Kaung San Aung- 24 hour Clinic

Kaung San Aung- 24 hour Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung San Aung- 24 hour Clinic, Medical and health, pharyar Street, Yangon.

28/05/2025
30/01/2022

နှင့် ကျန်းမာရေး

Vitamin D3 ဟာ နာတာရှည်နဲ့ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Vitamin D3 ဟာ ပျက်စီးနေတဲ့ ကလာပ်စည်းတွေကို ပြုပြင်နိုင်စွမ်းရှိလို့ပါ။ တကယ်တော့ Vitamin D3 ဟာ Vitamin အုပ်စုဝင်ဆိုတာထက် Secosteroid လို့ပြောရင်ပိုမှန်ပါတယ်။
Biochemistry နည်းအရပြောရရင် Steroid ကဲ့သို့ ရောဂါမျိုးစုံကို ပျောက်ကင်းစေတဲ့ အာနိသင်ရှိပြီး Steroid လို ဘေးထွက်ဆိုးကျိုးမရှိတဲ့ Vitamin လို့ဆိုနိုင်ပါတယ်။ Steroid Hormone ကို SLE (အရေပြားလေးဘက်နာ) ရောဂါ၊ Gout (အဆစ်ရောင်) ရောဂါနဲ့ Autoimmune Diseases တွေကို သုသရာမှာ သုံးစွဲနေကြပါတယ်။
ပုံမှန်အားဖြင့်တော့ Vitamin D ဆိုတာ နေရောင်ခြည်ခံယူရုံနဲ့ ရရှိနိုင်ပါတယ်။ Vitamin D3 ဖြစ်ဖို့ကတော့ အသည်းနဲ့ကျောက်ကပ်မှာရှိတဲ့ Enzyme တွေရဲ့ အကူအညီကိုယူပြီး ပြောင်းလဲရပါတယ်။ မြန်မာပြည်က လူတော်တော်များများက အာဟာရရှိတဲ့ အစားအသောက်တွေကို ရွေးချယ်မစားသုံးတတ်ကြလို့ Enzyme ဓာတ်တွေချို့တဲ့ပြီး D3 ပြောင်းလဲမှုကို ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။
Vitamin A, D, E, K တို့ဟာ အဆီမှာပျော်ဝင်နေတဲ့ ဓာတ်တွေဖြစ်တာကြောင့် အဆီကို ချေပြီးစုပ်ပေးနိုင်မယ့် သည်းခြေရည်နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ သည်းခြေရည်ထုတ်ပေးနိုင်ဖို့ဆိုတာ သည်းခြေကောင်းမှဖြစ်နိုင်ပါမယ်။ သည်းခြေကောင်းကောင်းအလုပ်လုပ်ဖို့ ဆိုရင် Thyroid Hormone အားကောင်းမှဖြစ်ပါမယ်။ ဒီဟော်မုန်းအားနည်းလို့ သည်းခြေပျက်စီးသွားပြီဆိုတာနဲ့ ကျောက်ရှိရှိ မရှိရှိ အစာမကြေတာတွေ ဗိုက်ကယ်တာတွေ လေပွတာတွေနဲ့ ရင်ထဲမှာဆို့နေသလို ခံစားရစေပါတယ်။ အဆိုးဆုံးကတော့ ခန္ဓာကိုယ်အတွက် အကျိုးပြုမယ့်အဆီတွေကို မစုပ်ယူပေးနိုင်တာကြောင့် အာဟာရဓာတ်ချို့တဲ့မှုနဲ့ အတူ ရောဂါပေါင်းစုံ ဝင်လာတော့တာပါဘဲ။
သည်းခြေပျက်စီးနေကြောင်းသိသာစေမယ့်တစ်ချက်ကတော့ ဝမ်းသွားတဲ့အခါ တစ်ခါတစ်ရံမှာ အဆီဝေ့နေတတ်ပါတယ်။ Gall Bladder Ultrasound ကိုလည်း စစ်ဆေးကြည့်ကြဖို့ အကြံပြုလိုပါတယ်။
Vitamin D ရဲ့အဓိကလုပ်ငန်းက ခန္ဓာကိုယ်ထဲရှိ Calcium ကို မျှတနေအောင် ထိန်းသိမ်းပြုပြင်ပေးသည့် အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ခန္ဓာကိုယ်က Vitamin D ကို အသုံးချတာဖြစ်ပါတယ်။ ပိုပိုလျှံလျှံရှိမှသာ အောက်ပါလုပ်ငန်းဆောင်တာတွေကိုပါ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်-
၁။ အရိုးတွေသန်မာနေအောင်
၂။ သွေးပေါင်ချိန်ကို ထိန်းထားပေးရအောင်
၃။ နှလုံးကျန်းမာရေး
၄။ ခန္ဓာကိုယ်ခုခံအား ကောင်းမွန်မျှတရေး
၅။ ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်ရေး
၆။ စိတ်နေစိတ်ထား ဟန်ချက်ညီနေဖို့ အရေး
၇။ အားကစားသမားတွေ စွမ်းဆောင်နိုင်မှုတိုးတက်လာရေး
သွေးထဲမှာ Vitamin D Level လိုအပ်သလောက်မရှိနိုင်ဘူးဆိုရင် ခန္ဓာကိုယ်ကြီးရဲ့ လိုအပ်သည့်လုပ်ငန်းဆောင်တာတွေ လစ်ဟင်းနေမှာဖြစ်ပါတယ်။ တတ်နိုင်ရင် မိမိတို့ရဲ့သွေးထဲမှာ ဘယ်လောက်ရှိနေတယ်ဆိုတာ သိသင့်ပါတယ်။
Vitamin D3 5000IU 10000IU သောက်တိုင်း Vitamin K2 (MK4 and MK7) နဲ့တွဲသောက်သင့်ပါတယ်။ နောက်ပိုင်းထွက်လာတဲ့ တွေ့ရှိချက်အရ K1 ကလည်း အာနိသင်တွေအပြည့်ပဲဖြစ်ပါတယ်။ ဒါမှ လိုအပ်သလို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ကျန်းမာရေးကောင်းလာနိုင်ကြမှာဖြစ်ပါတယ်။

25/01/2022

#ကြက်သွန်ဖြူ မီးဖုတ် (သို့) မီးကင်ပြီး စားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ တစ်ခုပါ။ ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ သဘာ၀ ဂုဏ်သတ္တိတွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

ကိုလက်စထရော ပမာဏကို လျှော့ချပေးပါတယ်။ မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ် စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုနေပါတယ်။

၂ နာရီမှ ၄ နာရီအတွင်း ကင်ဆာဆဲလ်တွေကို စတင် တိုက်ဖျက်ပေးပြီး တခြားရောဂါတွေ ၀ငျရောကျခွငျးကနေ ကာကွယ်ပေးပါတယ်။

၄ နာရီမှ ၆ နာရီအတွင်း ခန္တာကိုယ်အတွင်းမှာ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

၆ နာရီမှ ၇ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ဘက်တီးရီးယား ဆန့်ကျင် ပစ္စည်းတွေဟာ ခန္တာကိုယ်အတွင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။

၆ နာရီမှ ၁၀ နာရီအတွင်း ကြက်သွန်ဖြူမှာ ပါ၀င်တဲ့ အဟာရဓါတ်တွေဟာ ဓါတ်တိုးမှုကို ကာကွယ်ပေးနိုင်ပြီး အရွင်တင် နုပျိုစေပါတယ်။

၁၀ နာရီမှ ၂၄ နာရီအတွင်း ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အရိုးတွေကို သန်မာစေပါတယ်။ သွေးပေါင်ချိန် မှန်စေပါတယ်။ အဆီတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အမောခံနိုင်ပြီး အားကစား ပိုလုပ်နိုင်လာပါတယ်။

Credit : My Food Myanmar

09/01/2022

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "
(သတိပြုမိစေဖို့ ကော်ပီယူထားသည်)

ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။


Credit:original upload

09/01/2022

အစာအိမ်ရောဂါရှိပါက အစာအိမ်ရောဂါကုဆေးများကို သောက်ဖို့လိုပါတယ်။
အဖြစ်အများဆုံး အစာအိမ်ရောဂါများကတော့
-GERD( အစာအိမ်အက်ဆစ်ဓာတ်များ အစာရေမျိုကိုပြန်ဆန်တက်တဲ့ရောဂါ)
-Gastritis (အစာအိမ်ရောင်တဲ့ရောဂါ)
-Peptic ulcer (အစာအိမျနဲ့အူသိမျဦးအနာ)
-Hpylori Infection အစာအိမ်ရောဂါပိုးဝင်ခြင်း
တို့ဖြစ်ပါတယ်။

အဖြစ်များတဲ့ လက္ခဏာများကတော့
ရင်ပူခြင်း
လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း
လေချဉ်တက်ခြင်း
ဗိုက်အောင့်ခြင်း
ပျို့အန်ခြင်း
တို့ဖြစ်ပါတယ်။

အာအိမ်ရောဂါကုဆေးများစွာရှိတဲ့ အထဲကမှ နံပါတ်တစ်ဦးစားပေးရွေးချယ်ရမယ့်ဆေးကတော့ PPI များ ဖြစ်ပါတယ်။
PPI သည် Proton Pump Inhibitor ဖြစ်ပါတယ်။
PPI အုပ်စုထဲမှာပါတဲ့ ဆေးတွေကတော့
-Omeprazole
-Lansoprazole
-Esomeprazole
-Pantoprazole
-Rabeprazole
တို့ဖြစ်ပါတယ်။

အစာအိမ်ကနေ အက်ဆစ်တွေ မထွက်လာအောင် ဟန့်တားပေးနိုင်တဲ့ဆေးများ ဖြစ်ပါတယ်။
အခြား အစာအိမ်‌ဆေးများထက် အက်ဆစ်ဓာတ်ကို ကောင်းစွာ ထိန်းချုပ်ပေးနိုင်တဲ့ဆေးဖြစ်ပါတယ်။
အစာအိမ်အက်ဆစ်ဓာတ်ကို လျော့ချခြင်းဖြင့် အစာအိမ်အနာများ၊ရောဂါများကို ပျောက်ကင်းစေတဲ့ ဆေးဖြစ်ပါတယ်။
ပျောက်ကင်းစေတယ်ဆိုပေမယ့် ဆေးစနစ်တကျသောက်တတ် မှသာ ရောဂါပျောက်ကင်းမှာဖြစ်ပါတယ်။
အဲဒီတော စျေးကိုဘယ်လိုသောက်ရသလဲ
ဆေး‌ေသာက်နေတဲ့ လူနာတယောက်အနေနဲ့ လိုက်နာရမယ့်အချက်များကို ပြောပြပေးပါမယ်။

(၁) ဆေးကိုအစာမစားခင် မိနစ် ၃၀ အလိုမှာသောက်ပါ။
(၂) ဆေးကို ချိုးဖဲ့မသောက်ပါနဲ့။
(၃)‌အစာအိမ်ရောဂါအများစု အတွက် အကြမ်းဖျင်းအားဖြင့် ၄ ပတ်ခန့်သောက်ရပါတယ်။
အစာအိမ်ရောဂါများ‌နဲ့ ရောဂါအခြေအနေများပေါ်မူတည်ပြီး လနဲ့ချီပြီးသောက်ရပါတယ်။
(၄) ဆေးသောက်ပြီး ဝမ်းမဲသွား၊ဗိုက်အောင့်၊ခြင်းရှိမရှိစောင့်ကြည့်ပါ။
(၅) အသည်းရဲ့လုပ်ငန်းများကို စောင့်ကြည့်ပါ
(၆) အက်ဆစ်ဆန့်ကျင်ဆေးများနဲ့ လုံးဝတွဲမသောက်ရပါ။
ဥပမာ gelmag,siloxogen,kremil S,Antacil gel
(၇) ဆေးလိပ်၊အရက်၊ရယ်ဒီမိတ်မုန့်များ၊ဆီကြော်မုန့်များ မစားရပါ။
အပူ၊အစပျမစားရပါ။
(၈) အကိုက်မခဲပျောက်ဆေးများ မသောက်ရပါ
(၉) အစာအိမ်ပိုး Hpylori ရှိမရှိ စစ်ဆေးပါ
(၁၀) Clopilet, Ketoconazole, Phenytoin, warfarin ဆေးများနဲ့ တွဲမသောက်ပါနဲ့။
(၁၁)နှစ်ရှည်လများ မသောက်ပါနဲ့။



#အစာအိမ်ဆေး
#ဗိုက်အောင့်
#အစာအိမ်ရောင်
#ပျို့အန်


08/01/2022

နို့သီးခေါင်းက သွေးတစက်စက်ကျတာ ရင်သားကင်ဆာ မဟုတ်လို့ ခုမှ ပဲ စိတ်အေး သွားတော့တယ်အသားစ ထုပ်ပီးဓာတ်ခွဲခန်းပို့စစ်ရပါတယ်/မန်မိုဂရမ် ရိုက်ရပါတယ် အာထရာဆောင်းရိုက်ရပါတယ် ရင်သားမှာ ရေအိတ်တည်တာ တွေ့ရှိရပါတယ်
ကဖင်းဓာတ်ရှောင်ရပါမယ် တဲ့

ကေ်ာလဂျင်တွေ အရမ်းမသောက်ဖို့ တိုက်တွန်းချင်ပါတယ် ဆရာဝန်တွေက သိပ်အားမပေးပါဘူးးဘယ်အရာမဆိုတန်ဆေးလွန်ဘေးပေါ့နေ်ာ ခုအဓိက ဖြစ်သွားတာက ကေ်ာလဂျင် သောက်တာများပီး ရေအိတ်ပွားပီး ပေါက်သွားတာတဲ့
ရေအိမ်ပေါက်တော့ ပိုးဝင်ပီးအတွင်းထဲပြည်တည်သွေးပုပ်ထွက်တဲ့ သဘောပါပဲ
မိန်းကလေးတွေ ရင်သား/သားအိမ်နဲ့ ပတ်သတ်ပီး တခုခုဖြစ်ရင် ဆေးခန်းတန်းသွားကြပါ မပေါ့ကြပါနဲ့နေ်ာ ပိုးဝင်ရာကနေ အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်တဲ့

ရာသီမလာခင် မိန်းမသဘာဝ နို့သီးခေါင်းတွေယားတော့ ကုတ်မိရာကနေ ပွန်းပဲ့သွားပီးးအ့မှာတခါ ပိုးထပ်ဝင် 😬အကြိတ်တွေဘာတွေတော့ မတွေ့ပါဘူးခုဖြစ်တဲ့ caseက လောဆယ် ခွဲစိတ်ဖို့တော့မလိုအပ်သေးပါဘူးတဲ့ ဆေးတော့ ၃လ စွဲသောက် ရပါမယ် တဲ့ ရှင် ကိုယ်ကအခြေအနေ ပုံမှန်ပဲပြောရမယ် အချို့ဆို ရင်သားထဲမှာ အမဲအစိအစိလိုက်တွေကိုမြင်ရ ခွဲထုပ်ရတာတဲ့ ကိုယ်လဲ ၃လ နေပီးမှ ထပ်ပြလို့ ရေအိတ်တွေရှိနေသေးရင် ခွဲရမလားပဲ😔

ကော်လဂျင်သောက်လို့ ဟော်မုန်းမှန်ပီး
ရာသီတွေတော့မှန်လာပါတယ် ဆံပင်ကျွတ်တာသက်သာလာပါတယ် ခြေသည်းလက်သည်းတွေ မာပီးပိုကောင်းလာပါတယ်
ကျမကအသားဖြူပီးသားဆိုတော့ ဖြူစေတဲ့ကေ်ာလဂျင်တော့မသောက်ပါဘူး
အဓိက နုပျိုချင်တာပေါ့နေ်ာ

အလွန်အကျွံ မသောက်ကြဖို့ပြောပြပေးတာပါ ကိုယ်ဆို အခဲကို တရက် ၇ လုံးလောက်သောက်ပီး အမှုန့်ကို ၂ဇွန်းဖျော်သောက်တာ (နားမလည်ဘူးလေ ပိုသောက်ရင် ပိုနုပျိုသွားမလား လှမလားဆိုတဲ့ စိတ်ပေါ့😬)

အသက်၃၀ကျော်မှ ကေ်ာလဂျင်ဓာတ်တွေ နည်းပါးကုန်တာပါတဲ့ အသယ်ငယ်သူတွေက သောက်သုံးရင် မလိုအပ်သေးတော့ သောက်သမျှ ဆီးဖြစ်သွားပီး သေးခနခနပေါက်ချင် ကျောက်ကပ်ကအလုပ်တအားလုပ်ရ အ့မှာ ကျောက်ကပ်ပျက်စီးဖို့ အခွင့်အလမ်းရှိသွားတတ်တယ်တဲ့

ခွဲစိတ်ဖို့အသာထား ရင်သားမန်မိုဂရမ်ရိုက်ရတာကို မျက်ရည်ထွက်အောင်မတရားတွေနာတာနေ်ာ ရိုက်ဖူးသူတိုင်းသိပါတယ်

အကြံပြုချက်--ဘော်လီဝတ်ရင် ကာလာအနုပဲ ရွေးဝတ်သင့်ပါတယ် ကိုယ်ဆို ဘယ်ထဲက ဖြစ်နေမှန်းမသိ အနက်/နက်ပြာ ပဲ ဝတ်တော့ သွေးထွက်တာသတိမထားမိ တာပေါ့နေ်ာ
ဘရာ အသားရောင် ဝတ်တဲ့နေ့မှ မြင်ပီးးသတိထားမိသွားလို့ပါရှင့်

08/01/2022

လိပ်ခေါင်းရောဂါ အဆင့်ဆင့်

လိပ်ခေါင်းရောဂါမှာ အပြင်လိပ်နဲ့ အတွင်းလိပ်နဲ့ ရှိတယ်ဆိုတာကိုတော့ ကြားဖူးကြမှာပါ။
ဒါ့ပြင် တခြားနည်းလမ်းတွေနဲ့ လိပ်ခေါင်းရောဂါကို အဆင့်သတ်မှတ်လို့ရပါသေးတယ်။ လိပ်ခေါင်းဆိုတာ သွေးကြောထုံးတစ်ခုပါ။ ဒါကြောင့် မနာဘဲ သွေးထွက်တာပါ။

-အတွင်းလိပ်ဆိုတာ မစင်အိမ်က သွေးကြောတွေ ဖောင်းနေတာပါ။ အပြင်က ကြည့်ရင် မမြင်ရသလို နာလည်း မနာပါဘူး။ ဒါပေမယ့် ဝမ်းသွားတဲ့အခါ မာနေတဲ့ ဝမ်းက လိပ်ခေါင်းကို ပွတ်တိုက်တဲ့အတွက် သွေးထွက်ပါတယ်။
-အပြင်လိပ်ဆိုတာက စအိုဘေးပတ်လည်က အရေပြားမှာ ရှိနေတာပါ။ ကြည့်လိုက်ရင် အဖုလေးကိုပဲ တွေ့ရမှာပါ။

တစ်ခါ အတွင်းလိပ်ကိုမှ အဆင့်၄ဆင့် ထပ်ခွဲထားပါသေးတယ်။
အဆင့် ၁- အပြင်ကို ထွက်မလာသေးပါဘူး။ လိပ်ခေါင်းက မစင်အိမ်ထဲမှာပဲ ရှိပါသေးတယ်။ လက္ခဏာလည်း သိပ်မပြတဲ့အတွက် သတိမထားမိကြပါဘူး။
အဆင့် ၂- ဝမ်းညှစ်ရင် ထွက်လာပါတယ်။ ပြီးရင် သူ့အလိုလို ပြန်ဝင်သွားပါတယ်။
အဆင့် ၃- ဝမ်းညှစ်ရင် ထွက်လာပါတယ်။ သူ့ဟာသူ ပြန်မဝင်တဲ့အတွက် လက်နဲ့ ပြန်တွန်းထည့်ရပါတယ်။
အဆင့် ၄- ပြန်ထည့်ရင်တောင် နာတဲ့အတွက် ပြန်မထည့်နိုင်တော့ပါဘူး။

ဘယ်အဆင့်ပဲဖြစ်ဖြစ် လိပ်ခေါင်းက အရေးကြီးပါတယ်။ မကုသဘဲ ထားလိုက်ရင် ဖြစ်လိုက်ပျောက်လိုက် ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ဖြစ်တတ်ပါတယ်။

ဆေးသောက်လို့ရသလို သားရေကွင်းပစ်တာ၊ လိပ်ခေါင်းကို ဖြတ်ထုတ်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ မိမိလိပ်ခေါင်းက ဘယ်အဆင့်လဲ၊ ဘယ်လိုနည်းနဲ့ ကုသသင့်လဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

အထွေထွေကျန်းမာရေးပြဿနာများကို Healtppy ၏ FDS Service မှတစ်ဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။

Hotline: 09771007770.
Join Viber - bit.ly/HealtppymmViberCommunity.
Join Telegram - t.me/healtppymm.
Join Facebook Group - bit.ly/HealtppymmOfficialGroup.

06/01/2022

ပရိုဘိုင်အိုတစ်နှင့် ပန်းနာရင်ကျပ်

✳️ ပန်းနာရင်ကျပ်ဆိုသည်မှာ နာတာရှည်ရောဂါဖြစ်ပြီး လသားကလေးအရွယ်မှ သေဆုံးသည်အထိ ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ပါသည်။ ပန်းနာရင်ကျပ်ဖြစ်ပါက အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ လေပြွန်ငယ်လေးများ ရောင်ရမ်းလာကာ ချွဲသလိပ်များလည်း ပိုထွက်လာပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းမြောင်းသွားစေပါသည်။ ယင်းသို့ ကျဉ်းမြောင်းသွားသည့်အတွက် ရုတ်တရက် အသက်ရှူကျပ်လာကာ ထိရောက်သောကုသမှု မခံယူပါက သေဆုံးသည်အထိ ဖြစ်နိုင်သော ရောဂါဆိုးတစ်ခု ဖြစ်ပါသည်။

✳️ ပန်းနာရင်ကျပ် ဖြစ်ပွားစေသော အကြောင်းအရင်းများစွာရှိပြီး မည်သို့သော အကြောင်းကြောင့်ဖြစ်စေ ခန္ဓာကိုယ်၏ခုခံအားစနစ်က လိုသည်ထက်ပို၍ တုံ့ပြန်မှုများ ပြုလုပ်နေခြင်းက တူညီသောအချက်ဖြစ်သည်။ လောလောဆယ် ပန်းနာရင်ကျပ်ဖြစ်နေသူကို ကုသရာတွင် လေပြွန်ကျယ်စေသောဆေးဝါးများ (Bronchodilators) ပေးခြင်း၊ အရောင်ကျဆေးများ(Anti- inflammatory drugs) ပေးခြင်း၊ စတီးရွိုက်ဆေးများ (Steroids) ပေးခြင်းဖြင့် ကုသပေးလျက်ရှိသည်။

✳️ ယင်းဆေးဝါးများဖြင့်ကုသရာ လတ်တလောခံစားနေရသော အသက်ရှူကျပ်သည့်ဝေဒနာကိုသာ သက်သာစေပြီး ရောဂါ၏ဇာစ်မြစ်ကို ကုသပေးနိုင်ခြင်း မရှိသောကြောင့် ပျောက်ကင်းမှုမရှိဘဲ ယင်းဆေးဝါးများကို အစဉ်အမြဲသုံးစွဲပေးရန် လိုအပ်ပါသည်။ ထိုသို့သုံးစွဲရင်း အဆိုပါဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကို ခံစားရလေ့ရှိပါသည်။ အထူးသဖြင့် စတီးရွိုက်ဆေးများ သုံး၍ကုသရသောသူများတွင် ပို၍ဆိုးပါသည်။

✳️ မကြာသေးခင်ကာလက အမေရိကန်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့မှ ဆေးသိပ္ပံပညာရှင်များ၏ တွေ့ရှိဖော်ထုတ်မှုအရ ယင်းသို့ ပန်းနာရင်ကျပ်ဖြစ်ရခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ် ချို့ယွင်းမှုကြောင့် အထိန်းအကွပ်မဲ့ဖြစ်ကာ မလိုအပ်သောဓာတ်ပစ္စည်းများ ထွက်ရှိလာပြီး လေပြွန်များ ရုတ်တရက် ရောင်ရမ်းလာခြင်းကြောင့်ဟု သိရှိခဲ့ရပါသည်။ အထူးသဖြင့် ပဋိဇီဝဆေးများပါ မကြာခဏ တွဲသောက်ရလေ့ရှိသူများတွင် ပို၍ဆိုးတတ်ပါသည်။ အဆိုပါလူနာများကို လေ့လာကြည့်သောအခါ ပရိုဘိုင်အိုတစ် (ခေါ်) အကျိုးပြုအဏုဇီဝများ လျော့နည်းနေလေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။

✳️ ထို့ကြောင့် ပန်းနာရင်ကျပ်လူနာများကို ပရိုဘိုင်အိုတစ်များ ဖြည့်တင်းပေးလိုက်သောအခါ ပန်းနာရင်ကျပ် ဖြစ်ပွားရခြင်းမှ သက်သာရုံမက နေ့စဉ်မှန်မှန် သောက်သုံးသူများတွင် ပန်းနာရင်ကျပ် လုံးဝပြန်မဖြစ်တော့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ ယင်းတို့၏ လေ့လာမှုအရ ပန်းနာရင်ကျပ်ရောဂါနှင့် အူအတွင်းရှိ ပရိုဘိုင်အိုတစ်များ ဆက်စပ်မှုကို စတင်သိရှိခဲ့ရသည်။ အူအတွင်း၌ ပရိုဘိုင်အိုတစ် ဘက်တီးရီးယားများ လုံလောက်စွာရှိနေပါက ခုခံအားစနစ်၏ ခေါင်ချုပ်ဖြစ်သော တီဆဲလ်များကို တိုးတက်ပွားများစေပြီး လုံလောက်သည့် ပမာဏရှိနေအောင် ပြုလုပ်ထားနိုင်ခြင်းကြောင့် ခုခံအားစနစ်မှာ အထိန်းအချုပ်မဲ့ ပရမ်းပတာ မဖြစ်တော့ဘဲ ပုံမှန်အနေအထားသို့ ရောက်ရှိသွားပြီး ပန်းနာရင်ကျပ် သက်သာသွားရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။

ကိုးကားချက် - "ဘဝလက်တွဲဖော်အစစ် ပရိုဘိုင်အိုတစ်" စာအုပ်၊ အခန်း (၉) အလာဂျီနှင့် ပရိုဘိုင်အိုတစ် မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/famepharmaceuticals
👉https://t.me/famepharma

Address

Pharyar Street
Yangon

Website

Alerts

Be the first to know and let us send you an email when Kaung San Aung- 24 hour Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram