Jasmine Dental Center

Jasmine Dental Center Myanmar's first fully digitalized dental clinic.

27/12/2025

မွေးရာပါ သွားမလှတာကြောင့် အမြဲ သိမ်ငယ်နေရပြီလား❓

အပေါ်သွားနဲ့ အောက်သွား မကိုက်တာ၊ သွားတွေထပ်လွန်းတာ၊ ကျဲလွန်းတာ၊ သွားတွေမညီမညာဖြစ်တာ စတဲ့ အချက်တွေကြောင့် သွားညှိဖို့ စဉ်းစားနေပြီဆိုရင်

✅Jasmine Dental Center မှာ သင့်တင့်တဲ့ ဘတ်ဂျတ်အလိုက် ရွေးချယ်စရာ Traditional Braces, Self-ligating Braces, Ceramic Braces, Clear Aligner ဆိုပြီး လေးမျိုး ရွေးချယ်နိင်ပါတယ်။

✅USA Brand, China Brand, Korea Brand နဲ့ Japan Brand ဆိုပြီး နိုင်ငံတကာ Braces Brand တွေကိုလည်း ‌ရွေးချယ်နိုင်ပြီး နိုင်ငံတကာ အဆင့်မီ ကုသမှု ခံယူနိုင်တဲ့ သွားဆေးခန်းလည်း ဖြစ်ပါတယ်။

✅ရလဒ်မြန်ဆန်ပြီး ငွေကြေးအတွက် စိတ်မပူရသူများအတွက် USA နိုင်ငံထုတ် Clear Aligner Brand

ဈေးနှုန်းသင့်တင့်ပြီး သွားတွေကို အလိုအလျောက် ရွှေ့လျားနိုင်တဲ့ Japan နိုင်ငံထုတ် Self-ligating Brand

ဈေးနှုန်း ချိုသာပြီး လူကြိုက်များတဲ့ China နိုင်ငံထုတ် Traditional Braces တွေအပြင်

✅သွားမညှိခင် လိုအပ်တဲ့ ကုသမှုများကို စစ်ဆေး ဆောင်ရွက်ပေးပြီး သွားညှိကုသမှု ဆရာဝန်ကြီးများမှ အသင့်တော်ဆုံးနဲ့ အကိုက်ညီဆုံး Braces ကို ရွေးချယ်တပ်ဆင်ပေးတာဖြစ်လို့ ရာနှုန်းပြည့် စိတ်ချနိုင်ပါတယ်။

ငွေအလုံးအရင်း မသုံးချင်သူများအတွက် အရစ်ကျစနစ်နဲ့ တပ်ဆင်နိုင်အောင် စီစဉ်ပေးထားတာဖြစ်လို့ သွားညှိကုသမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Jasmine Dental Center ဆီသာ လှမ်းလာခဲ့ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

26/12/2025

သွားကျဲနေတာ၊ သွားမညီတာ စတဲ့ ပြဿနာတွေကြောင့် ယုံကြည်မှုမရှိဖြစ်နေပြီလား❓
ဒီလိုမျိုုးသွားပြဿနာတွေအတွက် ဘယ်လိုကုသလို့ရလဲဆိုတာ Jasmine Dental Center မှ Orthodontic Specialist Dr.Chit Su Khaing မှ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ ဒီvideoလေးကို အဆုံးထိကြည့်ကြည့်လိုက်နော် 💙
သွားညှိကုသခြင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာလေးတွေရှိရင်လဲ comment မှာ မန့်သွားပေးပါအုံးနော် 🥰
သွားညှိကုသခြင်းနှင့် သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သို့မဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

🤔 သွားတစ်ချောင်း မရှိတော့တဲ့နေရာအတွက် သွားမြစ်တုတိုင်စိုက်ကုသခြင်း နဲ့ သွားတံတားကုသနည်း ဘယ်ဟာက အကောင်းဆုံးလဲ?Dental Impl...
25/12/2025

🤔 သွားတစ်ချောင်း မရှိတော့တဲ့နေရာအတွက် သွားမြစ်တုတိုင်စိုက်ကုသခြင်း နဲ့ သွားတံတားကုသနည်း ဘယ်ဟာက အကောင်းဆုံးလဲ?

Dental Implant (သွားမြစ်တုတိုင်စိုက်ကုသနည်းလမ်း)

✅ပထမဆုံးအနေနဲ့ သွားမြစ်တု တိုင်စိုက်ကုသခြင်းကတော့ Titanium တိုင်လေးနဲ့ သွားဖုံးအရိုးထဲကို တိုက်ရိုက်ထည့်ပြီး အသေစိုက်ရတဲ့ ကုသမှုဖြစ်ပါတယ်။

✅အားသာချက်ကတော့ ဘေးသွားတွေကို လုံးဝ ထိခိုက်မှုမရှိဘဲ သဘာဝ သွားအစစ်ကို ပိုင်ဆိုင်ရခြင်း၊ ကြာရှည်ခံခြင်း၊ မေးရိုးကို ထိန်းညှိပေးစွမ်းနိုင်ပါတယ်။

Dental Crown and Bridge (သွားတံတားထိုးသွားစိုက်ကုသနည်းလမ်း )

👉သွားတံတားထိုး ကုသနည်းကတော့ နှုတ်ထားတဲ့ သွားကိုပြန်စိုက်ဖို့ လွတ်နေတဲ့ “သွား”ရဲ့ ဘေးတစ်ဖက် တစ်ချက်မှာရှိတဲ့ “သွား” တွေကို အနည်းငယ် ပြန်စားပေးဖို့လိုပါတယ်။ ပြီးမှ အပေါ်က သွားအစွပ်စွပ်လိုက်ရုံပါပဲ။

👉အားသာချက်အနေနဲ့ကတော့ သွားမြစ်တုလို သွားဖုံးခွဲစိတ်ရတာမျိုး မလိုအပ်ဘဲ ဆုံးရှုံးထားတဲ့ သွားနေရာကို လျင်မြန်စွာ ပြန်စိုက်နိုင်ပါတယ်။ အားနည်းချက်ကတော့ ဘေးသွားနှစ်ချောင်းကို အနည်းငယ် စားရတာပဲဖြစ်ပါတယ်။

✨ သင့်အတွက် ဘယ်ဟာက အကောင်းဆုံးလဲ?

သွားမြစ်တုနဲ့ သွားတံတား နှစ်မျိုးစလုံးဟာ သွားမရှိတော့တဲ့ နေရာကို ပြန်ဖြည့်ဖို့ အကောင်းဆုံး နည်းလမ်းတွေပါ။ ဘယ်ဟာက သင့်ရဲ့ အခြေအနေနဲ့ အသင့်တော်ဆုံးလဲဆိုတာကိုတော့ မေးရိုးအခြေအနေ၊ ဘေးသွားတွေရဲ့ အခြေအနေ၊ ဘတ်ဂျက်နဲ့ နှစ်သက်မှုတွေပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Jasmine Dental Center မှာ အတွေ့အကြုံရင့်ကျက်တဲ့ သွားဆရာဝန်ကြီးများက သင့်ရဲ့ သွားအခြေအနေကို သေချာစွာ စစ်ဆေးပြီး သွားမြစ်တု ဒါမှမဟုတ် သွားတံတား ဘယ်ဟာက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုလဲဆိုတာကို အသေးစိတ် ရှင်းပြ လမ်းညွှန်ပေးမှာဖြစ်ပါတယ်💯

အရည်အသွေးမြင့်မားတဲ့ ပစ္စည်းတွေနဲ့ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး အကောင်းဆုံး ကုသမှုကို ပေးစွမ်းနိုင်တာဖြစ်လို့ သွားကျိုးသွားတဲ့ နေရာကို ဘယ်လို ပြန်ဖြည့်ရမလဲ ဝေခွဲမရ ဖြစ်နေရင် Jasmine Dental Center ကိုသာ အခုပဲ ဆက်သွယ်လိုက်ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

အပြုံးတစ်ခုဟာ လူတစ်ယောက်ရဲ့ ပထမဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်ပေမယ့်…😔 ဓာတ်ပုံရိုက်တဲ့အခါ အပြုံးကို အပြည့်အဝ မပြုံးရဲဘူးလား?🗣️...
24/12/2025

အပြုံးတစ်ခုဟာ လူတစ်ယောက်ရဲ့ ပထမဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်ပေမယ့်…

😔 ဓာတ်ပုံရိုက်တဲ့အခါ အပြုံးကို အပြည့်အဝ မပြုံးရဲဘူးလား?

🗣️ လူတွေနဲ့ နီးနီးကပ်ကပ် စကားပြောတဲ့အခါ သင့်သွားတွေကို ဖုံးကွယ်ထားမိလား?

😫 တစ်ခါတလေ အစားအစာတွေက သင့်သွားကြားထဲမှာ အလွယ်တကူ ညှပ်နေတတ်လို့ ခံစားရလား?

တကယ်လို့ ဒီလိုအတွေ့အကြုံတွေ သင့်မှာ ရှိခဲ့မယ်ဆိုရင် သင့်ရဲ့ သွားလေးတွေ မညီညာတာ ဖြစ်နိုင်ပါတယ်။ ဒီလို မညီညာတဲ့ သွားတွေက သင့်ရဲ့ အပြုံးကို လုံးဝ ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ သင် သိပါသလား❓

🦷 ဒီလို မညီညာတဲ့ သွားတွေကို သွားညှိကုသလိုက်မယ်ဆို ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

✨သွားတွေ တညီတည်း ဖြစ်သွားတဲ့အခါ ဘယ်လို အခြေအနေမျိုးမှာမဆို ယုံကြည်မှုအပြည့်နဲ့ ပြုံးနိုင်မှာပါ။ ဓာတ်ပုံတွေထဲမှာလည်း သင့်ရဲ့ အပြုံးကို လှပစွာ ပေါ်လွင်စေပါတယ်။

✨သွားတွေညီညာသွားတဲ့အခါ သွားကြားထဲမှာ အစာတွေ ပိတ်မိတာ နည်းသွားပြီး သန့်ရှင်းရေး လုပ်ရတာ ပိုမို လွယ်ကူလာပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးတာတွေလည်း သက်သာသွားနိုင်ပါတယ်။

✨နောက်ထပ်် မညီညာတဲ့သွားတွေက အစာဝါးတဲ့အခါမှာ အဆင်မပြေတာမျိုးတွေ ဖြစ်စေလို့ သွားညှိမယ်ဆို ဒီအခက်အခဲတွေကို ဖယ်ရှားပေးပြီး အစာစားရတာ ပိုမို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ဒါကြောင့် သွားညှိကုသမှုခံယူဖို့စဉ်းစားတဲ့အခါ နောက်ဆုံးပေါ် Clear Aligner နည်းပညာနဲ့ သင့်ရဲ့ သွားတွေကို ပြောင်းလဲလိုက်ပါ✨

✅Clear Aligner တွေဟာ မမြင်ရလုနီးပါးဖြစ်တဲ့အပြင် သက်တောင့်သက်သာလည်း ရှိပြီး သင့်ရဲ့ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းရင်း လှပတဲ့ အပြုံးကို ပိုင်ဆိုင်စေနိုင်ပါတယ်။

✅တစ်နေ့ကို (၂၂) နာရီ တပ်ထားရုံနဲ့ သေးငယ်တဲ့ အပြောင်းအလဲလေးတစ်ခုကနေ သင့်ရဲ့ ယုံကြည်မှုကို တိုးစေပြီး သင့်ရဲ့ အသွင်အပြင်ကိုလည်း ပိုမို ဆွဲဆောင်မှုရှိစေမှာပါ။

ဒါဆို သင့်ရဲ့ အပြုံးနဲ့ ပတ်သက်ပြီး စိတ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် (သို့မဟုတ်) Clear Aligner အကြောင်း ပိုမိုသိရှိလိုတယ်ဆိုရင် Jasmine Dental Center မှာ Orthrodontic Specialist ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ပေးဖို့ အခုပဲ ဘိုကင်တင်လိုက်ပါနော်👩‍⚕️

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#သွားညှိကုသမှု

သွားအစွပ်တပ်ထားရင် သွားပိုးမစားတော့ဘူးလို့ ထင်နေလား ❓​သွားအစွပ်တပ်လိုက်ရင် သွားပိုးစားတော့မှာ မဟုတ်ဘူးလို့ တော်တော်များမ...
23/12/2025

သွားအစွပ်တပ်ထားရင် သွားပိုးမစားတော့ဘူးလို့ ထင်နေလား ❓​

သွားအစွပ်တပ်လိုက်ရင် သွားပိုးစားတော့မှာ မဟုတ်ဘူးလို့ တော်တော်များများက ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ကတော့ သွားအစွပ်တပ်ထားရင်လည်း သွားပိုးစားနိုင်ပါသေးတယ်။

သွားအစွပ်က သွားရဲ့ အပေါ်ကနေ အစွပ်စွပ်လိုက်ရုံပါပဲ။ ဒါကြောင့် သွားရဲ့ အပေါ်ပိုင်းကိုပဲ ကာကွယ်ပေးနိုင်ပါတယ်✅

✅သွားအစွပ်က သွားရဲ့ ထိပ်ပိုင်းနဲ့ ဘေးဘက်တွေကို ကာကွယ်ပေးနိုင်ပေမဲ့ သွားဖုံးနဲ့ သွားအစွပ်နဲ့ ထိစပ်နေတဲ့ နေရာ (အောက်ခြေနားလေး) ကိုတော့ အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ အဲ့ဒီ နေရာလေးမှာ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေ စုပုံပြီး သွားပိုးစားနိုင်ပါတယ်။ ဒါဆို ဘာကို သတိထားရမလဲ ?

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းလမ်းမှန်ကန်စွာ ပုံမှန် သွားတိုက်ပေးပါ။ သွားတိုက်ဆေးမှာ ဖလိုရိုက် ပါဝင်တာကို ရွေးချယ်ပါ။

✅သွားပွတ်ကြိုးက သွားပွတ်တံနဲ့ မရောက်နိုင်တဲ့ သွားကြားနဲ့ သွားဖုံးကြားက အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်ပါတယ်။ သွားအစွပ်တပ်ထားရင် သွားပွတ်ကြိုးကို ပိုပြီး ဂရုတစိုက် သုံးပေးဖို့ လိုအပ်ပါတယ်။

👨‍⚕️ ခြောက်လတစ်ကြိမ် (သို့) သွားဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပုံမှန် သွားစစ်ဆေးမှု ခံယူပါ။ သွားအစွပ်ကိုလည်း ပုံမှန် စစ်ဆေးပြီး သန့်ရှင်းရေး လုပ်သင့်ပါတယ်။

Jasmine Dental Center က သွားအစွပ်လေးတွေ အချိန်ကြာကြာခံပြီး သွားတွေလည်း ကျန်းမာလှပနေစေဖို့ အမြဲကူညီပေးချင်တာမို့ သွားအစွပ်တပ်ထားရင်လည်း ပုံမှန် သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဂရုတစိုက်လုပ်ဖို့ မမေ့နဲ့နော်။

ဒါကြောင့် သွားအစွပ်ကို သေချာ ဂရုစိုက်ပြီး ကျန်းမာတဲ့ အပြုံးကို ထာဝရ ပိုင်ဆိုင်နိုင်ဖို့ Jasmine Dental Center မှာ သွားအစွပ်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုပါက အခုပဲ Appointment ကြိုယူလိုက်ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

#သွားအစွပ် #သွားပိုးစားကာကွယ် #သွားတိုက်ပါ #သွားကြားထိုးပါ #သွားဖုံးကျန်းမာရေး

သွားတွေ မနာဘူးဆိုတိုင်း ခံတွင်းကျန်းမာရေး ကောင်းနေပြီလို့ ထင်နေလား? 🤔တကယ်တော့ သွားတွေတင်မကဘဲ ခံတွင်းတစ်ခုလုံး ပြည့်ပြည့်...
22/12/2025

သွားတွေ မနာဘူးဆိုတိုင်း ခံတွင်းကျန်းမာရေး ကောင်းနေပြီလို့ ထင်နေလား? 🤔

တကယ်တော့ သွားတွေတင်မကဘဲ ခံတွင်းတစ်ခုလုံး ပြည့်ပြည့်၀၀ ကျန်းမာနေဖို့က ပိုအရေးကြီးပါတယ်။

သွားနှင့်ခံတွင်းတစ်ခုလုံး ကျန်းမာသန့်ရှင်းနေစေဖို့ Jasmine Dental Center ကနေ အရေးကြီးတဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

✅သွားတိုက်ခြင်းကို စနစ်တကျ ပြုလုပ်ပါ။

မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး ၂ မိနစ်ခန့် စနစ်တကျ တိုက်ပါ။ သွားပွတ်တံပျော့ကိုရွေးပြီး အားမပြင်းပါစေနဲ့။ လျှာကိုပါ ပုံမှန်သန့်ရှင်းပေးပါ။

✅သွားကြားကို မမေ့ပါနဲ့။

နေ့စဉ် သွားပွတ်ကြိုး (Dental Floss) ကို အသုံးပြုပြီး သွားကြားတွေက အစာဖတ်နဲ့ သွားချေးတွေကို ဖယ်ရှားပါ။

✅၆ လတစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်သွားစစ်ဆေးပြီး လိုအပ်ရင် သွားကျောက်ခြစ်ပါ။ ဒါမှ သွားဖုံးရောဂါနဲ့ ခံတွင်းနံ့ဆိုးတာကို ကာကွယ်နိုင်ပါမယ်။

ဒီအချက် (၃) ချက်ကို မှန်ကန်စွာ လိုက်နာခြင်းအားဖြင့် ခံတွင်းတစ်ခုလုံး ကျန်းမာပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးရယ်နိုင်မှာ သေချာပါတယ်။

ဒီအတွက် သင့်ခံတွင်းကျန်းမာရေးကို အကောင်းဆုံး ဂရုစိုက်ဖို့ Jasmine Dental Center မှာ အခုပဲ ကြိုတင်ဘိုကင်ရယူလိုက်တော့နော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

❤️ လူကြီးမိဘများရဲ့ သွားပြဿနာ ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ သွားကျန်းမာရေးအတွက် ဆွေးနွေးကုသလိုပါသလား?❤️ လူကြီးမိဘများရဲ့ သွားပ...
21/12/2025

❤️ လူကြီးမိဘများရဲ့ သွားပြဿနာ ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ သွားကျန်းမာရေးအတွက် ဆွေးနွေးကုသလိုပါသလား?

❤️ လူကြီးမိဘများရဲ့ သွားပြဿနာ ဒါမှမဟုတ် ကိုယ်တိုင်ရဲ့ သွားကျန်းမာရေးအတွက် ဆွေးနွေးကုသလိုပါသလား?

လူကြီးမိဘများရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပေးချင်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ရဲ့ သွားပြဿနာတွေကို သက်တောင့်သက်သာ ဆွေးနွေးကုသချင်တာပဲဖြစ်ဖြစ် Jasmine Dental Center က သင့်အတွက် အကောင်းဆုံးရှိနေပါတယ် 😊

Jasmine Dental Center မှာ လူကြီးမင်းတို့ သက်တောင့်သက်သာရှိစေဖို့နဲ့ အကောင်းဆုံး ကုသမှုတွေ ခံစားနိုင်ဖို့အတွက် သီးသန့် အခန်းတွေကို စီစဉ်ပေးထားပါတယ်။ ဘယ်လို ဝန်‌ဆောင်မှုတွေလဲဆိုရင်တော့

✅သွားခွဲစိတ်မှုတွေ၊ သွားမြစ်တု စိုက်ခြင်းလို လုပ်ငန်းစဉ်တွေအတွက် ခေတ်မီ စက်ကိရိယာတွေနဲ့ သီးသန့် ခွဲစိတ်ခန်းကို စီစဉ်ထားပါတယ်။

✅VIP Room: သီးသန့် ဆွေးနွေးကုသမှု ခံယူလိုသူတွေအတွက် သက်တောင့်သက်သာရှိရှိ ဆွေးနွေးနိုင်အောင် ဖန်တီးပေးထားပါတယ်။

✅Orthodontic Department: သွားညှိကုသမှုအတွက် သီးသန့်ထားရှိထားပါတယ်။

✅Dental Scanning Room: သွားနဲ့ မေးရိုးရဲ့ အခြေအနေကို အသေးစိတ်နဲ့ တိကျစွာ သိနိုင်ဖို့အတွက် ခေတ်မီ Digital ဖြင့်မြင်ရသော CBCT , Oral Scanner တွေ ထားရှိပါတယ်။

✅ဒါ့အပြင် ကုသမှုတိုင်းအတွက် စိတ်ချယုံကြည်စွာကုသမှုခံယူနိုင်အောင် စနစ်တကျသီးသန့်ပိုးသတ်ခန်း(Sterilization Room ) များလည်း
ရှိပါတယ်။

ဒီအတွက် လက်ရှိမှာ ခံစားနေရတဲ့ သွားပြဿနာတွေကို အဖြေရှာလိုပါက ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့ Jasmine Dental Center ဆီမှာ သင့်သွားကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်မှုနဲ့ သက်တောင့်သက်သာရှိတဲ့ ဝန်ဆောင်မှုတွေကို အခုပဲ ရယူလိုက်ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

သွားပိုးစားလို့ ပျက်စီးတာပဲဖြစ်ဖြစ်၊ အပြင်းအထန် ထိခိုက်မိပြီး သွားပဲ့သွားတာ၊ ထက်ပိုင်းကျိုးသွားတာ၊ အခေါင်း‌ပေါက်ဖြစ်သွား...
16/12/2025

သွားပိုးစားလို့ ပျက်စီးတာပဲဖြစ်ဖြစ်၊ အပြင်းအထန် ထိခိုက်မိပြီး သွားပဲ့သွားတာ၊ ထက်ပိုင်းကျိုးသွားတာ၊ အခေါင်း‌ပေါက်ဖြစ်သွားတာပဲဖြစ်ဖြစ် သွားအစွပ်နဲ့ ပြန်လည် ကုသနိုင်ပါတယ်💯

သွားအစွပ်နဲ့ မကုသဘဲ ကြာရှည်ထားရင် သွားတွေတဖြည်းဖြည်း ပျက်စီးလာပြီး ကျန်သွားတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ပြီးတော့ နာကျင်မှုက ပိုဆိုးလာနိုင်ပြီး နောက်ဆုံးမှာ သွားကို နှုတ်ပစ်ရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

သွားမရှိတော့ရင် အစားထိုးဖို့ အတွက် အချိန်ကုန် ငွေပိုကုန်ပြီး ပျက်စီးနေတဲ့သွားတွေကြောင့် အခြားသွားတွေပါ ထိခိုက်နိုင်ပါတယ်။ ဒီလို ပျက်စီးနေတဲ့ သွားများအတွက် အ‌ကောင်းဆုံး နည်းလမ်းက‌တော့ သွားအစွပ်စွပ်ခြင်းပဲဖြစ်ပါတယ်✅

သွားအစွပ် (Crown ) တွေ ဟာ ပျက်စီးနေတဲ့ သွားတွေကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး သွားအစွပ်ရဲ့ အကျိုးကျေးဇူးတွေကတော့

✅သွားကို ခိုင်ခံ့စေခြင်း: သွားအစွပ်က သင့်ရဲ့ သွားကို အပေါ်ကနေ အုပ်ပေးပြီး ပိုမို ခိုင်ခံ့စေပါတယ်။ အားနည်းနေတဲ့ သွားတွေကို ထောက်ပံ့ပေးပြီး နောက်ထပ် ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

✅အသွင်အပြင်ကို တိုးတက်စေခြင်း: သွားအစွပ်က သင့်ရဲ့ သွားကို သဘာဝကျကျ လှပစေပါတယ်။ ပျက်စီးနေတဲ့ သွားတွေကို ပုံစံကျစေပြီး အပြုံးကို ပိုမို ယုံကြည်မှုရှိစေပါတယ်။

✅ဝါးနိုင်စွမ်းကို ပြန်လည် ကောင်းမွန်စေခြင်း: သွားအစွပ်က သင့်သွားရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပြန်လည် ကောင်းမွန်စေပြီး အစားအသောက်ကို ကောင်းကောင်း ဝါးစားနိုင်လို့ အာဟာရကို အပြည့်အဝ ရရှိစေပါတယ်။

ဒါကြောင့် ပျက်စီးနေတဲ့ သွားတွေအတွက် ဘာလုပ်ရမလဲ စဉ်းစားရခက်နေရင် အရည်အသွေးမြင့် သွားအစွပ်တွေကို အသုံးပြုပြီး အတွေ့အကြုံရှိတဲ့ သွားဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးနေတဲ့ Jasmine Dental Center ဆီသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

15/12/2025

🦷 Jasmine Dental Center x Helix International School 🦷
Jasmine Dental Center မှ Helix International School သို့ ဒုတိယအကြိမ် သွားရောက်ပြီး ကျောင်းသား/သူလေးများအတွက် Dental Knowledge Sharing & Dental Check-up Program ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် ကျွန်ုပ်တို့ Jasmine Dental Center မှလည်း အထူးပင် ဝမ်းမြောက်ပီတိဖြစ်ရပါတယ်။💖
ကလေးငယ်များရဲ့ သွားကျန်းမားရေးကောင်းမွန်ပြီး အနာဂတ်အပြုံးလေးများ တောက်ပလာစေဖို့ လိုက်လိုက်လှဲလှဲ ပူးပေါင်းဆောင်ရွက်ပေးသော Helix International School မိသားစုကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
✨အနာဂါတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေကို အလှပဆုံးအပြုံးတွေနဲ့ အမြဲပြုံးနိုင်ပါစေလို့လည်း Jasmine Dental Center မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်.....💌
🦷 ကျန်းမာသော အပြုံးများအတွက် ကျွန်တော်တို့ Jasmine Dental Center မှအမြဲအတူရှိနေပါတယ်! ✨

🦷 သင်သိပါသလား? သင့်သွားရဲ့ ကြွေလွှာဟာ သင့်ခန္ဓာကိုယ်မှာ အမာဆုံးအရာဖြစ်တယ်ဆိုတာ! 💪သင့်ရဲ့ သွားတွေကို အကာအကွယ်ပေးထားတဲ့ အပ...
13/12/2025

🦷 သင်သိပါသလား? သင့်သွားရဲ့ ကြွေလွှာဟာ သင့်ခန္ဓာကိုယ်မှာ အမာဆုံးအရာဖြစ်တယ်ဆိုတာ! 💪

သင့်ရဲ့ သွားတွေကို အကာအကွယ်ပေးထားတဲ့ အပေါ်ဆုံး အလွှာကို ကြွေလွှာလို့ ခေါ်ပါတယ်။ ဒီကြွေလွှာလေးဟာ သင့်ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတွေထက်တောင် ပိုမာကျောပြီး ခိုင်ခံ့တယ်ဆိုတာ သိပါသလား? 😮

ဒီလို မာကျောတဲ့ ကြွေလွှာလေးက သင့်ရဲ့ နေ့စဉ် သွားကျန်းမာရေးအတွက် ဘယ်လောက် အရေးပါလဲဆိုတာ လေ့လာကြည့်ရအောင် 👇

✅ကြွေလွှာဟာ အစာဝါးတဲ့အခါ၊ ကိုက်တဲ့အခါတွေမှာ သင့်သွားတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

✅ပူတဲ့ အစားအစာတွေ၊ အေးတဲ့ရေခဲမုန့်တွေ စားတဲ့အခါ သင့်သွားတွေကို မခံစားရအောင် ကြွေလွှာက ကာကွယ်ပေးပါတယ်။

✅ချိုတဲ့ အစားအစာတွေ၊ အချိုရည်တွေမှာပါတဲ့ အက်ဆစ်ဓာတ်တွေက သင့်သွားကို တိုက်စားနိုင်ပါတယ်။ ကြွေလွှာက ဒီအန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်။

✅ကြွေလွှာ မရှိရင် သင့်သွားတွေဟာ အရမ်းထိခိုက်လွယ်ပြီး အစာစားတဲ့အခါ နာကျင်နိုင်ပါတယ်။ ကြွေလွှာကြောင့် သက်တောင့်သက်သာစွာ စားသောက်နိုင်ပါတယ်။

✅အရေးကြီးဆုံးအချက်ကတော့ ကြွေလွှာဟာ ပျက်စီးသွားရင် သူ့အလိုလို ပြန်မဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့ ကြွေလွှာကို ကောင်းကောင်း ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

သင့်ရဲ့ သွားကြွေလွှာကို ဘယ်လို ကာကွယ်မလဲ? 👇

▪ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။

▪ နေ့စဉ် သွားကြားထိုးကြိုး အသုံးပြုပါ။

▪ သကြားနဲ့ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားပါ။

▪ ရေများများ သောက်ပါ။

▪ ပုံမှန် သွားဆရာဝန်နဲ့ ပြသပါ။

သင့်ရဲ့ သွားကြွေလွှာကို ဂရုစိုက်ခြင်းဖြင့် တစ်သက်တာလုံး ကျန်းမာတဲ့ သွားတွေကို ပိုင်ဆိုင်နိုင်မှာပါ။

သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး နောက်ထပ် သိချင်တာတွေရှိရင် Jasmine Dental Center ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်👩‍⚕️
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> https://maps.app.goo.gl/n9w7afym56yyZh5W8

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> https://maps.app.goo.gl/n9ngpQrJd7K1tfjz7

#ကြွေလွှာ

12/12/2025

ဘယ်လိုအခြေအနေမျိူးမှာ သွားယိုင်တာ၊သွားရှေ့ထွက်လာတာမျိုးတွေ ကြုံတွေနိုင်လဲ❓
ဒီလိုအခြေအနေမှာ ချက်ချင်းသွားညှိကုသမှု လုပ်လို့ရလား ❓
သွားပြဿနာတွေမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် သွားဖုံးကျန်းမာရေးကောင်းဖို့လည်း အရမ်းအရေးကြီးပါတယ်။
ဒီနေ့မှာတော့ Orthodontic Specialist Dr.Chit Su Khaing မှ သွားယိုင်ပြီးရှေ့ထွက်နေတဲ့လူနာကို အဆင့်ဆင့်ဘယ်လိုကုသမှုပေးခဲ့လဲဆိုတာ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ ဒီvideo လေးကို အဆုံးထိကြည့်ကြည့်လိုက်နော် 💙
သွားညှိကုသခြင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာလေးတွေရှိရင်လဲ comment မှာ မန့်သွားပေးပါအုံးနော် 🥰
သွားညှိကုသခြင်းနှင့် သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို့ Page ကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သို့မဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

အံကပ်အရှင်တွေဟာ ဖြုတ်သိမ်းရတာ အလုပ်ပိုစေပါတယ်👀သွားမရှိလို့ အံကပ်အရှင်တပ်ရာမှ စားခါနီးဖြုတ်တပ်ရ၊ နေ့စဉ်သန့်ရှင်းရေးလုပ်ပေ...
11/12/2025

အံကပ်အရှင်တွေဟာ ဖြုတ်သိမ်းရတာ အလုပ်ပိုစေပါတယ်👀

သွားမရှိလို့ အံကပ်အရှင်တပ်ရာမှ စားခါနီးဖြုတ်တပ်ရ၊ နေ့စဉ်သန့်ရှင်းရေးလုပ်ပေးရ၊ အမာစားခါနီးဆို အဆင်ပြေပါ့မလား တွေးပူနေရတာနဲ့ အံကပ်အရှင်ကို မတပ်ချင်တော့ဘူးလား🤔

ဒီလို အံကပ်အရှင်ကို အလုပ်ပိုစေလို့ အံကပ်အသေစိုက်ဖို့ စဉ်းစားနေသူများအတွက် Full mouth implant denture အမျိုးအစားက အသင့်တော်ဆုံး option တစ်ခုပဲဖြစ်ပါတယ်။

✅ Full mouth implant denture က သာမန် 𝗗𝗲𝗻𝘁𝗮𝗹 𝗜𝗺𝗽𝗹𝗮𝗻𝘁 လိုမျိုး မေးရိုးထဲကို သွားမြစ်တုတိုင်စိုက်ပြီး အပေါ်က ကြွေသွားတုစွပ်တဲ့ သွားစိုက်နည်းတစ်မျိုးဖြစ်ပြီး သွားမြစ်တုတိုင် ၄ ချောင်း (သို့) ၆ ချောင်းခန့်စိုက်ထည့်ရုံနဲ့ သွားအစုံလိုက်ကို အစားထိုးနိုင်မှာပဲဖြစ်ပါတယ်။

✅ 𝗗𝗲𝗻𝘁𝗮𝗹 𝗜𝗺𝗽𝗹𝗮𝗻𝘁 အမျိုးအစားဖြစ်တာကြောင့် နှစ်ရှည်ခံတယ်၊ သွားအစစ်တစ်ချောင်းလို စားနိုင်ဝါးနိုင်ပြီး သဘာဝဆန်တယ်။

✅ သွားဖုံးထဲမှာ အသေစိုက်ထားတာဖြစ်တဲ့အတွက် ဖြုတ်၊တပ်စရာလုံးဝမလိုတဲ့အပြင် ခံတွင်းထဲမှာ သက်တောင့်သက်သာဖြစ်စေပါတယ်။

✅ ဒါကြောင့် အသက်အရွယ်ကြီးမြင့်သူတွေ၊ သွားအများကြီး ဆုံးရှုံးထားသူတွေ၊ အံကပ်အသုံးမပြုလိုသူတွေအတွက် အထူးသင့်တော်တဲ့ သွားစိုက်နည်းတစ်မျိုးဖြစ်ပါတယ်။

𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 မှာ Full mouth implant denture နည်းလမ်းနဲ့ သွားစိုက်လိုသူတွေအတွက် 𝗣𝗮𝗰𝗸𝗮𝗴𝗲 မျိုးစုံ၊ 𝐃𝐞𝐧𝐭𝐚𝐥 𝗜𝗺𝗽𝗹𝗮𝗻𝘁 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 မျိုးစုံ၊ ကြွေသွားတုမျိုးစုံကို ရွေးချယ်နိုင်မှာဖြစ်ပြီး Dental Implant Specialist ဆရာဝန်ကြီးများကိုယ်တိုင်် အကောင်းဆုံးကုသပေးသွားမှာဖြစ်လို့ Full mouth implant denture လုပ်ဖို့ စိတ်ဝင်စားနေပြီဆိုရင် 𝐉𝐚𝐬𝐦𝐢𝐧𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 ကို အခုပဲ ဆက်သွယ်လိုက်ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊

ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >> Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)

𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >> Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)

Address

218(The Century Building), Yangon/Insein Road, Near Than St Bus Stop, Hlaing Township
Yangon
11051

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+95970000966

Alerts

Be the first to know and let us send you an email when Jasmine Dental Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Jasmine Dental Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

About Us

Introduction

Jasmine Dental Centre is invested by Singapore Lingzhou Capital Group, an international, digital chain of dental institutions guided by a brand new modern dental concept and supported by international cutting-edge technologies. It is hoped that through the continuous introduction of international advanced dental technology and models, it is committed to providing high-quality full-life dental services to the high-end population, bringing a new dental diagnosis and treatment experience, creating the best dental brand in Myanmar, and accompany the people of Myanmar into the new era of modern dentistry.

Dental implant :

Single Dental Implants Multiple Dental Implants