နေ့သစ်ကျန်းမာ

နေ့သစ်ကျန်းမာ စရိတ်သက်သာပြီး ခေတ်မီနည်းပညာအသုံးပြု အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှု အထူးကုဆေးခန်းများ

📢 We’re Hiring!Nae Thit Company Limited by Guarantee We are looking for motivated and dedicated candidates to join our g...
28/01/2026

📢 We’re Hiring!
Nae Thit Company Limited by Guarantee
We are looking for motivated and dedicated candidates to join our growing healthcare and sales team.

📌 Open Positions
Cashier & Receptionist

Job Description
- To welcome the patients and arrange consultation with the Medical Officer
- To manage the waiting area for the demands of the patients as necessary
- To cooperate and manage with a clinic nurse and a nurse aid for the clinic area sanitation and the transportation of test specimens
- To keep the documents orderly and safely following the Nae Thit company’s guidelines and procedures (e.g. vouchers, receipt, etc.)
- To collaborate with the pharmacy team in checking medical stock count and ordering if need.
- To adopt non-judgmental attitude, manage clients with compassion and maintain strict confidentiality and privacy.
- To perform any other tasks assigned by the supervisor.
- Answer telephone, provide service information, be courteous and schedule patient appointments with the appropriate provider, while accommodating the patient’s needs
- Follow up phone to TCA patients and confirm scheduled appointments with respective providers.
- Ensure patient demographics information is entered into the practice management system and electronic health record (EHR) accurately
- Assist patients, if needed, with completion of registration forms and verify that all paperwork is completed
- According to program needs, flexibility on request by supervisor and, are strongly demanded.
- To enter the daily cash income in the cash book, handle the cash, and carry out cash count as a daily practice, and physical and cash book balance in supervision of Business Accountant.
- To keep the daily cash safely in the clinic.
- To prepare daily/weekly/monthly cash book, cash reconciliation and weekly cash count report with Business Accountant and submit to Finance Officer / Finance Manager.
- To assure the cleaner to clean the waiting area and the clinic compound

Job Requirements
- Any Gradated, LCCI Level (II)
- Basic bookkeeping and account skill
- At least 1 Years’ experience at relative field
- Proficient in M.S office and Advance Excel
- Good interpersonal skill, attitude and team work

📩 How to Apply
Please send your CV and Application Letter to: 📧 hr.executive@naethit.org (or) 📱 Viber No.: 09 755 082 664 / 09 787 794 276

ဇန်နဝါရီလ မွေးနေ့ရှင် "January Stars" များအား ဂုဏ်ပြုခြင်း ✨​(၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ နေ့သစ်ကျန်းမာရဲ့ ဇန်...
26/01/2026

ဇန်နဝါရီလ မွေးနေ့ရှင် "January Stars" များအား ဂုဏ်ပြုခြင်း ✨
​(၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ နေ့သစ်ကျန်းမာရဲ့ ဇန်နဝါရီလဖွား လုပ်ဖော်ကိုင်ဖက်တွေကို စုပေါင်း မွေးနေ့ ဂုဏ်ပြုပွဲလေး ကျင်းပပေးခဲ့ပါတယ်။

​နေ့သစ်ကျန်းမာရဲ့ ခရီးစဉ်တောက်လျှောက်မှာ အစဉ်တစိုက် ပါဝင်အားဖြည့်ပေးနေတာတွေ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ဇန်နဝါရီလ မွေးနေ့ရှင်များအားလုံး မွေးနေ့မှစ၍ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ 🎂🎊

​ #နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

🧠ကောင်းမွန်သော အိပ်စက်ခြင်းက မှတ်ဉာဏ်စွမ်းအားကို ဘယ်လောက် အထောက်အကူဖြစ်စေလဲ✨စာဖတ်ရင်ပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာ အသစ်အသစ်တွေ သ...
23/01/2026

🧠ကောင်းမွန်သော အိပ်စက်ခြင်းက မှတ်ဉာဏ်စွမ်းအားကို ဘယ်လောက် အထောက်အကူဖြစ်စေလဲ✨

စာဖတ်ရင်ပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာ အသစ်အသစ်တွေ သင်ယူရင်ပဲဖြစ်ဖြစ် "ခေါင်းထဲမဝင်တော့ဘူး၊ ခဏခဏ မေ့နေတယ်" ဆိုတာမျိုး ကြုံဖူးကြလားနော်?
အဲဒါ အားဆေးလိုနေလို့ မဟုတ်ဘဲ "အိပ်စက်ခြင်း" နဲ့ အများကြီး သက်ဆိုင်နေတာပါ။ ဒီလိုဆိုတော့ အိပ်ရေးဝဝအိပ်ပျော်တာဟာ မှတ်ဉာဏ်အတွက် ဘယ်လို စူပါ ပါဝါတွေ ပေးလဲဆိုတာ ကြည့်လိုက်ရအောင်။
✅ ဦးနှောက်မှာ သိမ်းသင့်တာတွေ သိမ်းပေးတယ်
တစ်နေ့တာလုံး လေ့လာသင်ယူခဲ့သမျှတွေကို ဦးနှောက်က အိပ်နေတဲ့အချိန်ကျမှ "ဒါကတော့ အရေးကြီးတယ်၊ ဒါကတော့ သိမ်းထားရမယ်" ဆိုပြီး စနစ်တကျ မှတ်ဉာဏ်ထဲ ထည့်ပေးပါတယ်။ အိပ်ရေးပျက်ရင်တော့ အဲဒီ မှတ်ဉာဏ်တွေက ပျောက်ဆုံးကုန်ပြီး မေ့လွယ်သွားတတ်ပါတယ်။
✅ ဦးနှောက်ကို သန့်ရှင်းရေး လုပ်ပေးတယ်
အိပ်ပျော်နေချိန်မှာ ဦးနှောက်က သူ့အလိုလို သန့်ရှင်းရေး လုပ်ပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာမို့ မနက်နိုးလာတဲ့အခါ ခေါင်းထဲ ကြည်ကြည်လင်လင်နဲ့ အသစ်တွေကို မှတ်သားဖို့ အားအပြည့် ဖြစ်နေတာ ဖြစ်ပါတယ်။
✅ ပိုပြီး အာရုံစိုက်နိုင်လာတယ်
အိပ်ရေးဝထားတဲ့နေ့ဆိုရင် တစ်ခုခုကို အာရုံစိုက်ရတာ ပိုလွယ်ပြီး အလုပ်တွေ ပိုပြီးတွင်ကျယ်တာ သတိထားမိမှာပါ။ "အိပ်ရေးဝမှ အကြံရ" ဆိုသလိုပေါ့။
💡 မှတ်ဉာဏ်စွမ်းအားကောင်းဖို့ အကြံပြုချက်လေးများ
🟢ပုံမှန်လေး အိပ်ပါ - ညတိုင်း အချိန်တူတူမှာ အိပ်စက်ဖို့ ကြိုးစားကြည့်ပါ။
🟢ဖုန်း ခဏချထားပါ - မအိပ်ခင် ဖုန်းကြည့်တာက အိပ်စက်တာကို နှောင့်ယှက်နိုင်လို့ ၁ နာရီအလိုလောက်ကတည်းက ဖုန်းလေး ခဏချထားပေးနော်။
🟢၇ နာရီကနေ ၉ နာရီ - ခန္ဓာကိုယ်နဲ့ ဦးနှောက် အပြည့်အဝ အနားရဖို့ ဒီလောက်တော့ အချိန်ပေးသင့်ပါတယ်ဗျ။
ကျန်းမာရေးဆိုတာ ငွေကုန်ကြေးကျများမှ မဟုတ်ပါဘူး။ အိပ်ရေးဝဝအိပ်တာကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရာရောက်တဲ့ Self-care တစ်ခုပါပဲ။ 🌿
ဒီနေ့ညကစပြီး အိပ်ရေးဝဝအိပ်ပြီး မှတ်ဉာဏ်ကောင်းတဲ့ နေ့သစ်တွေကို ပိုင်ဆိုင်ကြပါစေနော်။
🏥 နေ့သစ်ကျန်းမာအထူးကု ဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343
🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404
🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984
⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️
#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး

၂၀၂၆ ခုနှစ် ပထမဆုံး Virtual Town Hall Meeting နှင့်အတူ ပိုမိုကောင်းမွန်တဲ့ ရှေ့ခရီးဆီသို့ နေ့သစ်ကျန်းမာ ရဲ့ စီမံခန့်ခွဲမ...
21/01/2026

၂၀၂၆ ခုနှစ် ပထမဆုံး Virtual Town Hall Meeting နှင့်အတူ ပိုမိုကောင်းမွန်တဲ့ ရှေ့ခရီးဆီသို့

နေ့သစ်ကျန်းမာ ရဲ့ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဝန်ထမ်းများအကြား ပွင့်လင်းမြင်သာပြီး အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတဲ့ Virtual Town Hall Meeting ကို (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နေ့သစ်ကျန်းမာ ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာနေညီညီလွင် နှင့် ဒါရိုက်တာ ဒေါ်နော်ထူးခူကလူပေါ တို့မှ-

✅️NTKM ၏ မျှော်မှန်းချက် (Vision)၊ လုပ်ငန်းတာဝန် (Mission) နှင့် အခြေခံတန်ဖိုးများ (Core Values) ကို ပြန်လည်မျှဝေခြင်း။

✅️(၂၀၂၆) ခုနှစ်အတွက် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ နှင့် ပန်းတိုင်များကို လမ်းညွှန်ပေးခြင်း။

✅️ခိုင်မာသော အဖွဲ့အစည်း ယဉ်ကျေးမှု (Culture) ဖော်ဆောင်ရေး၊ လူမှုအကျိုးပြုလုပ်ငန်း (Social Impact) များ ဖော်ဆောင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး (Sustainability) ဆိုင်ရာ ကတိကဝတ်များကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ထမ်းမိသားစုများ အကြား ပွင့်လင်းမြင်သာမှု၊ တစ်ဦးနှင့်တစ်ဦး လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ ယဉ်ကျေးမှုကို ပိုမိုလေးနက်ခိုင်မာစေခဲ့ကြတဲ့ Town Hall Meeting မှ ပုံရိပ်လေးတွေကိုလဲ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

#2026 #နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ &culture

🎉2026 မှာခေတ်စားလာမယ့် ကျန်းမာရေး Lifestyle များ2026 ခုနှစ်က ကိုယ့်ရဲ့နှစ်ဖြစ်ဖို့ဆိုရင် ကျန်းမာရေးကောင်းနေဖို့က အရေးကြီ...
17/01/2026

🎉2026 မှာခေတ်စားလာမယ့် ကျန်းမာရေး Lifestyle များ

2026 ခုနှစ်က ကိုယ့်ရဲ့နှစ်ဖြစ်ဖို့ဆိုရင် ကျန်းမာရေးကောင်းနေဖို့က အရေးကြီးဆုံးပဲနော်…✨ နှစ်သစ်မှာ ဘယ်လိုမျိုး ကျန်းမာရေးလူနေမှုပုံစံတွေက ခေတ်စားလာနိုင်မလဲ?

📱နည်းပညာအသုံးပြုပြီး တစ်ကိုယ်ရည်ကျန်းမာမှုဂရုစိုက်ခြင်း
ခေတ်သစ်နည်းပညာတွေဖြစ်တဲ့ AI ကျန်းမာရေးနည်းပြတွေ(AI health coaches)၊ ကျန်းမာရေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့စက်ပစ္စည်းတွေ (Wearable trackers) နဲ့ တစ်ဦးချင်းစီအတွက် နည်းပညာကျကျစီစဉ်ထားတဲ့ အာဟာရစားသောက်မှုပုံစံတွေက နည်းပညာခေတ်မှာ ပိုပြီးတွင်ကျယ်လာမှာပါ။

💪🏻ကြွက်သားတိုးပြီး သန်မာစေအောင်လေ့ကျင့်ခြင်း
အိုမင်းရင့်ရော်မှုတွေကို ဒဏ်ခံနိုင်စေဖို့အတွက်ယောကျာ်းလေးတွေသာမက မိန်းကလေးတွေမှာပါ Gym၊ Yoga၊ Pilates စတဲ့ ခန္ဓာကိုယ်ကို သန်မာလာစေပြီး ကြွက်သားအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေပိုမိုပြုလုပ်လာကြတာကို တွေ့ရပါတယ်။

🍀စိတ်ဖိစီးမှုကို ထိန်းချုပ်ပြီး အာရုံကြောစနစ်ကို မြှင့်တင်ခြင်း
စိတ်နဲ့ခန္ဓာကိုယ်ဟာ တိုက်ရိုက်ဆက်နွှယ်နေတာကြောင့် အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ထားတတ်အောင် စိတ်ကျန်းမာအောင် တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။

😴အိပ်စက်အနားယူမှုကို ဦးစားပေးခြင်း
အိပ်ရေးဝဝအိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရမ်းအရေးကြီးတာကို သိရှိလာကြတာကြောင့် အချိန်မှန်အိပ်စက်ခြင်း၊ အနားယူခြင်းတွေကို လေ့ကျင့်လာကြပါတယ်။

🥗သကြားဖြတ်ခြင်း
သကြားဖြတ်ခြင်းဆိုတာ ၂၀၂၅နောက်ပိုင်းကတည်းက စတင်ခေတ်စားလာပြီး လှချင်တဲ့သဘောနဲ့ လူအများကလိုက်လုပ်လာကြပါတယ်။ အာဟာရရှိတဲ့အစားအစာတွေကိုသာ ရွေးချယ်စားသုံးခြင်းက လှဖို့အတွက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက်ပါ အရေးကြီးတာကြောင့် ကျန်းမာစေတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
၂၀၂၆ခုနှစ်မှာ ဒီအလေ့အကျင့်ကောင်းတွေကို မွေးမြူရင်း တစ်ကိုယ်ရည်ကျန်းမာရေးကို အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်လိုက်ပါ။ ✅

🏥 နေ့သစ်ကျန်းမာအထူးကု
ဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343

🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404

🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984

⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး

ကိုယ်ဝန်ဆောင်ဆီးချိုက ကလေးမွေးဖွားပြီးချိန်မှာလည်း ဆက်ဖြစ်နိုင်သေးလား❓ မိခင်ကော ကလေးကောနောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်ခြေရှ...
14/01/2026

ကိုယ်ဝန်ဆောင်ဆီးချိုက ကလေးမွေးဖွားပြီးချိန်မှာလည်း ဆက်ဖြစ်နိုင်သေးလား❓ မိခင်ကော ကလေးကောနောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်ခြေရှိလဲ❓

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဆိုတာ ကိုယ်ဝန်ဆောင်ကာလပြောင်းလဲမှုတွေကြောင့်ခန္ဓာကိုယ်က သွေးတွင်းသကြားဓါတ်ပမာဏကို မထိန်းချုပ်နိုင်တဲ့အခါမှာ ဖြစ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။❗️

အများစုမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါက ကလေးမီးဖွားပြီးချိန်မှာ ပျောက်သွားတတ်ပေမယ့် အချို့မိခင်တွေမှာတော့ ရောဂါဆက်ရှိနေနိုင်ပါတယ်။ ရောဂါပျောက်သွားတဲ့အမျိုးသမီးတွေအနေနဲ့လည်း နောက်ပိုင်းကျရင် Type 2 Diabetes လို့ခေါ်တဲ့ ဆီးချိုရောဂါအနေနဲ့ထပ်ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတာကြောင့် သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ပေးဖို့လိုအပ်ပါတယ်။✅

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကြောင့် မိခင်မှာဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ🔻
♦️ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း
♦️ကလေးခွဲမွေးရခြင်း
♦️ကလေးမှာကိုယ်အလေးချိန်များတတ်တာကြောင့် မွေးရခက်ခြင်း
♦️နောက်ပိုင်းကိုယ်ဝန်တွေမှာ ဆီးချိုဖြစ်နိုင်ချေများခြင်း
♦️အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာ Type 2 ဆီးချိုရောဂါဖြစ်နိုင်ခြင်း

ကလေးငယ်မှာဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ🔻
♦️ကိုယ်အလေးချိန်များခြင်း
♦️စောမွေးခြင်း (သို့) အသက်ရှူရခက်ခြင်း
♦️မီးဖွားပြီးမကြာခင် သကြားဓါတ်ကျဆင်းခြင်း
♦️ကလေးငယ်ရဲ့နောက်ပိုင်းဘဝမှာ အဝလွန်ရောဂါ(သို့) ဆီးချိုရောဂါ ဖြစ်လာနိုင်ခြင်း

ဒီလိုမျိုးနောက်ဆက်တွဲဆိုးကျိုးတွေမခံစားရလေအောင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို စောလျင်စွာရှာဖွေပြီး ကုသမှုသေချာခံယူမှသာ ကလေးရောမိခင်ပါ ကျန်းမာနိုင်မှာဖြစ်ပါတယ်။✅

🏥 နေ့သစ်ကျန်းမာအထူးကု
ဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343

🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404

🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984

⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး #ကိုယ်ဝန်ဆောင်ဆီးချို

ဆောင်းတွင်းမှာ ရေဓာတ်ပြည့်၀နေဖို့💧❄️ရာသီဥတုအေးနေတာကြောင့် လူတိုင်းလိုလိုရေမဆာဘဲ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲကစ...
10/01/2026

ဆောင်းတွင်းမှာ ရေဓာတ်ပြည့်၀နေဖို့💧❄️

ရာသီဥတုအေးနေတာကြောင့် လူတိုင်းလိုလိုရေမဆာဘဲ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲကစနစ်တွေအားလုံး ကောင်းကောင်းလည်ပတ်နိုင်ဖို့အတွက်ဆိုရင် ရေဓါတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ 💧✅

ဆောင်းရာသီမှာ အသက်ရှူရင်းကဖြစ်စေ ခြောက်သွေ့ပြီးအေးခဲတဲ့လေကဖြစ်စေ ရေဓါတ်ဆုံးရှုံးနေတတ်တာကြောင့် ရေ ၂လီတာကနေ ၃လီတာအထိ(ဖန်ခွက်၈ခွက်မှ၁၀ခွက်စာ)အထိကို နေ့စဉ်ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ရေနွေး၊ စွပ်ပြုတ်နဲ့ လက်ဖက်ရည်ကြမ်းတွေကို ခန္ဓာကိုယ်နွေးထွေးဖို့အပြင် ရေဓါတ်ပြည့်ဝအောင်လည်း သောက်သုံးပေးနိုင်ပါတယ်။

ရေဓါတ်ပြည့်ဝအောင် သောက်သုံးပေးမယ်ဆိုရင်-
➡️နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်တယ်။
➡️အရေပြားခြောက်သွေ့ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ခေါင်းကိုက်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
➡️ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး စွမ်းအင်ထိန်းသိမ်းပေးထားနိုင်ပါတယ်။
ဒါကြောင့် ရေဓါတ်ပြည့်ဝအောင်သောက်သုံးခြင်းကို နေ့စဉ်အလေ့အကျင့်တစ်ခုအနေနဲ့ သတ်မှတ်ကျင့်သုံူပြီး ဆောင်းတွင်းတစ်တွင်းလုံး ကျန်းမာကြံ့ခိုင်အောင် နေထိုင်လိုက်ပါ။✅

🏥 နေ့သစ်ကျန်းမာအထူးကု
ဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343

🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404

🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984

⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး

✨၂၀၂၆မှာ ပိုမိုကျန်းမာတဲ့ "သင်" ဖြစ်လာစေဖို့...ကျန်းမာရေးပန်းတိုင် (၁၀) ခု✨​နှစ်သစ်မှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေ အများက...
09/01/2026

✨၂၀၂၆မှာ ပိုမိုကျန်းမာတဲ့ "သင်" ဖြစ်လာစေဖို့...ကျန်းမာရေးပန်းတိုင် (၁၀) ခု✨

နှစ်သစ်မှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေ အများကြီး ချမှတ်ထားကြမှာပါ။ ဒါပေမဲ့ အဲ့ဒီပန်းတိုင်တွေဆီ လျှောက်လှမ်းနိုင်ဖို့ "ကျန်းမာရေး" က အဓိက အခြေခံအကျဆုံးပါပဲ။ နေ့စဉ် အလေ့အကျင့်သေးသေးလေးတွေ ပြောင်းလဲရုံနဲ့ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာကြီးတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။💛✅

​ဒီနှစ်မှာ ကိုယ်တိုင်အတွက်ရော ချစ်ရသူတွေအတွက်ပါ အဖိုးတန်ဆုံးလက်ဆောင်ဖြစ်တဲ့ "ကျန်းမာရေး" ကို အောက်ပါ (၁၀) ချက်နဲ့ အတူတူ တည်ဆောက်ကြရအောင်။

🏆1. တစ်နေ့ကို အနည်းဆုံး ခြေလှမ်း ၈,၀၀၀ (သို့မဟုတ်) မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်မယ်။✅

🏆2. ထမင်းစားတိုင်း ပန်းကန်ရဲ့ တစ်ဝက်ကို ဟင်းသီးဟင်းရွက်၊ ၁/၄ ကို ပရိုတင်း (အသား/ငါး) နဲ့ ကျန် ၁/၄ ကိုသာ ကာဗိုဟိုက်ဒရိတ် (ထမင်း/ခေါက်ဆွဲ) မျှတပါဝင်အောင် စားမယ်။ အချိုနဲ့ အငန်ကို လျှော့စားမယ်။ ✅

🏆3. ကိုယ်အလေးချိန်ကို BMI ၁၈.၅ နှင့် ၂၄.၉ ကြား ရှိနေအောင် ထိန်းမယ်။✅

🏆4. တစ်နေ့ကို အနည်းဆုံး ရေ ၂.၅ လီတာကနေ ၃ လီတာ (ပုံမှန်ဖန်ခွက် ၁၀ ခွက်ခန့်) သောက်မယ်။✅

🏆5. အချိုရည်ကို တစ်ပတ် ၁ ကြိမ် ထက် မပိုအောင်၊ တစ်ရက်ကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထက်မပိုအောင် လျှော့မယ်။✅

🏆6. တစ်နှစ်မှာ တစ်ကြိမ် Annual Check-up စစ်ဆေးမယ်။✅

🏆7. နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး (Flu Vaccine) ပုံမှန်ထိုးနှံမယ်။✅

🏆8. တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ အထိ အိပ်ရေးဝဝ အိပ်မယ်။✅

🏆9. အရက်ကို အနည်းဆုံးဖြစ်အောင် လျှော့မယ်၊ ဆေးလိပ်ကို ဖြတ်မယ်။✅

🏆10. တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် me time သို့မဟုတ် family time အနေနဲ့ အနားယူမယ်၊ ပျော်ရွှင်နွေးထွေးမှုလေးတွေ တည်ဆောက်မယ်။✅

​📣 ၂၀၂၆ မှာ ကျန်းမာတဲ့ နေ့သစ်တွေ ကို အတူတူ အစပြုလိုက်ကြရအောင်!
​သင့်ရဲ့ နှစ်သစ်ကျန်းမာရေး ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နေ့သစ်ကျန်းမာ က အမြဲအသင့်ရှိနေပါတယ်။ ကျန်းမာရေးစစ်ဆေးမှု (Check-up Package) တွေအကြောင်း သိချင်တာပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးတွေအကြောင်း မေးမြန်းချင်တာပဲဖြစ်ဖြစ်...
​အခုပဲ နေ့သစ်ကျန်းမာ Page ရဲ့ Message Box မှာ ဆွေးနွေးမေးမြန်းပြီး သင့်ရဲ့ ၂၀၂၆ ကျန်းမာရေး ပန်းတိုင်တွေဆီသို့ ခရီးစဉ်ကို စတင်လိုက်ပါ! ✅

🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343
🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404
🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984
⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️
#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး

07/01/2026

🎉(၂၀၂၆) ခုနှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ အားအင်အသစ်တွေနဲ့ ဖြတ်သန်းဖို့ နေ့သစ်ကျန်းမာ မိသားစုဝင်တွေက အဆင်သင့်ဖြစ်နေပါပြီ! 💪✨

ဒီ Video လေးထဲမှာတော့ နေ့သစ်ကျန်းမာ ဆေးဆိုင်၊ ဆေးခန်းများနဲ့ ဓာတ်ခွဲခန်းက ဝန်ထမ်းအသီးသီးက သူတို့ရဲ့ နှစ်သစ်အဓိဋ္ဌာန် (Manifestations) တွေကို ရင်ဖွင့်ဝေမျှထားကြပါတယ်။

အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ကတော့ မိမိတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အများပြည်သူကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုဖို့ပါပဲ။ ၂၀၂၆ မှာလဲ နေ့သစ်ကျန်းမာ က သင့်အတွက် အားကိုးရဆုံး ကျန်းမာရေးမိတ်ဆွေအဖြစ် ဆက်လက်ရှိနေမှာပါ။ 🤝💛

📣 သင့်ရဲ့ ၂၀၂၆ ရည်မှန်းချက်ကရော ဘာဖြစ်မလဲ? သင့်ရဲ့ နှစ်သစ်ဆန္ဒလေးတွေကိုလည်း Comment မှာ အတူတူ Manifest လုပ်သွားလို့ ရတယ်နော်! 👇

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ကျန်းမာရေးကို ဂရုစိုက်ကြမယ်💛✅၂၀၂၆ မှာ ကျန်းမာရေးကောင်းဖို့ အတွက် ဒီအချက် (၄) ချက်ကို အခုပဲ စတင...
05/01/2026

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ကျန်းမာရေးကို ဂရုစိုက်ကြမယ်💛✅

၂၀၂၆ မှာ ကျန်းမာရေးကောင်းဖို့ အတွက် ဒီအချက် (၄) ချက်ကို အခုပဲ စတင်လိုက်ပါ။

၁။ စိတ်တည်ငြိမ်မှု ၅ မိနစ် နည်းလမ်း✅
နှစ်ကုန်ကာလမှာ အလုပ်တွေ၊ ပွဲလမ်းသဘင်တွေကြောင့် စိတ်ဖိစီးမှုတွေ များနေပါလိမ့်မယ်။ ဒါတွေကို နှစ်သစ်အထိ ဆက်မယူသွားဖို့ နေ့တိုင်း ၅ မိနစ် လောက် အချိန်ယူပါ။
ဘယ်လိုလုပ်မလဲ❓
ဖုန်းချထားပြီး တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးမှိတ်ပြီး ကိုယ့်ရဲ့ အသက်ရှူနှုန်းကိုပဲ အာရုံစိုက်ပါ။ ဒါက စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ပါတယ်။

၂။ အာဟာရကို အဆင့်မြှင့်တင်ပါ✅
နှစ်သစ်မှ Diet စမယ်ဆိုရင် ရုတ်တရက်ပြောင်းလဲမှုက ပင်ပန်းစေပါတယ်။ အခုကတည်းက "ဖြတ်တာ" ထက် "အစားထိုးစားတာ" ကို လုပ်ပါ။
ဘယ်လိုလုပ်မလဲ❓
ကော်ဖီကို သကြားလျော့သောက်ပါ။ နေ့လယ်စာမှာ အချိုစာတွေ အစား သစ်သီးတစ်လုံး (သို့) ဟင်းသီးဟင်းရွက် ပိုထည့်စားပါ။ ဒီသေးငယ်တဲ့ အပြောင်းအလဲတွေက ၂၀၂၆ မှာ ကျန်းမာရေး ရလဒ်ကောင်းကို ပေးပါလိမ့်မယ်။

၃။ မိနစ် ၂၀ လှုပ်ရှားမှု✅
Gym သွားဖို့ အချိန်မပေးနိုင်ရင်တောင် နေ့တိုင်း မိနစ် ၂၀ လောက် လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပေးပါ။
ဘယ်လိုလုပ်မလဲ❓
ညနေစာ စားပြီးတိုင်း လမ်းလျှောက်ပါ။ သီချင်းနားထောင်ရင်း အိမ်ထဲမှာပဲ ကခုန်ပါ။ ခန္ဓာကိုယ်လှုပ်ရှားမှု ပုံမှန်ရှိတာက စွမ်းအင်တက်ကြွစေပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း ပိုမိုကြည်လင်စေပါတယ်။

၄။ ရေဓာတ်ပြည့်ဝနေပါစေ✅
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအားလုံးအတွက် ရေ က အရေးအကြီးဆုံးပါ။ ရေဓာတ်ပြည့်ဝနေရင် အသားအရေ၊ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတို့ ကောင်းမွန်နေပါလိမ့်မယ်။
ဘယ်လိုလုပ်မလဲ❓
မနက်အိပ်ယာထတာနဲ့ ရေတစ်ဖန်ခွက် သောက်တာကို အကျင့်လုပ်ပါ။ ရေဘူးတစ်ဘူးဆောင်ပြီး နေ့တစ်ဝက်မကုန်ခင် တစ်ဘူးလုံးကုန်အောင် သောက်ဖို့ Goal သတ်မှတ်ပါ။

🎉ကျန်းမာပျော်ရွှင်တဲ့ ၂၀၂၆ ခုနှစ်ကို ဖန်တီးဖို့အတွက်ဒီဇင်ဘာလကို အကောင်းဆုံး အသုံးချလိုက်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထားကြောင်း ပြသခြင်းပဲဖြစ်ပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာတဲ့ နှစ်သစ်နေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။✨

🏥 နေ့သစ်ကျန်းမာအထူးကု
ဆေးခန်းနှင့်ဆေးဆိုင် (၁)
---------‐----------------------------------------
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343

🏥 နေ့သစ်ကျန်းမာ အထူးကုဆေးခန်းနှင့်ဆေးဆိုင် (၂)
---------‐----------------------------------------
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404

🏥 နေ့သစ်ကျန်းမာအထူးကုဆေးခန်းနှင့်ဆေးဆိုင် (၃)
---------‐----------------------------------------
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984

⚠️ အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းနှင့် ဆေးဆိုင်များပိတ်ပါသည်။⚠️

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ #ကျန်းမာရေး

New Year Wish🎉✨​"၂၀၂၆ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်တကွ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း န...
31/12/2025

New Year Wish🎉✨

​"၂၀၂၆ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်တကွ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေကြောင်း နေ့သစ်ကျန်းမာ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။"🙏💛

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

🎉2025 Year End Staff Partyနေ့သစ်ကျန်းမာမိသားစုဝင်များရဲ့ တစ်နှစ်ပတ်လုံးကြိုးစားအားထုတ်မှုများကို ဝမ်းသာဂုဏ်ပြုသောအားဖြင့...
31/12/2025

🎉2025 Year End Staff Party

နေ့သစ်ကျန်းမာမိသားစုဝင်များရဲ့ တစ်နှစ်ပတ်လုံးကြိုးစားအားထုတ်မှုများကို ဝမ်းသာဂုဏ်ပြုသောအားဖြင့် ပျော်ပျော်ရွှင်ရွှင် Staff Party လေးကိုကျင်းပဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကိုလည်း အားအပြည့်နဲ့ အတူတူကြိုဆိုကြမယ်နော်...💛✨

#နေ့သစ်ကျန်းမာ #စရိတ်သက်သာဆေးကုပါ

Address

No. 661, Innwa 19th St(A), Ward(6), South Okkalar Tsp
Yangon
11091

Alerts

Be the first to know and let us send you an email when နေ့သစ်ကျန်းမာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram