Mayday Online Bussiness

Mayday Online Bussiness Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mayday Online Bussiness, Medical and health, North Dagon, Yangon.

ဒုတိယမြောက် နှလုံး 🫀ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသ...
13/03/2025

ဒုတိယမြောက် နှလုံး 🫀

ကျွန်တော်တို့ရဲ့ ခြေသလုံး ကြွက်သား တွေဟာ နှလုံးကျန်းမာရေး အတွက် များစွာ အထောက်အကူ ပြုတယ် ဆိုတာ သိပါသလား? 🤔

🫀နှလုံးရဲ့ သွေးလွှတ်ကြောကနေ ခန္ဓာကိုယ် အနှံ့ကို ညှစ်ပို့လိုက် တဲ့ သွေးတွေကို ခြေသလုံး ကြွက်သား များက🦵 သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီကို ကောင်းကောင်း ပြန်ရောက် အောင် ပို့ပေးတဲ့ အခန်းကဏ္ဍမှာ ပါ၀င် နေပါတယ်။

သူ့တို့ရဲ့ အရေးပါမှုကြောင့် ဒုတိယနှလုံးလို့တောင် တင်စား ခေါ်ကြပါတယ်။🫀

💓 ဒုတိယ နှလုံးက ဘယ်လို အလုပ် လုပ်သလဲ❓️❓️❓️

ကျွန်တော်တို့တွေ လမ်းလျှောက်တဲ့အခါ ပြေးတဲ့အခါ မှာ ခြေသလုံး ကြွက်သား တွေကို ညှစ်ကြရပါတယ်။🦵
ဒီလို ညှစ်လိုက်တဲ့အခါမှာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ သွေးတွေ ကို 🩸သွေးပြန်ကြော ကနေ တဆင့် နှလုံး ကို ရောက်အောင် ပို့ပေး လိုက်ကြပါတယ်။
(💡မြင်သာအောင် ဥပမာ ပေးရရင် သွေးတွေကို ခြေသလုံးက နေ pumpနဲ့ နှလုံးဆီ ရောက်အောင် သွေးပြန်ကြောတွေက နေ တွန်းပို့ လိုက်သလိုပါပဲ⬆️⬆️⬆️)

နှလုံးနှင့်ဝေးရာ အောက်ပိုင်းတွင် ရှိသော သွေးများက နှလုံး ထဲကို ကောင်းစွာ ပြန်လည်၀င်ရောက် ခြင်း သည် သွေးလည် ပတ်မှု ကို ကောင်းမွန် စေပြီး 🔄 သွေးပြန်ကြောပိတ် သောရောဂါ၊ သွေးပြန်ကြောထုံးသော ရောဂါများကိုပါ ကြိုတင် ကာကွယ်ပေးရာ ရောက်ပါသည်။

💓 နှလုံးကျန်းမာရေး အတွက် ခြေသလုံးကြွက်သား တွေ ကို ဘယ်လို လေ့ကျင့်ကြမလဲ❓️❓️❓️

-လမ်းလျှောက်ခြင်း🚶‍♂️🚶‍♀️
-ပြေးခြင်း🏃‍♂️🏃‍♀️
-စက်ဘီးနင်းခြင်း🚴‍♂️🚴‍♀️
-ကြိုးခုန်ခြင်း
-ခြေထောက် အကြောလျှော့ခြင်း(Stretching)
-နှိပ်နယ် ပေးခြင်း
-ခြေဖျား ထောက်၍ နိမ့်ချည် မြင့်ချည် လုပ်ပေးခြင်း(Calf raise exercise)

💓ခန္ဓာကိုယ် မှာ သွေးလည်ပတ်မှု မကောင်းဘူး ဆိုရင်...🤔

🪑 အထိုင်များပြီး ကိုယ်လက် လှုပ်ရှားမှု နည်းတဲ့အခါမှာ
ကမ္ဘာဆွဲအား အရ သွေးတွေဟာ ခန္ဓာ ကိုယ်ရဲ့ အောက်ပိုင်းနေရာ ဖြစ်တဲ့ ခြေထောက်မှာ လာရောက် စုအိုင် တတ်ကြပါတယ် ⬇️⬇️⬇️

ဒီလို အဖြစ်များရင် ရေရှည်မှာ အထက်တွင် ဖော်ပြခဲ့တဲ့ သွေးပြန်ကြောပိတ်သောရောဂါ၊ သွေးပြန်ကြောထုံးသောရောဂါ စတာ တွေ အပြင် အခြားကျန်းမာရေးဆိုင်ရာ ဆိုးကျိုး တွေလဲ ဖြစ်လာစေနိုင် ပါတယ်။

ထို့ကြောင့် မိမိရဲ့ ခြေသလုံး ကြွက်သားများကို ကျန်းမာသန်စွမ်းအောင် ဂရုစိုက်နေထိုင်ခြင်း ဟာ သွေးလည်ပတ်မှုနဲ့ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ ရိုးရှင်းသော နည်းလမ်း တစ်ခု ပဲ ဖြစ်ပါတယ်။

Dr. Beast 🫀

လေဖြတ်တော့မယ်ဆိုတာကို သတိပေးနေတဲ့ လက္ခဏာများ ⚠️⚠️ အကျိုးရှိပါက တစ်ခြားမိတ်ဆွတွေပါ share သွားပေးလိုက်ပါ ✅
02/01/2025

လေဖြတ်တော့မယ်ဆိုတာကို သတိပေးနေတဲ့ လက္ခဏာများ ⚠️⚠️

အကျိုးရှိပါက တစ်ခြားမိတ်ဆွတွေပါ share သွားပေးလိုက်ပါ ✅

 #ရနံကုထုံး (Aromatherapy)ကျန်းမာရေးအတွက် ရနံကုထုံးအကြောင်း တစ်စိတ်တစ်ပိုင်း 🤗 #ရနံ့ကုထုံး ဆိုတာတော့ သဘာဝအပင်ထွက် နှစ်သက...
02/11/2024

#ရနံကုထုံး (Aromatherapy)
ကျန်းမာရေးအတွက် ရနံကုထုံးအကြောင်း တစ်စိတ်တစ်ပိုင်း 🤗

#ရနံ့ကုထုံး ဆိုတာတော့ သဘာဝအပင်ထွက်
နှစ်သက်ဖွယ် အနံ့ထွက်ဆီ (essential oil) ကို အသုံးပြုပြီး ကုသတာဖြစ်ပါတယ် .

တိုင်းရင်းဆေးကုထုံးများတွင် ရနံ့ကုထုံးကို
ဖြည့်စွက်ကုထုံးအနေနဲ့ အသုံးပြုနိုင်သလို အဓိကကုထုံးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်

ရနံ့ကုထုံးဟာ ဦးနှောက်ကို လျှင်မြန်စွာ လှုံ့ဆော်မှုပြုနိုင်သောကြောင့် အိပ်မပျော်လျှင်လည်း အသုံးပြုနိုင်သလို ခေါင်းအုံခေါင်းလေးပါက လန်းဆန်းအောင်လည်း အသုံးပြုနိုင်ပါတယ်

​✳ ဖြည့်စွက်ကုထုံးအနေဖြင့်
သူငယ်နာအုပ်ဆေးအဖြစ်အသုံးပြုခြင်း၊
ခေါင်းအုံ၊ဇက်လေး ၊အကြောတက် ၊နှာစေး ၊နှာပိတ်ပါက ရှူဆေးအဖြစ်အသုံးပြုခြင်း

ဒါ့ပြင် အိပ်မပျော်ခြင်း ၊ မောပန်းခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ခေါင်းကိုက်ခြင်း ၊ မီးယပ်သွေးဆုံးချိန် စိတ်ကယောင်ချောက်ချားဖြစ်ခြင်း
စ​သော ရောဂါများအတွက်

ရနံ့ကုထုံးဖြည့်စွက်ခြင်းဖြင့် ပို၍အကျိုးရှိလာမည်မှာ အမှန်ပင်.......

ကိုယ်စိတ်နှစ်မျိုးလုံး ပင်ပန်းနွမ်းနယ်ခြင်းအတွက် အလွန်ပင် အသုံးဝင်ပါတယ်နော် .......

⚛ အသုံးပြုများတဲ့ ရနံထွက်ဆီတွေက

💧လာဗင်ဒါပန်းဆီ
💧နှင်းဆီပန်းအဆီ
💧လီမွန်အနံ့
💧ချင်း
💧လေးညှင်းဆီ
💧ပက်ပါးမင့်အဆီ
💧စန္ဒာကူးအနံ့
💧စပယ်အနံ့
💧လိမ္မော်အနံ့
💧ပရုပ်
💧 menthol
💧စပါးလင်အနံ့
💧ယူကလစ်အနံ့

❌ အရေပြားယားယံသူများ ၊ ပန်းနာရင်ကြပ်ရောဂါရှိသူများ ၊ အတက်ရောဂါရှိသူများ ၊ နှင်းခူရောဂါရှိသူများ၊ သွေးအလွန်တိုးတတ်သူများ ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ရနံ့ကုထုံးအသုံးမ​​ပြုမီ ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှ အသုံးပြုပါ

လူတစ်ယောက်အတွက် နှစ်သက်ဖွယ်ဖြစ်
နိုင်သော်လည်း
တချို့အတွက် နှစ်သက်ဖွယ်ရနံ့ ဖြစ်နိုင်မှဖြစ်လိမ့်မည်

နှစ်သက်ဖွယ်ဖြစ်ပါက ကောင်းကျိုးဖြစ်သလို နှစ်သက်ဖွယ်မဖြစ်ပါက ကောင်းကျိုးမဖြစ်နိုင်ပါ .....

✅ ရနံ့ထွက်ဆီများအား နည်းမျိုးစုံအသုံးပြုနိုင်ပါတယ်

လည်ပင်း ပခုံးနဲ့ တခြားတောင့်တင်းနေသော နေရာများအား လိမ်းကျံပေးခြင်း ၊ မိမိနှစ်သက်ရာ ရနံထွက်ဆီအား ဂွမ်းစဖြင့်တို့၍ ခေါင်းအုံးဘေးနားထားပြီးအိပ်စက်ခြင်း ၊ အိပ်ခါနီး ရနံ့ထွက်ဆီဖြင့်
ရေချိုးပေးခြင်း

မိမိနှစ်သက်ရာ ပန်းရနံ့လေးတွေနဲ့
ကောင်းမွန်စွာအိပ်စက်နိုင်ကြပါစေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ❤❤❤

Credit :မူရင်းရေးသားသူ

ဗိုက်အလွတ်နဲ့ ရေနွေး------------------------------အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။လူကြီးမင်းများအားလုံး ကောင်းကျိ...
20/10/2024

ဗိုက်အလွတ်နဲ့ ရေနွေး
------------------------------
အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ကောင်းကျိုးတွေ ခံစားနိုင်ကြဖို့ အဓိက လိုရင်းကို ပြောပါ့မယ် ... ။

နာမည်ကျော် နှလုံးအထူးကု က ပြောတယ် - ဒီစာကို ရတဲ့လူဟာ ရှေ့ဆက်ပြီး ပို့ပေးမယ်ဆိုရင် လူပေါင်းမြောက်များစွာအတွက် အန္တရာယ်ကင်းမှုနဲ့ အသက်ကယ်စရာအကြောင်း ဖြစ်လိမ့်မယ် တဲ့ ... ။

ရေနွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာတောင်မဟုတ်ဘူး ... ။

ဂျပန်မှာ များပြားလှတဲ့ သမားတော်ကြီးတွေဟာ ရေနွေးနဲ့ ကုသခြင်းကြောင့် ၁၀၀% ရလဒ်ကောင်းတွေ ရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ် ... ။

အဲ့ဒီ့ရလဒ်တွေထဲက တချို့ကို ပြောပါမယ် -

-: ခေါင်းကြီးကိုက်ရောဂါ (ပျို့အန်ခြင်း ၊ အမြင်ထိခိုက်ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏခေါင်းကိုက်မှု) ၊

-: သွေးတိုးခြင်း ၊

-: သွေးအားနည်းခြင်း ၊

-: အဆစ်အလက်တွေ နာကြင်ခြင်း ၊

-: နှလုံးခုန်နှုန်းအရမ်းမြန်ခြင်း သို့မဟုတ် နှေးကွေးခြင်း ၊

-: ရုတ်တရက် လဲကျပြီး သတိလစ်သွားတတ်သော အာရုံကြောရောဂါ ၊ (ဝက်ရူးပြန်ရောဂါ) .

-: အဆီ ၊ ကိုလတ်စ်ထရောလ်ဓာတ် ၊

-: ချောင်း အပြင်းအထန် ဆိုးခြင်း ၊

-: စိတ်မငြိမ်ခြင်း ၊

-: လည်ချောင်းနာခြင်း ၊

-: ပန်းနာရောဂါ ၊

-: ချောင်းနက်ရောဂါ သို့မဟုတ် ကြက်ညှာချောင်းဆိုး ရောဂါ ၊

-: သွေးကြောများ ပိတ်ဆို့နေခြင်း ၊

-: ဆီးအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများအားလုံး ၊

-: အစာအိမ် အချဉ်ပေါက်ခြင်း ၊

-: အစာအိမ်နာရောဂါ ၊

-: ဆာလောင်မှု နည်းပါးခြင်း ၊

-: မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနှင့်သက်ဆိုင်သော ရောဂါအားလုံး ပါဝင်သည် ... ။

ကုသနည်း
--------------
နေ့စဉ်မနက်စောစော ထပါ ... ပြီးရင် ဘာမှမစား ၊ မသောက်သေးပဲ 160cc အရွယ်အစားရှိ ဖန်ခွက် လေးခွက်ခန့်သောက်ပါ ... ရေဟာ ပူရမှာဖြစ်ပေမယ့် လျှာကျက်လောက်အောင် ပူခြင်းမျိုးမရှိရပါ ... ပူတယ်ဆိုရုံလောက်သာ ဖြစ်ရပါမယ် ... ။

ရှောင်ရှားရန်မှာ -

ရေသောက်ပြီး (၄၅) မိနစ်ထိအောင် ဘာတစ်ခုမှ စားခြင်း ၊ သောက်ခြင်း မရှိရပါ ... ဒါ့အပြင် အစား စားပြီးတိုင်း နှစ်နာရီတိုင်အောင် ရေလုံးဝ မသောက်ရပါ ... ။

အချို့သူတွေဟာ အစပိုင်းမှာ ဖန်ခွက် လေးခွက်မသောက်နိုင်ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း လေးခွက်ထိရောက်အောင် လုပ်ရပါမယ် ... ။
ရေနဲ့ အမျိုးအမျိုးသော ရောဂါတွေကို ကုသခြင်းဟာ သတ်မှတ်ကာလတွေနဲ့ အတည်ဖြစ်ထားပါတယ် ... အဲ့ဒါတွေကတော့ -

-: သကြားဓာတ် - ရက် (၃၀) .

-: သွေးတိုး - ရက် (၃၀) .

-: အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါဟူသမျှ - (၁၀) ရက် .

-: ရှိသမျှ ကင်ဆာအမျိုးအစား အာလုံး - (၉) လ .

-: သွေးကြောပိတ်ခြင်း - (၆) လ .

-: စားချင်စိတ် နည်းပါးခြင်း - (၁၀) ရက် .
-: ဆီအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများ - (၁၀) ရက် .

-: နား ၊ နှာခေါင်း ၊ လည်ချောင်း - ရက် (၂၀) .

-: အမျိုးသမီးရောဂါများ - (၁၅) ရက် .

-: နှလုံးနဲ့ နှလုံးဆိုင်ရာ ရောဂါများ - ရက် (၃၀) .

-: ခေါင်းကြီးကိုက်ရောဂါ - (၃) ရက် .

-: သွေးအားနည်းခြင်း - ရက် (၃၀) .

-: အဆီ ၊ ကိုလတ်စ်ထရောလ် - (၄) လ .
-: ရုတ်တရက် လဲကျပြီး သတိလစ်တတ်တဲ့ အာရုံကြောရောဂါနဲ့ သွက်ချာပါဒရောဂါများဟာ (၉) လ ဆက်တိုက်သောက်ရင် ပျောက်ကြောင်း အာမခံချက်ရှိထားပါတယ် ... ။

-: ပန်းနာ ၊ အသက်ရှူကြပ်ရောဂါများ - (၄) လ .

ရှေးဟောင်း ဆေးပညာတွင်လည်း မနက်စာ မစားခင် ရေနွေးသောက်ခြင်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း ဖော်ပြထားပြီး အလွန်ပဲ အလေးအနက်ပြုထားပါတယ် ... ။

လက်တွေ့စမ်းသပ်ကြည့်ပါ ... ။

*ရေအေး ဆိုရင်တော့*
===============

ရေအေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ရောဂါမဖြစ်စေဘူးဆိုရင်တောင် နုပျိုမှုကုန်ဆုံးပြီးတဲ့နောက်မှာ အဆိုးဝါးဆုံး ရောဂါသည်ကြီး ဖြစ်စေလိမ့်မယ် တဲ့ ... ။

ရေအေးဟာ နှလုံးရဲ့သွေးကြော (၄) ခုကို ပူးသွားစေတယ် ... နှလုံးရဲ့သွေးကြောမကြီးကိုလည်း ပိတ်သွားစေတယ် ... နှလုံးရောဂါဖြစ်ဖို့ အကြောင်းခံဖြစ်တတ်တယ် ... ။

အများအားဖြင့် နုပျိုတုန်းမှာ နှလုံးရောဂါဖြစ်ရတာဟာ အအေးများ သောက်ခြင်းကြောင့်ပါ ... ။

ရေအေးဟာ အသည်းကို ပျက်စီးစေတဲ့ အကြောင်းခံဖြစ်တယ် ... အဆီတွေဟာ ရေအေးကြောင့် စုပြီး ခဲသွားတတ်တယ် ... ။

စိတ်တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ စောင့်မျှော်နေသူတွေရဲ့ မူလအကြောင်းရင်းဟာ ဒီရေအေးပါပဲ ... ။
# # # အမှန်က ရေအေးဟာ အစာအိမ်အတွင်းပိုင်းက အကာအရံတွေကို ထိခိုက်စေပြီး သကြားဓာတ်ကို ဖြစ်ပေါ်စေတယ် ... ။

ရေအေးဟာ အစာအိမ်နဲ့ အူမကြီးကို အန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါရဲ့အကြောင်းခံဖြစ်တတ်တယ် ... ။

လူအားလုံးကို ပြောပြပါ ...
မျှဝေပေးပါ။
မူရင်းတင်ပေးသူကို
Credit -ပေးပါတယ်။

ရွေထက်တန်ဖိုးရှိတဲ့စာ..ငွေမကုန်ဘဲ( ကျန်းမာစေနည်း )********၁။ရေများများသောက်ဖို့ ပိုက်ဆံမကုန်ပါဘူး ။၂။လေဝဝရှူဖို့ ပိုက်ဆံ...
10/10/2024

ရွေထက်တန်ဖိုးရှိတဲ့စာ..
ငွေမကုန်ဘဲ( ကျန်းမာစေနည်း )
********
၁။ရေများများသောက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၂။လေဝဝရှူဖို့
ပိုက်ဆံမကုန်ပါဘူး ။

၃။မိမိနဲ့သင့်လျော်တဲ့
အားကစားတစ်ခုခုကို
အချိန်အနည်းငယ်ပေးပြီး ပြုလုပ်ဖို့
ခန္ဓာကိုယ်ချွေးထွက်ဖို့
ပိုက်ဆံမကုန်ပါဘူး ။

၄။ Online ပိတ်ပြီး
ညစောစောအိပ်ဖို့
ပိုက်ဆံမကုန်ပါဘူး ။
အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။
ခုခတ်လူငယ်တွေ အတွက်ရည်ညွှန်းတာပါ..

၅။ မိမိစားနေကျ အစားအစာတွေကို
သေချာပြန်စစ်ဆေ.ပြီး
ဘယ်ဟာကိုရှောင်ရမယ်
ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင်
စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။

၆အချက်အနေနဲ့မိတ်ဆွေ fb ကြည့်တဲ့အခါ …
ကုသိုလ်ပြုဖို့ မျှဝေဖို့
ဟာသတွေကြည့်ရှုပြီးရယ်မောဖို့
သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။
နောက်တစ်ခုကတာ့
ဒေါသထွက်စရာ page တွေ
စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို
unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ
စိတ်ကြည်နူးစရာတွေကိုပဲ like လုပ်ထားပါ ။
အများကြီးအထောက်အကူစြ်ပါတယ်
Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။

၇။ ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။
ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။
ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်
မမိန့်ခဲ့ပါ။
တစ်ပြားမှကုန်စရာမလိုပဲနှင့်
ဘုရားရှိခိုးနိုင်ပါသည်။
ကပ်ဆိုးဆိုက်နေသော လောကကြီးတွင်
နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌
ခိုလွုံ ပါ ။

၈။ တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့
ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့
ငွေသိပ်မကုန်ပါဘူး ။

ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း
ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး ။
မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။
လေ့လာပါ မှတ်သားပါ မိတ်ဆွေပြောထားတာတွေကို
မိတ်ဆွေ...
တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို
သင်မလုပ်ခဲ့ရင်....
အများကြီးကုန်မှ လုပ်လို့ရမှာတွေကို
တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ.... ။

သိန်းရာချီကုန်မှအသက်ဆက်ရမယ့်
ရောဂါဘယတွေမဖြစ်ခင်
တစ်ပြားမှမကုန်ဘဲ
မိမိကိုယ်မိမိ ကယ်တင်ကြရအောင် …................
______________________
လွပ်လပ်စွာ share နိုင်ပါတယ်နော်.
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျမတို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်

မိမိတို့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်း မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ မိမိတို့ရဲ့ ကျန်းမာရေးအတွက် မိမ...
01/10/2024

မိမိတို့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်း မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ မိမိတို့ရဲ့ ကျန်းမာရေးအတွက် မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အပူအပုပ်တွေ နဲ့ အဆိပ်တွေကို ဖယ်ရှားသန့်စင်ပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဆားရေစိမ်ခြင်းဖြင့် ထုပ်လို့ ရပါတယ်။ ခြေထောက်ကို ဆားရေစိမ်ခြင်းကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။

ဒီနည်းက ငွေကုန်ကြေးကျ မများသလို ပင်ပင်ပန်းပန်း အချိန်ပေး လုပ်စရာလဲ
မလိုပါဘူး။ ရေချိုးခါနီး နာရီဝက်လောက် အချိန်ပေးရုံနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရမှာပဲဖြစ်ပါတယ်။

ပထမဆုံး ခြေထောက်စိမ်မည့် ပုံး(သို့မဟုတ်)ဇလားထဲကို ဆား ထမင်းစားဇွန်း ၁-ဇွန်းခွဲစာနဲ့ ဆူပွက်နေတဲ့ ရေနွေးကို လက် ၂-ဆစ်ခန့် ထည့်ပါ။ ဆားအရည်ပျော်အောင် စောင့်ပြီးရင် ခြေထောက်စိမ်လို့ရမည့် အပူလေးဖြစ်အောင် ရေးအေးလေးရောပြီး ခြေထောက်ကို ၁၅-မိနစ်၊ မိနစ်-၂၀ခန့် စိမ်ပါတယ်။

စိမ်နေရင်းနဲ့ ခြေထောက်ကို သေချာနှိပ်နယ်ပေးပါတယ်။ ဘလက် ၊ ကျောက်တုံးလေးတွေနဲ့ ခြေဖဝါး၊ ခြေဖမိုးတွေကို သေချာပွတ်တိုက်ပါတယ်။ ဆားကို ရေမစိမ်ဘဲ ဆားကို ပုံထားပြီး နင်းလို့လဲ ရပါတယ်။

ဒါပေမယ့် ရေနွေးနွေးလေးနဲ့ ထည့်စိမ်တာက ပိုကောင်းပါတယ်။ ရေစိမ်ပြီးတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားရပါတယ်။

👉ဆားရေစိမ်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့...

(၁) သွေးလည်ပတ်မှု ကောင်းစေခြင်း

(၂) အပူအပုပ်ကင်းခြင်း

(၃)ရောင်ရမ်းရမ်းမှုကို လျော့ကျ​စေ
ခြင်း

(၄) ရာသီလာလို့ ကိုက်ခဲနေတဲ့ ဝေဒနာတွေကို သက်သာစေခြင်း

(၅) နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း

(၆) ခြေထောက် အနံ့နံတာကို သက်သာစေခြင်း

(၇) ခြေထောက်ကွဲ၊ ခြေဆီထွက်တာ သက်သာခြင်း

(၈) ဆံပင်ကျွတ်သက်သာခြင်း

(၉) ခေါင်းတခြမ်း ကိုက်တာကို သက်သာ စေခြင်း

(၁၀) ဝမ်းချုပ်တာကို သက်သာစေပြီး အသည်းကို ကျန်းမာစေပါတယ်။

ဆင်တုံးမနွယ်၏ ကင်ဆာဆဲလ်များကို သေစေနိုင်သော အာနိသင်ဆင်တုံးမနွယ်အကြောင်းကို အပတ်စဉ်ဖော်ပြခဲ့ရာ ယခုတစ်ပတ်တွင်မူ ဆင်တုံးမနွ...
30/09/2024

ဆင်တုံးမနွယ်၏ ကင်ဆာဆဲလ်များကို သေစေနိုင်သော အာနိသင်

ဆင်တုံးမနွယ်အကြောင်းကို အပတ်စဉ်ဖော်ပြခဲ့ရာ ယခုတစ်ပတ်တွင်မူ ဆင်တုံးမနွယ်၏ ကင်ဆာဆဲလ်များကို သေစေနိုင်သော အာနိသင် အကြောင်းကို ဗဟုသုတရရှိစေရန် မျှဝေပေးလိုပါသည်။ ၁၉၉၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းထုတ်ဝေခဲ့သော သုတေသနစာတမ်းများအရ ဆင်တုံးမနွယ်သည် ကင်ဆာရောဂါအမျိုးမျိုးကို နှိမ်နင်းနိုင်သည့် အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။ ကင်ဆာဆဲလ်အမျိုးအစား တစ်ခုချင်းစီအလိုက် ထုတ်နုတ်တင်ပြရလျှင် -

(က) သားအိမ်ခေါင်းကင်ဆာ
ဆင်တုံးမနွယ်အဆီအနှစ်သည် သားအိမ်ခေါင်းကင်ဆာ ဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိရပါသည်။ ကင်ဆာလူနာများတွင် လက်ရှိအသုံးပြုလေ့ရှိသော ဒေါက်ဆိုရူဘင်ဆင် (Doxorubicin) ခေါ်ကင်ဆာဆေးနှင့် နှိုင်းယှဉ်စမ်းသပ်ကြည့်ရာ ဆင်တုံးမနွယ်၏အာနိသင်မှာ တန်းတူခန့်ရှိပြီး အချို့သောအခြေအနေများတွင် ပိုမိုကောင်းမွန်နေကြောင်း ကိုပင် အံဩဖွယ်လေ့လာတွေ့ရှိရပါသည်။

(ခ) ဦးနှောက်ကင်ဆာ
ဆင်တုံးမနွယ်အဆီအနှစ်သည် Glioblastoma နှင့် Neuroblastoma ဦးနှောက်ကင်ဆာဆဲလ်များ ပွားများမှုနှင့် အခြားနေရာများသို့ ပြန့်နှံ့မှု များကို ဟန့်တားနိုင်ပါသည်။ အသေးစိတ်လေ့လာရာမှ ကင်ဆာဆဲလ် သေစေသော အာနိသင်မှာ ဆဲလ်ပွားပုံစက်ဝန်းကို ရပ်တန့်စေခြင်း (Cell cycle arrest) နှင့် ခန္ဓာကိုယ်ရှိ မကောင်းသော ဆဲလ်များကို ဖယ်ရှားရှင်းလင်းပေးသော (Apoptosis) ဖြစ်စဉ်တို့ကြောင့် ဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိ ရပါသည်။ ကင်ဆာဆဲလ်မဟုတ်သော ပုံမှန်ဦးနှောက်ဆဲလ်များကို မထိခိုက်စေကြောင်းတွေ့ရသဖြင့် ကင်ဆာ ရောဂါများတွင် အသုံးဝင်ရန် များစွာ အလားအလာရှိပါသည်။

(ဂ) အူမကြီးကင်ဆာ
ဆင်တုံးမနွယ်အဆီအနှစ် နှင့် ကိုယ်ခန္ဓာအတွင်း ၎င်းကိုဖြိုခွဲရာမှထွက်ပေါ်လာသည့် ဘာဘရင်းဒြပ်ပေါင်း (Berberine) တို့သည် အူမကြီးကင်ဆာဆဲလ်များ (HCA-7) ကို နှိမ်နင်းနိုင်ကြောင်းတွေ့ရှိရပါသည်။

(ဃ) ပါးစောင်ကင်ဆာ
ဆင်တုံးမနွယ်အဆီအနှစ်သည် ပါးစောင်ကင်ဆာဆဲလ်များ (AW13516 oral cancer cell line) ကို နှိမ်နင်း နိုင်ကြောင်း တွေ့ရပါသည်။ ထိုသို့နှိမ်နင်းရာ၌ မကောင်းသောဆဲလ်များကို ဖယ်ရှားသော Apoptosis ဖြစ်စဉ်ကို အားပေးခြင်းနှင့် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ ပြန့်နှံ့ရောက်ရှိစေသော မျိုးဗီဇများကို ဟန့်တားခြင်း စသော အာနိသင်များကြောင့် ဖြစ်ရကြောင်း လေ့လာတွေ့ရှိရပါသည်။

(င) သားဥအိမ်ကင်ဆာ
ဆင်တုံးမနွယ်၏ ပင်စည်အဆီအနှစ်နှင့် ပါဝင်သော Tinocordiside ဒြပ်ပေါင်းတို့သည် သားဥအိမ်ကင်ဆာ ဆဲလ်များ ကိုသေစေနိုင်ပါသည်။
အထက်ပါအတိုင်း လေ့လာခဲ့ကြသလို ဆင်တုံးမနွယ် အဆီအနှစ်တွင်ပါဝင်သော ဒြပ်ပေါင်း တစ်ခုခြင်းစီကို ခွဲခြားလေ့လာကြသည်ကိုလည်း တွေ့ရပါသည်။ ဆင်တုံးမနွယ်အဆီအနှစ်တွင် ပါဝင်သော ဒြပ်ပေါင်း ၈မျိုး (N-Formylannonain, Magnoflorine, Jatrorrhizine, Palmatine, 11-Hydroxymutakone, Cordifolioside-A, Tinocordiside, and Yangambin) ကို ပါးစောင်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာ ဆဲလ်လိုင်းများတွင် စမ်းသပ်ခဲ့ရာ Palmatine သည် ပါးစောင်ကင်ဆာနှင့် အူမကြီးကင်ဆာ၊ Tinocordiside သည် ပါးစောင်ကင်ဆာနှင့် သားဥအိမ်ကင်ဆာ၊ Yangambin သည် ပါးစောင်ကင်ဆာ စသော ကင်ဆာဆဲလ်များကိုနှိမ်နင်းရာ၌ အစွမ်းထက်သည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါသည်။
အထက်ဖော်ပြပါသုတေသနရလဒ်များအရ ဆင်တုံးမနွယ်သည် ကင်ဆာရောဂါကုသရေးအတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်လာရန် အလားအလာကောင်းကြောင်း ကောက်ချက်ချနိုင်ပါသည်။ အထူးသဖြင့် ကုသရခက်ခဲသော ဦးနှောက်ကင်ဆာရောဂါများကို နှိမ်နင်းနိုင်ကြောင်းသိရသဖြင့် ဦးနှောက်ကင်ဆာ လူနာများအတွက် များစွာအကျိုးရှိပါလိမ့်မည်။ ဦးနှောက်ကင်ဆာသာမက သားအိမ်ခေါင်း ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ပါးစောင်ကင်ဆာ နှင့် အူမကြီးကင်ဆာတို့ကိုပါ နှိမ်နင်းနိုင်သည်ကို တွေ့ရပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ရှေးလူကြီးများ၏ “အသက်ကြီးလျှင် ဆင်စီးပါ” ဆိုသော စကားမှာ အသက်အရွယ် ရလာသည်နှင့်အမျှ ဖြစ်ပေါ်လာတတ်သော ကင်ဆာရောဂါ အမျိုးမျိုးအတွက်ပါ ရည်ရွယ် ပြောဆိုခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်မိပါတော့သည်။

crd .ဒေါက်တာခင်မောင်လွင် (FAME)

မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ❗️၁။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက်...
29/09/2024

မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ❗️

၁။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ antioxidant တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါတွေကို ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တဲ့ carotenoids လို့ ခေါ်တဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လို့ မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ မုန်လာဥနီဟာ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

၂။ အမြင်အာရုံကြည်လင်စေတယ်။
ဗီတာမင် A ပေါကြွယ်ဝတဲ့ မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းတဲ့ အားဆေးအဖြစ် လူသိများကြပါတယ်။ မုန်လာဥနီဟာ မျက်စိအားကောင်းစေတယ်၊ အမြင်ကြည်လင်စေတယ်၊ ညဘက်တွေမှာ ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်တယ်။ ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေကို မုန်လာဥနီ နေ့စဉ်ပုံမှန် ကျွေးပေးခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းတာ၊ မျက်စိမှုန်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီးချိုထိန်းပေးနိုင်တယ်။
မုန်လာဥနီမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ antioxidant တွေနဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်လို့ ဆီးချိုရောဂါရှင်တွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ပါပဲ။

၄။ သွေးတိုးရောဂါရှင်တွေအတွက် အထူးသင့်လျော်တယ်။
မုန်လာဥနီမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ပိုတက်စီယမ်ဓါတ်ပေါကြွယ်လို့ သွေးတိုးကို ထိန်းပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့ နှလုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ကိုယ်ခံအားကောင်းစေတယ်။

မုန်လာဥနီမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံအားကို ကောင်းစေတယ်၊ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို သက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

မုန်လာဥနီကို ဟင်းအနေနဲ့ရော၊ စွပ်ပြုတ်အနေနဲ့ပါ ထည့်သွင်းစားသုံးနိုင်ပါတယ်။သေချာဆေးကြောပြီး အစိမ်းစားလို့လည်း အဆင်ပြေစေသလို ငှက်ပျောသီးလို သစ်သီးတွေနဲ့ရောကြိတ်ပြီးဖျော်ရည်အနေနဲ့သောက်သုံးရင်လည်း အဆင်ပြေပါတယ်။

ကဲ….. ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီက ယုန်လေးတွေ အတွက်တင်မဟုတ်ဘဲ လူသားတွေကိုပါ အကျိုးပြုနေတယ်နော်။

#တိုင်းရင်းဆေးဆရာမလေးဝေဝေအောင်

ဆီးချို ရောဂါဝေဒနာ အမြစ်ပြတ်သက်သာပျောက်ကင်းစေတဲ့နည်း။တစ်ပတ်( ၁)ကြိမ် မှ(၃)ကြိမ်ထိစားပြီးပါကဆီးချိုရောဂါ အခြေနေကို ပြန်လည...
28/09/2024

ဆီးချို ရောဂါဝေဒနာ
အမြစ်ပြတ်သက်သာပျောက်ကင်းစေတဲ့နည်း။

တစ်ပတ်( ၁)ကြိမ် မှ(၃)ကြိမ်ထိစားပြီးပါက
ဆီးချိုရောဂါ အခြေနေကို ပြန်လည်စမ်းသပ်ရန်

(၆)လခွဲ စွဲစားပါက အမြစ်ပြတ်ပျောက်ကင်းကြောင်း ဖတ်ရှုရသဖြင့် ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။



#ဆေးနည်း

ဆီးဖြူသီး (၁၀)လုံးနှင့် ငါးရံ့ (၁၀)ကျပ်သား
ရောချက်စားရုံသာ

(၃)ကြိမ်မျှစားရုံဖြင့် ဆီးချိုလက်တွေ့သက်သာကြောင်းတွေ့ရှိ၍ (၆)လခွဲ စွဲစားပါက
အမြစ်ပြတ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အထက်ပါ ဓာတ်စာစားနေချိန်
ကာလအတွင်း၌

အချိုရည်မျိုးစုံများ .
အချိုဓာတ်ပါရှိသော အစားအသောက်များ .
အထူးသဖြင့်
သရက်သီးမှည့် ပိန်နဲသီး ဒူးရင်းရှောက်ချိုသီး လိမ္မော်သီး ကျွဲကောသီး ကြက်မောက်သီးနှင့် ကောက်ညှင်းများကို ရှောင်ကြဉ်ရပါမည်။

ပြန်လည်မျှဝေသည်။


#ကျန်းမာရေး

🙏🙏🙏
27/09/2024

🙏🙏🙏

 #လေးဖက်နာ  အလွယ်ကူဆုံးဆေးနည်း=======================================ဆေးနည်း(၁)              တရုတ်စကားပွင့်ကို နေရိပ်တွင...
25/09/2024

#လေးဖက်နာ
အလွယ်ကူဆုံးဆေးနည်း
=======================================

ဆေးနည်း(၁)
တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။

ဆေးနည်း (၂)
မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ (၂)ကြိမ် သောက်ပါ။

ဆေးနည်း(၃)
(၁) တောင်မရိုးပင်အခေါက်မှုန့် ၁၀ သား။
(၂) မြင်းခွါ(နွယ်)အခြောက်မှုန့် ၁၀ သား။
(၃) ပဲနံ့သာစေ့ ၅ ကျပ်သား။
(၄) ဆင်တုံးမနွယ် ၅ ကျပ်သား။
(၅) နံ့သာနီ ၃ ကျပ်သား။
(၆) ကရဝေးရွက် ၂ ကျပ်သား။
(၇) စူဠာနဖာ ၂ ကပွှသား။
(၈) ဆေးပုလဲ ၂ ကျပ်သား။
(၉) မုတ်ခါးစစ်စစ် ၁ ကျပ်သား (ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်)။

၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ည တစ်နေ့ (၂) ကြိမ်၊ တစ်လခွဲ စားပါ။

လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးဖြစ်ပါသည်။


#ဟန်နုမာန်တိုင်းရင်းဆေးကပ်ခွာ
#မြောက်ဒဂုံကိုယ်စားလှယ်

Address

North Dagon
Yangon

Telephone

+959445980932

Website

Alerts

Be the first to know and let us send you an email when Mayday Online Bussiness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram