All Healthcare by SML

All Healthcare by SML Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from All Healthcare by SML, Medical and health, Shwegondaing Road, Yangon.

(၇၈)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာဂါရဝပြုအ...
19/07/2025

(၇၈)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာဂါရဝပြုအပ်ပါသည်။

15/07/2025

🔰 RT PCR Test အမျိုးပေါင်း (၃၀) ကျော်ကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် တိကျတဲ့ စစ်ဆေးမှုများပြုလုပ်နိုင်သော Gene Xpert RT PCR စက်များကို ဆေးရုံကြီးများ၏ဓာတ်ခွဲခန်းများ နှင့် NGO များတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး ဆေးရုံ၊ ဆေးခန်းများနှင့် လူနာများ ပိုမို လက်လှမ်းမီနိုင်မည့်နေရာများတွင်လည်း အသုံးပြုနိုင်ရန် All Healthcare Public Co.ltd, SML Business Group မှ မြန်မာနိုင်ငံ၏ Official Distributor အနေဖြင့် တင်သွင်းဖြန့်ချိလျက်ရှိပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစ၍ ကမ္ဘာသူ၊ကမ္ဘာသားများ အားလုံးကိုယ်၏ကျန်းမာခြင်း၊ စိတ်...
09/07/2025

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှစ၍ ကမ္ဘာသူ၊ကမ္ဘာသားများ အားလုံးကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ရရှိနိုင်ပါစေကြောင်း SML မှဆုမွန်ကောင်းတောင်းအပ်လိုက်ရပါတယ်။ 🙏

ခွေးကိုက်၊ ကြောင်ကိုက် သို့မဟုတ် ခွေးရူးပြန်‌ရောဂါဖြစ်စေနိုင်သောတိရိစ္ဆာန်ကိုက်လျှင် လုပ်ဆောင်ရမည့်အရာများကတော့ -ခွေးရူး...
08/07/2025

ခွေးကိုက်၊ ကြောင်ကိုက် သို့မဟုတ် ခွေးရူးပြန်‌ရောဂါဖြစ်စေနိုင်သောတိရိစ္ဆာန်ကိုက်လျှင် လုပ်ဆောင်ရမည့်အရာများကတော့ -
ခွေးရူးပြန်‌ရောဂါ (Rabies) ပိုးဝင်နိုင်သောအခြေအနေများမှာ
🔴 ခွေးကိုက်ခြင်း၊ ကြောင်ကိုက်ခြင်း/ကုတ်ခြင်း
🔴 ကြွက်၊ လင်းနို့ စသော တိရစ္ဆာန်များ အကိုက်ခံရခြင်း
🔴 အနာရှိသော အရေပြားအပေါ် ရောဂါပိုးရှိသောတိရစ္ဆာန်ရဲ့ နှုတ်ခမ်းအရည်နဲ့ ထိတွေ့မိခြင်း

အထက်ဖော်ပြပါ တိရစ္ဆာန်က ကိုက်ခြင်း/ကုတ်ခြင်း ခံရပါက—
🟥 အနာကိုကို ချက်ချင်းဆပ်ပြာနှင့်ရေသန့်ဖြင့် သေချာစွာ ၁၅ မိနစ်ဆေးကြောရပါမယ်။

🟥 ဘီတာဒင်း ပိုးသန့်စင်ဆေးရည်ထည့်ပေးရန်လိုအပ်ပါတယ်။

🟥 ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးနိုင်သောနီးစပ်ဆုံးဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့သွားရောက်ရန်လိုအပ်ပါတယ်။
🟥ခွေးရူးပြန် ကာကွယ်ဆေးသည် အကိုက်ခံရပြီး ၂၄ နာရီအတွင်းထိုးနှံခြင်းသည် အကောင်းဆုံးဖြစ်ပြီး ‌နောက်အကျဆုံး ၇၂ နာရီအတွင်းထိုးနှံရမည်ဖြစ်ပါတယ်။
🟥 မိမိအားကိုက်လိုက်သော ခွေး (သို့မဟုတ်) ကြောင်၏ အခြေအနေကို (၂) ပတ်အကြာစောင့်ကြည့်ထားရပါမယ်။

ကာကွယ်ဆေးထိုးနှံခြင်း
➡️ ပုံမှန်အားဖြင့် ၄ မှ ၅ ကြိမ်အထိ ကာကွယ်ဆေးထိုးရပါတယ်
➡️ မိမိအားချိန်းဆိုထားသောရက်အတိုင်းထိုးနှံရမည်ဖြစ်ပြီး ဆေးကိုအကြိမ်ရေပြည့်အောင်ထိုးရန်အလွန်အရေးကြီးပါတယ်။

ကာကွယ်ဆေးထိုးခြင်းသည် ခွေး၊ကြောင်များအကိုက်ခံရပြီးမှမဟုတ်ပဲ ကြိုတင်ထိုးနှံထားနိုင်ပါတယ်။
(၁) ခွေးရူးပြန်ကာကွယ်ဆေးအလွယ်တကူမရရှိနိုင်သောနေရာများ
(၂) တိရိစ္ဆာန်များနှင့်အလုပ်လုပ်နေရသူများ (ဥပမာ Pet Spa၊ Pet Hostel)
(၃) တိရိစ္ဆာန်စောင့်ရှောက်ဂေဟာများ
(၄) လေလွင့်တိရိစ္ဆာန်‌လေးများပေါများသောနေရာများတွင်နေထိုင်သူများ
(၅) မိမိတို့အိမ်တွင် တိရိစ္ဆာန်‌လေးမွေးထားပါက ကလေးသူငယ်များအပြင် မိသားစုအားလုံး ကြိုတင်ထိုးနှံထားသင့်ပါတယ်။

SML Vaccine Clinic မှာဆိုရင်တော့ ခွေးရူးပြန်ကာကွယ်ဆေးအပြင် ကာကွယ်ဆေးအမျိုးအစားအစုံကို အရည်အသွေးပြည့်မီစွာထိုးနှံနိုင်ပါတယ်။

Ref:
World Health Organization (WHO): Rabies
Centers for Disease Control and Prevention (CDC): Rabies
GAVI – The Vaccine Alliance:

🩸 Artificial intelligence (AI) ဟာ လူသားတွေရဲ့ လုပ်အားနဲ့ ဉာဏကို အစားထိုးမည်လားဆိုတဲ့ မေးခွန်းဟာ အခုခေတ်အချိန်အခါမှာ ခေတ်...
14/06/2025

🩸 Artificial intelligence (AI) ဟာ လူသားတွေရဲ့ လုပ်အားနဲ့ ဉာဏကို အစားထိုးမည်လားဆိုတဲ့ မေးခွန်းဟာ အခုခေတ်အချိန်အခါမှာ ခေတ်စားလို့နေပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အံ့မခန်းဖြစ်စဥ်ကြီးဖြစ်တာကြောင့် AI ဟာ အချို့နေရာတွေမှာ အစားထိုးလို့ရကောင်းရနိုင်ပေမယ့် "သွေး" ကိုတော့ အစားမထိုးနိုင်ပါဘူး။

🩸 ဇွန်လ (၁၄) ရက်နေ့ဟာ "ကမ္ဘာ့သွေးအလှူရှင်များနေ့" ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သွေးလိုအပ်ချက်တွေကို လူသားတွေကတဆင့်ရရှိနေကြပါတယ်။ ဒီသွေးတွေကတဆင့် များပြားလှတဲ့အသက်တွေကိုလဲ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ "Give blood, give hope – together we save lives" - တို့တွေအတူတကွအသက်တွေကယ်တင်ကြ၊ သွေးလှူပါ၊ ဒါဟာမျှော်လင့်ချက်ပါ" ဖြစ်ပါတယ်။

🩸သွေးလှူဒါန်းဖို့အရာအတွက်လိုအပ်တာကတော့ သတ်မှတ်ကိုယ်အလေးချိန်ပြည့်မီရပါမယ်၊ သွေးပေါင်ချိန်ပြည့်မီရပါမယ်၊ ကူးစက်ရောဂါပိုးကင်းစင်ပြီး သွေးအားပြည့်ဝနေရန် အခြေခံလိုအပ်ပါတယ်။

🩸 ဒါကြောင့် ကူးစက်ရောဂါကင်းစင်အောင် ကာကွယ်ဆေးများထိုးနှံပါ၊ Check Up စစ်ဆေးပါ၊ ကျန်းမာစွာနေထိုင်ပါ၊ သင့်သွေးဖြင့်အသက်ကယ်နိုင်ပါတယ်။


အသိပေးကြေငြာခြင်း=============တောင်ကိုးရီးယားနိုင်ငံ SK Bioscience မှထုတ်လုပ်သော SKY Cellflu Quadrivalent Vaccine (စကိုင...
09/06/2025

အသိပေးကြေငြာခြင်း

=============

တောင်ကိုးရီးယားနိုင်ငံ SK Bioscience မှထုတ်လုပ်သော SKY Cellflu Quadrivalent Vaccine (စကိုင်းဆဲလ်ဖလူ လေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်‌ဆေး) သည် SML Business Group Of Company Limited အောက်ရှိ Soe Min Latt Pharmaceutical Company Ltd မှ မြန်မာနိုင်ငံသို့တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်တင်သွင်းသောကုမ္ပဏီဖြစ်ပါသည်။ SKY Cellflu Quadrivalent Vaccine အား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Myanmar FDA) တွင် Soe Min Latt Pharmaceutical Company Ltd မှ မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသောဆေးဝါးဖြစ်ပါသည်။

ယခုအခါ SKY Cellflu Quadrivalent Vaccine အား အခြားသောနေရာများမှ ဖြန့်ဖြူးရောင်းချခြင်း များရှိနေကြောင်းသိရှိရသဖြင့် SKY Cellflu Quadrivalent Vaccine အား မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တရားဝင်ဖြန့်ချိတင်သွင်းသောကုမ္ပဏီမှာ Soe Min Latt Pharmaceutical Company Ltd ဖြစ်ကြောင်းနှင့် Myanmar FDA ၏ စည်းကမ်းချက်များအတိုင်း တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူနှင့်သက်ဆိုင်သူများသိရှိစေရန် အသိပေးကြေငြာအပ်ပါသည်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း အစားအသောက်များဟာ အာဟာရကို ယူဆောင်လာတဲ့ နေ့စဉ်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အစား...
29/05/2025

အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း အစားအသောက်များဟာ အာဟာရကို ယူဆောင်လာတဲ့ နေ့စဉ်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အစားအစာများကို လူ့ခန္ဓာကိုယ်နေရာအနှံ့ရောက်ရှိဖို့ ပထမဦးဆုံးလုပ်ဆောင်နေတာကတော့ အစာခြေစနစ်ပဲဖြစ်ပါတယ်။ ပါးစပ်ကနေ နောက်ဆုံးကျင်ကြီးစွန့်တဲ့အထိရှည်လားတဲ့ အစာခြေစနစ်ဟာ အရေးအကြီးဆုံးစနစ်တစ်ခုပဲဖြစ်ပါတယ်။

မေလ (၂၉) ရက်နေ့ကို “𝗪𝗼𝗿𝗹𝗱 𝗗𝗶𝗴𝗲𝘀𝘁𝗶𝘃𝗲 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 "ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးနေ့" အဖြစ်သတ်မှတ်ထားပြီး ဒီနှစ်အတွက်ဆောင်ပုဒ်ကတော့ "Your Digestive Health: Nourish to Flourish” ဖြစ်ပါတယ်။ အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးဟာ လူတစ်ယောက်ရဲ့ ကျန်းမာစွာဖွံ့ ဖြိုးရေးအတွက်အရေးကြီးပါတယ်။


✨မိန်းကလေးတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးအချက်အလက်တစ်ခု ✨🙋🏻‍♀️ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ မိန်းကလေးတွေအတွက်၊ ကျန်းမာ...
23/05/2025

✨မိန်းကလေးတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးအချက်အလက်တစ်ခု ✨

🙋🏻‍♀️ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ မိန်းကလေးတွေအတွက်၊ ကျန်းမာရေးကို ဦးစားပေးကြသူများအတွက်၊ ကျန်းမာမှ စိုပြေသာယာတဲ့ဘဝကို ခံစားနိုင်မှာပါ။

💗 iBreast Screening Service ကတော့ မိန်းကလေးတွေအတွက် Breast Lump ( ရင်သား အလုံးအကျိတ် ) ကို စောင့်ကြည့်စစ်ဆေးနိုင်တဲ့ နည်းပညာအသစ်တစ်ခုဖြစ်ပါတယ်။

🩺 Radiation ဓာတ်ရောင်ခြည်ထိတွေ့မှုမပါဝင်တဲ့အပြင် Painless နာကျင်မှုမရှိပဲ အမျိုးသမီးတိုင်းအတွက် သီးသန့်စစ်ဆေးမှုအနေနဲ့စစ်ဆေးနိုင်တဲ့နည်းပညာအသစ်ဖြစ်ပါတယ်။

💖 ကိုယ့်ကိုယ်ကို ဂရုတစိုက်ရှိခြင်းက ကိုယ်ပိုင်အားတစ်ခုပါ။
💖 အမျိုးသမီးတို့ရဲ့ ရင်သားဆိုင်ရာ ကျန်းမာရေးအတွက် ကြိုတင်စစ်ဆေးခြင်းက အားသားချက်တစ်ခုပါ။




အသိပေးကြေငြာခြင်း =============SML Vaccine Clinic သို့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံရန်နှင့် မှာယူမှုများအဆင်ပြေစေရန် Vac...
22/05/2025

အသိပေးကြေငြာခြင်း
=============
SML Vaccine Clinic သို့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံရန်နှင့် မှာယူမှုများအဆင်ပြေစေရန် Vaccine Clinic ဖုန်းနံပါတ်များအပြင် SML Call Center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
SML Call Center - 09 74000 1400, 09 74000 1402, 09780 162 446, 09780 162 447

Vaccine Clinic by SML page မှလည်း

17/05/2025

Address

Shwegondaing Road
Yangon

Telephone

+959782019300

Website

Alerts

Be the first to know and let us send you an email when All Healthcare by SML posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to All Healthcare by SML:

Share