Thein Phyu Clinic - အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Yangon
  • Thein Phyu Clinic - အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး

Thein Phyu Clinic - အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး

လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလ...
02/03/2024

လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိတဲ့ တောင်သူဦးကြီးများအားလုံးကို တောင်သူလယ်သမားနေ့မှာ Thein Phyu Clinic မိသားစုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင်🤍

သင့်မိဘက အားဆေးသောက်ဖို့ လိုနေပြီလား❓လူတိုင်းက အားဆေးဆိုတာနဲ့ များများသောက်ရင် ပိုကျန်းမာမယ်၊ အားပိုရှိမယ် ထင်တတ်ကြပါတယ်...
01/03/2024

သင့်မိဘက အားဆေးသောက်ဖို့ လိုနေပြီလား❓

လူတိုင်းက အားဆေးဆိုတာနဲ့ များများသောက်ရင် ပိုကျန်းမာမယ်၊ အားပိုရှိမယ် ထင်တတ်ကြပါတယ်။ တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို အချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်လို့ မိဘတွေအတွက် အားဆေးရွေးချယ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ မဖြစ်မနေ အကြံပြုချင်ပါတယ်။

အသင့်တော်ဆုံးအားဆေး ဘယ်လိုရွေးချယ်မလဲ❓

အားဆေးလို့ဆိုလိုက်တာနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကိုပဲ အရင်ဆုံးတွေးမိကြပေမဲ့ ဒီအာဟာရတွေက အစားစာထဲမှာ ပါဝင်ပြီးသားမို့ အားဆေးသောက်ထားထက် အစားစာတွေကနေ ရယူတာက ပိုကောင်းပါတယ်။

အားဆေးဝယ်တော့မယ်ဆိုရင်လည်း ဆေးဗူးမှာပါတဲ့ ဖော်ပြချက်တွေကို နေ့စဉ်စားသုံးတဲ့ အာဟာရနဲ့ နှိုင်းယှဉ်ပြီး လူကြီးမိဘအတွက် အဆင်ပြေ၊ မပြေ ဘယ်နိုင်ငံကထုတ်တာလဲကအစ လေ့လာတတ်ဖို့ လိုအပ်ပါတယ်။

💊လူကြီးမိဘတွေအတွက် အသင့်တော်ဆုံး အားဆေးများ

လူကြီးမိဘတွေအတွက် အားဆေးဝယ်တော့မယ်ဆိုရင် အဓိကရွေးချယ်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၅) မျိုးကတော့ ဗီတာမင် B12၊ ကယ်လ်စီယမ်၊ ဗီတာမင်D၊ သံဓာတ်အားဆေး၊ ဗီတာမင် B6၊ Omega-3 fatty acid စတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အားဆေးတွေကို အများဆုံးရွေးချယ်နိုင်ပါတယ်။

တစ်ခုသတိချပ်ရမှာက နေ့စဉ်သောက်ဖို့ လို၊ မလို သင့်မိဘနဲ့ သင့်တော်၊ မတော်ကတော့ ပြသနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးကြဖို့ Thein Phyu Clinic မှ စေတနာရှေ့ထားပြီး အကြံပြုလိုက်ရပါတယ်ရှင်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ယနေ့ခေတ်ရဲ့ အဖြစ်များဆုံး ရောဂါတွေထဲမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေလည်း ပါဝင်ပါတယ်။ အချိန်မီသိရှိပြီး ကုသရင် အရှင်းပ...
23/02/2024

ယနေ့ခေတ်ရဲ့ အဖြစ်များဆုံး ရောဂါတွေထဲမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေလည်း ပါဝင်ပါတယ်။

အချိန်မီသိရှိပြီး ကုသရင် အရှင်းပျောက်ကင်းနိုင်တဲ့ ရောဂါတွေရှိသလို နောက်ဆက်တွဲပြဿနာတွေနဲ့ အရှင်းမပျောက်နိုင်တဲ့ ရောဂါတွေလည်းရှိတာမို့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့

📌 ကာလသားရောဂါများ (Chlamydia ခေါ် ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါ၊ ဂနိုးရီးယားခေါ် ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ Trichomoniasis ခေါ် လိင်အင်္ဂါကပ်ပါးရောဂါ ၊ လိင်အင်္ဂါတဝိုက်ဖြစ်ပွားတဲ့ ရေယုန်ရောဂါ၊ လိင်အင်္ဂါကြွက်နို့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ လိင်အင်္ဂါ ရောင်ရမ်းခြင်းရောဂါ)

📌 ခုခံအားကျဆင်းသော ကူးစက်ရောဂါ (HIV, AIDS)

📌 သွေးမှတဆင့် ကူးစက်သောရောဂါများ (အသည်းရောင်အသားဝါရောဂါ (Hepatitis B))

📌 အရေပြားချင်းထိစပ်ရာမှ ဖြစ်ပွားသောရောဂါများ (ဝဲစို၊ ဝဲခြောက်၊ ယားနာအမျိုးမျိုး)

ဒီရောဂါတွေက လိင်မှတစ်ဆင့် ကူးစက်တာဖြစ်လို့ လိင်ဆက်ဆံမှုများတဲ့သူတွေ၊ အပျော်အပါးလိုက်စားသူတွေ၊ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေကို ခံစားနေရသူတွေအတွက် ဆရာဝန်များထံ အမြန်ဆုံးသွားရောက်ပြီး ဆေးစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Thein Phyu Clinic မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါများအတွက် ဆေးစစ်ချက်အဖြေကို အချိန်တိုအတွင်း ထုတ်ပေးနိုင်ပြီး အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးနိုင်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ဝန်ထမ်းတစ်ဦးရဲ့ ကျန်းမာရေးဟာ လုပ်ငန်းခွင်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ် ‼️ ​အထူးသဖြင့် အခုလို အပူအအေးမမျှတဲ့ ရာသီ...
20/02/2024

ဝန်ထမ်းတစ်ဦးရဲ့ ကျန်းမာရေးဟာ လုပ်ငန်းခွင်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှုရှိပါတယ် ‼️ ​

အထူးသဖြင့် အခုလို အပူအအေးမမျှတဲ့ ရာသီဥတုမျိုးမှာ ဝန်ထမ်းတစ်ဦး ဖျားနာလိုက်ရင် နီးစပ်ရာ အခြားဝန်ထမ်းတွေပါ အလွယ်တကူ ကူးစက်ဖျားနာနေကြတာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အထူးအလေးပေး ဂရုစိုက်ပေးသင့်ပါတယ်။

ဝန်ထမ်းတစ်ဦးကနေ ဆင့်ပွားလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဟာ ‌ရေရှည်မှာ သင့်လုပ်ငန်း လည်ပတ်မှုကို ထိခိုက်စေနိုင်တာမျိုး ဖြစ်လာနိုင်လို့ လိုအပ်ရင် ကာကွယ်ဆေး ကြိုထိုးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်💯

Thein Phyu Clinic မှာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများအတွက် ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ သီးသန့် Package တွေ စီစဉ်ပေးထားတာမို့ မြန်ဆန်တိကျတဲ့ ရလဒ်များနဲ့အတူ အကောင်းဆုံး ဝန်ဆောင်မှုများ ရယူလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်🤍

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

သင့်ကျန်းမာရေး ကောင်းမွန်ပါရဲ့လား❓ရာသီဥတု အကူးအပြောင်းမှာ ဖျားနာလွယ်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ သွေးတိ...
17/02/2024

သင့်ကျန်းမာရေး ကောင်းမွန်ပါရဲ့လား❓

ရာသီဥတု အကူးအပြောင်းမှာ ဖျားနာလွယ်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ သွေးတိုး၊ ဆီးချို စတဲ့ ဝေဒနာတွေနဲ့ ပြင်းထန်ရောဂါများအတွက် ‌Thein Phyu Clinic မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

နိုင်ငံခြားထွက်ဖို့ ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ဆေးစစ်ခြင်းနဲ့ ရောဂါဝေဒနာရှာဖွေခြင်းများအတွက် ဆေးခန်းဖွင့်ချိန် မနက် (၉) နာရီမှ ည (၇) နာရီအတွင်း အထူးကု ဆရာဝန်ကြီးများမှ အခမဲ့ဆွေးနွေးပေးလျက်ရှိပြီး အသက်သာဆုံးနှုန်းထားနဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်👨‍⚕️

ဒါကြောင့် ကျန်းမာ‌ရေးမကောင်းတာကို ကြာရှည်မဆွဲဘဲ သင့်ကျန်းမာရေးကိစ္စအဝဝအတွက် လိုအပ်ချိန်တိုင်းမှာ အကောင်းဆုံးဝန်ဆောင်မှုများနဲ့ နွေးထွေးပျူငှာစွာ စောင့်ကြိုနေတဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်🤍

📍ကာကွယ်ဆေးထိုးလိုပါက ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း ထပ်လောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ရာသီဥတု အပြောင်းအလဲမှာ မကြာခဏဖျားနာလွယ်သူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် ကူးစက်မှုမြန်ပြီး အဖြစ်များတဲ့ရောဂါတွေကို ကြိုတ...
09/02/2024

ရာသီဥတု အပြောင်းအလဲမှာ မကြာခဏဖျားနာလွယ်သူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက် ကူးစက်မှုမြန်ပြီး အဖြစ်များတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့ (၂၀၂၄) မှာ လူတိုင်း မဖြစ်မနေ ထိုးထားသင့်တဲ့ ကာကွယ်ဆေး (၃) မျိုးရှိပါတယ်။ ဒါတွေကတော့

📌အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး

အသည်းရောင်အသားဝါ ဘီပိုးကို (Hepatitis B) လို့ လူသိများပြီး အသည်းခြောက်ခြင်း၊ အသည်းအမာရွတ်ဖြစ်ခြင်း၊ အသည်းကင်ဆာရောဂါတွေကြောင့် နှစ်စဉ် အသက်ဆုံးရှုံးသူ (၆) သန်းနီးပါးရှိပါတယ်။

ဘီပိုးက HIV ပိုးထက် ကူးစက်နှုန်း အဆ ၅၀ လောက်မြန်ဆန်ပြီး ကူးစက်ခံရသူအများစုဟာ နာတာရှည်ဘီပိုးသယ်ဆောင်သူများနဲ့ သက်ဆိုင်ပြီး သေဆုံးကြတာများပါတယ်။ သွေးစစ်ကြည့်မှ သိနိုင်တဲ့‌ရောဂါဖြစ်ပြီး ကာကွယ်ဆေးကြိုထိုးထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

📌တုပ်ကွေးရောဂါ ကာကွယ်ဆေး

တုပ်ကွေးရောဂါကတော့ ရာသီဥတု အပြောင်းအလဲမှာ လူတိုင်း အဖြစ်များတဲ့‌ရောဂါမို့ ကြိုတင် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးပါပဲ။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက လျင်မြန်စွာ ပြောင်းလဲနေတာမို့ ကာကွယ်ဆေး အမျိုးအစားသစ်တွေကို နှစ်စဉ်ပြုလုပ်နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ အခြေခံကျန်းမာရေးစနစ်မှာ လူတိုင်းထိုးကိုထိုးရမဲ့ ကာကွယ်ဆေး တစ်မျိုးပဲဖြစ်ပါတယ်။

📌အဆုတ်‌ရောင်‌ ရောဂါကာကွယ်ဆေး

အဆုတ်ရောင် ရောဂါကာကွယ်ဆေးက‌တော့ အဆုတ်ရောဂါအခံရှိသူတိုင်း ထိုးထားသင့်တဲ့
ကာကွယ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ပုံမှန်ထိုးသင့်တဲ့ ကာကွယ်ဆေးစာရင်းထဲမှာ ပါဝင်ပြီး ကြိုတင်ထိုးထားမယ်ဆိုရင် ပြင်းထန်အဆုတ်ရောင်ဘီရောဂါ၊ ဦးနှောက်အမြှေးရောင်‌ရောဂါနဲ့ လေပြွန်ဖုံးရောင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ ရောဂါကာကွယ်ဆေးတွေက ကြိုတင်ထိုးနှံထားနိုင်လေလေ ကျန်းမာရေးအတွက် ကောင်းကျိုးများလေလေပဲဖြစ်လို့ အသက်သာဆုံးနှုန်းထားနဲ့ ထိုးနှံလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

အမျိုးသမီးတွေမှာ ဘာကြောင့် အရိုးပွရောဂါ အဖြစ်များတာလဲ❓အရိုးပွရောဂါဆိုတာ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းတဲ့ရောဂါပဲဖြစ်ပါတ...
06/02/2024

အမျိုးသမီးတွေမှာ ဘာကြောင့် အရိုးပွရောဂါ အဖြစ်များတာလဲ❓

အရိုးပွရောဂါဆိုတာ အရိုးတွေရဲ့ သိပ်သည်းဆ လျော့နည်းတဲ့ရောဂါပဲဖြစ်ပါတယ်။ အရိုးပွရောဂါဖြစ်ရင် အရိုးတွေကြံ့ခိုင်မှုမရှိတော့ဘဲ မတော်တဆဖြစ်တာနဲ့ ကျိုးလွယ်တတ်ပါတယ်။ ပြီးတော့ အရိုးပွရောဂါက အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

✅အမျိုးသမီးတွေဟာ အသက် (၃၅) ကျော်လာတာနဲ့ အရိုးပွခြင်း၊ အရိုးပါးခြင်း ဝေဒနာကို စတင်ခံစားရတတ်ပါတယ်။ သွေးဆုံးပြီးတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မ ဟော်မုန်း အိုစ်ထရိုဂျင် ပမာဏလျော့နည်းပြီး အရိုးသိပ်သည်းဆကျဆင်းကာ အရိုးများကျွတ်ဆတ် အားနည်းလာတတ်ပါတယ်။

✅ပြီးတော့ အစားရှောင်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ သိုင်းရွိုက်နဲ့ ပါရာသိုင်းရွိုက်ဟော်မုန်းရောဂါ၊ ကင်ဆာရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ စတီးရွိုက် မှီဝဲနေရတဲ့ အဆစ်မြစ်ရောင်ရောဂါနဲ့ အရက်၊ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာဆိုရင်လည်း အရိုးပွရောဂါ အဖြစ်များပါတယ်။

✅အရိုးပွရောဂါဟာ လက္ခဏာမပြတတ်ဘဲ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှသာ အရိုးကျိုးတာကို ကြုံတွေ့ရတာဖြစ်ပြီး ကျောရိုး၊ တင်ပါးဆုံရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးတာတွေ အဖြစ်များတာမို့ နေ့စဉ်ဘဝမှာ ထိခိုက်မှုနည်းအောင် သတိပြုကာကွယ်သင့်ပါတယ်။

✅အမျိုးသမီးတွေအနေနဲ့ အရိုးပွရောဂါမဖြစ်ချင်ရင်တော့ အာဟာရမျှတအောင် စားသုံးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း၊ နှစ်စဉ်အရိုးကျန်းမာရေး ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်ပါက ဆရာဝန်နဲ့ ပြသပြီး အရိုးပွရောဂါ ကာကွယ်နိုင်တဲ့ဆေးများ၊ ဗီတာမင်နဲ့ ကယ်လ်ဆီယမ် အားဖြည့်အာဟာရများ မှီဝဲပေးမယ်ဆိုရင်လည်း အရိုးပွရောဂါကို ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်နော်။

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

သွေးတွင်းအဆီများခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ❗ သွေးတွင်းအဆီဆိုတာ နေ့စဉ်စားသုံးရမဲ့ အစားစာပမာဏထက် အများကြီးပိုစားမိတဲ...
02/02/2024

သွေးတွင်းအဆီများခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ❗

သွေးတွင်းအဆီဆိုတာ နေ့စဉ်စားသုံးရမဲ့ အစားစာပမာဏထက် အများကြီးပိုစားမိတဲ့အခါ သွေးတွင်းမှာ အဆီတွေစုလာတာပဲဖြစ်ပါတယ်။ သွေးတွင်းအဆီလို့ ဆိုလိုက်တာနဲ့ LDL, HDL, TG နဲ့ Total Cholesterol ဆိုပြီး လေးမျိုး စစ်ဆေးရပါတယ်။

HDL က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီဖြစ်ပြီး ကျန်သုံးမျိုးကတော့ အန္တရာယ်များတဲ့အဆီတွေပဲ ဖြစ်ပါတယ်။ သွေးတွင်းအဆီစစ်ကြည့်လို့ LDL နဲ့ TG ပမာဏမြင့်တက်နေရင်‌‌တော့ သွေးတွင်းအဆီများခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

သွေးတွင်းအဆီများနေရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ❓

သွေးတွင်းအဆီများခြင်းက လက္ခဏာမပြတတ်ပါဘူး။ သွေးတွင်းအဆီများနေမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း၊ ခြေလက်သွေးကြောပိတ်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်း တို့ကိုခံစားရနိုင်ပါတယ်။

သွေးစစ်ကြည့်လို့ သွေးတွင်းအဆီများနေရင်တော့ နေ့စဉ်စားသောက်မှုပုံစံကို ပြောင်းလဲပေးပြီး အဆီများလွန်းတဲ့ အစားစာကိုရှောင်တာ၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးတာ၊ အရက်၊ ဆေးလိပ်ဖြတ်တာ၊ ရေများများသောက်ပေးတာနဲ့ စိတ်ဖိစီးမှုလျှော့ချပေးတာ စတဲ့အရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို ဝလာတယ်လို့ ခံစားမိရင်၊ အဆီနဲ့ အစားစာတွေကို အများကြီးစားနေမိရင်တော့ သွေးတွင်းအဆီ စစ်ဆေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ သွေးတွင်းအဆီစစ်ဆေးမယ်ဆိုရင် မနက်စစ်ဆေးရင် အဖြေရလဒ်ကို ညနေချက်ချင်းထုတ်ပေးနိုင်တဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

🎉 Test (၁၅) မျိုးကို 40 % OFF အထိ အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးလိုက်ပါ။Thein Phyu Clinic မှာ Test (၁၅) မျိုးပါတဲ့...
26/01/2024

🎉 Test (၁၅) မျိုးကို 40 % OFF အထိ အသက်သာဆုံးနှုန်းထားနဲ့ လာရောက်စစ်ဆေးလိုက်ပါ။

Thein Phyu Clinic မှာ Test (၁၅) မျိုးပါတဲ့ Medical Checkup Package ကို (၁၄၀,၀၀၀) ကျပ်ကနေ အခုဆို (၈၄,၀၀၀) ကျပ်တည်းနဲ့ လာရောက်စစ်ဆေးနိုင်ပါပြီ။

ပုံမှန်ထက် ပိုတန်တဲ့ 40 % OFF လျှော့ဈေးနဲ့ စစ်ဆေးနိုင်မဲ့ Test တွေကတော့

✅ CP (A) ( သွေးတွင်း Cell (၂၆) မျိုးအား စစ်ဆေးခြင်း)
✅Urea (သွေးတွင်းရှိ Urea Nitrogen အား စစ်ဆေးခြင်း)
✅ Electrolytes (သွေးတွင်းသက်စောင့်ဓာတ် စစ်ဆေးခြင်း)
✅Uric Acid , A*O ( အရိုးအဆစ်ရောင်ရမ်းခြင်း ရှိ/ မရှိ စစ်ဆေးခြင်း)
✅Lipid Profile (သွေးတွင်းအဆီ (၄)မျိုး စစ်ဆေးခြင်း )
✅Liver Function Test ( အသည်း Enzyme စစ်ဆေးခြင်း)
✅HbA1C (သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း)
✅Creatinine ( ကျောက်ကပ်စစ်ဆေးခြင်း)
✅Hbs Ag, HCV Ab, HIV I & II Ab, VDRL (ကူးစက်ရောဂါပိုးစစ်ဆေးခြင်း)
✅Urine RE (ဆီးစစ်ဆေးခြင်း)
✅ECG (နှလုံးစစ်ဆေးခြင်း)
✅Chest X - Ray (အဆုတ်စစ်ဆေးခြင်း)

စတဲ့ Test တွေအားလုံးကို (၈၄,၀၀၀) ကျပ်တည်းနဲ့ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

သတ်မှတ်ကာလလေးကတော့ (၂၇.၁.၂၀၂၄) ကနေ (၁၅.၂.၂၀၂၄) အထိပဲဖြစ်ပြီး နှစ်သစ်မှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးစစ်ဖို့စဉ်းစားထားရင် ပရိုမိုးရှင်းလေးရှိတုန်း Thein Phyu Clinic ဆီမှာ လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဟာ အခြားသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်❗ဆီးချို၊ သွေးချိုရောဂါဆိုတာ က...
17/01/2024

ဆီးချို၊ သွေးချိုရောဂါ ရှိသူတွေဟာ အခြားသူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ နှစ်ဆပိုများပါတယ်❗

ဆီးချို၊ သွေးချိုရောဂါဆိုတာ ကုသလို့ ပျောက်ကင်းတဲ့ ရောဂါမျိုးမဟုတ်တဲ့အတွက် ဆေးပုံမှန်သောက်သုံးပြီး စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲရင်‌‌တော့ သက်တန်းစေ့နေနိုင်မှာပါ။ ဒါဆို ဆီးချို၊ သွေးချို ဖြစ်နိုင်ချေကို အတတ်နိုင်ဆုံး လျှော့ချဖို့ သတိထားသင့်တဲ့ အချက်တွေက‌တော့

✔️ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်အောင် ဂရုစိုက်ပါ။
✔️ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပေးပါ။
✔️သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။
✔️ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ပါ။
✔️စိတ်ဖိစီးမှု လျှော့ချပါ။
✔️မနက်စာ ပုံမှန်စားပါ။

ဒီနည်းလမ်းလေးတွေ ကျင့်သုံးပြီး ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ခြေကို အကောင်းဆုံး လျှော့ချနိုင်ပါပြီ။

ဆီးချို၊ သွေးချိုရောဂါ ရှိ/မရှိ စစ်ဆေးချင်ရင်‌တော့ အသက်သာဆုံးနှုန်းထားနဲ့ တိကျမှန်ကန်တဲ့ အဖြေရလဒ်ကို မနက်လာစစ်ရင် ညနေချက်ချင်းထုတ်ပေးနိုင်တဲ့ Thein Phyu Clinic ဆီသာ လှမ်းလာခဲ့လိုက်ပါနော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

📢ဂျပန်နိုင်ငံ သွားရောက် အလုပ်လုပ်မယ်ဆိုရင် ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လိုအချက်တွေလဲ ဆိုရင်တော့ 👉ဂျပန်န...
11/01/2024

📢ဂျပန်နိုင်ငံ သွားရောက် အလုပ်လုပ်မယ်ဆိုရင် ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘယ်လိုအချက်တွေလဲ ဆိုရင်တော့

👉ဂျပန်နိုင်ငံက သတ်မှတ်ထားတဲ့ ဆေးစစ်ချက် အောင်မြင်ဖို့ ကြိုတင်ပြင်ဆင်ထားခြင်း

👉ဂျပန်စာ၊ ဂျပန်ဘာသာစကားကို N4/N3 ထိ တတ်မြောက်ထားခြင်း

👉ဂျပန်နိုင်ငံရဲ့ ဥပဒေ၊ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုတွေကို ကြိုတင်လေ့လာထားခြင်း

👉ရွေးချယ်ထားတဲ့ အလုပ်အမျိုးအစားအလိုက် ကျွမ်းကျင်အောင် သင်ယူထားခြင်း

👉ဂျပန်နိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ အရေးကြီးဆုံးဖြစ်တဲ့ ဗီဇာကို မဖြစ်မနေ လျှောက်ထားခြင်းတို့ပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံဘက်က အင်တာဗျူးအောင်တာနဲ့ အမြန်ဆုံးသွားနိုင်အောင် (၆) လအတွင်း စစ်ဆေးထားတဲ့ ဆေးစစ်ချက်ကိုပါ တစ်ခါတည်းပြသရမှာဖြစ်လို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အသက်သာဆုံးနှုန်းထားနဲ့ စစ်ဆေးလိုပါက Thein Phyu Clinic ဆီသာ လှမ်းလာခဲ့ပါ။

Thein Phyu Clinic မှာ တစ်ဦးချင်းအတွက်ဖြစ်စေ၊ Oversea Agency များအတွက်ဖြစ်စေ သီးသန့် Package တွေနဲ့ ပရိုမိုးရှင်းတွေ စီစဉ်ပေးထားမို့ ဆေးစစ်ချက်အဖြေကို အမြန်ဆုံးနဲ့ အတိကျဆုံးလိုချင်ရင်တော့ အခုပဲ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်👩‍⚕️

ဆေးခန်းနဲ့ပတ်သတ်ပြီး သိလိုသမျှ မေးမြန်းစုံစမ်းနိုင်ရန်

☎️Ph – 09-426363638, 09-776363638 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏚️အမှတ်(၄၄၀)မြေညီထပ်၊ သိမ်ဖြူလမ်းမကြီး၊ ဗိုလ်မင်းရောင်လမ်း နှင့် မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူကားမှတ်တိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်။

Address

No. 440, Bo Min Yaung St And Myanma Gone Yi Lane, Near Thein Phyu Bus Stop
Yangon
11221

Telephone

+959944509000

Website

Alerts

Be the first to know and let us send you an email when Thein Phyu Clinic - အထူးကု ဆေးခန်း၊ဆေးဆိုင် နှင့် ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category