YOC - Yangon Oncology Clinic

YOC - Yangon Oncology Clinic "Our goal is to build a competent, complete medical oncology center which can give one-stop service

မင်္ဂလာပါရှင့်။ YOCမှာ မတ်လအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်ဇယားများကို ဖော်ပြပေးလိုက်ပါတယ်။ဆ...
24/03/2026

မင်္ဂလာပါရှင့်။ YOCမှာ မတ်လအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်ဇယားများကို ဖော်ပြပေးလိုက်ပါတယ်။

ဆွေးနွေးပြသလိုသော လူနာများနှင့် လူနာရှင်များအနေဖြင့်
📝 လူနာ၏အမည်၊ အသက်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ နေရပ်လိပ်စာ
🧑‍⚕️ ပြသလိုသော သမားတော်အမည်
📅 ရက်ချိန်းရယူလိုသော နေ့ရက်နှင့် အချိန်တို့ကို

YOC ၏ Messenger Chatbox မှဖြစ်စေ၊ ဖုန်းနံပါတ် 09966800022 ၊ 09943033332 ၊ 09943033334 တို့ကို ဆက်သွယ်၍ဖြစ်စေ ကြိုတင်ရက်ချိန်းရယူနိုင်ပါပြီ။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကင်ဆာလို့ သိလိုက်ရချိန်မှာ ကုသမှုခရီးလမ်းဟာ ရှုပ်ထွေးခက်ခဲမယ်လို့ တွေးပူတတ်ကြပါတယ် 😥ဘယ်ကိုသွားရမလဲ၊ ဆေးရုံဆေးခန်းတွေမှာ ...
12/03/2026

ကင်ဆာလို့ သိလိုက်ရချိန်မှာ ကုသမှုခရီးလမ်းဟာ ရှုပ်ထွေးခက်ခဲမယ်လို့ တွေးပူတတ်ကြပါတယ် 😥

ဘယ်ကိုသွားရမလဲ၊ ဆေးရုံဆေးခန်းတွေမှာ ရက်ချိန်းဘယ်လိုယူရမလဲ၊ ဘယ်မှာဆေးသွားသွင်းရမလဲ၊ ဘယ်အချိန်ပြန်လာပြရမလဲ၊ ဘာဆက်လုပ်ရမလဲ သို့လောသို့လော မေးခွန်းများစွာနဲ့ စိတ်ရှုပ်မနေရအောင် YOC ကို လှမ်းလာခဲ့လိုက်ပါရှင့် 🩺

YOC မှာ လူနာတို့ စိတ်အေးချမ်းသာစွာ ကင်ဆာရောဂါကုသနိုင်ဖို့

🧭 ကုသမှုခရီးလမ်းတစ်လျှောက်လုံးမှာ လမ်းညွှန်ကူညီပေးမဲ့ Patient Navigator များ

👩‍⚕️ ဆေးသွင်းကုသရာမှာလည်း ကင်ဆာကုသမှုဆိုင်ရာကို အထူးလေ့ကျင့်သင်ကြားထားတဲ့ သူနာပြုများ

📝 ဆေးခန်းပြဖို့ သမားတော်ရက်ချိန်းယူတာ၊ ဓာတ်ခွဲစစ်ဆေးတာ၊ ဆေးသွင်းဖို့ ရက်ချိန်းယူတာ အစရှိတာတွေကို နေရာအနှံ့သွားစရာမလိုဘဲ တစ်နေရာတည်းမှာပဲ လွယ်ကူစွာစီစဉ်နိုင်မှုများကြောင့်…

ရောဂါဝေဒနာ ခံစားနေရချိန်မှာ ကုသမှုလုပ်ငန်းစဉ်တွေကြောင့် ထပ်ပြီးမပင်ပန်းရလေအောင် လူနာဗဟိုပြု စောင့်ရှောက်မှုကို အဓိကထားတဲ့ YOC မှာ စိတ်အေးချမ်းသာစွာ လာရောက်ကုသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့် 💁‍♀️

ကုသမှုဆိုင်ရာ အချက်အလက်များကို စုံစမ်းလိုတာ ဒါမှမဟုတ် ရက်ချိန်းရယူရန် လိုအပ်ပါက Chatbox ဒါမှမဟုတ် အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်များကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 💬📞

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

\

Radiation Therapy ခံယူနေတဲ့ ကင်ဆာရောဂါဝေဒနာရှင်နဲ့ မိသားစုဝင်တွေကြားမှာ စိုးရိမ်ပူပန်မှုတစ်ခုရှိပါတယ် 😟အဲဒါကတော့ ဓာတ်ရော...
12/03/2026

Radiation Therapy ခံယူနေတဲ့ ကင်ဆာရောဂါဝေဒနာရှင်နဲ့ မိသားစုဝင်တွေကြားမှာ စိုးရိမ်ပူပန်မှုတစ်ခုရှိပါတယ် 😟

အဲဒါကတော့ ဓာတ်ရောင်ခြည်ကုထုံး ခံယူနေတဲ့လူနာနဲ့ အတူနေထိုင်လို့ ရသလား၊ မရဘူးလားဆိုတာပါ 🤔

အဖြေမှန်ကတော့ နေလို့ရပါတယ်ရှင့် ✅

ℹ️ Radiation Therapy အတွက် များသောအားဖြင့် External Beam Radiation Therapy (ခန္ဓာကိုယ်အပြင်ဘက်မှ ဓာတ်ရောင်ခြည်ပေးခြင်း) နည်းလမ်းကိုသာအသုံးပြုကြပါတယ်။ ဒီကုသမှုခံယူပြီးချိန်မှာ ခန္ဓာကိုယ်ကနေ ဓာတ်ရောင်ခြည်တွေ ပြန်လည်ထုတ်လွှတ်ပေးတာမျိုး (Radioactive ဖြစ်တယ်လို့ခေါ်ကြပါတယ်) မရှိတဲ့အတွက် မိသားစုဝင်တွေ အတူတကွနေထိုင်လို့ရပါတယ်။

💁‍♀️ ဒီအချက်လေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်ဆိုရင် ထပ်ဆင့် Share ပေးသွားလို့ ရပါတယ်နော်။ ကင်ဆာကုသမှုနဲ့ ပတ်သက်ပြီး နောက်ထပ်သိချင်တဲ့ ကျန်းမာရေး ဗဟုသုတတွေရှိရင်လည်း Comment မှာ မေးမြန်းဆွေးနွေးခဲ့နိုင်ပါတယ်ရှင့်။

YOC ဆေးခန်းလိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

\

ကင်ဆာရောဂါကို ရင်ဆိုင်ကုသနေရချိန်မှာ ကင်ဆာဆေးဝါးရှားပါးမှုဟာ အခက်အခဲတစ်ခု မဖြစ်သင့်ပါဘူး 💊💉ဒီလိုမျိုး အခက်အခဲကြောင့် စိတ...
12/03/2026

ကင်ဆာရောဂါကို ရင်ဆိုင်ကုသနေရချိန်မှာ ကင်ဆာဆေးဝါးရှားပါးမှုဟာ အခက်အခဲတစ်ခု မဖြစ်သင့်ပါဘူး 💊💉

ဒီလိုမျိုး အခက်အခဲကြောင့် စိတ်သောကမရောက်ရအောင်တော့ YOCက အကောင်းဆုံးစီစဉ်ပေးထားပါတယ် 👩‍⚕️🩺

YOC ရဲ့ Oncology Pharmacy မှာဆိုရင် ကင်ဆာရောဂါကို အကောင်းဆုံးကုသနိုင်ဖို့အတွက်

☑️ စျေးကွက်ထဲမှာ လက်လှမ်းမီဖို့ မလွယ်တဲ့ ကင်ဆာဆေးဝါးတွေကို အဆင်သင့်ထားရှိပေးခြင်း

☑️ သင့်တင့်မျှတသော နှုန်းထားများနဲ့ ဆေးဝါးများကို ရောင်းချပေးနေခြင်း

☑️ Cold Chain စနစ်ဖြင့် ထိန်းသိမ်းဖို့လိုအပ်တဲ့ ဆေးဝါးများကို နိုင်ငံတကာအဆင့်မီ အအေးခန်းစနစ်များဖြင့် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားခြင်း

☑️ တရားဝင်တင်သွင်းထားတဲ့ စစ်မှန်သော ကင်ဆာဆေးဝါးများကိုသာ အသုံးပြုခြင်းတို့ကြောင့်

ကင်ဆာကုသရေးအတွက် အဘက်ဘက်က လိုအပ်တဲ့ ကင်ဆာဆေးဝါးတွေကို တစ်နေရာတည်းမှာ စိတ်အေးချမ်းသာစွာ ရယူနိုင်ပြီး အထိရောက်ဆုံး ကုသမှုခံယူနိုင်ဖို့ YOC ကို ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် 🙆‍♀️

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

ထမင်းစားရင် လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်နေပြီလား? ရေသောက်ရင်တောင် နင်ချင်သလို ဖြစ်လာပြီလား? 😫ဒီလိုမျိုး အစာနဲ့ရေ မျိုချရခ...
12/03/2026

ထမင်းစားရင် လည်ပင်းမှာ တစ်ဆို့ဆို့ ဖြစ်နေပြီလား? ရေသောက်ရင်တောင် နင်ချင်သလို ဖြစ်လာပြီလား? 😫

ဒီလိုမျိုး အစာနဲ့ရေ မျိုချရခက်တဲ့ဝေဒနာတွေ ကြာရှည်စွာ ခံစားရနေပြီဆိုရင်တော့ ပေါ့ပေါ့ဆဆ မနေသင့်တော့ပါဘူး။ ဒါဟာ အစာရေမျိုပြွန်ကင်ဆာ (Oesophagus Cancer) ရဲ့ အစောပိုင်း သတိပေးခေါင်းလောင်းသံ ဖြစ်နိုင်လို့ပါပဲ 🚨

အစာရေမျိုးပြွန်ကင်ဆာ ဖြစ်ပွားတဲ့အခါ အစာပြွန်လမ်းကြောင်း ကျဉ်းသွားပါတယ်။ အခုလိုကျဉ်းလာတဲ့အခါမှာ အသား၊ ထမင်း စတဲ့ အစာမာတွေစားတဲ့အခါ မျိုချရခက်တာ၊ နင်တာမျိုးတွေ စဖြစ်လာတတ်ပါတယ်။ ရောဂါရင့်လာချိန်မှာတော့ အရည်ပါ မျိုချရခက်တဲ့အထိ ဖြစ်လာတတ်ပါတယ် 💁‍♀️

ဒီလက္ခဏာတွေရှိနေတာနဲ့ ကင်ဆာဖြစ်ပြီလို့ တထစ်ချ ပြောလို့မရပေမဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး ရောဂါစစ်ဆေးအဖြေရှာဖို့က အရမ်းကိုအရေးကြီးပါတယ်။ ကင်ဆာရောဂါဆိုတာ စောစီးစွာသိရှိလေ ကုသပျောက်ကင်းနိုင်ခြေ ပိုများတဲ့အတွက် ရောဂါကိုသိပြီဆိုတာနဲ့ YOC မှာ အမြန်ဆုံးလာရောက် တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့် 🙆‍♀️

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

Happy Chinese New Year 2026 🧧သစ်လွင်တောက်ပတဲ့ နှစ်သစ်ချိန်ခါကို ပိုင်ဆိုင်နိုင်ပြီး မြင်းနှစ်မှာ စီးပွားရေး ၊ လူမှုရေး ၊...
17/02/2026

Happy Chinese New Year 2026 🧧

သစ်လွင်တောက်ပတဲ့ နှစ်သစ်ချိန်ခါကို ပိုင်ဆိုင်နိုင်ပြီး မြင်းနှစ်မှာ စီးပွားရေး ၊ လူမှုရေး ၊ ကြွယ်ဝချမ်းသာခြင်းများ အရှိန်အဟုန်နဲ့ တိုးတက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်✨

မင်္ဂလာပါရှင့်။ Yangon Oncology Clinic (YOC) မှာ ဖေဖော်ဝါရီခအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်...
13/02/2026

မင်္ဂလာပါရှင့်။ Yangon Oncology Clinic (YOC) မှာ ဖေဖော်ဝါရီခအတွင်း ကြည့်ရှုဆွေးနွေး ကုသပေးသွားမဲ့ သမားတော်များရဲ့ အချိန်ဇယားများကို ဖော်ပြပေးလိုက်ပါတယ်။

ဆွေးနွေးပြသလိုသော လူနာများနှင့် လူနာရှင်များအနေဖြင့်
📝 လူနာ၏အမည်၊ အသက်၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ နေရပ်လိပ်စာ
🧑‍⚕️ ပြသလိုသော သမားတော်အမည်
📅 ရက်ချိန်းရယူလိုသော နေ့ရက်နှင့် အချိန်တို့ကို

YOC ၏ Messenger Chatbox မှဖြစ်စေ၊ ဖုန်းနံပါတ် 09966800022 ၊ 09943033332 ၊ 09943033334 တို့ကို ဆက်သွယ်၍ဖြစ်စေ ကြိုတင်ရက်ချိန်းရယူနိုင်ပါပြီ။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

ဒီနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းလုံးက ကင်ဆာရောဂါတိုက်ဖျက်ရေးအတွက် တညီတညွတ်တည်း လှုပ်ရှားကြတဲ့ "ကမ္ဘာ့ကင်ဆာရော...
04/02/2026

ဒီနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းလုံးက ကင်ဆာရောဂါတိုက်ဖျက်ရေးအတွက် တညီတညွတ်တည်း လှုပ်ရှားကြတဲ့ "ကမ္ဘာ့ကင်ဆာရောဂါနေ့" (World Cancer Day) ဖြစ်ပါတယ်။

ကင်ဆာရောဂါဆိုတာ လူတစ်ယောက်တည်းရဲ့ တိုက်ပွဲမဟုတ်သလို မိသားစုတစ်စုတည်းရဲ့ အခက်အခဲလည်း မဟုတ်ပါဘူး။ ဒါဟာ အားလုံးအတူတကွ လက်တွဲရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုပါ။

🌍 ဒီနေ့မှာ YOC အနေနဲ့ ပြောပြချင်တာက ကင်ဆာရောဂါကုသမှုမှာ လူတန်းစား၊ နေရာဒေသ၊ ငွေကြေးအခြေအနေတွေကြောင့် ကုသမှုမရရှိဘဲ ကျန်ရစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူးဆိုတာပါပဲ။ Yangon Oncology Clinic (YOC) ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း ရန်ကုန်မြို့ရဲ့ ကင်ဆာကုသမှုကဏ္ဍတစ်ခုလုံးကို မြှင့်တင်ပြီး လူနာတိုင်းကို လက်လှမ်းမီတဲ့ ကုသမှုတွေ ပေးအပ်နိုင်ဖို့ပဲ အမြဲရည်ရွယ်ဆောင်ရွက်ခဲ့ပါတယ်။

ကင်ဆာရောဂါကို အနိုင်ယူဖို့အတွက် အရေးကြီးဆုံး လက်နက် (၃) ခုကတော့
၁။ စောစီးစွာ သိရှိခြင်းနှင့် ပုံမှန် Screening စစ်ဆေးမှုများ ပြုလုပ်ခြင်း
၂။ မှန်ကန်တဲ့ နည်းလမ်းများနှင့်အတူ ခေတ်မီနည်းပညာများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ထိရောက်စွာကုသခြင်း
၃။ လူနာကို စာနာနားလည်ပြီး ဖေးမကူညီခြင်း တို့ပဲဖြစ်ပါတယ်။

💌 ဒါကြောင့် အခုကျရောက်လာတဲ့ "ကမ္ဘာ့ကင်ဆာရောဂါနေ့" မှာ ကင်ဆာရောဂါကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြတဲ့ "သူရဲကောင်းများ (Warriors)" အားလုံး စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝပြီး ကုသမှုခရီးလမ်းကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း YOC မိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
YOC မှလည်း ကင်ဆာရောဂါကုသရေးခရီးလမ်းလေး ချောမွေ့ဖြောင့်တန်းနေစေဖို့အတွက် ပူးပေါင်းကူညီပေးဖို့ အသင့်ရှိနေပါတယ်ရှင့်။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - https://maps.app.goo.gl/fzzxnWeYd4uACR6PA

(ADC)

HIV နဲ့အတူယှဉ်တွဲနေထိုင်သူ အမျိုးသမီးတွေမှာ ဘာကြောင့်သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်လာနိုင်တာလဲဆိုရင် HPV ပိုးဟာ သာမန်လူတွေမှ...
01/02/2026

HIV နဲ့အတူယှဉ်တွဲနေထိုင်သူ အမျိုးသမီးတွေမှာ ဘာကြောင့်သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်လာနိုင်တာလဲဆိုရင် HPV ပိုးဟာ သာမန်လူတွေမှာဆိုရင် ကိုယ်ခံအားကောင်းမွန်မှုကြောင့် ပြန်လည်တိုက်ထုတ်နိုင်မယ်ဆို ဖြစ်နိုင်ခြေလျော့နည်းသွားလေ့ရှိပါတယ် (သာမန်လူတွေမှာ လုံးဝမဖြစ်နိုင်ဘူးလို့တော့ မပြောပါဘူးနော်) 🙅‍♀️

ဒါပေမဲ့ HIV ပိုးက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေတာကြောင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ HPV ပိုးဝင်လာတဲ့အခါ ပုံမှန်လူတွေလို ထိထိရောက်ရောက် မတိုက်ထုတ်နိုင်တော့ပါဘူး။ ဒါကြောင့်သာပဲ HPV ပိုးက ကြာရှည်ခိုအောင်းနိုင်ပြီး သားအိမ်ခေါင်းကင်ဆာအဆင့်ကို လွယ်လင့်တကူ ပြောင်းလဲသွားဖို့ အခွင့်အရေးပိုရနေတာပါ ⚠️

ဒီလိုပြောလို့လည်း အစမှာပြောခဲ့သလို ဖြစ်နိုင်ခြေများတာဟာ ဖြစ်လာမှာပဲလို့ ယူဆခိုင်းတာမဟုတ်ပါဘူး။ သာမန်လူတွေထက်စာရင် ဖြစ်နိုင်ခြေပိုများတာကြောင့် အချိန်မှန် စစ်ဆေးဖို့ လိုအပ်ပါတယ်။

YOC မှာတော့ လူနာတိုင်းအတွက် နွေးထွေးလုံခြုံတဲ့ ကုသမှုနေရာတစ်ခုအဖြစ် ဝန်ဆောင်မှုကောင်းတွေ အမြဲပေးအပ်နေပါတယ်ရှင် 🩺

⚕️ လူနာရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အထူးလျှို့ဝှက်ထိန်းသိမ်းပေးခြင်း

⚕️ ခွဲခြားဆက်ဆံမှုတွေ လုံးဝမရှိဘဲ ကုသရေးခရီးလမ်းတစ်လျှောက်မှာ အဆင်ပြေချောမွေ့စေဖို့ Team Member များမှ အထူးဂရုစိုက်ပေးခြင်း

⚕️ HIV အထူးပြုဆရာဝန်ကြီးများမှ အသေးစိတ်ဆွေးနွေး ညွှန်ကြားပေးဖို့ အသင့်ရှိနေခြင်း

⚕️ လူနာများကို နေ့ညမရွေး အကူအညီပေးဖို့ အသင့်ရှိနေတဲ့ Dedicated Hotline ထားရှိပေးခြင်းတို့ကြောင့်

HIV ရှိနေသူအမျိုးသမီးတွေ စိတ်လုံခြုံစွာနေထိုင်နိုင်ရေးအတွက် YOC မှာ ကြိုတင် Screening လာလုပ်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

\

အစားအစာဆိုတာ စားသုံးတတ်ရင် ဆေးဖြစ်နိုင်သလို မစားသုံးတတ်ရင် ဘေးလည်းဖြစ်နိုင်ပါတယ် 👩‍⚕️ကမ္ဘာတစ်ဝန်းမှာ ပြောင်းလဲလာတဲ့ နေထိ...
01/02/2026

အစားအစာဆိုတာ စားသုံးတတ်ရင် ဆေးဖြစ်နိုင်သလို မစားသုံးတတ်ရင် ဘေးလည်းဖြစ်နိုင်ပါတယ် 👩‍⚕️

ကမ္ဘာတစ်ဝန်းမှာ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတွေက တရိပ်ရိပ်နဲ့ တက်လာနေပါတယ် 📈 ဒီတော့ ကင်ဆာကို ကာကွယ်ဖို့ ကိုယ့်ရဲ့ပန်းကန်ထဲမှာ ဘာတွေထည့်စားလဲဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုလာပါပြီ 🤔

ဒါကြောင့် ကင်ဆာရောဂါမဖြစ်ဖို့ အတတ်နိုင်ဆုံး ရှောင်ရှားစားသုံးသင့်တဲ့ (ဒါမှမဟုတ်) လျှော့စားသင့်တဲ့ အစားအစာတွေကို YOC ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်ရှင့် 🤗

🥓 ပထမဦးဆုံးအနေနဲ့ကတော့ Processed Meat လို့ခေါ်တဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေပါ။ ဒီထဲမှာ ဘေကွန်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊ အသားပြားနဲ့ စည်သွပ်ဘူး အစရှိတဲ့ အစားအစာတွေ ပါဝင်ပါတယ်။ WHO က ဒီအစားအစာတွေကို Group 1 Carcinogens အဖြစ် ကင်ဆာဖြစ်စေတတ်တဲ့ အစားအစာတွေလို့ သတ်မှတ်ထားပါတယ်။

🥩 အနီရောင်အသားတွေဖြစ်တဲ့ အမဲသား၊ ဝက်သားနဲ့ သိုးသားလို အသားမျိုးတွေကို အလွန်အကျွံစားမယ်ဆို အူမကြီးနဲ့ ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ခြေတွေ ပိုမြင့်မားစေမှာဖြစ်ပါတယ်။ ဒီအသားတွေမှာ Heme Iron များစွာပါဝင်တဲ့အပြင် အပူချိန်မြင့်မြင့်နဲ့ ချက်ပြုတ်တဲ့အခါ HCAs လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တွေ ထွက်လာနိုင်ပါတယ်။

🥤 သကြားဓာတ်များတဲ့ အချိုရည်နဲ့ အစားအစာတွေဟာလည်း အဝလွန်ခြင်းနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့ကို ဖြစ်စေသလို ကင်ဆာအမျိုးအစားအတော်များများနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် လျှော့ပြီးစားတာက မမှားပါဘူး။

🧫 မှိုတက်နေတဲ့ အစားအစာတွေကို နှမြောပြီးတော့လည်း မစားပစ်ပါနဲ့။ အဲဒီမှိုတွေကနေ ထွက်လာတတ်တဲ့ အဆိပ်တစ်မျိုးဖြစ်တဲ့ Aflatoxin က အသည်းကင်ဆာကို ဖြစ်စေတတ်တဲ့ အဓိကတရားခံတစ်ခုဖြစ်ပါတယ်။ အစားအစာတွေကို ချက်ပြုတ်ကြော်လှော် မစားသောက်ခင်မှာ သေချာစစ်ဆေးပြီး စားသုံးတာက ပိုစိတ်ချရပါတယ်။

🧈 တိရစ္ဆာန်ထွက်ဆီ ဒါမှမဟုတ် ပြည့်ဝဆီပါတဲ့ နို့ထွက်ပစ္စည်းတွေ၊ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ရှားပါ။ ပြည့်ဝဆီဟာ LDL ကိုမြင့်တက်စေတာကြောင့် သွေးထဲမှာ ကိုလက်စထရောတွေ မြင့်တက်လာတာ၊ နှလုံးရောဂါ၊ Type 2 Diabetes တွေ ဖြစ်စေနိုင်တဲ့အပြင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေလည်း မြင့်မားလာတတ်တာကြောင့် သတိပြုစားသုံးဖို့လိုပါတယ်။

ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆို ဒီလိုအစားအစာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ရှားပြီး အသီးအရွက်၊ အစေ့အဆန်နဲ့ အသားဓာတ်များများပါတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးဖို့ YOC ကနေ အကြံပြုလိုက်ပါတယ်ရှင့် 💁‍♀️

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်
ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA

ကီမိုဆေးသွင်းတယ်လို့ ပြောလိုက်ရင် လူတချို့က ရိုးရိုးအကြောဆေးသွင်းသလိုမျိုး ထင်မှတ်ကြပါတယ် 🤔တကယ်တမ်းမှာ ကင်ဆာဆေးသွင်းကုသတ...
01/02/2026

ကီမိုဆေးသွင်းတယ်လို့ ပြောလိုက်ရင် လူတချို့က ရိုးရိုးအကြောဆေးသွင်းသလိုမျိုး ထင်မှတ်ကြပါတယ် 🤔

တကယ်တမ်းမှာ ကင်ဆာဆေးသွင်းကုသတာ (Chemotherapy) က သာမန်ဆေးသွင်းတာနဲ့ လုံးဝမတူပါဘူး။ ဒါကြောင့်မို့ ကျွမ်းကျင်မှုမရှိတဲ့သူတွေကို ကီမိုဆေးသွင်းတာမျိုး ပေးလုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုရင်

⚠️ ဆေးသွင်းလမ်းကြောင်း မှားယွင်းတဲ့အခါ သွေးကြောတွေ ရောင်ရမ်းပျက်စီးနိုင်တယ်။

⚠️ ဘေးတစ်သျှူးတွေထဲ ဆေးစိမ့်ထွက်ရင် အရေးပြားလောင်တာ၊ အနာဖြစ်တာမျိုးတွေ ဖြစ်နိုင်တယ်။

⚠️ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း အချိန်မီဖြေလျှော့ကုသပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ဆေးသွင်းတဲ့အခါ မှန်ကန်တိကျပြီး ကင်ဆာဆေးဝါးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လို Handle လုပ်ရမလဲဆိုတာ အတွင်းကျကျသိတဲ့ ကျွမ်းကျင်သူနာပြုတွေ လိုအပ်တာဖြစ်ပါတယ်။

🩺 YOC မှာတော့ လူနာတိုင်းရဲ့ ဘေးကင်းလုံခြုံမှုဟာ ပဓာနဖြစ်လို့ ကင်ဆာဆေးသွင်းမှု အပိုင်းမှာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်များ ၊ သူနာပြုများက်ို အသင့်ထားရှိပေးထားပါတယ်ရှင့်။

🏆 2025 ခုနှစ်အတွင်း ဆေးသွင်းမှု အကြိမ်ပေါင်း “၃,၀၀၀” ကျော်ကိုလည်း တာဝန်ယူ ကုသပေးနိုင်ခဲ့ပါတယ်

စိတ်လုံခြုံမှုအပြည့်နဲ့ ဆေးသွင်းကုသနိုင်ရေးအတွက် ကျွမ်းကျင်ဆရာဝန်များနဲ့ သူနာပြုများရှိရာ YOC ကိုရွေးချယ်လိုက်ပါ။

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စမ်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စမ်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

\

အင်္ကျီကြယ်သီးတပ်ရတာ ခက်လာတယ် 😰 အထိအတွေ့ကို မခံနိုင်ဘူး 😣 ခြေဖျားလက်ဖျားတွေ ထုံကျဉ်နေတယ် 💥👉 ကင်ဆာကုသမှုခံယူနေချိန်မှာ ဒီ...
01/02/2026

အင်္ကျီကြယ်သီးတပ်ရတာ ခက်လာတယ် 😰 အထိအတွေ့ကို မခံနိုင်ဘူး 😣 ခြေဖျားလက်ဖျားတွေ ထုံကျဉ်နေတယ် 💥

👉 ကင်ဆာကုသမှုခံယူနေချိန်မှာ ဒီလိုမျိုးတွေ ခံစားနေရပြီလား? ဒါကတကယ်တော့ ကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ “အာရုံကြောအားနည်းခြင်းဝေဒနာ” (Peripheral Neuropathy) ကြောင့်ဖြစ်နိုင်ပါတယ်ရှင့်။

👉 ဘာကြောင့်ဖြစ်ရတာလဲဆို ကီမိုသွင်းတာ အချိန်ကြာလာတဲ့အခါ၊ ဆေးပမာဏများလာတဲ့အခါ အာရုံကြောလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကို Chemotherpay-Induced Peripheral Neuropathy (CIPN) လို့လည်း ခေါ်ကြပါတယ်။

⚠️ တကယ်လို့များ CIPN နဲ့ ကြုံလာရတဲ့အခါ နေ့စဉ်နေထိုင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်လို့ ဒီအချက်လေးတွေကို လုပ်ဆောင်ဖို့မမေ့ပါနဲ့နော်။

✅ အပူ/အအေး သတိပြုပါ - ရေချိုးတာပဲဖြစ်ဖြစ်၊ ရေနွေးပူသောက်တာပဲဖြစ်ဖြစ် အရမ်းပူလွန်း၊ အေးလွန်းတာမျိုးတွေကို ရှောင်ပါ။

✅ ထိခိုက်မှုမရှိအောင်နေပါ - လှုပ်လှုပ်ရှားရှား အရမ်းမလုပ်ဘဲ သက်သောင့်သက်သာနေတာ အကောင်းဆုံးပါ။

✅ ထက်ရှတဲ့အရာတွေကိုရှောင်ပါ - ဓား၊ ကတ်ကြေးတွေ ကိုင်တွယ်တာမျိုး၊ အပ်ချုပ်တာမျိုးတွေကို တတ်နိုင်သလောက်ရှောင်ပါ။ မဖြစ်မနေဆို လက်အိတ်ကလေးဝတ်ပြီးမှ ကိုင်တွယ်ပါ။

✅ အိမ်နေရင်းလည်း ဖိနပ်အမြဲစီးပါ - ခြေထောက်က ထုံနေတဲ့အခါ ခလုတ်တိုက်မိလို့ ဒဏ်ဖြစ်တာတွေ၊ စူးစူးတာတွေကို မသိလိုက်ဘဲဖြစ်မှာစိုးလို့ အိမ်ထဲမှာဆိုလည်း အိမ်တွင်းစီးဖိနပ်လေးစီးထားတာ အကောင်းဆုံးပါ။

✅ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ - Dietitian နဲ့တိုင်ပင်ပြီး လတ်ဆတ်တဲ့ အသီးအရွက်၊ အသားငါး၊ အစေ့အဆံတွေပါတဲ့ ဟင်းလျာမျိုးတွေကို စားသုံးပါ။

✅ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ - ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တစ်ပတ်မှာ သုံးကြိမ်လောက် လေ့ကျင့်ခန်းကို မိနစ်သုံးဆယ် ဒါမှမဟုတ် တစ်နာရီခန့်လောက် လုပ်ပေးပါ။

YOC မှာတော့

🩺 ကီမိုဆေးသွင်းချိန်မှာ Side Effect တွေကို အနီးကပ်စောင့်ကြပ်ကြည့်ရှုပေးတဲ့ သူနာပြုတွေ

🩺 အချိန်မရွေး အကူအညီရယူနိုင်တဲ့ Telemedicine Hotline တွေ

🩺 အာဟာရအတွက် ဆွေးနွေးတိုင်ပင်နိုင်တဲ့ Dietitian တွေနဲ့အတူ

🩺 ဝါရင့်ကင်ဆာအထူးကု သမားတော်ကြီးများ အသင့်ရှိနေတာကြောင့်

ကင်ဆာကုသရေးခရီးလမ်း ချောချောချူချူနဲ့ ဖြောင့်တန်းစေဖို့ အမြဲကူညီပေးမှာ YOC ပါပဲရှင့် 🥰

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA "‌")

Address

No. 53, 5th Street, Lanmadaw
Yangon
11131

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959966800022

Website

Alerts

Be the first to know and let us send you an email when YOC - Yangon Oncology Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YOC - Yangon Oncology Clinic:

Share

Category