Dr Ye Hein Htet Aung - Shwe Khatta

Dr Ye Hein Htet Aung - Shwe Khatta To cure sometimes,To relieve often,To comfort always..The purpose of life is not happy,to be useful..

“ 🦀 ဂဏန်း တွေ အတွက်တော့ ငါး တွေက ပျံ နေတာပဲ 🐋 “ဟုတ်တယ် ရေထဲမှာ ဆိုပင်မဲ့ ဂဏန်းတွေ အတွက်တော့ ငါးတွေက ပျံနေသလိုပဲ…Dimensio...
05/08/2025

“ 🦀 ဂဏန်း တွေ အတွက်တော့ ငါး တွေက ပျံ နေတာပဲ 🐋 “

ဟုတ်တယ် ရေထဲမှာ ဆိုပင်မဲ့ ဂဏန်းတွေ အတွက်တော့ ငါးတွေက ပျံနေသလိုပဲ…

Dimension ကွာသွားတဲ့ အခါမှာ
အဆင့်အတန်း အလိုက် အမြင်တွေ ၊ အတွေးအခေါ်တွေ ၊ ခံစားချက်တွေ ကွာခြားသွားတယ်

ဒီစကား ဘယ်လောက် မှန်ကန်သလဲဆိုတာ စဉ်းစားကြည့်ရအောင်…🙄

ဂဏန်းတစ်ကောင်ဟာ ရေအောက်ကနေ ငါးတစ်ကောင်ကို ကြည့်လိုက်ရင်၊ ငါးဟာ သူ့အတွက် ပျံသန်းနေတာနဲ့ အတူတူပါပဲ။ ဒါဟာ "အမြင်" နဲ့ "ရှုထောင့်" ကွာခြားချက်ကို ပြသနေတာပါ။

ဒီလိုပါပဲ၊ လူ့စိတ်ရဲ့ အဆင့်အတန်း (Level of Consciousness) ကို ကြည့်ရင်လည်း ဒီအမြင်မျိုး ကွဲပြားတာကို တွေ့ရပါတယ်။

😡 အနိမ့်ဆုံးအဆင့် (Lower Self - 20-199)

ဒီအဆင့်မှာရှိတဲ့ လူတစ်ယောက်က အရာရာကို ကြောက်ရွံ့ခြင်း ၊ ဒေါသ ၊ လိုချင်တပ်မက်မှု ဆိုတဲ့ အမြင်တွေနဲ့ပဲ ကြည့်နေတတ်တယ်။
သူတို့အတွက်တော့ အပေါ်ကအဆင့်တွေ ကို မြင်နိုင်ဖို့ဆိုတာ " ကြမ်းပြင်က ဂဏန်း " လိုပဲ ၊ လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု ဖြစ်နေတတ်ပါတယ်။

💡 အလယ်အလတ်အဆင့် (Self-Empowerment - 200-439)

ဒီအဆင့်ကို ရောက်လာတဲ့အခါ အရင်ကလို အမှောင်ထဲကနေ မကြည့်တော့ဘဲ၊ အလင်းရောင်ကို စတင်မြင်လာပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ် ၊ အကောင်းမြင်တတ်လာမယ်။ ဒီအဆင့်ကနေမှ “ ပျံသန်းနေတဲ့ငါး “ကို တဖြည်းဖြည်းပိုမြင်လာသလို၊ စိတ်ရဲ့ အမြင့်ဆုံးအဆင့်တွေဆီကို စတင်တက်လှမ်းဖို့ ကြိုးစားလာနိုင်ပါတယ်။

☀️ အမြင့်ဆုံးအဆင့် (Self-Realization - 440-1000)
ဒီအဆင့်ကို ရောက်လာတဲ့သူတွေကတော့ အမြင်ကျယ်လာပြီး အရာရာကို အမှန်အတိုင်းမြင်နိုင်လာပြီ။ သူတို့ဟာ ကိုယ်ချင်းစာတရား အပြည့်ရှိလာမယ်။ ဥပမာ- အောက်ဆုံးအဆင့်ကလူတစ်ယောက်ရဲ့ အခက်အခဲကို "ကိုယ်ချင်းစာပေးလို့ရပင်မဲ့ ကန့်သတ်ချက်ရှိတယ်" ဆိုတာကို လည်း တဖြည်းဖြည်း နားလည်လာမယ်။
ငါးတွေလို လွတ်လပ်စွာ ကူးခတ်နိုင် ပင်မဲ့ ဘယ် ငါးမှတော့ ဂဏန်း ကို မသယ်ပိုးနိုင်ဘူး ( အခန့်မသင့်ရင် ဂဏန်းညှပ်တာပါ ခံရနိုင်တယ် 😅 )

ဒီတော့ ဒီပုံမှာပြထားတဲ့အတိုင်း "Dimension က စကားအရမ်းပြောတယ်" ဆိုတာဟာ စိတ်ရဲ့အဆင့်အတန်းအလိုက် အမြင်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေ ဘယ်လောက်ကွာခြားသွားလဲဆိုတာကို ရှင်းပြနေတာပါ ။

ကိုယ်ရောက်နေတဲ့ အဆင့်ပေါ်မူတည်ပြီး အရာရာကို မြင်တဲ့ရှုထောင့်ဟာလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ကမ္ဘာကြီးက တစ်ခုတည်း၊ အရာအားလုံးက အချိန် နဲ့ အမျှ ရူထောင့် ပေါင်းစုံကနေ ပြောင်းလဲနေတာပါ ။
Game တစ်ခုလိုပဲ ဘဝ က Level တတ်သွားတဲ့ အခါမှာ စိတ်ရဲ့ အဆင့်အတန်းဟာ ပြောင်းလဲလာတယ်။
မယုံဘူးလား …

❝ နယုန်လပြည့် မဟာသမယ အခါတော်နေ့ မှာ ဆုတောင်းမေတ္တာပို့သခြင်း ❞🙏🏻 နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ မဟာသမယအခါတော်နေ့မှာ🙏🏻 စိတ်...
10/06/2025

❝ နယုန်လပြည့် မဟာသမယ အခါတော်နေ့ မှာ ဆုတောင်းမေတ္တာပို့သခြင်း ❞

🙏🏻 နယုန်လပြည့်နေ့မှာ ကျရောက်တဲ့ မဟာသမယအခါတော်နေ့မှာ

🙏🏻 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိ...
29/03/2025

📣 လက်တလော ဖြစ်ပွါးနေသော ငလျင်ဒဏ် ခံစားနေရတဲ့ မြန်မာ ပြည်သူ ပြည်သား များအတွက် ရွှေခတ္တာ ဆေးခန်း မှ ကူညီပံပိုးရန် အသင့်ရှိပါသည်။ 📣

⛑️ ငလျင်ဒဏ်ကြောင့် ဆေးရုံ ဆေးခန်း မသွားနိုင်ပါက ခံစားနေရသော ကျန်းမာရေး စောင့်ရှောက်မှုများအတွက်…

⛑️ ရွှေခတ္တာ ဆေးခန်းမှ ဆရာဝန်များအား ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်သော ကျန်းမာရေးအကူအညီများကို အခမဲ့ ( အခမဲ့ ) ရယူနိုင်ပါသည်။

⛑️ ငလျင်ဒဏ် ခံစားရသော အိမ်နီးချင်း နိုင်ငံများမှ မြန်မာပြည်သူများလည်း
“ အခမဲ့ “ Teleconsultation ရယူနိုင်ပါသည်။

⚠️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎 𝟗-𝟕 𝟔 𝟖 𝟎 𝟓 𝟗 𝟒 𝟓 𝟒

📣 မနက် ၉ နာရီ မှ ည ၇ နာရီ အတွင်း ကူညီနိုင်ရန် ရွှေခတ္တာ ဆေးခန်းမှ အသင့်ရှိနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည် 📣
တတ်နိုင်သလောက် ဝေမျှ share ပေးပါ 🙏🏻
sharing is caring 🙏🏻

we safe
we strong
we are together…🧯⛑️💊💪🏻

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

#ရွှေခတ္တာ

#အခမဲ့
#စမ်းချောင်း

မပြိုလဲအောင် နေရမယ်ပြိုလဲတာနဲ့ အားလုံးက Domino ပဲဘာမှမလုပ်နိုင်ရင်တောင်ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေနဲ့အားလုံးက စိတ်...
17/08/2024

မပြိုလဲအောင် နေရမယ်
ပြိုလဲတာနဲ့ အားလုံးက Domino ပဲ
ဘာမှမလုပ်နိုင်ရင်တောင်
ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်စေနဲ့
အားလုံးက စိတ်ဒဏ်ရာတွေမို့လို့
ကိုယ်ရောစိတ်ပါ ကျန်းမာနေရမယ်
💛💚❤️

အာဖရိကတိုက်မှာ လူပေါင်းရာနဲ့ချီ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရ...
16/08/2024

အာဖရိကတိုက်မှာ လူပေါင်းရာနဲ့ချီ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပါတယ်။

အခုမျောက်ကျောက်ရောဂါပိုးဟာ ၂၀၂၂ ခုနှစ်တုန်းက ကူးစက်မှုဖြစ်ခဲ့ဖူးတဲ့ပိုးထက် ကူးစက်လွယ်ပြီး သေဆုံးနိုင်ခြေလည်း မြင့်တာကြောင့် သိပ္ပံပညာရှင်တွေက စိုးရိမ်တကြီး သတိရှိနေကြပါတယ်။

မျောက်ကျောက်(Mpox) ဟာ လိင်ဆက်ဆံမှု၊ အသားအရည်ချင်းထိတွေ့မှု၊ ရောဂါရှိသူတစ်ဦးနဲ့ နီးနီးကပ်ကပ်စကားပြောတာ ဒါမှမဟုတ် အသက်ရှုတာလို အနီးကပ်ထိတွေ့မှုနဲ့ ကူးစက်ခံရနိုင်ခြေရှိပါတယ်။

ဒီအကြောင်း ဘီဘီစီသတင်းဖော်ပြချက်ကို ဒီလင့်ခ် https://bbc.in/3As6uCQ ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မျောက်ကျောက် #အာဖရိက #ပြည်သူ့ကျန်းမာရေး #ရောဂါ #မျိုးကွဲ #ရောဂါလက္ခဏာ #ကူးစက်မှု

ဗိုင်းရပ်စ်မျိုးကွဲအသစ်ရဲ့ ကူးစက်မှု ပျံ့နှံ့လွယ်တာနဲ့ သေဆုံးနှုန်းမြင့်တာကို သိပ္ပံပညာရှင်တွေက အတော်လေ....

 #ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည့်⚜️  #အတွင်း နဲ့  #အပြင်⚜️ လူတိုင်း ကျန်းမာရေး ကောင်းမွန်ချင်တဲ့အခါ #အတွင်း နဲ့  #အ...
08/08/2024

#ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည့်

⚜️ #အတွင်း နဲ့ #အပြင်

⚜️ လူတိုင်း ကျန်းမာရေး ကောင်းမွန်ချင်တဲ့အခါ
#အတွင်း နဲ့ #အပြင် နှစ်ခုကို လိုက်လျောညီထွေစွာ နေထိုင်ကြရပါတယ်

⚜️ #အတွင်း ဆိုတာကတော့
ကံ နဲ့ စိတ် ဆိုတဲ့ အရာ နှစ်ခုပါ

(၁) ကံ ဆိုတဲ့ အရာမှာ ကိုယ်က ကံဇာတာတတ်အောင် ကုသိုလ်ကောင်းမှု အလှူဒါနလုပ်မယ်၊ ငါးတွေ ငှက်တွေ လွတ်ပေးမယ် ၊ မွေးနေ့ကုသိုလ်တွေလုပ်မယ် ၊ ပေးကမ်းစွန့်ကြဲမယ် ၊ ငါးပါး သီလ လုံခြုံအောင် စောင့်ထိန်းပြီး ကိုယ်ကျင့်တရား ကောင်းမွန်စွာနဲ့ မဂ္ဂင် (၈) ပါး လမ်းစဉ် အတိုင်း လျှောက်လှမ်းမယ် ဆိုရင် မိမိကံ က ကောင်းမွန်လာမှာ ဖြစ်ပါတယ်

(၂) စိတ် ဆိုတာလဲ စိတ်ကောင်း စေတနာ ကောင်းတွေနဲ့ အတူ စိတ်ချမ်းသာအောင်နေမယ်၊ စိတ်ညစ်စေမဲ့ အရာ ၊ စိတ်ထောင်း ကိုယ်ကြေ မဖြစ်စေရအောင် စိတ်ပူလောင်စေမဲ့ အရာတွေက မလုပ်ဘူး ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံ တွေကို ထိန်းသိမ်းပြီး လောဘ ဒေါသ မောဟ တွေနဲ့ ဝေးဝေး နေရင် စိတ်ချမ်းသာရာ ရပါတယ်

⚜️ #အပြင် ဆိုတာကတော့
ရာသီဥတု နဲ့ အာဟာရ ပဲ ဖြစ်ပါတယ်

(၃) ရာသီဥတု နဲ့ လိုက်လျော ညီထွေ ဖြစ်စေအောင် နေထိုင်မှု ပုံစံ ရှိရမယ် ၊ အပူအအေး မျှတရမယ် ၊ ရာသီ အလိုက် ဖြစ်တတ်တဲ့ ရောဂါတွေကို ရှောင်းရှားနိုင်မယ် ဆိုရင် ရောဂါဘယ ကင်းဝေးစေပါတယ်

(၄) အာဟာရ ကတော့ အစာအုပ်စုကြီး (၃) ခု လုံး ပါဝင်အောင် မျှတစွာ စားသောက်ရမယ် ၊ မသန့်ရှင်းသော အစားအစား ၊ အာဟာရမပြည့်ဝသော အစားအစာ ၊ ကွမ်းယာ ဆေးလိပ် အရက် ဘီယာ တွေကို ဝေးဝေးရှောင်ကြဉ် မှ ရောဂါတွေကင်းဝေးပါမယ်

⚜️ အခုလို #အတွင်း နဲ့ #အပြင် နှစ်ခုကို နားလည်ပြီး
(၁) ကံ
(၂) စိတ်
(၃) ဥတု
(၄) အာဟာရ တို့ကို
မျှမျှတတ ပြည့်စုံစွာ ပြုမှုစားသောက် နေထိုင်နိုင်မည် ဆိုပါက အနာရောဂါများမှ ကင်းဝေပြီး သက်ရှည်ကျန်းမာစွာ ဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါလိုက်ပါတယ်
💛💚❤️

[[ အစာအုပ်စုကြီး (၃) ခု ]]

(၁) ခန္ဓာကိုယ် ကြီးထွားစေသော အစာ ( ကြက် ၊ ဝက် ၊ အမဲ ၊ ငါး ၊ ပဲအမျိုးမျိုး )

(၂) အင်အားဖြစ်စေသော အစာ
( ဆန် ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ကန်စွန်းဥ )

(၃) ရောဂါကာကွယ်စေသော အစားအစာ
( ဟင်းသီး ဟင်းရွက် ၊ သစ်သီး ဝလံ )

#အတွင်း #အပြင်
#ကံ #စိတ် #ဥတု #အာဟာရ
#ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမည်
#ရွှေခတ္တာ
#အထူးကု #ပါရဂူ #သမားတော်
#ခွဲစိတ် #ကလေးဆရာဝန် #ဓါတ်ခွဲခန်း
#မိုးရာသီတုပ်ကွေးကာကွယ်ဆေး
#လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေး

#အိမ်ပင့် #ဆေးခန်း

🦠 KP.3 ဟု ခေါ်သော  #ကိုရိုနာဗိုင်းရပ်အသစ် ဂျပန်နိုင်ငံ မှာ ပျံ့နှံ့နေ🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🦠 KP.3 သည် Omicron Virus အမျိုးအစားတစ်ခု...
25/07/2024

🦠 KP.3 ဟု ခေါ်သော #ကိုရိုနာဗိုင်းရပ်အသစ် ဂျပန်နိုင်ငံ မှာ ပျံ့နှံ့နေ
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🦠 KP.3 သည် Omicron Virus အမျိုးအစားတစ်ခုဖြစ်ပြီး အလျှင်အမြန် ပျံ့နှံ့နေပါတယ်

🦠 လည်ချောင်းမှာ အနာပေါက်ပြီး ကူးစက်မှုနှုန်း တအားမြန်တဲ့ KP.3 ကိုရိုနာ ဗိုင်းရက် ကို သတိထားဖို့လိုပါတယ်။ နောက်ဆုံးပေါ် KP.3 Corona Virus ပိုး ကူးစက်ခံရသူ ဂျပန်လူငယ်များ တအံ့တဩ ဖြစ်နေကြပါတယ်။

🦠 "အကြောင်းအရင်းတစ်ခုမှာ
ပူပြင်းတဲ့နွေအပူကြောင့်နှာခေါင်းစည်းတွေကို ဖယ်ရှားပြီး သွားလာနေကြတဲ့အတွက်ရောဂါပိုးပြန့်ပွားဖို့ ပိုမိုလွယ်ကူစေကာကူးစက်နေပါတယ်”

🦠 ကျန်းမာရေးဝန်ထမ်း အဖြေက .. KP.3 ကိုဗစ်ထိသူတွေက ရုတ်တရက် လည်ချောင်းတွေ တဟုန်ထိုးနာလာပြီး ချောင်းတအားဆိုးကာ အိပ်လို့တောင်မပျော်တဲ့ လက္ခဏကြုံရတယ်လို့ ဆရာဝန်ကို ပြောပြပါတယ်။

🦠 လက်ရှိမှာ ဂျပန်နိုင်ငံ၊ အိုခီနာဝါမြို့မှာ KP.3 Corona Virus ပိုးတွေ့လူနာတဟုန်ထိုးတိုးလာပါတယ်။

🦠 ဆေးခန်းတချိုတွေ အပူလျှပ်တာလား အအေးပတ်တာလားမသိပဲ စစ်တော့မှ ကိုရိုနာဖြစ်နေပါတယ်

🦠 KP.3 ကူးစက်မှု၏ အဖြစ်များသော လက္ခဏာများမှာ အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့နှင့် အရသာ ဆုံးရှုံးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်သည်။

🦠 ဂျပန်ကူးစက်ရောဂါများအသင်းဥက္ကဋ္ဌ Kazuhiro Tateda က "ဒီရောဂါဖြစ်ပွားမှုအများအပြားမပြင်းထန်ပါဘူး" ဟုမှတ်ချက်ချခဲ့သော်လည်းအာဏာပိုင်များသည်တိုင်းပြည်အတွင်းမျိုးကွဲပျံ့နှံ့မှုနှင့်အကျိုးသက်ရောက်မှုများကိုဆက်လက်စောင့်ကြည့်လိမ့်မည်ဟုပြောကြားခဲ့တယ်…

🦠 ဂျပန်နိုင်ငံ၏ ၁၁ ခုမြောက် ကူးစက်မှုလှိုင်းကို အမှတ်အသားပြု၍ ကျန်းမာရေးကျွမ်းကျင်သူများက နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်းနှင့် လူစုလူဝေးကင်းကွာခြင်းစသည့် ကြိုတင်ကာကွယ်မှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်…

--------
“တိကျ မှန်ကန် မြန်ဆန် သက်သာ “
“ရွှေခတ္တာ”

𝐒𝐡𝐰𝐞 𝐊𝐡𝐚𝐭𝐭𝐚 𝐂𝐥𝐢𝐧𝐢𝐜 𝐀𝐧𝐝 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐂𝐞𝐧𝐭𝐞𝐫
“ 𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐚𝐬𝐬𝐢𝐨𝐧 “

ရွှေခတ္တာ အထူးကုဆေးခန်း
ဆေးခန်းဖွင့်ချိန် 🕗 ~ 🕖
💛 မနက် (၈) နာရီမှ ည (၇) နာရီ အထိ
💚 နေ့စဉ် - ပိတ်ရက်မရှိ ( 𝙊𝙥𝙚𝙣 𝘿𝙖𝙞𝙡𝙮 )
❤️ အမှတ် ၂၉၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်လိုပါက
💛𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟖𝟖𝟎𝟑𝟓𝟒𝟓𝟖𝟔
💚𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟔𝟖𝟎𝟓𝟗𝟒𝟓𝟒
❤️𝐎𝐟𝐟𝐢𝐜𝐞 : 𝟎𝟗𝟐𝟓𝟎𝟏𝟓𝟎𝟎𝟒𝟒

မြေပုံ - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

Viber ဖြင့် ကျန်းမာရေး သိလိုသမျှမေးရန်- CommunityLandingPage ...

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://shwekhatta.com/

#ရွှေခတ္တာ
#ဆီးချို #သွေးတိုး #အထူးကု
#သမားတော် #သားဖွား #မီးယပ်
#ကလေး #အရိုး #ခွဲစိတ်






Reference: https://www.facebook.com/share/2pW5tyAUXMi4QFRT/?mibextid=ox5AEW

🪰 လက်ရှိဖြစ်ပွါးနေတဲ့ကာလဝမ်းရောဂါနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်ကာလဝမ်းရောဂါက ဆိုရင် ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပြီး ပြင...
07/07/2024

🪰 လက်ရှိဖြစ်ပွါးနေတဲ့
ကာလဝမ်းရောဂါနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်
ကာလဝမ်းရောဂါက ဆိုရင် ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပြီး ပြင်းထန်လာပါက အသ-က် အန္တ ရာယ် အထိ စိုး ရိမ် ရပါတယ်

⛑️ ဘယ်လို ကူးစက်နိုင်မလဲ အရင် ပြောပြမယ်
(၁) Faecal - Oral Transmission လို့ခေါ်တဲ့ ပါးစပ်ထဲကို မကောင်းတဲ့ အညစ်အကြေးတွေ ဝင်တာက စ တာပဲ
(၂) အိမ်သာ တတ်ပြီးတိုင်း လက်ဆေးပါ
(၃) အစားအသောက်စားခါနီးတိုင်း ပန်းကန် ၊ ခွက် ၊ ဇွန်း တွေကို ဆပ်ပြာ၊ ရေ နဲ့ သန့်ရှင်းရေ လုပ်ပါ
(၄) ယင် နားစာ (လုံးဝ) ရှောင်ပါ
(၅) မသန့်ရှင်းတဲ့ ရေ ၊ မြောင်းရေ ၊ ချောင်းရေ သုံးချင်းကို ရှောင်ပါ

⛑️ ဘယ်လို ကာကွယ်ရမလဲ ဆိုရင်
(၁) အညစ်အကြေး များ ကိုင်ပြီးတိုင် လက်ကို သေချာ ဆေးပါ
(၂) စားမဲ့ အစာ ကို သေချာ ဆေးကြော ၊ ချက်ပြုတ် ပါ
(၃) ပန်းကန် ၊ ခွက် ၊ ဇွန်း များကို သေချာ ဆေးကြောပီးမှ အသုံးပြုပါ
(၄) သုံးရေ ၊ ချိုးရေ ၊ သောက်ရေ များကို အထူးသတိထားပါ
(၅) ယင်လုံ အိမ်သာ များ အသုံးပြုပါ

⛑️ ရောဂါလက္ခဏာ များကတော့
(၁) အကြိမ်ရေများစွာ ဝမ်းလျောမယ်
(၂) ဝမ်းအများကြီး သွားထားရတဲ့ အတွက် နူံးမယ် ၊ ပင်ပန်းမယ်
(၃) ရေဓါတ် နဲ့ သတ္ထုဓါတ်များစွာ ဆုံးရူံးသွားရလို့ သွေးပေါင်ကျမယ်
(၄) Shock လို့ခေါ်တဲ့ အသ-က် အန္တ-ရာယ် ထိ စိုး ရိမ်ရပါတယ်

⛑️ ဒီလို လက္ခဏာတွေ ပေါ်ရင်တော့
🔶BPI ဓါတ်ဆားရည် ကို အမြန်ဆုံး သောက်ပါ
🔶နီးစပ်ရာ ဆေးခန်း ကို အမြန်ဆုံးသွားပါ
🔶Drip လို့ခေါ်တဲ့ အရည်ဗူးကြီးများ အမြန်သွင်းဖို့လိုအပ်ပါတယ်
🔶ပိုးသတ်ဆေး နဲ့ သောက်ဆေးက တော့ ဆရာဝန် နဲ့ ပြပြီးမှပဲ သောက်ပါလို့ အကြံပြုပါရစေ

⛑️ ဒီရောဂါဆိုးကြီးက အချိန်မှီ ကာကွယ်လို့လဲ ရတယ်
အချိန်မှီ ကုသလို့လဲ ရတာ ဖြစ်တဲ့အတွက် မပေါ့ဆ ဖို့တော့ အရေးကြီးပါတယ်နော်

⛑️ အခု ဖြစ်ပေါ်လျက်ရှိသော ကာလဝမ်းရောဂါဘေး မှ လူတိုင်း ကင်းဝေနိုင်ကြပါစေ 🙏🏻
ချမ်းသာကိုယ်စိတ် မြဲပါစေ
💛💚❤️

www.shwekhatta.com

#ဝမ်းပျက်ဝမ်းလျော #ကာလဝမ်းရောဂါ
#ရွှေခတ္တာ #စမ်းချောင်း
#ဆရာဝန် #ရေဓါတ် #သန့်ရှင်းရေ

ကျွန်တော် Laptop မဖွင့်ခင် ဖုန်း အရင် ကြည့်လိုက်လို့ power ဖွင့်ဖို့ မေ့သွားတာပါ…ဖုန်းဝယ်တုန်းက ပါတဲ့ apple စတစ်ကာ ကို l...
07/06/2024

ကျွန်တော် Laptop မဖွင့်ခင် ဖုန်း အရင် ကြည့်လိုက်လို့ power ဖွင့်ဖို့ မေ့သွားတာပါ…
ဖုန်းဝယ်တုန်းက ပါတဲ့ apple စတစ်ကာ ကို laptop မှာ ကပ်ထားတာ တော်တော်ကြာလှပါပြီ
Power bank မှာလဲ ကပ်ဖူးပါတယ်
( အဲ့ power bank တောင် ပျက်သွားပါပြီ )
တချို့တွေဆို ကား မှန် မှာ ကပ်ဖူးတာလဲ တွေ့ဖူးပါတယ်
ကိုယ် ကြိုက်တဲ့ နေရာမှာ ကပ်ချင်လို့ Laptop မှာ ကပ်မိလိုက်တာပါ
Acer laptop ဆိုတာလဲ လူတိုင်းသိပါတယ် ( Unique မှာ battery နှစ်ခါတောင် ပြင်ဖူးပြီးပါပြီ / အစုတ်ကြီးပါ )

Post ကို delete မလုပ်ရတာက အမှတ်တမဲ့ ကနေ အမှတ်တရ ဖြစ်စေတာ မို့လို့ပါ

ကျွန်တော့်ကြောင့် စိတ် အနှောက်အယှက် ဖြစ်ခဲ့ရရင် အားလုံးကို တောင်းပန်ပါတယ်
ကျွန်တော့်ကြောင့် ဘယ့်သူ ဘယ်သူကိုမှ Toxic မဖြစ်စေရလို့ပါ

ရှင်သန်ရပ်တည်ဖို့ မလွယ်ကူတဲ့ ကာလမှာ ပျော်ပျော်ရွှင်ရွှင်ပဲ နေချင်ပါတယ်ခင်ဗျာ…
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ
🙏🏻🙏🏻🙏🏻

ကျွန်တော်ကတော့ ✅ အောင်မြင်မူ့ ကို ကိုယ်ဘယ်လောက်ပျော်ရွှင်ရလဲ ဆိုတာနဲ့ တိုင်းတယ်✅ ရင့်ကျက်မူ့ကို ကိုယ်ချင်းစာစိတ် နဲ့ တို...
05/06/2024

ကျွန်တော်ကတော့
✅ အောင်မြင်မူ့ ကို ကိုယ်ဘယ်လောက်ပျော်ရွှင်ရလဲ ဆိုတာနဲ့ တိုင်းတယ်
✅ ရင့်ကျက်မူ့ကို ကိုယ်ချင်းစာစိတ် နဲ့ တိုင်းတယ်
✅ စိတ်ချမ်းသာမူ့ကို ချစ်ခြင်းမေတ္တာတရား နဲ့ တိုင်းတာပါတယ်
✅ အေးချမ်းမူ့ကတော့ အပြုံး တစ်ခုပဲ လိုအပ်ပါတယ်…

❣️စိတ်ချမ်းသာပျော်ရွင်အောင်နေတယ်
❣️ကိုယ်ချင်းစာစိတ်ထားပါတယ်
❣️ချစ်ခြင်းမေတ္တာ နဲ့ များများပြုံးပြတယ်

( အားနာတတ်တဲ့ စိတ်တော့ ပြုပြင်ရဦးမယ်👀 )

Dr. Ye Hein Htet Aung ( Shwe Khatta Specialist Clinic ရွှေခတ္တာ အထူးကုဆေးခန်း )

အခုလို အချိန်ခါမျိုးမှာ🔸အဝတ်အစားကောင်းတွေ ထုတ်ဝတ်ပါ ၊🔸Positive vibe ရနိုင်မဲ့ သူတွေနဲ့ ပေါင်းပါ ( ဘူကောင်တွေကို ရှောင်ပါ...
01/06/2024

အခုလို အချိန်ခါမျိုးမှာ

🔸အဝတ်အစားကောင်းတွေ ထုတ်ဝတ်ပါ ၊
🔸Positive vibe ရနိုင်မဲ့ သူတွေနဲ့ ပေါင်းပါ ( ဘူကောင်တွေကို ရှောင်ပါ )
🔸သူငယ်ချင်းတွေနဲ့ ပျော်အောင်နေပါ ၊
🔸ချစ်ရသူတွေကို အချိန်ပေးပါ ၊
🔸စာအုပ်ကောင်းကောင်းတစ်ခု ရှာဖတ်ပါ ( စီးပွါးရေး သမားဆိုရင် ဒီအချိန်မှာ မင်းဒင် ရဲ့ သက်ခိုင် ဖတ်တာ အကောင်းဆုံးပဲ ၊ လူငယ် ဆိုရင်တော့ ဆရာရွှေဥဒေါင်းရဲ့ ဘဝတစ်သက်တာ မှတ်တမ်း ကို ပြီးဆုံးအောင် ဖတ်ပါ )
🔸မူးယစ်ဆေးဝါး နဲ့ လောင်းကစား လုံးဝ ရှောင်ပါ ( လည်ပင်း ကြိုး-ကွ-င်း စွတ်တာကမှ ကြာဦးမယ် )
🔸ဘယ်အရာမှ လောဘ မတတ်ပါနဲ့ ( အားလုံးက တွင်းထဲမှာ ပိတ်မိနေကျတဲ့ သူတွေကြီးပါပဲ )
🔸Language တစ်ခုခု study လုပ်ပါ ၊
🔸မြန်မာနိုင်ငံ မှာပဲ နေမယ်ဆိုရင် IT and Digital Platform တစ်ခုခု မှာ ထဲထဲဝင်ဝင် learn လုပ်ပါ ၊
🔸ပရဟိတ များများလုပ်ပါ
🔸ဘာသာတရား လုပ်နေတာ ယုံကြည်အားကိုးရာ တစ်ခု ရပါတယ်…

အခုချိန်မှာ ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက် များစွာ ဖြစ်ပေါ်ခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ
🙏🏻🙏🏻🙏🏻

07/05/2024

✍️ ဆေးခန်း မှာ လူနာကြည့်နေတုန်း
ဦးလေး တစ်ဦး ဆေးခန်းထဲ ဝင်လာပါတယ်
ပုံစံက ချွေးသီးချွေးပေါက်တွေနဲ့ မို့လို့ ကြည့်လက်စ လူနာ ကို ခဏ ခွင့်တောင်းပြီး ဦးလေးဆီ လာခဲ့လိုက်ပါတယ်…

✍️ သူနာပြုလေးတွေကို Vital Signs များ သေချာယူပေးဖို့ မှာလိုက်ပြီး
ဦးလေး လက်ကောက်ဝတ်က သွေးကြောဖို့ စမ်းဖို့ လက် လှမ်းကိုင်လိုက်တဲ့ အချိန်မှာ ဦးလေး လက်က ပူခြစ်တောက်နေတာပါပဲ…

✍️ ထင်တဲ့ အတိုင်းပဲ High Fever နဲ့ လူနာမှာ ပင်ပန်းနွမ်းခွေနေတယ်…
ကုတင်လွတ်ပေါ် ခေါ်သွားပြီး Drip ပုလင်းတစ်လုံး ချိတ်လိုက်ပါတယ်..

🔬ဆေးခန်းက ဓါတ်ခွဲခန်းမှာ သွေးစစ်ကြည့်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ Sodium လို့ခေါ်တဲ့ ဆားဓါတ်က လျော့နည်းနေပီး Potassium လို့ခေါ်တဲ့ အသီးအနှံဓါတ်က များနေတာတွေ့ရတော့ ဦးလေးကို မေးကြည့်လိုက်တဲ့ အခါမှာ အပူဒဏ်ကို မခံနိုင်လို့ အုန်းရည် တစ်နေ့တစ်လုံး သောက်ရင်း အခုလို ဖြစ်ရတာပါ ဆိုပြီး ပြောပါတယ်…

✍️ ဦးလေးအတွက် အကောင်းဆုံး လုပ်ပေးရင်း နောက်ထပ် အသက်ကြီးပိုင်း လူနာများ ဒီလိုပုံစံ ထပ်မဖြစ်ရလေအောင် ဒီ Video လေးနဲ့ တင်ဆက်လိုက်ရပါတယ် ခင်ဗျာ …

🥵 အားလုံးသိကြတဲ့အတိုင်းပါပဲ
ဒီတလောမှာ ရာသီဥတု အရမ်းပူပြင်းလာတာမို့ အပူရှပ်ခြင်းနှင့်ဆက်စပ်သော ရောဂါများဟာလည်းအဖြစ်များလာပါတော့တယ်။
ဒီလို ရောဂါလက္ခဏာ တွေကို သိရှိပြီး
မိဘ ဦးလေး အဒေါ် ၊ သက်ကြီးရွယ်အိုများ အတွက် ဂရုစိုက်စေဖို့ ပြောပြပေးပါမယ်

🥵 ပထမဦးဆုံး ရောဂါလက္ခဏာ က
ခန္ဓာကိုယ်မှ ချွေးထွက်များသောကြောင့် ရေဓာတ် ဆားဓာတ် တွေဆုံးရှုံးခြင်းကြောင့်ဖြစ်ပါတယ်။ ကြွက်သားတွေက ပျော့ပျောင်းမှု မရှိပဲနဲ့ တောင့်တင်းပြီး ကြွက်တတ်သလို ခံစားရပါမယ်..

🥵 ဒုတိယ ရောဂါ လက္ခဏာတစ်ခု က ကတော့ အပူချိန်မြင့်မားခြင်းကြောင့် ချွေးထွက်များခြင်း၊ အားနည်းနုံးချိခြင်း ၊ မလူပ်ချင် မကိုင်ချင် ဖြစ်မယ်..

🥵 တတိယ ရောဂါ လက္ခဏာ တစ်ခုကတော့ Body Temperature အပူချိန် လွန်ကဲပြီး အဖျားတတ်ပါတော့တယ်

🥵 နောက်ဆုံးမှာတော့ သတိလျော့ခြင်း၊တက်ခြင်း၊မောခြင်း၊စသည်တို့ ဖြစ်တတ်ပါတယ်။

🥵 ဖြစ်ရသောအကြောင်းရင်းတွေကတော့ ရောဂါအခံရှိသော သက်ကြီးရွယ်အိုများ၊ ကျောက်ကပ် ၊ အသည်း စသော ရောဂါအခံရှိသောသူများ၊ ကိုယ်ခံအားနည်းသောသူများမှာ ဖြစ်တတ်ပါတယ်…

✅ ကာကွယ်ဖို့နည်းလမ်းတွေကတော့ ရေနှင့်ဓာတ်ဆား ကိုပြန်လည်ဖြည့်တင်းဖို့သောက်သုံးရပါမယ်။
ချွေးထွက်သလောက်ရေနှင့်ဓာတ်ဆားကို ပြန်လည်ဖြည့်တင်းဖို့ပါပဲ။
ပြင်းထန်သော အလုပ် ၊ လေ့ကျင့်ခန်းလုပ်ခြင်းများ ရှောင်ကြဉ်ဖို့လိုပါတယ်။
လူနာ သတိမကောင်းရင် နီးစပ်ရာ ဆေးခန်း ခေါ်သွားပါ ၊ လိုအပ်ရင် Drip ချိတ်ပေးရပါမယ် ..
အပူဒဏ်ကြောင့် ဖြစ်သော ရောဂါများနှင့် ကင်းဝေးကြပါစေ

⏰ ဆေးခန်းဖွင့်ချိန်− 𝟖:𝟎𝟎𝐚𝐦 𝐭𝐨 𝟕:𝟎𝟎𝐩𝐦(နေ့စဉ် ပိတ်ရက်မရှိ)
=====

💛𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎 𝟗 𝟖 𝟖 𝟎 𝟑 𝟓 𝟒 𝟓 𝟖 𝟔
💚𝐏𝐡𝐨𝐧𝐞: 𝟎 𝟗 𝟕 𝟔 𝟖 𝟎 𝟓 𝟗 𝟒 𝟓 𝟒
❤️𝐎𝐟𝐟𝐢𝐜𝐞: 𝟎 𝟗 𝟐 𝟓 𝟎 𝟏 𝟓 𝟎 𝟎 𝟒 𝟒

🏠 ဆေးခန်းလိပ်စာ။ အမှတ်(၂၉)၊ မင်္ဂလာလမ်း၊ စမ်းချောင်းမြို့နယ်။

❣️Youtube မှာ Subscribe လုပ်ပေးခဲ့ပါနော်
https://youtu.be/TT6sU6viM2s?si=9GjMNFEcmHk1oXF5

𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 - https://maps.app.goo.gl/rJNenS93v4HLHrJR8?g_st=iv617

#ရွှေခတ္တာ #အပူဒဏ်
#တိကျ_မှန်ကန်_မြန်ဆန်_သက်သာ_ရွှေခတ္တာ

Address

Sanchaung
Yangon
11111

Telephone

+959250150044

Website

Alerts

Be the first to know and let us send you an email when Dr Ye Hein Htet Aung - Shwe Khatta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Ye Hein Htet Aung - Shwe Khatta:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram