Elotus Medical Laboratory & Diagnostics - Yangon

Elotus Medical Laboratory & Diagnostics - Yangon Medical Laboratory

📣 Job Vacancy Announcement, We’re Hiring 📣🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Di...
26/09/2025

📣 Job Vacancy Announcement, We’re Hiring 📣

🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Diagnostics (Yangon) နှင့် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါရာထူးများ ခေါ်ယူလျက်ရှိပါသည်။

💼 Auditor(Internal Audit) : 1 Post

📃 Requirements:

✅Bachelor Degree with relevant experiences.
✅Must have LCCI Level lll and accounting experiences is more preferable.
✅Proficiency in MS Office (Word, Excel, Powerpoint)
✅At least 2 years of experience in Healthcare sectors correlated fields.
✅Must have strong communication skill and interpersonal skill.
✅Working Hour -9:00 AM to 5:30 PM
✅Working Day -Mon to Fri & Sat 9:00 To 1:00Pm (Alternate )
✅ Off Day- Sat (Alternate off) ,Sunday & Public Holidays

✅ Our Benefit Package
• Salary Negotiation(Depends on experience)
• Leave according to Labour Law
• Medical benefits according to the organization’s policy
•Phone Bill
•Loyaly bonus
•Annual Bonus
• Attendance Allowance

Join us in providing exceptional healthcare services and making a difference in the lives of our patients ✨

▶️ Apply by sending your Cv form to the email below 👇

📧 Email: elotushr.ygn@gmail.com
Viber 📞 Phone: 09 944 800 058 09 951 177 084

အမှတ် (၁၀၂၇) ၊ဘယကျော်သူလမ်း နှင့် (၁၆)လမ်းထောင့်၊ (၇)ရပ်ကွက် ၊ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့။

🦠 HCV Antibody(HCV Ab) ဆိုတာဘာလဲ?HCV Ab ဆိုတာကတော့ Hepatitis C Virus Antibody ရှိမရှိ သွေးစမ်းသပ်စစ်ဆေးလို့ရတဲ့ အသည်းရော...
24/09/2025

🦠 HCV Antibody(HCV Ab) ဆိုတာဘာလဲ?

HCV Ab ဆိုတာကတော့ Hepatitis C Virus Antibody ရှိမရှိ သွေးစမ်းသပ်စစ်ဆေးလို့ရတဲ့ အသည်းရောင်အသားဝါရောဂါတစ်ခုပါ။

🦠 HCV က Bacteria လား? Virus လား?

HCV ဆိုတာက Bacteria မဟုတ်ပါဘူး။
Virus တစ်မျိုးပါ။
အသည်းကိုလျင်မြန်စွာဖျက်စီးပစ်နိုင်တဲ့ RNA
virus ဖြစ်ပါတယ်။

✅ ဘယ်လိုကာကွယ်ရမလဲ?
• သန့်ရှင်းတဲ့ ဆေးပစ္စည်းကိရိယာတွေကိုသာ အသုံးပြုပါ။
• တစ်ကိုယ်ရည်သုံးပစ္စည်းတွေ မျှဝေသုံးတာရှောင်ပါ။
• သွေးလှူမယ်ဆိုရင် တိုက်ရိုက်မလှူခင် သွေးစစ်ဆေးခြင်းပြုလုပ်ပါ။

ဘယ်လိုနည်းလမ်းတွေနဲ့ကူးစက်စေတတ်လဲ?
Hepatitis C Virus က
• မသန့်တဲ့ဆေးထိုးအပ်များအသုံးပြုခြင်း
• Blood transfusion သွေးသွင်းကုသရာမှာစစ်ဆေးမထားတဲ့သွေးအသုံးပြုခြင်း
• အတူတူ အသုံးပြုထားတဲ့အပ် (e.g. tattoo, piercing)
• အချို့သောအခြေအနေတွေမှာ မိခင်ကနေကလေးသို့ ကူးစက်နိုင်ပါတယ်။

HCV က
• နာတာရှည်အသည်းရောင်အသားဝါ (Chronic Hepatitis) ဖြစ်နိုင်ပါတယ်။
• အသည်းအမာရွတ်စွဲခြင်း (Cirrhosis) ဖြစ်စေနိုင်တဲ့အပြင် အချို့သောလူနာတွေမှာတော့ အသည်းကင်ဆာ (Hepatocellular Carcinoma) အထိဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် စောစောသိခြင်း၊ စောစောကုသခြင်းက အရေးအကြီးဆုံးဖြစ်ပါတယ်။

များစွာသောလူတွေမှာ HCV ရှိနေတတ်တာကြောင့် သွေးစမ်းသပ်ခြင်း (HCV Ab Test) စစ်ဆေးသင့်ပါတယ်။
HCV ရောဂါက ပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုဖြစ်တာကြောင့် သွေးစစ်ခြင်းရလဒ်နဲ့အတူ စောစောသိပြီး စောစောကုသဖို့ “Elotus Laboratory” မှ အကြံပြုလိုက်ပါတယ်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


🩸ဆွေမျိုးသားချင်း အချင်းချင်း သွေးလှူလို့မရဘူးဆိုတာ ဟုတ်လား ? ဘာကြောင့်လဲ ? မိမိဆွေမျိုးသားချင်းတွေ အချင်းချင်းသွေးလှူတဲ...
23/09/2025

🩸ဆွေမျိုးသားချင်း အချင်းချင်း သွေးလှူလို့မရဘူးဆိုတာ ဟုတ်လား ? ဘာကြောင့်လဲ ?

မိမိဆွေမျိုးသားချင်းတွေ အချင်းချင်းသွေးလှူတဲ့အခါ ဓါတ်မတည့်မှုတစ်ခု ဖြစ်နိုင်ပြီး Transfusion Associated Graft Versus Host Disease TA-GHVD လို့ ခေါ်ပါတယ်။ ဒီလို ဓါတ်မတည့်တာ အဖြစ်နည်းသော်လည်း အသက်အန္တရာယ်ဖြစ်စေနှုန်းက 80-90% ထိ ရှိတတ်ပါတယ်။

🤔 ဘာကြောင့်ဖြစ်ရတာလဲ ❓

သွေးသွင်းလိုက်တဲ့အခါ အလှူရှင်ဆီကနေ Lymphocytes လို့ခေါ်တဲ့ ကိုယ်တွင်းခုခံအားကိုကောင်းစေတဲ့ (ဒါမှမဟုတ်) ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ဆဲလ်တွေကို တိုက်ခိုက်ပေးမယ့် ဆဲလ်တစ်မျိုးပါသွားပါတယ်။ အမျိုးအချင်းချင်းဖြစ်တဲ့အတွက် လှူလို့ပါသွားတဲ့ Lymphocytes ဆဲလ်တွေဟာ သွေးလက်ခံရရှိသူနဲ့ ပုံစံတွေတူနေပါတယ်။

✅ ဒီလို ပုံစံတူတဲ့အတွက် သွေးလက်ခံသူဟာ သူနဲ့အမျိုးတူဆဲလ်တွေလို့သတ်မှတ်ပြီး ဒီအတိုင်းပဲ ထားလိုက်ပါတော့တယ်။ အဲအချိန် ပြင်ပကဝင်လာတဲ့ Lymphocytes တွေဟာ သူတို့ကိုသူတို့အိမ်ရှင်လို့ထင်သွားပြီး သွေးလက်ခံသူရဲ့ ရိုးတွင်းခြင်ဆီထဲကိုဝင်ပြီး ဒုက္ခတွေပေးပါတော့တယ်။ ပုံမှန်အားဖြင့် ဒီပြင်ပကဝင်လာတဲ့ ဧည့်သည် Lymphocytes တွေဟာ ဒုက္ခမပေးပေမယ့် သွေးလက်ခံသူအိမ်ရှင် အားနည်းနေတဲ့အခါတွေဖြစ်တဲ့

၁။ ရိုးတွင်းခြင်ဆီအစားထိုးကုသမှုခံယူထားသူတွေ
၂။ သွေးကင်ဆာရှိသူတွေ
၃။ ကိုယ်ခံအားနည်းနေတဲ့သူတွေ (ကင်ဆာကြောင့် ဆေးသွင်းတာ၊ ရောင်ခြည်ပြနေရသူတွေ)
၄။ ကိုယ်ခံအားကောင်းပေမယ့် သွေးအနီးဆုံး မိဘ၊ မောင်နှမတွေဆီက သွေးသွင်းတဲ့အခါ ပိုဖြစ်တတ်ပါတယ်။

🧐 ဒါဆို သွေးသွင်းမိရင်ဘာတွေဖြစ်မှာလဲ ❓

သွေးသွင်းပြီး တစ်ပတ်ကျော်ကြာလောက်မှာ သွေးလက်ခံသူရဲ့ ရိုးတွင်းခြင်ဆီကို သွားဖျက်စီးတဲ့အတွက်
🤢 ဖျားတာ
🤢 နေရာအနှံအပြား အရေပြား၊ အစာအိမ်နှင့်အူလမ်းကြောင်း စတဲ့နေရာတွေမှာသွေးထွက်တာ
🤢 အသည်းထိခိုက်တာ
🤢 ကျောက်ကပ်ပျက်စီးတာ စတဲ့တစ်ကိုယ်လုံးကိုထိခိုက်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

👉 အများစုက လက္ခဏာပြပြီး တပတ်လောက်အတွင်းမှာ ရိုးတွင်းခြင်ဆီထိခိုက်ပြီး ပိုးဝင်တာကြောင့် ပိုးဆိပ်ပြန့်ပြီးသေဆုံးတတ်ကြပါတယ်။

ဒါကြောင့် ဆွေမျိုးသားချင်းအချင်းချင်း သွေးလှူတာက အန္တရာယ်တွေရှိနိုင်တာကြောင့် အထူးသတိပြုသင့်ပါတယ်။

💁‍♀️ ဒီလို ဗဟုသုတရဖွယ် ကျန်းမာရေးအကြောင်းအရာလေးတွေကို အပတ်စဉ် တင်ဆက်ပေးနေမှာဖြစ်လို့ “Elotus Laboratory” Page ကို Like & Follow လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော်…

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


⁉️ Uric Acid မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းများ👉 Uric acid (ယူရစ်အက်စစ်) ဆိုတာ ခန္ဓာကိုယ်အတွင်း ပရိုတင်းဓာတ်များ ချေဖျက...
26/08/2025

⁉️ Uric Acid မြင့်တက်စေနိုင်တဲ့ အကြောင်းရင်းများ

👉 Uric acid (ယူရစ်အက်စစ်) ဆိုတာ ခန္ဓာကိုယ်အတွင်း ပရိုတင်းဓာတ်များ ချေဖျက်ရာမှ ထွက်ပေါ်လာသော ဓာတုပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ယူရစ်အက်စစ်က ပုံမှန်အားဖြင့် သွေးထဲတွင် ပျော်ဝင်နေပြီး ကျောက်ကပ်မှတစ်ဆင့် ဆီးထဲသို့ စွန့်ထုတ်ကာ ခန္ဓာကိုယ်ပြင်ပသို့ ဖယ်ရှားပစ်ပါတယ်။ ဒါပေမယ့် ယူရစ်အက်စစ်ပမာဏ များပြားလာပါက ကျောက်ကပ်ကျောက်တည်ခြင်း၊ ဂေါက်ရောဂါ (Gout) နှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Uric Acid မြင့်တက်
စေတဲ့အကြောင်းရင်းများကို ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။

- Purine ဓါတ်များသော အစားအစာများ (အကင်၊ ကလီစာ၊ ပင်လယ်စာ) စားသုံးမှုများခြင်း
- အသက် ၃၀-၅၀ နှစ်ကြား အမျိုးသားများနှင့် သွေးဆုံးပြီးသော အမျိုးသမီးများ
- ဖရက်တို့စ် (Fructose)သကြားဓါတ်များသော အစားအစာများ၊ ဖျော်ရည်များ သောက်သုံးခြင်း
- အရက်နှင့်ဘီယာသောက်သုံးခြင်း
- အ၀လွန်ခြင်း
- နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများရှိခြင်း
- သွေးပေါင်ချိန်တက်ခြင်း တို့အပြင်

ရေဓါတ်နည်းခြင်း၊ ထိခိုက်မိခြင်း၊ ခွဲစိတ်မှုခံယူထားခြင်း တို့ကလည်း ခန္ဓာကိုယ်တွင်း Uric Acid ကို မြင့်တက်စေပါတယ်။

Uric Acid သည် ခန္ဓာကိုယ်၏ ဓာတုပစ္စည်းတစ်မျိုး ဖြစ်သော်လည်း ပမာဏများပြားလာပါက ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်တာကြောင့် ကျန်းမာရေးနှင့် ညီညွတ်တဲ့ နေထိုင်မှုပုံစံများကို လိုက်နာကျင့်သုံးခြင်းဖြင့် ယူရစ်အက်စစ်ပမာဏကို ထိန်းညှိနိုင်ပြီး ဂေါက်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများမှ ကာကွယ်နိုင်ပါတယ်နော်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


📣 Job Vacancy Announcement, We’re Hiring 📣🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Di...
17/08/2025

📣 Job Vacancy Announcement, We’re Hiring 📣

🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Diagnostics (Yangon) နှင့် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါရာထူးများ ခေါ်ယူလျက်ရှိပါသည်။

💼 Medical Laboratory Technologist (or) Grade -1 (or) Grade - 2 ( 1 ) post
📃 Requirements:
- B. Med Tech ဘွဲ့ရရှိပီးသူ ဖြစ်ရမည်။
- အများနှင့်ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ဓါတ်ခွဲခန်းလုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။
- ရေရှည်လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။

✅ Our Benefit Package
• Salary Negotiation
• Flexible Duty Shifts
• Leave according to Labour Law
• Providing staff accommodation or allowance as needed.
• Medical benefits according to the organization’s policy.

💼 Customer Support Service - 2 Posts
📃 Requirements:
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
- အသံချိုသာပြီး စကားပြောပြေပြစ်သူဖြစ်ရမည်။
- စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး Customer Complain များအား ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်သူဖြစ်ရမည်။
- Computer Basic/Myanmar-English Typing, Excel ကျွမ်းကျင်သူဖြစ်ရမည်။
- Medical field Customer Service ပိုင်း အတွေ့အကြုံရှိသူဦးစားပေးမည်။
- အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။
- တစ်နေ့ (၈)နာရီနှုန်းဖြင့် တစ်ပတ်(၁)ရက်ပိတ်ပါမည်။
- လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရပါမည်။

💼 Nurse Aid - 2 Posts
📃 Requirements:
- ဆယ်တန်းအောင် (သို့) ဘွဲ့တခုခုရရှိထားသူဖြစ်ရမည်။
- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိသူဖြစ်ရမည်။
- ဆေးရုံ၊ ဆေးခန်း အတွေ့အကြုံရှိသူ၊ သွေးဖောက်တတ်သူ ဦးစားပေးမည်။
- သင်ယူလိုစိတ်ရှိပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး စကားပြောချိုသာယဉ်ကျေးရမည်။

✅ Our Benefit Package
• Salary Negotiation
• Flexible Duty Shifts
• Leave according to Labour Law
• Traveling Allowance
• OT
• Medical benefits according to the organization’s policy.

💼 Lab Runner - 2 Posts
📃 Requirements:
- ပညာအရည်အချင်း ~ အထက်တန်းအဆင့်
- စက်ဘီးစီးတတ်ရမည်။ ကျန်းမာရေးကောင်းမွန်ရပါမည်။
- အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။
- တစ်နေ့ (၈)နာရီနှုန်းဖြင့် တစ်ပတ်(၁)ရက်ပိတ်ပါမည်။
- လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရပါမည်။

💼 Auditor(Internal Audit) - 1 Post
📃 Requirements:
- Bachelor Degree with relevant experiences.
- Must have LCCI Level lll and accounting experiences is more preferable.
- Proficiency in MS Office (Word, Excel, Powerpoint)
- At least 2 years of experience in Healthcare sectors correlated fields.
- Must have strong communication skill and interpersonal skill.

✅ Our Benefit Package
• Salary Negotiation
• Incentive/Travelling Allowance/Over Time
• Leave according to Labour Law
• Medical benefits according to the organization’s policy.

Join us in providing exceptional healthcare services and making a difference in the lives of our patients ✨

▶️ Apply by sending your Cv form to the email below 👇
📧 Email: elotushr.ygn@gmail.com
Viber 📞 Phone: 09 944 800 058 09 951 177 084

အမှတ် (၁၀၂၇) ၊ဘယကျော်သူလမ်း နှင့် (၁၆)လမ်းထောင့်၊ (၇)ရပ်ကွက် ၊ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့။

📣 Job Vacancy Announcement, We’re Hiring 📣🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Di...
12/08/2025

📣 Job Vacancy Announcement, We’re Hiring 📣
🧪 “Mandalar Healthcare Group (MHG)” လက်အောက်ရှိ Elotus Medical Laboratory & Diagnostics (Yangon) နှင့် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါရာထူးများ ခေါ်ယူလျက်ရှိပါသည်။

1.Customer Support Service: 2 Posts

2.Sales & Marketing Representative : 1 Post

3.Lab Runner : 1 Post

💼 Customer Support Service : 1 Post
📃 Requirements:
✅တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
✅အသံချိုသာပြီး စကားပြောပြေပြစ်သူဖြစ်ရမည်။
✅စိတ်ရှည်သည်းခံနိုင်သူဖြစ်ပြီး Customer Complain များအား ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်သူဖြစ်ရမည်။
✅Computer Basic/Myanmar-English Typing, Excel ကျွမ်းကျင်သူဖြစ်ရမည်။
✅Medical field Customer Service ပိုင်း အတွေ့အကြုံရှိသူဦးစားပေးမည်။
✅အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။
✅တနေ့ (၈)နာရီနှုန်းဖြင့် တပတ်(၁)ရက်ပိတ်ပါမည်။
✅လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရပါမည်။

💼 Sales & Marketing Representative : 1 Post
📃 Requirements:
✅ဆယ်တန်းအောင် (သို့)ဘွဲ့တခုခုရရှိထားသူဖြစ်ရမည်
✅Sales and marketing certificate/diploma ရှိထားသူများဦးစားပေးပါမည်
✅Sales အတွက် Customers အသစ်များရှာနိုင်သူဖြစ်ရမည်
✅Good interpersonal and communication skills.
✅Able to work under timeline and Sales Target.
✅Good Team Player & Able to do Sales way plans.
✅Able to do reporting of any sales visits.

💼 Lab Runner : 1 Post
✅ ပညာအရည်အချင်း - အထက်တန်းအဆင့်။
✅ စက်ဘီးစီးတတ်ရမည်။ ကျန်းမာရေးကောင်းမွန်ရပါမည်။
✅အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရပါမည်။
✅တနေ့ (၈)နာရီနှုန်းဖြင့် တပတ်(၁)ရက်ပိတ်ပါမည်။
✅လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုဆင်းနိုင်ရပါမည်။

✅ Our Benefit Package
• Salary Negotiation
• Incentive/Travelling Allowance/Over Time
• Leave according to Labour Law
• Medical benefits according to the organization’s policy.

Join us in providing exceptional healthcare services and making a difference in the lives of our patients ✨
▶️ Apply by sending your Cv form to the email below 👇
📧 Email: elotushr.ygn@gmail.com
Viber 📞 Phone: 09 944 800 058
အမှတ် (၁၀၂၇) ၊ဘယကျော်သူလမ်း နှင့် (၁၆)လမ်းထောင့်၊ (၇)ရပ်ကွက် ၊ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်မြို့။

🤔 လည်ပင်းကြီးရောဂါ (Goiter) နဲ့ပတ်သက်ပြီး သိထားသင့်သမျှ👉 လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတ...
06/08/2025

🤔 လည်ပင်းကြီးရောဂါ (Goiter) နဲ့ပတ်သက်ပြီး သိထားသင့်သမျှ

👉 လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။

လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့
�(၁) Diffuse Smooth Goiter
ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး အလုံးရဲ့ မျက်နှာပြင်ကို စမ်းကြည့်ရင်လည်း ချောမွေ့နေတတ်ပါတယ်။ ဒီအမျိုးအစားကို ဖြစ်စေတဲ့ အကြောင်းအရင်းအချို့ကတော့
* Grave’s disease လို့ခေါ်တဲ့ Autoimmune Disorder ရောဂါ — သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်တာများပြီး ဂလင်းက ကြီးလာခြင်း ဖြစ်ပါတယ်။
* အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း — နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ အိုင်အိုဒင်းဓာတ်နည်းနေတဲ့အခါ ဂလင်းက ဟော်မုန်းအလုံအလောက် ထုတ်ပေးနိုင်ဖို့ ပိုအလုပ်လုပ်ရတဲ့အတွက် ဂလင်းက ကြီးလာခြင်းဖြစ်ပါတယ်။
* သိုင်းရွိုက်ဂလင်းရောင်ခြင်း (Thyroiditis ) — ဗိုင်းရပ်စ်ပိုးကြောင့် ဂလင်းရောင်တဲ့အခါမှာလည်း ကြီးတတ်ပါတယ်။
* မျိုးရိုးလိုက်ခြင်း — မိသားစုမျိုးရိုးကြောင့်လည်း လည်ပင်းကြီးရောဂါ ဖြစ်တတ်ပါတယ်။

(၂) Nodular Goiter
သိုင်းရွိုက်ဂလင်းမှာ အဖုလုံးလေးတွေ ဖြစ်လာပြီး ဂလင်းကြီးလာတာဖြစ်ပါတယ်။ Nodular Goiter အမျိုးအစားတွေကတော့
* Single Nodule — ပုံမှန်အားဖြင့် အလုံးတစ်လုံးပဲ သိသိသာသာကြီးလာခြင်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ကတော့
- Adenoma ( ကင်ဆာမဟုတ်သော အစိုင်အခဲ အလုံးအကျိတ်တွေ )
- Cyst ( ကင်ဆာမဟုတ်သော ရေအိတ် အကျိတ်တွေ )
- ကင်ဆာအလုံးအကျတ်တွေပဲ ဖြစ်ပါတယ်။

* Multi-nodular Goiter — သိုင်းရွိုက်ဂလင်းမှာ အလုံးအကျိတ်တွေ အများကြီးပေါ်လာခြင်း ဖြစ်ပါတယ်။

👉 လည်ပင်းကြီးရောဂါကို ပုံမှန်အားဖြင့် သွေးစစ်ပြီး သိရှိနိုင်ပါတယ်။ TSH ပမာဏနည်းပါးပြီး T3 နဲ့ T4 ပမာဏများနေတယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုလွန်ကဲနေပြီလို့ ဖော်ပြနေတာပါ။ ဒါကတော့ သိုင်းရွိုက်ဟော်မုန်းပမာဏများနေပြီဆိုတာကို သိရှိနိုင်တာပဲဖြစ်ပါတယ်။


“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


☀️ မနက်ခင်း မိနစ်(၃၀)ကြာအောင် နေပူစာလှုံတာက ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ ? နေရောင်ခြည်ဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်အ...
14/07/2025

☀️ မနက်ခင်း မိနစ်(၃၀)ကြာအောင် နေပူစာလှုံတာက ဘယ်လို အကျိုးကျေးဇူးတွေရနိုင်လဲ ?

နေရောင်ခြည်ဟာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးမိတ်ဆွေပါပဲ။

စိတ်ခံစားမှုတွေကိုပါ ကောင်းမွန်လာအောင် မြှင့်တင်ပေးရုံသာမက စိတ်ကျရောဂါတွေကိုပါ သက်သာစေပါတယ်။ အခြားကောင်းကျိုးတွေအနေနဲ့

⛅️ ဗီတာမင် D ထုတ်လုပ်နိုင်ခြင်း
�နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ UVB ရောင်ခြည်ကနေ အသားအရေကနေ ဗီတာမင် D ကို ကိုယ်တိုင်ထုတ်လုပ်နိုင်ပါတယ်။ ဗီတာမင် D က အရိုးအတွက် အထူးလိုအပ်ပြီး အရိုးကြံ့ခိုင်စေခြင်း၊ ကိုယ်ခံစွမ်းအားတွေကို ကောင်းစေပါတယ်။

⛅️ အသားအရေ ကျန်းမာစေခြင်း
�နေရောင်ခြည်က အသားအရေကို ကျန်းမာစေပြီး အချို့သော အရေပြားပြဿနာများ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

⛅️ ကိုယ်ခံစွမ်းအား တိုးတက်စေခြင်း
�ဗီတာမင် D ရရှိခြင်းကြောင့် ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ရောဂါပိုးတွေကို အလွယ်တကူတိုက်ဖျက်နိုင်ပါတယ်။

👉 သတိပြုရန်အနေနဲ့တော့
• နေရောင်ခြည်မှာ မနက်ခင်း နေရောင် (၈ နာရီမှ ၁၀ နာရီအတွင်း) ကိုသာ ရွေးချယ်သင့်ပြီး နေ့လယ်ခင်း နေရောင်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
• နေပူစာလှုံချိန်မှာ SPF ပါသော နေရောင်ကာမလိမ်းဘဲ နေရောင်ကို တိုက်ရိုက်ထိတွေ့စေသင့်ပါတယ်။

ဒါကြောင့် မနက်ခင်းတိုင်း မိနစ် (၃၀) လောက်ာနေပူစာလှုံခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးများစွာ ရရှိနိုင်မှာဖြစ်လို့ မိတ်ဆွေတို့အနေနဲ့ရော မနက်ခင်းတိုင်းမှာ နေပူစာလှုံကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


⚠️ ဆီးချိုသွေးချိုဖြစ်နေလျှင် ကြု့တွေ့ရနိုင်တဲ့ လက္ခဏာများဆီးချိုရောဂါဆိုတာ အမျိုးအစားနှင့် တစ်ဦးချင်းပေါ်မူတည်၍ ရောဂါလက...
10/07/2025

⚠️ ဆီးချိုသွေးချိုဖြစ်နေလျှင် ကြု့တွေ့ရနိုင်တဲ့ လက္ခဏာများ

ဆီးချိုရောဂါဆိုတာ အမျိုးအစားနှင့် တစ်ဦးချင်းပေါ်မူတည်၍ ရောဂါလက္ခဏာများ၏ပြင်းထန်မှု ကွဲပြားနိုင်ပါတယ်။ ဆီးချိုရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာများမှာ-

▫️မကြာခဏဆီးသွားခြင်း (Polyuria)

သွေးထဲမှာ သကြားဓာတ်တွေပိုလျှံနေတာကြောင့် ဆီးကနေတဆင့် ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဖယ်ရှားဖို့ကြိုးစားတာကြောင့် ဆီးသွားနိုင်ပါတယ်။

▫️အလွန်အကျွံ ရေငတ်ခြင်း (Polydipsia)

မကြာခဏ ဆီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရေဓာတ်ခန်းခြောက်ခြင်းက ရေငတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

▫️အလွန်အမင်း ဗိုက်ဆာခြင်း (Polyphagia)

အများကြီးစားနေပေမယ့် ဆီးချိုရောဂါရှိသူတွေဟာ အဆက်မပြတ် ဆာလောင်မှုကို ခံစားရပြီး အဆာမပြေဘူးလို့ ခံစားရနိုင်ပါတယ်။

▫️ကိုယ်အလေးချိန်ကျခြင်း

များများစားသော်လည်း ခန္ဓာကိုယ်က စွမ်းအင်အတွက် ဂလူးကို့စ်ကို ထိရောက်စွာ အသုံးမချနိုင်ခြင်းကြောင့် ကြွက်သားနှင့် အဆီများကို ဖြိုခွဲအသုံးပြုသောကြောင့် ဝိတ်ကျပါတယ်။

▫️ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း

ဆဲလ်များသို့ ဂလူးကို့စ်များ လုံလောက်စွာ မရောက်ရှိပါက ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်ပင် နှောင့်နှေးနေတတ်ပါတယ်။

▫️အမြင်အာရုံမှုန်ဝါးခြင်း

သွေးတွင်းဂလူးကို့စ်ပမာဏများခြင်းသည် မျက်လုံးကို ထိခိုက်စေနိုင်ပြီး အမြင်အာရုံမှုန်ဝါးခြင်း သို့မဟုတ် အာရုံစူးစိုက်ရခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▫️အနာကျက်နှေးခြင်း

ဆီးချိုရောဂါသည် ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းကို ထိခိုက်စေပြီး ရှရာများ၊ ဒဏ်ရာများနှင့် ပိုးဝင်ခြင်းများကို နှေးကွေးစွာ အနာကျက်စေပါတယ်။

▫️မကြာခဏ ရောဂါပိုးဝင်ခြင်းများ

သွေးတွင်းသကြားဓာတ် မြင့်မားခြင်းသည် ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ဆီးချိုရောဂါရှိသူများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း နှင့် မှိုပိုးများကဲ့သို့သော ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားနိုင်စေနိုင်ပါတယ်။

▫️သွေးတိုးခြင်း

ဆီးချိုရောဂါသည် သွေးပေါင်ချိန်ကို ပိုဆိုးစေကာ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေကို တိုးစေပါတယ်။

▫️သွားဖုံးရောဂါနှင့် သွားနှင့်ခံတွင်းပြဿနာများ

ဆီးချိုရောဂါသည် သွားဖုံးရောဂါ၊ သွားဖုံးရောင်ခြင်းနှင့် အခြားသော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

ဆီးချိုရောဂါရှိသူအချို့မှာ အစောပိုင်းအဆင့်တွင် သိသာထင်ရှားသောလက္ခဏာများ မခံစားရကြောင်း သတိပြုရန်အရေးကြီးပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် အထူးသဖြင့် အဝလွန်ခြင်း၊ မိသားစုရာဇဝင်ရှိခြင်း၊ သို့မဟုတ် အထိုင်များသောလူနေမှုပုံစံ စသောသူတို့တွင် ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။ အကယ်၍ သင့်ဆီမှာ ဒီလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက အမြန်ဆုံး ရောဂါရှာဖွေစစ်ဆေးမှုနှင့် မှန်ကန်သော ကုသမှုပြုလုပ်ရန် လိုအပ်ပါတယ်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


🦠 "တုပ်ကွေးဆိုတာလည်း ဖျားပြီးရင် ပျောက်တာပါပဲကွာ.. ဆေးထိုးဖို့ လိုသေးလို့လား?" လို့ ကျွန်တော်တို့ အများစုက တွေးနေတတ်ကြပါ...
07/07/2025

🦠 "တုပ်ကွေးဆိုတာလည်း ဖျားပြီးရင် ပျောက်တာပါပဲကွာ.. ဆေးထိုးဖို့ လိုသေးလို့လား?" လို့ ကျွန်တော်တို့ အများစုက တွေးနေတတ်ကြပါတယ်။

😷 တကယ်တမ်းတော့ တုပ်ကွေးက ရိုးရိုးဖျားနာတာထက် ပိုဆိုးနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါသည်တွေဆို တုပ်ကွေးရဲ့ဒဏ်ကိုပိုမိုခံစားရနိုင်ပါတယ်။

😷 တုပ်ကွေးကြောင့် နမိုးနီးယားလိုပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးက ဒီနောက်ဆက်တွဲပြဿနာတွေကိုပါလျော့ချနိုင်ပြီး အခြားသူတွေဆီကူးစက်ခြင်းကနေလည်း တားဆီးနိုင်ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်က မျိုးကွဲတွေနှစ်စဉ်ပြောင်းလဲတတ်တာကြောင့် ကာကွယ်ဆေးကိုလည်း နှစ်စဉ်ထိုးနှံသင့်ပါတယ်ခင်ဗျာ။

တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံသင့်တဲ့သူတွေကတော့
- ကိုယ်ဝန်ဆောင်မိခင်များ
- ၆ လအထက် ကလေးငယ်များ
- အသက် ၆၅ နှစ်အထက် လူကြီးများ
- ဆီးချို၊ ပန်းနာ၊ HIV/AIDS လိုမျိုး ကိုယ်ခံအားနည်းသူများပဲဖြစ်ပါတယ်။

“Elotus Laboratory” မှာဆိုရင် အရည်အသွေးကောင်းမွန်ပြီး Cold Chain စနစ်ဖြင့် သိုလှောင်ထားတဲ့ တုပ်ကွေးကာကွယ်ဆေးများကို လာရောက်ထိုးနှံနိုင်ပါပြီခင်ဗျာ။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


🌎 ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ သွေးအားနည်းရောဂါ (Anemia) 👉 သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်တွင်း သွေးနီဥများ (Red ...
03/07/2025

🌎 ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ သွေးအားနည်းရောဂါ (Anemia)

👉 သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်တွင်း သွေးနီဥများ (Red Blood Cells) သို့မဟုတ် ဟေမိုဂလိုဘင် (Hemoglobin) ပမာဏ လျော့နည်းနေခြင်း ဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ပရိုတင်းဖြစ်ပြီး ဟေမိုဂလိုဘင် နည်းပါးပါက ကိုယ်တွင်းအင်္ဂါများသို့ အောက်ဆီဂျင်လုံလောက်စွာ မရရှိနိုင်တော့ပါ။

🩸ဘာလို့ သွေးအားနည်းရောဂါ ဖြစ်တာလဲ ?

သွေးအားနည်းရောဂါကို အဓိကအမျိုးအစား (၄) မျိုးဖြင့် ခွဲခြားနိုင်ပြီး တစ်မျိုးစီက အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါတယ်။

1️⃣ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ (Iron Deficiency Anemia)
🩸အစားအသောက်မှ သံဓာတ်စုပ်ယူမှုနည်းခြင်း
🩸 ရာသီသွေးဆင်းများခြင်း၊ ထိခိုက်ဒဏ်ရာများကြောင့် သွေးဆုံးရှုံးမှုများခြင်း
🩸ကိုယ်ဝန်ဆောင်ချိန်တွင် သံဓာတ်လိုအပ်ချက်မြင့်မားခြင်း တို့ကြောင့် ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

2️⃣ ဗီတာမင် B12 နှင့် ဖောလိတ်ဓာတ်ချို့တဲ့ခြင်း (Megaloblastic Anemia)
🩸 ဗီတာမင် B12 နှင့် ဖောလိတ်ဓာတ်များ စုပ်ယူမှုမကောင်းခြင်း
🩸အစာအာဟာရချို့တဲ့ခြင်း (ဥပမာ- အသီးအရွက်သက်သက်စားသူများ) တို့ကြောင့် ဖြစ်နိုင်ပါတယ်။

3️⃣ သွေးနီဥများ အလိုအလျောက်ပျက်စီးခြင်း (Hemolytic Anemia)
🩸မွေးရာပါသွေးရောဂါများ (ဥပမာ- သွေးကြောဆိုင်ရာ ရောဂါ၊ သလိပ်ရောဂါ)
🩸ပိုးမွှားများ၊ ဆေးဝါးများ၊ ဓာတ်မတည့်မှုများကြောင့် သွေးနီဥပျက်စီးခြင်း ကြောင့်ဖြစ်နိုင်ပါတယ်။

4️⃣ ရိုးတွင်းခြင်ဆီပြဿနာများ (Aplastic Anemia)
🩸ရိုးတွင်းခြင်ဆီသည် သွေးနီဥများကို လုံလောက်စွာမထုတ်နိုင်ခြင်း
🩸ဓာတ်ရောင်ခြည်ထိတွေ့မှု၊ ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုး တို့ကြောင့် ဖြစ်နိုင်ပါတယ်။

👉 လက္ခဏာတွေအနေနဲ့

➡️မောပန်းလွယ်ခြင်း၊ အားနည်းခြင်း
➡️အသားအရေဖြူဖပ်ဖြူရော်ဖြစ်ခြင်း
➡️ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
➡️လက်ဖျားခြေဖျားအေးစက်ခြင်း
➡️ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း
➡️အာရုံစူးစိုက်ရခက်ခြင်း တို့ ခံစားရနိုင်ပြီး
သွေးအားနည်းရောဂါရှာဖွေကို

1️⃣သွေးစစ်ဆေးမှုများ

✅CBC (သွေးနီဥ၊ သွေးဖြူဥ၊ ဟီမိုဂလိုဘင် ပမာဏစစ်ခြင်း)
✅သံဓာတ်၊ ဗီတာမင် B12၊ ဖောလိတ်ဓာတ်များ စစ်ဆေးခြင်း
✅သွေးနီဥပုံစံကြည့်ခြင်း (Peripheral Blood Smear)

2️⃣အခြားစစ်ဆေးမှုများ

✅ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း (ပြင်းထန်သောအခြေအနေများတွင်) တို့ဖြင့် စစ်ဆေးနိုင်ပါတယ်။

ဒါပေမဲ့ သင့်မှာ အလွန်အမင်းအားနည်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်းစသော လက္ခဏာများပေါ်လျှင် ဆရာဝန်နှင့် အမြန်ပြသရန် အရေးကြီးပါတယ်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


💁‍♀️ ခန္ဓာကိုယ်အတွက် အရေးပါတဲ့လောင်စာ (ဒါမှမဟုတ်) သွေးတွင်းအချိုဓာတ် 🩸 လူ့ခန္ဓာကိုယ်ကို လည်ပတ်နေတဲ့ အင်ဂျင်မော်တာတစ်လုံး...
24/06/2025

💁‍♀️ ခန္ဓာကိုယ်အတွက် အရေးပါတဲ့လောင်စာ (ဒါမှမဟုတ်) သွေးတွင်းအချိုဓာတ်

🩸 လူ့ခန္ဓာကိုယ်ကို လည်ပတ်နေတဲ့ အင်ဂျင်မော်တာတစ်လုံးလို မြင်ယောင်ကြည့်ရင် မော်တာကို ချောချောမွေ့မွေ့လည်ပတ်စေဖို့ လောင်စာလိုပါတယ်။ ထိုနည်းတူ ခန္ဓာကိုယ်တစ်ခုကို မောင်းနှင်လည်ပတ်ဖို့အတွက် လောင်စာ Blood Glucose (သွေးတွင်းအချိုဓာတ်/ သကြားဓါတ်) လိုအပ်ပါတယ်။

သွေးတွင်းအချိုဓာတ် (Blood Glucose Level) ကို များလည်းမများစေရ၊ နည်းလည်းမနည်းစေရပဲ သတ်မှတ်ထားတဲ့ အဆင့်မှာ ရှိနေဖို့အတွက် Elotus Laboratory မှ ဖော်ပြပေးသွားပါမယ်။

သွေးတွင်းအချိုဓါတ် ပုံမှန်အဆင့်တွေအနေနဲ့

* အစာစားပြီး ၈ နာရီကြာပြီးနောက် သွေးတွင်းသကြားဓါတ်ပမာဏ
* ပုံမှန် – 70 မှ 99 mg/dL (3.9 မှ 5.5 mmol/L)
* ဆီးချိုမဖြစ်သေးသည့်အခြေအနေ (Prediabetes) – 100 မှ 125 mg/dL (5.6 မှ 6.9 mmol/L)
* ဆီးချိုရောဂါ – 126 mg/dL (7.0 mmol/L) နှင့်အထက် တို့ဖြစ်ပါတယ်။

🔹သွေးတွင်းအချိုဓါတ်မြင့်ခြင်း (Hyperglycemia)
�သွေးတွင်းသကြားဓါတ်မြင့်မားခြင်းကြောင့် ဆီးချိုရောဂါ (Diabetes) ဖြစ်နိုင်ခြေရှိပါတယ်။အင်ဆူလင်ဟော်မုန်း (Insulin) မလုံလောက်ခြင်း၊ သို့မဟုတ် အင်ဆူလင်ကို ခန္ဓာကိုယ်က အလုပ်မလုပ်နိုင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။

🔹သွေးတွင်းအချိုဓါတ်နည်းခြင်း (Hypoglycemia)
�သွေးတွင်းသကြားဓါတ် 70 mg/dL အောက်သို့ ကျဆင်းသွားပါက သွေးတွင်းသကြားဓါတ်နည်းခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်ပါတယ်။ ဆီးချိုဆေးသောက်နေသူများ၊ အစာမစားခြင်း၊ ပင်ပန်းလှုပ်ရှားမှုများခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

တကယ်လို့ သင်က သွေးတွင်းသကြားဓါတ်နည်းနေတယ်ဆိုရင် အောက်ပါလက္ခဏာတွေဖြစ်တဲ့
* ခေါင်းမူးခြင်း၊ အာရုံရှုပ်ထွေးခြင်း
* ခေါင်းကိုက်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း
* နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်ခြင်း
* အားမရှိခြင်း၊ သတိလစ်ခြင်း တို့ခံစားရနိုင်ပါတယ်။

⚠️ အထူးသတိပြုရန်ကတော့ သွေးတွင်းအချိုဓါတ်ဆိုတာ ကျန်းမာရေးအတွက် အရေးကြီးသောအချက်ဖြစ်တာကြောင့် ပုံမှန်သွေးသကြားဓါတ်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်း၊ အစားအစာထိန်းသိမ်းခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ ပြုလုပ်ရန် အထူးအရေးကြီးပါတယ်။

“ELOTUS Medical Laboratory & Diagnosis”

🏥 ELOTUS တောင်ဥက္ကလာဆေးခန်း - အမှတ် ၁၀၂၇၊ ဘယကျော်သူလမ်းနဲ့ ၁၆လမ်းထောင့်၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎️ ဖုန်း - 09 951 064 141


Address

​1027, Corner Of Baya Kyaw Thu Street And 16th Street, South Okkalapa Township
Yangon
11091

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959951064141

Website

Alerts

Be the first to know and let us send you an email when Elotus Medical Laboratory & Diagnostics - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Elotus Medical Laboratory & Diagnostics - Yangon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category