02/02/2022
👩⚕️ပြည်တော်ပြန်တွေကနေ တဆင့် ပြည်တွင်းကို တဖြေးဖြေး စိမ့်ဝင်ရောက်ရှိလာတဲ့ COVID-19 မျိုးကွဲသစ် Omicron အကြောင်းပြောပြချင်ပါတယ်..
🤧Omicron ကူးစက်ခံရပြီဆိုရင် (2) ရက် အတွင်း ရောဂါ လက္ခဏာ စပြပါတယ်
👉Delta နဲ့ အခြားမျိုးကွဲတွေဆို လက္ခဏာပြဖို့ (5) ရက်ကနေ (၁၄) ရက်ထိ ကြာတတ်ပေမယ့်Omicronက အရမ်း
ြမန်ပါတယ်
ဒါကြောင့်လည်း Delta လောက် ရောဂါမပြင်းထန်တာလို့ ခန့်မှန်းနေ ြကပါတယ် (ရောဂါအခံရှိသူတွေက လွဲလို့)
သူ့လက္ခဏာတွေကတော့
(1)နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ နုံးမယ်
(2)လည်ချောင်းယား ၊ ချောင်းခြောက်ဆိုး ၊ နှာစေး မယ်
(3)ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက် ကိုက်ခဲနေမယ်
(4)မစားချင် ၊ မသောက်ချင်ဖြစ်လာမယ်
(2) ရက်အတွင်း ခံစားရပြီဆိုတာနဲ့ လူအများနဲ့ ဝေးရာနေပါ
နှာခေါင်းစည်းတပ်ပါ အားရှိအောင်စားကာ အိပ်ရေးဝအောင်အိပ်ပီး နီးသပ်ရာ ဆရာဝန်ဆီသွားပါ
Omicronက တခြားမျိုးကွဲတွေထက် ကူးစက်နှုန်း ပိုမြန်ဆန်တာေြကာင့်...
📣 အပြင်ထွက်ရင် Mask မဖြစ်မနေတပ်ပါ
📣လူစုလူဝေး ဖြစ်မယ့်နေရာများကို ရှောင်ပါ ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေပါ
📣 အပြင်က ပြန်လာတိုင်း လက်ကို စနစ်တကျဆေးပါ
COVID-19 ကပ်ရောဂါကြီးမှ ကင်းဝေးနိုင်ကြပါစေ👩⚕️
ဒေါက်တာဆောင်းပိုင်စိုး
ြမတ်သုခဆေးခန်း
ယုဇနဥယျာဥ် ြမို့တော်