Yamone Sweety -သူဌေးစိတ်ဓာတ် သူဌေးအတွေးအခေါ်

  • Home
  • Myanmar
  • Yangon
  • Yamone Sweety -သူဌေးစိတ်ဓာတ် သူဌေးအတွေးအခေါ်

Yamone Sweety -သူဌေးစိတ်ဓာတ် သူဌေးအတွေးအခေါ် လူတိုင်း သူဌေးစိတ်ဓာတ် /အတွေးအခေါ် ရှိသင့်တယ်။

အတွေးအမြင်မှ အပြုအမူအပြုအမူမှ အလေ့အကျင့်အလေ့အကျင့်မှ စရိတ္တစရိတ္တမှ ကံကြမ္မာတွေ ပေါ်ပေါက်ဖြစ်ပေါ်လာသည်။  #မေမေယမုံ
17/12/2023

အတွေးအမြင်မှ အပြုအမူ

အပြုအမူမှ အလေ့အကျင့်

အလေ့အကျင့်မှ စရိတ္တ

စရိတ္တမှ ကံကြမ္မာ

တွေ ပေါ်ပေါက်ဖြစ်ပေါ်လာသည်။

#မေမေယမုံ

13/03/2023

ပထမ တစ်ဘက်လူကို နားလည်အောင်လုပ်ပါ။

ထို့နောက် မိမိကို သူ ပြန်နားလည်အောင် ကြိုးစားပါ။

ချစ်တဲ့

06/03/2023

"အရေးမကြီးသော အရာကြောင့်

အရေးကြီးသောအရာကို မထိခိုက်စေသင့်။"

ဆရာကြီး ဂိုထေး ရဲ့ အဆိုအမိန့်

အခုခေတ်က အပေါ်ယံတွေမှာ သာယာနေကြကြီး တစ်ကယ်လုပ်ရမဲ့ အရာတွေအတွက် အချိန်မပေးနိုင် အချိန်မရှိဘူး ဖြစ်နေကြတယ်။

အခု မပျော်ရွှင်ဘူး စိတ်မချမ်းသာဘူး စီးပွားရေး အဆင်မပြေဘူး မလွတ်မြောက်ဘူး (အရာအားလုံး အချိန်,ကျန်းမာရေး ,ငွေကြေး ) ဆိုတာတွေက အရေးမကြီးတာတွေ ကို အရေးကြီးသလို လုပ်နေလို့ဘဲ ။

ချစ်တဲ့

လူတွေမှာ အမူအကျင့် အများကြီး ရှိပေမဲ့ အဓိက ၂ မျိုး ဘဲ ရှိတယ်။၁) လုပ်တဲ့ အကျင့် ၂) မလုပ်တဲ့ အကျင့် မလုပ်တဲ့ အလုပ်တိုင်းဟာ...
25/01/2023

လူတွေမှာ အမူအကျင့် အများကြီး ရှိပေမဲ့ အဓိက ၂ မျိုး ဘဲ ရှိတယ်။

၁) လုပ်တဲ့ အကျင့်
၂) မလုပ်တဲ့ အကျင့်

မလုပ်တဲ့ အလုပ်တိုင်းဟာ မလုပ်တဲ့ အကျင့်ပါနေလို့ဘဲ ဖြစ်ပါတယ်။

အဲ့ဒီ မလုပ်တဲ့ အကျင့်ကို ပြောင်းပစ်ဖို့ တစ်ခုတည်းသောနည်းက ချက်ချင်း စလုပ်လိုက်ဖို့ပါဘဲ ။

ချစ်တဲ့
Yamone
၂၅.၁.၂၀၂၃

13/01/2023

အောင်မြင်တဲ့ လူတွေက သူတို့ဘာလိုချင်တာကိုသိပြီး အာရုံစိုက်ကြတယ်။

မအောင်မြင်သူ/ကျရှူံးတဲ့ လူတွေက သူတို့ မလိုချင်တဲ့ အပေါ်ဘဲ အာရုံပြုနေကြတယ်။

အများကြီး အကြီးကြီးကိုဘဲ အာရုံပြုပါ။

ဘာမဆို အာရုံစေစားသလို ဖြစ်လာကြတဲ့ သဘောပါ။

အကောင်းမြင်ရင် ကောင်းတာတွေဖြစ်မယ်။
အဆိုးမြင်ရင် အဆိုးတွေ ဖြစ်မယ်။

အခက်အခဲပြဿနာဆိုတာက ဘယ်သူဖြစ်ဖြစ် ကြုံရစမြဲမို့ အခက်အခဲတွေ့လာရင် ဖြေရှင်းပြီး ကိုယ့်ရည်မှန်းချက်ကို ချက်ချင်း အာရုံပြန်ထားရမယ်။

အဓိက အရေးကြီးတာက ကောင်းတဲ့ အာရုံကို ချဲ့ နိုင်သလောက် ချဲ့ဖို့ပါဘဲ ။

၁၃.၁.၂၀၂၂

ပုံလေးကို သဘောကျတယ် ကျွန်မ အမြင်ဆို လူတွေက ငွေရဲ့ အပေါ်မှာ ရှိနေရမယ် ။ ငွေ အောက်ရောက်ရင် ပြုတ်ကျမတတ် ဖြစ်မယ်။ငွေ အပေါ်နည...
23/12/2022

ပုံလေးကို သဘောကျတယ်

ကျွန်မ အမြင်ဆို

လူတွေက ငွေရဲ့ အပေါ်မှာ ရှိနေရမယ် ။

ငွေ အောက်ရောက်ရင် ပြုတ်ကျမတတ် ဖြစ်မယ်။

ငွေ အပေါ်နည်းနည်းရောက်ရင် လမ်းလျှောက်နိုင်စရာနေရာရရင် လမ်းလျှောက်နိုင်မယ်။

ငွေ အပေါ် နေရာ များများရရင် ပိုမြန်မြန်ခရီးရောက်ဖို့ စက်ဘီးနဲ့ သွားလို့ရမယ်။

ငွေပေါ် ကိုယ်က နေရာများများ ယူနိုင်ရင် ငွေကို နင်းပြီး သက်တောင့်သက်သာ ကားနဲ့ ခရီးရောက်နိုင်တယ်။

ကျွန်မ ရေးတာ လူတိုင်း နားလည်ချင်မှ နားလည်မယ်။

ငွေကို အပေါ်စီးကကြည့်ပြီး လိုသလို စီမံနိုင်ရမယ်။

အခုအတောအတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အပေါ်  ဘယ်လို စိတ်ခံစားနေသလဲ ?ထပ်တူလိုက်ခံစားနေသလား? ရှောင်ဖယ်ကျော်လွှား နေလား? ဖြစ...
24/10/2022

အခုအတောအတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အပေါ် ဘယ်လို စိတ်ခံစားနေသလဲ ?

ထပ်တူလိုက်ခံစားနေသလား?
ရှောင်ဖယ်ကျော်လွှား နေလား?

ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ကိုယ်လုပ်လို့ ဖြစ်တာ မဟုတ်သလို ,ကိုယ်တားဆီးလို့လည်းမရဘူး။

ဒါကြောင့် ကိုယ်က ဖြစ်ပျက်နေတဲ့ ပြဿနာရဲ့ အလယ်ဗဟို မှာ နေနိုင်အောင် လုပ်ရပါမယ်။ အလယ်ဗဟိုမှာ ကြံကြံခိုင်အောင်နေပြီး မိမိရဲ့ အရှိန်ဩဇာစက်ဝန်းဖြစ်အောင် လုပ်ရမယ်။

နောက်ဆုံး မိမိသည် အခြေအနေ ပြဿနာတွေကို မနာခံ မစီးမျောဘဲ အခြေအနေကို အခွင့်အလမ်းအဖြစ် အသုံးချတတ်ရပါမယ်။

ယမုံက စာရေးရတာ ပျင်းတဲ့သူမို့ အများကြီးမရေးနိုင်တာတောင်းပန်ပါတယ်🙏 အချိန်အားရင် အချိန်တန်ရင် live လာပြောပြပါမယ်။

ချစ်တဲ့

19/10/2022

"သင် သဘောမတူလျှင် သင်စိတ်ထိခိုက်အောင် မည်သူမျှ မလုပ်နိုင်ပါ "

ပတ်ဝန်းကျင်အသိုင်းအဝန်းက ဖြစ်ပျက်တဲ့ အခြေအနေ, ပြဿနာ,ဒုက္ခ, အတွေး တွေက မိမိက သဘောတူ ခွင့်ပြုသောကြောင့် ဖြစ်ပျက်နေတာထက် ပိုမို ခံစားနေရခြင်းဖြစ်ပါတယ်။

ဘာကိစ္စဖြစ်ဖြစ် ကိုယ်လိုက်လုပ်လို့ ကိုယ်ပါဝင်ခံစားလို့ ကိုယ်ခံရတဲ့ သဘောပါ။

ဒါကြောင့် ဘယ်သူကြောင့် ,ဘာကြောင့် ,ဘာလို့ တွေ မတွေးဘဲ ကိုယ့်စိတ် ကိုယ့်အကြောင်းဘဲ ပြန်တွေး ပြန်သုံးသပ်ရပါမယ်။

18/10/2022

ယူမဲ့လူမရှိရင် ပေးချင်လို့ ဘယ်လို လုပ်ရပါ့မလဲ?

အပေးအယူကိစ္စမှာ ၂ဖက်ညီမှ အထမြောက်မှာပါ။

ပေးရတဲ့လူအဖို့ အံ့ဩဝမ်းသာအပြည့်နဲ့ ပီတိတွေ ဖြစ်ရမယ်။

ပြောင်းပြန် သဘောဆို ပေးချင်တဲ့ စိတ်ထက်သန်နေတုန်းမှာ တစ်ဖက်လူက ယူချင်တဲ့ ဆန္ဒမရှိဘူးဆိုရင် စိတ်မကောင်းစရာပါဘဲ ။

လက်ခံယူလိုတဲ့ အာသီသ မရှိတာဟာ ပေးချင်တဲ့လူရဲ့ စေတနာကို ချိုးဖဲ့လိုက်တာ ၊ စော်ကားလိုက်တာပါဘဲ။

ကိုယ်က အပြည့်အဝလက်ခံဖို့ ဆန္ဒမရှိတဲ့အတွက် စကြာဝဠာကြီးကိုလည်း ကိုယ့်ကို မပေးဖို့ လေ့ကျင့်ပေးသလို ဖြစ်သွားတာဘဲ ဖြစ်ပါတယ်။

ကိုယ်က လက်မခံလိုက်တဲ့အတွက် ကိုယ့်ဝေစုဟာ တခြားလူတစ်ယောက်ဆီ ရောက်သွားမှာပါ။

ဒါကြောင့် ချမ်းသာတဲ့လူတွေ ပိုချမ်းသာတဲ့ အကြောင်းရင်း တစ်ခုပါ။ (ပြောင်းပြန် ကိုယ့်ဘာသာ စဉ်းစားပါ)

15/10/2022

လက်ခံပေးဖို့ ၆ရက် လေ့ကျင့်ရမယ်။

အရာရာကို လက်ခံပေးရမယ်။

လက်မခံနိုင်စရာတွေကိုလည်း လက်ခံပေးရမယ်။

သောတပန်မှာ လောဘ ,ဒေါသ ,..., ဖြစ်လည်း လက်ခံနိုင်ရမယ်။

ဒိဌိပြုတ်အပယ်မကျတဲ့ လောဘ ဒေါသ ဖြစ်ဖို့လိုတယ်။

လောဘ ဒေါသ က သဘာဝမို့ မပေါင်းနဲ့ မပယ်နဲ့ ။ ဖြစ်ဆဲမှာ သိရမယ်။

အသေလဲတတ် ...အနေလည်းမြတ် အောင် တရားနာကြစို့ ။

ဆရာတော်ဦးကုသလ တရား
15.10.2022(စနေနေ့)
2:00 pm

09/10/2022

လူတစ်ယောက်ပြောင်းလဲဖို့ အလေ့အကျင့်တွေ ပြောင်းလဲဖို့ လိုပါတယ်။

အလေ့အကျင့်ပြောင်းလဲ ဖို့ အချက် ၃ချက် ရှိပါတယ်။

ဘာတွေ ဖြစ်မယ်ထင်လဲ ?
သိချင်ကြလားရှင့်?
ကိုယ့်ဘာသာ ကိုယ် ပြောင်းလဲချင်ပြီလား ?

မြင်ရတာကိုပြောင်းဖို့ မမြင်ရတာကို အရင် ပြောင်းရပါလိမ့်မယ်။ကိုယ်မမြင်ရတဲ့ အရာတွေက မြင်ရတာတွေထက် ပိုပြီး အစွမ်းထက်အားကောင်...
07/10/2022

မြင်ရတာကိုပြောင်းဖို့
မမြင်ရတာကို အရင် ပြောင်းရပါလိမ့်မယ်။

ကိုယ်မမြင်ရတဲ့ အရာတွေက
မြင်ရတာတွေထက် ပိုပြီး အစွမ်းထက်အားကောင်းပါတယ်။

Address

အင်းစိန်
Yangon

Telephone

+9595095016

Website

Alerts

Be the first to know and let us send you an email when Yamone Sweety -သူဌေးစိတ်ဓာတ် သူဌေးအတွေးအခေါ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yamone Sweety -သူဌေးစိတ်ဓာတ် သူဌေးအတွေးအခေါ်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram