21/02/2026
👨👩👧 သုက်ပိုးမရှိခြင်း (Azoospermia) ဆိုတာဘာလဲ?
**သုက်ပိုးမရှိခြင်း** ဆိုတာက သုက်ရည်ထဲမှာ **သုက်ကောင်လုံးဝမပါဘူး** ဆိုတဲ့ အခြေအနေပါ။
ဒီပြဿနာဟာ ကလေးမရနိုင်တဲ့ အမျိုးသားတွေရဲ့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းမှာ တွေ့ရတတ်ပါတယ်။ ဒါပေမယ့် အများစုဟာ ကုသလို့ရတဲ့အတွက် ခေတ်မီမျိုးပွားနည်းပညာတွေနဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။
🔹 ဘာအကြောင်းတွေကြောင့်ဖြစ်တာလဲ?
အဓိက အမျိုးအစား ၂ မျိုးရှိပါတယ်။
1️⃣ ပြွန်ပိတ်တဲ့အမျိုးအစား
ဝှေးစေ့က သုက်ပိုးကိုပုံမှန်အတိုင်း ထုတ်လုပ်နိုင်ပါတယ်။
ဒါပေမယ့် သုက်ပိုးထွက်လာတဲ့လမ်းကြောင်းမှာ ပိတ်ဆို့နေလို့ မထွက်နိုင်တာပါ။
အဖြစ်များတဲ့အကြောင်းရင်းတွေက
✔ သုက်ပြွန် (Vas deferens) ပိတ်ဆို့နေခြင်း
✔ အရင်က ပိုးဝင်ဖူးခြင်း (တီဘီ၊ ကာလသား၊ ဝှေးစေ့ပိုးဝင်ခြင်း)
✔ အရင်က ခွဲစိတ်ဖူးခြင်း (အူကျွံခွဲစိတ်မှု၊ ဝှေးစေ့ခွဲစိတ်မှု)
✔ မွေးရာပါ သုက်ပြွန်မပါခြင်း
✔ သုက်ထုတ်ပြွန်ပိတ်ဆို့ခြင်း
👉 ဒီအမျိုးအစားမှာ ဝှေးစေ့အရွယ်အစားက ပုံမှန်အတိုင်းပဲ ရှိတတ်ပါတယ်။
2️⃣ သုက်ကောင်မထုတ်နိုင်တဲ့အမျိုးအစား
လမ်းကြောင်းပိတ်ဆို့မှုမရှိဘဲ ဝှေးစေ့က သုက်ကောင်ကို လုံလုံလောက်လောက်မထုတ်လုပ်နိုင်တာပါ။
အဖြစ်များတဲ့အကြောင်းရင်းတွေက
✔ ဟော်မုန်းမညီမျှခြင်း
✔ မျိုးရိုးဗီဇဆိုင်ရာပြဿနာများ (Klinefelter syndrome or Y-chromosome microdeletions)
✔ ဝှေးစေ့သွေးပြန်ကြောဖောင်းခြင်း (Varicocele)
✔ ဝှေးစေ့အလုပ်မလုပ်ခြင်း
✔ ပါးချိတ်ရောင်ခြင်းကြောင့် ဝှေးစေ့ရောင်ခြင်း
✔ ဓာတ်ရောင်ခြည် သို့မဟုတ် ကင်ဆာဆေးသွင်းခြင်း
✔အကြောင်းရင်းအတိအကျမသိရှိခြင်း
👉 ဒီအမျိုးအစားမှာ ဝှေးစေ့က သေးနေတာ၊ ပျော့နေတာ ဖြစ်တတ်ပါတယ်။
🔍 စစ်ဆေးမှုတွေက ဘာတွေလဲ?
✔ သုက်ကောင်လုံးဝမပါဘူးဆိုတာ အတည်ပြုဖို့ သုက်ရည်စစ်ဆေးခြင်း (၂ ကြိမ်စစ်ရပါမယ်)
✔ဆရာဝန်စမ်းသပ်စစ်ဆေးခြင်း - ဝှေးစေ့အရွယ်အစား၊ ဝှေးစေ့သွေးပြန်ကြောဖောင်းခြင်းရှိမရှိ၊ ပိတ်ဆို့ခြင်းလက္ခဏာများ ရှိမရှိ စမ်းသပ်ပါမယ်။
✔သွေးဖောက်စစ်ဆေးခြင်း - FSH, LH, Testosterone, Prolactin စတယ့် ဟော်မုန်းပမာဏတွေစစ်ဆေးခြင်း
✔အာထရာဆောင်းရိုက်ခြင်း - ဝှေးစေ့အာထရာဆောင်း၊ သွေးပြန်ကြောဖောင်းခြင်းရှိမရှိ Doppler နဲ့စစ်ဆေး၊ TRUS စအိုမှတဆင့် ဆီးကျိတ်အနီးက ပြွန်တွေကို စစ်ဆေးခြင်း
✔ လိုအပ်ရင် မျိုးရိုးဗီဇစစ်ဆေးခြင်း - Karyotype (ခရိုမိုဆုန်းစစ်ဆေးခြင်း)၊ Y ခရိုမိုဆုန်း ပျောက်ဆုံးမှုရှိမရှိ၊ CFTR ဗီဇပြောင်းလဲမှုရှိမရှိ
✔သုက်ကောင်ထုတ်လုပ်နိုင်မနိုင်စစ်ဆေးဖို့ ဝှေးစေ့အသားစယူစစ်ဆေးခြင်းများပြုလုပ်နိုင်ပါတယ်။ တစ်ခါတည်း သုက်ကောင်ရှာပြီး IVF အတွက်ယူထားနိုင်ပါတယ်။
💊 ကုသမှုနည်းလမ်းများ
ကုသမှုက အကြောင်းရင်းပေါ်မူတည်ပါတယ်။
✅ ပြွန်ပိတ်တဲ့အမျိုးအစား
• အဏုကြည့်မှန်ပြောင်းသုံးခွဲစိတ်ပြီး ပိတ်ဆို့နေတာကိုဖယ်ရှားခြင်း
• သုက်ပြွန်ပြန်ဆက်ခြင်း / သုက်လမ်းကြောင်းပြန်ဆက်ခြင်း
• ဆက်ရျ်မရပါက သုက်ကောင်ရှာဖွေပြီး ဖန်ပြွန်သန္ဓေလုပ်ခြင်း (IVF/ICSI)
👉 အောင်မြင်နှုန်း အလွန်ကောင်းပါတယ်။
✅ ဟော်မုန်းပြဿနာရှိသူများ
• ဟော်မုန်းထိုးဆေး (hCG, FSH)
• Testosterone ကောင်းအောင်ဆေးပေးခြင်း
• ဦးနှောက်အခြေပြုဟော်မုန်းဂလင်းပြဿနာကိုကုသခြင်း
👉 ပုံမှန်အတိုင်း သုက်ကောင်ပြန်ထွက်လာနိုင်ပါတယ်။
✅ ဝှေးစေ့သွေးပြန်ကြောဖောင်းသူများ
• သွေးပြန်ကြောဖောင်းတာကို ခွဲစိတ်ကုသခြင်း
• သုက်ကောင်ထုတ်လုပ်မှု ကောင်းလာတတ်ပါတယ်။
✅ ဝှေးစေ့အလုပ်မလုပ်တဲ့သူများ
• ဝှေးစေ့ထဲကသုက်ကောင်စုတ်ယူခြင်း၊ အသားစယူခြင်းဖြင့် သုက်ကောင်ရှာဖွေခြင်း
• ရှာလို့ရလာတယ့်သုက်ကောင်နဲ့ ဖန်ပြွန်သန္ဓေလုပ်ခြင်း (IVF/ICSI)
• သုက်ကောင်လုံးဝရှာမတွေ့ရင် အလှူရှင်သုက်ကောင်အသုံးပြုပြီး ဖန်ပြွန်သန္ဓေလုပ်နိုင်ပါတယ်
သုက်ကောင်မရှိခြင်း ဆိုတာ **ဖခင်မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။**
ခေတ်မီမျိုးပွားနည်းပညာတွေနဲ့ဆိုရင် စုံတွဲအများအပြား အောင်အောင်မြင်မြင် ကိုယ်ဝန်ရရှိနေကြပါပြီ။
𝑱𝒆𝒕𝒂𝒏𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 ဂျက်တနင်ဖန်ပြွန်သန္ဓေနှင့် မျိုးပွားမှုဆိုင်ရာ အထူးကုဆေးရုံ
ရန်ကုန်ရုံး
🏠အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟴𝟴𝟴𝟴 𝟱𝟳 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟵𝟰 𝟬𝟬𝟬𝟬 𝟲𝟴𝟴
မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြား၊ ၄၂လမ်းထောင့်အနီး။
☎️ 𝟬𝟵 𝟳𝟳𝟮 𝟳𝟳𝟮 𝟲𝟮𝟴 (𝘃𝗶𝗯𝗲𝗿), 𝟬𝟵 𝟰𝟬𝟳𝟮 𝟵𝟵 𝟴𝟭𝟮
#ဖန်ပြွန်သန္ဓေ #ဖန်ပြွန်သန္ဓေ #သုတ်ပိုး