Shwe Pyae Wai Diagnostic Center

Shwe Pyae Wai Diagnostic Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyae Wai Diagnostic Center, Diagnostic Center, Yangon.

🚨သွေးလွန်တုတ်ကွေးရောဂါအန္တရာယ်🚨အခုတလော ကလေးသူငယ်တွေမှာ အဖြစ်များနေတဲ့ သွေးလွန်တုတ်ကွေးရောဂါ (Dengue Hemorrhagic Fever) အ...
07/07/2024

🚨သွေးလွန်တုတ်ကွေးရောဂါအန္တရာယ်🚨

အခုတလော ကလေးသူငယ်တွေမှာ အဖြစ်များနေတဲ့ သွေးလွန်တုတ်ကွေးရောဂါ (Dengue Hemorrhagic Fever) အကြောင်းပြောပြချင်ပါတယ်။

🦠 ဘာကြောင့်ဖြစ်ရ 🦠
🦟Dengue virus ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ Dengue virus ကို Aedes လို့ခေါ်တဲ့ ခြင်ကျားက သယ်ဆောင်လာပြီး အဲ့ပိုးသယ်ဆောင်လာတဲ့ ခြင်ကျားအကိုက်ခံရခြင်းကြောင့် ရောဂါပိုး ကူးဆက်နိုင်ပါတယ်။

🧒🏻 ဘယ်အသက်အရွယ်တွေပိုဖြစ်နိုင် 🧒🏻
🖌️အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပေမဲ့ ကလေးသူငယ်တွေမှာ ပိုအဖြစ်များတာကိုတွေ့ရပါတယ်။

🤒 ဘယ်လိုရောဂါလက္ခဏာ ခံစားရမလဲ 🤒
၁။ အဖျားကြီးခြင်း
၂။ ပျို့အန်ခြင်း
၃။ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
၄။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စမ်းသပ်လျှင် အနီစက်များပေါ်ခြင်း
၅။ ခန္ဓာကိုယ်တွင် အလိုအလျောက် အနီစက်များပေါ်လာခြင်း
၆။ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
၇။ ကော်ဖီနှစ်‌ရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း

🚨 သတိထားရမဲ့အချက်ကတော့ ရောဂါမပြင်းထန်ခင်မှာ အဖျားကြီးတာလောက်ပဲ တွေ့ရတတ်ပါပြီး ခန္ဓာကိုယ်မှ သွေးယို သွေးထွက် သွေးပေါင်ကျ ခြေဖျားလက်ဖျားအေးတဲ့ လက္ခဏာများကိုတော့ ရောဂါရဲ့ နောက်ပိုင်းပြင်းထန်တဲ့ အချိန်ရောက်မှပဲ တွေ့ရတတ်ပါတယ်။ ဂရုတစိုက်စောင့်ကြည့်ကုသခြင်းမပြုလုပ်ပါက အခန့်မသင့်လျှင် သွေးလန့်ခြင်း(shock)၊ အသက်ဆုံးရှုံးခြင်းအထိ အန္တရာယ်များတဲ့အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်။

💊ကုသခြင်း💊
*တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသပါ။ (သွေးလွန်တုတ်ကွေးရောဂါရှိ မရှိကို သွေးကနေတဆင့် အလွယ်တကူစစ်ဆေးနိုင်ပါတယ်)
*အစာပျော့ပျော့ကျွေးပါ။
*အဖျားကြီးပါက ရိုးရိုးရေဖြင့် ရေဘက်တိုက်ပေးပါ။
*ရေများများတိုက်ပါ။ လိုအပ်ပါကဓါတ်ဆားတိုက်ပါ
*ပြင်းထန်လက္ခဏာများကိုစောင့်ကြည့်ပါ။

⚔️ရောဂါကာကွယ်ခြင်း⚔️
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်
- ခြင်ကိုက်မခံပါနှင့်၊ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ပါ
- အလင်းရောင်ကောင်းကောင်းရ‌ရန် ပြတင်းတံခါးများကိုဖွင့်ထားပါ
- အိပ်လျှင် ခြင်ထောင်ထောင်အိပ်ပါ
- ခြင်မပေါက်ပွားစေရန် ရေအိုး၊ ရေကန်များကိုဖုံးအုပ်ထားပါ
-‌ ခြင်ဥများကပ်မ‌ကျန်စေရန် ရေစည်၊ ရေကန်များကိုတိုက်ချွတ်ဆေးကြောခြင်း၊ ရေလဲလှယ်ခြင်း၊ ရေစစ်ခြင်းတို့ကိုပြုလုပ်ပါ
-‌ ပန်းအိုးများ၊ ရေအိုးများကို ပုံမှန်ရေလဲလှယ်ပေးပါ
- ရေဝပ်နိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သောစွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပါ
- ခြင်ပေါသောဒေသဖြစ်ပါက ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ခြင်ဆေးဖြန်းခြင်း/မှုတ်ခြင်းတို့ကိုလုပ်ဆောင်ပါ။

🧪ဆေးစစ်ခြင်းများအတွက် တိကျမှန်ကန် မြန်ဆန်သော အဖြေများပေးနိုင်အောင် မှ အမြဲသင်နှင့်အတူရှိနေပါတယ်။
အခြားသော သိလိုသမျှ မေးမြန်းချင်ပါကလည်း Shwe Pyae Wai Diagnostic Centre ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို page messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။


🏥 ဆက်သွယ်ရန် လိပ်စာ
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

🚨ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🚨🦠ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က Vibrio cholerae လို့ခ...
05/07/2024

🚨ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🚨

🦠ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က Vibrio cholerae လို့ခေါ်တဲ့ Bacteria ကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်

ထိုရောဂါပိုးကြောင့် ပြင်းထန်စွာဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

❗️ဘယ်လိုကူးစက်ပြန့်ပွါးနိုင်သလဲ ❗️

-ရောဂါပိုးပါသောရေကိုသောက်သုံးမိခြင်း

-ရောဂါပိုးပါသော အစာကိုစားသုံးမိခြင်း

-လူနာရဲ့မစင် အန်ဖက်နဲ့တို့ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

-အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

🛑 ခံစားရနိုင်သောရောဂါလက္ခဏာများ 🛑

- ပြင်းထန်စွာဝမ်းလျှောခြင်း
(ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်၊ အညှီနံ့ ရှိနေနိုင်တယ်)
- ပျို့ခြင်း / အန်ခြင်း

- ကြွက်တက်ခြင်း

- ရေဓာတ်ခမ်းခြောက်ခြင်း
(နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်။ ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်) ‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးဌာနကိုချက်ချင်းသွားပါ‼️


🚑 ကုသရန်နည်းလမ်းများ 🚑

၁၊ ဓာတ်ဆား

▪️ဒီရောဂါမှာ အဓိကလိုအပ်တာ ဓာတ်ဆားပါ။ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ်

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

၂၊ Zinc

▪️Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၃၊ ပိုးသတ်ဆေး

▪️ကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

🍎 အစားအသောက်နှင့်အာဟာရ 🍎

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

📌ကာကွယ်ခြင်း 📌

✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါ လုံးဝခြောက်သွေ့အောင်ထားပါ။

📌ဆေးစစ်ခြင်းများအတွက် တိကျမှန်ကန် မြန်ဆန်သော အဖြေများပေးနိုင်အောင် မှ အမြဲသင်နှင့်အတူရှိနေပါတယ်။ အခြားသော သိလိုသမျှ မေးမြန်းချင်ပါကလည်း Shwe Pyae Wai Diagnostic Centre ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို page messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။


🏥ဆက်သွယ်ရန်
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

“ကျောက်ကပ်ပျက်စီးမှုနှင့် ဘဝနေထိုင်ခြင်း”✅ ကျောက်ကပ်ဆိုတာ လူတယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။ကျ...
05/09/2023

“ကျောက်ကပ်ပျက်စီးမှုနှင့် ဘဝနေထိုင်ခြင်း”

✅ ကျောက်ကပ်ဆိုတာ လူတယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။ကျောက်ကပ်ကဘာတွေ လုပ်ပေးနေသလဲဆိုတော့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေ စွန့်ထုတ်ပေးနေတဲ့အပြင် သွေးအတွင်း electrolyte ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိပေးပါတယ်။

🚑 ဘယ်အချိန်ကျောက်ကပ်ပျက်စီးနိုင်သလဲဆိုတော့
ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ဆီးလမ်းကြောင်းပိတ်ခြင်း၊ မွေးရာပါ ကျောက်ကပ်တွင်အရည်အိတ်အများအပြားရှိခြင်း၊ Autoimmune (SLE) ရောဂါတို့ရဲ့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးအနေနဲ့ တွေ့ရနိုင်သလို အဝလွန်ခြင်း၊ အသက်အရွယ်ရလာတာနဲ့အမျှ ကျောက်ကပ်လုပ်ဆောင်မှု လျော့နည်းလာနိုင်ပါတယ်။

😷 ကျောက်ကပ်ပျက်စီးရင် အစောပိုင်းအခြေအနေတွေမှာ လက္ခဏာမသိသာပေမဲ့ ရောဂါပိုဆိုးလာနဲ့အမျှ ဖောရောင်လာခြင်း၊ ဆီးအလွန်အကျွန်သွားခြင်း/ ဆီးနည်းသွားခြင်း၊ သွေးတိုးခြင်း၊ ဆီးအရောင်ပြောင်းလာခြင်း၊ မောခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသားအရည် ယားယံခြင်း၊ ကြွက်တက်ခြင်း အစရှိတဲ့ ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။

🩸လူတယောက်ကျောက်ကပ်ကောင်းမကောင်းသိချင်ရင် သွေး၊ ဆီး၊ ဓာတ်မှန်များ စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ အဓိကအနေနဲ့ eGFR လို့ခေါ်တဲ့ ကျောက်ကပ်မှ စွန့်ထုတ်နိုင်မှုကို ကြည့်ပြီး ရောဂါအတိမ်အနက်ကို ခန့်မှန်းနိုင်ပါတယ်။

🚨 ကျောက်ကပ်ရောဂါခံစားနေရပါက နေထိုင်မှု ပုံစံကို ပြောင်းလဲသင့်ပါတယ်..
အစားအသောက်မှာဆိုရင် ဆားလျော့စားရပါမယ်။ ready made အစားအစားများ စီသွပ်ဗူးများ အရမ်းငန်လွန်းသည့် အစားအသောက်များစားခြင်းကို ရှောင်ရပါမယ်။ ငှက်ပျောသီး၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အာလူး၊ ထောပတ်သီး၊ ဒိန်ချဉ်၊ အစေ့အဆံများ အစရှိတဲ့ Potassium များတဲ့ အစားအစာများကို ရှောင်ရပါမယ်။ အသားဓာတ်ကို သင့်တင့်စွာပဲ စားသင့်ပါတယ်။ Phosphorus များတဲ့ အစားအစာတွေဖြစ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကြည်ရပါမယ်။ ဆေးလိပ်မသောက်ပါနဲ့။
🙋‍♀️ ဘယ်လိုအစားအသောက်တွေ ရွေးချယ်ပြီးစားပေးရမလဲဆိုတော့...
ဆားပါဝင်မှုနည်းတဲ့ အစားအစာများကို ရွေးချယ်စားသောက်ပါ။ Potassium ပါဝင်မှုနည်းတဲ့ အသီးအနှံတွေဖြစ်တဲ့ ပန်းသီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ နံနတ်သီး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ သခွါးသီးအစရှိတဲ့ အသီးအနှံများစားလို့ရပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းပါ။ ကျောက်ကပ်မပျက်စီးခင် စောလျင်စွာသိရနိုင်ဖို့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ။တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါစစ်ဆေးမှု နှင့် ကုသမှုခံယူပါ။

🙏ဆေးစစ်ခြင်းများအတွက် တိကျမှန်ကန် မြန်ဆန်သော အဖြေများပေးနိုင်အောင် Shwe Pyae Wai Diagnostic Center မှ သင်နှင့်အတူအမြဲရှိနေပါတယ်။ အခြားသော သိလိုသမျှ မေးမြန်းချင်ပါကလည်း Shwe Pyae Wai Diagnostic Centre ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို page messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။


📞ဆက်သွယ်ရန်
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

သွေး/ဆီး/ဝမ်း မစစ်ဆေးခင် ဆောင်ရန် ရှောင်ရန် သိထားသင့်တဲ့အချက်များကို ပြောပြချင်ပါတယ်ရှင့်။ ၁။ ညဘက်အိပ်ရေးဝဝအိပ်ပါ။ သွေးမ...
29/08/2023

သွေး/ဆီး/ဝမ်း မစစ်ဆေးခင် ဆောင်ရန် ရှောင်ရန် သိထားသင့်တဲ့အချက်များကို ပြောပြချင်ပါတယ်ရှင့်။

၁။ ညဘက်အိပ်ရေးဝဝအိပ်ပါ။ သွေးမစစ်ခင် ပြင်းထန်သော လေ့ကျင့်ခန်းများလုပ်ခြင်းအားရှောင်ကျင်ပါ။
၂။ ပွပွချောင်ချောင်ရှိသော သက်တောင့်သက်သာရှိသော အဝတ်အစားဝတ်ဆင်လာပါ။ မစစ်ဆေးခင် ရေဝအောင်သောက်ပါ။
၃။ ဗိုက်ထဲအစာမရှိခင် သွေးစစ်ပါ။
မနက်ခင်းစောစော မနက်စာမစားခင်သွေးစစ်တာ အကောင်းဆုံးဖြစ်ပါတယ်။
တချို့သော သွေးတွင်းရှိ Glucose, lipid တို့ဟာဖြစ်နိုင်ရင် တညတာအစာမစားပဲ (fasting) နေပြီး နောက်နေ့ မနက်ပိုင်းမှာ စစ်တာပိုကောင်းပါတယ်။
၄။ သွေးမစစ်ခင် ၁ ရက်၊ ၂ ရက် အလိုမှာ အဆီအစားများခြင်း၊ ဆီကြော်မုန့်များစားခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ပါ။
၅။ သွေးမစစ်ခင် ၁ နာရီ အလိုမှာ ဆေးလိပ်သောက်ခြင်း ကော်ဖီ လက်ဖက်ရည်သောက်ခြင်းကို ရှောင်သင့်ပါတယ်။
၅။ Enzyme နှင့် Hormone level များသည် တနေ့တာအချိန်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ပါတယ်။ အဲ့အတွက် ဆရာဝန်မှ အထူးတလည်ညွှန်ကြားချက် မရှိလျှင် မနက် ၁၀ နာရီမတိုင်ခင် စစ်ဆေးသင့်ပါတယ်။
၆။ စွဲသောက်နေသော ဆေးများရှိပါက ပြသနေသော သမားတော်အား ပြောပြထားသင့်ပါတယ်။
၇။ ဆီး/ဝမ်းစစ်ဖို့ရှိပါက ဆီးနှင့်ဝမ်းထဲတွင်အရောင်ပါနိုင်သော ဆေး၊ အစာများစားခြင်းကို ရှောင်ပါ။
၈။ ဓာတ်ခွဲခန်းမှ ပေးသော ဆီး/ဝမ်းထည့်ခွက်ဖြင့်သာထည့်ပါ။
၉။ ထည့်ရမည့်ပမာဏနှင့် ဆီး/ဝမ်း ယူပုံယူနည်းလမ်းညွှန်ချက်များကို လိုက်နာပါ။
၁၀။ ဆီးဝမ်းထည့်ပြီး အနည်းဆုံး ၁ နာရီအတွင်း ဓာတ်ခွဲခန်းသို့ ပြန်လည်ပို့ဆောင်ပါ။ ပြင်ပအပူချိန်တွင် အချိန်ကြာမြှင့်စွာထားပါက bacteria ပေါက်ဖွားမှု များပြားလာပြီး အမှန်တကယ်အူအတွင်းရှိသော ပိုးအရေအတွက်ကို ပြနိုင်မှာ မဟုတ်ပါ။
၁၁။ အမျိုးသမီးများ ဆီး/ဝမ်းစစ်မည်ဆိုပါက ရာသီလာနေစဉ် မစစ်သင့်ပါ။ မဖြစ်မနေစစ်ရမည်ဆိုပါက ဆရာဝန် သို့မဟုတ် ဓာတ်ခွဲခန်းအား အကြောင်းကြားပါ။
၁၂။ ဆရာဝန်များနှင့်တိုင်ပင်ပါ။ သွေးစစ်ဆေးမှု အပြုခင်နဲ့ သွေးစစ်ပြီး အဖြေများကို တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့်ပြသ၍ ဆွေးနွေးမှု ပြုသင့်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလို ဆီးဝမ်းသွေး စစ်ဆေးချိန်မှာ ဆောင်ရန် ရှောင်ရန်လေးများကို လိုက်နာပေးခြင်းဖြင့် တိကျတဲ့ အဖြေများကို ရရှိမှာဖြစ်ပါတယ်။ Medical Checkup စစ်ဆေးလိုခြင်းနှင့် တခြားသော သိလိုသမျှ မေးမြန်းချင်ပါက Shwe Pyae Wai Diagnostic Center ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို page messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်ရှင့်။

📞 ဆက်သွယ်ရန်
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

အခုအပတ်မှာတော့ အရင်ရေးပေးဖူးတဲ့ ကျန်းမာရေးဗဟုသုတလေးကိုပဲ ပြန်ရေးပေးလိုက်ပါတယ်နော်။💡အခုတလော အမျိုးတွေထဲ အဖြစ်များနေတဲ့ ကြ...
22/08/2023

အခုအပတ်မှာတော့ အရင်ရေးပေးဖူးတဲ့ ကျန်းမာရေးဗဟုသုတလေးကိုပဲ ပြန်ရေးပေးလိုက်ပါတယ်နော်။
💡အခုတလော အမျိုးတွေထဲ အဖြစ်များနေတဲ့ ကြို့ထိုးခြင်း အကြောင်းကို ရှာဖတ်ရင်း တွေ့တာလေးတွေကို ရေးပေးချင်လို့ပါ။
လူတိုင်းနီးပါး ကြို့ထိုးဖူးကြပါတယ်၊ ခဏလောက်ဖြစ်တဲ့သူတွေအတွက် ပြဿနာ မဟုတ်ပေမဲ့ တချို့တွေ ရက်ရှည် (လနဲ့ချီပြီး)ကြို့ထိုးတဲ့သူတွေအတွက်တော့ အအိပ်၊အစားတွေပါပျက်လာပြီး စိတ်ဖိစီးတတ်လာပါတယ်။
အရင်ဆုံး ဘာကြောင့်ဖြစ်ရတာလဲ ပြောချင်ပါတယ်။
💡ကြို့ထိုးတာရဲ့ အဓိက အကြောင်းအရင်းကတော့ အသက်ရှူတဲ့နေရာမှာ အလုပ်လုပ်ပေးတဲ့ ရင်ဝမ်းတားကြွက်သား (diaphragm) က စိတ်နဲ့ထိမ်းချုပ်လို့ မဟုတ်ပဲ သူ့အလိုလိုသူ စီးချက်ညီညီ ညှစ်နေလို့ဖြစ်ရတာဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းအရင်းတွေကြည့်ရင် များသောအားဖြင့် အစာမြန်မြန်စားခြင်း၊ အရက်သောက်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ Gas ပါသောအချိုရည်တွေသောက်ခြင်းကြောင့် အဖြစ်များတာ တွေ့ရပါတယ်။
🏡 အပေါ်က အချက်တွေကြောင့်ဖြစ်တာဆိုရင် ခဏလောက်သာဖြစ်တာများပြီး ဆေးသောက်စရာမလိုပဲ အိမ်တွင်းကုသနည်းလမ်းတွေနဲ့ ကောင်းသွားကြတာများပါတယ်။ ဥပမာ- နှာခေါင်းနှင့် ပါးစပ်ပိတ်ပြီး အသက်ရှုအောင့်ထားခြင်း၊ ရေခဲရေငုံ/သောက်ခြင်း၊ ရေသောက်ခြင်း၊ စက္ကူအိတ်ထဲ အသက်ရှူသွင်း ရှူထုတ်လုပ်ပေးခြင်း(ကိုယ်ရှူထုတ်လိုက်တဲ့ carbon dioxide ကို ကိုယ့်ဟာကို ပြန်ရှူစေချင်တာပါ)၊ ဖြည်းဖြည်းမှန်မှန် အသက်ရှူခြင်း အစရှိတဲ့နည်းတွေနဲ့ ကောင်းသွားကြတာများပါတယ်။ (ဒီ့ထက်များတဲ့နည်းလမ်းတွေလည်း ရှိအုန်းမှာပါ)
🚑 ဒါပေမဲ့ တချို့လူတွေ ၂ ရက်ထပ်ပိုပြီး ကြို့ထိုးရင်တော့ သတိထားပြီး ရှာပေးရမဲ့ ရောဂါတွေရှိပါတယ်၊ ဥပမာ- ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောဂါရှိခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ လည်ပင်းအနီးတဝိုက် အလုံးအကျိတ်ပေါ်ခြင်း/ ယောင်ရမ်းနာကျင်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အမှေးယောင်ခြင်း၊ Electrolyte ပုံမှန်မဟုတ်ခြင်း၊ နားထဲတွင် ပြင်ပမှ အရာဝတ္ထုတခုခု (ဥပမာ- ဆံပင်) ရှိနေခြင်း၊ တချို့သောဆေးဝါးသောက်သုံးခြင်း တွေကြောင့်လည်း ရက်ရှည်ကြို့ထိုးနိုင်ပါတယ်။
အပေါ်မှာပြောခဲ့သလို ရက်ရှည်ကြို့ထိုးပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနှင့်ပြသပြီး ရောဂါရှာဖွေသင့်ပါတယ်။
ရောဂါအဖြေများကို တိကျမှန်ကန် မြန်ဆန်စွာဖြင့် Shwe Pyae Wai Diagnostic Center မှ ၂၄ နာရီ ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ရှင့်။

📞ဆက်သွယ်ရန်
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

ဒီအပတ် ပြောပြပေးမဲ့ ကျန်းမာရေးဗဟုသုတကတော့ ရုတ်တရက် မုန့်ချိုအိတ်ရောင်ခြင်း (acute pancreatitis) အကြောင်းဖြစ်ပါတယ်။ Emerg...
15/08/2023

ဒီအပတ် ပြောပြပေးမဲ့ ကျန်းမာရေးဗဟုသုတကတော့ ရုတ်တရက် မုန့်ချိုအိတ်ရောင်ခြင်း (acute pancreatitis) အကြောင်းဖြစ်ပါတယ်။ Emergency အရေးပေါ်ရောဂါတခုဖြစ်ပါတယ်။
မုန့်ချိုအိတ် (pancreas) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိပါတယ်။ အစာချေစနစ်ကောင်းမွန်ရန်နှင့် သွေးတွင်းအချိုဓာတ်ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။
အစာအိမ်နောက်မှာ ရှိတဲ့အတွက် သူရောင်ရမ်းရင် အစာအိမ်နာတဲ့ရောဂါနဲ့ မှားတတ်ပါတယ်။
🍺 ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်တတ်လဲဆိုတော့ အရက်အလွန်အကျွန်သောက်သုံးခြင်း၊ အဆီအစားများခြင်း၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊ တချို့လူတွေမှာ idiopathic လို့ခေါ်တဲ့ အကြောင်းအရာမရှိပဲလည်း ဖြစ်တတ်ပါတယ်။
🤒 ရောဂါလက္ခဏာများ အနေနဲ့ကတော့ ရုတ်တရက် ဗိုက်အောင့်ခြင်း၊ ဖျားခြင်း၊ အစာမကြေ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်းများဖြစ်တတ်ပြီး အဆီအစားများလျှင် အထက်ပါရောဂါလက္ခဏာပိုဆိုးတတ်ပါတယ်။
ဖြစ်လာခဲ့ရင် ဆေးရုံတင်ဖို့လိုအပ်ပါလိမ့်မယ်။ လိုအပ်သောသွေးစစ်ခြင်း ၊ CT scan၊ ultrasound ရိုက်ခြင်းဖြင့် ရောဂါကိုရှာနိုင်ပါတယ်။ ရောဂါနုတဲ့ အစပိုင်းအခြေအနေတွေမှာ ရောဂါရဲ့ အတိမ်အတိမ်အနက်ကို မှန်းရခက်တတ်ပါတယ်။
🚑 ကုသမှုအပိုင်းပြောရမယ်ဆိုရင် ဗိုက်ရုတ်တရတ်အောင့်တာဖြစ်လို့ ဆရာဝန်းများအနေနဲ့ မျက်စိလည်တတ်ပါတယ်။ ခွဲစိတ်ကုသလို့လည်း မရတဲ့ရောဂါတမျိုးဖြစ်ပါတယ်။ ဆေးရုံတင်ပြီး လိုအပ်တဲ့ ဆေးသွင်းကုသခြင်း၊ အနာသက်သာစေရန်ဆေးပေးခြင်း၊ လိုအပ်ရင် oxygen ရှူခိုင်းခြင်း အစရှိသော conservative treatment များနှင့် လူနာကို အနီးကပ် ကြည့်ရှုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ရောဂါရဲ့နောက်ဆက်တွဲဆိုကျိုးကို တချို့လူနာတွေ ခံစားရနိုင်ပါတယ်။
😷 မဖြစ်အောင် ဂရုစိုက်လို့ရလားဆိုရင်တော့ ရပါတယ်။ အရက်အလွန်အကျွန်သောက်တာရှောင်ပါ။ သည်းခြေကျောက်မရှိအောင် ပြုမူနေထိုင်ပါ။ အနာရောဂါကင်းရှင်းကွာ ကျန်းမာချမ်းသာကြပါစေရှင့် 🙏

📍လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုများအတွက် ရောဂါရှာဖွေးရေး စင်တာမှ သင့်အတွက် အမြဲရှိနေပါ့မယ်။
လူကြီးမင်းတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ တန်ဖိုးထား အားကိုးရတဲ့ဝန်းထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သောအသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV ပိုး၊ covid ရောဂါပိုးများစစ်ဆေးခြင်း၊ သွေးအုပ်စုအမျိုးအစားခွဲခြားပေးခြင်းများကို အတိကျဆုံး၊ စျေးအသက်သာဆုံးနှင့် အမြန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
အကယ်၍ ဆေးကုသရန်လိုအပ်လာပါကလည်း mobile medical team ရှိသည့်အတွက် တပါတည်းဝန်ဆောင်မှု ရယူနိုင်ပါတယ်။
စက်ရုံ ကျောင်းမှာတွင် covid vaccine၊ flu vaccine ထိုးနှံလိုပါကလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

📞ဆက်သွယ်ရန်
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

အခုတလော ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ အဆုတ်လေပြွန်ရောင်ရမ်းခြင်း (bronchiolitis) အကြောင်းလေးပြောပြချင်ပါတယ်။ 🦠 အဲ့ရောဂါဟာ...
08/08/2023

အခုတလော ကလေးသူငယ်တွေမှာ အဖြစ်များတဲ့ အဆုတ်လေပြွန်ရောင်ရမ်းခြင်း (bronchiolitis) အကြောင်းလေးပြောပြချင်ပါတယ်။
🦠 အဲ့ရောဂါဟာ သေးငယ်တဲ့အဆုတ်လေပြွန်လေးများ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ Respiratory syncytial virus (RSV) ရောဂါပိုးကြောင့် အဖြစ်များပါတယ်။ အသက် ၂ နှစ်ဝန်းကျင်ကလေးတွေမှာ အဖြစ်များပြီး Outbreak ဖြစ်နိုင်တဲ့ အချိန်ကတော့ ရာသီဥတုအေးတဲ့အချိန်၊မြန်မာပြည်မှာဆို မိုးတွင်းကာလမှာ အဖြစ်များပါတယ်။
🦠 အဆိုပါရောဂါဖြစ်ပြီဆိုရင် နှာစေးခြင်း၊ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊
ရောဂါ ပြင်းထန်လာပါကအသက်ရှုရခက်ခဲခြင်း အစရှိတဲ့လက္ခဏာတွေအထိ ခံစားရနိုင်ပါတယ်။
အထက်ပါလက္ခဏာများကို ၁ ပတ်ကနေ ၂ ပတ်အထိ ခံစားရနိုင်ပါတယ်။ ကလေးအတော်များများကလည်း အိမ်မှာတင် ပြုစုကုသပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့တချို့သောကလေးတွေကတော့ ဆေးရုံတက်ကုသဖို့ လိုအပ်ပါလိမ့်မယ်။
🚨 ဘယ်အချိန် ဆေးရုံဆေးခန်း ချက်ချင်းသွားပြီး ကုသဖို့လိုအပ်သလဲဆိုတော့…
ကလေးရဲ့ အရေပြား၊ နှုတ်ခမ်း၊ လက်သည်းများ ပြာနှမ်းလာခြင်း၊ အသက်ရှူရခက်ခဲနေခြင်း၊ အသက်ရှူမြန်နေခြင်း၊ အသက်ရှူလျှင် နံရိုးအောက် ချိုင့်ဝင်နေခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်နေခြင်း၊ အသက်ရှူလျှင်ညီးတွားသံထွက်နေခြင်း၊ ကလေးမှာအားနည်းနေသည် မောပန်းနေသည်ဟုထင်ရခြင်း၊ ကလေးအသက်အရမ်းငယ်လွန်းခြင်း။
🥊ကာကွယ်မှုအနေနဲ့ …
မကြာခဏလက်ဆေးခြင်း၊ လူထူထပ်သောနေရာများ ရှောင်ကျဉ်ခြင်း၊ နှာဆေးချောင်းဆိုးလျှင် တစ်ရှူး သို့မဟုတ် လက်မောင်းဖြင့်အုပ်ကာဆိုးခြင်း၊ ကလေး၏သောက်ရေခွက်များကို သီးခြားထားရှိခြင်း၊ မိခင်နို့တိုက်ခြင်း၊ အသက် ၆ နှစ်အရွယ်ကျော်ပါက တနှစ်တခါ flu vaccine ထိုးပေးခြင်းများဖြင့် ကာကွယ်နိုင်ပါတယ်။
🏡 အိမ်မှာကုသဖို့ဆိုရင် အဓိကကတော့ ကလေးကိုရေများများတိုက်ပါ။ ရေဓါတ်ခမ်းခြောက်ခြင်းဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုးခံစားရတာများခြင်းကြောင့် ရေနိုင်နိုင်တိုက်ပါ။ တခြားအရည်ကြည်နဲ့ နို့အစရှိတဲ့ အရည်များလည်းတိုက်ပေးပါ။ အဖျားရှိရင် ပါရာစီတပေါတိုက်လို့ရပါတယ်။ mucus ကြောင့်နှာခေါင်းပိတ်နေရင် နှာခေါင်းအစက်ချဆေးရည်ထည့်ခြင်း၊ suction bulb လေးနဲ့စုတ်ထုတ်ပေးခြင်းများလုပ်ပေးလို့ရပါတယ်။
ရောဂါဘယများမှ ကင်းဝေးကြပါစေရှင့် 🙏🙏🙏

လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုများအတွက် Shwe Pyae Wai Diagnostic Center မှ သင့်အတွက် အမြဲရှိနေပါ့မယ်။ ဆက်သွယ်လိုပါက page messenger သို့မဟုတ် အောက်ဖော်ပြပါ ဖုန်းနံပါတ်များဆို ဆက်သွယ်နိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ တန်ဖိုးထား အားကိုးရတဲ့ဝန်းထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သောအသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ HIV ပိုး၊ covid ရောဂါပိုးများစစ်ဆေးခြင်း၊ သွေးအုပ်စုအမျိုးအစားခွဲခြားပေးခြင်းများကို အတိကျဆုံး၊ စျေးအသက်သာဆုံးနှင့် အမြန်ဆုံးဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

📞ဆက်သွယ်ရန်...
ရွှေပြည့်ဝေ ရောဂါရှာဖွေရေးစင်တာ
အမှတ် (၃၁)၊ သံသုမာလမ်းမကြီး၊ ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
09259262636
09750742401
09978066219

Credict: photo

Address

Yangon
11071

Telephone

+959750742401

Website

Alerts

Be the first to know and let us send you an email when Shwe Pyae Wai Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Pyae Wai Diagnostic Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram