Happy & Co.

Happy & Co. Happy&Co.

redefines mental well-being through Creative Entertainment, ensuring individuals do not feel stigmatized when seeking mental regulation activities, emotional relief and self-expression.

  .
13/10/2025


.

ဒီနေ့ရဲ့ Happy & Co. ရဲ့ booth လေးက အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်ရှင် 🥰Love language assessment ကိုယ့်ရဲ့ ချစ်ခြင်း...
11/10/2025

ဒီနေ့ရဲ့ Happy & Co. ရဲ့ booth လေးက အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်ရှင် 🥰
Love language assessment ကိုယ့်ရဲ့ ချစ်ခြင်းပြ ဘာသာစကားကို ဆန်းစစ်ရတာ သ​ဘော ကျကျတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ Consultation free တွေ၊ training free gift vouchers တွေလည်း အများကြီးရသွားကြတယ်။ ရသွားကြတဲ့ Happy & Co. မောင်နှမတွေအားလုံးကို သေချာလေးပြန်ဆက်သွယ်ပေးပါမယ်နော် 💖☺️
မနက်ဖြန်လည်း ဒီ အစီအစဉ်လေးတွေ ဆက်ရှိမှာမို့ Goethe Institut ကိုလာခဲ့ပါဦးနော်
မနက် ၁၀ ကနေ ညနေ ၅ နာရီ အထိ ရှိနေမှာပါနော်
💖💖💖

Happy & Co. Founder နှင့် သူငယ်ချင်းများ Music, Drama, art workshop က နေ့လည် ၁ နာရီစမှာပါရှင်
Registration မရှိလို့ လာခဲ့ယုံနဲ့ join လို့ရပါပြီရှင် 🥰


💞 Love Language 💞(အကြင်နာနဲ့ နားလည်မှုမှ အနီးကပ်မှုတစ်ခုဆီသို့)တစ်ချို့အချစ်တွေက မီးတောက်လိုပဲ…စတင်ချိန်မှာ တောက်ပပေမဲ့ ...
10/10/2025

💞 Love Language 💞
(အကြင်နာနဲ့ နားလည်မှုမှ အနီးကပ်မှုတစ်ခုဆီသို့)

တစ်ချို့အချစ်တွေက မီးတောက်လိုပဲ…

စတင်ချိန်မှာ တောက်ပပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တိတ်သွားတတ်တယ်။

အချစ်ဆိုတာ ချစ်ရှိန်တွေ တက်နေတယလို့ ခံစားရတဲ့ ပူပူနွေးနွေးအခြေအနေဆိုတာနဲ့ပဲ မတည်တန့်ပါဘူး…


တကယ်တမ်း…အချစ်ဆိုတာ…
“ချစ်တယ်” ဆိုတဲ့စိတ်တွေ လှုပ်ရှားနေတယ်ဆိုတာထက် ပိုအနက်ရှိပါတယ်နော်…

ပြောရရင် ချစ်ခြင်းဆိုတာ

“တစ်ဦးအပေါ်တစ်ဦး…
နားလည်ပေးတာ၊
ကြင်နာပေးတာ၊
တန်ဖိုးထားပေးတာ” ပါ။

~~~

ဒီမှာ ချစ်ခြင်းမှာ အရေးကြီးတဲ့ love language ဆိုတာလေး ပြောပြပေးပါမယ်။

Love Language ဆိုတာဘာလဲ?

Love Language ဆိုတာ…. ချစ်သူ၊ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အလုပ်ဖော်ကိုင်ဖက်တွေ ကြားမှာချစ်ခြင်းကို

“ကိုယ်ကလည်း ပြသတယ်၊
ကိုယ်ကလည်း လက်ခံတယ်”
ဆိုတာပါ။

ဒေါက််တာ ဂယ်ရီချက်မင်း (Dr. Gary Chapman) ရဲ့ The Five Love Languages မှာ ဆိုထားတာက

“The way we express love may not be the way others receive love.”

အဓိပ္ပါယ်က
“ကိုယ်တွေက ဖော်ပြတယ်၊ ပြသတယ် ဆိုတဲ့ ချစ်ခြင်းပုံစံက ကိုယ်ချစ်တဲ့သူ အချစ်ခံရတယ် ဆိုတဲ့ခံစားချက်ကို ပေးနိုင်တဲ့ ချစ်ခြင်းပုံစံနဲ့ ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။” လို့ ပြောထားတာပါ။

ပြောရရင် ကိုယ်က ချစ်ခြင်းကို ပြသတယ်၊ ချစ်တယ်ဆိုတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြသနေပေမဲ့ သူ့အတွက် သူ့ ချစ်ခြင်းရတဲ့ love language နဲ့ မပြသနေရင် သူ့အတွက် “ကိုယ်ကသူ့ကို ချစ်တယ်” ဆိုတာလည်း ခံစားမိနေမှာ မဟုတ်ပါဘူး။

~~~

Love Language ၅ ခုရှိတယ် ဆိုတော့ တစ်ခုချင်းပြောပြပေးမယ်နော်…

💗 1️⃣ Words of Affirmation

တစ်ခါတစ်လေ ကိုယ်က အကြီးကြီးတွေ ပြောနေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့လည်း “မင်းကလေ အရမ်းတော်တယ်” ဆိုတဲ့ စကားလုံးတစ်ခုက တစ်ဖက်သားအတွက် အရမ်းအားဖြစ်စေတယ်။ တန်ဖိုးလည်း အများကြီးရှိတတ်တယ်။ ပီတိအများကြီးလည်း ပေးတတ်ပါတယ်။

အဲ့ဒီစကားလေးတစ်ခွန်းလေးကြောင့် အောက်ခြေထိကျနေတဲ့ စိတ်ပင်ပန်းတာတွေရှိရင်တောင် စိတ်ကလေးပြန်ပေါ့ပါးလာပြီး အေးချမ်းသွားစေနိုင်တယ်။

ဥပမာ…

💞 တကယ်လို့ ကိုယ့်အမေက ကိုယ့်သားသမီးကို “သမီးက စဥ်းစားပေးတတ်တယ်နော်၊ သားက စဥ်းစားပေးတတ်တယ်နော်” လို့ပြောရင် သားသမီးရင်ထဲလည်း နွေးထွေးရပါတယ်။

💞 အလုပ်မှာလည်း ကိုယ့်ရဲ့ စီနီယာက “မင်းရဲ့ကြိုးစားမှုကို ငါတန်ဖိုးထားတယ်” လို့ ပြောရင် ကိုယ် ဘယ်လောက်တောင် တက်ကြွသွားမလဲ။

💞 ကိုယ့်ရဲ့ သူငယ်ချင်း ကိုယ့်ကို “မင်းက ငါ့ဘဝမှာ အရေးကြီးတဲ့သူတစ်ယောက်၊ အချိန်တိုင်း ငါ့ဘေးမှာ ရှိနေတာ ငျေးဇူးတင်တယ်” ပြောရင် ကိုယ်ဘယ်လိုခံစားရမလဲဟင်။

🗝️ Tip အနေနဲ့ ပေးရရင်… တစ်ဖက်ရဲ့ complaints ဆိုတာတွေနားထောင်ပါ။ သူက သူလိုချင်တာကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြသပေးနေနိုင်ပါတယ်။ ကိုယ်က မမြင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာ သတိလေးထားပြီး ကြည့်ပေးပါနော်။ သူ့ love language လေးကို။

Words of Affirmation ဆ်ုရင်လည်း…ကိုယ်ဘယ်တော့မှ မပြောဘူးဘူးဆိုရင်… သူ့ Love Language က…Words of Affirmation ဟုတ်လား၊ မဟုတ်ဘူး ဘယ်လို သိမလဲနော်။ ဒါကြောင့် ကိုယ်က စပြီး love language ရဲ့ Words of Affirmation လေး ကို ကိုယ်ချသ်ရတဲ့ သူအတွက်လုပ်ပေးကြည့်ပါနော်။ သူ ဘယ်လိုတုန့်ပြန်လဲ ဆိုတာ​လည်း သေချာလေး ဂရုစိုက်ပြီး စူးစမ်းပေးပါနော်။

~~~

💞 2️⃣ Quality Time

Quality time ပေးတယ်ဆိုတာမှာ အချိန်ကို ဒီတိုင်း ပေးလိုက်တာမျိုး မဟုတ်ဘဲ… “အတူရှိတာ” ရုံတင်မဟုတ်ဘဲ “သူ့ဆီမှာပဲ ကိုယ့် အာရုံတွေကို အလံုးစံု အပ်နှင်းထားလိုက်တာပါ…”

💞 မိသားစု မှာဆိုရင် ကိုယ့်လက်က ဖုန်းကိုချပြီး သူ့အတွက် စာအုပ်တစ်အုပ်ဖတ်တာမျိုး။

💞 မိတ်ဆွေအတွက်ဆိုလည်း သူစိတ်မချမ်းသာတဲ့အခါ သူပြောချင်တာကို တိတ်တိတ်လေးနဲ့ နားထောင်ပေးတာမျိုး။

💞 အလုပ်မှာဆိုလည်း အလုပ်အကြောင်းပဲ ပြောနေတာ​မျိုး မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့အချိန်ပေးတာမျိုး။

ဒီမှာ…အချို့အတွက် အချစ်ဆိုတာ “အတူရှိခြင်း” ဆိုတာလေးကို မှတ်မိသွားစေချင်ပါတယ်နော်။

~~~

💓 3️⃣ Physical Touch

တစ်ခါတစ်လေ စကားက မလုံလောက်တတ်ပါဘူး…

💗 မိသားစုတွေမှာဆိုရင် ညအိပ်ခင် အချိန်လေးမှာ အချင်းချင်းပွေ့ဖက်ပေးလို့ ရပါတယ်။

💗 ကိုယ့်ချစ်သူလေးငိုနေရင်​လည်း လက်ကလေးကို ကိုင်တာဖြစ်ဖြစ်၊ ပခုံးလေးကို ဖတ်တာဖြစ်ဖြစ် လုပ်ပြီး ဘေးနားမှာ ကြည့်ပါနော်။

💗 အလုပ်မှာဆိုလည်း ကိစ္စကြီးတစ်ခုခုပြီးသွားရင် အချင်းချင်း “Good job!” ဆိုပြီး လက်ဖဝါးချင်း ရိုက်လို့ ရပါတယ်။

တစ်ခါတစ်လေ စကားလံုးတွေထက် အတွေ့အထိလေးကလည်း ပိုပြီးနွေးထွေးစေတတ်ပါတယ်နော်။ ဒါလေးလည်း ဆန်းစစ်ကြည့်ပါနော်။

~~~

💗 4️⃣ Acts of Service –

ချစ်ခြင်းဟာ တစ်ခါတစ်ရံလည်း “ငါပြောမယ်” မဟုတ်ဘဲ “ငါလုပ်ပေးမယ်” ဆိုတာနဲ့ပဲ အဓိပ္ပါယ်ရှိတတ်တယ်…

💞 အမေက ဘာမှမခိုင်းခင်မှာပဲ အမေ့အစား အိမ်သန့်ရှင်းပေးတာမျိုး။

💞 အလုပ်မှာ လုပ်ဖော်ကိုင်ဖက်အတွက် အတွက် ဖိအားတစ်ခုဖြစ်စေတာမျိုးကို လျှော့ပေးတာ။

ကိုယ်က အလိုက်တသိလေးနဲ့ လုပ်ပေးလိုက်တာက “ဪ၊ သူ့ ငါ့ကို စဥ်းစားပေးရှာသား​ပဲ” ဆိုတာ မြင်​သွားစေတယ်။

~~~

💝 5️⃣ Gifts

လက်ဆောင်ဆိုရာမှာ…တန်ဖိုးများတာ၊ တန်ဖိုး​နည်းတာ ​မဟုတ်ဘဲ… “သူ့ကို စဉ်းစားပေးတယ်” ဆိုတဲ့ သက်သေအနေနဲ့ ပေးတာပါ။ သူ့ကို ကိုယ့်စိတ်ထဲက နစ်နစ်ကာကာ ချစ်မြတ်နိုးတာကို ပြသတာပါ။

💝 ကိုယ့် မိသားစုတွင်းမှာဆိုရင် အဖေက သမီးအတွက် handmade lunch box လေးတစ်ခု။

💝 ကိုယ့်မိတ်ဆွေ…သူစိတ်ညစ်နေတဲ့ အခါ သည့်အတွက် ​ကော်ဖီလေးတစ်ခွက် ဝယ်ပေးပြီး တကူးတကလာပို့ပေးတာ။

လက်ဆောင်တစ်ခုဆိုတာက “ကိုယ်ပြောချင်တာတွေ” ကို စကားမပြောပဲ ပစ္စည်းေလးကလည်း မျှဝေ​ေပး၊ ပြသပေးတာပါနော်။

~~~

🌸 Real Love

ကိုယ်တွေအများစုက “အချစ်ဆိုတာ တစ်သက်လုံး ပျော်ရွှင်ဖို့ဖြစ်တယ်” လို့ထင်တတ်ကြတယ်။

တကယ်တမ်း…Real love ဆိုတာ တည်ဆောက်ရတယ်၊ အချိန်ယူပေးပေးရတယ်။ ပျော်ရွှင်စရာတွေရော၊ ဝမ်းနည်းစရာတွေရော ပြည့်နှက်နေပါသေးတယ်။

💖 Real love ဆိုတာ

🌷 နားလည်ဖို့ ကြိုးစားပေးတယ်။
🌷 အပြစ်မရှာပဲ ကြင်နာပေးတယ်။
🌷 ရယူဖို့ထက် လိုအပ်နေတာကို ဖြည့်စည်းပေးတယ်။

ဒါကြောင့် ချစ်ခြင်းမေတ္တ္ာတရားဆိုတာ တဒင်္ဂခုန်သွားတဲ့ နှလုံးစီးချက်ဆိုတာထက် ပိုပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှု၊ ကြင်နာမှု၊ ပေးဆပ်မှုဆိုတာတွေနဲ့ တည်ဆောက်ထားတာပါ။

အဲ့လိုမျိုးတည်ဆောက်ဖို့လည်း ကိုယ့်အချင်းချင်းကြားမှာ သူ့ love language က ဘာလဲ ကိုယ်က သိအောင်လုပ်ထားပြီး သူ့ကို ချစ်ခြင်းပြတာ၊ ကိုယ် လိုချင်တဲ့ love language က ဘာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြပေးထားတာ လိုအပ်ပါတယ်နော်။

~~~

အများကြီးလည်း ဖတ်ပြီးသွားပြီဆိုေတာ့ နောက်ဆုံးလေးမှာ သီချင်းလေးတစ်ပုဒ်ထဲက စာသားလေး သတိရစေချင်ပါတယ်။

🎵 သီချင်းလေးက Love Language လို့ ခေါ်ပါတယ်၊ Crooked Colours ဆိုတဲ့ music band က ဆိုထားတာပါ🎶

“So speak your love language to me,
I understand just what you need…”

ဆိုတဲ့အတိုင်း ကိုယ့် love language ကလေးကို ပြောပြကြရအောင်နော်။

ဘယ်လိုပြောပြမလဲဆိုရင်…
comment လေးမှာပြောပြပေးသွားပါနော်။

ကိုယ် love language ကို ပြသစေချင်တဲ့သူ ရှိရင်ရင် comment မှာ mention သွားလို့လည်း ရပါတယ်။

ဒါမှမဟုတ်လည်း သူ့ကို ဒီ post လေး share ပြီး ကိုယ့် love language ကတော့ “ဒါပါနော်”လို့ သွားပြောလို့ ရပါတယ်။

ပြောပြီးရင် သူ့ အချစ်လက်ခံချင်တဲ့ သူ့ love language ကိုလည်း မေးပေးပါနော်။

“ ချစ်ခြင်း မေတ္တာတွေကို အသွားအပြန်ရှိပါစေနော်။”

~~~

❣️love language နဲ့ ပတ်သတ်တာ၊ Relationship, Attachment နဲ့ ဆိုင်တာ ေတွကို သိချင်သေးရင် Happy & Co Pageလေးကို like & follow လုပ်ထားနိုင်ပါတယ်နော်။

❣️ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ကိုယ့် love language ရှာတာ၊ ကိုယ့် ဆက်ဆံရေးကို အဆင်ပြေလာအောင်၊ ကောင်းမွန်လာအောင်၊ ပိုအဆင်ပြေလာအောင်၊ ပိုကောင်းမွန်လာအောင် လုပ်လို့ရနိုင်မယ့် အခွင့်အရေးလည်း ရှိမှာမို့ Happy and Co. Page ကို ဆက်ပြီး စောင့်မျှော်ပေးကြပါနော်။

❣️ ကိုယ့်မှာ Telelgram account လေးရှိရင်…Telegram channel လေးလည်း ရှိတယ်နော်။
Happy & Co. Telegram channel https://t.me/happyandco

❣️ဆွေးနွေးချင်တာလေးရှိသေးရင်လည်း comment မှာရေးသွားလို့ ရတယ်နော်။



References

Gordon, S. (2024, February 5). The 5 love languages: How to receive and express love. Verywell Mind. https://www.verywellmind.com/can-the-five-love-languages-help-your-relationship-4783538

Chapman, G. (1992). The Five Love Languages. Chicago: Northfield Publishing.

https://youtu.be/W92z8e1GdKI?si=BTA6MN_nw3J_TsXZ

The new album "Tomorrows", is out now - https://crookedcolours.lnk.to/TomorrowsIDDownload/Stream "Love Language" : https://CrookedColours.lnk.to/LoveLanguage...

ဟယ်လို ဟယ်လို…😍😍😍စိတ်လှုပ်ရှားစရာ သတင်းကောင်းလေး မျှဝေစရာရှိလို့ပါ…မနက်ဖြန် ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိဟာ World Mental Hea...
09/10/2025

ဟယ်လို ဟယ်လို…😍😍😍
စိတ်လှုပ်ရှားစရာ သတင်းကောင်းလေး
မျှဝေစရာရှိလို့ပါ…
မနက်ဖြန် ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိဟာ World Mental Health Day ကို ကိုယ်စားပြုလို့ Goethe Institut Myanmar ကနေ ကြီးမှူးကျင်းပ မယ့် အစီအစဉ်ကောင်းလေးတွေ မျိုးစုံနဲ့ ပြည့်နေတဲ့ နေ့ရက်လေးတွေပါ…
ဒီအစီအစဉ်လေးတွေထဲမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်း လှုပ်ရှားဆောင်ရွက်နေကြတဲ့ Happy&Co လို အဖွဲ့အစည်းတွေ အပြင် တခြားသောအဖွဲ့အစည်းတွေကလည်း မိမိတို့လုပ်ကိုင်နေကြတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကိုယ်ပိုင် booth လေးတွေနဲ့ ပြသသွားမှာဖြစ်လို့…လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်…ဒါ့အပြင် Happy&Co ရဲ့ တည်ထောင်သူဆရာမ ဒေါက်တာအေးချမ်းသန္တာထွဋ်ပါဝင်မယ့် အစီအစဉ်လေးကလည်း ၁၂ ရက်နေ့မှာ ရှိပါဦးမယ်။ ဒီအစီအစဉ်ကိုလည်း တက်ရောက်နိုင်ပါသေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်နောိ…မနက်ဖြန်ဆုံကြရအောင်နော်…

မင်္ဂလာပါရှင်🕯️🌕အလင်းရောင်ဖြင့်ပြည့်နှက်နေသော သီတင်းကျွတ်ပွဲတော် ဒီအချိန်မှာ —စိတ်ခံစားမှုတွေကို နားလည်ခြင်း၊အသိ သတိရှိခ...
06/10/2025

မင်္ဂလာပါရှင်🕯️🌕
အလင်းရောင်ဖြင့်ပြည့်နှက်နေသော သီတင်းကျွတ်ပွဲတော် ဒီအချိန်မှာ —
စိတ်ခံစားမှုတွေကို နားလည်ခြင်း၊
အသိ သတိရှိခြင်း၊
ကျန်းမာရေးကို ဂရုစိုက်ခြင်းနဲ့
အချင်းချင်းကြင်နာမေတ္တာထားမှုတို့က
Happy & Co. ရဲ့ ချစ်ရသောသူငယ်ချင်းများဘဝလမ်းကြောင်းကို အလင်းဖြစ်ပါစေ။
အတိတ်ဝမ်းနည်းမှုတွေကို ဖြေလျော့နိုင်ပါစေ၊
ကိုယ်ကိုယ်တိုင်နဲ့ သူများကို ငြိမ်အေးလွတ်မြောက်စေပြီး၊
ယခု ပစ္စုပ္ပန်အခိုက်အတန့်မှာ တည်ငြိမ်မှုကို ရှာဖွေတွေ့ရှိနိုင်ပါစေ။
သီတင်းကျွတ်မှာ ဒါလေး remind လုပ်ပါရစေရှင်—
🕊️ Healing ဆိုတာဖြစ်နိုင်ပါတယ်။
💛 ချစ်ရတဲ့သူငယ်ချင်းတို့ တစ်ယောက်ထဲမဟုတ်ပါဘူးနော်။
🌿 သူငယ်ချင်းတို့ရှိနေခြင်းဟာ ဒီကမ္ဘာအတွက် အဖိုးတန်ပါတယ်။
မြန်မာနိုင်ငံအနှံ့ အေးချမ်းသောစိတ်နှလုံးနဲ့
မေတ္တာဖြင့် ပြည့်စုံပါစေ။

မေတ္တာဖြင့် 💖💖💖
Happy & Co. အဖွဲ့သားများ


.

💖💖💖  reminder
03/10/2025

💖💖💖
reminder

🌿အရင်တစ်ခေါက်က ပြောသွားတာလေးမှာ Internalizer ဖြစ်ဖြစ်၊ Externalizer ဖြစ်ဖြစ် ကိုယ်တွေ ဘယ်လိုလုပ်လို့ရမလဲဆိုတာ ပြောပြပေးမ...
01/10/2025

🌿အရင်တစ်ခေါက်က ပြောသွားတာလေးမှာ Internalizer ဖြစ်ဖြစ်၊ Externalizer ဖြစ်ဖြစ် ကိုယ်တွေ ဘယ်လိုလုပ်လို့ရမလဲဆိုတာ ပြောပြပေးမယ် ပြောတယ်နော်။

🌿ခုပြောပြပေးမယ့် အရာလေးက ကိုယ်တွေ စိတ်ကလေးကို ဘယ်လိုထားရမလဲ ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။

🌿ခုစာ​ကလေးကို ဖတ်နေတဲ့ သူတွေကိုယ်တိုင်မှာ ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေလည်း ရှိရင်ရှိနိုင်ပါတယ်။ ကိုယ်တွေရဲ့ နည်းလမ်းတွေက ဘာတွေလဲ ဆိုတာ ဒီစာလေး မဖတ်ခင် ကြိုတင်တွေးပေးပါနော်။

🌿ပြီးတော့ စာက “ဒါပြောတယ်၊ ဒါတွေကို ငါ မရမနေလုပ်လုပ်တာ ဆိုပြီး တွန်းအားပေးတာ” ထက်စာရင်… “စာကိုဖတ်၊ ကိုယ့်ဘာသာ ပြန်တွေးကြည့်၊ ဒါမျိုးက ငါတကယ်လုပ်နိုင်မလား” ဆိုတာလေးလည်း ဖြည်းဖြည်းချင်း မေးကြည့်ပါနော်။

🌿ပြီးတော့ ဖြည်းဖြည်းချင်း “ကိုယ့်ဘဝ၊ ကိုယ့်စိတ်ထဲကို ခုစာထဲကပါတဲ့ အကြောင်းအရာေလး သွင်းမလဲ” ဆိုတာ သေချာစဥ်းစားကြည့်စေချင်ပါတယ်နော်။

~~~

🍂ခုပြောပြမယ်ဆိုတာလေးက
ကိုယ့်စိတ်ကလေးကို ခွဲထွက်ပြီး စောင့်ကြည့်ပေးကြည့်ရမှာပါ။ ဒီမှာ ခွဲထွက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ ပြောပြပေးမယ်နော်။

🍂ကိုယ့်ရဲ့ မိဘအုပ်ထိန်းသူတွေထဲက တစ်ဦးတစ်ယောက် (သို့) နှစ်ဦးစလုံးက စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တဲ့ မိဘမျိုး ဖြစ်ကောင်းဖြစ်ခဲ့နိုင်တယ်။

🍂အဲဒီလို မိဘတွေကို ကြည့်ပြီး…ကိုယ့်ကလေးဘဝတုန်းက “မိဘက အမြဲချစ်တတ်၊ နားလည်တတ်တဲ့သူ ဖြစ်မယ်” ဆိုတဲ့ အမြင်တစ်ခု ဖြစ်ခဲ့နိုင်တယ်။

🍂ဒါေပမဲ့ ဒါက ကိုယ်စိတ်သက်သာဖို့ အတွက် healing fantasy ဆိုတာေလး တွေးတာ ဖြစ်ခဲ့တယ်။

🍂ကိုယ့်လက်တွေ့မှာလည်း ကိုယ်ဖြစ်ချင် တယ်ဆိုတာတွေက မဖြစ်လာခဲ့ဘူး။

🍂ဒါကြောင့် အခုအချိန်မှာ ကိုယ်တွေလုပ်နိုင်တဲ့ အရာကတော့ ကိုယ့်မိဘကို အပြောင်းအလဲ မလုပ်လည်းဘဲ… “ကိုယ့်ကိုယ်အမှန်အတိုင်း နေထိုင်တတ်သွားခြင်းပဲ” ဖြစ်တယ်။

🍂ကိုယ့်မိဘတွေကို မပြောင်းလဲနိုင်ဘူး။ ဟုတ်တယ်။ ဒါပေမဲ့ “ငါ့ကိုယ်ငါတော့ ပြောင်းလဲနိုင်တယ်။” ဒါမျို​းလေး တွေးကြည့်စေချင်ပါတယ်နော်။

~~~

ခွဲထွက်ပြီး စောင့်ကြည့်တတ်ခြင်း (Detached Observation)

🍀 ဒီအကြောင်းအသေးစိတ် ပြောပြရမယ်ဆိုရင်…စိတ်မရင့်ကျက်ဘူးဆိုတဲ့သူတွေနဲ့ အပြန်အလှန် ဆက်ဆံတဲ့အချိန်မှာ…ကိုယ့်စိတ်ထဲ လုံးဝ သက်သောင့်သက်သာနဲ့ စိတ်အေးအေး၊ စဉ်းစားနိုင်တဲ့နေရာ မှ ဆောင်ရွက်ဖို့ လိုတယ်။ ကိုယ်က စိတ်အဆင်မပြေဘဲနဲ့ ဆက်ဆံမရရင် ပြဿနာကြီးကြီးတက်သွားတာမျိုး ဖြစ်လေ့ရှိတယ်။

🍀ဒါေကြာင့် ကိုယ့်စိတ်က အဆွခံရပြီဆိုတာ သိရင်… ပထမဆုံး ကိုယ့်ကိုယ်ကို တည်ငြိမ်စေကြည့်ပါ။

🍀အသက်ရှူသွင်းရှူထုတ်ဖြေးဖြေးလုပ်ပြီးစိုးရိမ်ပူပန်နေတဲ့အခါဖြစ်တတ်တဲ့ တင်းနေတဲ့ကြွက်သားတွေကို လျှော့ချပေးပါနော်၊ ပြီးတော့ ဖြည်းဖြည်းချင်း ပြန်အနားပေးပါ။

🍀ကိုယ့် စိတ်ချမ်းသာစေမယ့် ပုံရိပ်တစ်ခုကို စိတ်ထဲမှာ ရွေးယူပါ (ဥပမာ - အလင်းရောင်၊အလင်းပြည့်တဲ့ ကမ်းခြေ၊ သစ်တောထဲ စိမ့်
ဝင်လာတဲ့ နံနက်ခင်းရနံ့……)

~~~

🍁စိတ်ကလေး ငြိမ်လာရင် ေနာက်တစ်ဆင့်က…စောင့်ကြည့်သူအဖြစ် ကြည့်ကြည့်ရအောင်နော်။

🍁ငါက “လေ့လာနေတဲ့ သိပ္ပံပညာရှင်တစ်ဦး” ဖြစ်တယ်။ ခုလေ့လာကြည့်မယ်။ လေ့လာရမယ့်သူက ခု ငါ့စိတ်ကို ဆွနေတဲ့သူဖြစ်တယ်။

📌သူတို့ကို စူးစမ်းကြည့်ရာမှာ…
သူတို့ရဲ့ မျက်နှာ၊ မျက်လုံးအမြင်ကို ဘယ်စကားနဲ့ဖော်ပြနိုင်မလဲ?

📌ခန္ဓာကိုယ်ကို ကြည့်ရတာ ဘာပြောပြနေသလဲ?

📌အသံထွက်က အေးချမ်းသလား၊ တင်းေနသလား?

📌ကိုယ် သူနဲ့ ဆက်ဆံချိန် ဘယ်လိုလေးတုံ့ပြန်မိတာလဲ?

~~~

ပြီးတော့… ကိုယ့်ရဲ့ Healing Fantasy ကို သတိထားပါ

🦋 စောင့်ကြည့်နေတုန်း ကိုယ့်စိတ်ထဲ “စိတ်မကောင်းသွားတယ်၊ စိုးရိမ်ပူပန်သွားတယ်” ဆိုရင် ဒါဟာ “healing fantasy” ပြန်အလုပ်လုပ်နေတာပါ။

🦋ဒါဘာလဲဆိုရင်…“သူတို့က ငါ့ကို နားလည်ပေးမှ အဆင်ပြေမယ်” ဆိုတဲ့ အထင်အမြင်ထဲ ပြန်ကျသွားတာပါ။

🦋ဒါပေမဲ့လေ…အဆင်ပြေဖို့ဆိုတာ..
အခြားသူအပေါ် မူတည်စရာမလိုဘဲ ကိုယ်တိုင် စိတ်ကို သဘောပေါက်နားလည်ရင် အဆင်ပြေနိုင်ပါတယ်နော်…

~~~

အတိုခြုံပြောရင်…

👉 တခြားသူဘက်က ပြောင်းလဲပေးဖို့ စောင့်ဖို့ မလိုပါဘူး။

👉 ကိုယ့် စိတ်ကို အေးအေးချမ်းချမ်း ထားပြီး သုတေသနလုပ်သူတစ်ယောက်လို စောင့်ကြည့် ကြည့်မယ်။

👉 ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာလွတ်လပ်မှု (emotional freedom) ရရှိဖို့ “ကိုယ်တိုင်” လုပ်ဆောင်နိုင်ပါတယ်။

~~~

❣️ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်နော်။
နောက်တစ်ခါတော့ ကိုယ်ရဲ့ စိတ်ကလေးကို အပြင်က နာကျင်ရအောင်လုပ်လည်း ကိုယ့်ဘက်က ဘာလုပ်နိုင်တယ်ဆိုတာကို “The Maturity Awareness Approach” (ရင့်ကျက်မှု သိပြီးသွားတတ်ခြင်း ပုံစံလေး) ကို ထပ်ပြောပြပါတယ်နော်။

❣️ဒီအကြောင်းလေးသိချင်မိရင် Happy & Co. Page လေးကို like & follow လုပ်ပြီး ဆက် ဖတ်ရှုနိုင်ပါတယ်နော်။

❣️ဆွေးနွေးချင်တာလေးရှိရင်လည်း comment မှာရေးသွားလို့ ရတယ်နော်။





Reference
Gibson, L. C. (2015). Adult Children of Emotionally Immature Parents: How to Heal from Distant, Rejecting, or Self-Involved Parents.

💖💖💖
29/09/2025

💖💖💖

💖အရင် တစ်ခေါက်က role-self အကြောင်းလေး ပိုပြောပြမယ် ပြောတယ်နော်။ 💖သူ့ အကြောင်းပိုပြောပြမယ်…ဆိုတာက “သူ ပုံစံလေးဖြစ်ပြီး ဘယ...
27/09/2025

💖အရင် တစ်ခေါက်က role-self အကြောင်းလေး ပိုပြောပြမယ် ပြောတယ်နော်။

💖သူ့ အကြောင်းပိုပြောပြမယ်…ဆိုတာက “သူ ပုံစံလေးဖြစ်ပြီး ဘယ်လို အဆင်ပြေအောင် ကြိုးစားတယ်” ဆိုတာကို ပြောပြမှာပါနော်။

📌ဘယ်လို ကြိုးစားတာလဲဟင်။
ဘယ်လို ကြိုးစားလဲဆိုရင်…
(၂ )နည်းနဲ့ ကြိုးစားကြပါတယ်နော်။ အဲ့ (၂)မျိုးကို Internalizer နဲ့ Externalizer လို့ ခေါ်ပါတယ်။

📌ဒီနေ့မှာတော့…အဲ့ (၂)မျိုးထဲက Internalizer ဆိုတာကိုပဲ အရင်ပြောပြပေးပါမယ်နော်။
~~~

🍁အတွင်းထဲကို သွင်းလိုက်သူ (Internalizer) ဆိုတာ ဘယ်လိုမျိုးပုံစံလဲ။

🍁သူက ဘယ်လိုပုံစံလေးလဲ ဆိုရင်…
အကြောင်းအရာတိုင်းကို ကိုယ့်အတွင်းမှာ ပြန်စဉ်းစားပြီး ဖြေရှင်းတတ်သူတွေပါနော်။ ဘယ်လို အတွင်းကို စဥ်းစားတာ ပြောတာလဲ။ ပြောပြမယ်နော်…ဘယ်လိုလဲဆိုတာ…

~~~

📌ဥပမာ…
အမှားတစ်ခုခု ဖြစ်သွားရင်…
သူတို့တွေက
“ဒီလိုမဖြစ်အောင် နောက်တစ်ခါ ငါ ပိုကြိုးစားရမယ်” လို့ ကိုယ့်ကိုယ်ကို ပြန်ပြောတတ်ကြပါတယ်။

📌အင်း…ဖတ်ရတာ reflection လုပ်တာကို ပြောတာနဲ့တူတယ်……
Yes…reflection လုပ်တာဟုတ်ပါတယ်။ ဒါပေမဲ့ ရိုးရိုး reflection လုပ်တာနဲ့ ဘာကွာခြားလဲ ဆိုရင်… “သူလေးက လိုအပ်တာထက်ပိုလုပ်ပါတယ်။ ပြောရရင် အစွန်းရောက်ပြီးလုပ်တာပါ။”

📌သူတို့မှာဆိုရင်…
ကိုယ့်ကိုယ်ကိုပြန် အားပေးနိုင်ကြတယ်။ ကိုယ့်ကိုယ်ကို ပြန်အားယူနိုင်ကြတယ်။

📌ဒါပေမဲ့ အဲ့ဒီအားယူတာက တစ်ဖက်စွန်းရောက်ပြီး “ငါမလုံလောက်ဘူး၊ ငါမလုံလောက်ဘူး” ဆိုပြီး ထပ်ခါတလဲလဲ တွေးတတ်ကြပါတယ်။ စိုးရိမ်တတ်တယ်။

📌တစ်ခါတစ်လေ ဘာဖြစ်ဖြစ်… “ငါလုပ်ရမှာ၊ ငါ့ အမှား ငါပြင်ရမှာ” ဆိုတာနဲ့ “အမြဲတမ်းပဲ မှားနေတာပဲ” ဆိုတဲ့ အသံနှစ်ခုက ရောယှက်နေတတ်ကြပါတယ်။

~~~

🫆ပြီးတော့ သူတို့လေးက နောက်ဘာထပ်လုပ်တတ်လဲ ဆိုရင် အတွေးတွေအများကြီး တွေးတတ်တယ်။

🫆တစ်ခါတစ်လေမှာ လိုအပ်ချက် ပိုတွေးတာလည်း ဖြစ်နိုင်တယ်။ အတွေးလွန်သွားတယ် ဆိုတာမျိုးလေးပေါ့။

~~~

🍀Internalizer တွေကသူတို့က ကိုယ့်ကိုယ်ကိုအမြဲ ပြန်ဆန်းစစ်တဲ့ အတွက် အမှားဖြစ်သွားရင် အဲ့အမှားကို သင်ခန်းစာအဖြစ် ပြန်ယူတတ်ကြတယ်။ ဒါကြောင့်လည်း အရမ်းတိုးတက်မြန်ကြတယ်။

~~~

🍁သူတို့လေးတွေဟာ တာဝန်ယူချင်စိတ် အရမ်းပြင်းတတ်ကြတယ်။ ဥပမာဆိုရင်…မောင်နှမတွေ ရှိတယ်။ အားလုံး အမှားတစ်ခုကို တူတူလုပ်သွားမိတယ်။ ခွက်တစ်ခု ခွဲ​လိုက်တယ် ဆိုပါတော့။ မိဘတွေ လာဆူတယ်။ ဒါဆို Internalizer လေးက ရှေ့ထွက်ပြီး သူလုပ်တာလို့ ခေါင်းခံလိုက်တယ်။

🍁မိသားစုမှာ ပြသာနာဖြစ်တယ် ဆိုလည်း ကျန်တဲ့ မောင်နှမတွေထက် Internalizer လေးတွေက အရင်လှုပ်ရှားကြတယ်။ တခြားသူတွေ ဘာမှ မလုပ်ဘူး ဆိုရင် သူတို့လေးတွေက ပိုလုပ်တတ်ကြတယ်။

🍁ပြီးတော့ သူတို့ဟာ အခြားသူအတွက် အလွန်အကျွံ လုပ်ပေးတတ်ကြတယ်၊ ဒါပေမဲ့ အဲ့လုပ်ပေးမှုကြောင့်ပဲ သူတို့ဘာသာ burnout ဖြစ်ကြတယ်။ ပေးနိုင်တဲ့ စွမ်းအင်ထက် ပိုပေးနေတာလည်း သူတို့ကိုယ်တိုင်သိနေကြတယ်။ ဒါပေမဲ့လည်း…သိသိကြီးနဲ့လည်း ပေးတတ်ကြတယ်။

~~~

🍂ပြီးတော့ သူတို့က ခံစားချက်တွေကို မျက်နှာကြည့်၊ အသံကြားတာနဲ့ သိနိုင်ကြတဲ့ သူတွေ ဖြစ်တယ်။ အဓိကက မိဘတွေရဲ့ စိတ်အခြေအနေကို အမြဲ အရိပ်တကြည့်ကြည့် ကြည့်ခဲ့ရတဲ့ အတွက် ကြီးပြင်းလာရင်လည်း အပြင်သူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း ကြည့်တတ်ကြတယ်။

🍂 ဒါပေမဲ့ တစ်ခါတစ်လေ… Internalizer လေးတွေက လိုအပ်တာထက် ခံစားချက်တွေ ဖတ်တတ်တာမျိုး​လည်း ဖြစ်တတ်ကြတယ်။

🍂လူတွေကို “တစ်ခါတစ်လေ ပြောနေတာနဲ့ တကယ် တွေးနေတာ၊ ခံစားတာ မတူဘူး” ဆိုပြီး သံသယ အရမ်းဖြစ်တာမျိုးလည်း ဖြစ်
တတ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ မယုံမကြည်ဖြစ်တာ၊ သံသယလွယ်တာမျိုး ဖြစ်တတ်ပါတယ်။

~~~

💖ဆိုတော့ အများကြီးပြောနေတာ…ကိုယ်က Internalizer ဖြစ်ရင်ရော ဘာဆက်လုပ်မလဲ လို့လည်း သိချင်နေမှာပေါ့နော်။

~~~

ကိုယ်က Internalizer ဖြစ်တယ်ဆိုရင်…

🍀ကိုယ် အတွေးတွေအများကြီး တွေးဖြစ်လာရင်… အဲဒါကို ကိုယ့်ကိုယ်က်ု မဟုတ်ဘဲ စိတ်ထဲက နောက်တစ်မျိုးက ပြောနေတာလို့ ကြည့်ကြည့်လို့ရတယ်။

🍀“အခန်းဖော်” ဆိုတာလေး ရင်းနှီးကြလားမသိဘူး။ ကိုယ်နဲ့ တစ်ခန်းထဲ စားအတူ၊ အိပ်အတူ၊ နေရတာ လုပ်ကြတဲ့ သူလေးပေါ့။ အဲ့ အတွေးတွေလာရင်လည်း “ဪ၊ အခန်းဖော်လေး ရောက်လာပြီ၊ သူပြောချင်တာ ပြောတော့မယ်” ဆိုတာ​မျိုးလေး ကြည့်ကြည့်နော်။

~~~

🍀ပြီးတော့ ကိုယ့်ကိုယ်ကို reflect လုပ်တယ်ဆိုရင် အလွန်အကျွံမဖြစ်စေဖို့ သတိထားရမယ်။ ပြောရရင် “ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ရတယ်။ အပြစ်ကလေးတော့ မတင်ပါနဲ့နော်။”

~~~

🍀ကိုယ့် အတွင်း လေးကိုလည်း ကြည့်ကြည့် လို့ရပါတယ်။

🍀ဘယ်လိုကြည့်ရမလဲဆိုရင်…
တရားခွင်တွေမှာလေ တရားသူကြီး တရားလို တရားခံ အပြင် တခြားအပြင်က ကြည့်ကြတဲ့ သူမျိုးတွေ ရှိကြတယ်။ သူတို့လုပ်နေတာက Witness လုပ်နေကြ ဖြစ်တယ်။

🍀Internalizer လေးတွေ…စိတ်ကို ကြည့်ကြရင်လည်း အတွေးတွေ၊ ခံစားချက်တွေကို ကိုယ့်အတွင်းက “ကြည့်နေသူ” အဖြစ် ကြည့်ကြည့်ပါနော်။

🍀“ဘာဖြစ်နေတာလဲ၊
ဘာတွေ ဝေဖန်နေတာလဲ၊
ဘာပြသာနာ ဖြစ်သွားတာလဲ၊
ဘာကြိုးစားရမယ်လို့…”
ဆိုပြီး တတွတ်တွတ်ပြောနေတာကို ဒီတိုင်းလေး နားထောင်နိုင်အောင်၊ ကြည့်နိုင်အောင် လုပ်ကြည့်လို့ ရပါတယ်နော်။

~~~

🍀ပြီးတော့ ကိုယ့်စိတ်ထဲကနေအတိုင်းထက်အလွန်ဖြစ်နေတဲ့ ကိုယ့်ဘာသာ အပြစ်တင်တာတွေ (guilt) နဲ့ ကိုယ့်ကို burnout ဆိုတာမျိုး ဖြစ်စေတဲ့ တာဝန်ယူမှုများကို အလွန်အကျွံ လုပ်နေလား ဆန်းစစ်ကြည့်နော်။ ကိုယ့်အနေနဲ့ “လျော့လို့ရမယ်” ဆို ဖြည်းဖြည်းချင်း လျော့ကြည့်ပါနော်။

~~~

💝ဒါဆို ဖတ်ရှုကြတဲ့ သူတွေမှာ Internalizer လေးတွေ ပါကြလားဟင်။

💝Internalizer လေးတွေ လုပ်တတ်ကြတယ်ဆိုတာကို ကိုယ်တွေရော လုပ်မိတတ်ကြလားဟင်။

💝ဒါမှမဟုတ် Internalizer လေးတွေကို ဘေးပတ်ဝန်းကျင်မှာ တွေ့ဖူးကြလားဟင်။

💝ဒီနေ့ကတော့ ဒီလောက်ပါပဲနော်။ နောက်တစ်ခါမှ Externalizer လေး အကြောင်းပြောပြပေးမှာနော်။

~~~

❣️ဒီအကြောင်းလေးသိချင်မိရင် Happy & Co. Page လေးကို like & follow လုပ်ပြီး ဆက် ဖတ်ရှုနိုင်ပါတယ်နော်။

❣️ဆွေးနွေးချင်တာလေးရှိရင်လည်း comment မှာရေးသွားလို့ ရတယ်နော်။




Reference
Gibson, L. C. (2015). Adult Children of Emotionally Immature Parents: How to Heal from Distant, Rejecting, or Self-Involved Parents.

💖💖💖
26/09/2025

💖💖💖

“ဖန်ခွက်နီလေးလို ဖြစ်ဖူးလားဟင်…”🌿အရင်တစ်ခေါက်လေးမှာ “Healing fantasy, true self, role-self” ဆိုတာလေးတွေ ပြောပြခဲ့တယ်နော်...
23/09/2025

“ဖန်ခွက်နီလေးလို ဖြစ်ဖူးလားဟင်…”

🌿အရင်တစ်ခေါက်လေးမှာ “Healing fantasy, true self, role-self” ဆိုတာလေးတွေ ပြောပြခဲ့တယ်နော်။

🌿ကိုယ့်မှာရှိတဲ့ “healing fantasy” တစ်ခုဖြစ်ဖြစ်တွေးမိကြလားဟင်။

🌿ခု ဒီစာလေး မဖတ်ခင်လည်း တစ်ချက်လေး တွေးကြည့်ကြပါနော်။

~~~

(‼️ခု ရေးထားတာလေးကို မဖတ်ခင် Trigger Warning လေးအရင်ပြောပြထားချင်ပါတယ်။ အကြောင်းအရာလေး​က ဖတ်ရင်း ကိုယ်နဲ့ တိုက်ဆိုင်တာမျိုး ကြုံကောင်း ကြုံနိုင်ပါတယ်။ အဲလို တိုက်ဆိုင်ခဲ့ပြီး အသက်ရှုမြန်လာတာ၊ စိတ်တွေ အရမ်း လှုပ်ရှားတာမျိုးလေး ဖြစ်ခဲ့ရင်လေ စာဖတ်နေတာလေး ရပ်ပေးပါနော်။ အသက်ကလေးကို ခဏလောက်ပြန်ရှုကြည့်ပါနော်။ စိတ်ကလေးက လှုပ်ရှားနေတုန်း၊ တစ်ခုခု ဖြေရှင်းဖို့လိုနေတယ် အကူအညီလိုတယ်ဆိုရင်လည်း Happy & Co. ကိုဆက်သွယ်နိုင်ပါတယ်နော်)

~~~

🍀“အကယ်၍ ငါသာ ▪︎▪︎▪︎▪︎ လုပ်ရင် ငါ လိုချင်တဲ့ ပျော်ရွှင်မှုရမှာ…။”

🍀 ကွက်လပ်လေးမှာ ဘာတွေ ပေါ်လာလဲဟင်။ ပေါ်လာတဲ့ အတွေးလေးကို တွေးရင်း…ဒီနေ့ပြောပြမယ့် role-self ဆိုတာ တူတူစဥ်းစားကြည့်ကြမယ်နော်။

~~~

💖“Role-self” ဆိုတာ ကိုယ်ပုံစံစစ်ကရင်ခွဲထွက်သွားတဲ့ အပိုင်းလေးတွေ ပါနော်။ ဒါလေးကို…ပုံပြင်လေးနဲ့ တစ်ပုဒ်နဲ့ ရှင်းပြမယ်နော်။

~~~
🌕ဖန်ခွက် အသစ်လေး တစ်လုံးရှိတယ်တဲ့။ သူ့ အရောင်လေးက အနီတဲ့။

🌕ဖန်ခွက်အနီလေးက စားပွဲလေးပေါ်မှာ ရှိနေတယ်တဲ့။ ​သူ့ဘေးနားမှာ ဖန်ခွက်ပြာလေးလည်းရှိတယ်။ သူတို့ နှစ်ယောက်ရှိကြတယ်။ နှစ်ယောက်က စကားတော့ မပြောဖြစ်ကြဘူး။ ဒီတိုင်းပဲ “သူလည်းသူ၊ ငါလည်း ငါနေကြတယ်” တဲ့။

🌖ဒီလိုနဲ့…လူတွေရေသောက်ဖို့ လာကြတယ်။ လူတွေက ရေ သောက်ကြတော့ ဖန်ခွက်ပြာလေးကိုပဲ သုံးကြသတဲ့။

🌖လူတစ်ချို့ကတွေးတယ်၊ “ဖန်ခွက်ကြီးက နီနီကြီး၊ မသောက်ချင်ပါဘူး အေ”၊ တစ်ချို့ကလည်း “အပြာလေး ကြိုက်တယ်၊ အပြာလေးပဲရွေးလိုက်မယ်”၊ စတာစတာတွေနဲ့… ဖန်ခွက်နီလေးကို ဘယ်သူမှ မသုံးကြဘူး။

🌗အဲဒါကြောင့် ဖန်ခွက်နီလေးက ဝမ်းနည်းလာတယ်။ “ငါသာ အနီရောင်မဟုတ်ရင် ကောင်းမှာပဲ။” ဆိုပြီး စတွေးလာတယ်။ “ငါဟာ အပြာလေး ဖြစ်နေရင် လူတွေ ချစ်ကြမှာ၊ ငါ့ကိုလည်း သုံးကြမှာ။” ဆိုပြီးလည်း ဆက်တွေးလာတယ်။

🌗“ငါ အပြာဖြစ်အောင် ဘာလုပ်ရမလဲ။” ဆိုတဲ့ မေးခွန်းကို သူအကြာကြီး စဥ်းစားတယ်။

🌗စဥ်းစားရင် စဥ်းစားရင်း…အဲ့နားက စားပွဲပုလေးမှာ အပြာရောင် ကော်ဘူးလေးကို တွေ့သွားတယ်ဆိုပဲ။ အဲဒါနဲ့ ဖန်ခွက်နီလေးက တွေးတယ်၊ “အပြာရောင် ကော်ဘူးထဲက ကော်တွေလည်း ပြာမှာပဲ။
ငါ တကယ်လို့ ကွဲသွားရင်…ပိုင်ရှင်က ငါ့ကို ပြန်ဆက်ဖို့ လုပ်မှာပဲ။
ဒါဆို ငါက ပြာသွားမယ်။ ဒါဆို လူတွေလည်း ငါ့ကို ချစ်လာမယ်။” ဆိုပြီး အကြံပေါ်လာတယ်တဲ့။ တကယ်တော့ ကော်ဘူးထဲက ကော်တွေက အဖြူတဲ့။

🌗ဒါပေမဲ့…ဖန်ခွက်နီလေးက သူ့အတွေးနဲ့ သူပါပဲ။ သူ ဘာလုပ်ချင်တာလည်း ဆက်တွေးတယ်။ သူ ဆုံးဖြတ်ချက်လည်း ချလိုက်တယ်။

🌘အဲဒါနဲ့ ဖန်ခွက်လေးက ဘာလုပ်လဲ ဆိုရင်…
စားပွဲပေါ်က ခုန်ချလိုက်တယ်တဲ့။ ခုန်ချတဲ့ အချိန်မှာ သူကြောက်နေတယ်။ လေထဲမှာ မျောရင်း တုန်နေတယ်။ ဒါပေမဲ့ “ငါပျော်ရမယ်၊ ငါပျော်ရမယ်” ဆိုတာက သူ့ကို ပြန်ပြောနေတယ်။

🌘အဲဒါနဲ့…ကြမ်းပြင်ပေါ် ကျသွားတယ်။ ကြမ်းပြင်ရဲ့ အအေး၊ မာကျောတာတွေကို သူခံစားလိုက်ရတယ်။ သူ့တစ်ခုလုံးလည်း နာကျင်နေတယ်။ သူကွဲကြေသွားပြီကိုး။ သူ့စိတ်ထဲမှာ “ငါပျော်ရွှင်ရတော့မယ်” ဆိုတာ ဆက်တိုက်ရေရွတ်နေသတဲ့။

🌘ဖန်ကွဲစလေးတွေ…ကြမ်းပြင်ပေါ်မှာ တစ်စစီ ပြန့်ကြဲနေသတဲ့။ ကြည့်လိုက်တာနဲ့ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဖန်ခွက်တစ်ခွက်အနေနဲ့ … ဖန်ခွက်နီလေးကတော့ “သူလိုချင်တာ သူရတော့မယ်” ဆိုပြီး ပျော်နေသတဲ့။

🌘အဲဒီ့ အချိန်မှာ…
ပိုင်ရှင် ရောက်တယ်။ ဖန်ခွက်ကွဲစတွေ ကြမ်းပြင်မှာ ပြန့်နေတာ တွေ့သွားတယ်။

🌑ဒါနဲ့ ချက်ချင်းပဲ…
“ဖန်ခွက် ကွဲနေတယ်လေ၊ အငယ်လေး တိုက်ခွဲတာ တူတယ်၊ ကျုံးပြီး အမှိုက်ပုံး ထဲ ပစ်လိုက်မယ်” ဆိုပြီး ဖန်ခွက်နီ အကွဲလေးတွေကို အမှိုက်ပုံး ထဲ ပစ်လိုက်တယ်တဲ့။

~~~

🍁ပုံပြင်လေးကတော့ ဒါပါပဲနော်။ ပုံပြင်လေး ဖတ်ပြီး ဘာမြင်လိုက်ရလဲဟင်။ ဘာခံစားလိုက်ရလဲ……..။

🍁ဖန်ခွက်နီလေးလို ကိုယ်တွေ
“ငါသာ ဒါဖြစ်ရင်…
ငါပျော်ရွှင်ရမှာ၊
စိတ် ငြိမ်းချမ်းရမှာ၊
အချစ်ခံရမှာ”...
ဒါမျိုးလေးတွေ တွေးဖြစ်ကြလားဟင်။

🍁ဖန်ခွက်နီလေးက
“ကိုယ့် အနီရောင်လေးကို ပတ်ဝန်းကျင်က လက်ခံပေး ဆိုပြီးရော၊
ငါ့ကို သူများက အသိအမှတ်ပြုပေးမယ့် အရာ ဖြစ်​ချင်တယ်။” ဆိုပြီး လိုအင်ဆန္ဒပေါ်သလို ကိုယ်တွေမှာ ပေါ်ဖူးကြလားဟင်။

🍁“ငါ့ ကိုယ်ငါ အစစ်အမှန်ဖြစ်တာထက် စာရင် သူများလက်ခံမယ့် အရာပဲ ဖြစ်အောင် ကြိုးစားမယ်” ဆိုပြီး ကိုယ့် အစစ်အမှန်လေးကို ငြင်းဆန်ဖူးကြလားဟင်။

🍁“ကော်ဘူးလေးက ကော်တွေက အပြာရောင် ဟုတ်တယ်” ဆိုပြီး မျှော်လင့်ချက်တွေ ထားသလို ကိုယ်တွေ ဘဝမှာလည်း
“သူကတော့ ဒါဖြစ်တယ်၊ သူလိုနေတာ ဒါဖြစ်တယ်လို့” ဆိုပြီး “ကိုယ့် လိုအပ်ချက်ပေါ်
လိုက်ပြီး ပတ်ဝန်းကျင်က ဖြစ်နေရမယ်။ ဖြည့်ပေးနိုင်တယ်” ဆိုတာမျိုးရော တွေးဖူးကြလားဟင်။

🍁ပြီးတော့…“ငါက အပျက်အစီးခံပြီး ပျော်ရွှင်အောင် လုပ်မယ်” ဆိုတဲ့ ရွေးချယ်မှုမျိုးရော ရွေးခဲ့ဖူးလားဟင်။

🍁ကိုယ်က “နာကျင်နိုင်တယ် ဆိုတာ သိတယ်၊ ကွဲကြေသွားနိုင်တယ်”ဆိုတာ သိသိကြီးကြီးနဲ့ မီးပုံကြီးထဲ ခုန်ဆင်းလိုက်မယ်။
ဒါမျိုး တွေရော တွေးဖြစ်ကြလားဟင်။

🍁ကိုယ်တကယ် အဆင်မပြေလည်း သူများ အဆင်ပြေဖို့ရာ ရွေးချယ်မှုတွေ ပြုခဲ့ကြလားဟင်။

~~~

🌿အပေါ်က ပုံပြင်လေးကို ဖြည်းဖြည်းဖတ်ကြည့်ရင်း ​ပြန် ဆန်းစစ်ကြည့်နိုင်မယ့် မေးခွန်းလေးတွေ ဖတ်ရင်း ခု ဘယ်လို ခံစားရလဲနော်?။

🌿ကိုယ့် စိတ်ထဲမှာ သက်သောင့်သက်သာ မဖြစ်ရင် ခဏနားလို့ရတယ်နော်။ post လေးကို နောက်မှ ပြန်ဖတ်လို့ရတယ်နော်။ ကိုယ့် အတွက် စိတ်တွေ အရမ်းပင်ပန်းတယ်၊ လုံးဝ မဖတ်ချင်တော့ဘူး ဆိုလည်း ဘာမှ မဖြစ်ဘူးနော်။ ကိုယ့် အတွက် အဆင်ပြေမယ့် ရွေးချယ်မှုမျိုးကို လုပ်ပေးပါနော်။

🌿ကိုယ်က ကိုယ့်စိတ်ထဲက၊ ကိုယ့်အစစ်အမှန်အတွင်းက လိုချင်တာကို လျစ်လျူရှုပြီး ဆက်သွားကြည့်ရင် ကိုယ့်ရဲ့ “role-self” လေးက စကားပြောနေတာ ဖြစ်နိုင်ပါတယ်နော်။ အနားယူဖို့ လိုအပ်ရင် နားပေးပါနော်။

~~~

🍀ပုံပြင်လေးရဲ့ role-self လေး ဘယ်မှာလဲ။ ဆိုတာ ပြောပြမယ်နော်။

🍀သူလေး စပေါ်လာတာက…လူတွေက သူအစား ဖန်ခွက်ပြာလေးကို ရွေးလိုက်တဲ့ အချိန်မှာ စပေါ်လာတယ်။

🍀ပြီးတော့… "ငါသာ အပြာ​ဖြစ်ရင် ငါ ပျော်ရွှင်မယ်” ဆိုတဲ့ healing fantasy စတွေးတယ်။

🍀အဲ့ နောက်မှာ ဆက်ဖြစ်တဲ့ အတွေးတွေ…အဲ့ဒါတွေ အားလုံးက role-self က​ တွေးလိုက်တာတွေပါပဲ။

🍀သူရဲ့ ပုံစံကို ကြည့်ရင် “ငါ့ ကိုယ်ငါသာ အနစ်နာခံလိုက်ရင် လူတွေငါ့ကို သုံးလာမှာ” ဆိုတဲ့ ယုံကြည်ချက် (belief) ကို တွေ့နိုင်တယ်။

🍀အဲ့ ယုံကြည်ချက်ကြောင့်လည်း သူ့ဘာသာခွဲခဲ့တယ်။ နောက်ဆုံးမှာ…သူ ဖြစ်မယ်ထင်တာလည်း မဖြစ်ခဲ့ဘူး။

~~~

🍂ခု စာဖတ်နေတဲ့သူလေး တစ်ယောက်ချင်းစီမှာရော… အဲ့လို ယုံကြည်ချက်မျိုးဖြစ်ဖူးကြလားဟင်။

🍂ဖန်ခွက်နီလေးလို ကိုယ့်ဘာသာရော ခွဲဖို့ ကြိုးစားခဲ့ကြလားဟင်။

🍂ကြိုးစားခဲ့ကြရင် “ခုကိုယ့်မှာ ကွဲကြေခဲ့တယ်” ဆိုတဲ့ အပိုင်းလေးတွေ၊ စိတ်ဒဏ်ရာလေးတွေရော သတိထားမိကြလားဟင်။

~~~

🍀ဒီနေ့ ဖတ်ဖြစ်ခဲ့တဲ့ ပုံပြင်လေးကို အချိန်သေချာယူပြီး ဖတ်ကြည့်ကြည့်ပါနော်။

🍀ဖန်ခွက်နီလေးရဲ့ ခံစားချက်လေးတွေကို နားလည်ဖို့ ကြိုးစားကြည့်ပါနော်။ ဝေဖန်မှုမလုပ်ပဲ သိချင်စိတ်လေးနဲ့ ပဲ ကြည့်ပေးပါနော်။

🍀ပြီးတော့ ကိုယ့်အတွင်းက ဖြစ်တဲ့ခံစားချက်လေးတွေကိုလည်း
ပြန်ကြည့်ပေးပါနော်။ သိချင်စိတ်လေးနဲ့ ကြည့်ပေးပါနော်။

~~~

❣️နောက်တစ်ခါမှ role-self က ဘယ်လိုပုံစံမျိုးနဲ့ cope လုပ်တယ်၊ ပြန်လည် ထိန်းညှိဖို့ ကြိုးစားတယ်ဆိုတာကို ပြောပြပေးမယ်နော်။

❣️အဲဒါလေး သိရင် “ငါက ဘယ်လိုလုပ်နေတာလည်း” ဆိုတာ…ပိုပြီးအဖြေရမှာပါနော်။

❣️ဒီအကြောင်းလေးသိချင်မိရင် Happy & Co. Page လေးကို like & follow လုပ်ပြီး ဆက် ဖတ်ရှုနိုင်ပါတယ်နော်။

❣️ဆွေးနွေးချင်တာလေးရှိရင်လည်း comment မှာရေးသွားလို့ ရတယ်နော်။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Happy & Co. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Happy & Co.:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram