31/03/2025
သဘာ၀ဘေး (ငလျင်) အန္တရာယ် ကြုံတွေ့နေရသောသူများအတွက် လိုအပ်သော အရေးပေါ်အစားအစာများ
1️⃣ မပျက်စီးနိုင်သော တာရှည်ခံအစားအစာများ
● ဆန်၊ ဆီ၊ ဆား၊ ပဲမျိုးစုံ၊ ကြာဆံထုပ်၊ ခေါက်ဆွဲခြောက်ထုပ်၊ အာလူး၊ ကန်စွန်းဥ၊ ငါးခြောက်
2️⃣ မရှိမဖြစ်လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်၊ အသားဓာတ်၊ ကစီဓာတ်တို့ ပါဝင်သော အစားအစာများ
● ဆန်၊ ကောက်ညှင်းတို့ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ မရွေး၊ ဆန်ပြုတ်ထုပ်များ၊ ထမင်းခြောက်ကြော်၊ ကောက်ညှင်းခွက်ကြော်၊ ပဲပုပ်ခြောက်ကြော်၊ ပဲပုပ်ခြောက်ဖုတ်၊ ပဲပုပ်စေ့လှော်၊ ကုလားပဲအလုံးကြီး/အလုံးသေးလှော်၊ ပဲကြီးလှော်၊ ပဲလိပ်ပြာကြော်၊ ပဲနီပြားကြီး/ပဲကတ္တီပါကြော်၊ နတ်တော်ပဲကြော်၊ ဗိုလ်ကိတ်ပဲကြော်၊ မြေပဲလှော်/ကြော်၊ လက်ဖက်ပဲကြော်မျိုးစုံ၊ ငါးခြောက်ဖုတ်/ ကြော်၊ ပုစွန်ခြောက်ငံပြာရည်ကြော်၊ ငါးသေတ္တာဘူး၊ အခြားအသားငါး အသီးအရွက် စည်သွတ်ဘူးများ၊ ကြက်ဥဘဲဥငုံးဥပြုတ်များ၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ဂျူးမြစ်ကြော်
● ပြောင်း၊ ဂျုံတို့ဖြင့် ပြုလုပ်ထားသော ဘီစကွတ်များ
● မြေပဲ၊ နှမ်း၊ နေကြာစေ့တို့ဖြင့် ပြုလုပ်ထားသော မြေပဲယို/ မြေပဲကပ်/မြေပဲပျစ် ၊ နှမ်းယို/ နှမ်းကပ် / နှမ်းပျစ် စသည်တို့
● နေကြာစေ့လှော်၊ ဖရုံစေ့လှော်၊ မြေပဲလှော်၊ ဗာဒံစေ့၊ သစ်ကြားစေ့၊ သီဟိုဠ်စေ့၊ ဇီးသီးခြောက်၊ ဇီးယို၊ ဇီးဖျော်ရည်ပုလင်းများ၊ အသီးအစစ် စည်သွတ်ဖျော်ရည်များ၊ အသီးခြောက်မျိုးစုံ၊ ငှက်ပျောသီးအခြောက်၊ ငှက်ပျောသီးကြော် (Banana Chips)၊ ပရိုတင်းဘား (Protein Bars) ၊ စွမ်းအားဖြည့်အာဟာရဘား (Energy Bars)
3️⃣ ပေါ့ပါးကျစ်လစ်ပြီး ကိုယ်နှင့်အတူ သယ်သွားနိုင်သော အစားအစာများ
● ပရိုတင်းဘား ၊ စွမ်းအားဖြည့်အာဟာရဘား၊ အသီးခြောက်မျိုးစုံ၊ အစေ့အဆန်မျိုးစုံ၊ ဓာတ်ဆားရည်ထုပ် ( Protein Bars, Energy Bars, Fruit Bars, Multigrain crackers, mixed nuts and seeds, Electrolyte drink mix packs, Liquid IV hydration packs)
4️⃣ ပြင်ဆင်မှုအနည်းဆုံး လိုအပ်သော အစားအစာများ
● အသင့်စား အစားအသောက်များ၊ ချက်ပြုတ်စရာမလို ရေဖျော်စားနိုင်သောအစားအစာများ၊ အသားငါး အသီးအရွက်စည်သွတ်ဘူးများ၊ ငါးခြောက်ဖုတ်/ ကြော်၊ ပဲမျိုးစုံလှော်/ကြော်၊ မြေပဲလှော်/ကြော်၊ ကြက်ဥဘဲဥငုံးဥပြုတ်များ၊ ထမင်းခြောက်လှော် / ကြော်၊ ကောက်ညှင်းခွက်ကြော်၊ အသီးခြောက်မျိုးစုံ
5️⃣ သောက်ရေသန့်
6️⃣ ဓာတ်ဆားထုပ်များ၊ သကြားနှင့်ဆား (ဓာတ်ဆားရည်များ အရေးပေါ်ဖျော်ရန်)
7️⃣ နို့စို့အရွယ် ကလေးငယ်များအတွက် အာဟာရမှုန့် (မိခင်နို့လုံးဝမရနိုင်သည့် အခြေအနေတွင်သာ အသုံးပြုရန်)
________________________________________
Credit: CLL Health