Tarot By Nine

Tarot By Nine မင်္ဂလာပါရှင်
လူကြီးမင်းတို့ရဲ့ကံကြမ္မာ အလှည့်အပြောင်း အဆိုးအကောင်းကို မေးမြန်းနိုင်ပါပြီရှင်

  (12) ကနေ June 28 အထိ ရက်သတ္တပတ်တာ စက်၀န်းတဖြတ် မှာကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့ တနည်းအားဖြင့်ပျောက်ကွယ်နေတဲ့ Dark side(Inne...
12/06/2025

(12) ကနေ June 28 အထိ ရက်သတ္တပတ်တာ
စက်၀န်းတဖြတ် မှာ
ကိုယ့်ရဲ့ ဖုံးကွယ်ထားတဲ့
တနည်းအားဖြင့်
ပျောက်ကွယ်နေတဲ့ Dark side(Inner mind)တွေ ရုတ်တရက် ဖြစ်ပေါ်လာပြီး မရည်ရွယ် ၊မကြံစည်ပေမယ့်လည်း လူမှုပတ်၀န်းကျင် ၊ ချစ်သူသမီးရည်းစား အကြား ဗျာများလောက်အောင် ပြသနာအစဆွဲထုတ်မိသလိုဖြစ်မယ့်
ရာသီခွင်ကံထူးရှင်လေးတွေကတော့



♏ တို့တသိုက် ဖြစ်ကြပါတယ်။

မိမိ ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ မျိုသိပ်ရတာများတာ ကနေအစပြုပြီး ရတာမလို ၊ လိုတာမရ ထပ်ခါ ထပ်ခါ အဖြစ်များလို့ ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းတွေ လျော့ကျပြီး ချုပ်တည်းထားသမျှ ထုတ်ဖော်မိတဲ့အခါ အချိန်အခါ ၊ နေရာဒေသ ၊ လူပုဂ္ဂိုလ် အယူအဆ အတွေးအခေါ်တွေ ညှိမရဖြစ်ပြီး ကိုယ်ကပဲ ပြသနာရှာသလိုလေးတွေဖြစ် ကိုယ်ကပဲ ပြန်နာကျင်ရတာမျိုးလေးတွေဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့်မို့ ယခုကာလအတွင်း မိမိရဲ့ စိတ်ခံစားချက်တွေကို အလိုလိုက်ပြီး အလွန်အကျူးထုတ်ဖော်ပြတဲ့အခါတွေမှာသတိထားဖို့ရယ် ၊ တဖက်သားရဲ့ အပြောအဆိုကို အဓိပ္ပါယ် သေချာသိနားလည်သဘောပေါက်အောင် ဆင်ခြင်ပြီးမှ တုံ့ပြန်ပြုမူဆက်ဆံ ဖို့ရယ်ကို အထူး သတိထားသင့်ပါတယ်နော်။
(P.s မဆီမဆိုင် ဘာနေနေ ကြားကနေ ကန့်လန့်ညှပ်နေမယ် ကံထူးရှင်ကတော့
♓ ဖြစ်ပါကြောင်းနှင့် အထူးပျော်လို့ရပါကြောင်းထပ်လောင်းအသိပေးလိုက်ပါ၏)

တစ်ခုကို ဖုန်း lock screenမှာထားတစ်ခုကို wallpaperထား ပြတ်လပ်သွားရင်တောင် ခဏပဲ
02/06/2025

တစ်ခုကို ဖုန်း lock screenမှာထား
တစ်ခုကို wallpaperထား
ပြတ်လပ်သွားရင်တောင် ခဏပဲ

16/10/2024

ဒီနေ့ tarot reading နားပါတယ်ရှင်

အကြားအမြင်ရနေတာတော့မဟုတ်ပေမယ့်ကဒ်ကိုင်ပြီးဟောရတာထက်ကိုယ့်ရဲ့တခြားsideတစ်ခုကနေကြည့်ပြီး ဟောပေးပြောပေးရတာကို ပိုပြီးသဘောကျ...
04/10/2024

အကြားအမြင်ရနေတာတော့မဟုတ်ပေမယ့်
ကဒ်ကိုင်ပြီးဟောရတာထက်
ကိုယ့်ရဲ့တခြားsideတစ်ခုကနေကြည့်ပြီး ဟောပေးပြောပေးရတာကို ပိုပြီးသဘောကျတယ်

11/09/2024

ကျွဲပါးစောင်းတီးပြလည်း ကျွဲက သီချင်း လိုက်ဆိုပေးမှာမှ မဟုတ်တာ
အရူးနဲ့ပြိုင်ငြင်းစရာမလိုသလို ခွေးဟောင်တိုင်းလည်း ထကြည့်စရာမလိုဘူးလေ
ကိုယ်ယုံကြည်ရာ ဆက်လျှောက် ✌️✌️

ဒါလည်းပီယတစ်မျိုးပါပဲလေ 🥰🥰
20/08/2024

ဒါလည်းပီယတစ်မျိုးပါပဲလေ 🥰🥰

25/07/2024

🧿July26-2024တစ်ရက်တာ🧿

စပ်တူလုပ်ငန်းကိစ္စများ၊အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း၊ အပေးအယူကိစ္စများအဆင်ပြေနိုင်သောနေ့ဖြစ်ပါသည်။

ရေမွေး/wineကဲ့သို့သော အရည်နှင့်ပတ်သတ်သော ပစ္စည်းများလက်ခံရရှိတတ်ပါသည်

ကျန်းမာရေးအနေဖြင့် ခေါင်းကိုက်ခြင်း ၊အအေးမိခြင်းနှင့် ဆေးများသောက်သုံးရခြင်း၊ခြေဖျားထိပ်ထိခိုက်ခြင်း၊ ဆေးရုံဆေးခန်းသွားရခြင်းတို့ ဖြစ်တတ်ပါသည်
မြွေနှင့်ခွေးအန္တရာယ်သတိပြု့ပါ

အချစ်ရေးတွင် အဆင်ပြေချောမွေ့ပါလိမ့်မည် ကြည်နူးစရာအခိုက်အတန့်များပိုင်ဆိုင်ရတတ်သည်
အချစ်သစ်တွေ့ဆုံရတတ်ပါသည်
စိတ်ဆိုးစိတ်ကောက်နေသူများအတွက်တော့ မိမိကစပြန်ချော့ပေးနိုင်လျင်ပို၍အဆင်ပြေပါလိမ့်မည်

ယတြာအနေဖြင့် တစ်စုံတစ်ခုအခက်အခဲကြုံလာပါက တစ်စုံတယောက်အား အအေးဖျော်ရည်လှူဒါန်း၍ ဆုတောင်းပေးပါ

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

24/07/2024

🧿July 25-2024တစ်ရက်တာ🧿

ငွေကြေးကူညီမှု့များ ၊ဆေးဝါး ဒါနပြု့ခြင်းများတတ်နိုင်သလောက်ပြု့သင့်သောနေ့ဖြစ်ပါသည်
မိမိအား အားကိုးတကြီးဖြင့်အကူအညီတောင်းခံသူများ ၊မိမိမှကူညီရမည့်သူများ၊ကျန်းမာရေးချို့တဲ့သူများ ရောက်ရှိလာတတ်ပါသည်
လုပ်ငန်းများ၌ မိမိ၏အမြတ်အစွန်းများ၊လုပ်ခလစာများ ခေါင်းပုံဖြတ်ခြင်းခံရတတ်သည်

ကျန်းမာရေးအနေဖြင့် ဦးခေါင်းထိခိုက်ခြင်း ၊ဖျားနာခြင်း၊ အအေးမိခြင်းတို့ဖြစ်တတ်ပါသည်
မိမိလိုအပ်သောဆေးဝါးများ ရှားပါးတတ်သည်

သူတပါးထံမှ အကူအညီတောင်းခံရမှု့များ ဖြစ်လာတတ်သည်
မိမိမှငွေကြေးအကူအညီတောင်းသည့်ကိစ္စများ အဆင်ပြေနိုင်ပါသည်

အချစ်ရေးတွင် ငွေပေး၍ဖြေရှင်းခံရမှု့များကြုံတွေ့ရတတ်ပါသည်
မာနကြီးသူများနှင့်ဆုံရတတ်ပါသည်

ယတြာအနေဖြင့် ငွေ တစ်ရာတန် ၆ရွက်အား လမ်း၌တောင်းရမ်းစားသူအား လှူပေးပါ

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

23/07/2024

🧿July 24-2024တစ်ရက်တာ🧿

အချုပ်အနှောင် ၊အဖမ်းအဆီးကိစ္စရပ်များအတွက် သတိထားသင့်သောနေ့ဖြစ်ပါသည်
မကောင်းမှန်းသိလျက်နှင့် မှားယွင်းသော လုပ်ရပ်များ ပြု့လုပ်မိတတ်ပါသည်
အထူးသဖြင့် အိမ်ထောင်ရေးကိစ္စများတွင်ဆင်ခြင်ပြီး နေထိုင်သင့်သောနေ့ဖြစ်ပါသည်

ကျန်းမာရေးအနေဖြင့် ဦးခေါင်း စူး၍နာကျင်ခြင်း ၊အသက်ရှူရခက်ခဲခြင်း၊ အအေးမိတတ်ခြင်း ၊အပူလောင်ခြင်းတို့ဖြစ်တတ်ပါသည်

အချစ်ရေးတွင် စိတ်အလိုလိုက်ခြင်းများ သတိပြု့သင့်ပါသည်

ငွေကြေးအာမခံမှု့များရှောင်ပါ
မှန်ကန်သော ငွေကြေးထက် အခြားတဖက်မှ ငွေကြေးများ ရတတ်ပါသည်

ယတြာအနေဖြင့် တစ်စုံတစ်ခုအခက်အခဲကြုံလာပါက
ဆိတ်စာကျွေးပြီး ဆုတောင်း နိုင်ပါသည်

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

22/07/2024

🧿July 23-2024တစ်ရက်စာ🧿

ကိုယ်တိုင်ဦးဆောင်၍ ပြု့လုပ်ထားသော လုပ်ငန်းကိစ္စများ အောင်မြင်ပါလိမ့်မည်
အမျိုးသားတစ်ဦး၏ကူညီမှု့များရရှိတတ်ပါသည်

ကျန်းမာရေးအနေဖြင့် အအေးမိခြင်း၊ဦးခေါင်းလေးလံကိုက်ခဲခြင်း၊လက်အကြောကပ်ခြင်း၊ အညောင်းထိုင်များခြင်းကြောင့်ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲမှု့များဖြစ်တတ်ပါသည်
ခြေဖမိုးနှင့် ဒူးခေါင်းတစ်ဝိုက်ထိခိုက်တတ်ပါသည်
လူမမာသတင်းမေးရခြင်းများကြုံရတတ်ပါသည်

ဖခင်ဖြစ်သူကြောင့် အချစ်ရေးအနည်းငယ်ပူပန်ရတတ်ပါသည်
အမျိုးသားများစန်းပွင့်ပါလိမ့်မည်

ယတြာအနေဖြင့် ဖခင်/အထက်လူကြီးအတွက် လိမ္မော်သီး၊ကဗ္ဗလာသီးကဲ့သို့ အသီးအနှံတခုခု လက်ဆောင်ပေးလိုက်ပါ

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

21/07/2024

🧿July22-2024တရက်တာ🧿

စိတ်နှစ်ခွဖြစ်ခြင်း၊
မိမိ၏စိတ်ဆန္ဒထက် တခြားသူ၏ ဆန္ဒအတိုင်း လုပ်ပေးရခြင်းက ပို၍များနေပါမည်
သို့သော်လည်း စိတ်ဆန္ဒကိုရှေ့တန်းမတင်ဘဲ လုပ်ရမည့်အရာများကို လုပ်ဆောင်ခြင်းက အကောင်းဆုံးအရာများဖြစ်လာတတ်ပါသည်

ကြိုးစားထားသော
လုပ်ငန်းကိစ္စများအောင်မြင်မည်

ကျန်းမာရေးအနေဖြင့် စိတ်ကျဥ်းကြပ်ရခြင်း ၊ ဦးခေါင်းပိုင်း ထိခိုက်ခြင်း၊ ခါးအောက်ပိုင်း ထိခိုက်ဒဏ်ရာဖြစ်တတ်ခြင်း၊များ ဖြစ်တတ်ပါသည်
အထူးသဖြင့် ဘီးတပ်ယာဥ်များနှင့်ခွေးအန္တရာယ်ဂရုစိုက်သင့်ပါသည်

အချစ်ရေးအနေဖြင့်လည်း စိတ်ဆန္ဒမပါဘဲ တာဝန်တခုအရ ဆက်ဆံရေး ပုံစံမျိုးကြုံရတတ်ပါသည်

အနေဝေးသူများ ပြန်လည်ဆုံစည်းရတတ်ပါသည်

မိမိနေရာအရပ်မှ ခေတ္တခဏ ထွက်ခွာရခြင်းများရှိတတ်ပါသည်

ယတြာအနေဖြင့် မိမိနေအိမ်မှ လိုက်ကာများကိုအသစ်လဲခြင်း ၊ လျှော်ခြင်းများလုပ်၍ ပျက်စီးနေသော လျှပ်စစ်မီးများရှိပါက စွန့်ပစ်၍ အသစ်လဲလှယ်လိုက်ပါ

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

20/07/2024

🧿July 21-2024 တရက်တာ🧿
အလုပ်အကိုင် အခွင့်အလမ်းကောင်းများတွေ့ရတတ်သောနေ့ဖြစ်ပါသည်

ပျော်ရွှင်စရာကောင်းသော ခရီးများ ရှိတတ်ပါသည်

ကျန်းမာရေးအနေဖြင့် ရင်ကြပ်ခြင်း၊ အပျော် ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ အသောက်အစားလွန်ခြင်းတို့ဖြစ်တတ်ပါသည်
ပွဲလမ်းသဘင်များနှင့်ကြုံရတတ်ပါသည်

မိတမိတ်ဆွေများနှင့် ပြန်လည် ရတတ်ပါသည်

အချစ်ရေးတွင် မိမိအား စောင့်စား မျှော်လင့်နေသူရှိပါလိမ့်မည်

ချစ်သူနှင့်အတူ ပွဲလမ်းများသွားရတတ်ပါသည်

ယတြာအနေနှင့် မိတ်ဆွေ ၂ဦးအား ပန်းလက်ဆောင်ပေးပါ

#ချစ်တဲ့
နိုင်း
Tarot By Nine
#တနေ့တာဆောင်ရန်ရှောင်ရန်

Address

Yangon
11010

Website

Alerts

Be the first to know and let us send you an email when Tarot By Nine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram