Royal Specialist Clinic တော်၀င်အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Royal Specialist Clinic တော်၀င်အထူးကုဆေးခန်း

Royal Specialist Clinic တော်၀င်အထူးကုဆေးခန်း Royal Specialist Clinic is a long-established clinic located in the heart of Chinatown Yangon.

OPD services contains
General Physician
Gastroenterology
Pediatric
Psychiatry
Surgery
OG
Cardiology
Dermatology
ENT


Pharmacy ဆေးကောင်တာ
Laboratory ဓာတ်ခွဲခန်း
Chest X ray ရင်ဘတ်ဓာတ်မှန်
Ultrasound
Dental Clinic သွားဆေးခန်း

Royal Dental Clinic in Lanmadaw Township
04/03/2026

Royal Dental Clinic in Lanmadaw Township

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် Royal Medical Center ( လမ်းမတော်မြို့နယ်) တွင် အရည်အသွေးမြင့်မားသော ကုသမှုများ၊ ခေတ်မီတဲ့...
04/03/2026

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် Royal Medical Center ( လမ်းမတော်မြို့နယ်) တွင် အရည်အသွေးမြင့်မားသော ကုသမှုများ၊ ခေတ်မီတဲ့ ကိရိယာများနဲ့ အတွေ့အကြုံရှိ ဆရာဝန်ကြီးများမှ နေ့စဉ်ကြည့်ရှုကုသပေးနေပါသည်။

သင့်မိသားစုတစ်စုလုံးအတွက် သွားနဲ့ခံတွင်း ကုသမှုလိုအပ်တဲ့ အချိန်တွေမှာ တော်ဝင် သွားနဲ့ခံတွင်းဆေးခန်းသို့ လာရောက်ကုသနိုင်ပါတယ်ရှင်။ ကြိုတင်ရက်ချိန်း များလည်းယူနိုင်ပါတယ်။

🦷 Royal Medical Center
သွားနှင့် ခံတွင်းဆေးခန်း
✨ နေ့စဉ် ဖွင့်လှစ်သည်။
⏰ ဖွင့်ချိန် - နံနက် ၈း၃၀ မှ ညနေ ၆း၀၀ နာရီအထိ

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ် 📲09783944844

ဆေးခန်းလိပ်စာ🏥
တော်ဝင်အထူးကုဆေးခန်း
အမှတ်(၇၆၀) ၊မဟာ ဗန္ဓုလလမ်းမပေါ် (၁၅) လမ်းထိပ်၊ အလယ် ဘလောက် ၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။

#သွားဆေးခန်း #နေ့စဉ်ဖွင့်

ချစ်ခင်လေးစားရပါသော တော်ဝင်ဆေးခန်းမှ မိဘလူနာများအတွက် တော်ဝင်ဆေးခန်းမှ ကျီးပေါင်းရောဂါနဲ့ပါတ်သတ်ပြီးတော့ ဗဟုသုတလေးတွေနဲ့...
09/02/2026

ချစ်ခင်လေးစားရပါသော တော်ဝင်ဆေးခန်းမှ မိဘလူနာများအတွက် တော်ဝင်ဆေးခန်းမှ ကျီးပေါင်းရောဂါနဲ့ပါတ်သတ်ပြီးတော့ ဗဟုသုတလေးတွေနဲ့ ကျီးပေါင်းလက္ခဏာတွေ သက်သာဖို့ လေးကျင့်ခန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ကျီးပေါင်းရောဂါဆိုတာဘာလဲ။ ကျီးပေါင်းရောဂါသက်သာဖို့ ဘာတွေလုပ်ရမလဲ။

အသက်အရွယ်ရလာတဲ့အခါ လည်ပင်းအရိုးတွေမှာအရိုးအတက်လေးတွေထွက်လာလေ့ရှိတယ်။ လည်ပင်းကြွက်သားတွေ အားနည်းတဲ့အခါ ထိုအရိုးအတက်လေးတွေက အာရုံကြောလေးတွေကို ထိမိပြီး ဇက်ကြောအလွန်တက်တာ လက်ဖဝါး လက်ချောင်းထိပ်လေးတွေကျဉ်တာထုံတာတွေဖြစ်တတ်လေ့ရှိတယ်။ ထိုအာရုံကြောထောက်တာ သက်သာအောင် လည်ပင်းဘေးမှာရှိတဲ့ကြွက်သားတွေ သန်မာဖို့လိုအပ်တယ် ။ ထိုကြွက်သားတွေ သန်မာလာရင် လည်ပင်းကအရိုးတွေက တည့်တည့်မတ်မတ်နေတယ် ။ အဲ့အခါကျရင် အရိုးတွေက ဘေးကိုထောက်တာတွေ ယိုင်တာတွေနည်းလာမယ် ။ အဲ့အခါကျရင် ရောဂါလက္ခဏာတွေ သက်သာလာမယ် ။

လည်ပင်းကြွက်သားများ သန်မာလာအောင် လေ့ကျင့်ခန်း ၆ မျိုး လုပ်ရပါမယ်။

ကျန်းမာရေးဂရုစိုက်ခြင်းသည် အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါသည်။

🏥တော်ဝင်ဆေးခန်း
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ် 📲09783944844

ဆေးခန်းလိပ်စာ🏥
အမှတ်(၇၆၀) ၊မဟာ ဗန္ဓုလလမ်းမပေါ် (၁၅) လမ်းထိပ်၊ အလယ် ဘလောက် ၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။

21/01/2026

🙌သတင်းကောင်းလေးတစ်ခု ကြေညာချင်ပါတယ်ရှင်။

🏥တော်ဝင် အထူးကု ဆေးခန်းတွင်
ဒစ်ဂျစ်တယ် ဓာတ်မှန်ကို သင့်တင့်သော စျေးနှုန်းဖြင့် နေ့စဉ် မနက် ၇ နာရီမှ ည ၆ နာရီအတွင်း ပိတ်ရက်မရှိ အမြန်ရိုက်ကူးပေးနေပါပြီရှင်။

Digital Radiography ကို နည်းပညာမြင့်မားသော ဂျပန်နိုင်ငံထုတ်စက်များဖြစ်သည့်...
၁) 𝐒𝐡𝐢𝐦𝐚𝐝𝐳𝐮 𝐄𝐙𝐘 𝐏𝐫𝐨 (𝐉𝐚𝐩𝐚𝐧)
၂) 𝐂𝐚𝐧𝐨𝐧 𝐂𝐗𝐃𝐈-𝟕𝟎𝟐𝐂 𝐖𝐢𝐫𝐞𝐥𝐞𝐬𝐬 (𝐉𝐚𝐩𝐚𝐧)

တို့ကို အသုံးပြု၍ ဓာတ်မှန်များရိုက်ကူးပေးနေပါပြီ။

ဒစ်ဂျစ်တယ် ဓာတ်မှန်စက်၏ အားသာချက်များ

✅ ရလဒ်မြန်ဆန်‌သောကြောင့် ဓာတ်မှန်ပုံကို စက္ကန့်ပိုင်းအတွင်း ရယူနိုင်ခြင်း။
✅ ဓာတ်ရောင်ခြည်အန္တရာယ် နည်းပါးသဖြင့် လူနာအတွက် ပိုမိုစိတ်ချရခြင်း။
✅ ပုံအရည်အသွေး ကြည်လင် ပြတ်သား သောကြောင့် သေးငယ်သော ရောဂါများကိုပါ မြင်နိုင်ခြင်း။
✅ နိုင်ငံခြား ဆရာဝန်များအား e. Film ကူးယူပြီး အကြံဉာဏ်ယူနိုင်ခြင်း။

လူနာများအား ရောဂါရှာဖွေရာတွင် ပိုမိုမြန်ဆန်၊ ပိုမိုတိကျပါသည်။

🏥တော်ဝင်အထူးကု ဆေးခန်း
၇၆၀၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ၁၅ လမ်းထိပ်၊ ရန်ကုန်မြို့။

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ်
📲09783944844

Royal Specialist Clinic is a long-established clinic located in the heart of Chinatown Yangon.

သွေးတိုးရောဂါဆိုတာ လက္ခဏာမပြဘဲ လာတတ်ပါတယ်။ ပုံမှန်စစ်ဆေးပါ။“ခေါင်းမူးလား၊ ခေါင်းကိုက်လား ဒါမျိုးမဖြစ်သေးရင် သွေးမတိုးပါဘ...
07/01/2026

သွေးတိုးရောဂါဆိုတာ လက္ခဏာမပြဘဲ လာတတ်ပါတယ်။ ပုံမှန်စစ်ဆေးပါ။

“ခေါင်းမူးလား၊ ခေါင်းကိုက်လား ဒါမျိုးမဖြစ်သေးရင် သွေးမတိုးပါဘူး” – ဒီအတွေးမျိုးက အန္တရာယ်ရှိပါတယ်။⚠️⚠️⚠️

သွေးတိုးရောဂါဟာ “တိတ်တဆိတ်လာတတ်သော လူသတ်သမား” (Silent Killer) လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ များသောအားဖြင့် ရုတ်တရက် ဘာအထူးလက္ခဏာမှ မပြဘဲ နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်တို့ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခေါင်းကိုက်၊ မူး၊ နှလုံးခုန်မြန်တာတွေ ခံစားရမှသာ စစ်ဆေးမယ်ဆိုရင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနေပြီဖြစ်နိုင်ပါတယ်။

ဘာကြောင့် ပုံမှန်စစ်ဆေးသင့်တာလဲ?🩺

· လူ ၄ ယောက်မှာ ၁ ယောက်နှုန်း သွေးတိုးရှိနေတတ်ပါတယ်။
· လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။
· နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ရဲ့ အဓိကတရားခံပါ။

ဘယ်လိုပုံမှန်စစ်ဆေးမလဲ?

၁။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပါ။
- လက္ခဏာမရှိရင်တောင် နှစ်နှစ်တစ်ကြိမ် စစ်ဆေးပါ။
- အဝလွန်သူ၊ မိသားစုရာဇဝင်ရှိသူ၊ အသက် ၄၀ ကျော်သူများ – တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။

၂။ ရံဖန်ရံခါ သွေးပေါင်ချိန်ကြည့်ပါ။ သွေးပေါင်ချိန်ကိန်းဂဏန်း မှတ်သားထားပါ။
- ပုံမှန်: 120/80 mmHg အောက်
- စစချင်း သွေးတိုး (Prehypertension): 120-139 / 80-89
- သွေးတိုး အဆင့် ၁: 140-159 / 90-99
- သွေးတိုး အဆင့် ၂: 160/100 နှင့်အထက်

၃။ စစ်ဆေးနိုင်သည့်နေရာများ:
- နီးစပ်ရာဆေးခန်း (အတိကျဆုံးနည်း)
- အိမ်တွင် လက်မောင်းပတ် ဒစ်ဂျစ်တယ်စက်ဖြင့်
- ဆေးဆိုင်များရှိ စက်များဖြင့်

ကာကွယ်နည်းများ

· အငန်ဓာတ်၊ အဆီဓာတ် လျှော့စားပါ
· ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ
· ကိုယ်အလေးချိန်ထိန်းပါ
· အရက်နှင့်ဆေးလိပ်ရှောင်ပါ
· စိတ်ဖိစီးမှုလျှော့ချပါ

“လက္ခဏာမပြတာနဲ့ မစစ်ဘဲမနေပါနဲ့။ သွေးတိုးကို သိရှိဖို့ တစ်ခုတည်းသောနည်းလမ်းက စစ်ဆေးကြည့်ရှုခြင်းပါပဲ။”

သွေးတိုးရှိမရှိ သိရှိချင်ပါသလား? ဒါမှမဟုတ် ပုံမှန်စစ်ဆေးချင်ပါသလား?
တော်ဝင်ဆေးခန်းသို့ လာရောက်ပြသပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ကျန်းမာရေးဂရုစိုက်ခြင်းသည် အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါသည်။

🏥တော်ဝင်ဆေးခန်း
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ် 📲09783944844

ဆေးခန်းလိပ်စာ🏥
အမှတ်(၇၆၀) ၊မဟာ ဗန္ဓုလလမ်းမပေါ် (၁၅) လမ်းထိပ်၊ အလယ် ဘလောက် ၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။

#သွေးတိုး #သွေးတိုးရောဂါ #ကျန်းမာရေး #မြန်မာ #သွေးပေါင်ချိန် #သွေးတိုးစစ်ဆေးခြင်း

Royal Medical Centre မှ ချစ်ရပါသော မိသားစုဝင်များနှင့် လူနာများအားလုံးကို ၂၀၂၆ ခုနှစ်သစ်မှာ ကျန်းမာချမ်းသာပါစေလို့ ဆုတော...
01/01/2026

Royal Medical Centre မှ ချစ်ရပါသော မိသားစုဝင်များနှင့် လူနာများအားလုံးကို ၂၀၂၆ ခုနှစ်သစ်မှာ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

နှစ်သစ်ရဲ့ ပထမဆုံးအလှဆုံးဆုံးဖြတ်ချက်က မိမိကိုယ်မိမိ ကျန်းမာရေး ဂရုစိုက်ဖို့ မဟုတ်ပါလား။

၂၀၂၆ ခုနှစ်တွင် Royal Medical Centre ရဲ့ အတွေ့အကြုံရှိ ဆရာဝန်များ၊ ကျွမ်းကျင်အဖွဲ့များနဲ့ ခေတ်မီပစ္စည်းကိရိယာများက သင့်ရဲ့ ကျန်းမာရေးခရီးလမ်းတစ်လျှောက်မှာ အတူရှိနေပါမယ်။

💊 လူနာအားလုံး နှစ်သစ်မှာ ပိုမိုအားပြုနိုင်ဖို့...

· အထွေထွေရောဂါကုသမှုများအပြင်
· အထူးကုဆရာဝန်များနှင့် ချိန်းဆိုပြသနိုင်ခြင်း
· ခေတ်မီသွေးဖောက်၊ ဓာတ်မှန်နှင့် ဓာတ်ခွဲစစ်ဆေးမှုများ
· ဆေးဝါးညွှန်ကြားမှုနှင့် ကျန်းမာရေးအကြံပြုဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်

💙 ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး

✨ ပြန်လည်မွေးဖွားရမည့် 2026 နှစ်သစ်ကြီးမှာ သင်နှင့်သင့်မိသားစု ကျန်းမာပျော်ရွှင်ကြပါစေ။

Royal Medical Centre
📍 အမှတ်(၇၆၀) ၊မဟာ ဗန္ဓုလလမ်းမပေါ် (၁၅) လမ်းထိပ်၊ အလယ် ဘလောက် ၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ် 📲09783944844
🕒 ဝန်ဆောင်မှုချိန် - [နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီ]

#ကျန်းမာရေးဂရုစိုက်ကြပါစို့ #၂၀၂၆ #ကျန်းမာရေး #မြန်မာ

Merry Christmas to you all ! 🎄ခရစ်စမတ်​ကာလမှာ အားလုံးပဲ​ပျော်ရွှင်​အေးချမ်းကြပါ​စေ🎄​တော်ဝင်အထူးကု​ဆေးခန်း ROYAL MEDICAL ...
25/12/2025

Merry Christmas to you all ! 🎄

ခရစ်စမတ်​ကာလမှာ အားလုံးပဲ​ပျော်ရွှင်​အေးချမ်းကြပါ​စေ🎄

​တော်ဝင်အထူးကု​ဆေးခန်း
ROYAL MEDICAL CENTRE

07/10/2025

မင်္ဂလာပါရှင့်....

👶 ကလေးတွေ ဖျားနာနေပြီဆိုရင်...
💊 ဆေးတွေကို ဆေးဆိုင်ကနေ အလွယ်
ဝယ်မတိုက်ဘဲနဲ့ နုနယ်နေတဲ့လေးတွေကို
ကလေးအထူးကုဆရာဝန်ကြီးများနဲ့
အရင် တိုင်ပင်ပြီးမှ ဆေးတိုက်သင့်ပါတယ်ရှင့်....

🏥 တော်ဝင်အထူးကုဆေးခန်းတွင်
ကလေးအထူးကု ဆရာဝန်ကြီး

▪ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်ချိုချိုစန်း

▪ ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်း

တို့နှင့် လာရောက်ပြသနိုင်ပါတယ်ရှင့်....

" Your Health, Our Priority "

ဆရာဝန်ကြီးများနှင့် ပြသနိုင်ရန်
☎ 09-889889720
☎ 09-889889730
☎ 09-889889740
☎ 09-753008042
☎ 09-788942544

📞 Online Viber 09-783944844 သို့

မနက် 7 နာရီ မှ ညနေ 6:30 အတွင်းဆက်သွယ်နိုင်ပါတယ်ရှင့်...။

သီတင်းကျွတ် အချိန်အခါ သမယ မှာ မိဘပြည်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံပါစေကြောင်း ...
26/09/2025

သီတင်းကျွတ် အချိန်အခါ သမယ မှာ မိဘပြည်သူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံပါစေကြောင်း Royal Medical Center
( တော်ဝင်ဆေးခန်း) မိသားစု များမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေရှင့်။

တော်ဝင်ဆေးခန်း
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
09 889 889 720
09 889 889 730
09 889 889 740

Viber ဖုန်းနံပါတ် 09783944844

ဆေးခန်းလိပ်စာ🏥
အမှတ်(၇၆၀) ၊မဟာ ဗန္ဓုလလမ်းမပေါ် (၁၅) လမ်းထိပ်၊ အလယ် ဘလောက် ၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။

သီတင်းကျွတ်ချိန်ခါမှာ ကျွန်မတို့ရဲ့ တော်ဝင် အထူးကု ဆေးခန်းမှာ လူနာများကို ဂရုတစိုက် စောင့်ရှောက်ကုသပေးနေသော ဆရာဝန်ကြီးမျ...
22/09/2025

သီတင်းကျွတ်ချိန်ခါမှာ ကျွန်မတို့ရဲ့ တော်ဝင် အထူးကု ဆေးခန်းမှာ လူနာများကို ဂရုတစိုက် စောင့်ရှောက်ကုသပေးနေသော ဆရာဝန်ကြီးများအား
ရိုသေလေးစားစွာ ဂါရဝပြုပါတယ်ရှင်။

10/09/2025

✅ အူလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အစာအိမ်အနာဖြစ်ခြင်း
✅ အစာအိမ် အောင့်ခြင်း၊ အူမကြီးရောင်ရမ်းခြင်း
အကြိတ်ဖြစ်ခြင်း
✅ မကြာခဏ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာဖြစ်ခြင်း စသည့် လက္ခဏာများ ခံစားနေရပြီဆိုရင်

အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ကြီး

➡ ပါ​​​မောက္ခ ဒေါက်တာဒေါ်စန္ဒာဝင်း⬅
နှင့်
🏥 တော်ဝင်အထူးကုဆေးခန်းတွင် လာရောက်ပြသနိုင်ပါတယ်ရှင့်

" Your Health, Our Priority "

ဆရာဝန်ကြီးများနှင့် ပြသနိုင်ရန်
09-889889720
09-889889730
09-889889740
09-753008042
09-788942544

Online Viber 09-783944844 သို့

မနက် 7 နာရီ မှ ညနေ 6:30 အတွင်းဆက်သွယ်နိုင်ပါတယ်ရှင့်...။

25/08/2025

✔ ဝက်ခြံ ၊ရေယုန် ၊ အဖုအပိန့် ၊နှင်းခူရောဂါ

✔ ရေကျောက်ပေါက်ခြင်း၊ဝဲ ၊ပွေး၊ညှင်း ၊ကြွက်နို့

✔ ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်​ခြင်း

စသည့်အရေပြားပြဿနာများဖြစ်ပေါ်လာပါက

တော်ဝင်အထူးကုဆေးခန်းတွင် အရေပြားဆရာဝန်

👤 ဒေါက်တာ ဦးလှရွှေ

👤ဒေါက်တာ ဒေါ်ဖြူဖြူဟန်

👤 ဒေါက်တာ ဒေါ်မြစန္ဒာခိုင်

👤 ဒေါက်တာ ဦးဖြိုးသီဟ

တို့နှင့် လာရောက်ပြသနိုင်ပါပြီရှင့်📣📣

Address

No. 760, Mahabandoola Road, Corner Of 15th Street, Lanmadaw Township
Yangon
11131

Opening Hours

Monday 07:00 - 18:30
Tuesday 07:00 - 18:30
Wednesday 07:00 - 18:30
Thursday 07:00 - 18:30
Friday 07:00 - 18:30
Saturday 07:00 - 18:30
Sunday 07:00 - 18:30

Telephone

+959783944844

Website

Alerts

Be the first to know and let us send you an email when Royal Specialist Clinic တော်၀င်အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram