KM Pharmacy & Clinic

KM Pharmacy & Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KM Pharmacy & Clinic, Medical and health, Yangon.

Happy new year welcome to 2023🥰🥰နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ ကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင်မှ ဆု‌တောင်းမေတ္တာပို့သလိုက...
31/12/2022

Happy new year welcome to 2023🥰🥰
နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ ကောင်းမွန်ဆေးခန်းနှင့်
ဆေးဆိုင်မှ ဆု‌တောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏

20/07/2022

ဆေးဈေးတွေ တက်တယ်
ဆေးတွေ ပစ္စည်း ပြတ်တယ်
ဆေးဝယ်သူတွေက ကိုယ်တတ်နိုင်သလောက် ၃/၄လစာ အဆင်ပြေသလောက် ပိုဝယ်နေကြတယ်
ကုမ္ပဏီတွေကလည်း ဈေး တက်တယ် တချို့က အရောင်းပါပိတ်တယ်
ဆေးဆိုင်တွေရဲ့ အခန်းက အရေးကြီးလာပါပြီ။
တူတာ ရအောင် ရှာရောင်းပေးတတ်ဖို့ လိုပါတယ်။ (မရတာ ပိတ်တာကို အတင်း လိုက်ဝယ်နေကြတော့ ကုန်သည်တွေ ဈေးကစားသမျှ ဆေးဆိုင်နဲ့ ဆေးဝယ် ခံရတာပါ။)
ခုချိန်မှာ ဈေးဝယ်တွေကို ဆေးမမှားဘဲ တူတာ ချက်ချင်း အစားထိုး ပေးနိုင်ဖို့လည်း ကြိုးစားကြရပါမယ်။
ဆေးဝါးပညာရှင်တွေလည်း ဆေးဆိုင်တွေမှာ အများပြည်သူအတွက် အလုပ်ပိုလုပ်ပေးကြပါလိမ့်မယ်။
အရမ်း ဝယ်ရခက်နေတဲ့ ဆေးတွေကို ကုန်သည်တွေ ဈေးကစားတာကို ဆေးဆိုင်တွေက ပါးနပ်စွာ လှည့်ပြီး ရောင်းပေးဖို့ ကြိုးစားရမယ့် ကာလပါ။
ဆေးသောက်သူတွေကလည်း အစွဲ မထားသင့်တဲ့ အချိန်ပါ။ မမှားဘူး တူရင်ကို အစားထိုးသုံးဖို့ စိတ်ဆုံးဖြတ်ထားသင့်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ ဆေးကလည်း မသောက်ဘဲ နေလို့မရဘူးကိုး။ တခြားနေရာတွေမှာလည်း အဆမတန် တက်နေတော့ တတ်နိုင်သရွေ့ အရေးကြီးတာတွေ မျှသုံးရမှာပါ

Credit

ဆေးပစ္စည်းများရောက်ရှိနေမှု super sunday ပါ ဆေးဝါးများနှင့်ကျွန်မတို့ 💯💯လူနာများတွက် လစ်ဟာမှုမရှိစေရန် ဆောင်ရွက်နေမှုကြီ...
17/07/2022

ဆေးပစ္စည်းများရောက်ရှိနေမှု super sunday ပါ ဆေးဝါးများနှင့်ကျွန်မတို့ 💯💯လူနာများတွက် လစ်ဟာမှုမရှိစေရန် ဆောင်ရွက်နေမှုကြီး

ကောင်းမွန်ဆေးခန်းနှင့် ဆေးဆိုင် တွင် ဆေးနှင့်ဆေးဝါးများလက်လီ လက္ကားဝယ်ယူရရှိနိုင်ပါသည်။💞💞📲online မှလည်းဝယ်ယူနိုင်ပါသည် 📌...
17/07/2022

ကောင်းမွန်ဆေးခန်းနှင့် ဆေးဆိုင် တွင် ဆေးနှင့်ဆေးဝါးများလက်လီ လက္ကားဝယ်ယူရရှိနိုင်ပါသည်။💞💞
📲online မှလည်းဝယ်ယူနိုင်ပါသည် 📌📌📌
💯💯မိမိတို့ရဲ့ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်နေပါသလား 📌📌ကောင်းမွန်ရှိပါသည် 💯💯လိုအပ်သည့်ဆေးဝါးများ ကို ဖုန်းဆက်လိုက်ရုံနဲ့ သင့်ဆီအရောက် ပို့ဆောင်ပေးနေပါသည်။
ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆရာဝန်များ ကိုယ်တိုင် Home service (အိမ်တိုင်ရာရောက်)ကုသမှုများပြုလုပ်နိုင်ပါသည်။
အမှတ် (၉၅) ၊၃/ရန်ပြေ ၈ လမ်းထိပ် ၊သာကေတမြို့နယ်🏩🏩

ဝါဆိုလပြည့်နေ့ကျွန်မတို့သူငယ်ချင်းတွေပေါင်းပြီးဖွင့်ထား‌သောကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင် ကုသိုလ်ဖြင့်ဆေးကုသခြင်းအောင်မြ...
12/07/2022

ဝါဆိုလပြည့်နေ့ကျွန်မတို့သူငယ်ချင်းတွေပေါင်းပြီးဖွင့်ထား‌သောကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင် ကုသိုလ်ဖြင့်ဆေးကုသခြင်းအောင်မြင်ခဲ့ပါသည်🥰🥰

ဝါဆိုလပြည့်နေ့ ကုသိုလ် ကောင်းမွန်ဆေးခန်းမှ အခမဲ့ကုသပေးခြင်းဖြစ်ပါသည်
12/07/2022

ဝါဆိုလပြည့်နေ့ ကုသိုလ် ကောင်းမွန်ဆေးခန်းမှ အခမဲ့ကုသပေးခြင်းဖြစ်ပါသည်

💯12.7.2022(အင်္ဂါနေ့)ဝါဆိုလပြည့်နေ့ ကုသိုလ်ပြု၍🏥ရန်‌ပြေ ၈လမ်းထိပ် ကောင်းမွန်ဆေးခန်းတွင် မနက်၁၀နာရီမှ နေ့လည်၁၂နာရီထိ အခမဲ...
12/07/2022

💯12.7.2022(အင်္ဂါနေ့)
ဝါဆိုလပြည့်နေ့ ကုသိုလ်ပြု၍
🏥ရန်‌ပြေ ၈လမ်းထိပ် ကောင်းမွန်ဆေးခန်းတွင် မနက်၁၀နာရီမှ နေ့လည်၁၂နာရီထိ အခမဲ့ကုသပေးမည်ဖြစ်သော‌ကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍မည်သူမဆို လာရောက်ဆွေးနွေးြပသနိုင်ပါသည်။💯💯💯

ကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင်တွင်🏥🏥ဒေါက်တာ ဇော်ရဲနိုင်အရေပြားနှင့်ကာလသားရောဂါအထူးကုဆရာဝန်ကြီးအပတ်စဉ်စနေနေ့မနက်(8:00AM) ...
02/07/2022

ကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင်တွင်🏥🏥
ဒေါက်တာ ဇော်ရဲနိုင်
အရေပြားနှင့်ကာလသားရောဂါအထူးကုဆရာဝန်ကြီး
အပတ်စဉ်စနေနေ့
မနက်(8:00AM) ထိုင်ပါမည်။

ပြသလိုသူများ အောက်ပါဖုန်းနံပါတ်ကို ကြိုတင်
Booking ယူနိုင်ပါသည်။🙏🙏
အမှတ်-၉၅၊၃/ရန်ပြေရပ်ကွက်၊(၈)လမ်းထိပ်၊
သာကေတမြို့နယ်။

ဖုန်းနံပါတ် - 09-401410512 ,09-428122259,09-250032487

ဆေးဆိုင်ဖွင့်မယ့် ညီမလေး ရဲ့အားပေးမှုလေးပါ ဆေးဆိုင်ဖွင့်ဖို့လိုအပ်တဲ့ဆေးလေးတွေ စာရင်းလေးနဲ့ညီမလေးကိုဝယ်ပေးပါ ဆို့တဲ့ ဆေး...
28/05/2022

ဆေးဆိုင်ဖွင့်မယ့် ညီမလေး ရဲ့အားပေးမှုလေးပါ ဆေးဆိုင်ဖွင့်ဖို့လိုအပ်တဲ့ဆေးလေးတွေ စာရင်းလေးနဲ့ညီမလေးကိုဝယ်ပေးပါ ဆို့တဲ့ ဆေးဆိုင်ဖွင့်မယ့်ညီမလေးကို အစ်မတို့ အဆင်ပြေအောင်လုပ်ပေးပါဦးလို့တောင်းဆိုလာတာပဲဖြစ်ပါတယ်
အစ်မတို့ Kaung Mon ဆေးခန်းနှင့်ဆေးဆိုင်မှလက်ကားရရှိမယ့်ဆေးလေးတွေနဲ့ စာရင်းလေးတွေအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်နော် Customer များစိတ်တိုင်းကျဆောင်ရွက်ပေးပါသည်
📌ကောင်းမွန်ဆေးခန်းနှင့်ဆေးဆိုင်📌
💯 ရာနှုန်းပြည့် customer စိတ်တိုင်းကျဆောင်ရွက်ပေးပါသည်💯💯
ဆက်သွယ်ရန် 📲09401410512, 09428122259,09250032487 သို့ဆက်သွယ်နိုင်ပါသည်☎☎
လိပ်စာ🏨အမှတ် ၉၅ ၊၃/ရန်ပြေ ၊ရန်ပြေ(၈)လမ်းထိပ်၊သာကေတ🏨🏨

24/05/2022

မျောက်ကျောက်ရောဂါအကြောင်း
မျောက်ကျောက်ရောဂါဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ကျောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ဒီရောဂါက အခုမှပေါ်လာတာမျိုးတော့မဟုတ်ပါဘူး။ ၁၉၅၈ခုနှစ်လောက်တည်းက သုတေသနပြုလုပ်နေတဲ့ မျောက်အုပ်စုတွေမှာ စတင်ဖြစ်ပွားခဲ့ပြီး ပထမဆုံးလူကို ကူးစက်တဲ့ caseက၁၉၇၀ခုနှစ်တုန်းက ကွန်ဂိုနိုင်ငံမှာဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်း အမေရိကနဲ့ ဥရောပအနောက်နိုင်ငံတွေမှာ ခပ်စိပ်စိပ်တွေ့လာရတာမို့ စိုးရိမ်စရာဖြစ်လာတာပါ။
ကူးစက်နိုင်တဲ့နည်းလမ်းတွေကတော့ ကူးစက်ခံထားရတဲ့သူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကို ထိတွေ့မိတဲ့နည်းအပြင် အသက်ရှူလမ်းကြောင်းကနေလည်းကူးစက်နိုင်ပါသေးတယ်။ အခုဥရောပဘက်မှာတွေ့ရတဲ့လူနာတွေမှာတော့ အမျိုးသားချင်းလိင်တူဆက်ဆံရာကနေကူးစက်ခံရတာကိုလည်း တွေ့ရပါတယ်။
ကူးစက်ခံရပြီး ရောဂါလက္ခဏာပြဖို့ ၇ရက်ကနေ ၁၄ရက်အတွင်းကြာတတ်ပြီး တချို့မှာတော့ ၂၁ရက်လောက်ထိကြာနိုင်ပါတယ်။
လက္ခဏာတွေအနေနဲ့ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ခံစားရနိုင်ပါတယ်။ ဖျားပြီး ၃ရက်လောက်အကြာမှာတော့ အရေပြားပေါ်မှာ အနီဖုအကွက်တွေက အများအားဖြင့် မျက်နှာပေါ်မှာစထွက်လာပြီး ခြေတွေလက်တွေအပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပျံ့နှံ့လာပါတယ်။ အရည်ကြည်ဖု၊ပြည်ဖုတွေအဖြစ်ပြောင်းလာပြီး နောက်ပိုင်းမှာ အဖက်တွေလန်ပြီး ကွာကျလာပါတယ်။
အခြားကျောက်ရောဂါတွေနဲ့ကွာခြားတာတစ်ခုကတော့ ဒီမျောက်ကျောက်ရောဂါမှာ ပြန်ရည်ကြောအကျိတ်တွေပါကြီးလာတာမျိုးတွေ့ရပါတယ်။
ကုသတဲ့နည်းတွေသီးခြားမရှိသေးပေမဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ထုံးစံအတိုင်း ၂ပတ်-၄ပတ်အကြာမှာပြန်လည်သက်သာလာတတ်ပါတယ်။ ရောဂါပြင်းထန်ရင်တော့ သေဆုံးနှုန်းကတော့ ၁၀ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်
ကာကွယ်ဖို့အတွက် အရင်ကျောက်ရောဂါကာကွယ်ဆေး ထိုးဖူးရင် ဒီဗိုင်းရပ်စ်ပိုးပျံ့နှံ့တာကို ဟန့်တားပေးနိုင်ပါတယ်။ ကူးစက်နိုင်တဲ့နည်းလမ်းတွေအရ မျောက်ကျောက်ရောဂါ ကူးစက်မခံရအောင် ကာကွယ်နိုင်ဖို့ လက်ခဏခဏဆေးတာနဲ့ Maskတပ်ဖို့ကလည်း လိုအပ်နေအုံးမှာပါ။


05/05/2022

Peditral ဓာတ်ဆား ဖျော်တဲ့အခါ
🍓🍊🍋 အသီးဖျော်ရည်များနှင့်​ ရောဖျော်လို့မရပါဘူး ❌
🍶Peditral ဓာတ်ဆားကို ရေကျက်အေး (သို့) ရေသန့်တလီတာနဲ့ ဖျော်ရမှာပါ💦
✅​​အချိုးအဆအတိုင်းတိတိကျကျဖျော်ဖို့လိုအပ်ပါတယ်​နော်.....
အချိုးအဆအတိုင်းမဖျော်ရင် ​​ရေနဲ့ ဆားဓာတ်ပြန်လည်​​ဖြည့်ဖို့အတွက်သောက်တာက ထိရောက်မှုမရှိတဲ့အပြင် ဝမ်းသွား​နေသူ​တွေမှာဝမ်းပိုသွားနိုင်ပါတယ်✨✨✨
ဓာတ်ဆားထုပ်တွေကို တဝက်ပဲဖျော်ပြီးကျန်တဲ့အမှုန့်ထုပ်တွေကို သိမ်းထားတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူးနော်💛

အစစ်မှန်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး အမှတ်တံဆိပ် Peditral ဓာတ်ဆားကို ရွေးချယ်ဝယ်ယူသောက်သုံးပါ

Low

#ပက်ဒီထရယ်ဓာတ်ဆား

📣ကောင်းမွန်အထူးကုဆေးခန်းတွင် FDAအသိမှတ်ပြု2022  ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra ) ထိုးဆေးများကို ထိုးနိုင်ပြီ...
08/04/2022

📣ကောင်းမွန်အထူးကုဆေးခန်းတွင် FDAအသိမှတ်ပြု
2022 ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra ) ထိုးဆေးများကို ထိုးနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် 💉💉💉💉

အိမ်တိုင်ရာရောက်ဝန်ဆောင်မှုလဲရှိပါတယ်ရှင့်❤️❤️

အမှတ် -၉၅၊ ရန်ပြေ(၈)လမ်းထိပ်၊၃/ရန်ပြေရပ်ကွက်၊
သာကေတမြို့နယ် တွင်လည်း လာရောက်ထိုးနှံနိုင်ပါတယ်ရှင့်

လူဦးရေအကန့်အသတ်ရှိသောကြောင့် အောက်ပါဖုန်းနံပါတ်များသို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

☎️09 401410512 ☎️09 -250032487 ☎️09-428122259


👨‍👨‍👧‍👦(Vaxigrip Tetra )ထိုးထားခြင်းဖြင့်မိမိနှင့်
မိမိ၏မိသားစုကျန်မာရေးကိုကာကွယ်စောင့်ရှောက်
ကြပါစို့ 👨‍👨‍👧

သုဝဏ္ဏဒီပ ဆေးဆိုင်မှ ဝန်ထမ်းများကို ဘီပိုးရောဂါကာကွယ်ဆေး (Euvax B ) second Dose ထိုးနှံပေးခြင်းကျွန်မတို့ကောင်းမွန်အထူးက...
08/04/2022

သုဝဏ္ဏဒီပ ဆေးဆိုင်မှ ဝန်ထမ်းများကို ဘီပိုးရောဂါကာကွယ်ဆေး (Euvax B ) second Dose ထိုးနှံပေးခြင်း

ကျွန်မတို့ကောင်းမွန်အထူးကုဆေးခန်းမှ ဆရာဝန်ကိုယ်တိုင်သွားရောက်ထိုး‌နှံပေးခြင်းဖြစ်ပါသည်။❤️❤️

06/04/2022

ကျွန်မတို့ကောင်းမွန်အထူးကု ဆေးခန်းနှင့်ဆေးဆိုင်မှလူနာများကိုနွေးထွေးစွာကြိုဆိုပါတယ်ရှင်🙏🙏🙏

Address

Yangon

Telephone

+959428122259

Website

Alerts

Be the first to know and let us send you an email when KM Pharmacy & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram