20/08/2023
Insecurity
စိတ်မလုံခြုံခြင်းဆိုတာ ကိုယ့်ရဲ့အားနည်းချက်၊
လစ်ဟာမှုတွေ အပေါ်မှာ ယုံကြည်မှု မရှိခြင်းပါ။ စိတ်မလုံခြုံမှုကို ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင် မှာသော်လည်းကောင်း တွေ့ဖူး ကြုံဖူး ကြမှာပါ။
စိတ်မလုံခြုံ တာနဲ့ ကြောက်စိတ်ဟာ တူမယောင်နဲ့ မသိမသာ ကွဲပြား ပါတယ်။ကြောက်စိတ်ဆိုတာ ထိပ်လန့်ခြင်း စိုးရိမ်ကြောင့်ကျခြင်းဖြစ်ပြီး စိတ်မလုံခြုံတာကတော့ သိမ်ငယ်စိုးရွံခြင်းကို အခြေခံပါတယ်။စိတ်မလုံမခြုံဖြစ်စေ တဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။
1️⃣အပြစ်လုပ်ထားခြင်း
ကိုယ်တိုင်က လူမသိသူမသိ အများစုလက်မခံတဲ့အလုပ်မျိူး ကျူးလွန်ထားမိရင်
သက်ဆိုင်ရာ ပတ်ဝန်းကျင်က လူတွေနဲ့တွေ့ရမှာ စိတ်မလုံခြုံမှုကို ဖြစ်စေခြင်း။
2️⃣စကားလုံးအပိုတွေပြောခြင်း
မဟုတ်တာလုပ်ထားမိတဲ့အချိန်ဆိုရင်
လိုရင်းကိုမရောက်ပဲ အပိုစကားတွေ
ရှောင်လွဲ ပြောဆိုခြင်း၊ မလိုအပ်ပဲ စကားများခြင်း။
3️⃣အန္တရာယ် ရှိသောနေရာပတ်ဝန်းကျင်တွင်ရှိနေခြင်း
ကိုယ့်ကို တစ်စုံတစ်ခု စိတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း အနာတရ ဖြစ်စေမဲ့ နေရာ၊ ပတ်ဝန်းကျင် တွင်ရှိနေသဖြင့် စိတ်မလုံခြုံ ရခြင်း။
4️⃣ကြွှားဝါခြင်း
ကိုယ့်ရဲ့ အားနဲချက် လိုအပ်ချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ဖြစ်တည်မှုတခုခုကို
cover ယူပြီး မလုံခြုံ မှုကိုဖြေဖျောက်ခြင်း။
5️⃣Negative Energy များခြင်း
အဲ့လိုလူအများစုက ပတ်ဝန်းကျင် ရဲ့ အတင်းသတင်း အစုံကို ဖြန့်ဝေတက်ပီး၊ မကောင်းတဲ့
ရှု့ထောင့်အမြင်တွေနဲ့သာ ဝေဖန်ခြင်း။ အကြောင်းအရာတခုအပေါ်မှာ ကိုယ်အမှန်ဆိုတဲ့အထင်နဲ့သာ ငြင်းဆန်ခြင်း(အငြင်းသန်ခြင်း)၊ သူတပါးအားအပြစ်ပုံချတတ်၊
နှိမ့်ချပြောဆိုတတ်ခြင်း။
ဒီလိုအကြောင်းအရာတွေအပြင် အခြားသော
အကြောင်းအရင်းများစွာလဲ ရှိနေနိုင်ပါတယ်။
ဒီလို အချက်တွေ ရှိနေပါက စိတ်မလုံခြုံ မှုခံစားနေရတယ်လို့ အကြမ်းဖျင်းခန့်မှန်း နိုင်ပါတယ်။စိတ်မလုံခြုံမှုခံစားနေခြင်းကို ပြောင်းလဲယူလို့ရပါတယ်။ ရေရှည်သွားနေရင် ခံစားနေရသူအတွက်ထိခိုက်ပီး ပတ်ဝန်းကျင်ပါ အနှောင့်အယှက် ဖြစ်တာမို့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်ရပါတယ်။
အရင်ဆုံး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ။
လူတစ်ဦးတစ်ယောက်စီတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိတာမို့ သူတစ်ပါးနဲ့ နှိုင်းယှဥ်ခြင်း
မလုပ်ပါနဲ့။ Self-love / Self-care ကို ဂရုစိုက်ပါ ။ကိုယ်လုပ်နိုင်တဲ့အရာတွေ အပေါ်မှာ အာရုံ စိုက်ပါ။ ကိုယ့်အောင်မြင်မှုတွေကို appreciate လုပ်ပါ။ကိုယ့်ရဲ့ လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင် မှာ ရှင်သန်ပါ။ လိုအပ်ရင်mental heal မှ counselor တွေနဲ့ ရင်ဖွင့်တိုင်ပင်ပီး အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပါတယ်နော်။🍀