21/05/2023
"လူတွေက ကိုယ်တိုင်ကြုံဖူးမှ ကိုယ်တိုင်ဖြစ်ဖူးမှ တခြားသူရဲ့ခံစားချက်ကိုနားလည်တယ်ဆိုတာ တကယ်မှန်တာဘဲ "
ဝက်ခြံမပေါက်ဖူးခင်ကတော့👈
ဝက်ခြံဆိုတာ ဘာလို့ပေါက်တာလဲ ❓
ဝက်ခြံဆိုတာ အမြစ်ဖြတ်ရခက်တယ် ဆိုတာ ဟုတ်လို့လား❓
ဝက်ခြံဆိုတာပျောက်ရခက်လွန်းလို့ အဖော်လိုဖြစ်နေပါပြီ ဆိုတာ ဟုတ်လား❓
Skincare Step တွေ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ပေမယ့်လဲ ဝက်ခြံမပျောက်ဘူးဆိုတာ တကယ်လား❓ မေခွန်းတွေနဲ့ ဒွိဟဖြစ်နေခဲ့တာ
အရေပြားဆရာဝန်တွေနဲ့ ပြပြီးကုတာတောင် လချီကြာတယ် အရှင်းမပျောက်ချင်သေးဘူး ဆိုတဲ့ စကားတွေကို ပတ်ဝန်းကျင်ကနေ ခဏ ခဏ ကြားနေရခဲ့ရတာ🤧
ခင်ကိုယ်တိုင် ဝက်ခြံပေါက်မှ အပေါ်က စကားတွေကို နားလည်လာတယ်✨
👉ဖွဖွလေး မျက်နှာသစ်ရင်တောင် ဝက်ခြံဖုကို သွားထိမိရင်
တော်တော်လေးနာတာ🥺
👉တစ်ဖုက ပျောက်တော့မယ်ဆို ဘေးနားကနေ နောက်တစ်ဖုက ထပ်ထွက်လာတယ်
👉 မှန်ဆို မကြည့်ချင်လောက်အောင်ဘဲ ခင့်ထက်ဆိုးတဲ့သူတွေဆို ဘယ်လိုနေမလဲ မသိဘူး🤧
👉မျက်နှာလေးကြည်glow နေရာကနေ ရုတ်တရက် ဝက်ခြံဖုတွေထွက်၊ အဆီပြန် ၊ ချွေးပေါက်ကျယ် တွေ ထဖြစ် ဆိုးသော😢
👉Skincare Step လဲ သေချာလုပ်တယ် ညတိုင်းလဲ cleansing သေချာလုပ်တယ် (ခင်ခင်လောက် လုပ်တာ ခင်ခင်ဘဲ ရှိတယ်) အိမ်ကအမဆိုရင် ညအိပ်ရာဝင်မျက်နှာမသစ်ဘဲ နေ့တိုင်းအိပ်နေတာတောင် အမဲစက်တောင် မထွက်😀
👉 တချို့က ဝက်ခြံဆိုတာ မျိုးရိုးရှိမှ ပေါက်တာလို့ ထင်တာ
အိမ်ကဆို ခင့်ကိုပြောတယ် ဝက်ခြံထွက်တဲ့ မျိုးရိုးမဟုတ်တာကို ဝက်ခြံတွေ ထွက်နေပကော ဝက်ခြံအမဲစက် တွေနဲ့ အသားညစ်နေလို့ သေချာဂရုစိုက်ဦးလို့ ခဏ ခဏပြောတယ်
👉 အပြင်ထွက်ရင်လဲ မျက်နှာချင်းဆိုင်စကားပြောရမှာတို့ဆို ယုံကြည်မှု့ပျောက်နေပြန်တယ်😭
အဲ့တာကြောင့် ဝက်ခြံဆိုတာ မဖြစ်ခင်ကတည်းက ကြိုပြီး ဂရုစိုက်ပါ
ဖြစ်နေရင်လဲ ဂရုစိုက်ပါ ပျောက်မှာမဟုတ်ပါဘူးဆိုပြီး ပစ်ထားပြန်ရင်လဲ ပိုဆိုးဖို့ဘဲ ရှိတာနော်
#ဝက်ခြံ