The Whisper from Higher Self

The Whisper from Higher Self I thank the Universe for bringing good luck and happiness into my life.

15/07/2025

ဒီရက်ပိုင်း မအားတာနဲ့ pgမှာဘာမှမတင်ဖြစ်ပေမယ့်ဒါလေးတော့ တင်ချင်လို့ပါ အရမ်းသဘောကျတဲ့ အချစ်ကလေး အိမ်ရောက်လာတဲ့အမှတ်တရအနေနဲ့ uboxing videoလေးရိုက်ထားတာပေါ့နော် first time ရိုက်တာဆိုတော့အလွဲလဲအချော်ချော်ပါပဲ Chinese Novel ဖတ်တတ်တဲ့သူတွေဆိုရင်တော့မြင်တာနဲ့သိနိုင်လောက်ပါတယ်။ ဒါလေးကိုတော့ Spiritual Arts Paradise ကနေပြီးတော့မှာထားတာပါ။ ဒါလေးရောက်လာရင်တော့ အလုပ်သေချာလုပ်မယ်လို့ဆုံးဖြတ်ထားတာမို့လို့ နောက်ပိုင်းပေါ်လိုက်ပျောက်လိုက်မဟုတ်တော့ပဲ သေချာလေး pg ကို activeဖြစ်ပါတော့မယ်ရှင်။ vdထဲမှာတော့အိမ်နားပဌာန်းပွဲရှိနေလို့နောက်ခံအသံတွေဆူနေတာ သည်းခံကြပါရှင်

Today message (2.7.2025)ဒီနေ့မှာတော့ အရာရာတိုင်းကကိုယ့်အားကိုယ်ကိုးပြီးရှေ့တက်ရမယ့်နေ့လေးပါ။ အလုပ်ကိစ္စကအစ ပညာရေး၊ လူမှု...
01/07/2025

Today message (2.7.2025)

ဒီနေ့မှာတော့ အရာရာတိုင်းကကိုယ့်အားကိုယ်ကိုးပြီးရှေ့တက်ရမယ့်နေ့လေးပါ။ အလုပ်ကိစ္စကအစ ပညာရေး၊ လူမှုရေးအစစအရာအရာကိုယ်ကပဲဦးဆောင်ပြီး အားစိုက်ရသလိုဖြစ်နေတတ်ပါတယ်။ တက်ကြွနေတာမျိုးမဟုတ်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်ရမယ့်နေ့လေးပါ။ ကိုယ့်ရဲ့တာ၀န်တွေကို focusထားပါ။ အကူညီရတာမျိုးထက် ကိုယ့်အားကိုယ်ကိုးမှသာ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ ငွေကြေးကတော့ လက်ထဲတည်ငြိမ်တယ်နေတတ်တဲ့နေ့လေးပါ။ ကျန်းမာရေးမှာ ရင်ညွှန်နဲ့ ၀မ်းဗိုက်တစ်လျှောက်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။

အားလုံးပဲပျော်ရွှင်တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ


Today message (30.6.2025)🌷ဒီနေ့မှာတော့teamworkနဲ့လုပ်ဆောင်ရတာမျိုးတွေရှိတတ်ပါတယ်။ တစ်ယောက်ထဲဦးဆောင်တာထက် teamwork နဲ့လု...
29/06/2025

Today message (30.6.2025)

🌷ဒီနေ့မှာတော့teamworkနဲ့လုပ်ဆောင်ရတာမျိုးတွေရှိတတ်ပါတယ်။ တစ်ယောက်ထဲဦးဆောင်တာထက် teamwork နဲ့လုပ်တာက ကိုယ့်အတွက်ပိုအဆင်ပြေမယ့်နေ့လေးပါ။
🌷ကိုယ်သင်ယူထားတဲ့ပညာရပ်တွေကို လေ့လာအသုံးချရတာမျိုး ထပ်ပြီးသင်ယူဖို့ကြိုးစားနေတာမျိုးရှိပါတယ်။
🌷 စိတ်ပိုင်းဆိုင်ရာမှာတော့ ပေါ့ပေါ့ပါးပါးနဲ့တစ်နေ့တာကို ဖြတ်သန်းဖြစ်ပါလိမ့်မယ်။
🌷ပညာရေးမှာအသစ်သစ်သောပညာရပ်တွေသင်ယူဖို့အခွင့်ရေးရလာတတ်ပါတယ်။
🌷 အချစ်ရေးမှာတော့ အရမ်းကြီးထူးခြားတာမျိုးမရှိနေပါဘူး။ တစ်ဖက်လူထက်ကိုယ့်ကိုကိုယ်အချိန်ပေးဖို့လိုနေတာမျိုးရှိတယ်။
🌷ကျန်းမာရေးမှာတော့ အထိုင်များနေတာကြောင့်အညောင်းမိတာမျိုး၊ ခြေထောက်ကျင်တာ၊ အဆစ်မြစ်ကိုက်ခဲတာမျိုးတွေရှိတတ်ပါတယ်။ မထင်မှတ်ပဲအကောင်ကိုက်တတ်လို့သတိထားပေးပါ။

သာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်🤎


Today message ( 29.6.2025)ဒီနေ့မှာတော့ ကိုယ့်ရဲ့သူငယ်ချင်းမိတ်တွေတွေ ဒါမှမဟုတ်မိသားစု၀င်တွေနဲ့ပိုပြီးတော့ အချိန်ကုန်ဖြစ်...
28/06/2025

Today message ( 29.6.2025)

ဒီနေ့မှာတော့ ကိုယ့်ရဲ့သူငယ်ချင်းမိတ်တွေတွေ ဒါမှမဟုတ်မိသားစု၀င်တွေနဲ့ပိုပြီးတော့ အချိန်ကုန်ဖြစ်နေတာမျိုးရှိပါတယ်။ အရာရာတိုင်းကို ၂ဖက်မျှတွေးပြီးတော့ balance ဖြစ်အောင်လုပ်ဆောင်နေရတာမျိုးရှိတယ်။ activeဖြစ်ျဲ့ပုံစံပေါက်နေပေမယ့် တစ်ကယ်တမ်းမှာတော့ စိတ်ရော လူရောပင်ပန်းလွယ်နေတယ်။ တွေးနေပေမယ့် မလုပ်ဖြစ်နေတာတွေရှိတယ်။ အတွေးပဲရှိပြီး လက်တွေ့ထမလုပ်တာတွေများနေတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အသွားအလာသတိထားပေးပါ။ ခြေချော်ကျတာမျိုး ချော်လဲတာမျိုးရှိတတ်ပါတယ်။ ခေါင်းတွေမူးတာ သွေးပေါင်တွေကျတာမျိုး ရှိတတ်လို့ ရေများများသောက်ပေးပါ။

သာယာတဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ


Today message (28.6.2025)ဒီနေ့မှာတော့အပြောင်းအလဲတွေအများကြီးလက်ခံရတာမျိုးရှိတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်တတ်ပြ...
27/06/2025

Today message (28.6.2025)

ဒီနေ့မှာတော့အပြောင်းအလဲတွေအများကြီးလက်ခံရတာမျိုးရှိတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်တတ်ပြီးတော့ စိတ်နဲ့ပက်သက်ပြီးတော်တော်လေး pressureများနိုင်တဲ့နေ့တစ်နေ့ပါ။ အတွေးတွေများရမယ်။ သီးသန့်နေရင်တောင် ပတ်၀န်းကျင်ကြောင့် စိတ်အနှောက်အယှက်တွေများနိုင်တဲ့နေ့တစ်နေ့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်နေတဲ့ကိစ္စတွေဟာ အမျိုးသမီးတစ်ယောက်နဲ့ပက်သက်ပြီး အကူညီရတာမျိုးရှိတတ်သလို့ သဲထဲရေသွန်သလိုမျိုး အကျိုးမရှ်တာမျိုးလည်းဖြစ်တတ်လို့ ချင့်ချိန်ပြီးလုပ်ဆောင်ပါ။ ကျန်းမာရေးမှာတော့ ဒူးခေါင်းတွေနာတာ ဒူးဆစ်တွေ ခြေဆစ်လက်ဆစ်တွေကိုက်ခဲတာမျိုးနဲ့ လေးဖက်နာရှိတဲ့သူတွေက ရောဂါပြန်ထတဲ့သဘောမျိုးဖြစ်တတ်ပါတယ်။


Today message (27.6.2025)ဒီနေ့မှာတော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ၂ကြိမ်၂ခါပြုလုပ်ရတာမျိုးဖြစ်တတ်တယ်။ သေချာစီစဥ်...
26/06/2025

Today message (27.6.2025)

ဒီနေ့မှာတော့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ၂ကြိမ်၂ခါပြုလုပ်ရတာမျိုးဖြစ်တတ်တယ်။ သေချာစီစဥ်ထားပြီးမှချို့ယွင်းသွားတာတွေကြောင့် ပြန်ပြင်ဆင်ရတာမျိုးတွေရှိတတ်ပါတယ်။ စိတ်အတက်အကျများမယ်။ ငွေကြေးပိုင်းမှာ ရှိတာနဲ့လောက်အာင်သုံးနေရပေမယ့် အရမ်းပူပန်နေရတာမျိုးတွေတော့မရှိပါဘူး။ ကိုယ်ကပဲ ဦးဆောင်ပြီးလုပ်ရမယ့်ကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ ကျန်းမာရေးမှာ ခြေချော်ကျတာ ချော်လဲတာမျိုး မတော်တဆအသေးစားလေးတွေဖြစ်တတ်လို့ သတိနဲ့သွားလာပါနော်။
သာယာတဲ့နေ့လေးဖြစ်ပါစေရှင်


Today message (26.6.2025)ဒီနေ့မှာအလုပ်သစ်စတာမျိုး ကိုယ်ကအသစ်တစ်ခုခုစတင်ပြီးလုပ်ချင်တာမျိုးရှိရင် အချိန်မဆွဲပဲဆောင်ရွက်ပါ...
25/06/2025

Today message (26.6.2025)

ဒီနေ့မှာအလုပ်သစ်စတာမျိုး ကိုယ်ကအသစ်တစ်ခုခုစတင်ပြီးလုပ်ချင်တာမျိုးရှိရင် အချိန်မဆွဲပဲဆောင်ရွက်ပါ။ စိတ်အေးအေးထားပေးပါ။ ဒီနေ့မှာအရင်နေ့ကထက်ပိုပြီး activeဖြစ်နေတတ်တယ်။ ငွေကြေးပိုင်းမှာတော့ ဒီလိုပဲ သာမန်ပါပဲဆိုသလိုဖြစ်နေတတ်ပါတယ်။ ကိုယ်ဆောင်ရွက်ရမယ့်ကိစ္စတိုင်းကိုတစ်သမတ်ထဲတွေးတာမျိုးမလုပ်ပဲ သေချာလေးချင့်ချိန်ကြည့်ပါနော်။ ကျန်းမာရေးမှာတော့ အမှတါတမဲ့ထိခိုက်ရှနာမျိုးဖြစ်တတ်ပါတယ်။ အဆစ်မြစ်ကိုက်ခဲတာနဲ့ အထူးသဖြင့်လက်တွေပိုပြီးညောင်းညာကိုက်ခဲနေတတ်ပါတယ်။


Today message ( 25.6.2025)ဒီနေ့မှာဆုံးဖြတ်ချက်ချစရာတွေရှိရင်အလျှင်စလို မဆုံးဖြတ်ပါနဲ့။ စိတ်လိုက်မာန်ပါလုပ်တာမျိုး၊ စိတ်က...
24/06/2025

Today message ( 25.6.2025)

ဒီနေ့မှာဆုံးဖြတ်ချက်ချစရာတွေရှိရင်အလျှင်စလို မဆုံးဖြတ်ပါနဲ့။ စိတ်လိုက်မာန်ပါလုပ်တာမျိုး၊ စိတ်ကိုအလိုလိုက်မိတာမျိုးကြောင့် မမှားသင့်တဲ့အမှားမျိုးမှားတတ်လို့သတိထားပေးပါ။ ကိုယ်လုပ်ဆောင်ရမယ့်ကိစ္စတွေမှာသေချာအာရုံစိုက်ပြီး သတိကပ်ထားပေးပါ။ ငွေကြေးကံကောင်းမယ့်နေ့လေးပါ။ မထင်ထားတဲ့နေရာကနေ ငွေကြေးဝင်လာတတ်ပါတယ်။ အ၀င်လွယ်အထွက်လွယ်တော့ဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့သူတွေအပေါ် ဂရုစိုက်ပါနော်။ စိတ်ဆတ်နေတတ်လို့ အပြောဆိုလေးထိန်းပေးပါ။ မဆိုင်တဲ့နေရာတွေ၀င်ပြီးပြောမိတတ်ပါတယ်။ ကျန်းမာရေးမှာ လက်မောင်းတွေအောင့်နေတာ လက်တွေညောင်းပိုက်နေတာမျိုး၊ ခါးနဲ့ဝမ်းဗိုက်တစ်လျှောက်မအီမသာဖြစ်တာမျိုးတွေရှိတတ်လို့သတိထားပေးပါ။ တိလေးတွေအစာကျွေးပြီးကုသိုလ်ယူပါနော်။
သာယာတဲ့နေ့လေးဖြစ်​ပါစေရှင်


Today message (23.6.2025)ဒီနေ့မှာတော့ ဘာလုပ်လုပ်စိတ်မပါတာတာ ၊ကိုယ်တိုင်တောင်လုပ်စရာရှိရဲ့သားနဲ့ ဘာမှမလုပ်ချင်မကိုင်ချင်န...
22/06/2025

Today message (23.6.2025)

ဒီနေ့မှာတော့ ဘာလုပ်လုပ်စိတ်မပါတာတာ ၊ကိုယ်တိုင်တောင်လုပ်စရာရှိရဲ့သားနဲ့ ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ ထိုင်ရာကမထဖြစ်နေတတ်ပါတယ်။ အလောတကြီးဆုံးဖြတ်ချက်ချတာမျိုး လုပ်မိတတ်လို့သတိထားပေးပါ။ ငွေကြေးပိုင်းမှာ စိုးရိမ်ပူပန်နေရတာမျိုး ဒါမှမဟုတ် ချင့်ချိန်တွက်ချက်နေရတာမျိုးတွေရှိတတ်ပါတယ်။ အချစ်ရေးမှာ စကားများရတာမျိုးတွေ တစ်ယောက်ထဲအထီးကျန်နေသလိုခံစားရတာမျိုး စိတ်မလုံခြုံတာမျိုးတွေခံစားနေရတတ်ပါတယ်။ ကျန်းမာရေးမှာ အမြင်အာရုံဝေဝါးတာ ဝမ်းဗိုက်မအီမသာဖြစ်တာနဲ့ ခြေကျင်း၀တ်အဆစ်လွဲတတ်တာလေးဖြစ်တတ်လို့သတိထားပေးပါ။


Today message ( 21.6.2025 )ဒီနေ့မှာတော့ ကိုယ်ကသည်းခံရမယ့်ကိစ္စတွေ စိတ်ကိုချုပ်ထိန်းရမယ့် ကိစ္စတွေများနေတတ်ပါတယ်ကိုာ်ကမမှ...
20/06/2025

Today message ( 21.6.2025 )

ဒီနေ့မှာတော့ ကိုယ်ကသည်းခံရမယ့်ကိစ္စတွေ စိတ်ကိုချုပ်ထိန်းရမယ့် ကိစ္စတွေများနေတတ်ပါတယ်ကိုာ်ကမမှားပဲ ကိုဟ်ကပဲစိတ်လျှော့လိုက်ရတာတွေရှိတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်တဲ့အခွင့်လမ်းတွေရလာဖို့ရှိတယ်။ အချစ်ရေးမှာတော့ ချစ်သူ၂ဦးသာယာအဆင်ပြေမယ့်နေ့လေးပါ စကားပြောရအဆင်ပြေမယ် ပြသနာတွေရှိရင်ပြန်ပြီးပြေလည်သွားပါလိမ့်မယ်။ တစ်ချို့သောကိစ္စတွေမှာ ကိုယ်ကပဲဦးဆောင်ပြီးဆောင်ရွက်ရတာတွေရှိတတ်တယ်။ ကျန်းမာရေးမှာတော့ အထိုင်များနေတာကြောင့် ညောင်းညာကိုက်ခဲတာတွေ၊ ကိုယ်လက်မအီမသာဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်။
သာယာတဲ့နေ့လေးဖြစ်ပါစေရှင်


Today Message (20.6.2024)ဒီနေ့မှာစိတ်ကျဥ်းကျပ်ရတာမျိုး ရွေးချယ်ရခက်တဲ့ကိစ္စတွေကြုံတွေ့ရတာမျိုးရှိတတ်ပါတယ်။ teamworkလုပ်ရ...
19/06/2025

Today Message (20.6.2024)

ဒီနေ့မှာစိတ်ကျဥ်းကျပ်ရတာမျိုး ရွေးချယ်ရခက်တဲ့ကိစ္စတွေကြုံတွေ့ရတာမျိုးရှိတတ်ပါတယ်။ teamworkလုပ်ရတဲ့အလုပ်တွေမှာတစ်ယောက်ထဲခွဲထွက်သလိုဖြစ်နေတတ်တယ်။ စိတ်ထဲမှာတစ်ယေုက်ထဲနေချင်တာ အေးဆေးအနားယူချင်တာမျိုးဖြစ်နေတတ်ပါတယ်။
အချစ်ရေးမှာ ချစ်သူရည်းစားတွေစကားများထားမျိုး ကတောက်ကဆဖြစ်ထားတာမျိုးရှိရင် ပြန်ပြီးအဆင်ပြေမှာပါနော်။
အသစ်စရမယ့်အလုပ်တွေရှိရင်ရဲရဲဝင့်ဝင့်စတင်ပါနော်။ အဆင်ပြေမယ့်နေ့လေးပါ။
ကျန်းမာရေးမှာအမြင်အာရုံဝေဝါးတာ လေထိုးလေအောင့်တာတွေဖြစ်တတ်လို့သတိထားပေးပါ။အကောင်ရှည်သတိထားပေးပါနော်။
သာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်


18/06/2025

Today Message ( 19.6.2025 )

ဒီနေ့မှာတော့ ငွေကြေးအဆင်ပြေနေမယ် ငွေကြေးနဲ့ပက်သက်ပြီး မုန့်ဖိုးရတာမျိုး ငွေဝင်တာမျိုးရှိတတ်ပါတယ်။
ဘယ်လိုကိစ္စကိုမဆိုအလောတကြီးမဆုံးဖြတ်ပဲ အချိန်စောင့်ပါ။ တိုင်ပင်ပါ။ အစီစဥ်တကျဆောင်ရွက်ပါနော်။
ချစ်သူရည်းစားတွေကြားမှာ over thinkingဖြစ်တာကြောင့် ကတောက်ကဆဖြစ်တာမျိုးရှိတတ်တယ်။
လူမှုရေးပိုင်းမှာလဲ အရမ်းအတွေးလွန်တာမျိုးမဖြစ်အောင်ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိရှေ့ဆက်ပါနော်။
ကျန်းမာရေးမှာခေါင်းမူးတာ ခေါင်းကိုက်တာမျိုးနဲ့၊ အဆစ်မြစ်ကိုက်ခဲတာမျိုးရှိတတ်ပါတယ်။ ဒူးသတိထားပေးပါနော်။
သယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်


Address

Yangon

Telephone

+959421140060

Website

Alerts

Be the first to know and let us send you an email when The Whisper from Higher Self posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram