Dr. Soe Thiha Maung - အသည်းဆေးပညာ

Dr. Soe Thiha Maung - အသည်းဆေးပညာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Soe Thiha Maung - အသည်းဆေးပညာ, Doctor, Online, Yangon.
(1)

M.B.,B.S (Ygn.), MRCP (UK), MBA
Master of Science in Clinical Sciences (Hepatology)
International Visiting Scholar/ Fellow for Transplant Hepatology, Asan Medical Center, Seoul, South Korea (APASL Early Career Fellow)
APAGE/ JGH Clinician-Scientist Fellow

ဒီလထဲ အလုပ်တွေအရမ်းများနေတာကြောင့် Page မှာ မတင်ပေးဖြစ်ပါဘူး။ နောက်လကနေစပြီးတော့ အရင်လို ပြန်တင်ပေးနိုင်ဖို့ ကြိုးစားပါဦ...
27/10/2025

ဒီလထဲ အလုပ်တွေအရမ်းများနေတာကြောင့် Page မှာ မတင်ပေးဖြစ်ပါဘူး။ နောက်လကနေစပြီးတော့ အရင်လို ပြန်တင်ပေးနိုင်ဖို့ ကြိုးစားပါဦးမယ်။

အခုတော့ ကျွန်တော်ရောက်နေတဲ့ တောင်ကိုရီးယား၊ ဆိုးလ်က အာဆန်အထူးကုဆေးရုံကြီး မှာ အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီဆေးရုံကြီးမှာရှိနေစဉ် လေ့လာခွင့်ရခဲ့သမျှတွေကို မြန်မာပြည်သူ၊ အသည်းရောဂါလူနာများအတွက် ပြန်လည် အကျိုးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

08/10/2025

အသည်းခြောက်ရင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် “ကြွက်သားဆုံးရှုံးခြင်း” ကို ကာကွယ်/ ကုသ သင့်ကြောင်း ဒေါက်တာစိုးသီဟမောင် ပါဝင်ဆောင်ရွက်ထားသော လတ်တလော သုတေသန တွေ့ရှိချက်

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️ ကျွန်တော်မျှဝေပေးနေသော ဗီဒီယိုများသည် ကြည့်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

အားလုံးပဲ မင်္ဂလာပါ ✨✨✨ကျွန်တော့် Page ကို စိတ်ဝင်တစား အားပေး လေ့လာဖတ်ရှုကြသူများ အားလုံးအတွက် “သီတင်းကျွတ်” ဆုမွန်ကောင်...
06/10/2025

အားလုံးပဲ မင်္ဂလာပါ ✨✨✨

ကျွန်တော့် Page ကို စိတ်ဝင်တစား အားပေး လေ့လာဖတ်ရှုကြသူများ အားလုံးအတွက် “သီတင်းကျွတ်” ဆုမွန်ကောင်းလေး တောင်းပေးချင်ပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ် ကာလမှာ အားလုံး
- စိတ်၏ ချမ်းသာခြင်း၊
- ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံကြပြီး
“ဆန္ဒ” နဲ့ “ဘဝ” ထပ်တူကျအောင် ကြိုးပမ်းနိုင်ကြပါစေ။

မှန်ကန်သော ကျန်းမာရေးအသိဖြင့် မိမိရဲ့ အသည်းကို စောင့်ရှောက်နိုင်ကြပါစေ။

ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဆက်လက်မျှဝေပေးနေမှာဖြစ်လို့ ဖတ်ရှု/ နားထောင်နိုင်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ☺️☺️☺️

ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ

02/10/2025

ဘီပိုးဆေး TAF 25 mg သည် ဘေးထွက်ဆိုးကျိုး နည်းရုံသာမကဘဲ ကောင်းကျိုးလည်း ပိုများကြောင်း လတ်တလော ထွက်ရှိလာသည့် သုတေသနအသစ်

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️ ကျွန်တော်မျှဝေပေးနေသော ဗီဒီယိုများသည် ကြည့်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

26/09/2025

ခေတ်မီဆေးတွေပေါ်လာသော်လည်း အသည်းအဆီဖုံးခြင်း အတွက် မဖြစ်မနေ အရေးကြီးသည့် အထိရောက်ဆုံး ကုသနည်း

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️ ကျွန်တော်မျှဝေပေးနေသော ဗီဒီယိုများသည် ကြည့်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

23/09/2025

“အသည်းကြီးခြင်း” ဆိုတာ …..

10/09/2025

“အသည်းခြောက်ရောဂါ” ရှိသူတိုင်း သိထားသင့်သော အရေးကြီးသည့် အချက်

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်

❗️❗️❗️ ကျွန်တော်မျှဝေပေးနေသော ဗီဒီယိုများသည် ကြည့်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

ဒေါက်တာစိုးသီဟမောင်သည် စက်တင်ဘာလ (၅) ရက်နေ့ နဲ့ (၆) နေ့တွေမှာ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်သေ...
07/09/2025

ဒေါက်တာစိုးသီဟမောင်သည် စက်တင်ဘာလ (၅) ရက်နေ့ နဲ့ (၆) နေ့တွေမှာ၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်သော “အသည်းအစားထိုး ကုသခြင်း” ဆိုင်ရာ ဆေးပညာအစည်းအဝေးကြီး (Liver Transplantataion - LT Updates 2025) ကို တက်ရောက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အသည်းအစားထိုး အဖွဲ့ကြီးက ကြီးမှူးကျင်းပသော အစည်းအဝေးကြီး ဖြစ်ပြီး နိုင်ငံတကာက အသည်းအစားထိုးခြင်းဆိုင်ရာ ဆရာဝန်တွေ လာရောက် ဆွေးနွေးခဲ့ကြပါတယ်။ အသည်းအစားထိုးကုသခြင်း နဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် သုတေသန တွေ့ရှိချက်တွေကို ဆွေးနွေးမျှဝေခဲ့ကြပြီး ကျွမ်းကျင်ပညာရှင်များရဲ့ အတွေ့အကြုံတွေ၊ အယူအဆတွေကို လေ့လာခွင့်ရခဲ့ပါတယ်။

ထူးခြားတဲ့ အချက်အချို့ကို ပြောပြရရင်
- အသည်းအစားထိုးကုသခြင်းအတွက် အလှူရှင်ကို ခွဲကြောင်းအကြီးကြီး မသုံးဘဲ မှန်ပြောင်း ဖြင့် အသည်းထုတ်ယူခြင်း သာမက စက်ရုပ်သုံး ခွဲစိတ်ခြင်း (Robotic Surgery) တွေပါ အထူးအောင်မြင်ကြောင်း သိခဲ့ရပါတယ်။
- အရမ်းကို တိုးတက်လာတဲ့ အချက်ကတော့ အသည်းအစားထိုး လူနာကိုပါ Minimally Invasive Surgery (MIS) နည်း ဖြစ်တဲ့ ခွဲကြောင်းသေးသေး၊ မှန်ပြောင်းများ အသုံးပြု ပြီး ခွဲစိတ်ကုသမှုတွေကို အသုံးပြုလာတဲ့အတွက် လူနာသည် ဆေးရုံကနေ မြန်မြန်ဆင်းနိုင်တဲ့အပြင် နောက်ဆက်တွဲပြဿနာတွေ နည်းသည်ထက် နည်းလာတာကို တွေ့ခဲ့ရပါတယ်။
- လူနာ နဲ့ အလှူရှင် သွေးအုပ်စုမတူဘဲ အသည်းအစားထိုးခြင်းသည်လည်း အဆင်ပြေသော ရွေးချယ်မှုတခု ဖြစ်နေဆဲဖြစ်ပြီး ထိုကဲ့သို့ ကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာတွေ ပိုမများကြောင်းလည်း သုတေသန အသစ်တွေအရ တွေ့ရှိရပါတယ်။
- အသည်းအစားထိုးပြီးနောက် သောက်ရတဲ့ Tacrolimus လိုဆေးမျိုးတွေကို တနေ့ တကြိမ်သာ သောက်ရန်လိုတဲ့ Prolonged-release ပုံစံမျိုးတွေ အသုံးပြုခြင်းသည် ထိရောက်မှုတွေရှိလာကြောင်းလည်း သိရှိခဲ့ရပါတယ်။

တိုးတက်တဲ့နိုင်ငံတွေ ဖြစ်တာကြောင့် အသစ်အသစ်သော နည်းပညာများကို အသုံးပြုကာ လူနာတွေအတွက် အကျိုးများစေမယ့် ကုသနည်းတွေကို လေ့လာခွင့်ရခဲ့ပြီး အားကျခဲ့ရပါတယ်။

တောင်ကိုရီးယားမှာတော့ အသည်းအစားထိုးကုသခြင်းသည် ထမင်းစား၊ ရေသောက် အဆင့်လောက်အထိကို အောင်မြင်စွာဆောင်ရွက်နိုင်နေကြောင်း မျှဝေပေးလိုက်ပေးရပါတယ်။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

03/09/2025

ကျောက်ကပ်ကို ထိခိုက်မှု လုံးဝ မရှိတဲ့ ဘီပိုးသေဆေး - TAF 25 mg နဲ့ ပတ်သက်သော နောက်ဆုံးထွက်ရှိလာသည့် သုတေသန

By
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။ Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

❗️❗️❗️ ကျွန်တော်မျှဝေပေးနေသော ဗီဒီယိုများသည် ကြည့်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

01/09/2025

အသည်းရောင် အသားဝါ “ဘီ“ ပိုး နဲ့ ပတ်သက်သော နောက်ဆုံးသုတေသန တွေ့ရှိချက် အသစ်

🚨အသည်းရောင်ခြင်း (သို့) အသည်းအင်ဇိုင်းများတက်နေခြင်းအသည်းရဲ့ ဆဲလ်တွေထဲမှာ အသည်း အင်ဇိုင်း (𝐋𝐢𝐯𝐞𝐫 𝐄𝐧𝐳𝐲𝐦𝐞𝐬) တွေ ရှိပါတယ်။ ...
29/08/2025

🚨အသည်းရောင်ခြင်း (သို့) အသည်းအင်ဇိုင်းများတက်နေခြင်း

အသည်းရဲ့ ဆဲလ်တွေထဲမှာ အသည်း အင်ဇိုင်း (𝐋𝐢𝐯𝐞𝐫 𝐄𝐧𝐳𝐲𝐦𝐞𝐬) တွေ ရှိပါတယ်။ အဲ့ဒီ အင်ဇိုင်းတွေသည် ပုံမှန်အားဖြင့် သွေးထဲမှာ ရှိသင့်ရှိထိုက်တဲ့ ပမာဏပဲ ရှိနေရပါမယ်။ ပုံမှန်ထက်များတဲ့ အသည်းအင်ဇိုင်း ပမာဏကို သွေးထဲမှာ စစ်ဆေးတွေ့ရှိပါက “အသည်းဆဲလ်များ ထိခိုက်နေခြင်း” ကို ပြတဲ့ အခြေအနေဖြစ်ပြီး ဒါကိုပဲ “အသည်းရောင်ရမ်းခြင်း” လို့ သတ်မှတ်နိုင်ပါတယ်။ ဆိုလိုတာက အသည်းကို အကြောင်းတခုခုကြောင့် ထိခိုက်မှုရှိလာတဲ့အခါ အသည်းဆဲလ်ထဲက အင်ဇိုင်းတွေ သွေးထဲရောက်လာတဲ့ သဘောဖြစ်ပါတယ်။ ဒါကို သွေးဖောက်စစ်ဆေးမှသာ သိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါလက္ခဏာမပြတဲ့အတွက်ပါ။

သက်ဆိုင်ရာ ဆရာဝန်များက ညွှန်ကြားပြီး စစ်ဆေးလေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့
🔹အေအက်စ်တီ (𝐀𝐬𝐩𝐚𝐫𝐭𝐚𝐭𝐞 𝐓𝐫𝐚𝐧𝐬𝐚𝐦𝐢𝐧𝐚𝐬𝐞 - 𝐀𝐒𝐓)၊
🔹အေအယ်လ်တီ (𝐀𝐥𝐚𝐧𝐢𝐧𝐞 𝐓𝐫𝐚𝐧𝐬𝐚𝐦𝐢𝐧𝐚𝐬𝐞 - 𝐀𝐋𝐓)၊
🔹ဂျီဂျီတီ (𝐆𝐚𝐦𝐦𝐚-𝐆𝐥𝐮𝐭𝐚𝐦𝐲𝐥𝐭𝐫𝐚𝐧𝐬𝐟𝐞𝐫𝐚𝐬𝐞 - 𝐆𝐆𝐓) နဲ့
🔹အေအယ်လ်ပီ (𝐀𝐥𝐤𝐚𝐥𝐢𝐧𝐞 𝐩𝐡𝐨𝐬𝐩𝐡𝐚𝐭𝐚𝐬𝐞 - 𝐀𝐋𝐏) တို့ဖြစ်ပါတယ်။ လူနာတွေ တော်တော်များများလည်း အဖြေစာရွက်တွေမှာ တွေ့နေကျ ဖြစ်ပါလိမ့်မယ်။

“အသည်းတွေရောင်နေတာပဲ” ဆိုတာက အသည်းအင်ဇိုင်း အဖြေကို ဖတ်ကြည့်ရုံနဲ့ ပုံမှန်ထက်ပိုများနေရင် ဘယ်သူမဆို အဲ့လို ပြောနိုင်ပါတယ်။

🚨 အရေးကြီးပြီး လူနာတွေသိထားသင့်တာက “အသည်းရောင်ရမ်းခြင်း” ဆိုတာ “𝐒𝐢𝐠𝐧” လို့ခေါ်တဲ့ “စစ်ဆေးသိရှိနိုင်တဲ့ ရောဂါလက္ခဏာ” တခုသာ ဖြစ်ပါတယ်။ “𝐃𝐢𝐬𝐞𝐚𝐬𝐞” “ရောဂါအမည်” မဟုတ်ပါဘူး။ ဒါကြောင့် ဘာလို့ အခုလို အသည်းရောင်နေရလဲဆိုတဲ့ အကြောင်းအရင်းကို သိဖို့ လိုပါတယ်။ ဒါမှသာ သက်ဆိုင်ရာ အကြောင်းအရင်းကို ကုမှ ရောဂါသက်သာမှာဖြစ်ပါတယ်။

🔸အသည်းအင်ဇိုင်းတွေက အန္တရာယ်ရှိလောက်အောင် များနေတာလား? အသည်းရောင်တယ်ဆိုရုံပဲလား? ဆိုတဲ့ ရောင်ရမ်းမှု အနည်းအများ ကို ကြည့်ပြီး ကုသမှုက ဆက်ရပါတယ်။
🔸တက်နေတဲ့ အင်ဇိုင်းတွေကို ကြည့်ပြီး ဘာရောဂါကြောင့်တော့ ဖြစ်နိုင်တယ်ဆိုတာကို ခန့်မှန်းပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လုပ်ရပါမယ်။
🔸အသည်းအင်ဇိုင်းတွေတက်နေပြီဆိုပြီး “အသည်းအားဆေး” တွေ သောက်ရုံနဲ့ ပြန်မကောင်းနိုင်ပါဘူး။ အသည်းကို ရောင်ရမ်းစေတဲ့ အကြောင်းအရင်းမှန်ကို သိမှ ကုသမှုက ထိရောက်ပါတယ်။

ကျွန်တော်ပြောဖူးပါတယ် >>> “အသည်းရောင်ခြင်းသည် “အသည်းအားဆေးချို့တဲ့နေခြင်း” ❌❌❌ မဟုတ်ပါဘူး။

ဒါ့ကြောင့် အသည်းအင်ဇိုင်းတွေတက်နေတာနဲ့ အသည်း အားဆေးတွေ သောက်နေခြင်းက မှန်ကန်တဲ့ ကုသမှုမဟုတ်ကြောင်း သိထားသင့်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေက အသည်းကိုရောင်စေသလဲ?
1️⃣ မြန်မာနိုင်ငံမှာနာမည်ကြီးတာက အသည်းရောင်အသားဝါ ပိုးတွေပေါ့။ ဘီပိုး၊ စီပိုး တို့လို နာတာရှည် အသည်းရောင်အသားဝါ ပိုးတွေ ကြောင့်လည်း အသည်းရောင်နိုင်သလို အသည်းရောင်အသားဝါ အေပိုး၊ အီပိုး နဲ့ အခြားသော ဗိုင်းရပ်စ်တွေကြောင့်လည်း အသည်းကရောင်နိုင်ပါတယ်။
ဥပမာ - သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ Dengue Virus ဆိုရင်လည်း အသည်းအင်ဇိုင်းတွေ တက်စေပါတယ်။
2️⃣ အရက်ကို အလွန်အကျွံသောက်ခြင်းက အသည်းကို ရောင်စေပြီး မကုသဘဲ ဆက်ပြီးသောက်နေရင် အသည်းခြောက်တဲ့ အဆင့်အထိရောက်နိုင်ပါတယ်။
3️⃣ အသည်းတွင်း အဆီတွေဝင်ရောက်ရုံမကဘဲ အသည်းဆဲလ်များအတွင်း အဆီဝင်ရောက်ခြင်း (𝐌𝐀𝐒𝐇 - 𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐜 𝐃𝐲𝐬𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧-𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐞𝐝 𝐒𝐭𝐞𝐚𝐭𝐨𝐡𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬) မှာလည်း အသည်းအင်ဇိုင်းတွေ တက်ပါတယ်။
4️⃣ နောက်ထပ်အကြောင်းအရာတခုကတော့ “ဆေး” တွေကြောင့် ဖြစ်ပါတယ်။ အချို့သော ဆေးတွေသည် အသည်းကိုထိခိုက်စေနိုင်တာမို့ အသည်းအင်ဇိုင်းတွေ ပုံမှန်ထက်များတတ်ပါတယ်။ နာမည်ကြီးတာကတော့ တီဘီဆေးတွေ နဲ့ ကင်ဆာဆေးတွေ ဖြစ်ပါတယ်။ သိပ္ပံနည်းကျအာမခံချက် မရှိတဲ့ မြန်မာဆေး/တိုင်းရင်းဆေးတွေ … ဟိုအရွက်ပြုတ်/ ဒီအရွက်ပြုတ်ဆိုတဲ့ ဘာမှန်းမသိတဲ့ သိပ္ပံနည်းကျမဟုတ်သော ဆေးမြီးတိုတွေကလည်း အသည်းကို ရောင်ရမ်းစေနိုင်ပါတယ်။
5️⃣ သည်းခြေလမ်းကြောင်းမှာ ရောဂါတခုခု ဖြစ်ခြင်းသည်လည်း အသည်းအင်ဇိုင်းတက်နေနိုင်တဲ့ နောက်ထပ် အချက်တခုဖြစ်ပါတယ်။
ဥပမာ - သည်းခြေကျောက်များ သည်းခြေလမ်းကြောင်းထဲ ရောက်လာပြီး သည်းခြေလမ်းကြောင်းရောင်ရမ်းခြင်း ဖြစ်စေပါတယ်။
6️⃣ ကိုယ်ခံအားမူမမှန်ခြင်းကြောင့် ဖြစ်တဲ့ “အော်တိုအင်မြူး” အသည်းရောင်ခြင်း (𝐀𝐮𝐭𝐨-𝐢𝐦𝐦𝐮𝐧𝐞 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬) မှာလည်း အသည်းအင်ဇိုင်းတွေ တက်နိုင်ပါတယ်။

တခါတလေမှာ အပေါ်က ပြောခဲ့တဲ့ အကြောင်းအရင်းတွေ တခုမှမဟုတ်တဲ့ အခြားသော ရှားပါး အကြောင်းအရင်းတွေကြောင့် အသည်းအင်ဇိုင်းတက်တာတွေရှိပါတယ်။ အဲ့လိုမျိုးအနေအထားမှာ အသည်းအင်ဇိုင်းအဖြေတွေ အပြင် အခြားသော ဆက်စပ်တဲ့ သွေးဖောက်စစ်ဆေးခြင်း၊ အာတရာဆောင်း စတဲ့ ပုံရိပ်ဖော် စစ်ဆေးခြင်းတွေပါ လုပ်ဖို့ လိုအပ်လာနိုင်ပါတယ်။ မိမိပြသနေသော ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အချို့လူနာတွေမှာကျတော့လည်း အသည်းအင်ဇိုင်းတက်နေတာကို သိတော့မှ ရောဂါကိုရှာတဲ့အခါ ဘီပိုး၊ စီပိုး လို နာတာရှည် ရောဂါပိုး ရှိနေမှန်းသိရပြီး အဲ့တော့မှ ကုသမှုစရတာတွေလည်း ရှိပါတယ်။

🚨အသည်းအင်ဇိုင်းစစ်ဆေးမှုက ညွှန်ကြားတဲ့ သက်ဆိုင်ရာ ဆရာဝန် နဲ့ အများကြီးဆိုင်ပါတယ်။ ဘယ်လိုရည်ရွယ်လို့ စစ်ခိုင်းလည်းဆိုတာ ညွှန်ကြားတဲ့ ဆရာဝန်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။
ကုသမှုတခုခုကို စတင်ဖို့ သိချင်လို့ စစ်ဆေးတာလား?
ကုသမှုတခုခုရဲ့ တုံ့ပြန်မှုကို သိဖို့ စစ်ဆေးတာလား?
ကုနေဆဲရောဂါ အတွက် တိုးတက်မှုရှိ/မရှိ သိချင်တာလား? စသဖြင့် ရည်ရွယ်ချက်တွေ အများကြီး ရှိတာမို့ သက်ဆိုင်ရာ ဆရာဝန် နဲ့ သေချာတိုင်ပင်ဆွေးနွေးကြဖို့ကလည်း အဓိက ဖြစ်ပြန်ပါတယ်။ အသည်းရောင်ရမ်းခြင်းဆိုတာ ပြောရတာ လွယ်ပေမယ့် ရောဂါရဲ့ဇစ်မြစ်ကို သိဖို့က စုံထောက်တယောက်လို စစ်ဆေး အဖြေရှာရတဲ့ သဘောဖြစ်ပါတယ်။

ဒါကြောင့် အသည်းအင်ဇိုင်းတွေ ပုံမှန်ထက်များနေပြီ ဆိုရင် အသည်းဆရာဝန် နဲ့ တိုင်ပင်ပြီး ကုသသင့်ပါကြောင်း နှင့် သေချာကုသမှုမခံယူပါက အသည်းခြောက်ခြင်း/ အသည်းကင်ဆာ အဆင့်တွေ အထိ ဖြစ်နိုင်ကြောင်း ဗဟုသုတအဖြစ် မျှဝေပေးလိုက်ရပါတယ်။

မှန်ကန်သော ကျန်းမာရေးအသိဖြင့် မိမိရဲ့ အသည်းကို စောင့်ရှောက်နိုင်ကြပါစေ။

ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK), MBA
M.Sc. Clinical Sciences (Hepatology)
Fellowship in Hepatology (Bangkok, Thailand)
International Fellow in Transplant Hepatology (Asan Medical Center, Seoul, South Korea) (APASL Early Career Fellow)
Member of American College of Gastroenterology (ACG)
APAGE/JGH Clinician Scientist Fellow

❗️❗️❗️ ကျွန်တော်ရေးပေးနေသော ဆေးပညာဆောင်းပါးများသည် ဖတ်ရှုသူများ ဗဟုသုတရစေရန် အဓိကရည်ရွယ်ပါသည်။ လူနာတဦးချင်းစီ၏ သွေးအဖြေများ၊ စစ်ဆေးချက်များ၊ သိလိုသည်များကို Page ၏ Messenger (သို့) Post ရဲ့ Comments များမှတဆင့် ဖြေကြားပေးခြင်း မရှိပါ။ ❗️❗️❗️

*** ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။
မည်သည့် Account၊ မည်သည့် Page ကမှတဆင့် ကျွန်တော့ဆောင်းပါးများကို Copy and Paste လုပ်ပြီး ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

မှတ်ချက် - အသည်းရောဂါများ နဲ့ ပတ်သက်ပြီး လူနာတဦးချင်းစီအနေဖြင့် Online မှတဆင့် “ဒေါက်တာစိုးသီဟမောင်” နှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက Teleconsultation (Messenger Video Call) ဖြင့် လူနာကြည့်ရှုဆွေးနွေးပေးလျက်ရှိပါတယ်။
Appointment ကို “ဒေါက်တာစိုးသီဟမောင် - အသည်းဆေးပညာ” Page ၏ Messenger (သို့မဟုတ်) 09770732636 (Viber) မှတဆင့် ဆက်သွယ်ကာ ရက်ချိန်းရယူနိုင်ပါတယ်။

Address

Online
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Soe Thiha Maung - အသည်းဆေးပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Soe Thiha Maung - အသည်းဆေးပညာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category