15/10/2023                                                                            
                                    
                                                                            
                                            ပန်းကလေးများမညိုးနွမ်းရအောင် တတ်စွမ်းသမျှကာကွယ်ကြရအောင်!
အစစအရာရာယှဉ်ပြိုင်မှုတွေများလွန်းလှတဲ့ခေတ်ကြီးမှာ နောက်ကျမကျန်ရစ်ခဲ့ဖို့အတွက် ကျန်းမာရေးကောင်းမွန်နေဖို့အရေးကြီးပါတယ်၊ ပန်းကလေးတွေလိုနူးညံ့တဲ့အမျိုးသမီးလေးတွေဟာ မိမိကိုယ်မိမိ ကြောက်စရာကူးစက်ရောဂါတွေရဲ့အန္တရာယ်မှ တတ်နိုင်သလောက်ကာကွယ်ထားဖို့လိုအပ်ပါတယ်၊ မိန်းကလေးတွေရဲ့ အသက်ဇီဝိန်ကိုချွေနိုင်တဲ့ရောဂါဆိုးတွေထဲကမှ သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ထားချင်တယ်ဆိုရင် အောက်ပါအကြောင်းအရာလေးတွေကို ဆက်လက်ဖတ်ရှုပေးပါ။
❤️❤️❤️❤️❤️
သားအိမ်ခေါင်းကင်ဆာအကြောင်းတစေ့တစောင်း + သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း/ကာကွယ်ဆေးထိုးခြင်း အထူးအစီအစဉ် 💝💝💝
- ပန်းကလေးတွေနဲ့တူတဲ့အမျိုးသမီးလေးတွေဟာ ကမ္ဘာကြီးသာယာလှပဖို့ အဓိကကျတဲ့ အခန်းကဏ္ဏကနေ ပါဝင်နေကြသူတွေပါ။ ထိုအမျိုးသမီးလေးတွေရဲ့ကျန်းမာပျော်ရွှင်နေတဲ့ ဘဝကို ဖျက်ဆီးမယ့် ရောဂါဆိုးအချို့ဟာလည်း ရှိလို့နေပါတယ်။ 
- အဲဒီရောဂါတွေထဲကမှ သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာနှင့်အဝှမ်းမှာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ကင်ဆာရောဂါတွေထဲက နံပါတ် (၄) နေရာမှာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကဖော်ပြထားပါတယ်။ 
- သားအိမ်ခေါင်းကင်ဆာရှိနေသူတွေမှာခံစားရတတ်တဲ့လက္ခဏာများကတော့ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ပုံမှန်မဟုတ်ပဲသွေးဆင်းခြင်း၊ မိန်းမကိုယ်မှသွေးတစက်စက်ကျခြင်း၊ လိင်ဆက်ဆံမှုအပြီး သွေးဆင်းခြင်း၊ နာကျင်ခြင်း၊ ရာသီမဟုတ်ပဲသွေးဆင်းခြင်း၊ သွေးဆုံးပြီးနောက် သွေးဆင်းခြင်း၊ အနံ့ဆိုးရှိသောအရည်ဆင်းခြင်း၊ ဆီးသွားခြင်းနှင့်ပတ်သက်၍အခက်အခဲရှိခြင်း စသည့်လက္ခဏာများကိုခံစားရတတ်ပါတယ်။
- ဒီလိုကြောက်စရာကောင်းတဲ့ရောဂါဆိုးကြီးကို စောစောသိ၊ စောစောကုရင်ပျောက်ကင်းနိုင်သလို ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။ 
- သားအိမ်ခေါင်းကင်ဆာရောဂါဟာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကူးစက်ခံရရာကနေ ဖြစ်ပွားပါတယ်။ HPV ဗိုင်းရပ်စ်ဟာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကနေကူးစက်နိုင်ပါတယ်၊ ဒါ့အပြင် ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုတွေကို အကာအကွယ်မဲ့ပြုလုပ်ခြင်းကနေလည်းကူးစက်နိုင်ပါတယ်၊ HPV ဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ယောက်ဟာရောဂါလက္ခဏာမပြပဲ အခြားသူတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ HPV ဗိုင်းရပ်စ်ရှိနေတဲ့ မိခင်မှတဆင့် သန္ဓေသားထံလည်းကူးစက်နိုင်ပါတယ်။ 
- ဒီလိုကူးစက်ခံရမှုတွေကနေကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးကို ကြိုတင်ထိုးထားခြင်းပါပဲ။ 
- သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက် ၉ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများထိုးထားသင့်ပါတယ်။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုထိုးတော့မယ်ဆိုရင် အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ် အမျိုးသမီးလေးတွေအနေနဲ့ စုစုပေါင်း (၂) ကြိမ်ထိုးသင့်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြား (၆) လခြားပြီးထိုးရပါမယ်။ 
- ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများအနေနဲ့ လိင်ဆက်ဆံမှုမရှိခင် ကာကွယ်ဆေးထိုးထားမယ်ဆိုရင်အကောင်းဆုံးပါ။ အကယ်၍ လိင်ဆက်ဆံမှုရှိခဲ့ဖူးတယ်ဆိုရင်/ အိမ်ထောင််ရှင်တွေဆိုရင်ဆရာဝန်နှင့်တိုင်ပင်ပြီး သားအိမ်ခေါင်းအချွဲမြေး စစ်ဆေးပြီးမှ သားအိမ်ခေါင်းအချွဲမြေးအဖြေအရ ထိုး/မထိုးဆုံးဖြတ်ရပါမယ်။ 
- အသက် ၁၅ နှစ်မှ ၄၅ နှစ် အရွယ်အမျိုးသမီးများကတော့ သားအိမ်ခေါင်းကာကွယ်ဆေးထိုးမယ်ဆိုရင် (၃) ကြိမ်ထိုးရပါမယ်၊ ပထမအကြိမ်ပြီးနောက် (၁) လ/ (၂) လအကြာတွင်ဒုတိယအကြိမ်၊ ပထမအကြိမ်ထိုးသည့်နေ့မှ (၆) လအကြာတွင် တတိယအကြိမ်ထိုးရပါမယ်။ 
- HPV ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း ၁၀၀ ကျော်ရှိတဲ့ထဲက သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်တဲ့ HPV ပိုးအမျိုးအစားတွေကို ကာကွယ်ဖို့ လက်ရှိမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၂) မျိုးရှိပါတယ်။ ရရှိနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအမျိုးအစားများကတော့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (၉) မျိုး (၆၊ ၁၁၊ ၁၆၊ ၁၈၊ ၃၁၊ ၃၃၊ ၄၅၊ ၅၂၊ ၅၈) ကိုကာကွယ်နိုင်တဲ့ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ် (၄) မျိုး (၆၊ ၁၁၊ ၁၆၊ ၁၈) ကိုကာကွယ်နိုင်တဲ့ဆေးများဖြစ်ပါတယ်။ 
- ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးများ ခံစားရလေ့ မရှိပါဘူး။ ဆေးထိုးထားတဲ့နေရာမှာ ယောင်တာ၊ နာနေတာ၊ ငွေ့ငွေ့ဖျားတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ ပျို့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။
- ကာကွယ်ဆေးများရဲ့အသက်ဟာ Cold Chain ပါ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများဟာ အာနိသင်ပြည့်ဝစွာရရှိနိုင်ဖို့ 2 to 8’C အပူချိန်အတွင်းမှာ ထားသိုရတာဖြစ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးမယ်ဆိုရင် Cold Chain စိတ်ချရတဲ့ ဆေးရုံ/ဆေးခန်း/ကျန်းမာရေးဌာနတွေမှာ ထိုးနှံဖို့အရေးကြီးပါတယ်။
- မေတ္တာမွန်ဆေးခန်းရဲ့အားသာချက်ကတော့ ကာကွယ်ဆေးများကို Cold Chain မပျက်စေဖို့အတွက် ကာကွယ်ဆေးသီးသန့်ထားသိုရတဲ့ ရေခဲသေတ္တာ (Medical Grade Refrigerator) ဖြင့် 2 to 8’C အတွင်း သိုလှောင်သိမ်းဆည်းသည့်အတွက် မီးပျက်လျှင်လည်း Cold Chain ပျက်မှာစိတ်ပူရန်မလိုပါ။ 
- မေတ္တာမွန်ဆေးခန်းအနေနဲ့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးလိုသူ/ ကာကွယ်ဆေးထိုးလိုသူအမျိုးသမီးများအတွက် အထူးအစီအစဉ်လေးစီစဉ်ထားရှိပါတယ်။ 
❤️သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း - ၂၅,၀၀၀ ကျပ်
🧡သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးခြင်း - ၁၁၀,၀၀၀ ကျပ် (တစ်ကြိမ်စာ) 
💚သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း + သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၃) ကြိမ်ထိုးခြင်း - ၃၅၀,၀၀၀ ကျပ် ( ❌၃၅၅,၀၀၀ ကျပ်)
💝အကယ်၍သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၂) ကြိမ် သို့ (၃) ကြိမ်စာထိုးရန်အတွက် ပထမအကြိမ်ထိုးပြီးနောက် ကြိုတင်ငွေချေခဲ့မည်ဆိုပါက ကာကွယ်ဆေးအတွက်ထပ်ဆောင်း 5 % discount ရရှိမှာဖြစ်ပါတယ်။ 
💝ဒီပရိုမိုးရှင်းအစီအစဉ်လေးကတော့ ၂၀၂၃ ဇူလိုင်လကုန်အထိ စာရင်းပေးသူများအတွက်ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးရန်အတွက် ကြိုတင်စာရင်းပေးရန်လိုအပ်ပါတယ်။ 
စာရင်းပေးရန်နည်းလမ်းများ - 
Page messenger မှလည်းကောင်း၊
ဖုန်းနံပါတ် 09789100812, 09444707977 သို့ဆက်သွယ်၍လည်းကောင်း
Viber နံပါတ် 09789100812 သို့ဆက်သွယ်၍လည်းကောင်း စာရင်းပေးနိုင်ပါတယ်။ 
ဆေးခန်းလိပ်စာ - 
အမှတ် ၁၉၁၊ သီရိမြိုင် ၁၀ လမ်း၊ ၁၃ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။ 
   #သားအိမ်ခေါင်းကင်ဆာ  #ကာကွယ်ဆေး