Panda Online Business

  • Home
  • Panda Online Business

Panda Online Business 🍀ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး🍀

🤙🤙လေးညှင်းပွင့် ဆေးဖက်ဝင်ပုံ🤙🤙   သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့  ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့်...
29/05/2025

🤙🤙လေးညှင်းပွင့် ဆေးဖက်ဝင်ပုံ🤙🤙

သင် မနက်အိပ်ယာထ မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ ရေအေးတစ်ခွက်သောက်ပြီး နောက် လေးညှင်းပွင့် တစ်ပွင့်ကိုယူပြီး ခံတွင်းမှာငုံထားလိုက်ပါ(သို့မဟုတ်) ပါးစောင်မှာငုံထားလိုက်ပါ။

ရရှိမဲ့အကျိုးကျေးဇူးကတော့ သင်ဟာခါတိုင်း
မနက်ထဝမ်းမသွားဘူး ဝမ်းချုပ်တတ်သူဆိုရင်
မကြာခင် ဝမ်းသွားချင်လာပါလိမ့်မယ်။

သင်ဟာခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ်မရှိသူ ဖြစ်နေရင်တောင် လေးညင်းပွင့်ငုံထားပြီး မကြာခင်မှာ စားချင်သောက်ချင်စိတ်တွေပေါ်လာပါလိမ့်မယ်။

သင်ဟာ ခံတွင်းအနံ့ဆိုးသူဆိုရင် လေးညှင်းပွင့်က
သင့်ကို စကားပြောတဲ့အခါ အာပုတ်နံ့ထွက်ခြင်းမှ
ကာကွယ်ပေးနိုင်ပါတယ်။

သွားမှာအခေါင်းရှိသူတွေ၊ သွားခြေမှာရောင်ရမ်းမှု
ရှ်ိသူတွေ၊ သွားကိုက်တတ်သူတွေအတွက် လေးညှင်းပွင့်က သွားဆရာဝန်သဖွယ်ဘဲ။

အအေးပတ် နှာစီး၊ နှာရည်ကျသူအတွက်ကုဆေးကတော့ လေးညှင်းပွင့်ပြုတ်ရည်ပူပူလေးကို မှုတ်သောက်ပေးပြီး လေးညှင်းပွင့်ကို တစ်ပွင့်ပြီးတစ်ပွင့် အာနိသင်ကုန်သွားရင် အသစ်လဲပြီး ပါးစပ်ထဲမှာငုံထားပေးရင် သုံးရက်အတွင်း နှာစေးရောဂါပျောက်ပါတယ်။

ခေါင်းကိုက်သူများ လေးညှင်းပွင့်ကို ငုံထားခြင်းဖြင့် တဖြည်းဖြည်းသက်သာလာတာကိုတွေ့ရပါတယ်။

ဆီးချိုရောဂါရှိသူများဟာ ထမင်းစားပြီးတိုင်း လေးညှင်းပွင့် (၃)ပွင့် ငုံထားပြီး တဖြည်းဖြည်း ဝါးပြီးအရည်ကိုမျိုချကြည့်ပါ။
ဆီးချိုမတက်တာတွေ့ရပါလိမ့်မယ်။

သွေ:တိုးရှိသူများဟာ မနက်ထ မျက်နှာသစ်ပြီး
သွားတိုက်ပြီးတာနဲ့ လေးညှင်းပွင့်နှစ်ပွင့် ငုံပေးထားရင် သွေ:တိုးခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

ညအိပ် မပျော်သူများဟာ မအိပ်မှီ တစ်နာရီခန့်ကြိုတင်ပြီးလေးညှင်းပွင့်ငုံထားပေးခြင်းဖြင့်အိပ်ပျော်စေနိုင်ပါတယ်။

(လေးညှင်းပွင့်ဟာ တိုင်းရင်းဆေ:ကျမ်းများအလိုအရ
ထက်မြက်တဲ့ဂုဏ်ရှိပါတယ်။

ပွင့်စေတဲ့သတ္တိအာကာသသတ္တိရှိပါတယ်။
ဝမ်းမီးတောက် အစာကြေ အူလမ်းကြောင်းပွင့်စေတဲ့ သတ္တိလည်းရှိတယ်။

အနောက်တိုင်း Harval medicine အရေတာ့ လေးညှင်းရဲ့ သတ္တိဟာ ရောဂါဗေဒမှာကုသရအခက်ဆုံးဖြစ်တဲ့ ကင်ဆာကိုတောင် ကာကွယ်နိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။

သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ် ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေခြင်းဖြင့် ကူညီနိုင်ပါတယ်။

#ကျန်းမာရေးဗဟုသုတ
#မူရင်းပိုင်ရှင်အားcreditပေးပါတယ်

ဒီအသီး  ဒီလောက်ဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူး အလေးမထားခဲ့ဘူး သေခြာမဖတ်ခဲ့ဘူး တခါတလေစားဖြစ်ပါတယ် ဆေးဖက်ဝင်မှန်းသိတယ် ခရမ်...
26/02/2025

ဒီအသီး ဒီလောက်ဆေးဖက်ဝင်မယ်ဆိုတာ သတိမထားမိဘူး အလေးမထားခဲ့ဘူး သေခြာမဖတ်ခဲ့ဘူး တခါတလေစားဖြစ်ပါတယ် ဆေးဖက်ဝင်မှန်းသိတယ် ခရမ်းကစော့သီးကို တခါတလေစားပေးပါ အားလုံး ကျမ်းမာချမ်းသာကြပါစေ။

ပြုတ်ပြီးပဲတို့တို့၊ ခရမ်းချဉ်သီးနဲ့ပဲချက်စားစား စားလိုက်တိုင်း ဖောက်ခနဲ့ဖြစ်ပြီး အရသာရှိတဲ့ ခရမ်းကစော့သီးလေးကို ကြိုက်တဲ့သူတွေရှိလား။ ဒီစားကောင်း ခရမ်းကစော့သီးလေးက ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။

ခရမ်းကစော့သီးကပေးတဲ့ ကျန်းမာရေး..

ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးလေးက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးနိုင်ပါတယ်။

#ကင်ဆာကာကွယ်ပေးတယ်

ခရမ်းကစော့သီးက ကင်ဆာ ကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့ အာဟာရတွေပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကာလတွေကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ကြပါတယ်။

#အကိုက်အခဲသက်သာစေနိုင်တယ်

ခရမ်းကစော့သီးတွေက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကိုသက်သာစေသလို အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။

#ရောင်ရမ်းမှုကိုသက်သာစေနိုင်တယ်

လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း ခရမ်းကစော့သီးကို စားပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားပေးလို့ရပါတယ်။

#အနာတွေကိုသက်သာစေနိုင်တယ်

အရေပြားမှာဖြစ်တဲ့ အနာတွေ သက်သာစေဖို့လည်း ခရမ်းကစော့သီးကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ခရမ်းကစော့သီးကို စားပေးရင် သက်သာစေမှာပါ။

#အဖျားကျစေနိုင်တယ်

ခရမ်းကစော့သီးကို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေနိုင်ပြီး ဖျားနာမှု ကင်းစေနိုင်ပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ခရမ်းကစော့သီး ပြုတ်ရည်ကို သောက်ပေးတာကလည်း အဖျားကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

#ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်

ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးလို့ရပါတယ်။

#ဗီတာမင် C ချို့တဲ့မှုကင်းစေတယ်

ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

#ရေယုန်သက်သာစေနိုင်တယ်

ခရမ်းကစော့သီးမှာ ရေယုန်ကိုသက်သာစေနိုင်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

#ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

ခရမ်းကစော့သီးက ဓာတ်တိုဆးန့်ကျင်အာနိသင်ကြွယ်ဝတာကြော်င့ ခန္ဓာကိုယ်မျာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို ကျန်းမာစေနိုင်သလို ရောဂါတွေကနေလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

#သန်ကျစေနိုင်တယ်

ခရမ်းကစော့သီးက သဘာဝသန်ကျဆေးတစ်မျိုးပါ။ သန်ထမှာစိုးတယ်။ သန်ချဆေးလည်း မသောက်ချင်ဘူးဆိုရင်တော့ ခရမ်းကစော့သီးလေး တို့စားပေးပါ။

#အမြင်အာရုံကောင်းစေတယ်

ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်နဲ့ ပုံမှန်ကြော်စားပေးတာက အမြင်အာရုံကို ကျန်းမာစေနိုင်မှာပါ။

အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ ခရမ်းကစော့သီးလေးတွေ စားရင် အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

မော်ချီးကရင်အခေါ်ဆိုရင်တော့ စကောကလေ😁

Credit

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝ...
25/02/2025

📌 ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောကြားထားတဲ့ " လူသိနည်းသော အသည်း‌ရောင်အသားဝါ '𝗔' နှင့် '𝗘' "အကြောင်းကို အခုလို ပြန်လည်ဝေမျှပေးလိုက်ပါတယ်...

✅ ဒီဆောင်းပါးကို 𝗭𝗶𝗳𝗮𝗺 𝗘-𝗠𝗮𝗴𝗮𝘇𝗶𝗻𝗲 𝗩𝗼𝗹𝘂𝗺𝗲 (𝟰.𝟯) မှကောက်နုတ်ထားခြင်းဖြစ်ပါတယ်...


ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့🌕‼️သန္ဓေ တောထွက် ဓမ္မစက် တချက်ပြာဋိဟာ‼️ဂေါတမမြတ်စွာဘုရား-သန္ဓေတည်တဲ့နေ့                  ...
01/08/2023

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့🌕

‼️သန္ဓေ တောထွက် ဓမ္မစက် တချက်ပြာဋိဟာ‼️

ဂေါတမမြတ်စွာဘုရား-သန္ဓေတည်တဲ့နေ့
-တောထွက်တော်မူသောနေ့
-ဓမ္မစကြာတရားထူးတရားမြတ်ဟောတော်မူတဲ့နေ့
-တန်ခိုးပြာဋိဟာ ကို ပြတော်မူတဲ့နေ့

ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကိုဝန်ခံတဲ့နေ့

ရဟန်းရှင်လူတို့ ဝါတွင်းသုံးလပတ်လုံး ဒါန၊သီလ၊ဘာဝနာ သူတော်ကောင်းတရားအားထုတ်ဖို့အစပြုတဲ့နေ့ထူးနေ့မြတ်🙏 မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာစွာနဲ့ သူတော်ကောင်းတရားတွေ အားထုတ်နိုင်ကြပါစေလို့ Panda-ခြင်ဖျန်းဆေးမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။



ြင်ဖျန်းဆေး
#ဝါဆိုလပြည့်နေ့

ရန်သူတော် ၅ပါးပဲ ထင်တာ ခြင်🦟 ပါတစ်ပါးထပ်ပေါင်းထည့်ရမယ်အားလုံး (၆)ပါး🌝အတော်ဆိုးနေပြီ😅 #သဘာဝခြင်ဖျန်းဆေး
21/07/2023

ရန်သူတော် ၅ပါးပဲ ထင်တာ ခြင်🦟 ပါတစ်ပါးထပ်ပေါင်းထည့်ရမယ်

အားလုံး (၆)ပါး🌝

အတော်ဆိုးနေပြီ😅

#သဘာဝခြင်ဖျန်းဆေး

တိုင်းရင်းဆေးတက္ကသိုလ်ဘွဲ့ရ ဆရာမလေးပီပီ သူထုတ်တဲ့ pandaခြင်ဖျန်းဆေးလေးကို Upgrade ဘာတွေလုပ်ထားလဲ ‼မူလ လက်ဟောင်းဘူး​လေးကန...
21/07/2023

တိုင်းရင်းဆေးတက္ကသိုလ်ဘွဲ့ရ ဆရာမလေးပီပီ သူထုတ်တဲ့ pandaခြင်ဖျန်းဆေးလေးကို Upgrade ဘာတွေလုပ်ထားလဲ ‼

မူလ လက်ဟောင်းဘူး​လေးကနေ Upgrade design အသစ်လေးပြောင်းထားပေးတယ်

✅ပူခြင်း
✅စပ်ခြင်း
✅ယားခြင်း မရှိ

အသားပေါ်ဖျန်းလည်း အသားအရေမထိ ခိုက်အောင် Lemon oil ပါထည့်ပေးထားတာကြောင့်

အရေပြားပေါ်ရှိ Bacteriaတွေ လည်းသေစေတဲ့ အာနိသင်ရှိပါတယ်နော်🧚‍♀️

DEET free မို့ ကလေးတွေ အသုံးပြုတဲ့ အခါလည်း အသားရေထိခိုက်မှာအတွက် စိတ်မပူရတော့ပါဘူးနော် 💚

ကလေး 6 လမှ စပြီးသုံးလို့ရပါတယ်။ ✅

6လမှ-၁နှစ်ဆို အဝတ်အစားပေါ်သာဖျန်းပေးပါ။၁နှစ်အထက်ဆိုအသားပေါ်ဖျန်းပေးလို့ရပါပြီ။ ✅

🦟ခြင်ကိုက်ရင် ဖြစ်နိုင်တဲ့ ရောဂါတွေကလည်း အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာမို့

ြင်ဖျန်းဆေးpandaလေးကိုဆောင်ထားဖို့မမမေ့နဲ့နော် 💚💚💚

ြင်ဖျန်းဆေး


သတိ❗ အမှောင်မလာခင် ခြင်ဆေးဖျန်းထားပါ #ခြင်ဖျန်းဆေးဆို   ကို သတိရလိုက်ပါ🐼 ခြင်ဖျန်းဆေး ဆိုပေမယ့် စပါးလင်ရနံ့သင်းသင်းလေးမိ...
19/07/2023

သတိ❗ အမှောင်မလာခင် ခြင်ဆေးဖျန်းထားပါ

#ခြင်ဖျန်းဆေးဆို ကို သတိရလိုက်ပါ🐼

ခြင်ဖျန်းဆေး ဆိုပေမယ့် စပါးလင်ရနံ့သင်းသင်းလေးမို့ နှလုံးသမားတွေ ၊ရင်ကြပ်ရောဂါရှိသူတွေ အတွက်လည်း အဆင်ပြေစေတဲ့ ရနံ့လေးပါရှင့်

(100)ml တဘူး 4500 ကျပ်
10 ဘူးမှစ လက်ကားဈေးနဲ့ရ

☎️09250012607

Review တွေကြောင့် စိတ်ချမ်းသာရ😊🏬🛒ဈေးကွက်ထဲ ရောက်တာမကြာသေးပေမယ့်လည်း🍀Quality ကရှယ်ကောင်းတာက Review တွေက သက်သေပါ🧑‍⚕️တိုင်း...
16/07/2023

Review တွေကြောင့် စိတ်ချမ်းသာရ😊

🏬🛒ဈေးကွက်ထဲ ရောက်တာမကြာသေးပေမယ့်လည်း

🍀Quality ကရှယ်ကောင်းတာက Review တွေက သက်သေပါ

🧑‍⚕️တိုင်းရင်းဆေးဆရာမကိုယ်တိုင် ထုတ်လုပ်ထားတဲ့

စစ်စစ်ကို ပြည်တွင်းထုတ်ဆိုတော့

💰ဈေးနှုန်းလည်းသက်သာ👌
🦟 ခြင်အန္တရာယ်လည်းကင်းဝေး
🦟ခြင်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်မှာ မပူရတော့ဘူးပေါ့

တဘူး 4500 ကျပ်
10 ဘူးကစ လက်ကားဈေးနဲ့ရ

☎️09250012607



#ခြင်ဖျန်းဆေး

 ြင်ဖျန်းအစွမ်း 3️⃣ in 1️⃣🔖ခြင်အန္တရာယ်ကြောက်ပြီး ခြင်ဆေးခွေထွန်းရင်🔥အန္တရာယ်ပါ ထပ်စိုးရိမ်ရဦးမယ်..😮‍💨ခုတော့  🐼   #‌PAND...
14/07/2023

ြင်ဖျန်းအစွမ်း 3️⃣ in 1️⃣

🔖ခြင်အန္တရာယ်ကြောက်ပြီး ခြင်ဆေးခွေထွန်းရင်🔥အန္တရာယ်ပါ ထပ်စိုးရိမ်ရဦးမယ်..😮‍💨

ခုတော့ 🐼 #‌PANDA_ခြင်ဖျန်းဆေးကြောင့်

🐼ဘေးဥပါဒ်ကင်း✅

🐼ခြင်အန္တရာယ်ကင်းလို့✅

#ခြင်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေအတွက်ပါ စိတ်မပူရတော့ဘူးနော် ✅

(100)ml တဘူး 4500 ကျပ်
10 ဘူးကစ လက်ကားဈေးနဲ့ရ

☎️09250012607



#ခြင်ဖျန်းဆေး

✅ပူခြင်း✅စပ်ခြင်း✅ယားခြင်း မရှိ🪻အသားပေါ်ဖျန်းလည်း အသားအရေမထိ ခိုက်အောင် Lemon oil ပါထည့်ပေးထားတာမို့ အရေးပြားပေါ်ရှိ Bac...
13/07/2023

✅ပူခြင်း
✅စပ်ခြင်း
✅ယားခြင်း မရှိ

🪻အသားပေါ်ဖျန်းလည်း အသားအရေမထိ ခိုက်အောင် Lemon oil ပါထည့်ပေးထားတာမို့ အရေးပြားပေါ်ရှိ Bacteriaတွေ လည်းသေစေတဲ့ အာနိသင်ရှိပါတယ်နော်🧚‍♀️

🎈DEET free မို့ ကလေးတွေ အသုံးပြုတဲ့ အခါလည်း အသားရေထိခိုက်မှာမစိုးရိမ်ရပါဘူးရှင်

🐼ကလေး 6 လမှ စပြီးသုံးလို့ရပါတယ်။6လမှ-၁နှစ်ဆို အဝတ်အစားပေါ်သာဖျန်းပေးပါ။၁နှစ်အထက်ဆိုအသားပေါ်ဖျန်းပေးလို့ရပါပြီ။

ခြင်🦟ကိုက်ရင် ကူးစက်ရောဂါကြောင့်အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်ဖို့ ဖျန်းထားကြပါစို့‼️

(100)ml တစ်ဘူး 4500 ကျပ်

1️⃣0️⃣ ဘူးကစ လက်ကားဈေးနဲ့ရပါတယ်ရှင့်
☎️09250012607

#သဘာဝခြင်ဖျန်းဆေး

မေမေတို့ရေ အခုတလော ကလေးတွေအဖြစ်များနေတဲ့ လေပြွန်ယောင်၊ အဆုတ်ယောင် …ဖျားကြတာနဲ့ ပတ်သက်ပြီးတော့မေမေတို့အတွက်ပြောပြချင်ပါတယ...
12/07/2023

မေမေတို့ရေ အခုတလော ကလေးတွေအဖြစ်များနေတဲ့ လေပြွန်ယောင်၊ အဆုတ်ယောင် …ဖျားကြတာနဲ့ ပတ်သက်ပြီးတော့မေမေတို့အတွက်ပြောပြချင်ပါတယ်…။❤️❤️❤️

ယေဘူယျလက္ခဏာတွေကတော့…🤒🤒

🌡️🌡️🌡️အဖျားက ၁၀၂ / ၁၀၃ လောက်ထိရှိလာတတ်ပါတယ်၊
ပြီးတော့….ချောင်းဆက်တိုက်ဆိုးမယ်၊
ချောင်းဆိုးလွန်းပြီးရံဖန်ရံခါချွဲအန်မယ်၊
အသက်ရှူမြန်ပြီးပုံမှန်မဟုတ်တဲ့အသံကြားရမယ်၊
အသက်ရှူကျပ်တဲ့လက္ခဏာတွေရှိပြီး
အသက်ငယ်တဲ့ကလေးတွေမှာ နို့မစို့နိုင်တာ၊ အသက်ရှုမဝသဖြင့်ဂျီကျတာတွေ တွေ့ရတတ်ပါတယ်…။

📣📣📣အဲဒီတော့ သူတို့လေးတွေဖျားနာခဲ့ရင် ဆရာမ မှာနေကျ ၉ချက်ရှိပါတယ်။
အဲ့ဒါတွေက…..

🍱🥗🥪🍗၁။ အစားကောင်းကောင်းဝင်အောင်ကျွေးပါ…။
-နေမကောင်းတိုင်းအမြဲဆန်ပြုတ်တိုက်စရာ (လုံးဝ) မလိုပါ၊ ကလေးတွေ က ဆန်ပြုတ်မကြိုက်ပါ၊ အားရှိတဲ့ အစားအစာ (ထမင်း၊ကြက်ကြော်၊ကြေးအိုး၊)သန့်ရှင်းလတ်ဆတ်ပူနွေးရင် အကုန်ကျွေးပါ၊ ကြက်ပေါင်းရည်တိုက်ရုံနဲ့ အားမရှိပါ ကြက်သားစားမှ အားရှိမှာပါ ကြက်ပေါင်းနဲ့စွပ်ပြုတ်ထဲက အသားကို
ဝင်အောင်ကျွေးပါ…။

😴💤🛌၂။ ကောင်းကောင်းအိပ်ပါစေ…။
ဖျားတဲ့ကလေး ၊ချောင်းဆိုးပျောက်ဆေးတိုက်ထားတဲ့ကလေးက အိပ်ရေးဝဖို့ လိုအပ်ပါတယ်၊ ကလေးအိပ်တာနဲ့ မှိန်းတာ မတူပါဘူး​၊ မှိန်းတယ်ဆိုတာ ဆီးမသွား၊ရေမသောက်၊ ဓါတ်ဆားမဝင်၊ နိုမစို့၊ ခြေ လက်အေးတာမျိုးပါ...(မှိန်းတဲ့လက္ခဏာ မရှိရင် အိပ်နိုင်တာ ကောင်းတာပါ....)။

🥱 🥱🥱၃။ ကောင်းကောင်းနားပါစေ…။
ဒီရာသီမှာ ဖျားတဲ့ကလေးက ၁ပတ်လောက်အထိ အနားယူဖို့လိုပါတယ်၊ ဒါမှ ကိုယ်ခံအားကောင်းပီး အပြည်အဝနလန်ထ နိုင်မှာပါ၊ ဒီလိုအနားယူခြင်းဖြင့်
တခြားကလေးငယ်တွေကို ရောဂါကူးစက်ခြင်းမှ ကာကွယ်ရာလည်း ရောက်ပါတယ်။ ကျောင်းတာဝန်ခံတွေ နဲ့ဆွေးနွေးပြီးလိုအပ်တဲ့ရက်အတိုင်း ကလေးတွေကို ခွင့်ယူလို့ရအောင် စီစဥ် ပေးပါ…။

💊 💊💊၄။ဆေးနဲ့ ဓါတ်ဆားဝင်အောင်တိုက်ပါ၊ ရှူဆေးကိုစနစ်တကျ ရှူပါ။
ဆေးကြောက်တာကလေးသဘာဝပါ၊ ဝင်အောင်တိုက်ရမှာ မိဘတာဝန်မို့ နည်းမျိုးစုံနဲ့ ဆေးဝင်အောင်ကြိုးစားပါ၊ ကိုယ့်ကလေးရဲ့ ဆေးသောက်တဲ့အခြေအနေကိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ…။

💧💧💧၅။နှာခေါင်းပိတ်လျှင် နှာခေါင်းအတွင်းသို့ဆားရည် အစက်ချပေးပါ၊ ကလေးငယ်များတွင် နှာခေါင်းအတွင်းမှ နှပ်ချေးနင့်ချွဲများ စနစ်တကျစုပ်ပေးပါ၊ ကလေးအကြီးများတွင် ရေနွေးငွေ့ပေးရှူပါ…။

😮‍💨🫁😮‍💨၆။ရင်ကျပ်လျှင် အနံ့မျိုးစုံ ၊
အမှုန်၊ ဖုန် မျိုးစုံရှောင်ပါ။ ကလေးငယ်များကို သနပ်ခါး၊ ပေါင်ဒါ လုံးဝ လိမ်းမပေးရပါ…။

👩‍⚕️👩‍⚕️👩‍⚕️၇။ဆေးခန်းပြချိန်တွင် ဆောင်ရန် ရှောင်ရန်နှင့် အရေးကြီး လက္ခဏာများကို ဆရာဝန်အား သေချာမေးပါ၊ ဆရာဝန်ညွှန်ကြားချက်များကိုလည်း စနစ်တကျသေချာလိုက်နာပါ…။

🧽🚿🛁၈။အဖျားကြီးလျှင် ရေပတ်တိုက်ပါ၊ ကိုယ်ပူကျဆေးကို သတ်မှတ်ချက်ထက် ခဏခဏ ပိုမတိုက်ရပါ…။

🚨🚨🚨၉။ အရေးကြီးလက္ခဏာ စောင့်ကြည့်ပါ...

-ကလေးမှိန်းလျှင်
-အသက်ရှူမြန်၊ရင်ဘတ်ချိုင့်၊နို့မစို့နိုင်၊ရေမသောက်နိုင်အောင်မောလျှင်
-အဖျားကြီးပီး ဆီးသွားနည်းလျှင်၊ ကလေးတက်လျှင်
-အဖျားကျပီး မလန်းလျှင်၊ခြေလက်အေးစက်ပီးမှိန်းလျှင်

အရေးကြီးလက္ခဏာများရှိလျှင်နီးစပ်ရာဆေးရုံ အမြန်သွားရပါမယ်...။

😷😷ကာကွယ်ဖို့ကတော့😷😷

💪💪💪၁။ကလေးတွေမှာ အရေးကြီးဆုံးက ကိုယ်ခံစွမ်းအားပါ၊ ဒါကြောင့် အာဟာရစုံလင်အောင်ကျွေးပါ၊ အထူးသဖြင့် အသားဓါတ်များများကျွေးပါ…။

💦💦💦၂။ရေများများတိုက်ပါ၊ စွပ်ပြုတ်တိုက်ပါ...။

💤💤💤၃။အိပ် ရေးဝဝအိပ်ခိုင်းပါ၊ တနေ့ကို ၈နာရီပြည့်အောင် အိပ်ပါ၊ ညကို ၁၀နာရီထက်နောက်မကျဘဲ အိပ်ယာဝင်ခိုင်းပါ...။

👬👯‍♀️🧍🏼‍♀️၄။မလိုအပ်ဘဲ လူထူထပ်သောနေရာမသွားရပါ(အထူးသဖြင့် ကလေးကစားကွင်း)။

😷😷😷၅။အပြင်သွားရင် နှာခေါင်းစည်းတပ်ပေးပါ၊ လက်သေချာဆေးတဲ့အကျင့်လုပ်ပေးပါ၊ လူကြီးတွေကိုယ်တိုင်လည်း အပြင်သွားရင် နှာခေါင်းစည်း သေချာတပ်ပါ...။

🍟🍦🥤၆။အချို၊ဆီကြော်၊အအေးနဲ့ လေဖောင်းမုန့်တွေလျှော့ကျွေးပါ...။

💉💉💉၇။ရာသီတုပ်ကွေးကာကွယ်ဆေး၊ကိုဗစ်ကာကွယ် ဆေးများ ထိုးထားပေးပါ…။

👩‍👦👶👩‍👦၈။အပြင်က ပြန်လာတဲ့လူကြီးများကို ရေချိုးအဝတ်လဲခိုင်းပြီးမှ ကလေးငယ်လေးကို ချီခွင့်ပြုပါ…။

😷✋🫷၉။အိမ်မှာ ဖျားတဲ့သူရှိရင်
နှာခေါင်းစည်းတပ်ခိုင်းပါ၊ ကလေးနဲ့ ခပ်ခွါခွါနေခိုင်းပါ...။

မိုးရာသီမို့ အဆုတ်ယောင်ရောဂါအပြင် သွေးလွန်တုပ်ကွေးရောဂါလည်း သတိပြုစေချင်ပါတယ်မေမေတို့ရေ၊ ဒါကြောင့် ၃ရက်ထိဖျားရင်သွေးလွန်တုပ်ကွေးလက္ခ ဏာ စမ်းသပ်ဖို့လဲ မပျက်မကွက်ဆေးခန်းပြဖို့ လိုအပ်ပါတယ်နော်…။

ဆရာမဆေးခန်းမှာ မှာသမျှကို မပျက်မကွက်လိုက်နာကြတဲ့မေမေဖေဖေတို့ကိုလဲကျေးဇူးတင်ပါတယ်နော် …။🥰🥰🥰

မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေ…။🙏🙏🙏

#ဒေါက်တာငြိမ်းကလေးဆေးခန်း
#ဒေါက်တာငြိမ်းယုဇော်မိုး
#ကလေးကျန်းမာရေး
#အဆုတ်ယောင်ရောဂါ

Photo -Crd

Address


Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

+959250012607

Website

Alerts

Be the first to know and let us send you an email when Panda Online Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram