Mental Playground

Mental Playground The space for self-discovery and gaining self-awareness through different approaches.

Mental Playground နှင့် Wellington Pharmacy Myanmar တို့ အတူပူးပေါင်းဖန်တီးထားတဲ့ The Growth Playground Vol.13 “ Mind Li...
26/04/2026

Mental Playground နှင့် Wellington Pharmacy Myanmar တို့ အတူပူးပေါင်းဖန်တီးထားတဲ့ The Growth Playground Vol.13 “ Mind Like a Garden : Taking Care of Memory and Focus ” Online Webinar

အာရုံစူးစိုက်မှုအားနည်းတာ, အာရုံမရ, သတိမေ့လျော့လွယ်ခြင်းတွေက နေ့ဓဒူဝလုပ်ငန်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုအနည်းအများရှိတတ်ကြပါတယ်။

ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ကောင်းမွန်မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာဂရုစိုက်ခြင်းတွေက ဦးနှောက်လုပ်ဆောင်နိုင်စွမ်း, မှတ်ဥာဏ် နှင့် အာရုံစူးစိုက်မှုကောင်းမွန်စေဖို့ တစ်ထောင့်တစ်နေရာကနေ အထောက်ပံ့တစ်ခုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ယခု Webinar လေးမှာ Psychiatrist - Dr. Nanda Kyaw Swar ကနေ မှတ်ဉာဏ် နှင့် အာရုံစူးစိုက်မှုအားကောင်းစေဖို့အတွက် အရေးပါတဲ့ စိတ်ဥယျာဥ်လေးကို အမြဲတမ်းလန်းဆန်းကောင်းမွန်နေဖို့ ကျင့်သုံးနိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးနည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။

ဒီ Webinar လေးကို အသက်အရွယ်မရွေးတက်ရောက်နိုင်ပြီး မိမိအတွက်သာမက မိမိတို့ရဲ့ မိသားစု, လူကြီးမိဘတွေကို စောင့်ရှောက်မှုပေးနေသူများ, စိတ်ဝင်စားသူ မည်သူမဆို “ အခမဲ့ ”ပါဝင်နားထောင်နိုင်မှာဖြစ်ပါတယ်။

ပါဝင်မယ်ဆိုရင် “ Mind like a Garden ” လို့ comment မှာ ရေးခဲ့ရုံနဲ့ Join ရမယ့် Telegram Link တွေကို ပို့ပေးသွားမှာပါ။

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆 𝐃𝐚𝐭𝐞 : 𝟑𝐫𝐝 𝐌𝐚𝐲 ( 𝐒𝐮𝐧𝐝𝐚𝐲 )
🕖𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎- 𝟖:𝟑𝟎 𝐏𝐌
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦

ကိုယ့်ကို တံဆိပ်ကပ်ထားတဲ့ 𝐑𝐨𝐥𝐞𝐬, 𝐋𝐚𝐛𝐞𝐥𝐬 တွေကို ဖယ်လိုက်တဲ့အခါ ကျန်နေတဲ့ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုအစစ်မှန်ကို ကိုယ်တိုင်သ...
21/04/2026

ကိုယ့်ကို တံဆိပ်ကပ်ထားတဲ့ 𝐑𝐨𝐥𝐞𝐬, 𝐋𝐚𝐛𝐞𝐥𝐬 တွေကို ဖယ်လိုက်တဲ့အခါ ကျန်နေတဲ့ ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုအစစ်မှန်ကို ကိုယ်တိုင်သိနေရဲ့လား ? 🧐

လူသားတစ်ဦးချင်းစီတိုင်းမှာ မွေးလာတဲ့အချိန်ကစပြီး ကိုယ့်အတွက် တံဆိပ် Roles လေးတွေ တစ်ခုပြီးတစ်ခု ရလာကြပါတယ်။ သား/သမီး, မောင်နှမ, မိဘ, မိသားစုရဲ့ အကြီးဆုံး / အငယ်ဆုံး စသဖြင့် Roles တွေရှိကြသလို, ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်နှင့်ပတ်သတ်ပြီးလည်း တစ်ဦးဦးရဲ့ မိတ်ဆွေ, ဆရာ, တပည့်, လုပ်ဖော်ကိုင်ဖက်, တာဝန်ရှိသူ, အဖွဲ့အစည်းမှာပါဝင်သူ, ဦးဆောင်သူ စတဲ့ များစွာသော Roles တွေ ကိုယ်စီနဲ့ ရှင်သန်နေထိုင်တတ်ကြပါတယ်✨

ဒီ Roles တွေကြောင့် ကိုယ့်ရဲ့ ရှင်သန်နေထိုင်မှုကို ဖော်ပြတဲ့အခါပိုပြီး အဓိပ္ပာယ်ပြည့်စုံစေတာမှန်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ခုလို မိသားစုအသိုင်းအဝိုင်း, အလုပ်အကိုင်, ဂုဏ်ပုဒ်စတဲ့ Rolesတွေ အပေါ်ပဲ အခြေခံပြီး ခံယူသတ်မှတ်တဲ့အခါ အဲဒီ Roles တွေ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတယ်လို့ ခံစားသွားရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို Roles တွေနှင့်မဟုတ်ပဲ ကိုယ်တိုင်ရွေးချယ်ခံယူထားတဲ့ တန်ဖိုးထားရတဲ့ စွမ်းရည်, စိတ်အားထက်သန်မှု, ဖြတ်သန်းကြုံတွေ့ရမှုနှင့် သတ်မှတ်တည်ဆောက်ဖို့လိုပါတယ်။ ဒီလိုမှပဲ ကိုယ့်ရဲ့ စစ်မှန်တဲ့ Values နှင့် True Identity ကိုရှာတွေ့နိုင်သလို တစ်ချိန်ချိန် ကိုယ့်ဆီမှာ ဘယ်လို Roles မှ မရှိနေတော့ရင်တောင် ကိုယ်ရဲ့ Values တွေက ကိုယ့်ကို လမ်းပြသဖွယ် ဖြစ်စေမှာပါ။

ဒါဆိုရင် ကိုယ့်ရဲ့ True Self ကို ဘယ်လိုချိတ်ဆက်မလဲ ?

🌱𝐔𝐧𝐩𝐥𝐮𝐠 𝐚𝐧𝐝 𝐑𝐞𝐟𝐥𝐞𝐜𝐭 : ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို ပြင်ပအရာတွေဆီကနေ ခဏလောက်ဝေးကွာပြီး Meditation , Journaling လုပ်ခြင်းဖြင့် ကိုယ့်ရဲ့ အတွင်းထဲကို အရှိအတိုင်း ပြန်လည်ဆန်းစစ်နားထောင်ကြည့်ပါ။

🌱𝐒𝐭𝐨𝐩 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐢𝐧𝐠: တစ်ခြားသူတွေ ကိုယ့်ကို ကျေနပ်လက်ခံလာဖို့အတွက်ကို “ Role-play ” လုပ်နေမိတာလား…ကိုယ့်ရဲ့ စစ်မှန်တဲ့ပုံစံလေးအတိုင်းပဲ နေထိုင်ဖြစ်နေလားဆိုတာကို သတိထားကြည့်ပါ။

🌱𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐒𝐞𝐥𝐟-𝐂𝐨𝐦𝐩𝐚𝐬𝐬𝐢𝐨𝐧: ကိုယ့်ရဲ့ တန်ဖိုးကို အပြင်က အရာဝတ္ထု,ပစ္စည်း,ဂုဏ်ပုဒ်တွေနဲ့ မသတ်မှတ်ပဲ ကိုယ်ပိုင်ထူးခြားမှုစွမ်းရည်တွေရှိတဲ့ ကိုယ့်ကိုကိုယ် လက်ခံထွေးပွေ့နိုင်ဖို့ ကြိုးစားပါ။

🌱𝐈𝐝𝐞𝐧𝐭𝐢𝐟𝐲 𝐂𝐨𝐫𝐞 𝐕𝐚𝐥𝐮𝐞𝐬: အလုပ်, ဆက်ဆံရေး, မိသားစု စတဲ့အပိုင်းတွေမှာ ကိုယ့်အတွက် ဘယ်လို စွမ်းရည်,ကိုယ်ရည်ကိုယ်သွေးတွေက တန်ဖိုးထားရသလဲဆိုတာကို ရှာဖွေပါ။

🌱𝐑𝐞𝐜𝐨𝐧𝐧𝐞𝐜𝐭 𝐰𝐢𝐭𝐡 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐉𝐨𝐲: လူမှုအသိုင်းအဝိုင်းက ဖိအားစံနှုန်းတွေမရှိခင်က ကိုယ်သဘောကျခဲ့တဲ့ ငယ်ဘဝ အရာလေးတွေကို ပြန်ပြီးခံစားလုပ်ဆောင်ကြည့်ပါ။

***************************************************************************************
ကိုယ့်ရဲ့ စစ်မှန်တဲ့ဖြစ်တည်မှုလေးကို ပြန်လည်ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် Mental Health Counselor and Wellness Advocate - Ma Su ကနေ ဦးဆောင်ပေးသွားမယ့် “ 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐉𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ” လေးရှိပါတယ်..

𝐌𝐚 𝐒𝐮 ရဲ့ 𝗚𝘂𝗶𝗱𝗲𝗱 𝗝𝗼𝘂𝗿𝗻𝗮𝗹𝗶𝗻𝗴 ကနေ တစ်ဆင့် ကိုယ့်အတွက် စစ်မှန်တဲ့ဘဝအဓိပ္ပာယ် နှင့် ကိုယ်တန်ဖိုးထားရတဲ့ life values တွေကို ရှာဖွေရင်း ကိုယ့်ရဲ့ အတွင်းထဲက Inner Self လေးနှင့် အချိန်တခဏတာလောက် ဆုံတွေ့နိုင်မှာပါ။

Workshop လေးက လူဦးရေအကန့်သတ်လေးရှိတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆုံး Page Messenger ကနေ စာရင်းသွင်းလိုက်နော်…✨

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆 𝐃𝐚𝐭𝐞 : 𝟐𝟔𝐭𝐡 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎 - 𝟗:𝟎𝟎 𝐏𝐌 ( 𝐌𝐌 𝐭𝐢𝐦𝐞𝐬 )
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦
💸 𝐅𝐞𝐞𝐬 : 𝟐𝟓,𝟎𝟎𝟎 𝐦𝐦𝐤 𝐨𝐧𝐥𝐲

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှစလို့ အားလုံး စိတ်ပျော်ရွှင်အေးချမ်းခြင်းများနှင့် ပြည့်စုံနိုင်စေဖို့ Mental Playground Team...
17/04/2026

မြန်မာနှစ်သစ် ၁၃၈၈ ခုနှစ်မှစလို့ အားလုံး စိတ်ပျော်ရွှင်အေးချမ်းခြင်းများနှင့် ပြည့်စုံနိုင်စေဖို့ Mental Playground Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်….

𝐃𝐚𝐲 𝟒 – 𝐆𝐞𝐧𝐭𝐥𝐞 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 🥰“ ပြီးခဲ့တဲ့ ရက်တွေမှာ ကိုယ့်အတွက် ကျေနပ်, ကျေးဇူးတင်စရာ ဖြစ်စေတဲ့ အရာတစ်ခုက ဘာဖြစ်မလဲ ? ”သေး...
16/04/2026

𝐃𝐚𝐲 𝟒 – 𝐆𝐞𝐧𝐭𝐥𝐞 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐢𝐨𝐧 🥰

“ ပြီးခဲ့တဲ့ ရက်တွေမှာ ကိုယ့်အတွက် ကျေနပ်, ကျေးဇူးတင်စရာ ဖြစ်စေတဲ့ အရာတစ်ခုက ဘာဖြစ်မလဲ ? ”
သေးငယ်တဲ့ အခိုက်အတန့် , အရာလေးတစ်ခုဖြစ်ရင်တောင်မှ ကိုယ့်အတွက်
လက်ဆောင်တစ်ခုအဖြစ် ရှေ့လာမယ့်ရက်တွေဆီကို သယ်ဆောင်သွားကြည့်ပါ..

သင်္ကြန်ပိတ်ရက်တစ်လျှောက်လုံး Mental Playground နှင့်အတူ Mindful momments လေးတွေဖြတ်သန်းခဲ့သူတွေကို ကျေးဇူးတင်ပါတယ်…🥰



𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝

Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

𝐃𝐚𝐲 𝟑 – 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐞𝐜𝐤 🌱“ ဒီနေ့မှာ ဘယ်အရာက ကိုယ့်အတွက် ပိုပြီးလိုအပ်နေလဲ ? ပြည့်ပြည့်ဝဝ အနားယူဖို့လား.. ? မိတ်ဆွေတွေနဲ့...
15/04/2026

𝐃𝐚𝐲 𝟑 – 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐡𝐞𝐜𝐤 🌱

“ ဒီနေ့မှာ ဘယ်အရာက ကိုယ့်အတွက် ပိုပြီးလိုအပ်နေလဲ ?
ပြည့်ပြည့်ဝဝ အနားယူဖို့လား.. ? မိတ်ဆွေတွေနဲ့ Connect လုပ်ဖို့လား ? ကိုယ့်အတွက် Space တစ်ခုလား..? ပျော်ရွှင်စရာတစ်ခုဖန်တီးဖို့လား ? ဘာပဲဖြစ်ပါစေ ကိုယ့်အတွက် လိုအပ်တဲ့အရာကို ကိုယ်တိုင်ရွေးချယ်ပြုလုပ်ခွင့်ပေးကြည့်ပါ.. ” 🙆



𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝

Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

𝐃𝐚𝐲 𝟐 – 𝐁𝐞 𝐏𝐫𝐞𝐬𝐞𝐧𝐭😇“ လက်ရှိအခိုက်အတန့်မှာ ကိုယ် အပြည့်အဝဖြတ်သန်းနေရဲ့လား.. ဒါမှမဟုတ် အလျင်စလိုနဲ့ ဒီအခိုက်အတန့်လေးကို ကု...
14/04/2026

𝐃𝐚𝐲 𝟐 – 𝐁𝐞 𝐏𝐫𝐞𝐬𝐞𝐧𝐭😇

“ လက်ရှိအခိုက်အတန့်မှာ ကိုယ် အပြည့်အဝဖြတ်သန်းနေရဲ့လား.. ဒါမှမဟုတ် အလျင်စလိုနဲ့ ဒီအခိုက်အတန့်လေးကို ကုန်ဆုံးနေမိတာလား ?

အနားယူနေတာပဲဖြစ်ဖြစ်, celebrate လုပ်နေတာပဲဖြစ်ဖြစ် လက်ရှိအခိုက်အတန့်‌လေးကို အပြည့်အဝဖြတ်သန်းစီးမျောနိုင်ဖို့ ကြိုးစားကြည့်ရအောင်...🩷



𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝

Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

သင်္ကြန်ပိတ်ရက်တွေမှာ စိတ်နဲ့ကိုယ်ကို အပြည့်အဝ အနားယူပြီး Mindful ဖြစ်ဖြစ် ဖြတ်သန်းချင်သူတွေရှိလား ..? ဒါဆိုရင် Mental P...
13/04/2026

သင်္ကြန်ပိတ်ရက်တွေမှာ စိတ်နဲ့ကိုယ်ကို အပြည့်အဝ အနားယူပြီး Mindful ဖြစ်ဖြစ် ဖြတ်သန်းချင်သူတွေရှိလား ..?

ဒါဆိုရင် Mental Playground ရဲ့ “ 𝐌𝐢𝐧𝐝𝐟𝐮𝐥 𝐇𝐨𝐥𝐢𝐝𝐚𝐲𝐬, 𝐒𝐞𝐥𝐟-𝐂𝐡𝐞𝐜𝐤 𝐈𝐧 ” Campaign လေးမှာပါဝင်ရင်း Reflective questions လေးတွေ ဖြေကြည့်နော်…. 💛

𝐃𝐚𝐲 𝟏 – 𝐒𝐥𝐨𝐰 𝐒𝐭𝐚𝐫𝐭 ✨

“ ဒီနေ့မနက် နိုးထလာတဲ့အခါ ကိုယ့်ဆီရောက်လာတဲ့ ခံစားချက်က ဘာဖြစ်မလဲ ?”
မိမိရဲ့ ကိုယ်ခန္ဓာ, စိတ်နှလုံး ကို အာရုံထားပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ အခိုက်အတန့်လေးတစ်ခုကို ခံစားကြည့်ရအောင် …



𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐭𝐚𝐲 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐌𝐞𝐧𝐭𝐚𝐥 𝐏𝐥𝐚𝐲𝐠𝐫𝐨𝐮𝐧𝐝
Website: https://mentalplaygroundmm.com
YouTube: https://youtube.com/-j23?si=YjR2mXOdMqhsseUo
Telegram Channel: https://t.me/mentalplaygroundmyanmar TikTok: https://www.tiktok.com/?_t=ZS-8yOvfYsGWk3&_r=1
LinkedIn: https://www.linkedin.com/company/mental-playground/

သင်္ကြန်ကာလအတွင်းမှာ Mental Playground ရဲ့ ဝန်ဆောင်မှုများကို ယာယီရပ်နားထားပါ့မယ်။ ပိတ်ရက်အပြီးမှာ ပိုပြီး ဆန်းသစ်ပြည့်ဝ...
12/04/2026

သင်္ကြန်ကာလအတွင်းမှာ Mental Playground ရဲ့ ဝန်ဆောင်မှုများကို ယာယီရပ်နားထားပါ့မယ်။ ပိတ်ရက်အပြီးမှာ ပိုပြီး ဆန်းသစ်ပြည့်ဝတဲ့ energy နဲ့ ပြန်လာခဲ့ပါမယ်..💛

ချစ်ရသူအားလုံးအတွက် ပျော်ရွှင်အေးချမ်းတဲ့ သင်္ကြန်ပိတ်ရက်လေးတွေ ပိုင်ဆိုင်ရစေဖို့ ဆုတောင်းလိုက်ပါရစေ... 🎊

ကိုယ့်ကိုကိုယ် နှင့် ပြန်တွေ့ဆုံဖို့အတွက် 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 (  𝐎𝐧𝐥𝐢𝐧𝐞  ) ✨  ကိုယ်ရှင်သန်ရတဲ...
11/04/2026

ကိုယ့်ကိုကိုယ် နှင့် ပြန်တွေ့ဆုံဖို့အတွက် 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ( 𝐎𝐧𝐥𝐢𝐧𝐞 ) ✨

ကိုယ်ရှင်သန်ရတဲ့ ပတ်ဝန်းကျင်, တာဝန်ဝတ္တရား, မိသားစုအသိုင်းအဝိုင်း နှင့် ပြင်ပရိုက်ခတ်မှုအခြေအနေတွေကြားမှာ ရုန်းကန်ရှင်သန်ရင်း ကိုယ့်ရဲ့ အတွင်းထဲမှာ ရှိနေတဲ့ “ ကိုယ်ဆိုတဲ့ ဖြစ်တည်မှုလေးကို ” မေ့လျော့နေတယ်လို့ ခံစားနေရပြီလား…🧐

အကြောင်းတိုက်ဆိုင်တိုင်းမှာ “ ကိုယ်က ဘယ်သူလဲ, ကိုယ့်ရဲ့ ရှင်သန်ဖြစ်တည်မှုလေးက ဘာလဲ ”ဆိုတဲ့ မေးခွန်းလေးတွေ ကိုယ့်ဆီပေါ်လာတတ်တယ်ဆိုရင်, ဒီမေးခွန်းလေးတွေရဲ့ အဖြေလေးတွေကို ရှာဖွေဖို့ လမ်းစလေးတစ်ခု လိုချင်နေသူတွေအတွက် 𝐌𝐞𝐞𝐭 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 𝐖𝐢𝐭𝐡𝐢𝐧 - 𝐒𝐞𝐥𝐟 𝐝𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေးရှိပါတယ်။

ကိုယ့်အတွက် စစ်မှန်တဲ့ဘဝအဓိပ္ပာယ် နှင့် ကိုယ်တန်ဖိုးထားရတဲ့ life values တွေကို 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐨𝐫 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐀𝐝𝐯𝐨𝐜𝐚𝐭𝐞 - 𝐌𝐚 𝐒𝐮 ရဲ့ 𝗚𝘂𝗶𝗱𝗲𝗱 𝗝𝗼𝘂𝗿𝗻𝗮𝗹𝗶𝗻𝗴 ကနေ တစ်ဆင့် ရှာဖွေရင်း ကိုယ့်ရဲ့ အတွင်းထဲက Inner Self လေးနှင့် အချိန်တခဏတာလောက် ဆုံတွေ့နိုင်မှာပါ။

Ma Su က clinical counseling hours 3,000 ကျော်အတွေ့အကြုံရှိသူဖြစ်သလို Trauma နဲ့ Self-Development အပိုင်းတွေကို အထူးပြုပြီး Self-Awareness နဲ့ Self Help Training တွေကိုသင်ကြားပေးနေသူ ဖြစ်ပါတယ် 🫶

Workshop လေးက လူဦးရေအကန့်သတ်လေးရှိတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် အမြန်ဆုံး Page Messenger ကနေ စာရင်းသွင်းလိုက်နော်…✨

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

📆 𝐃𝐚𝐭𝐞 : 𝟐𝟔𝐭𝐡 𝐀𝐩𝐫𝐢𝐥 𝟐𝟎𝟐𝟔 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎 - 𝟗:𝟎𝟎 𝐏𝐌 ( 𝐌𝐌 𝐭𝐢𝐦𝐞𝐬 )
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦
💸 𝐅𝐞𝐞𝐬 : 𝟐𝟓,𝟎𝟎𝟎 𝐦𝐦𝐤 𝐨𝐧𝐥𝐲

မနေ့ညက ပြုလုပ်သွားတဲ့ The Growth Playground vol 12 - " Behind the Smile : Understanding Social Anxiety " Online webinar ...
06/04/2026

မနေ့ညက ပြုလုပ်သွားတဲ့ The Growth Playground vol 12 - " Behind the Smile : Understanding Social Anxiety " Online webinar ကို တက်ရောက်ပေးခဲ့ကြသူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် 🤩

အခုလို စိန်ခေါ်မှုတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့ ကာလမှာ အချိန်ပေးပြီး ပါဝင်ပေးကြတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပါဝင်မှုကို တကယ်ကို တန်ဖိုးထားမိပါတယ် 🫶

နောက်လာမယ့် အစီအစဉ်တွေမှာလည်း ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ရင်း ရှေ့လာမယ့် သင်္ကြန်အခါသမယမှာလည်း အားလုံးပဲ ပျော်ရွှင်ဘေးကင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် 😊

Webinar is starting now ! Join us at below 🔗 𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 📌https://us06web.zoom.us/j/9444840538?pwd=RVo4RkROTmFkalFlNFdWSW4...
05/04/2026

Webinar is starting now ! Join us at below 🔗
𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 📌

https://us06web.zoom.us/j/9444840538?pwd=RVo4RkROTmFkalFlNFdWSW42TFBEQT09

𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐈𝐃 : 944 484 0538
𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 : YjGge9

မနက်ဖြန် တနင်္ဂနွေ ည 7 နာရီမှာ The Growth Playground Vol.12 “ Behind The Smile : Social Anxiety အကြောင်းလေ့လာခြင်း ” Online Webinar ” လေးရှိပါတယ်✨

Social Anxiety နှင့်ပတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေသွားမှာဖြစ်သလို, ရေရှည်မှာ ဘယ်လိုကောင်းမွန်တဲ့နည်းလမ်းတွေနှင့် Social Anxiety ကျော်လွှားနိုင်မလဲ ဆိုတာကို နားထောင်ကြရမှာပါ။

စိတ်ဝင်စားသူတိုင်း အောက်ပါလင့်ကနေ ဝင်ရောက်ပြီး အခမဲ့ ပါဝင်နားထောင်နိုင်ပါတယ် 🌱

မနက်ဖြန်မှာ အတူဆုံတွေ့ကြမယ်နော်….✨

𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 📌

https://us06web.zoom.us/j/9444840538?pwd=RVo4RkROTmFkalFlNFdWSW42TFBEQT09

𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐈𝐃 : 944 484 0538
𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 : YjGge9

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

🗓️ 𝐃𝐚𝐭𝐞 : 𝟓𝐭𝐡 𝐀𝐩𝐫𝐢𝐥 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎- 𝟖:𝟑𝟎 𝐏𝐌
🖥️ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦

မနက်ဖြန် တနင်္ဂနွေ ည 7 နာရီမှာ The Growth Playground  Vol.12 “ Behind The Smile : Social Anxiety အကြောင်းလေ့လာခြင်း ” On...
04/04/2026

မနက်ဖြန် တနင်္ဂနွေ ည 7 နာရီမှာ The Growth Playground Vol.12 “ Behind The Smile : Social Anxiety အကြောင်းလေ့လာခြင်း ” Online Webinar ” လေးရှိပါတယ်✨

Social Anxiety နှင့်ပတ်သတ်တဲ့အကြောင်းအရာတွေကို မျှဝေသွားမှာဖြစ်သလို, ရေရှည်မှာ ဘယ်လိုကောင်းမွန်တဲ့နည်းလမ်းတွေနှင့် Social Anxiety ကျော်လွှားနိုင်မလဲ ဆိုတာကို နားထောင်ကြရမှာပါ။

စိတ်ဝင်စားသူတိုင်း အောက်ပါလင့်ကနေ ဝင်ရောက်ပြီး အခမဲ့ ပါဝင်နားထောင်နိုင်ပါတယ် 🌱

မနက်ဖြန်မှာ အတူဆုံတွေ့ကြမယ်နော်….✨

𝐙𝐨𝐨𝐦 𝐋𝐢𝐧𝐤 📌

https://us06web.zoom.us/j/9444840538?pwd=RVo4RkROTmFkalFlNFdWSW42TFBEQT09

𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐈𝐃 : 944 484 0538
𝐏𝐚𝐬𝐬𝐜𝐨𝐝𝐞 : YjGge9

𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥 📌

🗓️ 𝐃𝐚𝐭𝐞 : 𝟓𝐭𝐡 𝐀𝐩𝐫𝐢𝐥 ( 𝐒𝐮𝐧𝐝𝐚𝐲 )
⏰ 𝐓𝐢𝐦𝐞 : 𝟕:𝟎𝟎- 𝟖:𝟑𝟎 𝐏𝐌
🖥️ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦

Address

Yangon

Alerts

Be the first to know and let us send you an email when Mental Playground posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mental Playground:

Share