Happy & Co.

Happy & Co. Happy&Co.

redefines mental well-being through Creative Entertainment, ensuring individuals do not feel stigmatized when seeking mental regulation activities, emotional relief and self-expression.

👉ရုပ်ရှင်တစ်ကားကို ကြည့်ရင်း ရင်ထဲလှိုက်တက်လာပြီး မျက်ရည်ကျခဲ့ဖူးပါသလား။ ❣️တောင်ကိုရီးယားရုပ်ရှင် Emergency Declaration ...
23/04/2026

👉ရုပ်ရှင်တစ်ကားကို ကြည့်ရင်း ရင်ထဲလှိုက်တက်လာပြီး မျက်ရည်ကျခဲ့ဖူးပါသလား။
❣️တောင်ကိုရီးယားရုပ်ရှင် Emergency Declaration ဟာ ကျွန်မတို့ရဲ့ ရှင်သန်လိုစိတ်နဲ့ မေတ္တာတရားကြားက တိုက်ပွဲကို အကောင်းဆုံး ပုံဖော်ပြသွားတဲ့ ဇာတ်ကားပါ။
❣️ဒီဇာတ်လမ်းကို နားလည်ခြင်းက ကျွန်မတို့ရဲ့ စိတ်ဖိစီးမှုအောက်က ဦးနှောက်တုံ့ပြန်ပုံကို သိမြင်ဖို့ သော့ချက်ဖြစ်လာပါလိမ့်မယ်။

(Spoiler alert- ရုပ်ရှင်ကိုသေချာလေးကြည့်ချင်တဲ့သူတွေတော့ မဖတ်ဖို့တိုက်တွန်းလိုပါတယ်ရှင်)
❣️ဇာတ်လမ်းဟာ စိတ်ဝေဒနာ ခံစားနေရတဲ့ သိပ္ပံပညာရှင် Ryu Jin-seok က Incheon လေဆိပ်မှာ Hawaii ကိုသွားမယ့် KI501 လေယာဉ်ကို ရွေးချယ်ပြီး စတင်ခဲ့တာပါ။
❣️သူဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ခွဲစိတ်ဖျောက်ယူလာတဲ့ ဇီဝဗိုင်းရပ်စ် (Biological Virus) ကို လေယာဉ်ပေါ်က အိမ်သာထဲမှာ ဖြန့်ဝေလိုက်ပါတယ်။ သူကိုယ်တိုင်လည်း အဲဒီဗိုင်းရပ်စ်ဒဏ်ကို ခံစားရပြီး သေဆုံးသူ ဖြစ်သွားခဲ့ပါတယ်။
❣️မြေပြင်မှာတော့ ရဲအရာရှိ In-ho ဟာ ဗိုင်းရပ်စ်ဖြန့်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုကို စုံစမ်းရင်း အဲဒီလေယာဉ်ပေါ်မှာ သူ့ဇနီးသည် ပါသွားမှန်း သိလိုက်ရပါတယ်။
❣️လေယာဉ်ပေါ်မှာတော့ ဗိုင်းရပ်စ်ဟာ လေအေးပေးစက်ကတစ်ဆင့် ခရီးသည်တွေဆီ အလျင်အမြန် ကူးစက်ကုန်ပြီး လေယာဉ်မှူးကိုယ်တိုင် သေဆုံးသွားခဲ့ပါတယ်။
❣️ထိုအခါ လေယာဉ်မောင်းတာ နားခဲ့တဲ့ အတိတ်စိတ်ဒဏ်ရာရှိသူ Jae-hyuk (Lee Byung-hun) က လေယာဉ်ကို ခေတ္တထိန်းမောင်းပေးရပါတယ်။
❣️ဒါပေမဲ့ လေယာဉ်ဟာ Hawaii ကို ဆင်းသက်ခွင့် ငြင်းပယ်ခံရပြီး ကိုရီးယားကို ပြန်လှည့်လာခဲ့ရပါတယ်။

👉အကြောက်တရားအောက်က ဦးနှောက် (Fight, Flight or Freeze)
❣️ဒီနေရာမှာ ကျွန်မတို့ ဦးနှောက်ရဲ့ Limbic System (စိတ်ခံစားမှုဦးနှောက်) ဘယ်လိုအလုပ်လုပ်သလဲဆိုတာ တွေ့နိုင်ပါတယ်။
❣️အန္တရာယ်ကို အချက်ပေးတဲ့ Amygdala က အဆက်မပြတ် အချက်ပေးသံ မြည်လာတဲ့အခါ လူတွေဟာ မိမိကိုယ်ကို ကာကွယ်ဖို့ပဲ စဉ်းစားတတ်ကြပါတယ်။ Fight/Flight/Freeze ဆိုတဲ့ အလိုအလျောက် ခန္ဓာကိုယ်ကိုကာကွယ်တဲ့စနစ်ဟာ နိုးကြားလာပါတယ်။

📍Fight (တိုက်ခိုက်ခြင်း)
လေယာဉ်ပေါ်က ခရီးသည်အချို့ဟာ အသက်ရှင်ချင်ဇောနဲ့ ကူးစက်ခံရသူတွေကို ဖယ်ကြဉ်ဖို့ အတင်းအဓမ္မ တိုက်ခိုက်ကြပါတယ်။
📍Flight (ထွက်ပြေးခြင်း)
လူတွေဟာ အခြေအနေကနေ ပြေးထွက်ချင်ပေမယ့် လေယာဉ်ပေါ်မှာဖြစ်လို့ မပြေးနိုင်ဘဲ အကြောက်လွန်ကုန်ကြပါတယ်။
📍Freeze (တောင့်ခဲသွားခြင်း)
အချို့မှာတော့ ဘာလုပ်ရမှန်းမသိဘဲ မျှော်လင့်ချက်မဲ့ကာ တောင့်ခဲသွားကြပါတယ်။

❣️အပေါ်က အသက်ရှင်ချင်ဇောနဲ့ ကူးစက်ခံရသူတွေကို ဖယ်ကြဉ်ဖို့ အတင်းအဓမ္မ တိုက်ခိုက်ကြတဲ့သူတွေကို စိတ်ဓာတ်မကောင်းလို့လို့ ကျမတို့ကထင်တတ်ကြတယ်။
❣️ဒါပေမယ့် တကယ်တမ်းက ဆူညံသံ၊ ကျဉ်းကျပ်မှုနဲ့ သေခြင်းတရားကို ရင်ဆိုင်ရတဲ့ စိတ်ဖိစီးမှုတွေကြောင့် သူတို့ရဲ့ စွမ်းအင်တွေ (Energy reserves) ကုန်ခမ်းသွားပြီး၊ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်အခြမ်းက အလုပ်မလုပ်နိုင်တော့ပဲ Fight/Flight/Freeze ဆိုတဲ့ အလိုအလျောက်စနစ်ကပဲ လွမ်းမိုးတော့တာကြောင့်သာ ဖြစ်ပါတယ်။

❣️ရုပ်ရှင်ရဲ့ အမြင့်ဆုံး အခိုက်အတန့်မှာတော့ လေယာဉ်ဟာ ဆီကုန်ခါနီးဖြစ်နေပြီး မြေပြင်ကလူတွေကလည်း သူတို့ဆင်းသက်မှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။
🥺 ဒီအချိန်မှာ ခရီးသည်တွေဟာ အကြီးအကျယ် စိတ်ဓာတ်ကျသွားကြပါတယ်။
❣️ဒါပေမဲ့ အဲဒီ အမှောင်ဆုံးအချိန်မှာပဲ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။
💖မြေပြင်ပေါ်ရှိ မိသားစုများထံ ဗိုင်းရပ်စ် ကူးစက်သွားမှာကို စိုးရိမ်တဲ့ "မေတ္တာတရား" (Empathy) ဟာ အကြောက်တရားကြောင့် ခရီးသည်တွေရဲ့ကြောက်ရွံ့တင်းမာနေတဲ့ စိတ်အခြေအနေတွေကို ပြန်လည် တည်ငြိမ်စေခဲ့ပါတယ်။

💖"ငါတို့ကြောင့် မြေပြင်ကလူတွေ ဒုက္ခမရောက်ပါစေနဲ့တော့" ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ခရီးသည်တွေဟာ လေယာဉ်မဆင်းတော့ဖို့ စုပေါင်းဆုံးဖြတ်ခဲ့ကြပါတယ်။
✨💖ဒီမေတ္တာတရား (Emotion) ကပဲ စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ Neocortex ကို ပြန်လည် နိုးထစေခဲ့တာပါ။
✨ဒါဟာ တစ်ဦးချင်းစီရဲ့ အကြောက်တရားကို တစ်ဦးကိုတစ်ဦး ဖေးမရင်း၊ တည်ငြိမ်အောင်လုပ်ရင်း ရွေးချယ်ခဲ့ကြတဲ့ Collective Self-regulation (စုပေါင်းထိန်းညှိမှု) ပင် ဖြစ်ပါတယ်။
💖သူတို့ မိသားစုတွေကို ဗီဒီယိုကောလ်နဲ့ နှုတ်ဆက်တဲ့အခန်းမှာ ကျွန်မတို့အားလုံး မျက်ရည်ကျခဲ့ရတာဟာ ကျမတို့လူသားတိုင်းရင်ထဲမှာရှိအဲဒီမြင့်မြတ်တဲ့ လူသားဆန်မှုကြောင့်ပါပဲ။

❣️နောက်ဆုံးမှာတော့ မြေပြင်က ရဲအရာရှိ In-ho က သူ့ကိုယ်သူ စတေးခံပြီး ဆေးကို စမ်းသပ်ပေးခဲ့လို့ ကုသဆေး အောင်မြင်သွားပြီး လေယာဉ်ဟာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
❣️စိတ်ဖိစီးချိန်မှာ လူသားတွေရဲ့ အကြောက်
တရားနဲ့ တုန့်ပြန်တဲ့အပြုအမူတွေဟာ “စိတ်
ဓါတ်ကောင်းတယ်/ မကောင်းဘူး” လို့သတ်မှတ်လို့မရဘဲ လူသားမလို့သာ လူသားရဲ့ ဉီးနှောက်အာရုံကြောစနစ် က ခန္ဓာကိုယ်ကိုကာကွယ်ဖို့ အလိုအလျောက်ဖြစ်တဲ့ တုံ့ပြန်မှု သက်သက်သာဆိုတဲ့ အမြင်နဲ့ကြည့်ဖို့လိုပါတယ်။

❣️လက်ရှိကမ္ဘာကြီးမှာလည်း ကျွန်မတို့ဟာ စိတ်ဖိစီးမှုတွေဆိုတဲ့ လေယာဉ်ကြီးပေါ်မှာ အတူတူ လိုက်ပါနေကြရပါတယ်။
❣️ဘေးနားကလူတွေ တစ်ကိုယ်ကောင်းဆန်တဲ့အခါ၊ စိတ်တိုတဲ့အခါ သူတို့ကို အပြစ်တင်မယ့်အစား သူတို့ရဲ့ စွမ်းအင်တွေ ကုန်ခမ်းနေပြီလားဆိုတာ နားလည်ပေးဖို့ လိုပါတယ်။
💖မေတ္တာတရား (Empathy) ဆိုတာ ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားကို ပြန်လည် နိုးထစေနိုင်တဲ့ တစ်ခုတည်းသော စွမ်းအားပါ။
💖ကျွန်မတို့ဟာ တစ်ဦးချင်းစီရဲ့ အကြောက်တရားကို နားလည်ပေးနိုင်တဲ့အခါမှသာ ပိုမိုကြီးမြတ်တဲ့ လူသားဆန်မှုနဲ့အတူ ဒီဘဝခရီးကို ဘေးကင်းစွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတော့တယ်။

❣️စတန်းဖိုဒ်တက္ကသိုလ်ရဲ့စိတ်ပညာရှင်ဝေါ်လ်တာမစ်ရှဲလ်က ၁၉၆၃ ခုနှစ်မှာ Marshmallow Test (ဂျယ်လီတုန်းလေးတွေနဲ့စမ်းသပ်မှု) ကိ...
22/04/2026

❣️စတန်းဖိုဒ်တက္ကသိုလ်ရဲ့စိတ်ပညာရှင်ဝေါ်လ်တာမစ်ရှဲလ်က ၁၉၆၃ ခုနှစ်မှာ Marshmallow Test (ဂျယ်လီတုန်းလေးတွေနဲ့စမ်းသပ်မှု) ကိုပြုလုပ်ခဲ့ပါတယ်။
❣️အဲ့ဒါက ကလေးတွေကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး၊ သူတို့ရှေ့မှာ ဂျယ်လီတုံးလေးတွေ ချပေးထားတယ်။
❣️သူကပြောခဲ့တယ် “သူ ခဏအပြင်သွားမယ်၊ ပြန်လာလို့ ဒီဂျယ်လီလေးတွေကို မစားဘဲထားရင်၊ ၂ ဆ ပေးမယ်” ဆိုပြီး ကလေးတွေနဲ့ ဂျယ်လီတုံးလေးတွေကို ထားခဲ့တယ်။
❣️တစ်ချို့ကလေးက စားတယ်၊ တစ်ချို့က မစားဘူးပေါ့လေ။
❣️ဂျယ်လီလေးတွေကို မစားဘဲ အောင့်အီးနိုင်တဲ့ကလေးလေးတွေက အသက်ကြီးလာတဲ့အခါ အောင်မြင်မှုပိုရကြတယ်တဲ့၊
❣️ဒါက ကိုယ့်ဘာသာထိန်းချုပ်နိုင်စွမ်းရှိခြင်း ကြောင့် ပိုမိုအောင်မြင်လာတာလို့ ပြောလို့ရတယ်။
Marshmallow Test ကို အောင်မြင်မှုနဲ့ ချိန်ထိုးစဥ်းစားတဲ့သဘောပေါ့လေ။
❣️ ဒီယူဆချက်ကြောင့်ပဲ အပြုအမူပြုပြင်ပြောင်းလဲရေး နည်းလမ်းတွေကို အရွယ်ငယ်ငယ်မှာတင် လေ့ကျင့်ပေးရင်၊ ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်း ပိုမိုမြင့်တက်လာပြီး၊ ဘဝအောင်မြင်မှုကိုသေချာပေါက်ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာစေပါတယ်။
👉ဒါပေမယ့် ဒီစမ်းသပ်ချက်အပေါ် ကျမတို့ရဲ့ရှုမြင်ပုံတွေ လွဲမှားနေခဲ့တယ်လို့ ခေတ်သစ်သိပ္ပံစမ်းသပ်ချက်တွေက ဆိုထားပြန်ပါတယ်။ ဆိုလိုတာက "စိတ်ဓာတ်ကြံ့ခိုင်မှု" အကြောင်းသက်သက်မဟုတ်ဘဲ၊ "စိတ်ဖိစီးမှုကို ဦးနှောက်က ဘယ်လိုတုံ့ပြန်သလဲ" ဆိုတဲ့အချက်ပါ။

👉စိတ်ဖိစီးမှုနဲ့ မာရှ်မဲလို စမ်းသပ်ချက်
❣️မာရှ်မဲလိုစမ်းသပ်ချက်ဆိုတာ ပျော်စရာကစားနည်းတစ်ခုကဲ့သို့ ထင်ရသော်လည်း၊ တကယ်တော့ လေးနှစ်အရွယ် ကလေးငယ်များအတွက်ကတော့ Stress Test (စိတ်ဖိစီးမှု စမ်းသပ်ချက်) တစ်ခုသာ ဖြစ်ပါတယ်။
❣️ဘာမှမရှိတဲ့အခန်းထဲမှာ ကလေးကို တစ်ယောက်တည်းထားခဲ့ပြီး၊ ခုံပေါ်တွင် မသက်မသာထိုင်ကာ ရှေ့တည့်တည့်က ဂျယ်လီတုံးကို စိုက်ကြည့်နေရခြင်းက အာကာသယာဉ်မှူးတွေ လေ့ကျင့်ရတဲ့ သီးခြားခွဲထားသည့် အခန်း (Isolation Chamber) နှင့် အလားသဏ္ဌာန်တူလှပါသတဲ့။

🙌ခေတ်သစ်သိပ္ပံနည်းကျ လေ့လာမှုများအရမှာတော့ ကလေးတစ်ယောက်ရဲ့တုံ့ပြန်မှုမှာ သူ၏ Arousal State (နိုးကြားမှု အခြေအနေ) ပေါ်တွင် မူတည်ပါတယ်။
❣️တကယ်လို့ ကလေးက စမ်းသပ်မှုမတိုင်မီ ပင်ပန်းနေရင်၊ စိုးရိမ်စိတ်ရှိနေရင် သို့မဟုတ် ဆူညံပြီးအနံ့အသက်မကောင်းသော ပတ်ဝန်းကျင်တွင် ရှိနေရင်၊ သူ့ရဲ့ "ဘရိတ်" ဖြစ်တဲ့ စိတ်ခံစားချက်တွေကိုထိန်းချုပ်တဲ့နေရာက အလုပ်မလုပ်နိုင်တော့ဘဲ၊ ဂျယ်လီတုံးကို ချက်ချင်းယူစားမိသွားမှာပါပဲ။
❣️ဒါက စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့် စွမ်းအင်များ ခမ်းခြောက်သွားခြင်း (Running on Empty) ကြောင့်သာ ဖြစ်ပါတယ်။

👉"အမြင်သစ်ဖြင့် ရှုမြင်ခြင်း" (Reframing) နှင့် လူသားဆန်မှု
❣️ဒီမာရှမဲလိုဆောင်းပါး၏ အဓိကသော့ချက်ကတော့ ကလေးရဲ့အပြုအမူကို "အမြင်သစ်ဖြင့် ရှုမြင်ခြင်း" (Reframing) ဖြစ်ပါတယ်။
❣️ကလေးတစ်ယောက် သိသာတဲ့အကြောင်းပြချက်မရှိဘဲ ရုန်းရင်ဆန်ခတ် ဒေါသတကြီးပြုမူဂျီကျနေတယ်ဆိုရင် "သူ မလိမ္မာလို့" ဟုမတွေးဘဲ "သူ့မှာ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိနေသလဲ" လို့စူးစမ်းဖို့လိုပါတယ်။
❣️ဒါဟာ စိတ်ဖိစီးမှုတွေနဲ့ နေရာအနှံ့ပြည့်နှက်နေတဲ့ အခုခေတ် အတွက် parenting ဆိုင်ရာ မိဘတိုင်းသိထားသင့်သည့် အရာဖြစ်ပါတယ်။
❣️✨မိဘတွေအတွက် လည်းခဲယဥ်းတဲ့ဆိုပေမယ့်၊ ပိုပြီးစိတ်ရှည်ဖို့နဲ့ ကလေးရဲ့အခြေအနေကို စူးစမ်းနေဖို့တော့ မဖြစ်မနေ လုပ်ကိုလုပ်ရမှာပါပဲ။

💖ခုခေတ်က ကျမတို့မှာ အမည်မသိတဲ့စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့မို့၊ ကလေးတစ်ယောက် မလိမ္မာတဲ့အခါ၊ သူငယ်ချင်းတစ်ယောက် စိတ်တိုလွယ်နေတဲ့အခါ၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက် တစ်ကိုယ်ကောင်းဆန်တဲ့အခါမှာ
သူတို့ကို "စိတ်ဓာတ်ပျော့ညံ့သူ" တွေဟု အပြစ်တင်မယ့်အစား၊ သူတို့ရဲ့စွမ်းအင်ကန်ထဲကစွမ်းအင်တွေဘယ်လောက်တောင်ခမ်းခြောက်သွားလို့ ဒီလိုဖြစ်ရတာပါလိမ့်ဆိုတဲ့ အမြင်သစ်ဖြင့် ရှုမြင်ခြင်း လုပ်ပေးရန် လိုအပ်ပါတယ်။
💖မာရှ်မဲလိုစမ်းသပ်ချက်က ပေးနေသောသင်ခန်းစာကတော့ "ဘယ်သူက ပိုတော်သလဲ" ဆိုတာထက်၊ "ဘယ်သူက စိတ်ဖိစီးမှုကို ပို၍ နားလည်မှုရှိရှိနဲ့ ကျော်ဖြတ်နိုင်သလဲ" ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။
💖အမှောင်ဆုံးသော အခြေအနေတွေမှာတောင်မှ တစ်ဦးကိုတစ်ဦး အပြစ်တင်ခြင်း (Blaming) ထက်၊ တစ်ဦးကိုတစ်ဦး စိတ်အေးချမ်းအောင်ကူညီပေးခြင်း (Co-regulation) ကသာလျှင် ကျမတို့ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ နေနိုင်စေမှာဖြစ်ပါတယ်။
💖"ကျမတို့ဟာ တစ်ဦးချင်းစီရဲ့ အကြောက်တရားတွေကို နားလည်ပေးနိုင်တဲ့အခါမှသာ၊ ပိုမိုကြီးမြတ်တဲ့လူသားဆန်မှုနဲ့ ဒဏ်ရာတွေကုစားနိုင်မှာဖြစ်ပါတယ်။”

❣️ကမ္ဘာပေါ်က စီးပွားရေးလုပ်ငန်းရှင်တိုင်းနီးပါး အားကျတဲ့ အီလွန်မတ်စ်က Drama Queen အကြီးစားကြီးပါ။❣️သူက ငြိမ်သွားတဲ့အရာတွ...
21/04/2026

❣️ကမ္ဘာပေါ်က စီးပွားရေးလုပ်ငန်းရှင်တိုင်းနီးပါး အားကျတဲ့ အီလွန်မတ်စ်က Drama Queen အကြီးစားကြီးပါ။
❣️သူက ငြိမ်သွားတဲ့အရာတွေကို မကြိုက်တဲ့သူမို့ ကြီးမားလှတဲ့ risk ကိုယူဖို့ အဆင်သင့်ဖြစ်နေ တဲ့အပြင်၊ အဲ့လိုမယူရတဲ့အခါမျိုးတွေဆို နေမထိထိုင်မသာပေါ့။
❣️အာကာသထဲပစ်လွှတ်မယ့်ယာဥ်တွေကို တည်ဆောက်တဲ့ ကုမ္ပဏီ တည်ထောင်ချိန်မှာ စဥ်းစားချက်တွေက သူများနဲ့ မတူနေခဲ့ပါဘူး။
❣️ဒီယာဥ်တွေတည်ဆောက်တာမှာ ရှေ့ရောက်နေတဲ့ ရုရှားကိုသူသွားပြီးလေ့လာချိန်မှာ ဘယ်သူကမှသူ့ကိုသေချာဧည့်မခံခဲ့ဘူး၊
❣️နောက်ဆုံးတော့ ဒီယာဥ်တည်ဆောက်တဲ့ကုန်ကျစရိတ်တွေ၊ ဒီဇိုင်းပုံစံတွေ သူရရှိခဲ့ချိန်မှာ အရမ်းစျေးကြီးလွန်းအားကြီးတော့ ဘယ်လောက်ကုန်ကျစရိတ် လျှော့ချချင်သလဲဆိုတာကို သူတွက်နိုင်ခဲ့တယ်။
❣️သူကိုယ်တိုင်ကလည်း အင်ဂျင်နီယာဖြစ်တဲ့အပြင်၊ သူ့ဝန်ထမ်းတွေနဲ့လည်း တိုင်ပင်လို့ နောက်ဆုံးမှာ အာကာသယာဥ်တည်ထောင်တဲ့လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့တယ်။
❣️ခုချိန်မှာအောင်မြင်မှုတွေရနေပေမယ့်၊ ငယ်စဥ်က သူကြုံခဲ့ရတဲ့ဘဝကြီးက သာမန်ကလေးတစ်ဦးရဲ့ အဖြစ်အပျက်တွေတော့ မဟုတ်ပါဘူး။
❣️တောင်အာဖရိကနိုင်ငံမှာ ကြီးပြင်းခဲ့ရတဲ့သူ့အဖို့ အကြမ်းဖက်မှုတွေ၊ သွေးသံတရဲရဲအဖြစ်အပျက်တွေက မမြင်ချင်မှအဆုံးပါပဲ။
❣️အဖေ့ရဲ့ အိမ်တွင်း အကြမ်းဖက်မှုဒဏ်ကိုခံရတဲ့ အမေ့အတွက်ရော၊ လူမှုရေးဖောက်ပြန်မှုရှိတဲ့ အဖေ့ကိုမြင်ရတာရော၊ အဖေ့ရဲ့ နွေးထွေးမှုကိုရော မရခဲ့တဲ့သူမို့လို့လည်း သူ့ရဲ့စဥ်းစားပုံတွေက သာမန်လူတွေနဲ့လည်း တူမနေပါဘူး။
❣️ငယ်ငယ်က ရန်ဖြစ်လို့၊ အနိုင်ကျင့်ခံရပြီး ဆေးရုံရောက်သွားတယ်၊ ဆေးရုံမှာ ၂ ရက်လောက်နေခဲ့ ရတယ်၊ အဖေလာမကြည့်ဘူး၊ ပြန်ဆင်းလာလို့အိမ်ပြန်ရောက်တဲ့အချိန်မှာ အဖေက အိမ်ရှေ့မှာ အကြာကြီးမတ်တပ်ရပ်ခိုင်းခဲ့တယ်။ ဘာလို့ခံပြီးပြန်လာသလဲပေါ့လေ၊ ခံပြီးပြန်လာခဲ့တဲ့သူ့အတွက် အပြစ်ပေးတဲ့သဘောပါပဲ။
❣️နောက်ပိုင်းရန်ဖြစ်တဲ့အခါ သူနိုင်နိုင်၊ မနိုင်
နိုင်....ရအောင်တော့ ပြန်ချလာခဲ့ တယ်။
ဒါပေမယ့် သူ့အဖေနဲ့သူ လက်ရှိအချိန်ထိ လုံးဝစကားမပြောပါဘူး။
❣️အိမ်ထောင်ဆက်တွေလည်း အရမ်းများတဲ့အပြင်၊ အမြဲတမ်း လှုပ်ရှားနေတာကို လိုချင်တဲ့သူပေါ့လေ။
ဥပမာ Twitter ကို ဝယ်လိုက်တာမျိုးပေါ့။
❣️လူတိုင်းက မဝယ်ဖို့စဥ်းစားအကြံပေးကြပေမယ့်၊ သူကတော့ဝယ်ဖြစ်အောင် ဝယ်လိုက်တာမျိုး၊
❣️data center ကြီးကိုရွှေ့ဖို့ ပညာရှင်တွေက ၆ လလောက်အချိန်ယူရမယ်ဆိုတာကို ၂ ပတ်အတွင်း ရအောင် သွားရွှေ့လိုက်တာမျိုးပေါ့။
❣️ဒီဒေတာစင်တာထဲက ကေဘယ်ကြိုးတွေကို ဖြတ်ချလိုက်ပြီး ချက်ချင်းကို ရွေ့ဖို့ သူ့ညီတွေနဲ့ တိုင်ပင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ❣️နောက်ဆုံးသူ့သားလေး X ကိုတောင် အန္တရာယ်များတဲ့ ဝါယာကြိုးတွေ၊ ကေဘယ်တွေ ရှုပ်ယှက်ခပ်နေတဲ့စက်ရုံအတွင်းမှာ ဆော့ခွင့်ပြုတာမျိုး။
❣️ခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ် အများနဲ့မသက်ဆိုင်တဲ့လူလို့ သတ်မှတ်ထားတဲ့လူပေါ့လေ။
👉စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ဖို့ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ်။
💖“လူတိုင်းဟာ ငယ်စဥ်မှာကြုံခဲ့ရတဲ့ inner child လေးကို နွေးထွေးပွေ့ပိုက်ဖို့လိုသလို၊ အသက် ၇၀ အရွယ်ကိုယ်က လက်ရှိကိုယ်ကို ပြန်ကြည့်တဲ့အခါ ဂုဏ်ယူနေရမယ့် အပြုအမူမျိုးတွေ ဆောင်ရွက်ဖို့လိုတယ်”တဲ့။
❣️အနောက်နိုင်ငံတွေရဲ့ သင်္ကြန်ပွဲဖြစ်တဲ့၊ ဒီနှစ် ၂၀၂၆ ရဲ့ Coachchella ပွဲတော်က ဂျက်စတင်ဘီဘာရဲ့ပွဲလိုကိုဖြစ်သွားတာ၊
❣️Entertainment Industry ရဲ့ဆိုးရွားလွန်းလှတဲ့ ဂုတ်သွေးစုပ်မှုတွေ၊ အသုံးချမှုတွေ၊ အောင်မြင်စ လူငယ်ခြေတက်တွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို ခံခဲ့ရတာကြောင့် စိတ်ရောလူရော ပျက်စီးကျိုးကြေခဲ့ရတဲ့ သူ့အဖို့ မနည်းကြီးပြန်လည်တည်ဆောက်ခဲ့ရတာပါ။
❣️အဲ့ဒီပွဲမှာ ဂျက်စတင်ဘီဘာက သူစတင်အောင်မြင်လာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးပုံလေးတွေ၊ အဲ့တုန်းက သူ့ရဲ့နာမည်ကြီးတဲ့ Youtube Videos တွေကို LED ဖန်သားပြင်ပေါ်မှာ ပြန်ဖွင့်ထားရင်းနဲ့ သီချင်းတွေဆိုပြပေးခဲ့တာပါ။
❣️လက်ရှိသူက ဟိုးအတိတ်က သူ့ရဲ့ inner child လေးကို ပြန်ထွေးပွေးနှစ်သိမ့်ပြီး “ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းကို ငါချစ်တယ်” ဆိုတာကို ပြခဲ့တာပါ။
❣️ကမ္ဘာကြီးက နာဖျားနေတာကြာလှပါပြီ။
အဲ့ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတက်နေတဲ့သူတွေအများကြီးမို့ ခုစာဖတ်နေတဲ့သူတွေအဖို့ ခဏလေး အားလုံးကိုပစ်ချပြီး၊
💖ကိုယ့်ကိုယ်ကိုယ်
“ငါမင်းကိုချစ်တယ်၊ မင်းဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါမင်းကိုအပြစ်မတင်ဘူး၊ မင်းအရမ်းပင်ပန်းနေခဲ့ပြီ၊ ခဏလေးအနားယူပါဦးနော်၊ ကြိုးစားပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ပြောပေးစေချင်ပါတယ်။
💖စိတ်ကလေးတွေပိုပျော်ရွှင်ပြီး၊ ဘဝခရီးလမ်းတွေလည်း ကောင်းမွန်ကြပါစေလို့ Happy&Co. မှ နှစ်သစ်ဆုတောင်းလေး တောင်းပေးလိုက်ပါတယ်နော်။

20/04/2026

❣️ကျွန်မတို့ အများစုဟာ အချစ်ကို ကံကြမ္မာ ဒါမှမဟုတ် ထိန်းချုပ်လို့မရတဲ့ ခံစားချက်တစ်ခုလို့မြင်လေ့ရှိကြပါတယ်……
🙌ဒါပေမယ့် စုံတွဲကုထုံးပညာရှင်တို့၏ သိပ္ပံနည်းကျအမြင်မှာတော့
💖အချစ်ဆိုတာ “လူသားတို့ရဲ့ အခြေခံအကျဆုံးသော လုံခြုံမှုကိုရှာဖွေခြင်းသာ ဖြစ်ပါတယ်……..”တဲ့
💖အချစ်ဟာ ကျွန်မတို့ ရှင်သန်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။
💖ကလေးငယ်တစ်ဦးဟာ မိခင်ရဲ့နွေးထွေးမှုကို လိုအပ်သလိုပဲ လူကြီးများအတွက်လည်း အချစ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရှင်သန်မှုအတွက် အရေးကြီးတဲ့ #အစိတ်အပိုင်းဖြစ်ပါတယ်……။

❣️ကုထုံးပညာရှင်တွေက အချစ်ကို "ငါလိုအပ်တဲ့အချိန်မှာ မင်းရှိနေပေးမလား" ဆိုတဲ့ မေးခွန်းရဲ့အဖြေအပေါ်မှာ တည်ဆောက်ထားပါတယ်” လို့ရှုမြင်ကြပါတယ်။

❣️အချစ်ရဲ့ အင်အားအစစ်အမှန်မှာ မိမိရဲ့ အားနည်းချက်များကို ပွင့်လင်းစွာ ချပြဝံ့ခြင်း (ဍဆိုတဲ့ Vulnerability ပေါ်မှာ တည်ရှိပါတယ်။
❣️ဒါပေမယ့် အများစုက အချစ်မှာ မိမိရဲ့ မာနနှင့် ဒေါသကိုသာ ပြသလေ့ရှိနေကြပါတယ်။
❣️စစ်မှန်သော နက်ရှိုင်းတဲ့ အချစ်မှာ မိမိရဲ့ကြောက်ရွံ့မှု၊ အထီးကျန်မှုနှင့် နာကျင်မှုများကို လက်တွဲဖော်ထံမှာ ယုံကြည်စွာ ဖွင့်ဟခြင်း ဖြစ်ပါတယ်။
❣️ထိုသို့ ဖွင့်ဟတဲ့အခါမှာ တစ်ဖက်လူက နွေးထွေးစွာ ထွေးပွေ့လက်ခံပေးခြင်းက အချစ်ကို အခိုင်မာဆုံးဖြစ်စေတဲ့ ကုထုံးတစ်ခု ဖြစ်လာပါတော့တယ်……

💖ဒါကြောင့် အချစ်ဆိုတာ ကျွန်မတို့ဘဝရဲ့ လုံခြုံတဲ့ နတ်ဘုံလေး" (Safe Haven) ဖြစ်ပါတယ်။
ပြင်ပလောကရဲ့ ဖိအားများနှင့် စိတ်ဒဏ်ရာများကို ရင်ဆိုင်ရချိန်မှာ လက်တွဲဖော်ရဲ့ ရင်ခွင်ဟာ အေးချမ်းလုံခြုံသော နေရာတစ်ခု ဖြစ်နေရပါမယ်။
💖 ဒီလိုမျိုး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လုံခြုံမှုပေးနိုင်ခြင်း (Secure Attachment) ဟာ စုံတွဲကုထုံးရဲ့ အမြင့်ဆုံးပန်းတိုင်ဖြစ်သလိုပဲ အချစ်ရဲ့စစ်မှန်တဲ့ အနှစ်သာရလည်း ဖြစ်ပါတော့တယ်ရှင်……..။

မြန်မာနှစ်သစ်ကူးအခါသမယမှာ မောင်နှမ၊ မိသားစု၊ ချစ်သူများ အားလုံး အေးချမ်းသော ချစ်ခြင်းမေတ္တာခံစားရပြီး ကိုယ်စိတ်နှစ်ဖြာကျ...
17/04/2026

မြန်မာနှစ်သစ်ကူးအခါသမယမှာ မောင်နှမ၊ မိသားစု၊ ချစ်သူများ အားလုံး အေးချမ်းသော ချစ်ခြင်းမေတ္တာခံစားရပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း Happy & Co. မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်…..

AI ခေတ်မှာ ကျွန်မတို့ကလေးတွေအတွက် "ဉာဏ်ကောင်းဖို့" ထက် ပိုအရေးကြီးတာ ဘာရှိမလဲနော်?………❣️အခုခေတ်မှာ Intelligent ဖြစ်ဖို့ဆိ...
02/04/2026

AI ခေတ်မှာ ကျွန်မတို့ကလေးတွေအတွက် "ဉာဏ်ကောင်းဖို့" ထက် ပိုအရေးကြီးတာ ဘာရှိမလဲနော်?………

❣️အခုခေတ်မှာ Intelligent ဖြစ်ဖို့ဆိုတာ AI ကတောင် လုပ်ပေးနိုင်နေပါပြီ။ ဒါကြောင့် ကျွန်မတို့ မိဘတွေ ခေတ်အဆက်ဆက်က လက်ကိုင်ထားခဲ့တဲ့ "ကလေးကို ဉာဏ်ကောင်းအောင်၊ ထက်မြက်အောင်ပဲ ပျိုးထောင်မယ်" ဆိုတဲ့ နည်းလမ်းဟောင်းကြီးက အခုခေတ်မှာ အလုပ်မဖြစ်တော့ပါဘူး။

❣️တကယ်လိုအပ်တာက ပြဿနာကြုံရင် အေးအေးဆေးဆေး ဖြေရှင်းနိုင်စွမ်း၊ စိတ်ဆိုးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းကျောင်းနိုင်စွမ်းနဲ့ လဲကျရင် ပြန်ထနိုင်တဲ့ Resilience (ကြံ့ကြံ့ခံနိုင်ရည်) ဆိုတဲ့ Life Skills တွေပဲ ဖြစ်ပါတယ်။

❣️အခက်အခဲဆိုတာ ဘဝမှာ ဘယ်လိုပဲဖြစ်ဖြစ် ကြုံလာမှာပဲလေ။ အဲဒီအခါမှာ "ဘာတွေသိလဲ" ဆိုတာထက် "ဘယ်လိုရင်ဆိုင်မလဲ" ဆိုတဲ့ စိတ်စွမ်းအားကသာ သူတို့ကို ကယ်တင်ပေးမှာပါ။

❣️ဒီလို Bright & Resilient ဖြစ်တဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့ဆိုရင်...
ကလေးရဲ့ ပထမဆုံး အသက် (၃) နှစ်ဟာ ဘဝတစ်ခုလုံးအတွက် "အခြေခံအုတ်မြစ်" ပါပဲ။ ဘာလို့ဆိုတော့ ဦးနှောက်ရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက် ၃ နှစ်မတိုင်ခင်မှာတင် ဖွံ့ဖြိုးသွားလို့ပါ။
📍အထူးသဖြင့် အဲဒီအချိန်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်တဲ့အပိုင်း (နားလည်လွယ်အောင် Right Brain - ညာဘက်ဦးနှောက် လို့ ခေါ်ကြရအောင်) က အဓိက နေရာယူထားပါတယ်။
ဒါကြောင့် ဦးနှောက်ဖွံ့ဖြိုးဖို့ဆိုပြီး Logical Brain (Left Brain) ကိုပဲ အားစိုက်ပြီး သင်ကြားပေးနေတာတွေထက် Right Brain အကောင်းဆုံးဖွံ့ဖြိုးဖို့က ပိုအရေးကြီးပါတယ်။
👉အဲဒီလို ဖွံ့ဖြိုးဖို့အတွက် မိဘ (အဓိကပြုစုစောင့်ရှောက်သူ)ရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ "ဘေးနားမှာ ရှိနေပေးမှု" က အသက်တမျှ အရေးကြီးပါတယ်။

🌼ငယ်စဉ်မှာ နွေးထွေးမှုနဲ့ လုံခြုံမှု အပြည့်အဝရမှသာ ကြီးလာတဲ့အခါ ဘဝရဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ အခြေခံကောင်း ရရှိမှာ ဖြစ်ပါတယ်။

🌼ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအကြောင်း ပြောကြတဲ့အခါ Left Brain (စာပေ/ဂဏန်း) သင်ကြားမှုတွေထက် ပိုအရေးကြီးတာက Right Brain ကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်တဲ့ မေမေ၊ ဖေဖေတို့ရဲ့ "နားလည်ပေးနိုင်တဲ့ နှလုံးသား" ပါပဲရှင်။ ✨

💖ပြီးခဲ့တဲ့ ၂၁ ရက်နေ့က Pumpkin မှာ 'Brilliant Kids & The Emotional Brain' Workshop လေး လုပ်ဖြစ်ခဲ့ပါတယ်။
💖ဒီပွဲလေးမှာ Happy & Co. အနေနဲ့ Neuroscience အမြင်ကနေ ကလေးတွေရဲ့ စိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မျှဝေခွင့်ရခဲ့တယ်။
💖တကယ်တော့ အလုပ်တွေကြားထဲကနေ ကိုယ့်ကလေးလေးတွေအတွက် အချိန်ပေးပြီး တက်တက်ကြွကြွ ပါဝင်လေ့လာကြတဲ့ မေမေ၊ ဖေဖေနဲ့ ဘွားဘွားတို့ကို မြင်ရတာ ကျွန်မအတွက်တော့ အားရကျေနပ်စရာ အကောင်းဆုံးပါပဲရှင်။
💖ကလေးလေးတွေကို နားလည်ပေးဖို့ နွေးထွေးလုံခြုံတဲ့မေတ္တာတရားပေးဖို့ကြိုးစားနေတဲ့ ဒီလိုမိဘမျိုးတွေရှိနေတာ ကလေးတွေအတွက်တော့ တကယ့် ကံကောင်းခြင်းပါပဲ…..☺️။
🙌မိဘ နဲ့ ကလေးလေး တွေအတွက် ဒီလိုအခွင့်အရေးကိုဖန်တီးပေးချင်တဲ့ ကျောင်းရှိတာ ကလေးလေးတွေရဲ့ အနာဂတ်အတွက် ဝမ်းသာစရာပါ။ Pumpkin International Preschool Pumkin ကို တကယ်ကို အသိအမှတ်ပြုပါတယ်ရှင်။
🥰ဖိတ်ခေါ်ပေးတဲ့ Pumpkin ရဲ့ Founder မ Phuu ကိုရော၊ စိတ်အားထက်သန်စွာ တက်ရောက်ပေးခဲ့ကြတဲ့ မိသားစုတွေအားလုံးကိုပါ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
💖ရှေ့ဆက်ပြီးတော့လည်း ဒီလိုမျိုး နားလည်မှု မေတ္တာတရားနဲ့အခြေခံတဲ့ bright and resilient သားသမီးတွေဖြစ်စေရန်ပျိုးထောင်မှုတွေ၊ မိဘ လည်း စိတ်အေးချမ်းသာ သားသမီး လည်း ပြုံးပျော်ထက်မြက်မယ့် ပိုမိုကောင်းမွန်တဲ့ relationship တွေ တည်ဆောက်နိုင်ဖို့ ကြိုးစားတဲ့ခရီးလမ်းကို အတူတူဆက်လက်လျှောက်လှမ်းချင်ပါတယ်ရှင်……..။ 🤍"

🥺ဖုန်းစကရင်တွေအတွက်ပေးဆပ်လိုက်ရတဲ့ ကလေးတွေရဲ့စိတ်နှလုံးသားလေးတွေ - ❣️Phone Screen မှာမြင်နေရတဲ့ Youtube ကသီချင်းတွေ၊ ကာတ...
02/04/2026

🥺ဖုန်းစကရင်တွေအတွက်ပေးဆပ်လိုက်ရတဲ့ ကလေးတွေရဲ့စိတ်နှလုံးသားလေးတွေ -

❣️Phone Screen မှာမြင်နေရတဲ့ Youtube ကသီချင်းတွေ၊ ကာတွန်းတွေဆိုတာ သားချော့တေးတွေ မဟုတ်ပါဘူး။

❣️မိဘတွေအများဆုံးရင်ဆိုင်ကြရတာ ကိုယ့်ကလေးတွေထိန်းမရလို့၊ ကလေးတွေဂျီကျလို့၊ ထမင်းကျွေးရခက် နေလို့ ဖုန်းပေးကြည့်ပြီး ကလေးခဏငြိမ်အောင်လုပ်လိုက်ကြတဲ့အဖြစ်အပျက်တွေကိုပါ။

❣️အသက် ၂ နှစ်ကနေ ၅ နှစ်ဆိုတာ ကလေးတစ်ဦးအနေနဲ့ စဉ်းစားဆင်ခြင်နိုင်တဲ့ဦးနှောက် (Prefrontal Cortex) ဖွံ့ဖြိုးချိန်မဟုတ်ဘဲ၊ စိတ်ခံစားမှုဆိုင်ရာဦးနှောက်လေးဖြစ်တဲ့ ညာဘက်အခြမ်း (Emotional Brain - Limbic System) က အရမ်း အလုပ်လုပ်နေတဲ့အချိန်ပါ။

❣️ဖုန်းကပေးတဲ့ဒိုဖာမင်း (အပျော်ဓာတ်) ဟာ ကလေးကို စွဲလမ်းစေပြီး၊ မိဘနဲ့ စိတ်ပိုင်းဆိုင်ရာချိတ်ဆက်ရမယ့် လမ်းကြောင်းကို ပိတ်ပစ်လိုက်ပါတယ်။
🥺ဒါကြောင့်လည်း ခုခေတ် တော်တော် များများမိဘတွေထံက ကြားရလေ့ရှိတဲ့အရာက “ငါ့သားက၊ ငါ့သမီးက သူ့ဘာသာသူနေတာ” ဆိုတာမျိုးပါ။
😢ဒါက စိတ်ချင်းမနီးစပ်နိုင်တော့တာကိုပြတာပါ။

❣️ကလေးအသက်တွေကြီးတော့မှ ပြင်တာထက်စာရင်၊ ကိုယ့်ကလေး ငယ်တဲ့အချိန်မှာကတည်းက အချိန်ပေးတာက ပိုကောင်းပါတယ်။

👉ဒါကြောင့် မိဘတွေကိုယ်တိုင် လိုက်လုပ်လို့ ရတဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

📍နည်းလမ်း (၁) - "မိမိကလေးကို တနေ့ကို ၁၅ မိနစ်လောက်တော့ အချိန်ပေးပါ - The Golden 15 Minutes"

ကလေးတွေ ဖုန်းကြည့်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုက ပျင်းရိခြင်းထက် အာရုံစိုက်ခံရချင်လို့ ဖြစ်တတ်ပါတယ်။
တစ်နေ့ကို ၁၅ မိနစ်၊ ဖုန်းကို လုံးဝပိတ်ပြီး ကလေးနဲ့အတူ ကြမ်းပြင်ပေါ်မှာ ထိုင်ကစားပါ။
သူ့ရဲ့ မျက်လုံးကို သေချာကြည့်ပြီး သူနဲ့အတူရှိနေတယ်ဆိုတာကိုပြသပါ။
မိဘရဲ့ တည်ငြိမ်တဲ့ဦးနှောက်လှိုင်းက ကလေးရဲ့ လှုပ်ရှားနေတဲ့ Emotional Brain ကို တည်ငြိမ်သွားစေပါတယ်။

📍နည်းလမ်း (၂) - " ကလေးရဲ့ခံစားချက်ကို စာနာနားလည်ပေးပါ - Emotional Mirroring”

ဖုန်းကိုလုယူလိုက်တဲ့အခါ ကလေးက အော်ဟစ်
ငိုယိုပါလိမ့်မယ်။
အဲဒီအခါ "ဘာလို့ငိုတာလဲ၊ အခုပဲ ကြည့်ပြီးပြီလေ" လို့ အပြစ်တင်မယ့်အစား၊ သူ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ။
ဥပမာအနေနဲ့ "သား/ သမီး အရမ်းကြည့်ချင်သေးတာကို သိတယ်နော်။ ရုတ်တရက်ကြီး ပိတ်လိုက်တော့ စိတ်တိုသွားတယ်မလား။ မေမေ နားလည်တယ်နော်။"
ကလေးက သူ့ရဲ့ ခံစားချက်ကို မိဘက နားလည်ပေးတယ်လို့ ခံစားရတဲ့အခါ၊ ဦးနှောက်ထဲက အမစ်ဒလာ (ဒေါသဖြစ်စေတဲ့အပိုင်း)က ငြိမ်ကျသွားပါတယ်။

📍နည်းလမ်း (၃) - "စည်းကမ်းတွေဆိုတာထက် မိသားစုအလေ့အကျင့်တစ်ခုဖြစ်အောင် တည်ဆောက်ပါ - Screen-Free Zones & Rituals"

အမိန့်ပေးတာထက် အိမ်ရဲ့ ဓလေ့တစ်ခုလို လုပ်ဆောင်ပါ။
ဥပမာ - ထမင်းစားပွဲမှာ ဖုန်းလုံးဝမထားပါနဲ့။ အစားအသောက်ရဲ့ အရသာ၊ အရောင်အသွေးကို ပြောဆိုရင်းစားသောက်ပါ။
နောက်တစ်ခုက ကလေးတွေဆီက ဖုန်းယူမယ်ဆိုလည်း အချိန်တော့ကြိုပြောပေးဖို့လိုအပ်ပါတယ်။ "နောက် ၅ မိနစ်နေရင် ဖုန်းပိတ်မယ်" လို့ ကြိုပြောပါ။
ကလေးကို ရုတ်တရက် Shock မဖြစ်စေဘဲ သူ့ဦးနှောက်ကို ပြင်ဆင်ချိန်ပေးတာပါ။

📍နည်းလမ်း (၄) - "Sensory Play" (အာရုံငါးပါးဖြင့် ကစားခြင်း)

စခရင်ပေါ်က အရုပ်တွေက ကလေးကို အာရုံစိုက်ရုံပဲ စိုက်နိုင်ပါတယ်။
တကယ့်လက်တွေ့မှာ ရွှံ့စေးနယ်တာ၊ ဆေးရောင်ခြယ်တာ၊ ရေကစားတာတွေက ကလေးရဲ့ လက်ဖျားလေးတွေကတစ်ဆင့် ဦးနှောက်ဆီကို Direct Message ပို့ပေးပါတယ်။
ကိုယ်တွေငယ်ငယ်ကဆို ဆန်ဖြူဖြူထဲ မကောင်းတဲ့ဆန်အနက်ကလေးတွေကို လိုက်ရွေးခဲ့ရပါတယ်။
ဒါတွေက အာရုံစူးစိုက်မှုလည်းဖြစ်စေသလို၊ ကလေးတွေရဲ့ လက်တွေကတဆင့် ဦးနှောက်ကို ခိုင်းပေးရာလည်းရောက်ပါတယ်။
နောက်တစ်မျိုးဆိုရင် ကလေးနဲ့အတူ အရုပ်လေးတွေနဲ့ စကားပြောတမ်း ကစားလို့ရပါတယ်။
ဒါဟာ ကလေးရဲ့ Language & Social Skills ကို မြှင့်တင်ပေးရာ ရောက်ပါတယ်။

📍နည်းလမ်း (၅) Mirror Neurons- ကိုယ်ဟာ ကိုယ့်ကလေးရဲ့ အကောင်းဆုံး မှန်တစ်ချပ်ဖြစ်ပါ။

Brain science အရ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ "Mirror Neurons" လို့ခေါ်တဲ့ အထူးဆဲလ်လေးတွေ ရှိပါတယ်။
သူတို့ရဲ့အလုပ်က ပတ်ဝန်းကျင်ကလူ (အထူးသဖြင့် မိဘ) လုပ်သမျှကို မြင်ရုံနဲ့တင် သူတို့ကိုယ်တိုင် လိုက်လုပ်နေသလိုမျိုး ဦးနှောက်ထဲမှာ ပုံရိပ်ယောင်ဖန်တီးပေးတာပါ။
ဒါဟာ မိဘလုပ်သမျှကို ကလေးက အရိပ်လို လိုက်ကြည့်ပြီး အတုယူနေတဲ့စနစ်မျိုးပါပဲ။
ကိုယ်က ကလေးရှေ့မှာ ဖုန်းကို တစိုက်မတ်မတ် ကြည့်နေရင် ကလေးရဲ့ ဦးနှောက်ထဲမှာလည်း "ငါလည်း ဖုန်းကြည့်ချင်တယ်" ဆိုတဲ့ စိတ်ဆန္ဒက အလိုအလျောက် ပေါ်လာပါတယ်။
ကလေးကို ဖုန်းမကြည့်နဲ့လို့ ဆူနေချိန်မှာ ကိုယ့်လက်ထဲမှာ ဖုန်းရှိနေရင် ကလေးရဲ့ Mirror Neurons တွေက ရှုပ်ထွေးသွားပါတယ်။
"မေမေ/ဖေဖေ လုပ်တာက ဖုန်းကြည့်တာ၊ ဒါပေမဲ့ ပါးစပ်ကတော့ မကြည့်နဲ့ပြောတယ်" ဆိုတဲ့ ပဋိပက္ခက ကလေးကို စိတ်မလုံခြုံမှုဖြစ်စေပါတယ်။

ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ "Be the person you want your child to be" ပါ။

💖နောက်ဆုံးအနေနဲ့ရေးချင်တာကတော့ ကိုယ်ဟာ ကိုယ့်ကလေးရဲ့ အကောင်းဆုံး App ပါ
ကလေးတွေက ဖုန်းကို ချစ်တာမဟုတ်ပါဘူး၊ ဖုန်းထဲက ရောင်စုံလှုပ်ရှားမှုတွေကို စိတ်ဝင်စားတာပါ။

💖ဒါပေမဲ့ မိဘရဲ့ ဖက်လဲတကင်းရှိမှု၊ ချော့မြူမှုနဲ့ နွေးထွေးတဲ့ အသံကိုတော့ ဘယ် App ကမှ အစားမထိုးနိုင်ပါဘူး။
"ကလေးရဲ့ မျက်လုံးလေးတွေထဲမှာ ဖုန်းစခရင်ရဲ့ အရိပ်ထက် မိဘဖြစ်တဲ့ အုပ်ထိန်းသူတွေရဲ့ ပြုံးရယ်နေတဲ့ ပုံရိပ်လေးတွေပဲ ရှိပါစေနော်။"

"ကိုယ့်ကလေးက ဖုန်းကြောင့် ဂျီကျတဲ့အခါ ဘယ်လို ဖြေရှင်းလေ့ရှိလဲနော်၊ Comment မှာ မျှဝေခဲ့ပါဦး"

ကလေးကို အော်မိပြီးမှ နောင်တရနေတဲ့ မေမေ/ဖေဖေတို့ ဖတ်ဖို့ - ဒီဒေါသတွေက တကယ်ပဲ ကလေးကြောင့်လား?(သိပ္ပံနည်းကျ အဖြေ၊ journalin...
25/03/2026

ကလေးကို အော်မိပြီးမှ နောင်တရနေတဲ့ မေမေ/ဖေဖေတို့ ဖတ်ဖို့ - ဒီဒေါသတွေက တကယ်ပဲ ကလေးကြောင့်လား?
(သိပ္ပံနည်းကျ အဖြေ၊ journaling ဖြင့် ကုစားနည်းနှင့် လက်တွေ့လမ်းညွှန်ချက်များ)

မိဘတိုင်းဟာ ကိုယ့်ကလေးကို အကောင်းဆုံးပဲ ပေးချင်ကြတာပါ။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ တစ်ခါတလေ ဒေါသတွေက ထိန်းမရအောင် တလိပ်လိပ်တက်လာပြီး အော်မိ၊ ဆူမိတတ်ကြပါတယ်။
🥺အဲဒီအခါ "ငါဟာ မိဘကောင်းတစ်ယောက် မဟုတ်ဘူးလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း နောင်တတွေနဲ့ အိပ်မပျော်နိုင် ဖြစ်ရတတ်ပါတယ်။
❣️တကယ်တော့ သင်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်သလို၊ သင့်မေတ္တာ အားနည်းလို့လည်း မဟုတ်ပါဘူး။
🙌ဒါကို ဒေါက်တာ Daniel Siegel ရဲ့ "Parenting from the Inside Out" အယူအဆတွေနဲ့ အတူတူ အဖြေရှာကြည့်ရအောင်။

🏠 အဖြစ်များတဲ့ သာဓကတစ်ခု
ည (၉) နာရီခွဲပြီ။ သင်က တစ်နေ့လုံး အလုပ်တွေနဲ့ နွမ်းနယ်လာလို့ အမြန်နားချင်နေပြီ။ ဒါပေမဲ့ ၄ နှစ်အရွယ် သားလေးက အိပ်ဖို့ဝေးစွ၊ ကစားစရာတွေကို အခန်းအနှံ့ ပရမ်းပတာ လုပ်နေတုန်းပဲ။ သင်က "သားလေး... အိပ်တော့လေ" လို့ ပြောလိုက်တဲ့အခါ သူက ပစ္စည်းတွေကို လွှင့်ပစ်ပြီး ကြမ်းပြင်ပေါ်လှဲငိုပါတော့တယ်။
💔အဲဒီအချိန်မှာ သင့်စိတ်ထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသလို ဒေါသတွေ ထွက်လာပြီး စိတ်မထိန်းနိုင်ဘဲ အော်မိသွားပါတယ်။ ကလေးကို လက်ပါမိတော့မလိုအထိ ပြင်းထန်သွားပါတယ်။

👉 မေးစရာရှိတာက - "ဘာကြောင့် ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်မိတာလဲ?"

❣️၁။ အတိတ်က ကျန်ရစ်နေတဲ့ "မဖြေရှင်းရသေးတဲ့ပြဿနာများ" (Unresolved Issues)များကြောင့်ဖြစ်နိုင်ပါတယ်။
ဒါကိုရှင်းပြဖို့ ကျမတို့ဦးနှောက်ရဲ့ မှတ်ဉာဏ်မှတ်တဲ့ပုံစံကိုကြည့်ရအောင်

ကျွန်မတို့ ဦးနှောက်က မှတ်ဉာဏ်တွေကို သိမ်းဆည်းတဲ့အခါ ပုံစံနှစ်မျိုးနဲ့ သိမ်းပါတယ်။

📍Explicit Memory (ပုံပြင် သို့မဟုတ် ဇာတ်
ကြောင်းလိုမျိုးမှတ်ဉာဏ်): "ငါ ၅ နှစ်သမီးတုန်းက ထမင်းဖိတ်လို့ အမေ ဆူခဲ့ဖူးတယ်" ဆိုတဲ့ အသိမျိုးပါ။ ဒါဟာ အတိတ်က အဖြစ်အပျက်တစ်ခုဆိုတာကို သင် ရှင်းရှင်းလင်းလင်း သိနေပါတယ်။

📍Implicit Memory (ခံစားချက်မှတ်ဉာဏ်): ဒါက ပိုကြောက်ဖို့ကောင်းပါတယ်။ အတိတ်မှာ စိတ်ဒဏ်ရာရခဲ့စဉ်က ဦးနှောက်က အဖြစ်အပျက်ကို ပုံပြင်လို အစဉ်တကျမသိမ်းနိုင်တော့ဘဲ မသိမ်းနိုင်တော့ဘဲ "ကြောက်စိတ်၊ ရင်တုန်တာ၊ ဒေါသ" ဆိုတဲ့ ခံစားချက်သက်သက်ပဲ သိမ်းလိုက်တာပါ။

🍀ဆိုလိုတာက - သင်ငယ်ငယ်က အိပ်ချိန်မှာ ဂျီကျလို့ အခန်းထဲ အပိတ်ခံခဲ့ရဖူးတယ် ဒါမှမဟုတ် အရိုက်ခံခဲ့ရဖူးတယ်ဆိုပါစို့။
🍀အခု သင့်သားလေး အော်ငိုသံကို ကြားလိုက်တာနဲ့ အတိတ်က သင်ခံစားခဲ့ရတဲ့ "အားကိုးရာမဲ့မှုနဲ့ ကြောက်စိတ်" တွေဟာ Flashback အနေနဲ့ ပြန်ပွင့်လာပါတယ်။
🍀ဦးနှောက်က ဒါဟာ အတိတ်ကကိစ္စလို့ မသိတော့ဘဲ အခုလက်ရှိမှာ အန္တရာယ်ကြုံနေရပြီလို့ ထင်ပြီး အလိုအလျောက် ပေါက်ကွဲထွက်သွားတာပါ။
🍀ဒါဟာ သင့်အတိတ်က ဒဏ်ရာကို ကလေးပေါ်မှာ အလိုအလျောက် ပုံချမိလိုက်တာ (Projection) ပါပဲ။

❣️၂။ သည်းခံနိုင်စွမ်း "ဘောင်" ကုန်ခမ်းနေခြင်း (Window of Tolerance)
အတိတ်ကြောင့် မဟုတ်ဘဲ လက်ရှိ ခန္ဓာကိုယ်နဲ့ စိတ်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ စိတ်ဖိစီးမှုကို သည်းခံနိုင်တဲ့ "ဘောင်" (Window of Tolerance) တစ်ခု ရှိပါတယ်။

⚠️ ဒါကို HALT နဲ့ အလွယ်မှတ်ဆန်းစစ်ကြည့်လို့ရပါတယ်။
H(Hungry) သင်ဟာ ဗိုက်ဆာနေရင်
A(Angry) တခြားကိစ္စနဲ့ စိတ်တိုနေရင်
L(Lonely) အားကိုးရာမဲ့ တစ်ယောက်ထဲဖြစ်နေရင်
T(Tired) အိပ်ရေးမဝဘဲ ပင်ပန်းနေရင်
သင့်ရဲ့ သည်းခံနိုင်စွမ်းဘောင် (Window of Tolerance) က အရမ်းကျဉ်းသွားပါပြီ။
အဲဒီအချိန်မှာ ကလေးရဲ့ အော်ငိုသံဟာ "နောက်ဆုံးကျန်တဲ့ ကောက်ရိုးတစ်မျှင်" ဖြစ်သွားပြီး ပေါက်ကွဲထွက်သွားတာပါ။ ဒါကို Skills/Capacity Deficit လို့ ခေါ်ပါတယ်။

❣️ဒီ နံပါတ် (၂)သည်းခံနိုင်စွမ်း 'ဘောင်' (Window of Tolerance) ကျဉ်းနေတဲ့အခါ... မိဘတစ်ယောက်အနေနဲ့ အကောင်းဆုံးပေးနိုင်တဲ့ Self-care ကတော့ 'ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်တွေကို အသိအမှတ်ပြုပေးခြင်း' ပါပဲ။

👉ဗိုက်ဆာရင် စားပါ၊ ပင်ပန်းရင် အနားယူဖို့ ခွင့်ပြုချက်ပေးပါ။ ဒေါသထွက်လာတဲ့အခါ 'ငါဟာ လူသားတစ်ယောက်မို့လို့ ပင်ပန်းတတ်တာပဲ' လို့ ကိုယ့်ကိုယ်ကိုယ် ကြင်နာပေးတာ (Self-Compassion) ဟာ သင့်ရဲ့ သည်းခံနိုင်စွမ်းဘောင်ကို ပြန်လည်ကျယ်ပြန့်လာစေပြီး ကလေးအပေါ် ပိုမိုနားလည်ပေးနိုင်တဲ့ မိဘတစ်ယောက် ဖြစ်လာစေမှာပါရှင်…..

❣️နံပါတ် (၁) ဖြစ်တဲ့ unresolved issues ကြောင့်ဆိုရင်တော့"journaling ရေးခြင်း" လေ့ကျင့်ခန်းကိုအသုံးပြုနိုင်ပါတယ်
မိမိရဲ့ အတိတ် unresolved issues ဇာတ်
ကြောင်းကို နားလည်အောင်လုပ်ခြင်းဟာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အလိုအလျောက် ပေါက်ကွဲထွက်တတ်တဲ့ ခံစားချက်တွေဟာ ဘယ်ကလာသလဲဆိုတာကို သိဖို့ journaling ရေးတာနဲ့ ပြန်လည်ဆန်းစစ်တာတွေကို ထပ်ခါတလဲလဲ လုပ်ဆောင်ရပါမယ်။

👉ဘယ်လိုရေးရမလဲ? (Journaling Steps): အတိတ်က အစအနမရှိတဲ့ ခံစားချက်တွေကို အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်ဖို့ အောက်ပါအတိုင်း ရေးကြည့်ပါ

❣️အဖြစ်အပျက်ကို ရေးပါ:
ဘယ်လိုအခြေအနေမှာ ဒေါသထွက်သွားတာလဲ? (ဥပမာ- ကလေးက ထမင်းဖိတ်စဉ်လိုက်တဲ့အချိန်)

❣️ခန္ဓာကိုယ်ခံစားချက်ကို မှတ်သားပါ:
အဲဒီအချိန်မှာ ဘာဖြစ်သွားလဲ? (ရင်တုန်တာ၊ လက်တုန်တာ၊ ဗိုက်ထဲက မအီမသာဖြစ်တာ)။ ဒါတွေဟာ Implicit Memory ရဲ့ လက္ခဏာတွေပါ။

❣️အတိတ်ကို ပြန်ဆက်စပ်ပါ:
ဒီခံစားချက်မျိုးကို အရင်က ဘယ်တုန်းက ခံစားခဲ့ဖူးလဲ? ငယ်ငယ်က အမှားလုပ်မိရင် ဘယ်လို ဆက်ဆံခံခဲ့ရဖူးလဲ?

❣️ဇာတ်ကြောင်းသစ် ရေးပါ:
ဒီလို အလိုအလျောက် ပေါက်ကွဲတတ်တဲ့ ခံစားချက်တွေ ဘယ်ကလာသလဲ သိဖို့ ဒိုင်ယာရီရေးပြီး 'ဇာတ်ကြောင်းသစ်' တစ်ခု တည်ဆောက်ရပါမယ်။
ဒါဟာ အတိတ်က အစအနမရှိတဲ့ ခံစားချက်တွေကို အခုလက်ရှိမှာ အဓိပ္ပာယ်ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်တာပါ။

"ငါ အခုခံစားနေရတဲ့ ပြင်းထန်တဲ့ ဒေါသတွေက ငါ့သားလေးကြောင့် မဟုတ်ဘူး၊ ငါ့ရဲ့ အတိတ်က ဒဏ်ရာတွေကြောင့်ပါလား။ ငါ့သားလေးက ငါ့ကို ဒုက္ခပေးနေတာ မဟုတ်ဘူး၊ သူက သင်ယူနေတဲ့ ကလေးတစ်ယောက်ပဲ။ ငါ့အတိတ်က အမေ့ဆီက မရခဲ့တဲ့ 'နားလည်ပေးမှု' ကို အခု ငါ့ကိုယ်ငါရော၊ ငါ့သားလေးကိုရော ပြန်ပေးလို့ ရပြီ။" ဆိုတဲ့ နားလည်မှုကို ထည့်သွင်းပြီး ဇာတ်ကြောင်းအသစ် ရေးလိုက်တဲ့အခါမှာတော့... အတိတ်က ဒဏ်ရာတွေဟာ လက်ရှိဘဝကို လာမနှောင့်ယှက်နိုင်တော့ဘဲ 'အတိတ်က အမှတ်တရတစ်ခု' အဖြစ်ပဲ ငြိမ်သက်သွားပါလိမ့်မယ်။"

🌼ဒါတွေလုပ်နေရင်း တဖက်မှာ ကြုံလာတဲ့ ကလေးနဲ့ထိပ်တိုက်တွေ့မှုတွေကို အောက်ပါ (The EASY Solution) ဆိုတာနဲ့ဖြေရှင်းကြည့်နိုင်ပါတယ်။

✨E - Evaluate (ကိုယ့်စိတ်ကို အရင်စစ်ဆေးပါ):
ကလေးကို အော်မယ့်အစား ၅ စက္ကန့်လောက် အသက်ပြင်းပြင်းရှူပါ။
"ငါ အခုဒေါသထွက်နေတာ ငါပင်ပန်းနေလို့လား၊ ဒါမှမဟုတ် ငါ့အတိတ်က ဒဏ်ရာတွေကြောင့်လား" လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဒါဟာ စဉ်းစားဆင်ခြင်နိုင်တဲ့ အပေါ်ဘက်ဦးနှောက်ကို ပြန်နိုးကြားလာစေပါတယ်။

✨A - Acknowledge (ကလေးရဲ့ ခံစားချက်ကို နားလည်ပေးပါ):
"သားလေးက ဆော့လို့ ကောင်းနေတုန်းမို့လို့ မအိပ်ချင်သေးတာကို မေမေသိတယ်နော်။ အခု ရပ်လိုက်ရတော့ စိတ်တိုသွားတာပေါ့" လို့ ပြောပေးပါ။
ကလေးက နားလည်ခံရတယ်လို့ ခံစားရရင် သူ့ရဲ့ အာရုံကြောစနစ်က စငြိမ်လာပါလိမ့်မယ်။

✨S - Set Boundaries (စည်းကမ်းကို တည်ငြိမ်စွာပြောပါ):
နားလည်ပေးတာဟာ အလျှော့ပေးတာ မဟုတ်ပါဘူး။
"ဒါပေမဲ့ မနက်ဖြန် ကျောင်းသွားရမှာမို့လို့ အခုက မီးပိတ်ရမယ့်အချိန် ရောက်ပြီ" လို့ တည်ငြိမ်ပြတ်သားတဲ့ လေသံနဲ့ ပြောပါ။

✨Y - Yes (အခြားရွေးချယ်စရာပေးပါ):
"အိပ်ရာဝင်ရင် ပုံပြင်တစ်ပုဒ် ဖတ်မလား၊ ဒါမှမဟုတ် မေမေက သီချင်းဆိုပြရမလား?" ဆိုပြီး အငြင်းခံရတဲ့ အာရုံကနေ ပျော်စရာအသစ်တစ်ခုဆီကို လမ်းကြောင်းပြောင်းပေးလိုက်ပါ။

👉ဒီမှာ ⚠️ အထူးသတိပြုရမယ့်အချက်တွေရှိပါတယ်။

🌼ကိုယ့်ကိုယ်ကိုယ် မပြစ်တင်ပါနဲ့ :
မိမိရဲ့ အတိတ် unresolved issues ဇာတ်
ကြောင်းကို နားလည်အောင်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်က အပြစ်ရှာဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို"နားလည်ဖို့" သာ ဖြစ်ပါတယ်။
သင့်မိဘတွေဆီက သင်မရခဲ့တဲ့ နားလည်ပေးမှုကို အခု သင့်ကိုယ်သင် ပြန်ပေးပါ။💖

🌼နားလည်ပေးခြင်းနှင့် အလျှော့ပေးခြင်းကို ခွဲခြားပါ:
ကလေးရဲ့ ခံစားချက်ကို လက်ခံပေးတာဟာ ကလေးလုပ်ချင်တာ အကုန်ခွင့်ပြုရမယ်လို့ မဆိုလိုပါဘူး။ စည်းကမ်းဘောင် (Boundaries) ကတော့ ခိုင်မာစွာ ရှိနေရပါမယ်။

🌼ချက်ချင်း အောင်မြင်ချင်စိတ်ကို ထိန်းပါ:
ဒါဟာ ကလေးကို ချက်ချင်းပြောင်းလဲတဲ့ နည်းလမ်းထက် ကိုယ့်ကိုယ်ကိုယ် အရင်ပြောင်းလဲတဲ့ ဖြစ်စဉ် (Process) ဖြစ်ပါတယ်။ သင်တည်ငြိမ်လာမှ ကလေးက လိုက်ပြီး တည်ငြိမ်လာမှာပါ။

👉ဘယ်အချိန်မှာ Therapy ပြသင့်သလဲ?

📍ကိုယ့်ရဲ့ ဒေါသက ကလေးကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အထိ ပြင်းထန်နေရင်။

📍အတိတ်က မှတ်ဉာဏ်တွေက နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်နေရင် (ဥပမာ- အမြဲတမ်း စိုးရိမ်နေတာ၊ ထိတ်လန့်နေတာ)။

📍ကိုယ့်ဘာကိုယ် ပြန်လည်ဆန်းစစ်ဖို့ ကြိုးစားပေမယ့် ဘယ်ကစရမှန်းမသိဘဲ လမ်းပျောက်နေရင်။

📍ကလေးနဲ့ ချိတ်ဆက်မှု လုံးဝမရတော့ဘူးလို့ ခံစားနေရရင်။ (Therapy ဆိုတာ ကိုယ့်ရဲ့ "အတွင်းစိတ်ကို ပိုပြီး ကြည်လင်အောင် ဆေးကြောတာ" ဖြစ်ပြီး သင့်ကလေးကို ပေးနိုင်တဲ့ အကြီးမားဆုံး လက်ဆောင်ဖြစ်ပါတယ်)

✨မိဘအုပ်ထိန်းမှုဆိုတာ ကလေးကို ပြုပြင်တာထက် "ကိုယ့်ရဲ့ အတွင်းစိတ်ကို အရင်နားလည်အောင် လုပ်ခြင်း" (Parenting from the Inside Out) က ပိုအရေးကြီးပါတယ်။

💖ကျွန်မတို့ရဲ့ အတိတ်က ပုံစံခွက်ဟောင်းတွေကို သတိထားမိလာတဲ့အခါ ကျွန်မတို့ဟာပုံသေကားကျ စိတ်အခြေအနေတွေကနေ လွတ်မြောက်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
💖အတိတ်ဒဏ်ရာတွေကို ကုစားပြီး၊ လက်ရှိ ပင်ပန်းမှုတွေကို သတိထားမိလာတဲ့အခါ ကျွန်မတို့ဟာ ကလေးအတွက်ရော ကိုယ့်အတွက်ပါ ပိုပြီး ပျော်ရွှင်တဲ့ ဘဝဇာတ်ကြောင်းသစ်ကို ရေးသားနိုင်မှာ ဖြစ်ပါတယ်ရှင်။

အမည်ခံရုံသက်သက် 'မိခင်ရိပ်' ရဲ့ အောက်……အရိပ်စစ်ရင် ခိုနားတဲ့သူကို အေးမြစေရမယ်။ ဒါပေမဲ့ ဒီအရိပ်အောက်မှာတော့ ငါ့ရဲ့ စိတ်ဒဏ...
16/03/2026

အမည်ခံရုံသက်သက် 'မိခင်ရိပ်' ရဲ့ အောက်……
အရိပ်စစ်ရင် ခိုနားတဲ့သူကို အေးမြစေရမယ်။ ဒါပေမဲ့ ဒီအရိပ်အောက်မှာတော့ ငါ့ရဲ့ စိတ်
ဒဏ်ရာတွေကပဲ ပိုပိုပြီး ကြီးထွားလာခဲ့တယ်🥺……
(💖ဒီပို့စ်ကနေ mother wound ရှိနေတဲ့ သမီးများအားလုံး အသိအမှတ်ပြုမှု (validation) ရရှိနိုင်ကြစေရန်ရည်ရွယ်ပါတယ်ရှင်)

❣️ မိန်းကလေးတစ်ဦးအတွက် မိခင်ဆိုတာ သူမရဲ့ ကမ္ဘာဦးအစဖြစ်သလို၊ အမျိုးသမီးဘဝကို ပုံဖော်ရာမှာ အဓိက အတုယူရမယ့် ပြဒါးတိုင်ပါ။
❣️ဒါပေမဲ့ ဒီဆက်ဆံရေးဟာ မေတ္တာမပါဘဲ နှိပ်စက်ခြင်း၊ လျစ်လျူရှုခြင်းနဲ့ ချုပ်ချယ်ခြင်းတွေ ဖြစ်နေတဲ့အခါ "မိခင်ဒဏ်ရာ" (Mother Wound) ဆိုတဲ့ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာ စတင်လာပါတော့တယ်။

👉ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ "မိခင်တိုင်းဟာ မွေးရာပါ မေတ္တာတရား ရှိကြတယ်" ဆိုတဲ့ အယူအဆက အရမ်း အမြစ်တွယ်နေပါတယ်။ ဒါပေမဲ့ ဒါဟာ အမြဲတမ်းတော့ မမှန်ပါဘူး။
❣️မိခင်ဖြစ်လာရုံနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကအလိုအလျောက် ပျောက်ကွယ်မသွားသလို၊ ကလေးရဲ့ လိုအပ်ချက်ကို ချက်ချင်းသိနိုင်တဲ့ "မှော်ခလုတ်" ဆိုတာလည်း မရှိပါဘူး။

🥺သမီးဖြစ်သူက မိမိခံစားရတဲ့ အမှန်တရားကို ထုတ်ပြောတဲ့အခါ "အမေက နင့်ကို ဗိုက်ထဲထည့် မွေးခဲ့တာပဲ" ဆိုတဲ့ စကားလုံးတွေနဲ့ တုံ့ပြန်ခံရပြီး၊ ဒဏ်ရာရတဲ့သူကပဲ "ကျေးဇူးမသိတတ်သူ" အဖြစ် အပြစ်တင်ခံရလေ့ ရှိပါတယ်။

❣️အဲဒီအခါ "ငါ့ခံစားချက်တွေကပဲ မှားနေတာလား" ဆိုတဲ့ သံသယတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်ရင်း အမှန်တရားကို ဖုံးကွယ်ထားတဲ့ အပိတ်စက်ဝိုင်းထဲမှာ ပိတ်မိနေတတ်ပါတယ်။

👉မိခင်ရဲ့ ဆိုးရွားတဲ့ဆက်ဆံမှုကို ခံရတဲ့ကလေးဟာ "အမေက လူဆိုး" လို့ သတ်မှတ်မယ့်အစား "ငါက လူဆိုးမို့လို့ အမေက ငါ့ကို ဒီလိုဆက်ဆံတာ" လို့ ယုံကြည်လိုက်ခြင်းက ကလေးလေးအတွက် ပိုပြီး ဘေးကင်းတယ်လို့ ခံစားရစေပါတယ်။
❣️ဒီလိုနဲ့... မိခင်ရဲ့ နာကျင်စေတဲ့ အပြုအမူတွေကို မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း (Self-blame) အဖြစ် ပြောင်းလဲပစ်လိုက်ပြီး "ငါဟာ မပြည့်စုံတဲ့သူ၊ လူဆိုးတစ်ယောက်" ဆိုတဲ့ ခံစားချက်တွေနဲ့ ကြီးပြင်းလာရပါတယ်………

🥺ဒီအယူအဆကြောင့် လူကြီးဘဝမှာလည်း မိမိကိုယ်မိမိ မလုံလောက်ဘူးလို့ ခံစားရခြင်း၊ အချစ်ကို ကြိုးစားအားထုတ်မှ ရမယ်လို့ ယုံကြည်ခြင်းနဲ့ Self-esteem နိမ့်ကျခြင်းတွေကို ကြုံတွေ့ရတတ်ပါတယ်။
👉ဒါကြောင့် အဓိကအားဖြင့် relationship တွေမှာ ပြဿနာတွေကြုံရလေ့ရှိပါတယ်။

ဆရာမကြီး Dr. Susan Forward က အခုလို ဆိုထားပါတယ် -
"သမီးဖြစ်သူ အများအပြားဟာ ထက်မြက်တယ်၊ အောင်မြင်တယ်၊ ဒါပေမဲ့ သူတို့ကိုယ်သူတို့တော့ အတွင်းထဲမှာ (Imposter Syndrome) အောင်မြင်မှုတွေ ရနေပေမယ့်လည်း "ဒါ ငါ တကယ်တော်လို့ မဟုတ်ပါဘူး၊ ကံကောင်းလို့ပါ" လို့ ထင်တာမျိုး ခံစားနေရဆဲပါပဲ။ အသက် ၃၀ ကျော်တဲ့အထိ မိခင်ဆီက အသိအမှတ်ပြုမှုကို စောင့်မျှော်နေကြတုန်းပဲ။"

သင့်မိခင်က သင့်အပေါ် အခုလိုမျိုး ခဏခဏ လုပ်လေ့ရှိသလား? (ဆရာမကြီး Dr. Susan Forward Checklist လေးနဲ့ ဆန်းစစ်ကြည့်ရအောင်ပါ)

📍သင့်ကို နှိမ်တာ၊ ဒါမှမဟုတ် အမြဲအပြစ်တင် ဝေဖန်နေတာမျိုး။
📍ကိစ္စတစ်ခုခုဆိုရင် သင့်ကိုပဲ အပြစ်ပုံချ တာမျိုး။
📍အလုပ်တစ်ခု အဆင်ပြေသွားရင် သူ့ကြောင့်ဆိုပြီး နာမည်ယူပြီး၊ အမှားအယွင်းဖြစ်ရင်တော့ သင့်ကိုပဲ လက်ညှိုးထိုးတာမျိုး။
📍ကိုယ့်ဘာသာကိုယ် ဘာမှမဆုံးဖြတ်နိုင်တဲ့ ကလေးတစ်ယောက်လို ဆက်ဆံတာမျိုး။
📍သူများရှေ့မှာတော့ သဘောကောင်းပြပြီး၊ သင်နဲ့နှစ်ယောက်တည်းရှိရင်တော့ အေးစက်စက် လုပ်တာမျိုး။
📍သင့်ထက်သာအောင်၊ လူပေါ်လူဇော်လုပ်ဖို့ ကြိုးစားတာမျိုး။
📍သူမဖြစ်ခဲ့ရတဲ့ ဘဝကို သင့်ကိုအတင်းခိုင်းပြီး သင့်ကတစ်ဆင့် သူ့ဆန္ဒတွေကို အစားထိုးဖြည့်ဆည်းတာမျိုး။
📍ဖုန်းတွေ၊ စာတွေ တောက်လျှောက်ပို့ပြီး သင့်ဘဝထဲ အလွန်အကျွံ ဝင်ပါလွန်းလို့ အသက်ရှူကျပ်သလို ခံစားရတာမျိုး။
📍သူစိတ်ဓာတ်ကျတာ၊ မအောင်မြင်တာတွေဟာ သင့်ကြောင့်လို့တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက် ပြီးဖြစ်စေ ပြောတာမျိုး။
📍သင်မရှိရင် သူဘာမှလုပ်လို့မရဘူး၊ အဆင်မပြေဘူးလို့ ပြောပြီး သင့်ကို ချုပ်ကိုင်တာမျိုး။
📍ငွေကြေး ဒါမှမဟုတ် ငွေပေးမယ်ဆိုတဲ့ ကတိနဲ့ သင့်ကို ကြိုးကိုင်တာမျိုး။
📍သူခိုင်းတာမလုပ်ရင် သင့်ဘဝကို ဒုက္ခပေးမယ်လို့ ခြိမ်းခြောက်တာမျိုး။
📍သင့်ရဲ့ ခံစားချက်နဲ့ လိုလားချက်တွေကို လျစ်လျူရှုတာ၊ တန်ဖိုးမထားတာမျိုး။

👉 အထက်ပါအချက်တွေကို "ဟုတ်ကဲ့" လို့ ဖြေစရာတွေ များနေရင်တော့ သင့်အမေဟာ ချစ်ခြင်းမေတ္တာရှိတဲ့ မိခင်တစ်ယောက်ရဲ့ စည်းကို ကျော်လွန်နေပြီလို့ ဆိုနိုင်ပါတယ်။

💔သင်ကော အခုလိုမျိုး ခံစားနေရသလား -
📍အမေက ငါ့ကို တကယ်ကော ချစ်ရဲ့လားလို့ သံသယဝင်ပြီး၊ အမေက ကိုယ့်ကိုမချစ်တာဟာ ကိုယ့်အပြစ်လိုမျိုး ရှက်နေမိတာ။
📍ကိုယ့်ပျော်ရွှင်မှုထက် တခြားသူတွေရဲ့ ပျော်ရွှင်မှုအတွက် ငါ့မှာတာဝန်ရှိတယ်လို့ ခံစားနေရတာ။
📍ကိုယ့်ဆန္ဒထက် အမေဖြစ်စေချင်တာ၊ အမေလိုအပ်တာတွေကို ပိုဦးစားပေးရမယ်လို့ ယုံကြည်နေတာ။
📍အချစ်ဆိုတာ အလကားရတာမဟုတ်ဘဲ အပင်ပန်းခံ ကြိုးစားယူမှ ရမယ့်အရာလို့ ထင်နေတာ။
❣️အမေဖြစ်သူအတွက် ဘယ်လောက်ပဲ လုပ်ပေးပေး၊ ဘယ်တော့မှ လုံလောက်မှာမဟုတ်ဘူးလို့ တွေးနေတာ။
📍အမေက သင့်ကို နာကျင်အောင်လုပ်နေတာတောင်မှ အမေ့ကို ပြန်ပြီး ကာကွယ်ပေးရမယ်လို့ ထင်နေတာ။
📍အမေ့ဆန္ဒ (ဒါမှမဟုတ် တခြားသူတွေရဲ့ဆန္ဒ) ကို မလိုက်လျောမိရင် ကိုယ့်ကိုယ်ကိုယ် လူဆိုးလို့ သတ်မှတ်ပြီး အပြစ်ရှိသလို ခံစားနေရတာ။
📍ကိုယ့်အကြောင်းတွေကို အမေ့ကို မပြောဘဲ ဖုံးကွယ်ထားတာ။ (ဘာလို့လဲဆိုတော့ အဲဒီအချက်တွေကို သုံးပြီး အမေက သင့်ကို ပြန်ထိုးနှက်မှာ ကြောက်လို့)။
📍သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုကိုပဲ အမြဲတမ်း တောင်းတနေမိတာ။
📍ဘယ်လောက်ပဲ အောင်မြင်ပါစေ၊ စိတ်ထဲမှာတော့ ကြောက်လန့်တာ၊ အပြစ်ရှိသလို ခံစားရတာနဲ့ သိမ်ငယ်တာတွေ ရှိနေတာ။
📍ငါ့မှာ တစ်ခုခုမှားနေလို့ ငါ့ကိုချစ်မယ့်သူ ရှာမတွေ့တာလားလို့ တွေးမိတာ။
📍ငါ့ကလေးတွေလည်း "ငါ့လိုပဲ ဘဝပျက်ဦးမလား" ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကလေးယူဖို့ ကြောက်နေတာ။

👉ဒီခံစားချက်တွေ အားလုံးဟာ "မိခင်ဆီကရတဲ့ စိတ်ဒဏ်ရာ" (Mother Wound) ရဲ့ အကျိုးဆက်တွေဖြစ်ပြီး ကလေးဘဝကတည်းက အမြစ်တွယ်နေခဲ့တာပါ။

❣️အမေ့အကြောင်း အမှန်အတိုင်းပြောဖို့ ကြိုးစားတိုင်း "ငါဟာ သစ္စာဖောက်နေတာလား၊ ဒါဟာ ရှက်စရာကြီးလား" ဆိုတဲ့ ဝေခွဲမရတဲ့ ကြောက်စိတ် (Terror) မျိုး ခံစားရနိုင်ပါတယ်။

🥺 ဒါဟာ သင့်အတွင်းစိတ်ထဲက "ကြောက်လန့်နေတဲ့ ကလေးငယ်" လေးက ကပ်ပြောနေတာပါ။ "နင်သာ အမှန်အတိုင်းပြောလိုက်ရင် နင့်မှာ အမေမရှိတော့ဘူး ဖြစ်သွားလိမ့်မယ်" တဲ့။

❣️ဒီကြောက်စိတ်ကြောင့်ပဲ ကျွန်မတို့ဟာ အမေနဲ့ နီးနီးကပ်ကပ်ရှိနေဖို့ မလိုတော့တဲ့ "လူကြီး" ဖြစ်နေပြီဆိုတာကို မေ့သွားတတ်ကြတယ်။ ဆင်ခြေပေါင်းစုံပေးရင်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်အပြစ်တင်နေမိတာဟာ ဒီသံသရာထဲမှာ လည်နေရခြင်းရဲ့ အကြောင်းရင်းပါပဲ။

✨သတင်းကောင်းကတော့... ဒါဟာ သင့်အပြစ် မဟုတ်ပါဘူး

🌼သင့်ရဲ့ တန်ဖိုးဟာ မိခင်တစ်ယောက်ရဲ့ ဆက်ဆံမှုပေါ်မှာ မမူတည်ပါဘူး။
🌼အမေကိုယ်တိုင်မှာလည်း သူကိုယ်တိုင် မဖြေရှင်းနိုင်ခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ မလုံခြုံမှုတွေ ရှိနေတတ်ပါတယ်။
🌼ဒါပေမဲ့... အမေ့မှာ အကြောင်းပြချက် ရှိနေတာကြောင့် သင့်မှာ ရခဲ့တဲ့ ဒဏ်ရာတွေက မရှိတော့တာမျိုး မဟုတ်ပါဘူး။
🌼 အမှန်တရားကို ရိုးရိုးသားသား ဝန်ခံလိုက်တာဟာ အမေ့ကို မချစ်တော့တာမဟုတ်ဘဲ၊ ဒဏ်ရာတွေနဲ့ နာကျင်နေတဲ့ သင့်ကိုယ်သင် ပထမဆုံးအကြိမ် ပြန်ပြီး ချစ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
❣️ကျွန်မတို့ဟာ သတိမထားမိဘဲ ကိုယ့်အမေနဲ့ ဆက်ဆံရေး ပုံစံတူတဲ့သူတွေကို လူကြီးဘဝမှာ အဖော်အဖြစ် ရွေးချယ်မိတတ်ကြပါတယ်။
❣️ဒါပေမဲ့ အခုလို သိမြင်လာတာဟာ ပိတ်မိနေတဲ့သံသရာဟောင်းကနေ လွတ်မြောက်ဖို့ အစပြုလိုက်တာပါပဲ။

💖သင်ဟာ ဒီခရီးလမ်းမှာ တစ်ယောက်တည်း မဟုတ်ပါဘူး။ နာကျင်မှုတွေကို အတူတူ ရင်ဆိုင်ပြီး နှလုံးသားသစ်ကို ပြန်လည် တည်ဆောက်ကြရအောင်နော်။ 🌸
သင် ကြုံတွေ့နေရတဲ့ ခံစားချက်လေးတွေကို Comment မှာမျှဝေပေးခဲ့နိုင်ပါတယ်ရှင်။ 👇

.

Address

Yangon

Alerts

Be the first to know and let us send you an email when Happy & Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Happy & Co.:

Share