31/10/2025
သူရဿတီမယ်တော် အဓိဋ္ဌာန်
~~~~~~~~~~~~~~~
ကျွန်တော် ခုပြောပြမဲ့ အဓိဌာန်ကတော့ အဓိဌာန်ဝင်မယ်ဆိုရင် ရက်ပျက်လို့မရပါဘူး။
( ၇ ) ရက်ပြည့်အောင်ဝင်ရမှာဖြစ်သလို အချိန်မှန် ၊ နေရာမှန်ပြီး မေထုန်လဲမပြုကျင့်ရပါဘူး။
(တစ်ကိုယ်ရည် အာသာဖြေတာလဲ ပါတယ်) ။
အရက် ၊ ဝက်သား ၊ အမဲသား များလည်း ရှောင်ကြဉ်ရပါမယ်။
အဲ့ဒါမှသာအကျိုးထိရောက်မှု ရှိမှာပါ။ အဓိဌာန် ဝင်နည်း
ကတော့….
`ဥုံသူရဿတီစ မေမာတာ
မာတာစမေ သူရဿတီ
အနုကံမံ ဥပါဒါယံ
ပီယံဒေဟိ သူရဿတီ´
ပထမဦးစွာ ဒီဂါထာကို မနက် အိပ်ရာထလို့ မျက်နှာသစ်
ရင်ပထမဦးဆုံးသစ်မဲ့ရေကို ( ၇ ) ခေါက်မန်းပြီးသစ်ရမှာ ဖြစ်ပါတယ်။
ဒုတိယတချက် တနေ့ပုတီးတပတ်စိပ် ရမှာ ဖြစ်ပါတယ်။
အချိန်မှန် ၊ နေရာမှန် စိပ်ရမှာ ဖြစ်ပါတယ်။
မျက်နှာသစ်တာကော ပုတီးစိပ်တာကောက ဂါထာတခုထဲပါ။
အဓိဌာန် ဝင်နေစဉ် တွင်းမှာ အဓိဌာန် မပျက်ရအောင်လို့လည်း အထူးသတိပြုရပါမယ်။
အဓိဌာန် စဝင်မယ် ဆိုရင်တော့ မနက်မျက်နှာသစ် ညပုတီးစိပ်ပြီး
"ယနေ့မှစ ၇ရက်တိုင်တိုင် မိခင်သူရဿတီမယ်တော်ကို ဂါထာတော်နှင့်ပူဇော်ပါ့မယ် သားရင်းပမာချစ်ခင်တော်မူပါ"
ပြောပြီးမပျက်မကွပ်ဝင်ပါ ပီယအရာမှာအလွန်ထူးခြားလာပါလိမ့်မယ်ဗျ ။