Health Care for You

Health Care for You အတွေ့အကြုံရှိ ဆရာဝန်ကြီးများ နှင့် ?

အားလုံး သတိရှိကြပါနော်။ပြည်သူအပေါင်း ကပ်ကြီး၃ပါမှလွတ်မြောက်ကြပါစေ။😢🙏🙏🙏ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ကရေတွေ အားလုံး 🚨 ...
13/09/2024

အားလုံး သတိရှိကြပါနော်။
ပြည်သူအပေါင်း ကပ်ကြီး၃ပါမှလွတ်မြောက်ကြပါစေ။
😢🙏🙏🙏

ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ကရေတွေ အားလုံး 🚨 ဧရာဝတီ 🚨ကို စုပါမယ်။

ပေါင်းလောင်း၊ဆင်သေ၊ငလိုက်
စစ်တောင်း၊နေပြည်တော်
တပ်ကုန်း က ရေတွေအားလုံး
🚨ပဲခူး🚨ကို ရောက်ပါမယ်။

ရှမ်းပြည် က ရေတွေအားလုံး
🚨မော်လမြိုင်🚨ကို ဆင်းပါမယ်။

အောက်ပြည်အောက်ရွာက မိတ်ဆွေများ
{ပြင်ဆင်ချိန် ၂ ရက်ခန့်} ရပါမယ်။

လုပ်စရာရှိတာ အခုလုပ်ကြပါ...
ကူကယ်ရာ မရနိုင်တဲ့ အခြေအနေမို့
ဝရိယ စိုက်ကြပါ...
အားလုံးဘေးကင်းကြပါစေ...
အားလုံး သတိရှိကြပါ...

🚨မြန်မာပြည် အထက်ပိုင်း နဲ့
အလယ်ပိုင်း က ရေတွေအားလုံး
နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
မြန်မာပြည်အောက်ပိုင်းကို ရောက်လာမှာပါ🚨

မိုးရွာလို့ ရေဝင်ဖူးတဲ့နေရာတွေ
အိမ်တွေ၊ခြံတွေ ပစ္စည်းကြိုရွေ့ထားပါ။
အပျက်အစီးကို ကြိုတွေးပြီး
ပြင်ဆင်ထားကြပါ။

ရေကြီးနေတုန်း မိုးထပ်မရွာဖို့
ဆုတောင်းပါ။
မိုးထပ်ရွာရင် ရေဆင်းဖို့
အချိန်ပေးရတဲ့အခါ
ဒုက္ခတွေ ပိုကြာပါလိမ့်မယ်။

နောက်(၃)ရက် ကနေ (၅)ရက်အတွင်း
🚨 #ရန်ကုန် #ဧရာဝတီ သတိရှိပါ🚨

Crd

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ အဖြစ် ကြေညာလိုက်သည့် မျောက်ကျောက်ရောဂါ =================================မျောက်ကျောက်က ...
20/08/2024

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ အဖြစ် ကြေညာလိုက်သည့်
မျောက်ကျောက်ရောဂါ
=================================

မျောက်ကျောက်က အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ပြင်းထန်တဲ့စိုးရိမ်စရာတစ်ခုဖြစ်နေပါပြီ။ တခြားနိုင်ငံတွေအထိ ကူးစက်ပြန့်ပွားမှုတွေ တွေ့နေရတာကြောင့်ပါ။

ကိုဗစ်ရောဂါဟာ ကမ္ဘာတစ်ဝန်းကိုပျံ့နှံ့ပြီးနောက် (၂) နှစ်အတွင်းမှာ မျောက်ကျောက်ရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်မျိုးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်ရောဂါကို အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ် မှတ်ယူဖို့ ကြေညာလိုက်ပြီး အာရှတိုက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်စသည့် လူထူထပ်သောနယ်မြေတစ်ချို့မှာ ပျံ့နှံ့နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက်စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ခြင်း ခံရသည့် နိုင်ငံများမှာ
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ - ၁၇၅၄
အမေရိကန်ပြည်ထောင်စု - ၁၃၃၉
တရုတ် - ၃၃၃
စပိန် - ၃၃၂
ထိုင်း - ၁၂၀
ဩစတေးလျ - ၁၀၈
ဘရာဇီး - ၁၀၆
ကိုလမ်ဘီယာ - ၁၀၁
ပြင်သစ် - ၁၀၁
ကနေဒါ - ၈၃
ဗီယက်နမ် - ၈၁
အင်္ဂလန် - ၇၇
ပီရူး - ၆၃
အီတလီ - ၆၀
ဂျာမနီ - ၅၇
မက္ကဆီကို - ၄၅
နိုင်ဂျီးရီးယား - ၃၄
ဆွီဒင် - ၃၂
ပေါ်တူဂီ - ၃၁
အာဖရိကအလယ်ပိုင်း - ၂၁
ကွန်ဂို - ၁၉
နယ်သာလန် - ၁၇
ဆွစ်ဇာလန် - ၁၆
တောင်အာဖရိက - ၁၆
ဂျပန် - ၁၅
အင်ဒိုနီးရှား - ၁၅
အာဂျင်တီးနား - ၁၃
ကမ္ဘောဒီးယား - ၁၂
Czech- ၁၁
ဂရိ - ၁၀
ဘယ်လ်ဂျီယမ် - ၁၀
ဩစတြီးယား- ၁၀
ပိုလန်- ၆
လီဘာရီယား - ၅
ကာမယ်ရွန် - ၅
အိုင်ယာလန် - ၅
ကိုရီးယား - ၄
ဟမ်ဂေရီ - ၃
ရုရှား - ၂
နော်ဝေ- ၂
Slovak - ၂
ဘူဂါရီယာ - ၁
ခရိုအေးရှား - ၁
ဖိလစ်ပိုင် - ၁
မျောက်ကျောက်‌ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှလည်း နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

.indiatimes.com,independent.co.uk,cdc

Crd

FYI😍🥰😍🥰ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့1. Masala=မဆလာ2. Pepper=ငရုပ်ကောင်း3. Bay leaves=ကရဝေးရွက်4. Curry leaves=ပ...
12/08/2024

FYI😍🥰😍🥰

ဟင်းခတ်အမွှေးအကြိုင်အခေါ်အဝေါ်တစ်ချို့

1. Masala=မဆလာ
2. Pepper=ငရုပ်ကောင်း
3. Bay leaves=ကရဝေးရွက်
4. Curry leaves=ပျင်းတော်သိမ်ရွက်
5. Cumin=ဇီရာ
6. Cinnamon stick=သစ်ကြပိုးခေါက်
7. Cloves=လေးညှင်းပွင့်
8. Star anise=နာနတ်ပွင့်
9. Fennel seeds=စမုန်စပါး
10. Cardamom=ဖာလာ
11.Salt=ဆား
12. Fish sauce=ငံပြာရည်
13. Soy sauce=ပဲငံပြာရည်
14. Oyster sauce=ခရုဆီ
15. Monosodium Glutamate(MSG)=အချိုမှုန့်
16. Vinegar=ရှာလကာရည်
17. Dried shrimp powder=ပုစွန်ခြောက်မှုန့်
18. Fish paste=ငါးပိ
19. Shrimp paste=မျှင်ငါးပိ
20. Oil=ဆီ
21. Vegetable oil=ဟင်းသီးဟင်းရွက်ဆီ
22. Corn oil=ပြောင်းဖူးဆီ
23. Olive oil=သံလွင်ဆီ
24. Spice =ဟင်းခတ်အမွှေးအကြိုင်
25. Turmeric powder =နနွင်းမှုန့်
26. Paprika=အရောင်တင်မှုန့်
27. Chili powder=ငရုပ်သီးမှုန့်
28. Crushed chili powder=ငရုပ်သီးအကြမ်းမှုန့်

ပြန်လည်ဝေမျှသည်
crd to original uploader

 #သန်ချဆေးကိုဘယ်လိုသောက်ရမလည်း?၁.Albendazole 400 mg or Mebendazole 500 ကိုသန်လုံးကောင်(Ascariasis)၊တုပ်ကောင်(Pin worm)အတ...
25/05/2024

#သန်ချဆေးကိုဘယ်လိုသောက်ရမလည်း?
၁.Albendazole 400 mg or Mebendazole 500 ကို
သန်လုံးကောင်(Ascariasis)၊တုပ်ကောင်(Pin worm)အတွက်(၁)ရက်သောက်ပါ။
၂.ချိတ်သန်ကောင်(Hook worm)အတွက်(၃)ရက်ဆက်တိုက်သောက်ပါ။
၃.ကြာပွတ်သန်ကောင်(Whip worm)အတွက်(၇)ရက်ဆက်တိုက်သောက်ပါ။
၄.တုပ်ကောင်အတွက်(၂)ပါတ်ပြည့်ရင်တစ်လုံးထပ်သောက်ပါ။
၅.အသက်(၂)နှစ်နှင့်အထက်မှစပြီးသောက်နိုင်ပါတယ်။
၆.(၆)လ(သို့)(၁)နှစ်တစ်ကြိမ်ပုံမှန်သောက်နိုင်ပါတယ်။သန်ကောင်အဖြစ်များတဲ့နိုင်ငံမှာနေတဲ့သူတိုင်းသောက်သင့်ပါတယ်။
၇.အစာနဲ့နီးနီးဝေးဝေးသောက်လို့ရပါတယ်။
၈.ဝမ်းမချုပ်ရင်ဝမ်းနှုတ်ဆေးသောက်ဖို့မလိုပါ။
၉.မနက်၊နေ့လည်၊ညနေ၊ည-အဆင်ပြေသလိုသောက်ပါ။
Prof Thein Myint-GI
25.5.2024

crd Sayargyi

သားဥအိမ် အကြောင်း သိကောင်းစရာ------------------------------------------------✨✨✨✨✨* သားဥအိမ်မှာ မိခင်ဗိုက်ထဲမှာရှိစဉ်အခါ...
08/04/2024

သားဥအိမ် အကြောင်း သိကောင်းစရာ
------------------------------------------------
✨✨✨✨✨
* သားဥအိမ်မှာ မိခင်ဗိုက်ထဲမှာရှိစဉ်အခါသန္ဓေသားဘဝမှာကတည်းက သားဥအရေအတွက် သန်းနဲ့ချီပြီးပါရှိပါတယ်။

* ထိုမှတဆင့် တဖြည်းဖြည်းလျော့နည်းသွားပြီး ပျိုဖော်ဝင်စမှာတော့ ၂သိန်းခွဲကနေ ၄သိန်းအထိ ကျန်ရှိပါတယ်။

* သွေးဆုံးနိုင်တဲ့ အသက်အရွယ်မှာကတော့ သားဥအရေအတွက်ဟာမကျန်သလောက် နည်းပါးသွားတတ်ကြပါတယ်။

* ပျိုဖော်ဝင်စမှာရှိနေတဲ့ သားဥရေ ၂သိန်းခွဲကနေ ၄သိန်း
ထဲက ဥအလုံးရေ ၄၀၀ဝန်းကျင်ကိုသာ အမျိုးသမီးတို့ရဲ့ ရာသီလာချိန် ဘဝသက်တမ်း တလျှောက်လုံးရဲ့သားဥကြွေချိန်‌မှာ အသုံးပြုကြပါတယ်။

* ရာသီလာခါနီးမှာ သားဥအလုံးရေ ၅လုံးမှ အလုံး ၂၀ အထိသာကြီးလာတတ်ကြပြီး ထိုထဲမှ တစ်လုံးသာစံချိန်ပြည့်မှီတဲ့အရွယ်အစားအထိသို့ ရောက်လာတတ်ကြပါတယ် ။ ကျန်တဲ့ ၄လုံးမှ ၁၉လုံးကတော့ ပျက်စီးသွားပါတယ်။
* သားဥတစ်လုံးရဲ့အရွယ်အစားကတော့
120 micrometres ရှိပါတယ်။

📢📢📢📢📢
နောက် ပို့စ်တွေမှာ
တစ်ခုခြင်းစီအကြောင်းကို
ပြောပြ ဆွေးနွေး အသိပညာလေးတွေပေးသွားမှာမို့
ကျမတို့ ရဲ့ Health Care for You page လေးကို Like and Follow လုပ်ထားဖို့မမေ့ကြပါနဲ့နော်။
👍👍👍👍👍

💌💌💌💌💌
အသိပညာလေးတွေကို
ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုများဆီကို
မျှဝေပေးချင်တယ်ဆိုရင်တော့
ပို့စ်လေး‌တွေကို
လွတ်လပ်စွာ sharingလုပ်လို့ရပါတယ်ရှင့်။

🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀

ကျန်းမာပျော်ရွှင်လှပတဲ့ဘ၀များပိုင်ဆိုင်ကြပါစေ။

B.E.A.T the heat for children ကလေးလေးတို့ အပူဒဏ်ကို တွန်းလှန်နိုင်ဖို့“အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက...
08/04/2024

B.E.A.T the heat for children
ကလေးလေးတို့ အပူဒဏ်ကို တွန်းလှန်နိုင်ဖို့

“အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည်။”
သတင်းလေး အမှတ်တမဲ့ဖတ်မိလိုက်တော့ အရင်စိတ်ပူသွားမိတာ အိမ်ကလူကြီးတွေနဲ့ သားသားအတွက်ပါ
ဖေဖေမေမေတို့လဲ လွန်ကဲတဲ့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာမဲ့ အခြေအနေတွေသိရှိပြီး သားသားမီးမီးတို့အတွက် စိုးရိမ်မှုတွေ လျော့ကျဖို့ Beat the heat ဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်ပါတယ်

အပူချိန်တွေ ပုံမှန်ထက်လွန်ကဲပြီး ၃-၄ ရက်ဆက်တိုက် အပူလှိုင်းတွေ ခံစားကြရတဲ့အခါ လူတိုင်း အပူချိန်ပြင်းလွန်းတဲ့ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို ခံစားကြရပါတယ်

⭐️ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတဲ့ အုပ်စုလေးတွေ ရှိပါတယ်
၁)ကလေးငယ်လေးတွေ
၂)ကိုယ်ဝန်သည်နဲ့ နို့တိုက်မိခင်တွေ
၃)သွေးတိုး၊ ဆီးချိုနှင့် တခြား နာတာရှည်ရောဂါ ခံစားနေရတဲ့သူတွေ
၄)အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေ

❓ဘာလို့ ကလေးငယ်လေးတွေက ပိုပြီး ရောဂါလက္ခဏာတွေ ခံစားကြရတာလဲ
- အပူအအေးထိန်းညှိတဲ့ အဖွဲ့အစည်းက ကောင်းကောင်းမဖွံ့ဖြိုးသေးတော့ ကိုယ်အပူချိန်က လူကြီးတွေထက်ကို ပူနေတတ်လို့ပါ
- အရမ်းပူတဲ့အခါ ကလေးတွေက ချွေးမထွက်နိုင်ပဲ ခန္ဓာကိုယ်အပူချိန်မြင့်လာပြီး အပြင်အပူချိန်နဲ့အတူ ပူလာကာ ရေဓာတ်ဆုံးရှုံးမှု ပိုများလို့ပါ
- ကလေးလေးတွေက ခံစားရတာတွေ ပြောမပြတတ်တာကြောင့် အစောပိုင်း လက္ခဏာတွေ လွတ်သွားပြီး ဆိုးဝါးတဲ့ အဆင့်ရောက်မှသာ သိနိုင်လို့ပါ

B E A T (ဘီအီးအေတီ ဘိ) လို့ အလွယ်မှတ်ပြီး ကလေးလေးတွေ အပူဒဏ် တွန်းလှန်နိုင်ဖို့ ကူညီ လိုက်ကြရအောင်

1.B - Be aware of the dangers of heat and Be prepared (ပြင်ဆင်ပါ)

➡️မိုးလေဝသ သတင်းဌာနကနေ အပူချိန်နဲ့ ပတ်သက်ပြီး ညွှန်ကြားတာတွေကို အမြဲနားစွင့်နေပါ

➡️မဖြစ်မနေ ကလေးကို အပြင်ခေါ်ရဖို့ ရှိတဲ့အခါ အပူချိန်လျော့တဲ့ အချိန် ရွေးသွားပါ (မနက် ၁၀ နာရီ နဲ့ ညနေ ၄ နာရီအတွင်း အပူချိန်အမြင့်ဆုံးမို့ အပြင်ထွက်ဖို့ ရှောင်သင့်ပါတယ်) အပြင်ထွက်ရတဲ့အခါ

(၁) ကလေးကို ကားထဲမှာ လုံးဝမထားခဲ့ပါနဲ့
(၂) ကလေးရဲ့ ခေါင်း နားရွက်နဲ့ လည်ပင်းလေးတွေထိဖုံးနိုင်တဲ့ ဦးထုပ်လေးကို ရွေးချယ်ပါ
(၃) အရိပ်ရတဲ့ နေရာတွေကို ရွေးသွားပါ
(၄) နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ နေရာလေးတွေကို အနည်းဆုံး SPF 30+ ပါတဲ့ sunscreen လေး လိမ်းပေးပါ (အပြင်မထွက်ခင် နာရီဝက်အလိုနဲ့ နှစ်နာရီကြားတစ်ခါ လိမ်းပေးသင့်ပါတယ် အသက် ၆ လအောက်ကလေးတွေကိုတော့ sunscreen ပါးပါးလိမ်းပေးပါ သူတို့လေးတွေရဲ့ အရေပြားက sunscreen အများကြီးကို စုပ်လို့ပါ)
(၅) ကလေးအတွက် ထုတ်ထားတဲ့ UV ကာကွယ်တဲ့ မျက်မှန်လေးတွေ တပ်ပေးပါ
(၆) emergency kit လေး ယူသွားပါ

➡️Emergency kit လို့ခေါ်တဲ့ ဆေးဗုံးလေးတွေ ပြင်ထားပါ (ဓာတ်ဆားထုတ်လေးတွေ၊ သာမိုမီတာ၊ ရေဘူးနဲ့ သဘက် အသန့်လေးတွေ၊ ဘက်ထရီပန်ကာလေးတွေ ပါပါစေ)

➡️ မှတ်စုစာအုပ်သေးသေးလေးထဲမှာ ဆေးရုံဆေးခန်းသွားရမဲ့ လက္ခဏာလေးတွေ ရေးမှတ်ထားပါ၊ အနီးဆုံး ဆေးရုံ၊ ဆေးခန်း၊ လူနာတင်ယာဉ် တွေရဲ့ ဖုံးနံပါတ်တွေ ရေးမှတ်ထားပါ (mobile phone ထဲမှာ notes လုပ်ထားပါ)

➡️ ကလေးရဲ့ ပတ်ဝန်းကျင်ကို အပူလျော့အောင် ပြုလုပ်ပေးပါ (ကလေးကို မကြာခဏ အပူရှိမရှိစမ်းပေးပါ)

(၁) အင်္ကျီ - မိတ်ထွက်သက်သာစေဖို့နဲ့ ချွေးစုပ်စေဖို့ ချည်အင်္ကျီလေးတွေ ဝတ်ပေးပါ
(၂) အိပ်ယာ - မွှေ့ရာ အထူနဲ့ ခေါင်းအုံးတွေ မသုံးပါနဲ့ ၊ ကလေးတွန်းလှည်းတွေထဲမှာ လုံးဝ မသိပ်ပါနဲ့၊ ပုခက်ထဲမှာ သိပ်တဲ့အခါ လေဝင်လေထွက်ကောင်းပါစေ
(၃) ပန်ကာ - ကလေးအတွက် ပန်ကာ အသုံးပြုသည့်အခါ ပန်ကာကို ဘေးဘယ်ညာ လည်ပါစေ ကလေးအပေါ်သို့ တိုက်ရိုက် အချိန်ကြာကြာ ပန်ကာလေ မထိမိပါစေနှင့်
(၄) Aircon - Aircon အသုံးပြုပါက အနိမ့်ဆုံး 24-26’C သာ ထားပါ
(၅) လျှပ်စစ်မီး မရနိုင်ပါက - ကလေးပေါ်တွင် အဝတ်ရေစွတ် သေချာညှစ်ပြီး တင်ထားပေးပါ
ရေစိုနေသော အဝတ်များကို ကလေးရဲ့ ပုခက်ဘေးမှာ ထားပေးပါ
ကလေးရဲ့ အပူချိန်ကို အေးစက်မသွားစေရန် အမြဲစစ်ဆေးပေးပါ
(၆) အိမ် - ညဘက် အေးတဲ့အချိန် အခန်းတံခါးတွေ ဖွင့်ပေးထားပါ၊ ပူတဲ့နေ့ဘက်တွေမှာ လိုက်ကာတွေ အသုံးပြုပြီး နေရောင် ကာပေးပါ

➡️ မကြာခဏ ရေဓာတ် ဖြည့်ပေးပါ
(၁) ၆ လအောက်ကလေးတွေကို အမေနို့ခဏခဏ တိုက်ပေးပါ၊ ရေလုံးဝတိုက်စရာမလိုပဲ မေမေက ရေပိုသောက်ပေးပါ၊ နို့မှုန့်တိုက်ရင် ပုံမှန်ဖျော်နေကြအတိုင်းဖျော်ပြီး အရင်ထက် အကြိမ်များများ တိုက်ပေးပါ
(၂) ၆ လနှင့်အထက်ကလေးတွေကို ဖြည့်စွက်စာနဲ့အတူတူ ရေ ခဏခဏတိုက်ပေးပါ၊ ၁ နှစ်အောက်ကလေးများအတွက် အရည်ကို မေမေနို့က အဓိက ရနေတုန်းပါ
(၃) အသက် ၁ နှစ်နဲ့ အထက် ကလေးတွေအတွက် အရည်ကို မေမေနို့၊ နွားနို့၊ ရေကနေရပါတယ် အသီးဖျော်ရည်တွေ juice တွေကို အစာစားတဲ့အချိန်ပဲ နည်းနည်းသောက်ပါစေ

2.E- Easily identify the symptoms (သိပါ)

(၁) အိမ်မှာ ပြုစုလို့ ရနိုင်တဲ့ လက္ခဏာတွေ
- ကလေးက ဂျီပြီး ငိုမယ်
- မိတ်ဖုလေးတွေနဲ့အတူ diaper လောင်တာလေးတွေ ရှိမယ်
- နှုတ်ခမ်းခြောက်၊ ရေဆာ၊ ချွေးထွက်မယ်
- မူး၊ ခေါင်းကိုက်၊ ပျို့မယ်
- နှာခေါင်းသွေးလျှံမယ်
- အရမ်းဆော့ပြီး ကြွက်တတ်သလို ဖြစ်မယ်
- အဖျား ၁၀၀ အောက်ဖြစ်မယ်

(၂) နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်သွားသင့်တဲ့ ပြင်းထန်သော လက္ခဏာများ
- ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ရှိမယ် (ငိုရင် မျက်ရည်မထွက်၊ မျက်တွင်းချိုင့်၊ ငယ်ထိပ်ချိုင့်၊ အန်၊ ဝမ်းသွား၊ အရမ်းအီပြီး နို့မဝင်၊ အရည်မဝင်၊ ရှူးရှူးအရောင်ရင့်ပြီး ၈ နာရီအတွင်း တစ်ခါမှမပေါက်)
- ကြွက်သားတွေ အရမ်းတောင့်တင်းအောင်တက်ပြီး နာမယ်
- မှိန်းပြီး မူးလဲတာမျိုးဖြစ်မယ်
- အသက်ရှူမြန်၊ နှလုံးခုန်မြန်ပြီး ချွေးလုံးဝမထွက်ပဲ ဖြစ်မယ်
- အဖျား ၁၀၀ နဲ့အထက်မှာ ၂ နာရီထက်ကျော်ပြီး ရှိနေမယ်

3.A - Act immediately (ချက်ချင်း ပြုစုကုသပေးပါ)

လက္ခဏာတွေကို သတိထားမိတာနဲ့ တပြိုင်နက် အိမ်မှာ ချက်ချင်းပြုစုပေးပါ

(၁) အေးတဲ့နေရာကို ခေါ်သွားပေးပါ (cool)
- လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာ ကလေးကို လှဲစေပါ
- လိုက်ကာတွေကို နေရောင်ခြည်တိုက်ရိုက်မကျအောင် ပိတ်လိုက်ပါ
- ပန်ကာ သို့မဟုတ် aircon ကို ဖွင့်လိုက်ပါ သို့မဟုတ် ယပ်တောင် ခပ်ပေးပါ

(၂) ကိုယ်အပူချိန်ကို ချပေးပါ (reduce temperature)
- အပေါ်က အဝတ်ပိုတွေကို ချွတ်လိုက်ပါ
- အဝတ် သို့မဟုတ် သဘက်ကို ရေစွတ်ပြီး ခေါင်း၊ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံလို နေရာတွေကို တင်ထားပေးပါ
- ၆ နှစ်နှင့်အထက် ကလေးများကို ရေဇလုံထဲ ရေဖြည့်ပြီး ရေစိမ်ပါ
🔴အသက် ၆ နှစ်အောက်ကလေးများကို ရေဇလုံထဲ ပေးမစိမ်ပါနဲ့
🔴အသက် ၁ နှစ်အောက် ကလေးများအတွက် မျက်နှာ အရှေ့တည့်တည့်ကနေ ယပ်ခပ်တာ ပန်ကာသုံးတာတွေ မလုပ်ပါနဲ့
🔴ဆရာဝန်ညွှန်ကြားချက်မပါပဲ အဖျားကျဆေး ပေးတာမျိုး မလုပ်ပါနဲ့

(၃) အပူကျသည်နှင့်တပြိုင်နက် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပါ (rehydrate)
- ၆ လအောက်ကလေးများအတွက် အမေနို့၊ formula
- ၆ လအထက် ကလေးများအတွက် အမေနို့၊ formula၊ ရေ
- ၁ နှစ်အထက် ကလေးများအတွက် အမေနို့၊ formula၊ ရေ၊ နွားနို့
🟢 ကလေးက ချွေးအရမ်းထွက်တယ် ကြွက်သားလေးတွေ တင်းနေတောင့်နေ ကြွက်တက်တာမျိုးတွေ ရှိနေတဲ့အခါ ဓာတ်ဆားရည် တိုက်ပေးပါ
- အသက် ၂ နှစ်အောက် ကလေးများအတွက် ၅၀-၁၀၀ ml
- အသက် ၂ နှစ်အထက် ကလေးများအတွက် ၁၀၀-၂၅၀ ml
- အသက် ၆ နှစ်နှင့်အထက် ကလေးများအတွက် ၅ မိနစ်တိုင်းအတွက် တစ်ခါတိုက် ၅၀ ml ကို သက်သာသည် အထိတိုက်ပေးပါ

4.T- take to health facility (ဆေးရုံ၊ ဆေးခန်း ခေါ်သွားပေးပါ)

🟢အိမ်တွင် ကုသပေးနိုင်သော လက္ခဏာများ ရှိပြီး ပြုစုကုသပေးသော်လည်း မသက်သာသောအခါ၊ ပိုပြင်းထန်သော လက္ခဏာများတွေ့ရသောအခါ ဆေးရုံဆေးခန်းသို့ ခေါ်သွားပါ
🚨ပြင်းထန်သော လက္ခဏာများ စတင်သတိထားမိသည့်အချိန်မှစ၍ ဆေးရုံဆေးခန်းသွားရန် ပြင်ဆင်နေချိန် ကလေးအား အရင် cool down action လုပ်ပေးပြီးမှ ဆေးရုံသွားရန်ပြုလုပ်ပါ (cool down first, transport second)

⭐️အရမ်းပူနေတဲ့ အချိန် နို့တိုက်မိခင်တွေ အနေနဲ့ ဒါလေးတွေ လိုက်နာပေးပါ
- မေမေနဲ့ ကလေးလေး ကိုယ်ခန္ဓာထိတွေ့မှု တတ်နိုင်သမျှ နည်းပါစေ
- အိပ်ရာပေါ်လှဲပြီးတိုက်တာက အကောင်းဆုံးနည်းပါ
- ချီပြီးတိုက်ရတဲ့အခါ အနှီးလေးကို ရေစွတ်ပြီး မေမေ့လက်တံတောက်ခွက်နေရာမှာ ထားပေးပါ
- မေမေ့အနေနဲ့ ရေခဏခဏ သောက်ပေးပါ (ရေသောက်ဖို့ရာ မမေ့လျော့စေဖို့ ရေဘူးတွေကို မေမေမြင်နိုင်တဲ့ နေရာတိုင်းမှာ ထားပေးပါ)

❓ကလေးလေး ပူမပူ သိဖို့ ဘယ်လိုစမ်းသပ်ရမလဲ
- မေမေ့ရဲ့ လက်ဖမိုးကို ကလေးရဲ့ ဗိုက်၊ ရင်ဘတ်နဲ့ ကျောကုန်းပေါ်တင်ပြီး စစ်ဆေးပါ
- ခြေထောက်နဲ့လက်တွေဟာ ခန္ဓာကိုယ်ရဲ့ အအေးဆုံးနေရာတွေ ဖြစ်တာကြောင့် ကလေးအပူချိန်သိစေရန် မသုံးသင့်ပါ
- ပူမပူ မသေချာရင် သာမိုမီတာ အသုံးပြုပါ
- ကလေးက အနည်းဆုံး ၆-၈ ကြိမ် ရှူးရှူးပေါက်သင့်ပါတယ်

ကဲ
Let’s B.E.A.T the heat for children
Crd

Photo-credit

🌟🌟🌟🌟🌟ဒီတစ်ခါမှာတော့ အမျိုးသမီးတစ်ဦးရဲ့ မျိုးပွားအင်္ဂါအတွင်းပိုင်းအကြောင်းကို အသိပညာဗဟုသုတတွေတိုးပွားဖို့မျှဝေလိုက်ပါတယ်...
15/03/2024

🌟🌟🌟🌟🌟
ဒီတစ်ခါမှာတော့ အမျိုးသမီးတစ်ဦးရဲ့ မျိုးပွားအင်္ဂါအတွင်းပိုင်းအကြောင်းကို အသိပညာဗဟုသုတတွေတိုးပွားဖို့မျှဝေလိုက်ပါတယ်ရှင့်။

💃💃💃
အမျိုးသမီးတစ်ဦးရဲ့ မျိုးပွားအင်္ဂါအတွင်းပိုင်းမှာ
၁) သားဥအိမ်
၂) သားဥပို့ပြွန်
၃) သားအိမ်
၄) သားအိမ်ခေါင်း
၅) မွေးလမ်းကြောင်း ဆိုပြီးတော့ အစိတ်အပိုင်း‌၅ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။

📢📢📢📢📢
နောက် ပို့စ်တွေမှာ
တစ်ခုခြင်းစီအကြောင်းကို
ပြောပြ ဆွေးနွေး အသိပညာလေးတွေပေးသွားမှာမို့
ကျမတို့ရဲ့page လေးကို likeနဲ့ follow လေးလုပ်ထားဖို့မမေ့​ကြနဲ့နော်။
👍👍👍👍👍

💌💌💌💌💌
အသိပညာလေးတွေကို
ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ မိသားစုများဆီကို မျှဝေပေးချင်တယ်ဆိုရင်တော့
ပို့စ်လေး‌တွေကို လွတ်လပ်စွာ sharingလုပ်လို့ရပါတယ်ရှင့်။

🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀🍀 🍀🍀

ကျန်းမာပျော်ရွှင်လှပတဲ့ဘ၀များပိုင်ဆိုင်ကြပါစေ။

သင့်ကျန်းမာရေးအတွက် မေးလိုရာမေး သင့်အတွက်အမြဲရှိနေမယ့်  " Health Care for You "
18/08/2023

သင့်ကျန်းမာရေးအတွက် မေးလိုရာမေး
သင့်အတွက်အမြဲရှိနေမယ့် " Health Care for You "

🙏🙏🙏🙏🙏
Health care for you မှ လူကြီးမင်းတို့ရဲ့

🌡💉💊🔬⚗🔭

ကျန်းမာရေးအတွက် အကြံဥာဏ်များ
ကျန်းမာရေး ပြဿနာများ
ရောဂါများ
သားသမီးရရန် ခက်ခဲနေသူများ

(သားဖွားနှင့်မီးယပ်ရောဂါများ
သွေးတိုးဆီးချိုရောဂါများ
ကလေးကျန်းမာရေး) နှင့်ပတ်သတ်တဲ့ ရောဂါများအတွက်

⌛⏱⏰⏰
24နာရီ ကုသမှုများကို onlineမှတဆင့် ဆက်သွယ်ကုသမှု အကြံပေးမှုများကို ဆောင်ရွက် ဝန်ဆောင်မှုပေးနေပါတယ်ရှင့်။

ဒါ့အပြင် ဘန်ကောက်မှာ

** ကျန်းမာရေးစစ်ဆေးချင်သူများ၊
** ဆေးကုသလိုသူများနဲ့
** ဖန်ပြွန်သန္ဓေပြုလုပ်လိုသူများအတွက်လည်း

ချိတ်ဆက် ဝန်ဆောင်မှုများ ပေးနေပါတယ်။

☎📞☎📞
Chat Box မှတဆင့်သော်လည်းကောင်း
ph 09758665866သို့လည်းကောင်းဆက်သွယ် ဆွေးနွေးပြသနိုင်ပါတယ်ရှင့်။

" ရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်းစေဖို့ Health care for you နဲ့ လက်တွဲကုသကြပါစို့။"

Address

Yangon
Yangon

Opening Hours

Monday 09:00 - 12:00
14:00 - 17:00
Tuesday 09:00 - 12:00
14:00 - 17:00
Wednesday 09:00 - 12:00
14:00 - 17:00
Thursday 09:00 - 12:00
14:00 - 17:00
Friday 09:00 - 12:00
14:00 - 17:00
Saturday 09:00 - 12:00
14:00 - 17:00
Sunday 09:00 - 12:00
14:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Health Care for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram