ဖော်မွန် - Phaw Mon

ဖော်မွန် - Phaw Mon 𝗛𝗜𝗩 ပိုး ကူးစက်ခံရလွယ်အုပ်စုများအတွက် အခမဲ့(အခမဲ့) ဝန်ဆောင်မှုများပံ့ပိုးပေးလျက်ရှိပါသည် 🙏

ဖော်မွန်စင်တာ (𝗣𝗵𝗮𝘄 𝗠𝗼𝗻 Center) များတွင် 𝗛𝗜𝗩 ပိုးကူးစက်ခံရလွယ်အုပ်စုများဖြစ်တဲ့ လိင်လုပ်ငန်းဖြင့် အသက်မွေးသူအမျိုးသမီးများ၊ အမျိုးသားချင်းချစ်ခင်စုံမက်သူများနှင့် ၎င်းတို့၏ လက်တွဲဖော်များအတွက် အောက်ဖော်ပြပါဝန်ဆောင်မှုများကို အခမဲ့ (အခမဲ့) ပံ့ပိုးပေးလျက်ရှိပါတယ် . . .

💌𝗛𝗜𝗩 ရှိ/မရှိ ကနဉီးသွေးစစ်ဆေးပေးခြင်း
💌𝗛𝗜𝗩 ရှိ/မရှိ အတည်ပြုစစ်ဆေးနိုင်ရန်အတွက် ချိတ်ဆက်လွှဲပြောင်းညွှန်းပို့ပေးခြင်း
💌𝗛𝗜𝗩 ပိုးကူးစက်ခံနေရကြောင်း အတည်ပြုစစ်ဆေးပြီးသူများအား 𝗔𝗥𝗧 ဆေးအချိန်မီသောက်သုံးနိုင်ရေးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးခြင်း
💌ကာလသားရောဂါအပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများအတွက် စမ်းသပ်စစ်ဆေး ကုသပေးခြင်း
💌မျိုးဆက်ပွားကျန်းမာရေးနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများအား တိုင်ပင်ဆွေးနွေးခြင်းနှင့် ပံ့ပိုးပေးခြင်း

‼️ ဖော်မွန်စင်တာ (𝗣𝗵𝗮𝘄 𝗠𝗼𝗻 Center)များကို အောက်ဖော်ပြပါနေရာများမှာ ဖွင့်လှစ်ထားပါတယ် ‼️

(၁) ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် - အမှတ် (၇၀)၊ မြေညီထပ်၊ ကိုင်းတန်းလမ်း၊ လမ်းမတော်မြို့နယ်။

(၂) ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် - အမှတ် (၃၄၀)၊ စိတ္တသုခလမ်း၊ ရွာသစ်ရပ်၊ တပ်ကြီးကုန်း၊ မှော်ဘီမြို့နယ်။

(၃) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ် - အမှတ် (မ/၂၀၁)၊ ၁၀ လမ်း၊ ရပ်ကွက် (၈)၊ ရပ်ကွက်ကြီး (၄)၊ ပြင်ဉီးလွင်၊ မန္တလေးတိုင်းဒေသကြီး။

(၄) မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် - အမှတ် (မ/၄၃ (ခ))၊ မြကျွန်းသာလမ်း၊ ရှမ်းဝိုင်းရပ်ကွက်၊ ရမည်းသင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

(၅) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် - မစ (၁၅)၊ ပြည်ထောင်စုလမ်း၊ မြောက်စံပြ၊ စစ်တွေမြို့။

(၆) ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် - အမှတ် (က/၂၃)၊ အရှေ့မင်းလမ်း၊ အောင်မင်္ဂလာ ရပ်ကွက်၊ လှည်းကူးမြို့နယ်။

💌ဖော်မွန်စင်တာများကို တနင်္လာနေ့မှ သောကြာနေ့ နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ ပုံမှန်ဖွင့်လှစ်ထားပါသည်။
💌 ဖော်မွန်စင်တာများ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟗𝟏𝟗, 𝟎𝟗-𝟕𝟗𝟕𝟐𝟏𝟏𝟒𝟏𝟒 ဖုန်းနံပါတ်များ (သို့မဟုတ်) Messenger (CB) တွင် စာပို့၍လည်း အသေးစိတ်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

📣မိတ်ဆွေတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစိတ်ချစွာလျှို့ဝှက်ထိန်းသိမ်းထားမှုကို တန်ဖိုးထားပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်ရန်အတွက် အသင့် စောင့်ဆိုင်းနေကြပါတယ် 🙏🙏

#ဖော်မွန်စင်တာ

ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။...
01/03/2025

ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။

လူအများအတွက်အပြုသဘောဆောင်သော အပြောင်းအလဲအတွက် လှုပ်ရှားမှုနေ့တစ်ခုဖြစ်လည်းပါသည်။
ဤ Zero Discrimination နေ့တွင် Myanmar Positive Group သည် လူမှုအသိုင်းအဝိုင်းများနှင့် အတူ ရပ်တည်ပြီး ခွဲခြားဆက်ဆံ ခံရမှုများ ပပျောက်ရေးကိုကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါတယ်။

HIV တုံ့ပြန်မှု ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ
ကျန်းမာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် လူမှုအသိုင်းအဝိုင်းများ​၏ ကဏ္ဍ အလွန်အရေးကြီးပါသည်။

HIV ပိုးကူးစက်ခံထားရသူအားလုံးသည် ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ကာ ဂုဏ်သိက္ခာရှိရှိ ရိုသေလေးစားမှုဖြင့် ဆက်ဆံခံရကြောင်း သေချာစေရန်အတွက် အထောက်အပံ့များ ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။
အထောက်အပံ့များ မရနိုင်ပါက ခွဲခြားခံရလို့ သေဆုံးမှုတွေက ပိုဖြစ်လာနိုင်သလို
လက်လှမ်းမမှီနိုင်တဲ့
ဝန်ဆောင်မှုတွေအဖြစ် အလှမ်းဝေးလာနိုင်စရာရှိတယ်ဆိုတဲ့အထင်ရှားဆုံးသာဓကတွေ အတိတ်သမိုင်းမှာရှိပြီးဖြစ်ပါတယ်။

AIDS တိုက်ဖျက်ရေးအတွက်တစ်ခုတည်းသောနည်းလမ်းဆိုတာက လူမှုအသိုင်းအဝိုင်းများနှင့် အတူတကွ လက်တွဲလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

AIDS ကို 2030 မှာ အဆုံးသတ်ဖို့၊ ရပ်ရွာလူထုဦးဆောင်တဲ့ တုံ့ပြန်မှုတွေအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးကူညီမှုက အရေးကြီးပါတယ်။

US အစိုးရရန်ပုံငွေအပြောင်းအရွှေ့ကြောင့် ဖြစ်ပေါ်လာသော လက်ရှိအကျပ်အတည်းသည်

လူမှုအသိုင်းအဝိုင်း၏စိုးရိမ်ပူပန်မှုနှင့် ၊ရပ်ရွာလူထုဦးဆောင်သော ဝန်ဆောင်မှုများအပေါ် အကျိုးသက်ရောက်မှုများစွာရှိခဲ့ပါတယ်။

AIDS တုံ့ပြန်မှု ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ် လိုအပ်သော်လည်း ရပ်ရွာလူထုဦးဆောင်သော တုံ့ပြန်မှုများသည် မကြာခဏဆိုသလို အသိအမှတ်ပြုမခံရခြင်း၊ အရင်းအမြစ်နည်းပါးပြီး အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

အကယ်၍ အဆိုပါအတားအဆီးများကိုဖယ်ရှားပေးပါက
ရပ်ရွာလူထုဦးဆောင်သောအဖွဲ့အစည်းများသည် AIDS ကို 2030ခုနှစ်တွင်ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ်မှ
အဆုံးသတ်ရန်ပိုမိုကြီးမားသောတွန်အားများ
အဖြစ်ပြောင်းလဲပေးနိုင်ပါသည်။

"ခွဲခြားဆက်ဆံမှုများရှိနေသည့်နေရာတွင်လူ့အဖွဲ့အစည်းများမရှင်သန်နိုင်ပါ"
ဟုဥရောပပါလီမန်၏ဒုတိယဥက္ကဌနှင့်
အချိန်ကြာမြင့်စွာ HIV တက်ကြွလှုပ်ရှားခဲ့သူ Marc Angel မှပြောကြားခဲ့သည်။

Zero Discrimination Day တွင်၊ သာတူညီမျှမှုသည် ရွေးချယ်စရာတစ်ခုမဟုတ်ပဲ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။

ယခုအချိန်သည် လူထုခေါင်းဆောင်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ကို ပြန်လည်အတည်ပြုရမည့်အချိန်
ဖြစ်ပါသည်။




သူငယ်ချင်းတို့ရေ ....IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျို...
20/02/2025

သူငယ်ချင်းတို့ရေ ....
IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...
ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဦးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမယ့်ကာလ - မတ်လ မှ ဇွန်လ အထိ
သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။ (အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
• အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
• မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
• အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
• ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ဆုလက်ဆောင်ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်
ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....
အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။

#စစ်တမ်း

17/12/2024

End TB Together ပရိတ်သတ်တို့ရေ…..🫁တီဘီရောဂါဟာ စနစ်တကျ ဆေးကုသမှုခံယူရင် လုံးဝပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တီဘီရောဂါနဲ့ ပတ်သက်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှုတွေကတော့ အခြေအနေအမျိုးမျိုးနဲ့ ဆက်လက်ရှိနေကြဆဲ ဖြစ်ပါတယ်။ 🔺ဉပမာအားဖြင့် တီဘီရောဂါရှိခြင်းကြောင့်…..- ဆေးရုံ၊ ဆေးခန်းတွေမှာ အတွင်းလူနာအဖြစ် လက်မခံခြင်း၊- အခြားသူများနည်းတူ ဆေးကုသမှု ဝန်ဆောင်မှု တန်းတူမရရှိခြင်း၊- အိမ်မှ နှင်ချခံရခြင်း၊- အလုပ်မှ ထုတ်ပယ်ခံရခြင်း၊- ဆေးကုသမှုခံယူနေ၍ ကျန်းမာရေးကောင်းမွန်လာပြီး တီဘီရောဂါ လက္ခဏာများ မရှိတော့သော်လည်း ဘာသာရေးပွဲ၊ လူမှုရေးပွဲတွေမှာ ပါဝင်တက်ရောက်ခွင့် မရခြင်း၊ - ကျောင်းပြန်တက်ခွင့် မရခြင်း၊ စတဲ့ အခြေအနေတွေ တွေ့ကြုံရလေ့ ရှိကြပါတယ်။ 💝ဒီလို ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။ 💝

16/12/2024

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”တီဘီရောဂါရှိသူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေလျော့နည်းစေဖို့အတွက် အတူနေမိသားစုဝင်တွေ၊ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ/ဆေးခန်းများအပြင်စာသင်ကျောင်းမှ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့အလုပ်ရှင်တွေအပါအဝင် အားလုံးပူးပေါင်းပါဝင်ကြဖို့လိုအပ်ပါတယ်။✅တီဘီရောဂါရှိသူတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ရှိဖို့ဝိုင်းဝန်း ဖန်တီးပေးသင့်ပါတယ်။��✅အတူနေမိသားစုဝင်များအနေနဲ့ ကိုယ်ချင်းစာနာစိတ်၊3rd Post December Reel.mp4ကူညီဖေးမလိုစိတ် ရှိရန်လိုအပ်ပြီး ဆေးကုသနေစဉ်ကာလတစ်လျှောက်မှာလည်း အားပေးစကားပြောဖို့၊ ဂရုတစိုက်နွေးနွေးထွေးထွေး ဆက်ဆံဖို့ အရေးကြီးပါတယ်။ ��✅လုပ်ငန်းခွင်တွေမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်တဲ့မူဝါဒတွေ ချမှတ်ဖို့လိုသလို တီဘီရောဂါရှိသူအား အလုပ်မှလည်းမထုတ်ပယ်သင့်ပါ။���� ဲခြားဆက်ဆံမှုတွေမရှိစေဖို့ းလုံးအတူတူးပေါင်းဆောင်ရွက်ကြပါစို့နော်။ ��

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသား...
09/12/2024

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?

📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသားစုဝင်အပါအဝင် ပတ်ဝန်းကျင်မှလူတွေက ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိတတ်ပါတယ်။ တီဘီရောဂါ ကူးစက်ခံရမှာကို စိုးရိမ် ကြောက်လန့်ပြီး
🔺 တီဘီရောဂါရှိသူနဲ့ ထမင်းအတူတူမစားချင်တာ၊
🔺အခေါ်အပြော၊ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာ စသဖြင့် ခွဲခြားဆက်ဆံခံရတာတွေ ရှိတတ်ပါတယ်။

📌ဒီလိုအခြေအနေတွေကြုံရတဲ့အခါ တီဘီရောဂါရှိသူတွေအနေနဲ့ ရှက်ရွံ့အားငယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ အထီးကျန်သလို ခံစားရတာနဲ့ စိတ်ဓာတ်ကျတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ မရောနှောတော့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆေးရုံဆေးခန်းကို မသွားချင်တဲ့အထိ ဖြစ်လာပါက ဆေးသောက်ပျက်ကွက်ပြီး တီဘီဆေးကုသမှုအတွက် အဟန့်အတား ဖြစ်စေကာ ရောဂါပျောက်ကင်းဖို့ နှောင့်နှေးတာမျိုးအထိ ကြုံရတတ်ပါတယ်။

📌ဒီအခြေအနေတွေ မရှိစေဖို့ တီဘီရောဂါရှိသူနဲ့ အတူနေမိသားစုဝင်အပါအဝင် အများပြည်သူကို တီဘီရောဂါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များများမျှဝေပေးဖို့ လိုအပ်ပါတယ်။

💝ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။

ရောဂါပိုးကူးစက်ခြင်းတွေကို ဒီနည်းလမ်းတွေနဲ့ကာကွယ်စို့HIV, AIDS ရောဂါပိုးကူးစက်ခြင်းကိုကာကွယ်ဖို့ ဒီနည်းလမ်းတွေကို မျှဝေလ...
04/12/2024

ရောဂါပိုးကူးစက်ခြင်းတွေကို ဒီနည်းလမ်းတွေနဲ့ကာကွယ်စို့

HIV, AIDS ရောဂါပိုးကူးစက်ခြင်းကိုကာကွယ်ဖို့ ဒီနည်းလမ်းတွေကို မျှဝေလိုက်ရအောင် …

လိင်မှတစ်ဆင့်ကူးစက်ခြင်းမှ ကာကွယ်ရန်
(၁) အန္တရာယ်ရှိသော လိင်ကိစ္စများကို ရှောင်ကြဉ်ခြင်း
(၂) နှစ်ဦးနှစ်ဖက်အပြန်အလှန်သစ္စာရှိခြင်း
(၃) အကာအကွယ် (ကွန်ဒုံး) သုံးခြင်း

လိင်မှမဟုတ်သောကူးစက်ခြင်းမှ ကာကွယ်ရန်
(၁) သွေးအလှူရှင်များမှ ရောဂါပိုးကင်းရှင်းကြောင်းအာမခံနိုင်ခြင်း
(၂) တစ်ခါသုံး ဆေးထိုးအပ် ၊ ဆေးထိုးပြွန်များ အသုံးပြုခြင်း
(၃) ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ် ၊ နို့ချိုတိုက်ကျွေးချိန်တွင် ကလေးငယ်အားကူးစက်နိုင်ခြေကို လျှော့ချခြင်း

လူမှုပတ်ဝန်းကျင်အနေဖြင့် လည်း HIV ပိုးရှိသူနှင့် AIDS ရောဂါဝေဒနာရှင်များအပေါ် အဆိုးမြင်ခြင်း ၊ ခွဲခြားနှိမ်ချ ဆက်ဆံခြင်းများမပြုဘဲ ဖေးမကူညီခြင်းဖြင့် HIV, AIDS ရောဂါတားဆီးရေးလုပ်ငန်းစဉ်များ ထိရောက် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့နော် …။

Safe S*x ဖြစ်ဖို့ အရေးကြီးတယ်နော်လိင်မှုကိစ္စဆိုတာ ဆယ်ကျော်သက်တိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝကိစ္စတစ်ခုဆိုပေမဲ့ ဒီလိင်မှ...
04/12/2024

Safe S*x ဖြစ်ဖို့ အရေးကြီးတယ်နော်

လိင်မှုကိစ္စဆိုတာ ဆယ်ကျော်သက်တိုင်း ရှောင်လွှဲလို့မရတဲ့ သဘာဝကိစ္စတစ်ခုဆိုပေမဲ့ ဒီလိင်မှုကိစ္စမှာဖြစ်သွားတဲ့ အမှားအယွင်းတစ်ခုကြောင့် တစ်ဘဝလုံးမှာ ဗျာများရမယ့် HIV ရောဂါပိုးကူးစက်ခံရတာမျိုးနဲ့ အခြား လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ခံစားရတာအပြင် အချိန်မတိုင်ခင်ကိုယ်ဝန်ရခြင်းတွေကလည်း ဘဝရဲ့ တိုးတက်ရှင်သန်မှုကို ဟန့်တားနှောင့်ယှက်နိုင်တဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ လိင်မှုဘဝမှာ လုံခြုံစိတ်ချရစေဖို့အတွက် သတိထားသင့်တဲ့ အခြေခံအချက် (၃) ချက်ကို Myanmar Positive Group ကနေ မျှဝေပေးသွားချင်ပါတယ်နော်။

နံပါတ် (၁) အန္တရာယ်ရှိတဲ့ လိင်ကိစ္စတွေကို ရှောင်ကြဉ်ရပါမယ်။
သဘာဝအတိုင်းမဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံတွေအပါအဝင် ၊ မသန့်ရှင်းတဲ့ အရာဝတ္တုတွေအသုံးပြုတာနဲ့ လိင်အင်္ဂါသန့်ရှင်းမှုမရှိဘဲ ဆက်ဆံခြင်းတွေက အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံခြင်းတွေပါပဲနော်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ဒီလိုအပြုအမူတွေကိုရှောင်ရှားတာက ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့အတွက် အကောင်းဆုံးနဲ့ စိတ်အချရဆုံးကာကွယ်နည်းပဲဖြစ်ပါတယ်။

နံပါတ် (၂) သစ္စာရှိရှိပေါင်းသင်းရပါမယ်။
ချစ်သူသမီးရည်းစားချင်းမှာပဲဖြစ်ဖြစ် ၊ အိမ်ထောင်ဖက်အချင်းချင်းပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အပြန်အလှန် သစ္စာရှိပြီး လိင်မှုကိစ္စတွေကိုစောင့်ထိန်းတာက HIV, AIDS အပါအဝင် အခြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင် ပါတယ်နော်။

အဓိပ္ပါယ်ကတော့ လိင်ဆက်ဆံဖော် (s*x partner) တစ်ဦးတည်းသတ်သတ်မှတ်မှတ်ထားပြီး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် မိမိကိုယ်တိုင်မှာရော ၊ မိမိရဲ့ partner မှာရော ကူးစက်ရောဂါပိုးကင်းရှင်းဖို့အတွက်ကိုတော့ တိတိကျကျ သိရှိထားဖို့လိုပါမယ်နော်။

နံပါတ် (၃) ကွန်ဒုံးသုံးရပါမယ်။
ကွန်ဒုံးသုံးဖို့အတွက်ကတော့ ပြောစရာမလိုလောက်အောင် အားလုံးလည်းသိပြီးကြပြီဆိုပေမဲ့ ကွန်ဒုံးဝယ်ဖို့ အတွက်တော့ လက်တွေ့မှာခက်ခဲနေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ပြောပြချင်တာကတော့ ကွန်ဒုံးက ကျန်းမာရေး ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာပါ။ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ် ပေးနိုင်တဲ့အပြင် ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တဲ့ ကျန်းမာရေးသုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကွန်ဒုံးကိုလိုအပ်တဲ့အခါမှာ ရဲရဲဝယ်ဖို့ မမေ့ပါနဲ့နော်။

သေချာမဆန်းစစ်ရင် နှစ်တန်းဖြစ်သွားနိုင်တယ်နော်“ငါလည်း ကွန်ဒုံးကိုသေချာသုံးတာပဲကွာ … ဒါပေမဲ့ ဘယ်လိုဖြစ်သွားလဲမသိဘူး” ကွန်ဒ...
04/12/2024

သေချာမဆန်းစစ်ရင် နှစ်တန်းဖြစ်သွားနိုင်တယ်နော်

“ငါလည်း ကွန်ဒုံးကိုသေချာသုံးတာပဲကွာ … ဒါပေမဲ့ ဘယ်လိုဖြစ်သွားလဲမသိဘူး”

ကွန်ဒုံးက ကိုယ်ဝန်ရခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါပိုးတွေကို ၉၀% ကာကွယ်ပေးနိုင်တယ်ဆိုပေမဲ့ သေချာဆန်းစစ်ပြီး အသုံးမပြုဘူးဆိုရင်တော့ ဆီးစစ်တဲ့အခါ “နှစ်တန်း” ဖြစ်သွားနိုင်ပါတယ် ညိုကီတို့ရေ …။

ဒါကြောင့်မို့ ဦးထုပ်ဆောင်းတော့မယ်ဆိုရင် …
နံပါတ် (၁) Packing ကို သေချာကြည့်ပြီး Date ကုန်နေရင် လုံးဝမသုံးပါနဲ့
နံပါတ် (၂) အထုပ်ကိုစမ်းကြည့်လို့ အထဲမှာချောဆီ (lubricant) မရှိဘူးဆိုရင်လည်း လုံးဝမသုံးပါနဲ့ (ကွန်ဒုံးပေါက်တတ်ပါတယ်)
နံပါတ် (၃) အထုပ်ကို သွားနဲ့ကိုက်ဖောက်တာတွေ ၊ အချွန်နဲ့ထိုးဖောက်တာတွေကိုလည်း မလုပ်မိပါစေနဲ့ (ပြဿနာတက်သွားပါလိမ့်မယ်)
နံပါတ် (၄) အပြင်ထုတ်လိုက်ပြီးတဲ့ ကွန်ဒုံးကိုလည်းပြန်မသုံးဘဲ အသစ်လဲပေးဖို့ လိုပါလိမ့်မယ်နော်။

ဒီလိုဆန်းစစ်ပြီးအသုံးပြုမှပဲ ညိုကီတို့အတွက်စိတ်ချရပါလိမ့်မယ်နော်။ သေချာမဆန်းစစ်ဘူးဆိုရင်တော့ ဦးထုပ်ဆောင်းလည်း နေပူဒဏ်တော်တော်ခံရနိုင်ကြောင်းပါခင်ဗျာ။

01/12/2024
ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျရောက်သော World AIDS Day သည် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပြီး HIV ...
01/12/2024

ဒီဇင်ဘာလ ၁ရက်နေ့တွင် ကျရောက်သော World AIDS Day သည် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် နှစ်စဉ်ကျင်းပလျက်ရှိပြီး HIV ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးအတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကာ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ကာ AIDS ကပ်ရောဂါကို အဆုံးသတ်ရန် ကတိကဝတ်ပြုကြပါသည်။

ယခုနှစ်၏ ခေါင်းစဉ် “Take the Rights Path” သည် လူသားတစ်ဦးချင်းစီ၏ တန်းတူညီမျှမှုအတွက် တိုက်တွန်းရန်၊ လူ့အခွင့်အရေးများကို ကာကွယ်ရန်နှင့် ဤလုပ်ငန်းစဉ်တွင် မည်သူမျှ နောက်ကျမကျန်စေရန် တိုက်တွန်းသော လှုံ့ဆော်မှုတစ်ခုဖြစ်ပါသည်။

MPG ၏ တည်ထောင်ရေး မူဝါဒများ MPG သည် နှစ် ၂၀ ခန့် အကြာက တည်ထောင်ခဲ့သောအချိန်မှစ၍ အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများနှင့် မိသားစုဝင်များ၊ ဦးတည်အုပ်စုများအတွက် အခွင့်အရေးများ အသိပေးတင်ပြတောင်းဆိုခြင်းကို ရှေ့တန်းကပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပါဝင်ပတ်သက်မှုအနေဖြင့် The Greater Involvement of People Living with HIV (GIPA) နှင့် အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများ၏ အဓိကပါဝင်ပတ်သက်မှု Meaningful Involvement of People with HIV/AIDS (MIPA) မူဝါဒများကို ကျွန်ုပ်တို့ လက်ခံခဲ့ပါသည်။
ဤမူဝါဒများသည် အိပ်ချ်အိုင်ဗွီတုံ့ပြန်ရေးနှင့် AIDS အဆုံးသတ်ရေးတွင် ပြုစုစောင့်ရှောက်မှု ပေးခြင်းအကြောင်းသာမက အိပ်ချ်အိုင်ဗွီနှင့် နေထိုင်သူများကို ကိုယ်စားပြုရန်၊ ဦးဆောင်ရန်၊ ပံ့ပိုးရန်နှင့် ၎င်းတို့ ဦးဆောင်သော အဖွဲ့အစည်းများကို ပိုမိုတိုးတက်စေခဲ့ပါသည်။ အကျိုးသက်ရောက်မှု အများဆုံးခံစားရသူများသည် ဖြေရှင်းချက်များ ဆောင်ရွက်နိုင်ရာတွင်လည်း အဓိကဖြစ်စေရန် သေချာစေခဲ့ပါသည်။ ကျွန်ုပ်တို့သည် အခွင့်အရေးများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဤခရီးစဉ်ကို စတင်ခဲ့ပြီး AIDS ကင်းစင်သော မြန်မာနှင့် ကမ္ဘာတစ်ခုကို ရရှိသည်အထိ ဤလမ်းကြောင်းကို ကျွန်ုပ်တို့ ကတိပြုနေဆဲဖြစ်ပါသည်။
AIDS ကို အဆုံးသတ်သော လမ်းကြောင်းသည် အခွင့်အရေးလမ်းကြောင်းဖြစ်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို ထိန်းသိမ်းထားပြီး လူ့အဖွဲ့အစည်းအားလုံးကို ပါဝင်စေခြင်းသည် အရေးကြီးသောကဏ္ဍဖြစ်ပါသည်။ အန္တရာယ်ရှိသော စည်းမျဉ်းစည်းကမ်းများကို ဖယ်ရှားပြီး လူတိုင်း၏ အခွင့်အရေးများကို ထိန်းသိမ်းထားသော စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ရပါမည်။
ယခုနှစ် World AIDS Day တွင်လူတိုင်း၏ ကျန်းမာရေးကို ကာကွယ်ရန် လူတိုင်း၏ အခွင့်အရေးများကို ကာကွယ်ရန် လှုံ့ဆော်လိုက်ကြပါစို့။
"အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့"

ချစ်ရင်ဆေးစစ်“တကယ်ချစ်ရင် ဆေးစစ်ကြမယ်နော်” သာယာပျော်ရွှင်တဲ့ ချစ်သူဘဝကနေ ကြည်နူးချမ်းမြေ့တဲ့ အိမ်ထောင်မှုဘဝဆီကို အရောက်လ...
29/11/2024

ချစ်ရင်ဆေးစစ်

“တကယ်ချစ်ရင် ဆေးစစ်ကြမယ်နော်”

သာယာပျော်ရွှင်တဲ့ ချစ်သူဘဝကနေ ကြည်နူးချမ်းမြေ့တဲ့ အိမ်ထောင်မှုဘဝဆီကို အရောက်လှမ်းနိုင်ဖို့ ယုံကြည်မှုအတွက် ဆေးစစ်ချက်ရယူပြီး ကိုယ်ရောစိတ်ကိုပါ တစ်ဦးတစ်ယောက်တည်းဆီမှာ အပ်နှံထားလိုက်ပါ။

“အပျော်ကနေ အပျက်မဖြစ်စေနဲ့” ‌ဆယ်ကျော်သက်အရွယ်လူငယ်လူရွယ်တွေဟာ မွေးနေ့ ၊ တွေ့ဆုံပွဲများကို ပါတီများပြုလုပ်ကာ အပျော်ရှာကြလ...
28/11/2024

“အပျော်ကနေ အပျက်မဖြစ်စေနဲ့”



ဆယ်ကျော်သက်အရွယ်လူငယ်လူရွယ်တွေဟာ မွေးနေ့ ၊ တွေ့ဆုံပွဲများကို ပါတီများပြုလုပ်ကာ အပျော်ရှာကြလေ့ရှိပါတယ်။



ဒီလိုမျိုးပါတီများပြုလုပ်ရာတွင် အရက်နှင့်ဆေးလိပ်များကိုလည်း သောက်သုံးလာကြပါတယ် ။



“ တန်ဆေး ၊ လွန်ဘေး ” စကားပုံလိုမျိုး အပျော်အပါးအတွက် နေ့စဥ်သောက်တာမျိုးရှိလာခဲ့ပြီဆိုရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ် ။



ဆေးလိပ်သောက်သုံးခြင်းက နီကိုတင်းဓာတ်ပါဝင်တာကြောင့် လူကိုစွဲလမ်းစေပြီး ခံတွင်းကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အဆုတ်ကင်ဆာများကို ဖြစ်ပွားစေပါတယ် ။



နှလုံးသွေးကြောကျဥ်းခြင်း ၊ ပန်းသေပန်းညိုးခြင်းနှင့် ခြေပုပ် လက်ပုပ် အဆင့်များထိပါဖြစ်စေနိုင်ပါတယ် ။



ရေရှည်အနေနဲ့ အရက်သောက်သုံးခြင်းကလည်း အသည်းကင်ဆာ ၊ အသည်းခြောက်ခြင်းနှင့် ပန်ကရိရရောဂါများကိုဖြစ်ပေါ်စေပါတယ် ။ ဒါ့အပြင် အစာအိမ်နှင့်အူလမ်းကြောင်းများပျက်စီးခြင်း ၊ ဦးနှောက်နဲ့အာရုံကြောများပျက်စီးခြင်းများ၊ စိတ်ဓာတ်ကျခြင်း ၊ မှတ်ဉာဏ်ပျက်စီးခြင်းများကိုလည်း ဖြစ်ပွားနိုင်ပါတယ် ။



ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်များ အပျော်ကနေအပျက်မဖြစ်ရအောင် အရက်နှင့်ဆေးလိပ်များကို လမ်းမှားလိုက်ကာ အလွန်အကျွံမသောက်မိစေဖို့ သတိပေးလိုက်ပါတယ်နော် ။



\

Address

No. 49, 11th Street, Middle Block, LanMaDaw Township, Yangon
Yangon
11131

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when ဖော်မွန် - Phaw Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category