎇 တန်ဆောင်တိုင် ဆုတောင်း တန်ဆောင်တိုင်ရက်မြတ် အချိန်အခါသမယမှစ၍ မြန်မာပြည်တွင်း နေထိုင်လျက်ရှိသော လူမျိုး ဘာသာမရွေးတိုင်...
14/11/2024

🪷🎇 တန်ဆောင်တိုင် ဆုတောင်း

တန်ဆောင်တိုင်ရက်မြတ်
အချိန်အခါသမယမှစ၍
မြန်မာပြည်တွင်း နေထိုင်လျက်ရှိသော
လူမျိုး ဘာသာမရွေး
တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးတို့
ဘေးဘယာ အခက်အခဲအားလုံး
အမြန်ဆုံး လွန်မြောက်ကျော်လွန်ပြီး
ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့သာယာ
ငြိမ်းချမ်းပျော်ရွှင်ကြပါစေကြောင်း
Healing with Andrea မှ
ဆုမွန်ကောင်း မေတ္တာ ပို့သလိုက်ရပါတယ်ရှင် 🤍

Andrea

Happy Diwali! May this Festival of Lights illuminate your path with happiness, prosperity, and peace.-Healing with Andre...
01/11/2024

Happy Diwali! May this Festival of Lights illuminate your path with happiness, prosperity, and peace.

-Healing with Andrea

𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁စိတ်ဝင်စားဖို့ကောင်းတဲ့ Special event လေးတစ်ခုကို 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮 ကနေတစ်ဆင့် ဝေမျှပေးပ...
29/10/2024

𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁

စိတ်ဝင်စားဖို့ကောင်းတဲ့ Special event လေးတစ်ခုကို 𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮 ကနေတစ်ဆင့် ဝေမျှပေးပါရစေ။

စိတ်ပိုင်းဆိုင်ရာအရ ခံစားရတဲ့ စိတ်ဖိစီးမှုတွေ၊ မွန်းကျပ်လေးလံမှုတွေကို ဖြေလျှော့နိုင်ပြီး ကိုယ့်စိတ်ခံစားချက်တွေကို ချည်လုံးတစ်လုံးကိုရှင်းသလို ရှင်းလင်းပြီး ပေါ့ပါးစေနိုင်ဖို့ရည်ရွယ်ပြီး ADORE Mental Wellbeing & Care ကနေ ပြုလုပ်ပေးသွားမယ့် “စိတ်ချည်လုံးလေးတွေ ဖြည်ကြစို့” ဆိုတဲ့ ပွဲလေးကို မျှဝေပေးချင်တာ ဖြစ်ပါတယ်။

ဒီ event ပွဲလေးကတော့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို *အခမဲ့* ပါဝင်ခွင့်ရရှိမယ့် ပွဲလေးလည်း ဖြစ်ပါတယ်။

𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮 ရဲ့ ချစ်ခင်ရတဲ့ မန္တလေး၊ မေမြို့အနီးတစ်ဝိုက်က မိတ်ဆွေတို့အနေနဲ့ တစ်ရက်လောက် အေးချမ်းတဲ့နေရာလေးမှာ ကိုယ့်စိတ်လေးကိုအနားပေးပြီး ဂရုစိုက်နိုင်ဖို့ ကွက်တိဖြစ်နိုင်မယ့်ပွဲလေးပါရှင်။

ပွဲလေးမှာ ဘာလေးတွေပါမလဲ?
◾️ခဏတာလေးပဲ စိတ်ဖိစီးမှုတွေပြေလျှော့စေမှာမဟုတ်ဘဲ စိတ်ဖိစီးမှုနဲ့ စိတ်ကျန်းမာရေးဆက်စပ်ပုံတွေ၊ စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေကိုပါ ဆွေးနွေးနားထောင်နိုင်မယ့် စကားဝိုင်းလေး၊
◾️နည်းလမ်းတွေကို လက်တွေ့လေ့ကျင့်ကြမယ့် activity လေး
◾️body scan & visualization activity လေး
◾️ပန်းချီအနုပညာကိုသုံးပြီး စိတ်ဖိစီးမှုတွေကို ဖြေလျှော့ကြမယ့် workshopလေးနဲ့
◾️အချင်းချင်းဝေမျှချိတ်ဆတ်စကားလေးတွေပြောကြမယ့် 𝗚𝗮𝘁𝗵𝗲𝗿𝗶𝗻𝗴 & 𝗡𝗲𝘁𝘄𝗼𝗿𝗸𝗶𝗻𝗴 𝗦𝗲𝘀𝘀𝗶𝗼𝗻 လေးတွေ ပါဝင်မှာပဲဖြစ်ပါတယ်။

ဒီပွဲလေးမှာ Healing with Andrea အနေနဲ့လည်း 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 အနေနဲ့ ပါဝင်အားဖြည့်ထားတာပဲဖြစ်ပါတယ်။

ပွဲအသေးစိတ်

🗓️Date: November 3,2024
🕰️Time: 10:00Am-4:00Pm
📍Address: အပ်ချည်လုံး-Home Shop
အမှတ် (၁၁၂)၊ Cလမ်း၊ ရပ်ကွက်ကြီး (၁)၊(၁၀ကွက်)၊ ပြင်ဦးလွင်မြို့။

ပွဲလေးမှာ ပါဝင်ဖို့အတွက် အောက်
ပါlinkလေးကနေ စာရင်းသွင်းပြီး ဒီပွဲလေးကိုပါဝင်နိုင်ပါတယ်ရှင်။

Registration link: https://docs.google.com/forms/d/e/1FAIpQLSdb5RoQhdjpTHIZojG-MObY42cxr5Wc3lCkB1GUIXyUjraxdw/viewform

Event အသေးစိတ်လေးကိုလည်း အောက်ပါlinkလေးကနေ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/14igeyRqYN/?mibextid=WC7FNe

လူဦးရေအကန့်အသတ်လေးလည်းရှိတာမို့ ကိုယ့်ရဲ့ mental wellbeing ကို စောင့်ရှောက်ချင်တယ်ဆိုရင် မြန်မြန်လေး register လုပ်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်ရှင်။

𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮 partners with 𝗖𝗶𝘁𝘁𝗮 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 for In-Person Client Referrals in Mandalay!We...
22/10/2024

𝗛𝗲𝗮𝗹𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗔𝗻𝗱𝗿𝗲𝗮 partners with 𝗖𝗶𝘁𝘁𝗮 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝗻𝗰𝘆 𝗣𝘀𝘆𝗰𝗵𝗼𝗹𝗼𝗴𝗶𝗰𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 for In-Person Client Referrals in Mandalay!

We are thrilled to announce a new collaboration between “Healing with Andrea” and “Citta Consultancy - Psychological Services”! This collaboration is specifically aimed at enhancing access to face-to-face counseling services for our clients in the Mandalay region.

𝗪𝗵𝗮𝘁 𝗧𝗵𝗶𝘀 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗠𝗲𝗮𝗻𝘀 𝗳𝗼𝗿 𝗖𝗹𝗶𝗲𝗻𝘁𝘀 𝗶𝗻 𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆:

𝗜𝗻-𝗣𝗲𝗿𝘀𝗼𝗻 𝗥𝗲𝗳𝗲𝗿𝗿𝗮𝗹𝘀: If any of our clients request face-to-face counseling in the Mandalay area, we will refer them to Citta Consultancy Mandalay.

𝗖𝗼𝗹𝗹𝗮𝗯𝗼𝗿𝗮𝘁𝗶𝘃𝗲 𝗦𝘂𝗽𝗽𝗼𝗿𝘁: By working together, we can provide comprehensive and personalized mental health support to better serve our community.

To learn more about our collaborations and partnerships, please visit our website: https://andreamyanmar.com/about-us

We invite you to learn more about our services and how this partnership can benefit you. Visit our websites or contact us directly for more information.

Together, we are committed to making mental health care more accessible and effective for everyone in Myanmar.

-Andrea

ဒီနေ့မှာ 𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 အထိမ်းအမှတ်အနေနဲ့ 𝗖𝗮𝗹𝘁𝗵𝗮 𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗿𝗲 မှာ ကျင်းပခဲ့တဲ့ “𝗜𝗻𝗻𝗲𝗿 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵: 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗥𝗲𝘀...
10/10/2024

ဒီနေ့မှာ 𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 အထိမ်းအမှတ်အနေနဲ့ 𝗖𝗮𝗹𝘁𝗵𝗮 𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗿𝗲 မှာ ကျင်းပခဲ့တဲ့ “𝗜𝗻𝗻𝗲𝗿 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵: 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗦𝗲𝗹𝗳-𝗖𝗮𝗿𝗲” ပွဲလေးက အမှတ်တရပုံလေးတွေပဲဖြစ်ပါတယ်။

လာရောက်ပါဝင်တက်ရောက်ပေးသူအားလုံးကိုလည်း လေးစားစွာ ကျေးဇူးတင်ရှိသလို မအားလပ်တဲ့ကြားထဲက ပွဲလေးကို အကောင်းဆုံးလေးဖြစ်အောင် စီစဉ်ပေးတဲ့ အစ်မ နဲ့ ညီမလေးတို့ကို ကျေးဇူးတင်ရှိပါတယ်။

ဒီပွဲလေးမှာ လာရောက်ပေးခဲ့တဲ့ နယ်ပယ်အသီးသီး၊ အဖွဲ့အစည်း၊ နောက်ခံအသီးသီးက လေးစားစရာ အမျိုးသမီးများအနေနဲ့လည်း ဒီအစီအစဉ်လေးကတဆင့် ကိုယ့်အတွက် တန်ဖိုးရှိစေမယ့်အကျိုးတစ်စုံတစ်ခု ရရှိသွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ရှင်။

နောက်လည်း ဒီလိုမျိုးအစီအစဉ်လေးတွေ လုပ်ဆောင်သွားမှာဖြစ်လို့ Healing with Andrea ပေ့ချ်နဲ့ Caltha Wellness ပေ့ချ်လေးကို စောင့်ကြည့်ပေးဖို့ ပြောကြားလိုပါတယ်ရှင်

Andrea

According to World Health Organization (WHO) the world is facing a critical shortage of health workers: by 2030 this sho...
10/10/2024

According to World Health Organization (WHO) the world is facing a critical shortage of health workers: by 2030 this shortage could reach 10 million, with low- and middle-income countries (LMICs) under the greatest strain.

This ,

Healing with Andrea has partnered with United for Global Mental Health, the ICN - International Council of Nurses, Africa CDC and the
International Federation of Medical Students' Associations to amplify the voices of the current and future health workforce.

United for Global Mental Health’s case studies from Mali, Pakistan, and Kenya highlight the overwhelming burden of burnout, emotional exhaustion, and secondary trauma among health workers. We’re calling for urgent action to protect the mental health of the health workforce: improve organisational culture, invest in the workplace environment, respond to their voices and celebrate their tireless contribution, care and commitment.

Read more: bit.ly/482l7sY







📌 𝗜𝗻𝗻𝗲𝗿 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 ဆိုရာမှာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ခံစားချက်ပိုင်းဆိုင်ရာအားလုံးအပေါ်မှာ ကောင်းမွန်စွာစီမံကိုင်တွယ်...
09/10/2024

📌 𝗜𝗻𝗻𝗲𝗿 𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵 ဆိုရာမှာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ခံစားချက်ပိုင်းဆိုင်ရာအားလုံးအပေါ်မှာ ကောင်းမွန်စွာစီမံကိုင်တွယ်နိုင်စွမ်းရှိတဲ့ ကြံ့ခိုင်မှုစွမ်းရည်လေးတစ်ခုလို့ ဆိုလိုက်ချင်ပါတယ်။ ဒီစွမ်းရည်ကပဲ ကြုံလာတဲ့လောကဓံရဲ့ ရိုက်ခတ်မှု အနိမ့်အမြင့်၊ အတက်အကျတွေအပေါ် ခံနိုင်ရည်အား ရှိဖို့၊ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့၊ လက်ရှိမှာ အကောင်းဆုံးနေထိုင်နိုင်ဖို့ ၊ ကြုံလာတဲ့အခက်အခဲတွေကြားလဲပြိုကျမသွားပဲ မြဲမြံစွာရှိနေသောခိုင်မာမှုအင်အားနဲ့အတူ တွန်းလှန်နိုင်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

မနက်ဖြန်ကျရောက်မယ့် 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 မှာတော့ Healing with Andrea အနေနဲ့ ကျွန်မတို့ အမျိုးသမီးတွေတွေ့ကြုံနေရတဲ့ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေကို ဖြေလျော့နိုင်ဖို့နဲ့ ကြံ့ကြံ့ခိုင်နိုင်ခြင်းရဲ့ အနှစ်သာရကို အတူရှာဖွေကြိုးစားသွားနိုင်ဖို့ Caltha Wellness နဲ့ပူးပေါင်းပြီး Workshop လေးတစ်ခု စီစဉ်ထားပါတယ်။
ဒီ Workshop မှာ အမျိုးသမီးများအနေနဲ့ ကြုံဆုံနေရတဲ့ ဘဝအမောတွေ (သို့) အခက်အခဲတွေကြားမှာ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံး ဂရုစိုက်နိုင်ဖို့၊ Resilience skills ကို မြှင့်တင်နိုင်ဖို့အတွက် Practical Tips လေးတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။

In-person workshop ဖြစ်တဲ့အတွက် အမျိုးသမီးများအနေနဲ့ အချင်းချင်း နွေးထွေးစွာချိတ်ဆက်နိုင်မယ့် community လေးတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်သလို စိတ်နဲ့ခန္ဓာအဆင်ပြေမှုအတွက် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်နိုင်ဖို့ အခွင့်အရေးလည်း ဖြစ်ပါတယ်။
ဒီ့အပြင် မိမိရဲ့စိတ်ကို ပေါ့ပါးအဆင်ပြေမှုနဲ့ အားအင်လေးတစ်ခု ပြန်လည်ဖော်ဆောင်နိုင်မယ့် activity လေးတစ်ခုလည်း ရှိနေပါတယ်။

အဘက်ဘက်ကစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် ကျွန်မတို့အမျိုးသမီးများအနေနဲ့ မိမိရဲ့စိတ်နဲ့ခန္ဓာကို တခဏတာ အေးချမ်းအဆင်ပြေမှုရရှိစေနိုင်ဖို့အတွက် 𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲 မှာ အခမဲ့ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

𝗗𝗮𝘁𝗲 : 𝟭𝟬 𝗢𝗰𝘁 𝟮𝟬𝟮𝟰
𝗧𝗶𝗺𝗲 : (𝟮𝗣𝗠 – 𝟰𝗣𝗠)
𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻 : 𝗖𝗮𝗹𝘁𝗵𝗮 𝗪𝗲𝗹𝗹𝗻𝗲𝘀𝘀 𝗖𝗲𝗻𝘁𝗲𝗿

𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗼𝗻 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗮𝘁 𝗔𝘁𝗵𝗲𝗻𝗮 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲 Today, I had the incredible opportunity to conduct a wor...
22/09/2024

𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽 𝗼𝗻 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗮𝘁 𝗔𝘁𝗵𝗲𝗻𝗮 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲

Today, I had the incredible opportunity to conduct a workshop on Mental Health Awareness at Athena Community College.

Our aim was to increase awareness among youths, reduce the stigma surrounding mental health, and share practical tips for coping with stress in healthy ways. We also discussed self-care strategies and provided psychoeducation on catastrophizing and its challenges.

It was a beautiful session, filled with interactive and engaging participants.

A heartfelt thank you to the principal of Athena Community College for recognizing the importance of mental health for their young learners. Your support is invaluable in fostering a healthier, more informed community.

Stay tuned for more updates and workshops!

🌟 Exciting News! 🌟သတင်းကောင်းတစ်ခု အသိပေးပါရစေရှင်။Healing with Andrea အနေဖြင့် ကျွန်မတို့ရဲ့ လေးစားရပါသော မိတ်ဖက်အဖွဲ့အ...
21/09/2024

🌟 Exciting News! 🌟

သတင်းကောင်းတစ်ခု အသိပေးပါရစေရှင်။

Healing with Andrea အနေဖြင့် ကျွန်မတို့ရဲ့ လေးစားရပါသော မိတ်ဖက်အဖွဲ့အစည်း Caltha Wellness နှင့်ပူးပေါင်းကာ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အသိပေးကြေငြာအပ်ပါတယ်။

အသေးစိတ်ကို Healing with Andrea ရဲ့ official website မှာ

https://andreamyanmar.com/exciting-collaboration-with-calthawellness/

မှာလည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

ယခု ပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဆက်လက်ဆောင်ရွက်သွားမယ့်အစီအစဉ်များကိုလည်း ထပ်မံအသိပေးသွားမှာ ဖြစ်တဲ့အတွက် စောင့်မျှော်ပေးဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

We are thrilled to announce our new partnership with Caltha Wellness!

Together, we are committed to enhancing mental health support for women and children in Myanmar. This collaboration aligns perfectly with our mission at Healing with Andrea to make mental health support accessible to everyone.

Please visit our website to read more about this collaboration - https://andreamyanmar.com/exciting-collaboration-with-calthawellness/

Stay tuned for more updates and initiatives as we work together to make a positive impact on our community. Thank you for your continued support! 💙

Exciting Collaboration Announcement:
Healing With Andera and Caltha Wellness

Healing With Andera နှင့်အတူ Caltha Wellness မှ
အမျိုးသမီးများနှင့် ကလေးသူငယ်များဆီသို့........🌼🌼
စိတ်ကျန်းမာရေး ဝန်ဆောင်မူများကို
အကောင်းဆုံးပေးစွမ်းနိုင်ဖို့အတွက် 💯💯💯
အတူလက်တွဲပူးပေါင်းမည့်အကြောင်းကို
အသိပေးကြော်ငြာပါရစေရှင့် 🤍🤍🤍

မကြာမှီမှာ အားလုံးအတွက် Healing With Andera နှင့် အတူ ပြုလုပ်မယ့် စိတ်ကျန်းမာရေး ဝန်ဆောင်မူ အစီအစဉ်တွေကိုလဲ စောင့်မျှော်ပေးကြဖို့ သတင်းကောင်းပါးရင်း
နေ့ရက်တိုင်းပျော်ရွှင်နိုင်ပါစေရှင့်🌼🌼🌼

Address

Yangon
11181

Alerts

Be the first to know and let us send you an email when Healing with Andrea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healing with Andrea:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram