Wellness Guide - Dr. Thet Htar

Wellness Guide - Dr. Thet Htar "Welcome to Wellness Guide - Dr. Thet Htar! �"

02/11/2024
Today, I had the privilege of leading a health talk at Hallway International School, sharing important insights about Mp...
05/09/2024

Today, I had the privilege of leading a health talk at Hallway International School, sharing important insights about Mpox with the kids. 🦠🎉 A big thank you to YinThway Maternal & Child Call Center for making this event possible. 🙌
Looking forward to future collaborations in health education, program leadership, and initiatives. Let’s work together to build impactful, health-focused programs that create positive change. Feel free to reach out for potential collaborations! 💡📞

23/11/2023

မိဘ

ကျွန်မ ကိုယ်တိုင်မိဘဖြစ်ပြီးမှ သိလာရတာကတော့ ဘယ်မိဘမှ နည်းမှန်လမ်းမှန်တွေချည်းပဲသုံးပြီး အကောင်းဆုံး အုပ်ထိန်းမှုနဲ့ အုပ်ထိန်းနေတာ မဟုတ်ဘူးဆိုတာပဲ။

ဒါပေမယ့် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုကြိုးစားရင်း၊ မှားလိုက် ပြုပြင်လိုက်လုပ်ရင်း၊ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကို ရှာဖွေပြီး သားသမီးကောင်းတွေကို မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားနေရတာပဲ။

ဒါကို လက်မခံချင်လဲ လက်ခံရမယ်။ လက်ခံလေ ကိုယ့်ကိုယ်ကို ခွင့်လွှတ်လာနိုင်လေလေ သားသမီးတွေအပေါ်မှာ ပိုနည်းလမ်းမှန်မှန်နဲ့ ထိန်းကျောင်းလာနိုင်လေလေပဲ။ ကိုယ့်ကိုယ်ကို ငါဒီနေရာလေးမှာမှားနေတယ်၊ ငါနောက်တစ်ခါ ပိုကောင်းအောင်လုပ်ရမယ်၊ ငါဒီအရာနဲ့ပတ်သက်လို့ စာလေးတွေရှာဖတ်လိုက်မယ်၊ ပြုပြင်လိုက်မယ် စတဲ့ ကိုယ့်ကိုယ်ကိုလဲ ခွင့်လွှတ်ပေး သနားပေး၊ မှားနေတာကိုလဲ ချက်ချင်းပြင်၊ သားသမီးကိုလဲ သနားညှာတာပေးပြီး အတန်နိုင်ဆုံး အကောင်းဆုံးဖြစ်မယ့်နည်းလမ်းတွေကို အမြဲရှာဖွေနေရင် ရေရှည်မှာ အဆင်ပြေဖို့များပါတယ်။

ဒါနဲ့ဆက်စပ်ပြီး —- မြင်နေ တွေ့နေ ကြားနေရတာက မိဘတိုင်းကလဲ ကိုယ့်ကိုယ်ကိုသာ မှန်လားမှားလား သေချာမသိတာ၊ တခြားဘယ်မိဘကိုမှ ကောင်းတယ် မှန်တယ် မထင်တာပဲ။ ဒါတော့ ရယ်စရာလဲကောင်းတယ်။ အထူးသဖြင့် အတ္တကြီးပြီး narcissistic behavior တွေရှိတဲ့ မိဘတွေမှာတွေ့ရတာများပါတယ်။ တခါတလေတော့လဲ မိဘချင်းကိုယ်ချင်းမစာနာတာက ကူညီရာမရောက်ပဲ အဆိပ်အတောက် ဖြစ်လွန်းပြီး “ဘယ်လိုမိဘလဲမသိဘူး” “သူ့သားသမီးဘဝတော့ပျက်တော့မှာ၊ ရင်လေးတယ်” “ငါသာဆို တစ်ခါမှ အဲ့လိုမလုပ်နိုင်ဘူး” “ကလေးကို ဘယ်လို လုပ်ပေးနေတာလဲ၊ အသုံးမကျဘူး” စတဲ့ judgement တွေ ဆိုးရွားတဲ့ ထင်မြင်ချက်တွေချပြီး ငါသာလျှင်အမှန် ငါကအကောင်းဆုံး မိဘပဲ ၊ ကျန်တဲ့မိဘတွေက မိဘကောင်းမပီသဘူး ဆိုတဲ့ ကောက်ချက်တန်းမချမိဖို့ အရေးကြီးတယ်။

ဘယ်လောက်ပဲ parenting အကြောင်းကို ရေးနေ ပြောနေ သင်ပြပေးနေတဲ့ blogger တွေ၊ the perfect parent လို့ထင်မြင်ရတဲ့ မိဘတွေမှာလဲ သူ့အကြောင်းနဲ့သူ၊ သူ့ bad days တွေနဲ့သူ ရှိနေတာပဲ။ ကလေးကို အော်မိတဲ့အချိန်၊ ရိုက်မိတဲ့အချိန်၊ ထွက်ပြေးမိတဲ့အချိန်၊ me time ယူဖို့ အတိုက်အခံလုပ်ရတဲ့ အချိန်တွေ၊ တချို့သော ပြောမထွက်တဲ့ အရှက်ရစရာ အချိန်တွေရှိမှာပဲ။ ဒါကိုလဲ ရှက်စရာ၊ အမှားကြီးတစ်ခုလို နှစ်ရှည်လများ စိတ်ထဲစွဲနေဖို့ မလိုပါဘူး။ ဒါပေမယ့် တစ်ခုထူးခြားတာက သူတို့ဘာလုပ်ကြလဲဆိုရင် မှားပြီလို့ သိလိုက်ပြီဆိုတာနဲ့ ချက်ချင်းပြင်တယ်၊ ချက်ချင်း စာတွေလိုက်ဖတ်တယ်၊ မှန်ကန်တဲ့နည်းလမ်းကို လိုက်ရှာတယ်၊ နောက်ထပ်မမှားအောင်ကြိုးစားတယ်။ ဒါဆိုနောက်တစ်ခါ ပိုကောင်းအောင် ပြုပြင်နိုင်တာပေါ့။

စာအရှည်ကြီးတွေရေးနေလို့ ကျွန်မကိုယ်တိုင်လဲ parenting tips တွေပေးနေတဲ့ အရမ်း perfect ဖြစ်နေတဲ့ မိဘတစ်ယောက်တော့မဟုတ်ပါဘူး။
အားငယ်နေတဲ့ မိဘတစ်ယောက်၊ စိတ်ဖိစီးနေတဲ့ မိဘတစ်ယောက်၊ ကလေးကို စိတ်မထိန်းနိုင်ပဲ အော်မိ ရိုက်မိသွားတဲ့ မိဘတစ်ယောက်၊ ကလေးနဲ့ ဝေးရာမှာ နေပြီး ငါအရမ်းဆိုးတဲ့ မိဘဖြစ်နေပြီလားလို့ တွေးနေမိတဲ့ မိဘတစ်ယောက်… စတဲ့ ရင်ဖွင့်ချင်နေတဲ့ စိတ်ကျဉ်းကျပ်နေတဲ့ မိဘတစ်ယောက်သာ ဒီစာကို အမှတ်တမဲ့ဖတ်မိတဲ့အချိန် ငါ့ကိုငါခွင့်လွှတ်လိုက်တယ်၊ ငါ့ကလေးလေးအပေါ်မှာ နောက်တစ်ခါ ဒီထက်ပိုမှန်ကန်တဲ့နည်းလမ်းနဲ့ ထိန်းကျောင်းပေးမယ်၊ ငါဒီထက်ပိုကြိုးစားမယ်၊ ငါတစ်ယောက်ထဲမဟုတ်ဘူး ဆိုတဲ့ စိတ်ကလေးဖြစ်သွားရင် ရပါပြီ။
☺️

✅ဘာပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ မိမိကိုယ်ကို အချိန်ပေးပါ။

✅ကလေးလေးကိုလဲ ပိုချစ်ပေးပါ။

✅ကိုယ်တိုင်ရော ကလေးလေးတွေကိုရောစိတ်ဖိစီးမှုကင်းအောင်ထားပြီး ဘာအပြစ်မှမရှိတဲ့ နုနယ်တဲ့ကလေးလေးအပေါ်မှာ မိမိ ဒေါသတွေ ပုံမချမိအောင် အတတ်နိုင်ဆုံးထိန်းသိမ်းပါ။

✅ပိုကောင်းတဲ့နည်းလမ်းတွေနဲ့ အုပ်ထိန်းပေးနိုင်သူဖြစ်အောင် စာများများဖတ်ပါ။

ပျော်ရွှင်ပြီး လူကောင်း လူတော် လူမှန်လေးတွေ မွေးထုတ်ပေးနိုင်တဲ့ ကိုယ်တိုင်လဲ တစ်နေ့ထက်တစ်နေ့ ပိုတော်လာတဲ့ မိဘတွေဖြစ်လာနိုင်ပါစေ။ 🤰🏻👨‍👩‍👧‍👦

28/08/2023

မိုးရွာလိုက် နေပူလိုက်မို့ အပူအအေးမမျှတပဲ နေလို့မကောင်းတဲ့အခါ အအေးမိဖျားနာနဲ့ ရာသီတုပ်ကွေး ရောဂါပိုးလေးတွေရဲ့ အန္တရာယ်ကိုလဲ အထူး ဂရုပြုကြပါနော်။ ☺️

05/08/2023

ကိုယ်ဝန်ဆောင်မေမေများအနေနှင့် အကိုက်အခဲပျောက်ဆေးသောက်သုံးရာမှာ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးထားပါတယ်ရှင့်။

14/07/2023

ပန်းနာရင်ကြပ်ရောဂါနဲ့ပတ်သက်ပြီး ကလေးအထူးကုဆရာဝန် ပါမောက္ခဒေါက်တာ ဦးစောဝင်းနဲ့ အမေးအဖြေ ကဏ္ဍလေး ပြုလုပ်ထားပါတယ်။ ☺️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Wellness Guide - Dr. Thet Htar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram