Dr Wai - Dental Specialist

Dr Wai - Dental Specialist Dr. Wai Minn Sann (Dental Specialist)
B.D.S (Yangon) 1996, M.D.Sc (Yangon) 2003, F.I.C.C.D.E (Singapore), F.I.C.D (USA).

More than 28 years of clinical experience in Dental Practice in Myanmar and Malaysia.

"Happy Birthday" ပါ ဆရာကြီးအမြဲတမ်း ကျန်းမာပျော်ရွှင်ပါစေ 🙏🏻
22/07/2024

"Happy Birthday" ပါ ဆရာကြီး
အမြဲတမ်း ကျန်းမာပျော်ရွှင်ပါစေ 🙏🏻

"မင်္ဂလာနှစ်သစ် ဆုတောင်း"
12/04/2023

"မင်္ဂလာနှစ်သစ် ဆုတောင်း"

🪴မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်အချိန် အခါသမယ မှာမြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းဘေးဘယာ ဝေးကွာ ကျန်းမာစွာဖြင့်စိတ်န...
11/04/2023

🪴မြန်မာ့ရိုးရာ နှစ်သစ်ကူး
မဟာသင်္ကြန်အချိန် အခါသမယ မှာ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း
ဘေးဘယာ ဝေးကွာ ကျန်းမာစွာဖြင့်
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေကြောင်း
"ပုလဲသုခ" သွားနှင့်ခံတွင်းအထူးကုဆေးခန်း
မိသားစု မှ နှစ်သစ်မင်္ဂလာ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🎉

🪴မင်္ဂလာနှစ်သစ်မှာ
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ချစ်သောမိသားစုဝင်များနှင့် အတူ
ချမ်းမြေ့ သာယာပျော်ရွှင်ကြပါစေရှင်
🙏🏻🙏🏻🙏🏻






သင်္ကြန်တွင်း ဆေးခန်း ခေတ္တပိတ်ပါမည်၊April 18, 2023 (Tuesday) တွင်ဆေးခန်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။
10/04/2023

သင်္ကြန်တွင်း ဆေးခန်း ခေတ္တပိတ်ပါမည်၊

April 18, 2023 (Tuesday) တွင်

ဆေးခန်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

မြန်မာ့ရိုးရာ နှစ်ကူး မဟာသင်္ကြန် အခါသမယ တွင်

April 13, 2023 (သင်္ကြန်အကြိုနေ့) မှ

April 17, 2023 (နှစ်ဆန်းတစ်ရက်နေ့) အထိ

ဆေးခန်း ခေတ္တပိတ်ပါမည်။

April 18, 2023 (Tuesday) နေ့တွင်

ဆေးခန်း ကို ( 9:00 am - 5:00 pm)

ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည် 🎉





☘️ 2020 ခုနှစ် March 20 ရက်နေ့နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ"Basic Endodontics Training”Hands On Courseအမှတ်တရ....ပံ့ပိုးက...
21/03/2023

☘️ 2020 ခုနှစ် March 20 ရက်နေ့
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ
"Basic Endodontics Training”
Hands On Course
အမှတ်တရ....
ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဆရာ/ဆရာမ များ အားလုံးကို
ကျေးဇူးအထူးတင် သတိရလျက်ပါ...





11/02/2023
✳️  Dr. Wai's BIOGRAPHY (ကိုယ်ရေး အတ္ထုပ္ပတ္တိ) 🧑‍⚕️  ​ဒေါက်တာ ဝေမင်းဆန်း ကို ဖခင် - မဟာသဒ္ဓမ္မဇောတိကဓဇ၊ အရှေ့တိုင်းပညာဌ...
31/01/2023

✳️ Dr. Wai's BIOGRAPHY (ကိုယ်ရေး အတ္ထုပ္ပတ္တိ)

🧑‍⚕️ ​ဒေါက်တာ ဝေမင်းဆန်း ကို
ဖခင် - မဟာသဒ္ဓမ္မဇောတိကဓဇ၊ အရှေ့တိုင်းပညာဌာန ပါမောက္ခ ဆရာ (ဦးဘဆန်း) မန္တလေးတက္ကသိုလ်၊ မိခင် - (ဒေါ်စန်းစန်းအုန်း) လက်ထောက်ကြီးကြပ်ရေးမှူး၊ တိုင်းပညာရေးမှူးရုံး (မန္တလေးတိုင်း) တို့မှ ၁၉၇၀ ခုနှစ်တွင် မန္တလေးမြို့ ၌ ဖွါးမြင်ခဲ့သည်။

🧑‍⚕️ အမှတ်(၇) အလက ကျောင်းတွင် မူလတန်း၊ အမှတ် (၁၂) အထက တွင် အလယ်တန်း နှင့် အထက်တန်း အသီးသီး ပညာသင်ယူခဲ့ပြီး အခြေခံပညာ အထက်တန်း စာမေးပွဲကို အမှတ် (၁၆) အထက မှ ၄ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။

🧑‍⚕️ ၁၉၈၆ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ၌ စတင်ပညာ ဆည်းပူးခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် B.D.S. (Ygn) - သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ ကို ရရှိခဲ့သည်။ ၁၉၈၈ အရေးအခင်းကြောင့် ပညာသင်နှစ် ၄ နှစ်ခန့် နှောင့်နှေး ကြန့်ကြာခဲ့ရသည်။

🧑‍⚕️ ၁၉၉၆ တွင် B.D.S ဘွဲ့ ရရှိပြီးနောက် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် သွားနှင့်ခံတွင်း ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။

🧑‍⚕️ ၂၀၀၀ ခုနှစ်တွင် သွားဘက်ဆိုင်ဆေးပညာ မဟာသိပ္ပံ ဘွဲ့ သင်တန်း တက်ရောက်ရင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) တွင် သရုပ်ပြ ရာထူးဖြင့် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့သည်။

🧑‍⚕️ ၂၀၀၃ ခုနှစ်တွင် M.D.Sc (Ygn) သွားဘက်ဆိုင်ရာ ဆေးပညာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး သွားရောဂါကု ဆေးပညာဌာန (Dept. Of Conservative Dentistry) တွင် Clinical Lecturer (ကထိက) အဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

🧑‍⚕️ ၂၀၁၁ ခုနှစ် July လ တွင် Malaysia နိုင်ငံ Kuantan မြို့ရှိ International Islamic University Malaysia (IIUM - Kuantan Campus) ၏ Faculty of Dentistry တွင် Assistant Professor ရာထူးခန့်အပ်ခြင်း ခံခဲ့ရသည်။ Department of Restorative Dentistry, IIUM - Kuantan တွင် Assistant Professor (Clinical Lecturer) ဘဝဖြင့် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မလေးလူမျိုး သွားဆရာဝန်ပေါင်း မြောက်မြားစွာကို မွေးထုတ်ပေးခဲ့သည်။

🧑‍⚕️ မလေး University တွင် တာဝန်ထမ်းဆောင် နေစဉ်ကာလ၌ လည်း မလေးလူမျိုး တို့၏ သွား နှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကို Restorative Specialist အနေဖြင့် အပြည့်အဝ စောင့်ရှောက်ပြီး ဝန်ဆောင်မှု ပေးခဲ့ပါသည်။

🧑‍⚕️ ၂၀၁၉ မြန်မာပြည် ပြန်လည်ရောက်ရှိ လာချိန်တွင် FICD - Myanamar Section ၏ ဦးဆောင်မှုဖြင့် ကျေးလက်ဒေသ နှင့် ဝေးလံခေါင်ဖျား နေရာများတွင် နေထိုင်သော ပြည်သူလူထု၏ သွားနှင့်ခံတွင်းကျန်းမာရေး (Community Dental Health Care) ကို ဝန်ဆောင်မှုပေးခဲ့ပါသည်။

📌 သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု သက်တမ်းမှာ ပြည်တွင်း/ ပြည်ပ အတွေ့အကြုံ စုစုပေါင်း ၂၆ နှစ်ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်သည်။

🧑‍⚕️ ၂၀၁၃ ခုနှစ် မေလ တွင် F.I.C.C.D.E. (Singapore) - Fellow of International College of Continuing Dental Education နှင့် ၂၀၂၀ ခုနှစ် ဇန္နဝါရီ လတွင် F.I.C.D. (USA) - Fellow of International College of Dentists အသီးသီး ရရှိခဲ့ပါသည်။

ယခု လက်ရှိ ရန်ကုန်မြို့တွင်.......

🏥 သုခကမ္ဘာ ဆေးရုံ (ပုလဲသုခ သွားဆေးခန်း)၊

🏥 Grand Hantha International Hospital (Dental Centre)၊

🏥 Smile Up Dental Clinic (တက္ကသိုလ် ရိပ်သာလမ်းသစ်) ဆေးခန်းများ၌

📌 သွားနှင့်ခံတွင်း ရောဂါ ဝေဒနာရှင်များ အတွက် Specialist care (သွားနှင့် ခံတွင်း ကျန်းမာရေးဝန်ဆောင်မှု) အချိန်ပြည့်/ အချိန်ပိုင်း စနစ်ဖြင့် အထက်ဖော်ပြပါ ဆေးရုံ/ ဆေးခန်း များတွင် လူနာနှင့် လူနာရှင်များ စိတ်တိုင်းကျ ဆေးကုသ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။







#ပုလဲသုခ



"FAMILY"❤️❤️❤️❤️❤️    #ပုလဲသုခ
09/01/2023

"FAMILY"
❤️❤️❤️❤️❤️




#ပုလဲသုခ

1/1/2023 နှစ်သစ်ဦး မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားနာ "ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"    Pearl Solace Dental Clini...
01/01/2023

1/1/2023 နှစ်သစ်ဦး မင်္ဂလာ
အန္တရာယ်ကင်း ပရိတ်တရားနာ

"ပုလဲသုခ သွားနှင့်ခံတွင်း အထူးကုဆေးခန်း"
Pearl Solace Dental Clinic



#ပုလဲသုခ
#2023

"Happy New Year 2023 🎉"
31/12/2022

"Happy New Year 2023 🎉"

"Wishing You A Very Happy and Prosperous
New Year 2023" 🎉

ချစ်ခင်လေးစားရသော...

မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး ဉာတကာ အပေါင်း နှင့်

မြန်မာနိုင်ငံသူ နိုင်ငံသား များ

မင်္ဂလာရှိသော ၂၀၂၃ နှစ်သစ် မှာ

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်

ပြီးပြည့်စုံပြီး

စီးပွားလာဘ်လာဘ များ ဒီရေအလား

တိုးတက်ကြီးပွားကြပါစေ။

ရောဂါ အန္တရာယ်ဆိုးများ နှင့်

ဆင်းရဲဘေးဒုက္ခများမှ ကင်းဝေးပြီး

ကပ်ကြီး ၃ ပါးကိုလဲ ကျော်လွှားနိုင်ကြပါစေ။

ကောင်းကျိုး ချမ်းသာ မင်္ဂလာအဖြာဖြာ တို့နှင့်သာ

ပြီးပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း

"ပုလဲသုခ" သွား နှင့် ခံတွင်း အထူးကုဆေးခန်း

(Pearl Solace Dental Clinic) မိသားစု မှ

နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း

ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

🙏🏻🙏🏻🙏🏻🙏🏻🙏🏻

#ပုလဲသုခ


"၂၀၁၉ ခုနှစ် ဩဂုတ်လ" ICD Myanmar Section နဲ့  ပရဟိတအသင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပူးပေါင်းစီစဉ်တဲ့ကုသိုလ်ဖြစ်(အခမဲ့...
24/12/2022

"၂၀၁၉ ခုနှစ် ဩဂုတ်လ"

ICD Myanmar Section နဲ့ ပရဟိတအသင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပူးပေါင်းစီစဉ်တဲ့

ကုသိုလ်ဖြစ်(အခမဲ့) နယ်လှည့် သွားနှင့်ခံတွင်းရောဂါ
ဆေးဝါးကုသခြင်း ခရီးစဉ်

Dream Mountain Resort, ကလောမြို့။





Address

Thukha Gabar Hospital, Pyay Rood, Marlar Street
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959772795246

Website

Alerts

Be the first to know and let us send you an email when Dr Wai - Dental Specialist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram