Phoenix May "Social Support Service"

Phoenix May "Social Support Service" I Can't Promise To Fix All Your Problems, But I Can Promise You Won't Have To Face Them All Alone!

မနေ့က စျေးသွားပြီး အပြန် ကောက်ရိုးမှိုနဲ့ ကန်စွန်းရွက် ဝယ်လာပြီး ကြော်စားမိတာ နှစ်နာရီလောက်ကြာတော့ ခြေထောက်တွေ လက်တွေ စယ...
25/02/2023

မနေ့က စျေးသွားပြီး အပြန် ကောက်ရိုးမှိုနဲ့ ကန်စွန်းရွက် ဝယ်လာပြီး ကြော်စားမိတာ နှစ်နာရီလောက်ကြာတော့ ခြေထောက်တွေ လက်တွေ စယားလာတယ်။ နောက် သုံးနာရီအကြာ တစ်ကိုယ်လုံးယားပြီး အဖုကြီးတွေ ထွက်လာရော.....

ချက်ချင်း ဆေးဆိုင်သွား ဆရာဝန်ပေးတဲ့ cetrizine နဲ့ cevit သောက်လိုက်မှ ညဘက် အိပ်ပျော်သွားတယ်.....မနက်အိပ်ရာနိုးတော့ သက်သာသွားပေမယ့် ဆေးအရှိန်ကြောင့် ခေါင်းတော့နည်းနည်းမူးနေသေးတယ်

ပေးချင်တဲ့ message က ကျမတို့က ခန္တာကိုယ် မကျန်းမာရင် သက်ဆိုင်ရာ ဆရာဝန် သမားတော်ဆီ ပြသပေမယ့်..... တကယ် အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ကျန်းမာရေး မကောင်းရင် တတ်ကျွမ်းနားလည်သူဆီ သွားရောက်ကုသမှုခံယူဖို့ အင်မတန် ဝန်လေးကြတယ်.....

အကျိုးဆက်အနေနဲ့ စိတ်ဓာတ်ကျရာကတစ်ဆင့် မိမိကိုယ်ကို အဆုံးစီရင်မှုအထိ ဖြစ်တတ်ကြလို့ လိုအပ်ရင်လိုအပ်သလို ကုသမှုခံယူစေချင်ပါတယ်ရှင့်.....

အားလုံးပဲ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ🙏❤

11/08/2022

ခုတလော ​အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အရင်ထက်စာရင် ပိုတွေ့ ပိုကြားသိလာရတယ်

တချို့အမျိုးသမီးတွေ တအားချစ်တတ်တယ်။ အိမ်ထောင်ဖက်ကို လိုသေသေးမရှိပြုစုယုယတတ်တယ်။ သားသားမီးမီးလေးတွေ မွေးပေးတယ်။ ကျန်းမာရေးနဲ့အညီ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးတတ်တယ်။

ဒါပေမယ့် သတိမထားမိတာတစ်ခုက အလိုလိုက် အကြိုက်ဆောင်ရုံနဲ့ အိမ်ထောင်ဖက်က အပြစ်မမြင်ဘဲ တစ်သက်လုံး ချစ်သွားမယ် ထင်နေကြတာ

တကယ်တော့ အချစ်ဆိုတာ ပြောင်းလဲတတ်တယ်

အထူးသဖြင့် စိတ်နာစရာ၊ စိတ်ပျက်စရာတွေအချက်တွေ တစထက်တစ စုလာခဲ့ရင်..... တိတ်တိတ်လေး စိတ်ကုန်လာတတ်တယ်။ စကားနည်းလာသလို အနားမှာရှိနေရင်ကို ပူလောင်လာသလို ခံစားရတယ်။ အဲလိုအချိန် သူတို့ကို နားလည်ပေးတဲ့ အလိုက်သိတဲ့ သူတစ်ယောက်နဲ့ တွေ့ခဲ့ရင် (အထူးသဖြင့် ယောကျ်ားလေးတွေ) ဘာကိုမှ မငဲ့ညှာမထောက်ထားတော့ဘဲ စိတ်ပျော်ရာ ရှာကြတော့တယ်။

အဲလိုတွေ ကြုံလာခဲ့ရင် အရင်ဆုံး မိမိကိုယ်ကို ဆန်းစစ်စေချင်တယ်။ ဘာတွေ လိုအပ်ချက်ရှိနေလည်း။ ဘယ်လိုအချက်တွေကို ပြုပြင်သင့်လည်း ဆိုတာကအစ။ လိုအပ်ရင် ကိုယ့်အိမ်ထောင်ဖက်နဲ့ အချိန်ယူ အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေချင်တယ်။ ဗီဇပါလာရင်တော့ ပြုပြင်ဖို့ တအားကို ခက်ခဲပါတယ်နော်

တစ်ခါတလေ ကိုယ်တိုင်က " ငါ ဒီလောက်သူ့အပေါ်ကောင်းရဲ့သားနဲ့ သူမို့လုပ်ရက်တယ် " ဆိုပြီး ကိုယ့်ရဲ့ လိုအပ်ချက်ကို သတိမမူ ဂူမမြင်တတ်ကြဘူး။ အဲ့လိုအချိန်မှာ ကိုယ့်ကို အမှန်အတိုင်း ရိုးရိုးသားသားဝေဖန်ပြောရဲတဲ့သူကို တွေ့ပြီး ဆွေးနွေးကြည့်စေချင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ Marriage Counselling ရဲ့အသုံးဝင်မှု အသုံးတည့်မှုကိုနားလည်ပြီး တွင်ကျယ်ခေတ်စားနေတာ ဖြစ်ပါတယ်။

ဘယ်သူ့ကြောင့်လို့ လက်ညှိုးမထိုးခင် ကိုယ့်ကိုကိုယ် အရင်ဆုံး ပြန်ဆန်းစစ်စေချင်ပါတယ် 🙏

ပထမဆုံးအ​နေနဲ့ ⏩ ကိုယ်တိုင်က အရင် ချစ်စခင်စ ကြင်နာစလို အချိန်တိုင်း မိုးလင်းကနေ မိုးချုပ် ညအိပ်ရာဝင်တဲ့အချိန်ထိ မွှေးကြိုင်သန့်ရှင်းအောင် နေရဲ့လား

ဒုတိယအချက် ⏩ ကိုယ်တစ်ယောက်တည်း မဟုတ်တော့တဲ့အတွက် အိမ်ထောက်ဖက်အပေါ်အများကြီး ဖြည့်တွေးမှု၊ တစ်ယောက်နှင့်တစ်ယောက် ညှိနှိုင်းမှု၊ ပွင့်လင်းမြင်သာမှု၊ ရိုးသားသစ္စာရှိမှု၊ ညှာတာထောက်ထားစိတ်တွေ အကောင်းမြင် စာနာစိတ်တွေ တနေ့ထက်တနေ့ ပိုတိုးတက်ပြုပြင်လာပြီလား

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက် ⏩ နေထိုင်တဲ့အိမ်က သာယာနေချင်စဖွယ် အမောပြေရာနေရာ ဖြစ်မဖြစ်။

💖 လူ၊ စိတ်၊ အိမ်..... လှအောင်ဆင် 💖

အားလုံးပဲ သာယာပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ပိုင်ဆိုင်နိုင်ကြပါစေ ❤

06/08/2022

မနေ့က အသက် ခုနှစ်ဆယ်ကျော် အဘွားတစ်ယောက်က သူ့အတွေ့အကြုံတွေ ပြောပြတဲ့အခါ ဘယ်လိုမှ မထင်မှတ်ထားတဲ့ သတိထားစရာအချက်လေးတစ်ချက်ပါလာလို့ ပြောပြပေးပါရစေ 💜

အိမ်ထောင်ပြုတော့မယ်ဆိုရင် အမျိုးသမီးတွေက များသောအားဖြင့် အိမ်ဖထာင်ဖက်ဖြစ်လာမယ့်သူရဲ့ စိတ်နေသဘောထား၊ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အချင်း၊ ကိုယ်ကျင့်သိက္ခာ၊ အနာဂတ်ရည်မှန်းချက် ..... စသည့်အချက်တွေကို အဓိကထားစဥ်းစားတတ်ကြပေမယ့် တကယ် ကိုယ်နဲ့ တစ်သက်လုံး တူတူရှိနေမယ့်သူရဲ့ အနံ့..... ဥပမာ - ကိုယ်သင်းနံ့ကို ထည့်သွင်းစဥ်းစားဖို့ မေ့လျော့နေတတ်ကြတယ်ဆိုတာလေးကို ထောက်ပြပေးသွားတဲ့အဘွားကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့် 🙏🙏🙏

ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် မျှဝေပေးခြင်း ဖြစ်ပါသည်ရှင့် ❤

06/07/2022

အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တစ်ခု..... 🎶
မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တစ်ခု..... 🎶

ငယ်ငယ်တုန်းက အဲဒီသီချင်းကို အမြဲလိုလို ကြားခဲ့ရပေမယ့် အဓိပ္ပါယ်ကို သေချာ နားမလည်ခဲ့ဘူး။

ခုအချိန် နားလည်မိတဲ့ အချစ်ဆိုတာက .....

အချစ်ဆိုတာ မီးပွားနဲ့တူတယ် 💥
မီးပွားတွေစုလာရင် မီးပန်းလေးလိုဖြစ်ပြီး တအားချစ်ဖို့ကောင်းတယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တချို့သော အကြောင်းအရာတွေက လောင်စာလိုဖြစ်သွားခဲ့ရင် ပူလောင်မှုနဲ့ အဆုံးသတ်တတ်တယ် 🔥

ရေကြည်တစ်ပေါက်ဖြစ်ခဲ့ရင်တော့ မီးပွားလေးက ငြိမ်းသွားတယ်ထင်ရပေမယ့် အေးမြတဲ့ ကြည်လင်သန့်စင်တဲ့ မေတ္တာ..... သံယောဇဥ်က အစားထိုးဝင်ရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာက အသစ်တဖန်ပေါက်ဖွားလာပြီး တစ်သက်တာခိုင်မြဲသွားတယ်ဆိုတာ သိခဲ့ရတယ် 💝

💖 ချစ်တဲ့သူတိုင်း ချစ်တတ်ကြပါစေ 💖

10/06/2022

မင်္ဂလာပါရှင် 💞

မနက်ဖန် ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ငါးရက်ကြာ ထရိန်နင်တစ်ခု တက်ဖို့ရှိလို့ appointment ယူမယ်ဆိုရင် 09954215280 ကို ကျေးဇူးပြုပြီး sms ပို့ပေးပါရှင့်။ အမြန်ဆုံး ပြန်ဆက်သွယ်ပေးပါ့မယ်နော်။ ကျေးဇူးတင်ပါတယ်ရှင့်

17/05/2022

အန်တီ အိမ်ထောင်ကျပြီး အန်တီ့အမျိုးသားနေတဲ့မြို့ကို လိုက်သွားခဲ့တယ်..... အဲဒီတုန်းက အန်တီက အသက်တအားငယ်သေးတယ်..... အိမ်မှုကိစ္စလည်း နားမလည်၊ ကျောင်းတက်နေရင်းနဲ့ အိမ်ပြန်နောက်ကျရင် အမေဆူမှာ ရိုက်မှာစိုးလို့ ယောကျ်ားနောက်လိုက်ပြေးမိတာ..... အန်တီကလည်း အန်တီ့ယောကျ်ားကို တအားချစ်တာကိုး။ အန်တီက ကျောင်းမှာ နှစ်တိုင်းဆုရနေကျဆိုတော့ ခုလို ကျောင်းပြေးပြီး ရည်းစားနဲ့ ချိန်းတွေ့လို့ အိမ်ပြန်နောက်ကျတာကို အန်တီ့အမေ သိရင် အန်တီ့ကို သတ်မှာ.....

အန်တီ့အမျိုးသားအိမ်ရောက်တော့ ထမင်းကို တစ်ခါစားရင် တစ်ပန်းကန်ပဲကျွေးတယ်..... အန်တီက သားဦးကိုယ်ဝန်ကြီးနဲ့ ဗိုက်ဆာတော့ ယောက္ခမတွေ သိရင် ဆူမှာစိုးလို့ သူတို့မသိအောင် ထမင်းအိုးထဲက ထမင်းကို အပေါ်ယံလေးတွေ ရှပ်ပြီးစားခဲ့ရတယ်.....

အဲ့တော့ ဗိုက်ဝလားအန်တီလို့ မေးမိတော့.....ဗိုက်မဝဘူး နည်းနည်းပဲစားရလို့တဲ့ 😥😥 ကိုယ်ဝန်ကြီးနဲ့ အန်တီဗိုက်တအားဆာတာကို သူတို့တွေက စာနာစိတ်မရှိကြဘူး။ အန်တီ့ကို ထမင်းဝအောင် မကျွေးကြဘူး။ အန်တီ သူတို့ကို မုန်းတယ်။ တအားစိတ်နာတယ် ဆိုပြီး ပြောရင်းနဲ့ မျက်ရည်တွေဝဲလာတယ်။ မငိုမိအောင် ကြိုးစားထိန်းနေတာကိုကြည့်ရင်း ကျမလည်း ရင်တွေနာပြီး မျက်ရည်ဝဲမိတယ်။

ဒါပေမယ့် ကျမရဲ့ ခံစားချက်ကိုထိန်းပြီး.....
အန်တီ ကိုယ်ဝန်ကြီးနဲ့ ဗိုက်တအားဆာတာ၊ ထမင်းတစ်ပန်းကန်နဲ့ မဝဘူးဆိုတာ အန်တီ့ယောက္ခမကို ပြောပြဘူးလားအန်တီ လို့ ကျမ မေးလိုက်မိတယ်။

ကျမစကားဆုံးသွားတဲ့အချိန်... အေးဆေးတည်ငြိမ်သွားတဲ့ အန်တီ့မျက်နှာကိုကြည့်ရင်း... အန်တီအဖြေတစ်ခုကို ရှာတွေ့သွားပြီဆိုတာကို သတိထားလိုက်မိတယ်


စတွေ့ခါစက ဒေါသတွေ နာကျည်းမုန်းတီးမှုတွေနဲ့ ပြည့်နေတဲ့ အန်တီ့မျက်နှာ ခုတော့.... အေးချမ်းတည်ငြိမ်စွာနဲ့ အန်တီတို့ နောက်တစ်ပတ် တွေ့ကြမယ်နော် သမီး။ ခုလိုအချိန်ပေးတာ ကျေးဇူးတင်ပါတယ်တဲ့ 💖

Client ၏ ခွင့်ပြုချက်ဖြင့် နှစ်သိမ့်အားပေးဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ရပါသည်။

# Social Support Service
# Emotional Support
# Mental Health

08/03/2022

"အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တယ်"

ကျမတို့အိမ်က ခွေးမလေး- Jeannie က အိမ်မှာမွေးထားတဲ့ ကြောင်လေးငါးကောင်ထဲကမှ အဲဒီကြောင်မလေး- အကြီးမကိုပဲ စလိုက် ကိုက်လိုက်လုပ်နေတာ တကယ်ဆိုရင် ကြောင်မလေးက ရှောင်ထွက်သွားလို့ရတဲ့ အခွင့်အရေး ရှိပါရက်နဲ့ တမင်သက်သက်ကို အနားမှာ ပေကပ်နေပြီး အကျီစားခံ၊ အကိုက်ခံနေတာ ..... လူတင်မဟုတ် တိရစ္ဆာန်တွေမှာပါ အလားတူအမူအကျင့်ရှိတယ်ဆိုတာ သတိထားလိုက်မိတယ်

Jeannie က သူ့အစာခွက်အနား တခြားကြောင်တွေ ကပ်လာတာကို လုံးဝလက်မခံပေမယ့် အကြီးမ လာစားရင်တော့ ရှောင်ထွက်ပေးတတ်တယ် ❤

ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာ တချို့က အဲလိုမျိုး ..... စိတ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ် ကိုယ့်ကို နိုင်စားလေ့ရှိတဲ့သူကို အပြစ်မမြင် တိုးလို့ချစ်ခင်တတ်ကြတယ်

အပြောဆိုးပေမယ့် နှလုံးသားဖြူတဲ့သူတွေ၊ တမင်သက်သက် စိတ်စမ်းတဲ့သူ အချစ်စမ်းတဲ့သူတွေ၊ တချို့ကတော့ သူများကို အနိုင်ကျင့်ရမှ စားဝင်အိပ်ပျော်တဲ့ အကျင့်ရှိတဲ့သူတွေ ..... ဘာကြောင့်ပဲဖြစ်ဖြစ် ကာယကံရှင်ကိုယ်တိုင်က သဘောတူကြည်ဖြူနေတာကို ဘေးပတ်ဝန်းကျင်က မခံနိုင်လို့ဝင်ပါမိတော့ .....

ကြားသုံးကြားမဝင်နဲ့ဆိုတဲ့ လူကြီးသူမတွေရဲ့ အမြော်အမြင်ရှိတဲ့ ဆုံးမစကားက တကယ်ကို အဖိုးတန်တဲ့ အမှန်တရား ဆိုတာ သိသာထင်ရှားလာခဲ့တယ်။

တကယ်တန်းတော့ ချစ်လို့ သည်းခံတာ၊ သနားလို့ ..... တစ်ဖက်သားကို နားလည်စာနာလို့..... ကိုယ်မှ သည်းမခံရင် သူ့အနားမှာ တစ်ယောက်မှ ရှိမနေပေးမှာ စိုးရိမ်လို့..... စသဖြင့် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်နားလည်သည်းခံပေးတတ်ကြတဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားတတ်ရင်တောင်
ဘာကြောင့် ငါ့ကို ဒီလိုနားလည်ခွင့်လွှတ်ပေးရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ရှာကြည့်စေချင်တယ်။ ကိုယ်တစ်ယောက်တည်းရှာလို့ မသေချာရင် ပွင့်ပွင့်လင်းလင်း မေးမယ်..... ရိုးရိုးသားသားနဲ့ အရှိကိုအရှိအတိုင်းဖြေမယ် အချိန်မီ ပြုပြင်သင့်တာ ပြုပြင်မယ်ဆိုရင် ဒီလို တဖက်စောင်းနင်းအဓမ္မဆန်တဲ့ဆက်ဆံရေးကနေ တကယ်ကို အများအားကျရလောက်တဲ့ဆက်ဆံရေး ပိုင်ဆိုင်လာမယ်ဆိုတာ မလွဲဧကန်ပါပဲရှင်

❤ ချစ်သူတိုင်း ရင့်ကျက်တည်ငြိမ်ပြီး အပြောင်းအလဲ မရှိတဲ့ စစ်မှန်တဲ့ချစ်ခြင်းမျိုးကို တစ်သက်တာ ထာဝရပိုင်ဆိုင်ကြပါစေ ❤

02/02/2022

ငယ်ငယ်တုန်းက ကျောင်းကားအတူတူစီးတဲ့ ဆရာမတစ်ယောက်ရှိတယ်။ အဲ့တီချယ်က အမြဲလို မျက်နှာကြောတင်းပြီး နှုတ်ဆက်ရင်တောင် ပြုံးမပြတတ်တော့ စိတ်ထဲမှာ သဘောမကောင်းဘူးထင်ခဲ့မိတာ အထက်တန်းကျောင်းသူဘဝ ကိုယ်တွေရဲ့ အတန်းပိုင်ဖြစ်တဲ့အချိန်ထိ။

အတန်းပိုင်ဆရာမဖြစ်တော့မှ တီချယ်က စိတ်ထားတကယ်ဖြူစင်သဘောကောင်းတဲ့သူ၊ စာနာနားလည်ပေးတတ်တဲ့သူဆိုတာသိလာရတယ် ❣ ဆယ်တန်းအောင်ပြီး Study guide လုပ်ရင်းနဲ့ ကွန်ပြူတာစာစီစာရိုက်နဲ့ မိတ္တူဆိုင်လေး အင်းစိန်စုပေါင်းရုံးဝင်းထဲမှာ ဖွင့်ဖြစ်တော့လည်း တီချယ်က အမြဲအားပေးခဲ့ပေမယ့် ခုတော့ မရှိရှာတော့ပါဘူး။ သမီး တီချယ့်အပေါ်ကို ငယ်ငယ်ကလေးဘဝတုန်းက မနောကံမြောက် ပြစ်မှားမိခဲ့တာကို ဝန်ချတောင်းပန်ပါတယ် တီချယ် 🙏🙏🙏

ပြောပြချင်တာက..... ကျမတို့က လူတွေကို အပေါ်ယံအမြင်နဲ့ ခဏတာ ကြုံလိုက်ရတဲ့ အပြုအမူ အပြောအဆို အနေအထိုင်ပေါ်မူတည်ပြီး အကဲဖြတ်လိုက်ကြတယ်။ ဘာကြောင့် ဘယ်လိုဆိုတဲ့ ​အကြောင်းအရင်းကို ထည့်သွင်းစဥ်းစားတဲ့အလေ့အကျင့်မှာ အားနည်းတတ်ကြတယ်။

မိသားစု၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် အပေါင်းအသင်းကြားထဲမှာလည်း အပြုသဘောဆောင်တဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့အလေ့အထကို လက်ခံနိုင်တဲ့ယဥ်ကျေးမှု ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားမလာအောင် တားဆီးထားတဲ့အရာတွေက အများကြီးရှိနေတာကို တွေ့ရတယ်။

အသိဥာဏ်ရင့်ကျက်ပါတယ်ဆိုတဲ့ လူကြီးတွေတင်မကပါဘူး။ ခုမှ လူ့လောကကြီးထဲရောက်ခါစ ကလေးငယ်လေးတွေပါ အကြည့်အမြင်နဲ့ တစ်ဖက်သားကို အကဲခတ်တာ သုတေသနပြုချက်တစ်ခုအရ တွေ့ရှိခဲ့ရပါတယ်။

အသက် ၃ နှစ်ကနေ ၁၃ နှစ် ရှိတဲ့ ကလေး အယောက် ၃၅၀ နဲ့ အရွယ်ရောက်ပြီးသားသူတွေကို ကွန်ပျုတာဖန်သားပြင်က မျက်နှာတွေပြပြီးသဘောကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ရွေးချယ်ခိုင်းတဲ့အခါမှာ အသက် ၃ နှစ်အထက်ကလေးတွေဟာ ယုံကြည်ထိုက်သူ၊ ခင်မင်နှစ်လိုဖွယ်ကောင်းသူ၊ ဆွဲဆောင်လွှမ်းမိုးနိုင်စွမ်းရှိသူတွေကို သဘောကောင်းတဲ့သူလို့ ရွေးချယ်ကြပြီး ဆန့်ကျင်ဖက် မျက်နှာအသွင်အပြင်ရှိတဲ့သူကို သဘောထားဆိုးတဲ့သူလို့ ရွေးချယ်ကြတာ တွေ့ခဲ့ရတယ်။

ကွတ်ကီးမုန့်တစ်ခုပဲရှိတယ်။ ဘယ်သူ့ကိုပေးမလည်း ဆိုတော့လည်း အလားတူရွေးချယ်မှုမျိုးကိုပဲ ပြုလုပ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်။

တကယ်တော့ လူ့လောကကြီးအကြောင်း လူ့သဘော လူ့မနောကို ဘာဆိုဘာမှ မသိသေးတဲ့ ဖြူစင်အပြစ်ကင်းတဲ့ ကလေးလေးတွေတောင် မျက်နှာအမူအရာကို ကြည့်ပြီး ဝေဖန်အကဲဖြတ်တတ်ကြတယ်ဆိုတော့ လူကြီးတွေ လုပ်တတ်ကြတာ တကယ်တော့လည်း လူ့သဘာဝလို ဖြစ်နေခဲ့ကြတယ်။

ဆက်လက် ဖော်ပြပါမည် ❤

Judgemental Society နဲ့ပတ်သက်ပြီး မကြာခင် တင်ပေးပါ့မယ်ရှင့် 💜
02/02/2022

Judgemental Society နဲ့ပတ်သက်ပြီး မကြာခင် တင်ပေးပါ့မယ်ရှင့် 💜

26/01/2022

တကယ်ဆိုရင် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံမှာ အမတို့လို သူမျိုးတွေ ထားပေးသင့်တာ..... ကျနော်ဆို ဆေးရုံမှာ အရက်တက်ဖြတ်တာ ဒါနဲ့ဆို ၃ ကြိမ် ရှိပြီ။ အရင်က ဆေးရုံတက်ဖြတ်လို့ရပေမယ့် အခုတကြိမ် ပြင်းထန်လူနာကလွဲရင် လက်မခံတော့လို့ ဆေးပဲပေးတာနဲ့ မိတ်ဆွေတစ်ယောက်က လမ်းညွှန်လို့ အမနဲ့ ခုလို လာတွေ့ဖြစ်တာ.....

ကျနော် အရက်ဖြတ်တော့ သူတို့ပေးတဲ့ဆေးတွေက အိပ်ချင်တယ်..... လူက လေးလံထိုင်းမှိုင်းနေပြီး ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး အိပ်ရာထဲပဲ ခွေနေချင်တာ.....အရက်တော့ တကယ်ပြတ်သွားတယ်.....

ဒါပေမယ့်ဗျာ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်တော့လည်း ​အပေါင်းအသင်းဆွယ်တာနဲ့ ပြန်သောက်ဖြစ်ရာကနေ ကျန်းမာရေးထိခိုက်ပြီး မူးလဲရာကနေ ခုပြန်ဖြတ်ချင်တာ.....


ကျနော်တို့ လိုအပ်နေတာ အမလို စိတ်ကို စိတ်နဲ့ ကုပေးစေချင်တာ..... ဆေးရုံမှာ ကျနော်တို့လို လူနာတွေကို အမလို စိတ်ရှည်လက်ရှည် နားထောင်ပေး လမ်းညွှန်ပေးတဲ့သူ မရှိဘူးဗျာ..... ကျနော်တို့ အရက်သမားဖြစ်ရတဲ့အကြောင်းရင်း၊ အရက်ကို ဖြတ်ပြီးမှ ဘာလို့ ပြန်သောက်ရလည်းဆိုတာ နားထောင်ပေးမယ့်သူမရှိဘူး......ဘယ်သူမှ အရက်ကို ပျော်လို့သောက်တဲ့သူမရှိပါဘူး အမရယ် ......

ခုတော့ ကျနော် ရှေ့ဆက် မိသားစုအတွက်၊ ကျနော့်ဘဝအတွက် အလုပ်ကြိုးစားမယ်။ အရက်ကိုလုံးဝဖြတ်လို့မရပေမယ့် လျှော့သောက်မယ်လို့ ကတိပေးပါတယ်။ ကျေးဇူးတင်ပါတယ် အမ

Client ၏ ခွင့်ပြုချက်ဖြင့် နှစ်သိမ့်အားပေးဆွေးနွေးမှု တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ရပါသည်။

မြန်မာပြည်သူပြည်သားများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသုခနှင့် ပြည့်စုံကြပါစေ 🙏🙏🙏

Support Service
Support
Health

05/01/2022

ကျမရဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြချင်ပါတယ်ရှင့် 💞

အင်မတန်ကို စည်းကမ်းကြီးတဲ့ ကျောင်းဆရာဖေဖေနဲ့ သားကိုသခင် လင်ကိုဘုရားလို ကိုးကွယ်တဲ့ ပြည်သူ့ဝန်ထမ်းမေမေကနေ ဒုတိယမြောက်သမီးအဖြစ်နဲ့ မွေးဖွားလာခဲ့ရပြီး ဘဝသမား ကျမလေးတန်းအရွယ်ကစလို့ နို့ညှာမောင်လေးနဲ့ ညီမလေးအငယ်ဆုံးလေးကို မေ့မေ့ဝမ်းက ကျွတ်စအရယ်ကလေးဘဝတည်းက ထိန်းကျောင်းရင်း အိမ်လုပ်တွေကိုလည်း ဝိုင်းကူလုပ်ပေးရင်းနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၁၉၉၆ ခုနှစ်မှာ ဖြေဆိုအောင်မြင်ခဲ့ပြီးတဲ့နောက် ဆယ်တန်းကျောင်းသားတွေကို Study Guide အနေနဲ့ လုပ်ပေးခဲ့တာ ၁၉၉၉ ခုနှစ် ကွန်ပျုတာနဲ့ မိတ္တူဆိုင်လေး စဖွင့်တဲ့အချိန်ထိဖြစ်ပါတယ်။ နောက်တော့ ဆိုင်တစ်ဖက်နဲ့ ၂၀၀၀ ခုနှစ်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရွာသာကြီးမှာ တက်ရောက်ပညာသင်ကြားရာကနေ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ၂၀၀၃ ခုနှစ်မှာ ဘွဲ့ရရှိပြီးတဲ့နောက် ဝန်ကြီးဌာနတစ်ခုမှာ စိစစ်ရေးမှူး-၂ အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်အနည်းငယ်အကြာမှာ ပြင်ပလောကကို ပြန်လည်ရောက်ရှိလာပြီး အလုပ်လုပ်ရင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ Diploma in Social Work နှင့် ဘွဲ့လွန်အသုံးချစိတ်ပညာဒီပလိုမာသင်တန်း၊ မြန်မာ ဝိုင်အမ်စီအေကဖွင့်တဲ့ Basic Counselling Training သင်တန်း တက်ရောက်ပြီးတဲ့နောက် Padummar Group မှာ Volunteer Counsellor အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်ရှင့်။

ကိုဗစ်ကာလမှာ အများပြည်သူရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေ အထူးသဖြင့် ယခုလိုကာလအတွင်း စိတ်အလိုမကျမှု၊ ပူဆွေးဝမ်းနည်းမှု၊ အထီးကျန်အားငယ်မှု၊ ဒွိဟဖြစ်မှု၊ မိမိကိုယ်ကို အဆုံးစီရင်ချင်လောက်အောင်စိတ်ဓာတ်ကျဆင်းမှုတွေ စသဖြင့် ရင်ဆိုင်ခံစားနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျမတတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာက ကူညီဖြည့်ဆည်းပေးချင်တဲ့ ရည်ရွယ်ချက်ကနေ အစပြုပြီး ယခုလို စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမပေးတဲ့ ဝန်ဆောင်မှု စတင်မွေးဖွားလာခဲ့ရခြင်း ဖြစ်ပါတယ်ရှင့်။

*** အထူးသဖြင့် ***

🗼🗼 100 % ယုံကြည်စိတ်ချရတဲ့သူကို ရှာနေတဲ့သူ

🔒🔒 ကိုယ့်ရဲ့ privacy ကို ဘယ်လိုအချိန်၊ ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်းမျိုးနဲ့မှ ပေါက်ကြားမှုမရှိစေချင်သူ

♦♦ တိုင်ပင်ဆွေးနွေးသမျှ ထိပ်တန်းအထူးလျို့ဝှက်အနေနဲ့ နှစ်ကိုယ်ကြားပဲ သိစေချင်သူ

🎵🎵 ခံစားရသမျှကို မခြွင်းမချန် ပြောပြနိုင်ပြီး ရင်ဘတ်ကြီးနဲ့ ထပ်တူစာနာနားလည်ပေးနိုင်မယ့်သူကို ရှာဖွေနေတဲ့သူ

♥♥ ရင်ဖွင့်သမျှကို နှလုံးသားနဲ့ နားထောင်ပေးမယ့်သူကို ရှာဖွေနေတယ်ဆိုရင်ဖြင့် . . . . .

ဖုန်း 09954215280 ကို မနှေးအမြန် ဆက်သွယ်လိုက်ပါနော်

PHOENIX MAY "Social Support Service" လုပ်ငန်းသစ် စတင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတစ်လလုံး 50 % discount ပေးအပ်သွားမယ်ဆိုတာကို သတင်းကောင်းပါးအပ်ပါတယ်ရှင့် 😍

ဆုံတွေ့မှုတိုင်းမှာ စိတ်ပိုင်းဆိုင်ရာအရအကျိုးကျေးဇူး တစ်စုံတစ်ရာမက အများကြီးရရှိသွားမယ်ဆိုတာ အထူး အာမခံပါတယ်နော် 💖💖

မြန်မာပြည်သူပြည်သားများအားလုံး နှစ်သစ် ၂၀၂၂ ခုနှစ်ကစလို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေ 🙏🙏🙏

Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959954215280

Website

Alerts

Be the first to know and let us send you an email when Phoenix May "Social Support Service" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phoenix May "Social Support Service":

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram