Seit Mate Swe - mental health

Seit Mate Swe - mental health "စိတ်မိတ်ဆွေ" ကိုယ်ပိုင်စိတ်ကျန်းမာရေးစင်တာများနှင့် နှစ်သိမ့်ဆွေးနွေးသူအများအပြားပေါ်ပေါက်လာစေရန်....

စိတ်ကျန်းမာရေးဝန်ဆောင်မူကို မြန်မာနိုင်ငံအတွင်း လူတိုင်းလွယ်ကူစွာရရှိနိုင်စေရန် အခကြေးငွေသင့်လျော်သော စိတ်ကျန်းမာရေးဌာနများအား ကွန်ရက်တစ်ခုအဖြစ်ပေါ်ပေါက်လာစေပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေးဆွေးနွေးပွဲများ၊ သင်တန်းများနှင့် တစ်ဦးချင်း နှစ်သိမ့်ဆွေးနွေးခြင်းများမှတစ်ဆင့် စိတ်ကျန်းမာရေးကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပါသည်။

ရည်မှန်းချက်အရ စိတ်ကျန်းမာရေးဆိုင်ရာ ထင်မြင်ယူဆချက်အလွဲများနှင့် ခွဲခြာ

းဆက်ဆံခြင်းများကို လျှော့ချရန်၊ လူအများတို့အား စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်း (ကာကွယ်ခြင်းနှင့် ကုသခြင်း)၊ လေ့ကျင့်ရေး နှင့် စည်းရုံးရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

အခက်အခဲတွေကို တစ်ယောက်တည်း ကျော်ဖြတ်စရာမလိုပါဘူးနော်။ 🩵
28/04/2026

အခက်အခဲတွေကို တစ်ယောက်တည်း ကျော်ဖြတ်စရာမလိုပါဘူးနော်။ 🩵

အခက်အခဲတွေကို တစ်ယောက်တည်း ကျော်ဖြတ်စရာမလိုပါဘူး
လိုအပ်ရင် အကူအညီယူလို့ရပါတယ် 💛

ဘယ်လိုအချိန်မှာ Counselling ယူကြလဲ
ဥပမာပြောရမယ်ဆိုရင်
🪴 စာတွေလုပ်ရလွန်းလို့ Stress ပိနေတာမျိုး
🪴 အလုပ်ကြောင့် စိတ်ညစ်နေရတာမျိုး
🪴 ဝမ်းနည်းနေတာ၊ စိုးရိမ်ပူပန်နေတာမျိုး
🪴 တစ်ယောက်ယောက်/တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာမျိုး
🪴 ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို ပိုနားလည်ချင်တာမျိုးက စလို့
🪴 မိသားစုနဲ့ အဆင်မပြေတာ
🪴 Relationship မှာ အဆင်မပြေတာ
🪴 Mental Abuse or Physical Abuse ခံနေရတာ
🪴 ကိုယ့်ကိုယ့်ကိုယ့် နာကျင်အောင် လုပ်မိနေတာ၊ လုပ်ချင်နေတာ စတာတွေ ကြုံနေရပြီဆိုရင် Counselling ယူလို့ရပါတယ်ရှင်

လုံခြုံပြီး စိတ်ချရတဲ့နေရာလေးမို့ စိတ်ချလက်ချ ရင်ဖွင့် တိုင်ပင် ဆွေးနွေးလို့ ရပါတယ်နော်

You are warmly welcome.

Counselling ရယူလိုပါက/ အသေးစိတ်သိရှိလိုပါက
Page Messenger က ဆက်သွယ်ပေးပါနော်

Let’s grow together.


စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့) - စနေနေ့ည Online Workshopဒီ Workshop လေးက ဘယ်သူတွေအတွက် သင့်တော်လဲ …🔹 နေ့စဉ်...
27/04/2026

စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့) - စနေနေ့ည Online Workshop

ဒီ Workshop လေးက ဘယ်သူတွေအတွက် သင့်တော်လဲ …

🔹 နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို ခံစားနေရသူတွေ
🔹 ပြင်းထန်တဲ့ ခံစားချက်တွေ လျှော့ချချင်သူတွေအတွက် သင့်တော်ပါတယ်။

Workshop တက်ရောက်တဲ့အခါ …

✨ စိတ်အနားရစေမယ်။
✨ စိတ်ရဲ့ ခံနိုင်ရည်စွမ်းအားတွေ ကောင်းလာမယ်။
✨ အချင်းချင်း စိတ်ခံစားမှုတွေ ချိတ်ဆက်ရင်း လက်ခံနိုင်စွမ်းတွေ တိုးတက်လာမယ်။

ဒီလို Mental wellbeing အတွက် အထောက်အကူဖြစ်စေဖို့ လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ စိတ်သန့်ရှင်းရေး Workshop ကို စိတ်မိတ်ဆွေကနေ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေတာဖြစ်လို့ အားလုံးပါဝင်ပြီး ဆွေးနွေးရင်ဖွင့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့)

နေ့ရက် - ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ (စနေနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform
Fees - အခမဲ့

*မိမိကိုယ်တိုင်နဲ့ ပါဝင်သူအားလုံး လွတ်လပ်စွာရင်ဖွင့်နိုင်ဖို့အတွက် လုံခြုံတိတ်ဆိတ်တဲ့ နေရာလေးကနေ တက်ရောက်စေချင်ပါတယ်။*

Workshopလေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။

စာရင်းသွင်းရန်
https://forms.gle/45nUDkYJh1mUmG2P6

တက်ရောက်နိုင်သူများကို စိတ်မိတ်ဆွေကနေ သောကြာနေ့ နေ့လည် နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါမယ်နော်။ Workshop အချိန်နီးကပ်မှ စာရင်းသွင်းသူများကတော့ နေရာရရှိမှုသေချာစေရန် စိတ်မိတ်ဆွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

*လူဦးရေအကန့်အသတ်လည်းရှိတာဖြစ်လို့ စာရင်းအမြန်ပေးရင်း သေချာလေးတက်ရောက်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်ရှင်။*

#စိတ်မိတ်ဆွေ

#စိတ်သန့်ရှင်းရေး

26/04/2026

စိတ်ညစ်စရာတွေ ကြုံလာရတဲ့အခါ၊ ဒါမှမဟုတ် တစ်ယောက်တည်း ရင်ဖွင့်ဖို့ ခက်ခဲနေတဲ့အခါ...

"ဘယ်သူ့ကို ပြောပြရမလဲ" ဆိုတာ အတော်လေး ဝေခွဲမရဖြစ်တတ်ကြပါတယ်။ ကိုယ်က ရင်ဖွင့်ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကိုပြောပြရမယ်မှန်းမသိတဲ့အခါမျိုးမှာ ဝေဒနာက ပိုပိုတိုးလာတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ စနစ်တကျ လေ့ကျင့်ထားတဲ့ Counsellor တစ်ယောက်နဲ့ စကားပြောကြည့်လိုက်တာက အကောင်းဆုံးအဖြေဖြစ်စေမှာပါနော်။ ဒါကြောင့် စိတ်မိတ်ဆွေပါတနာစင်တာရဲ့ Counsellor တွေနဲ့ စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးနိုင်တဲ့အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ရင်ဖွင့်လိုက်ရတာက စိတ်ခံစားချက်တွေကို သက်သာရာရစေတယ်။
မိမိရဲ့ ခံစားချက်တွေကို ကိုယ့်ကိုမသိတဲ့ လူစိမ်းတစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်ရတာဟာ စိတ်ထဲက အလုံးကြီးကျသွားသလို ခံစားရစေပါတယ်။ အပြစ်မတင်ဘဲ နားထောင်ပေးမယ့်သူရှိနေတာဟာ စိတ်သက်သာရာရဖို့အတွက် အကောင်းဆုံးဖြစ်စေမှာပါနော်။

(၂) သိလိုသမျှကို မေးမြန်းနိုင်တယ်။
စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ့်အတွက်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က တစ်ဦးဦးအတွက်ဖြစ်စေ သိလိုသမျှကို Counsellor နဲ့လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ပါတယ်နော်။

(၃) အခမဲ့ ဝန်ဆောင်မှုနဲ့ ဆောင်ရွက်ပေးနေတယ်။
စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ ငွေကြေးကိစ္စက ထပ်မံပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်စေဖို့ စိတ်မိတ်ဆွေပါတနာစင်တာရဲ့ Counselling ဝန်ဆောင်မှုအားလုံးကို အခမဲ့ ပေးထားပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

(၄) အပတ်စဉ် Supervision ရယူထားကြတယ်။
ဒါကတော့ အရေးအကြီးဆုံး အချက်တစ်ချက်ပါ။ စိတ်မိတ်ဆွေပါတနာစင်တာရဲ့ Counsellors တွေဟာ ဆွေးနွေးမှု အရည်အသွေးကို ထိန်းသိမ်းပြီး ကူညီပေးတဲ့အခါ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို လမ်းညွှန်ပေးနိုင်ဖို့အတွက် Supervisorတွေနဲ့ အပတ်စဉ် Supervision ယူထားကြတာပဲဖြစ်ပါတယ်။

(၅) နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးနေတယ်။
Counsellor တိုင်းဟာ Professional Counsellor Pathway ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီးတော့ နိုင်ငံတကာ စံနှုန်းတွေ၊ ကျင့်ဝတ်တွေနဲ့အညီ စနစ်တကျ ဝန်ဆောင်မှုပေးနေသူတွေပဲဖြစ်ပါတယ်။

တစ်ခါတလေမှာ ခံစားချက်တွေကို တစ်ယောက်တည်း ရုန်းကန်နေရတာထက် နားလည်တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးရင်း အဖြေရှာကြည့်တာက ပိုပြီး ထိရောက်နိုင်ပါတယ်။

တကယ်လို့ မိတ်ဆွေဟာ စိတ်ပင်ပန်းနွမ်းနယ်တာမျိုး ကြုံတွေ့နေရရင်ဖြစ်စေ၊ ရင်ဖွင့်တိုင်ပင်ချင်တာမျိုး ရှိရင်လာရင်တော့ နေ့စဉ် မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း စိတ်မိတ်ဆွေရဲ့ ဖုန်း - ၀၉ ၈၈၁၀ ၆၃၀၃၀ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Viber, Telegram နဲ့ page Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#စိတ်မိတ်ဆွေ


Echoism ရဲ့ သဘောတရားလေးကို ဖတ်ကြည့်ရင်း ကိုယ်ရော ဒီလိုလေးဖြစ်နေသလားဆိုတာကြည့်ကြည့်ရအောင်နော် ...
23/04/2026

Echoism ရဲ့ သဘောတရားလေးကို ဖတ်ကြည့်ရင်း ကိုယ်ရော ဒီလိုလေးဖြစ်နေသလားဆိုတာကြည့်ကြည့်ရအောင်နော် ...

လူတော်တော်များများ Narcissism (ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်သူ) တွေအကြောင်း အနည်းနဲ့အများ သိကြပေမဲ့ Echoism ဆိုတာကိုတော့ သိပ်မသိကြပါဘူး။

ဂရိဒဏ္ဍာရီထဲက နတ်သမီးလေး Echo ဟာ သူမရဲ့ ကိုယ်ပိုင်စကားလုံးတွေကို ဆုံးရှုံးခဲ့ရပြီး သူတစ်ပါးရဲ့ စကားသံကိုပဲ ပဲ့တင်ထပ် (Echo) နေရသလိုပဲ... ကိုယ့်မှာ ကိုယ်ပိုင်ဆန္ဒမရှိတော့ဘဲ သူတစ်ပါးရဲ့ အလိုကိုပဲ လိုက်နေရတဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ ဒီ Echoism ဆိုတဲ့ Term ကို စိတ်ပညာရှင် Craig Malkin က စတင်သုံးစွဲခဲ့တာဖြစ်ပြီး Narcissism ရဲ့ ဆန့်ကျင်ဘက် (Opposite end of the spectrum) အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Echoist တွေရဲ့ နက်နဲတဲ့ လက္ခဏာများ
သူတို့ဟာ "အထူးအဆန်းဖြစ်မှာ" (သို့) သူတစ်ပါးရဲ့ "အာရုံစိုက်မှုကို ခံရမှာ" ကို အရမ်းကြောက်ကြပါတယ်။ သူတစ်ပါးကို စိတ်မပျက်စေချင်တဲ့ဖိအားကြောင့် ကိုယ်ပိုင်လိုအပ်ချက်တွေကို ဖုံးကွယ်ထားတတ်ကြတယ်။ ဒါကို Extreme Altruism (အစွန်းရောက် စာနာမှု) လို့ အထင်မှားတတ်ကြပေမဲ့ တကယ်တော့ ဒါဟာ Fear of Burdensomeness (သူတစ်ပါးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ ကြောက်တဲ့စိတ်) ကြောင့် ဖြစ်ရတဲ့ စိတ်ဒဏ်ရာတစ်ခုလို့ ယူဆနိုင်ပါတယ်။

Echoism ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ဘာလဲ?
မိမိကိုယ်ကို ဖျောက်ထားခြင်းဟာ အပြင်ပန်းမှာ ပဋိပက္ခကင်းဝေးစေတယ်လို့ ထင်ရပေမယ့် ရေရှည်မှာတော့ ကိုယ်ပိုင်ဖြစ်တည်မှု (Identity) ပျောက်ဆုံးသွားစေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အားနာတတ်တဲ့သဘာဝကို အခွင့်ကောင်းယူမယ့် အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေး (Toxic Relationships) တွေထဲမှာ ပိတ်မိနေတတ်ပြီး အတွင်းစိတ်မှာ မဖြေဖျောက်နိုင်တဲ့ စိတ်ပင်ပန်းနွမ်းနယ်မှု (Mental Burnout) တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီလိုသူများအတွက်နဲ့ အသက်ရှင်နေတဲ့ အကျင့်ကို ဘယ်လို ပြင်မလဲ?
၁။ Finding your own voice - "နင်အဆင်ပြေတာလုပ်" လို့ ပြောမယ့်အစား "ငါ ဒါကိုတော့ ပိုကြိုက်တယ်" ဆိုတဲ့ သေးငယ်တဲ့ ရွေးချယ်မှုလေးတွေကနေ စတင်ပါ။
၂။ Breaking the silence - ကိုယ့်ရဲ့ လိုအပ်ချက်ကို ထုတ်ပြောခြင်းက အတ္တဆန်တာ မဟုတ်ဘဲ ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုအတွက် အခြေခံအုတ်မြစ်ဆိုတာကို လက်ခံပါ။
၃။ Assertiveness Training - ကိုယ့်ရဲ့ အမြင်ကို ယဉ်ကျေးစွာနဲ့ ပြတ်သားစွာ ထုတ်ဖော်ပြောဆိုတတ်အောင် လေ့ကျင့်ပါ။ ကိုယ်တိုင်ဟာလည်း လောကကြီးမှာ နေရာတစ်ခု၊ အသံတစ်ခု ပိုင်ဆိုင်ခွင့်ရှိကြောင်း ယုံကြည်လိုက်ပါ။

လူကြီးမင်းတို့ရော... သူတစ်ပါးရဲ့ အကြိုက်တွေကြားမှာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဖျောက်ထားမိသလား? ကိုယ့်ရဲ့ ကိုယ်ပိုင်အသံ (ကိုယ်ပိုင် အခွင့်အရေး) ကို ပြန်ရယူဖို့ ကြိုးစားကြည့်ရအောင်ပါ။

ဒီတစ်ပတ် စနေနေ့မှာ တက်ရောက်နိုင်မယ့်🌿 သတိတရားနှင့်စိတ်ခွန်အားဖြည့်တင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ 🌿အတွက် Your Safe Space မ...
21/04/2026

ဒီတစ်ပတ် စနေနေ့မှာ တက်ရောက်နိုင်မယ့်🌿 သတိတရားနှင့်စိတ်ခွန်အားဖြည့်တင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ 🌿အတွက် Your Safe Space မှာ စာရင်းသွင်းလို့ရပါပြီနော်။ 🩵

(25/4/2026) စနေနေ့အတွက် စာရင်းစပေးလို့ရပြီခင်ဗျာ

🌿 သတိတရားနှင့်စိတ်ခွန်အားဖြည့်တင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ 🌿

ခဏလောက် နားလိုက်ပါ။ အသက်ဝဝရှူပါ။ ပစ္စုပ္ပန်တည့်တည့်မှာ ရှိနေပါစေ။

"အနာဂတ်အတွက် စိုးရိမ်တာတွေ၊ အတိတ်အတွက် နောင်တရတာတွေထက်... လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာ အသက်ရှူနေရတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။"

ကိုယ့်စိတ်ကလေးကို ပြန်ပြီး ဂရုစိုက်ဖို့ ကျွန်ုပ်တို့ရဲ့ Workshop လေးက အဆင်သင့်ရှိနေပါပြီ။ စိတ်ဖိစီးမှုတွေကို ခဏဘေးဖယ်ပြီး အေးချမ်းတဲ့ မိနစ်အနည်းငယ်ကို အတူတူ ဖြတ်သန်းကြရအောင်။

📍 အသေးစိတ်အချက်အလက်များ:
နေ့ရက် - [25 April 2026 / Saturady]
အချိန် - [7pm - 9Pm / Myanmar Time]
နေရာ - [Zoom Online]

ဒီWorkshop လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ Messenger ကို Hiပေးပါ ခင်ဗျာ။

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို လျှော့ချဖို့ ကူညီပေးနိုင်မယ့် အသုံးအဆောင်လေးတွေကို ကြည့်ရအောင်။ 🩵
21/04/2026

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို လျှော့ချဖို့ ကူညီပေးနိုင်မယ့် အသုံးအဆောင်လေးတွေကို ကြည့်ရအောင်။ 🩵

“5 Things To Buy For Your Mental Health”

ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေအပြင် ကိုယ့်ရဲ့ပတ်ဝန်းကျင် (Environment) ကို ပြောင်းလဲပေးနိုင်တဲ့ အသုံးအဆောင်လေးတွေကလည်း အထောက်အကူပြုတယ်ဆိုတာ သင်သိပါသလား?💭

ကိုယ့်ရဲ့နေ့စဥ် lifestyle ထဲမှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ဖို့ အထောက်အကူပြုတဲ့အရာလေး (၅) ခု...

🪔Warm Light မီးအိမ်
အလင်းရောင်ဟာ လူတွေရဲ့စိတ်ခံစားမှု အပေါ်အများကြီးသက်ရောက်မှုရှိပါတယ်။ ညဘက်မှာ နွေးထွေးတဲ့ အလင်းရောင်သုံးပေးတာက အိပ်စက်ခြင်းဟော်မုန်းကို အားပေးလို့ စိတ်ငြိမ်ပြီး အိပ်ပျော်ရလွယ်စေတယ်။

🎧Noise-Cancellation နားကြပ်
ဆူညံသံတွေဟာ စိတ်ကို မသိမသာ ပင်ပန်းစေပါတယ်။ နားကြပ်တစ်ခုက သင့်ကို ပတ်ဝန်းကျင်က အနှောင့်အယှက်တွေကနေ ခဏတာ ဖယ်ရှားပေးနိုင်ပြီး Meditation လုပ်တာပဲဖြစ်ဖြစ်၊ အလုပ်အာရုံစိုက်တာပဲဖြစ်ဖြစ် (Deep Work) အတွက် အကျိုးရှိစေပါတယ်။

🕯Scented Candle/ Essential Oil
Aromatherapy ဟာ စိတ်ဖိစီးမှုကို လျှော့ချရာမှာ တကယ်ထိရောက်ပါတယ်။ Lavender လို အနံ့မျိုးက သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို တည်ငြိမ်စေပြီး စိတ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

📒Journal စာအုပ်
Journaling (ဒိုင်ယာရီရေးခြင်း) ဟာ စိတ်ကုထုံးတစ်ခုလိုပါပဲ။ ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ခြင်းက ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရှင်းလင်းစေပြီး (Cognitive Processing) ကို အထောက်အကူပြုပါတယ်။

🛏သက်သောင့်သက်သာရှိတဲ့ အိပ်ယာခင်းနဲ့ ခေါင်းအုံး
အိပ်စက်ခြင်းဟာ စိတ်ကျန်းမာရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တာကြောင့်မို့ အရေပြားနဲ့ ထိတွေ့တဲ့အခါ သက်သောင့်သက်သာရှိတဲ့ ခံစားချက်နဲ အိပ်ယာအသုံးအဆောင်တွေက ခန္ဓာကိုယ်ကို Relax ဖြစ်စေပြီး ပိုပြီးနက်ရှိုင်းတဲ့ အိပ်စက်ခြင်း (Deep Sleep) ကို ရရှိစေပါတယ်။

Mental Health အတွက် ဝယ်ယူတဲ့အရာတွေဟာ ပစ္စည်းသက်သက်တင် မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ငြိမ်သက်မှု (Peace of Mind) အတွက် ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။ 🌿

ဒီအချက်လေးတွေထဲက ဘယ်အရာက သင့်အတွက် အသုံးအဝင်ဆုံးဖြစ်မလဲ? တခြားသူတွေအတွက်လည်း ဗဟုသုတဖြစ်အောင် Sharing လေးလုပ်ပြီး Comment မှာ မျှဝေခဲ့ပေးပါဦးနော်။ ✨

Content Writer - Phway
Graphic Designer - Dee

🦋 Contact Us 🦋
Address: Room 222, No. 47, 31st Street,69x70 Street, Royal Hospital (တော်ဝင်ဆေးရုံ), Mandalay.
Phone: 09 761 393 131
Email: admin@adorementalwellbeingandcare.com

Telegram Channel Link: https://t.me/adorementalwellbeingandcare

•we ADORE you unconditionally•


စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့) - စနေနေ့ည Online Workshopဒီ Workshop လေးက ဘယ်သူတွေအတွက် သင့်တော်လဲ …🔹 နေ့စဉ်...
20/04/2026

စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့) - စနေနေ့ည Online Workshop

ဒီ Workshop လေးက ဘယ်သူတွေအတွက် သင့်တော်လဲ …

🔹 နေ့စဉ်ဘဝမှာရုန်းကန်လှုပ်ရှားရင်း စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတွေကို ခံစားနေရသူတွေ
🔹 ပြင်းထန်တဲ့ ခံစားချက်တွေ လျှော့ချချင်သူတွေအတွက် သင့်တော်ပါတယ်။

Workshop တက်ရောက်တဲ့အခါ …

✨ စိတ်အနားရစေမယ်။
✨ စိတ်ရဲ့ ခံနိုင်ရည်စွမ်းအားတွေ ကောင်းလာမယ်။
✨ အချင်းချင်း စိတ်ခံစားမှုတွေ ချိတ်ဆက်ရင်း လက်ခံနိုင်စွမ်းတွေ တိုးတက်လာမယ်။

ဒီလို Mental wellbeing အတွက် အထောက်အကူဖြစ်စေဖို့ လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ စိတ်သန့်ရှင်းရေး Workshop ကို စိတ်မိတ်ဆွေကနေ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ပေးနေတာဖြစ်လို့ အားလုံးပါဝင်ပြီး ဆွေးနွေးရင်ဖွင့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့)
နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ (စနေနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ (မြန်မာစံတော်ချိန်)
နေရာ - Zoom Platform
Fees - အခမဲ့

*မိမိကိုယ်တိုင်နဲ့ ပါဝင်သူအားလုံး လွတ်လပ်စွာရင်ဖွင့်နိုင်ဖို့အတွက် လုံခြုံတိတ်ဆိတ်တဲ့ နေရာလေးကနေ တက်ရောက်စေချင်ပါတယ်။*

Workshopလေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။

စာရင်းသွင်းရန်
https://forms.gle/45nUDkYJh1mUmG2P6

တက်ရောက်နိုင်သူများကို စိတ်မိတ်ဆွေကနေ သောကြာနေ့ နေ့လည်နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါမယ်နော်။ Workshop အချိန်နီးကပ်မှ စာရင်းသွင်းလိုသူများ နေရာရရှိမှုသေချာစေရန် စိတ်မိတ်ဆွေကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

*လူဦးရေအကန့်အသတ်လည်းရှိတာဖြစ်လို့ စာရင်းအမြန်ပေးရင်း သေချာလေးတက်ရောက်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်ရှင်။*

#စိတ်မိတ်ဆွေ

#စိတ်သန့်ရှင်းရေး

ဆုံးရှုံးမှုတွေကြားက ပြန်လည်ရုန်းထွက်ပြီး ကျန်ရစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အတူတူကုစားရအောင်။ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတစ်...
19/04/2026

ဆုံးရှုံးမှုတွေကြားက ပြန်လည်ရုန်းထွက်ပြီး ကျန်ရစ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို အတူတူကုစားရအောင်။

ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့အရာတစ်ခုခုကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ ခံစားရတဲ့ နာကျင်မှုက တကယ်ကို ဆိုးရွားလွန်းလှပါတယ်။ ပြီးခဲ့တဲ့နှစ်က ငလျင်ဒဏ်ကြောင့် ဆုံးရှုံးမှုတွေ၊ ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ အခုထက်ထိ လူအတော်များများရဲ့ ရင်ထဲမှာ ရှိနေဆဲ ဖြစ်မှာပါ။

စိတ်ပညာသဘောအရပြောရရင် ဆုံးရှုံးမှုကြောင့် ဝမ်းနည်းပူဆွေးရတယ်ဆိုတာ လူသားတိုင်း ခံစားရလေ့ရှိတဲ့၊ ခံစားပိုင်ခွင့်ရှိတဲ့ သဘာဝတရားတစ်ခုပဲ ဖြစ်ပါတယ်။

ဒီလို ဝမ်းနည်းမှုမျိုးကို အတင်းအကျပ် အောင့်အည်းမထားဘဲ "ငါ တကယ်ဝမ်းနည်းနေတယ်" ဆိုတာကို လက်ခံလိုက်တာဟာ ကုစားခြင်းခရီးလမ်းရဲ့ သက်သာရာပန်းတိုင်ဆီကို စတင်ခြေလှမ်းလိုက်တာပါပဲ။ ဒီခရီးလမ်းကို ရှေ့ဆက်ဖို့အတွက် ခဏလေးနဲ့ ပြီးဆုံးသွားမယ့် နည်းလမ်းရယ်လို့ မရှိပေမဲ့ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ကြည့်လို့ရတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

🎗️ပထမဆင့်အနေနဲ့ မိမိရဲ့ ပူဆွေးမှုကို အသိအမှတ်ပြုပါ။
"ဝမ်းနည်းနေတာ၊ ကြောက်နေတာဟာ အားနည်းချက်မဟုတ်ဘူး" ဆိုတာကို အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြောပြပြီး နားလည်ပေးဖို့လိုပါတယ်။ "ငါ ဒါမျိုး မခံစားသင့်တော့ဘူး" လို့ ဖိအားမပေးဘဲ "ငါ့အနေနဲ့ ခံစားချက်တွေကို အရင်ဆုံးလက်ခံနိုင်ဖို့လိုတယ်" ဆိုတာမျိုးတွေးသင့်ပါတယ်။ "ငါ့စိတ်ကလေး ဝမ်းနည်းနေတယ်၊ ငါ့ ခံစားချက်တွေပြင်းထန်နေတယ်"ဆိုတာမျိုး အသိလေးကပ်ပြီး လက်ခံနိုင်ဖို့ တွေးပေးသင့်ပါတယ်။

🎗️ နားလည်ပေးမယ့်သူတွေနဲ့ ချိတ်ဆက်ပါ။
ကိုယ့်ကို နားလည်စာနာပေးနိုင်တဲ့သူတွေ၊ အလားတူ ဆုံးရှုံးမှုမျိုး ကြုံခဲ့ရသူတွေနဲ့ စကားပြောတာ၊ ရင်ဖွင့်တာက ကိုယ့်ကိုယ်ကိုယ် အထီးကျန်မနေဘူးဆိုတာကို သိရှိစေပြီး စိတ်ဒဏ်ရာကို အများကြီး သက်သာစေမှာပါ။

🎗️ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ပါ။

Grief ဆိုတာ ခံစားခွင့်ရှိပါတယ်။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဂရုစိုက်ပေးခွင့်ရှိပါတယ်နော်။ ဆုံးရှုံးမှုကြောင့် စိတ်အဆင်မပြေဖြစ်တဲ့အခါမှာလည်း ခံစားနိုင်ဖို့ အားရှိဖို့လိုပါတယ်။ မအိပ်နိုင် မစားနိုင်ဖြစ်တာကလည်းပုံမှန်ပဲဆိုပေမယ် ကြိုးစားပြီးတော့ အိပ်ချိန်စားချိန်မှန်အောင် လုပ်ကြည့်ပေးပါနော်။

🎗️ ပစ္စုပ္ပန်မှာ နေထိုင်ပါ။
ကိုယ့်အတွက် လက်ရှိအချိန်မှာ အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးပြီး စိုးရိမ်၊ ဝမ်းနည်းနေရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုကနေ ခြေကုန်လက်ပမ်းကျလာနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်ရဲ့ ပစ္စုပ္ပန်ဆိုတဲ့နေရာလေးကိုလည်း ပြန်လာပြီးတော့ အနားယူခွင့်ရှိနေတယ်ဆိုတာလေးကို သတိရနေစေချင်ပါတယ်။

🎗️ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
ခံစားချက်တွေက အရမ်းပြင်းထန်နေပြီး နေ့စဉ်ဘဝမှာပါ ထိခိုက်လာတယ်ဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ဖို့ ဝန်မလေးပါနဲ့။

ဆုံးရှုံးမှုတွေက ကြီးမားခဲ့ပေမဲ့ သင်ဟာ အခုထိ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်တာကိုက ဂုဏ်ယူစရာတစ်ခုပါ။ ကုစားခြင်းခရီးလမ်းဟာ ဖြည်းဖြည်းချင်း သွားရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပေးဖို့ လိုအပ်ပါတယ်။

ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ရပ်ဝန်းမျိုးလိုချင်တယ်ဆိုရင်တော့ စိတ်မိတ်ဆွေကို ဆက်သွယ်လို့ရပါတယ်။

နားလည်တတ်ကျွမ်းသူတွေနဲ့ အသေးစိတ်ဆွေးနွေး ရင်ဖွင့်ပြောပြရင်း စိတ်သန့်ရှင်းကျန်းမာတဲ့ ဘဝလေးရရှိအောင် ကူညီပံ့ပိုးပေးမှာဖြစ်လို့ Counselling Session လေးရယူနိုင်မှာပါ။ အသေးစိတ်ဆွေးနွေးမေးမြန်းချင်တယ်ဆိုရင်တော့ နေ့စဉ် မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း စိတ်မိတ်ဆွေရဲ့ ဖုန်း - ၀၉ ၈၈၁၀ ၆၃၀၃၀ ကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။

Viber, Telegram နဲ့ page Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#စိတ်မိတ်ဆွေ


ပိတ်ရက်လေးကို ပြည့်ပြည့်ဝဝ အနားယူကြရအောင် ... သင်္ကြန်ပိတ်ရက်ဆိုတာ ပျော်စရာကောင်းသလို၊ ကိုယ့်ရဲ့ အတွင်းစိတ်လေးကို ပြန်လည...
12/04/2026

ပိတ်ရက်လေးကို ပြည့်ပြည့်ဝဝ အနားယူကြရအောင် ...

သင်္ကြန်ပိတ်ရက်ဆိုတာ ပျော်စရာကောင်းသလို၊ ကိုယ့်ရဲ့ အတွင်းစိတ်လေးကို ပြန်လည်ဂရုစိုက်ဖို့အတွက်လည်း အဖိုးတန်တဲ့ အချိန်လေးတစ်ခုပါပဲ။ ဒီပိတ်ရက်မှာ အလုပ်တွေ၊ ပူပန်မှုတွေကို ခေတ္တဘေးဖယ်ထားပြီး ကိုယ့်ရဲ့ "Mental Battery" လေး ပြန်ပြည့်စေမယ့် Holiday Boosters လေးတွေကို အတူတူ လုပ်ကြည့်ရအောင်နော်✨

စိတ်အေးချမ်းစွာ အနားယူဖို့ နည်းလမ်းလေးတွေကတော့ ...

✅မနက်ခင်းတွေကို ကိုယ့်ကိုယ်ကိုယ်ကြင်နာမှုနဲ့စတင်လိုက်ပါ။
မနက်ခင်းလေးတွေကို ကိုယ့်အတွက်ကိုယ် ကြင်နာမှုအပြည့်နဲ့ စတင်လိုက်တာက တစ်နေ့တာကိုအားအင်အပြည့်နဲ့ ဖြတ်သန်းဖို့အတွက် ကူညီပေးနိုင်ပါတယ်။

✅ ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
ပိတ်ရက်အတွင်း တစ်နေ့လုံး အိပ်ခန်းထဲမှာပဲ အချိန်ကုန်တာမျိုးမပြုလုပ်ဘဲ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုပြုလုပ်ပေးသင့်ပါတယ်။ အိမ်နားပတ်ဝန်းကျင်ကို လမ်းလျှောက်တာမျိုး၊ Yoga နဲ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အားကစားပြုလုပ်တာမျိုးနဲ့ ခရီးတို စက်ဘီးနင်းတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

✅ ချစ်ခင်ရသူတွေနဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖြတ်သန်းပါ။
ချစ်ခင်ရသူတွေနဲ့တွေ့ဆုံတာက မိတ်ဆွေတို့ရဲ့ စိတ်လေးကို ကြည်လင်လန်းဆန်းမှုအပြည့်ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ မိသားစုနဲ့အတူ ညစာဝိုင်းဖွဲ့စားတာမျိုး၊ သူငယ်ချင်းတွေနဲ့ အတူတူဆုံတွေ့တာမျိုး၊ ချစ်ရသူနဲ့အတူတူ အချိန်ကောင်းလေးတွေကို ဖြတ်သန်းတာမျိုးက အမှတ်ရစရာ ပိတ်ရက်လေးကို ပိုင်ဆိုင်နိုင်စေမှာပါနော်။

✅ ဝါသနာပါရာတစ်ခုခုပြုလုပ်ပါ။
ပိတ်ရက်ရှည်တွေဆိုတာ ဝါသနာပါရာကို လုပ်ဆောင်ဖို့အတွက် အချိန်ကောင်းလေးပါ။ ပုံမှန်ရက်တွေမှာမလုပ်ဖြစ်တဲ့ စာအုပ်ဖတ်တာမျိုး၊ ဟင်းအမယ်အသစ်စမ်းချက်ကြည့်တာမျိုး၊ ပန်းချီဆွဲတာမျိုးနဲ့ ဝါသနာပါရာ တူရိယာတစ်ခုခုတီးခတ်တာမျိုးပြုလုပ်ပေးနိုင်ပါတယ်။

✅ ကိုယ့်နေရာ၊ အိပ်ခန်းကို သန့်ရှင်းရေး ပြုလုပ်ပါ။
ရုံးဖွင့်ရက်တွေမှာ အချိန်မပေးနိုင်လို့ မအားလို့ ပစ်ထားခဲ့မိတဲ့ အိပ်ခန်းနဲ့ အိမ်ပတ်ဝန်းကျင်တွေကို အခုလို ပိတ်ရက်ရှည်တွေက သန့်ရှင်းရေးပြုလုပ်ဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းသွားတာက မိတ်ဆွေတို့ရဲ့ စိတ်ကလေးကို ပေါ့ပါးလန်းဆန်းသွားစေမှာပါနော်။

✅ သဘာဝတရားနဲ့ထိတွေ့ပေးပါ။
အနီးအနားမှာရှိတဲ့ ပန်းခြံကိုသွားတာမျိုး၊ နေရောင်ခြည်နဲ့ ထိတွေ့ခံစားတာမျိုး၊ လေကောင်းလေသန့်ရှူပေးတာမျိုးက စိတ်ကလေးကို အပန်းပြေစေတဲ့ အကောင်းဆုံးနည်းလမ်းတွေဖြစ်သလို အလွယ်တကူလုပ်ဆောင်နိုင်တဲ့ Activities လေးတွေပါ။

✅ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်းနဲ့ စတင်ခြင်းပြုလုပ်ပါ။
အခုလို ပိတ်ရက်ရှည်ရတဲ့အခါမှာ Journaling ရေးတာမျိုး၊ မိမိကိုဘယ်အရာတွေက ပျော်ရွှင်စေခဲ့လဲ၊ နောက်တစ်လအတွင်း ဘယ်အရာကို တိုးတက်ကောင်းမွန်စေချင်တာလဲ၊ အနာဂတ်အိပ်မက်တွေကို ပြန်လည်တွေးတောစဉ်းစားတာမျိုး အစရှိတဲ့ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့အတွက်အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမယ့် ဆန်းစစ်တဲ့အခါမှာ မလုပ်ဖြစ်ခဲ့တာတွေအတွက် နောင်တရမနေဘဲ လုပ်ဆောင်ပြီးသွားတဲ့အရာတွေအပေါ် မိမိကိုယ်ကိုယ် အသိအမှတ်ပြုစိတ်၊ ကျေးဇူးတင်စိတ်အပြည့်နဲ့ ဆန်းစစ်တာက သင့်စိတ်ကလေးကို အနားရစေမှာပါနော်။

သင်္ကြန်ရေအေးအေးလေးတွေက ခန္ဓာကိုယ်ကို အေးမြစေသလို၊ ဒီပိတ်ရက်မှာ ရရှိမယ့် အနားယူခြင်းတွေကလည်း မိတ်ဆွေတို့ရဲ့ စိတ်နှလုံးကို အားသစ်လောင်းပေးနိုင်ပါစေ။

နောင်နှစ်သစ်မှာ အားအင်အပြည့်နဲ့ ပြန်လည်စတင်နိုင်ဖို့... ဒီရက်လေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးနိုင်မယ့် ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါနော်။ ✨🤍

#စိတ်မိတ်ဆွေ



ခံစားချက်လေးတွေ ပြင်းထန်လာရင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ ဖတ်ကြည့်ရအောင်နော် ...
09/04/2026

ခံစားချက်လေးတွေ ပြင်းထန်လာရင် ဘယ်လိုလုပ်လို့ရမလဲဆိုတာ ဖတ်ကြည့်ရအောင်နော် ...

"စိတ်လှုပ်ရှားမှုတွေ အလုံးအရင်းနဲ့ ဝင်လာရင် ဘယ်လိုလုပ်မလဲ?"
ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝမှာ ဒေါသတွေ၊ ဝမ်းနည်းမှုတွေ ဒါမှမဟုတ် စိုးရိမ်စိတ်တွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အခါ ဦးနှောက်ထဲက အချက်ပေးဌာန (Amygdala) က အရမ်းအလုပ်လုပ်ပြီး ဆင်ခြင်တုံတရားအပိုင်း (Prefrontal Cortex) ကို ခေတ္တ "Shut down" ဖြစ်သွားစေပါတယ်။ ဒါကို စိတ်ပညာမှာ Emotional Flooding သို့မဟုတ် Amygdala Hijack (ဦးနှောက်အာဏာသိမ်းခံရခြင်း) လို့ ခေါ်ပါတယ်။ ဒီလိုအချိန်မှာ ဆုံးဖြတ်ချက်ချရင် သို့မဟုတ် တစ်ခုခုကို တုံ့ပြန်လိုက်ရင် နောင်တရစရာ အမှားတွေပဲ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားနေချိန်မှာ "ဘာမှမလုပ်ဘဲ ခေတ္တစောင့်ဆိုင်းခြင်း" ဟာ အကောင်းဆုံး ကုထုံးတစ်ခု ဖြစ်လာပါတယ်။

The 90-Second Rule (ဓာတုဗေဒသက်တမ်း စက္ကန့် ၉၀) ဦးနှောက်သိပ္ပံပညာရှင် Jill Bolte Taylor ရဲ့ ရှာဖွေတွေ့ရှိချက်အရ ဒေါသ (သို့) ဝမ်းနည်းမှု ခံစားချက်တစ်ခုဟာ ခန္ဓာကိုယ်ထဲမှာ ဓာတုဗေဒအရ စက္ကန့် ၉၀ ပဲ ကြာရှည်တာပါ။ အဲ့ဒီ ဓာတုတုံ့ပြန်မှုက သွေးထဲမှာ ပေါ်လာပြီး ပြန်ပျောက်သွားဖို့ စက္ကန့် ၉၀ ပဲ လိုပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျန်နေခဲ့တဲ့ ဒေါသတွေ၊ နာကျင်မှုတွေကတော့ ကိုယ့်ရဲ့ "ထပ်ခါတလဲလဲ ပြန်တွေးနေတဲ့ အတွေး" တွေကြောင့် ဆက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက စက္ကန့် ၉၀ ကျော်သွားတဲ့အထိ စိတ်တိုနေသေးတယ်ဆိုရင် ဒါဟာ ကိုယ့်ရဲ့ အတွေးက အဲ့ဒီဒေါသကို မီးစာကျွေးနေလို့ပါပဲ။

စိတ်လှုပ်ရှားမှုကို စနစ်တကျ ဘယ်လိုထိန်းချုပ်မလဲ?
၁။ The Power of Pause လို့ခေါ်တဲ့ စက္ကန့် ၉၀ စောင့်ဆိုင်းပါ။ စိတ်လှုပ်ရှားလာရင် ချက်ချင်း မတုံ့ပြန်ဘဲ စက္ကန့် ၉၀ လောက် အသက်ကို ဝဝရှူပြီး စောင့်ဆိုင်းလိုက်ပါ။ ဒါကို "The Gap" လို့လည်း ခေါ်ပါတယ်။ အဲ့ဒီစက္ကန့် ၉၀ ကာလဟာ ဦးနှောက်ထဲက ဓာတုလှိုင်းကြီး ဖြတ်ကျော်သွားဖို့ အချိန်ပေးလိုက်တာဖြစ်ပြီး အဲ့ဒီနောက်မှာ ဆင်ခြင်တုံတရား ပြန်ဝင်လာပါလိမ့်မယ်။
၂။ အာရုံကြောစနစ် ငြိမ်သက်ဖို့အားထုတ်ပါ။ အသက်ကို ဝဝရှူသွင်းပြီး ပြန်ထုတ်တဲ့အခါ ဖြည်းဖြည်းချင်း (ပိုက်နဲ့မှုတ်သလို) ပါးစပ်ကနေ ထုတ်ပေးပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို ငြိမ်သက်စေတဲ့ Parasympathetic System ကို အလုပ်လုပ်စေပြီး ရင်တုန်တာနဲ့ တုန်ယင်တာတွေကို ချက်ချင်း သက်သာစေပါတယ်။
၃။ စိတ်ခံစားချက်တွေကို နာမည်တပ်ပါ။ ရှေ့မှာ ပြောခဲ့သလို ခံစားချက်ကို နာမည်တပ်လိုက်ပါ။ "ဪ... ငါ အခု ဒေါသထွက်နေတာပဲ" လို့ သိလိုက်တာကတင် Amygdala ရဲ့ လွှမ်းမိုးမှုကို လျော့ကျစေပြီး ဆင်ခြင်တုံတရားကို ပြန်လည်စိုးမိုးစေပါတယ်။ ခံစားချက်ကို "ငါ" လို့ မသတ်မှတ်ဘဲ "ငါ့ဆီလာလည်တဲ့ ဧည့်သည်" လို့ သဘောထားကြည့်ပါ။

ဒီ ၉၀ စက္ကန့် နည်းလမ်းလေးကို ကျင့်သုံးခြင်းဖြင့် စိတ်လှုပ်ရှားမှုတွေကို သေချာထိန်းကျောင်းနိုင်သူတစ်ယောက် ဖြစ်လာမှာပါ။ အတွေးတွေဆက်မတွေးဖို့လဲသတိပြုဖို့လိုပါတယ်။)

လူကြီးမင်းတို့ရော... စိတ်လှုပ်ရှားမှုတွေ လွှမ်းမိုးလာတဲ့အခါ ဘယ်လိုထိန်းညှိလေ့ရှိလဲ? ဒီ ၉၀ စက္ကန့် နည်းလမ်းလေးကို ကြားဖူးလား? ဒီနည်းလမ်းလေးကို လက်တွေ့မှာ သုံးကြည့်ဖို့ စိတ်ကူးရှိသွားလားဆိုတာ မျှဝေပေးခဲ့ပါဦးနော် ။

အရာရာကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတာ မောနေပြီလား?ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ်... ဘာမဆို "ရတယ...
07/04/2026

အရာရာကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတာ မောနေပြီလား?

ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်၊ မိသားစုထဲမှာဖြစ်ဖြစ်... ဘာမဆို "ရတယ်၊ ငါပဲလုပ်လိုက်မယ်" လို့ အမြဲပြောတတ်ပြီး အခက်အခဲမှန်သမျှကို တစ်ယောက်တည်း ကြိတ်ဖြေရှင်းနေတဲ့သူတွေကို မြင်ဖူးကြမှာပါ။

ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တာဟာ တကယ်တော့ ဂုဏ်ယူစရာကောင်းတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစိတ်က အရမ်းလွန်ကဲလာတဲ့အခါ (Hyper-Independence ဖြစ်လာတဲ့အခါ) ကိုယ့်ကိုယ်ကို မသိမသာ ပြန်ပြီး နာကျင်စေတတ်ပါတယ်။။

Hyper-Independence စိတ်လွန်ကဲတယ်ဆိုတာ …

၁။ အဆင်မပြေတာတွေရှိနေပေမဲ့လည်း ဘယ်သူ့ကိုမှ အကူအညီမတောင်းချင်ဘူး။

၂။ "အကူအညီလိုတယ်" လို့ ပြောလိုက်ရင်ပဲ “ငါ့ကို အသုံးမကျတဲ့သူလို့ ထင်သွားကြမလား”ဆိုပြီးလည်း စိုးရိမ်စိတ်တွေ များနေတာကြောင့်လည်း ဖြစ်နိုင်သလို

၃။ တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမှာကို ကြောက်တာကြောင့် ခံစားချက်တွေကို မျိုသိပ်ရင်း

၄။ လူတွေကိုလည်း မယုံရဲတော့ဘဲ ကိုယ့်ကမ္ဘာလေးထဲမှာပဲ အတင်းအားတင်းပြီး ရပ်တည်နေတတ်တာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

Hyper-Independence ဖြစ်လာတဲ့အခါ "အမြဲတမ်း တစ်ယောက်တည်း တောင့်ခံနိုင်ရမယ်" ဆိုတဲ့ သတ်မှတ်ချက်ကြီးကြောင့် ကိုယ့်ကိုယ်ကိုယ် ဖိအားတွေအများကြီးပေးရင်း နောက်ဆုံးမှာ ခြေကုန်လက်ပမ်းကျတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

တကယ်တော့... တစ်ခါတလေမှာ တစ်ဖက်လူကို အားကိုးလိုက်တာ၊ အကူအညီတောင်းလိုက်တာက အားနည်းချက်မဟုတ်ပါဘူး။

အရာရာကို တစ်ယောက်တည်း ထမ်းထားရတာ ပင်ပန်းနေပြီဆိုရင်...

၁။ ခဏလောက် နားနားနေနေ အကူအညီယူကြည့်ဖို့ လိုနေပြီဆိုတာကို သတိပြုမိစေချင်ပါတယ်။

၂။ ကိုယ့်ရဲ့ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်စိတ်တွေကို လျော့ချဖို့ဆိုရင် တစ်ယောက်တည်း ရုန်းကန်နေတာထက် ဘေးနားက ယုံကြည်ရတဲ့လူတွေကို ရင်ဖွင့်ကြည့်တာက ပိုကောင်းတဲ့ အစပျိုးခြင်းတစ်ခု ဖြစ်မှာပါ။

၃။ မိမိကိုယ်ကိုယ် အားကိုးလွန်းတဲ့သူတစ်ယောက်အနေနဲ့ အခြားတယောက်ဆီ အကူအညီတောင်းခံရတဲ့အခါ အစပိုင်းမှာ ခက်ခဲနိုင်တယ်ဆိုပေမယ့် သေးသေးလေးတွေကို အကူအညီတောင်းတာမျိုးကနေ စတင်လေ့ကျင့်ပေးနိုင်ပါတယ်။

၄။ ယုံကြည်စိတ်ချရတဲ့ ရပ်ဝန်းမျိုးမှာပဲ ရင်ဖွင့်ဆွေးနွေးချင်ရင်တော့ စိတ်မိတ်ဆွေကို ဆက်သွယ်လို့ရပါတယ်။

နားလည်တတ်ကျွမ်းသူတွေနဲ့ အသေးစိတ်ဆွေးနွေး ရင်ဖွင့်ပြောပြရင်း စိတ်သန့်ရှင်းကျန်းမာတဲ့ ဘဝလေးရရှိအောင် ကူညီပံ့ပိုးပေးမှာဖြစ်လို့ Counselling Session လေးရယူနိုင်မှာပါ။

အသေးစိတ်ဆွေးနွေးမေးမြန်းချင်တယ်ဆိုရင်တော့ နေ့စဉ် မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း စိတ်မိတ်ဆွေရဲ့ ဖုန်း - ၀၉ ၈၈၁ ၀၆၃ ၀၃၀ ကို ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။

Viber,Telegram နဲ့ page Messenger ကနေလည်း ဆက်သွယ်နိုင်ပါတယ်။

#စိတ်မိတ်ဆွေ


07/04/2026

"လုပ်စရာတွေက တောင်လိုပုံနေတယ်... ဘယ်ကစရမှန်း မသိတော့ဘူး။"

အလုပ်တွေ အရမ်းကို ဝန်ပိလာပြီး ဘာကို စလုပ်ရမှန်းမသိနိုင်တော့ဘဲ တခြားအရေးမကြီးတာတွေ လျှောက်လုပ်ရင်း အချိန်ဆွဲမိနေတတ်တာဟာ သဘာဝပါ။ အချိန်တွေ ကုန်ဆုံးသွားလေလေ၊ စိုးရိမ်စိတ် (Anxiety) တွေ ပိုဝင်လာလေလေ နောက်ဆုံးမှာတော့ ဘာမှ ဆက်လုပ်လို့မရတော့ဘဲ စိတ်တွေရှုပ်ထွေးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒါဟာ ပျင်းလို့မဟုတ်ပါဘူး။ သင့်ရဲ့ ဦးနှောက်က လက်ရှိရင်ဆိုင်နေရတဲ့ ဖိအားကို မခံနိုင်လို့ ရှောင်ပြေးနေတာ **Emotional Coping** သာ ဖြစ်ပါတယ်။ စိတ်ပညာမှာ ဒါကို **Decision Paralysis** (ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း) လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

💡 ဒီလို အချိန်ဆွဲနေမိခြင်းကနေ ရုန်းထွက်ဖို့ ဆိုရင် -

🌀အလုပ်တွေကို အသေးဆုံးအပိုင်းအစလေးတွေ **Break it down** အထိ ဖဲ့ထုတ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ "စာအုပ်တစ်အုပ်လုံး ဖတ်မယ်" လို့ မစဉ်းစားဘဲ "စာမျက်နှာတစ်မျက်နှာပဲ ဖတ်မယ်" ဆိုတဲ့ အသေးဆုံး ပန်းတိုင်ကိုပဲ ချမှတ်ကြည့်ပါ။ ၅ မိနစ်လောက်ပဲ အချိန်ပေးပြီး စတင်လိုက်ခြင်းက ဦးနှောက်အတွက် လက်ခံရ ပိုလွယ်ကူသွားပါလိမ့်မယ်။

🌀အလုပ်တွေအများကြီးထဲကမှ **အရေးတကြီးလုပ်ဖို့ လိုအပ်နေတဲ့ Task** (သို့) **Impact အဖြစ်ဆုံးအလုပ်** တစ်ခုတည်းကိုပဲ အရင်ဆုံး ဦးစားပေး ရွေးချယ်လိုက်ပါ။ ကျန်တဲ့အလုပ်တွေကို ခေတ္တဘေးဖယ်ထားပြီး အဲဒီအလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ခြင်းက သင့်ရဲ့ စိုးရိမ်စိတ်ကို သိသိသာသာ လျော့ကျစေပါလိမ့်မယ်။

🌀ပြီးပြည့်စုံအောင် လုပ်ရမယ်ဆိုတဲ့ **Perfectionism** (ပြီးပြည့်စုံလိုစိတ်) ထောင်ချောက်ထဲကနေ ခေတ္တရုန်းထွက်ပြီး လက်ရှိ လုပ်နိုင်တဲ့ "ခြေလှမ်းအသေးလေး တစ်ခု" ကိုပဲ အာရုံစိုက်လိုက်ပါ။ အဲဒီ ခြေလှမ်းလေးက သင့်ကို ပိတ်ဆို့ နေတာတွေကြားကနေ လမ်းပြန်ပွင့်လာအောင် ကူညီပေးပါလိမ့်မယ်။

အချိန်ဆွဲမိတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းက စိုးရိမ်စိတ်ကို ပိုတိုးစေတာကြောင့် "ငါ အခု ပြန်စလို့ရသေးတယ်" ဆိုတဲ့ စိတ်နဲ့ လက်ရှိအခိုက်အတန့်ကိုပဲ ပြန်လည် အာရုံစိုက်ကြည့်ပါနော်။

Address

No. 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon

Telephone

+959881063030

Website

Alerts

Be the first to know and let us send you an email when Seit Mate Swe - mental health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Seit Mate Swe - mental health:

Share