Ear Pro Hearing Care Center

Ear Pro Hearing Care Center We are professional hearing care center providing hearing tests and wide ranges of hearing aids.

လူအများနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာ အကြားအာရုံအားနည်းလို့ အထီးကျန်သလိုခံစားနေရပြီလား❓တစ်ဖက်လူနဲ့ စကားခဏခဏ ပြန်ပြောနေရတာ၊ အ...
13/03/2026

လူအများနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာ အကြားအာရုံအားနည်းလို့ အထီးကျန်သလိုခံစားနေရပြီလား❓

တစ်ဖက်လူနဲ့ စကားခဏခဏ ပြန်ပြောနေရတာ၊ အော်ပြီး ပြောရတာတွေကြောင့် ဆက်သွယ်ရခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျဆင်းလာနိုင်ပါတယ်။

အကြားအာရုံအားနည်းတာဟာ အမျိုးအစားပေါ် မူတည်ပြီး ကုသလို့ရတာရှိသလို ကုသမရပေမယ့် အထောက် အကူပစ္စည်းတွေနဲ့ ပုံမှန်ဘဝမှာ နေထိုင်နိုင်တာမျိုးလည်းရှိပါတယ်‌နော်။

သင့်နားကျန်းမာရေးအတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ Ear Pro Hearing Care
မှ အမြဲကြိုဆိုလျက်ရှိပါတယ် 🤗👨‍⚕️🩺

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)

☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။

☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။

☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



ကလေးလေးတွေ စကားပြော နောက်ကျရတဲ့ အကြောင်းအရင်းတွေက‼️ရုပ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာကြောင့်လည်း ဖြစ်နိုင်သလို အကြ...
11/03/2026

ကလေးလေးတွေ စကားပြော နောက်ကျရတဲ့
အကြောင်းအရင်းတွေက‼️

ရုပ်ပိုင်းဆိုင်ရာနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာကြောင့်လည်း ဖြစ်နိုင်သလို အကြားအာရုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကလေးတစ်ယောက်စကားပြောတတ်ဖို့ ပတ်ဝန်းကျင်ကအသံတွေကို နား‌ထောင်အတုယူပြီး ပြန်ပြောရတာဖြစ်လို့ အသံသေချာမကြားရတဲ့အခါ အသံထွက်ဖို့ခက်ခဲသွားတတ်ပါတယ်။✅

☑️ကလေးလေးက ခေါ်ရင်ချက်ချင်းလှည့်မကြည့်တာ။

☑️အသံကျယ်ကျယ်ကြားမှ တုံ့ပြန်တာ။

☑️မျက်နှာချင်းဆိုင်ကြည့်ပြောမှ နားလည်ပုံရတာ။

☑️ကလေးရဲ့စကားသံတွေက ပုံမှန်ထက် ဗလုံးဗထွေးဖြစ်နေတာ။

စတဲ့ အချက်လေးတွေ ဖြစ်နေရင်တော့ Hearing Test (အကြားအာရုံစစ်ဆေးခြင်း) အရင်လုပ်ကြည့်ဖို့ အကြံပြုလိုက်ရပါတယ်နော် 🩺👨‍⚕️

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)

☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။

☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။

☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



ယနေ့ကျရောက်တဲ့ “ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐃𝐚𝐲 ” မှာ ကမ္ဘာပေါ်ရှိ ကလေးငယ်တိုင်းရဲ့ အနာဂတ်ဟာ ကြားနိုင်စွမ်းရှိတဲ့ အသံတွေနဲ့အတူ တောက်ပ...
03/03/2026

ယနေ့ကျရောက်တဲ့ “ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐃𝐚𝐲 ” မှာ ကမ္ဘာပေါ်ရှိ ကလေးငယ်တိုင်းရဲ့ အနာဂတ်ဟာ ကြားနိုင်စွမ်း
ရှိတဲ့ အသံတွေနဲ့အတူ တောက်ပနိုင်ပါစေလို့ 𝐄𝐚𝐫 𝐏𝐫𝐨 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 မိသားစုမှ ဆုတောင်းမေတ္တာများပို့သလိုက်ရပါတယ်ရှင် ✨

ကလေးတိုင်းအတွက် အကြားအာရုံ စောင့်ရှောက်မှု (𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐂𝐚𝐫𝐞) ကို အတူတူ လက်တွဲပြီး ဖော်ဆောင်
ပေးကြပါစို့နော် ✨



ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့တွင်...🌱 ရာသီဥတုသာယာပြီး သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းပါစေ။🌱 ပင်ပန်းသမျှ အရာထင်ပြီး ထိ...
02/03/2026

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့တွင်...

🌱 ရာသီဥတုသာယာပြီး သီးနှံတိုင်း အောင်မြင်ဖြစ်ထွန်းပါစေ။
🌱 ပင်ပန်းသမျှ အရာထင်ပြီး ထိုက်တန်သော အကျိုးအမြတ်များ ရရှိကြပါစေ။
🌱 နိုင်ငံတစ်ဝှမ်းရှိ တောင်သူဦးကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မြန်မာ့လယ်ယာကဏ္ဍ ပိုမိုတိုးတက်ပါစေကြောင်းEar Pro Hearing Care Center မိသားစုမှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

#တောင်သူလယ်သမားနေ့

နားသန့်ရှင်းရေးလုပ်တာနဲ့ ပတ်သက်ရင် လူအများစု လွဲမှားနေတတ်တာက နားဖာချေးကို ပြောင်စင်အောင် သန့်ရှင်းရမယ်လို့ ထင်တတ်ကြတာပါ။...
27/02/2026

နားသန့်ရှင်းရေးလုပ်တာနဲ့ ပတ်သက်ရင် လူအများစု လွဲမှားနေတတ်တာက နားဖာချေးကို ပြောင်စင်အောင် သန့်ရှင်းရမယ်လို့ ထင်တတ်ကြတာပါ။

တကယ်တော့ နားဖာချေးဆိုတာ နားအတွင်းက ဖုန်မှုန့်တွေ အညစ်အကြေးတွေကို အလိုအလျောက် သန့်ရှင်းပေးတဲ့အရာဖြစ်ပါတယ်။

ဒီတော့ နားဖာချေးတွေကို အမြဲတမ်း‌ အကုန်လုံး ပြောင်စင်သွားအောင် သန့်ရှင်းရေးလုပ်ပေးဖို့ မလိုပါဘူး။

နားထဲမှာ နာတာ၊ စပ်တာလိုမျိုး မူမမှန်တာတစ်ခုခု ရှိတာမျိုး နားပိတ်သလို ခံစားနေရတာမျိုးမှသာ နား‌ဖာချေးကို ဖယ်ထုတ်သင့်ပါတယ်။

ဒါ့အပြင် နားအပြင်ဘက်ကို သန့်ရှင်းရာမှာလည်း ‌ခြောက်သွေ့ပြီး ပူနွေးတဲ့ အဝတ်စနဲ့ သန့်ရှင်းပေးသင့်ပါတယ်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



အာရုံ (၅) ပါးဟာ လူသားတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့အလျောက် အာရုံ (၅) ပါးထဲမှာပါတဲ့ အကြားအာရုံကလည်း နေ့စဉ်ဘဝ...
25/02/2026

အာရုံ (၅) ပါးဟာ လူသားတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့အလျောက် အာရုံ (၅) ပါးထဲမှာပါတဲ့ အကြားအာရုံကလည်း နေ့စဉ်ဘဝကနေစပြီး ချစ်ခင်ရသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအထိ အရေးပါတဲ့အရာ ဖြစ်ပါတယ်။

အကြားအာရုံချို့ယွင်းနေမယ်ဆိုရင် Communication ပိုင်းမှာ အဓိကအားနည်းမှာ ဖြစ်တဲ့အတွက်

📌 မိမိရဲ့ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံရာမှာ ခက်ခဲပြီး အပေါင်းအသင်းနည်းပါးတာ

📌 ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ ဆုံတွေ့တိုင်းမှာ သူတို့ရဲ့အသံကို သေချာမကြားရတာကြောင့် ဝမ်းနည်းရတာ

📌 သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားဝိုင်းတွေမှာ မပါဝင်နိုင်တဲ့အတွက် မိတ်ကောင်းဆွေကောင်းမရှိတာ

စတာတွေ ကြုံတွေ့ရနိုင်ပြီး နေ့စဉ်ဘဝကို အခက်အခဲပေါင်းများစွာနဲ့ ဖြတ်သန်းရနိုင်ပါတယ်။

ဒါကြောင့်မို့ နားကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုပြီး ချို့ယွင်းမှုတစ်ခုခု ရှိလာခဲ့ပြီဆိုရင်လည်း အချိန်ဆွဲမနေဘဲ နားကျန်းမာရေးနဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရတဲ့ Ear Pro Hearing Care Center ကို အမြန်ဆုံး လာခဲ့သင့်ပါတယ်။

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



21/02/2026

ကြက်သီးမွှေးညှင်းထလောက်အောင် သီချင်းဖန်တီးပေးပါသော Gemini AI အား ကျေးဇူးတင်ရှိခြင်း။
နောက်လည်းစပ်မဆော့တော့ပါဘူး။
😓

Ear Pro Hearing Care




🧧ပျော်ရွှင်စရာ တရုတ်ရိုးရာ နှစ်ကူးအခါ ( မြင်းနှစ် ) မှာ ပြည်သူ ၊ ပြည်သားများ အားလုံး ကံကောင်းခြင်းများသာ လက်ခံရရှိပြီး န...
16/02/2026

🧧ပျော်ရွှင်စရာ တရုတ်ရိုးရာ နှစ်ကူးအခါ ( မြင်းနှစ် ) မှာ

ပြည်သူ ၊ ပြည်သားများ အားလုံး ကံကောင်းခြင်းများသာ လက်ခံရရှိပြီး နှစ်သစ်ကို ကျန်းမာခြင်း ၊ ငြိမ်းချမ်းခြင်းတို့နဲ့အတူ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း Ear Pro Hearing Care Center မိသားစု မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် ❤️


#တရုတ်နှစ်သစ်ကူး

#တရုတ်နှစ်သစ်ကူးဆုတောင်း

နားထဲမှာ "တဝီဝီ၊ တစီစီ" နဲ့ အသံတွေ ကြားနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား?ဒီလိုဖြစ်တာကို Tinnitus (နားထဲအသံမြည်ခြင်း...
12/02/2026

နားထဲမှာ "တဝီဝီ၊ တစီစီ" နဲ့ အသံတွေ ကြားနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေပါသလား?

ဒီလိုဖြစ်တာကို Tinnitus (နားထဲအသံမြည်ခြင်း) လို့ ခေါ်ပါတယ်။ ဒါက ရောဂါတစ်ခုထက်စာရင် နောက်ကွယ်က ကျန်းမာရေးပြဿနာတစ်ခုခုရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုရင် -

‼️စက်ရုံအလုပ်ရုံတွေ ဒါမှမဟုတ် နားကြပ်နဲ့ အသံအကျယ်ကြီး နားထောင်တာတွေကြောင့် အကြားအာရုံဆဲလ်တွေ ထိခိုက်တဲ့အခါ ဖြစ်တတ်ပါတယ်။

‼️အသက်ကြီးလာတဲ့အခါ အကြားအာရုံကြောတွေ အားနည်းလာပြီး နားထဲမှာ အသံတွေ မြည်လာတတ်ပါတယ်။

‼️နားထဲမှာ နားဖာချေးတွေ အများကြီးပိတ်နေတဲ့အခါမှာလည်း အသံမြည်တာမျိုး ဖြစ်နိုင်ပါတယ်။

‼️သွေးတိုးတာ ဒါမှမဟုတ် သွေးလည်ပတ်မှု မမှန်တာတွေကြောင့်လည်း နားထဲမှာ တဒုတ်ဒုတ် ဒါမှမဟုတ် တဝီဝီ မြည်တတ်ပါတယ်။

ဒီလိုအသံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုရင်တော့ အချိန်မဆွဲဘဲ Ear Pro မှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ တိုက်တွန်းပါရစေနော်… 👩‍⚕️🩺

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



ကျန်းမာရေးလို့ ပြောလိုက်ရင် နှလုံး၊ အဆုတ်၊ အစာအိမ် စတာတွေကိုပဲ အလေးထားမိတတ်ကြပေမယ့် တကယ်တော့ "နား" ကလည်း ခန္ဓာကိုယ်အတွက်...
10/02/2026

ကျန်းမာရေးလို့ ပြောလိုက်ရင် နှလုံး၊ အဆုတ်၊ အစာအိမ် စတာတွေကိုပဲ အလေးထားမိတတ်ကြပေမယ့် တကယ်တော့ "နား" ကလည်း ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ 👂✨

နားကျန်းမာရေးက ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုရင် -

✅လမ်းလျှောက်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ ယိုင်မလဲအောင် ထိန်းညှိပေးတဲ့ အဖွဲ့အစည်းဟာ နားထဲမှာ ရှိတာပါ။ နားကျန်းမာရေးမကောင်းရင် မူးဝေတာနဲ့ ဟန်ချက်ပျက်တာတွေ ဖြစ်နိုင်ပါတယ်။

✅အကြားအာရုံချို့ယွင်းလာရင် ဦးနှောက်က အသံတွေကို နားလည်ဖို့ ပိုပြီးအားစိုက်ရပါတယ်။ ဒါက ရေရှည်မှာ မှတ်ဉာဏ်ချို့ယွင်းမှု နဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။

✅လမ်းသွားလမ်းလာတဲ့အခါ / အလုပ်ခွင်ထဲမှာ အန္တရာယ်ရှိတဲ့ အသံတွေကို ကြိုတင်ကြားနိုင်မှသာ ဘေးကင်းအောင် နေထိုင်နိုင်မှာပါ။

ဒါကြောင့် နားကျန်းမာရေးဟာ တစ်ကိုယ်ရေကျန်းမာရေးရဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။ သင့်ရဲ့အကြားအာရုံကို ဂရုစိုက်ဖို့ Ear Pro ရှိနေပါပြီ။ 👩‍⚕️

📌နေ့စဥ် 9am-4:30pm ပိတ်ရက်မရှိ
🏠Address - အမှတ် ၄၂၀, ဗညားဒလလမ်းမကြီး၊ တာမွေ၊ရန်ကုန်။ (သျှင်ပါကူဆေးရုံ အနီး AYA bank ဘေး)
☎️Phone - 09 420 984 948 , 09 7965 38 378

အပါတ်စဥ် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
Pinlon Hospital ပင်လုံ ဆေးရုံ
🏠Address - အမှတ် ၉/၁၊ ဆရာစံလမ်း၊ မြောက်ဒဂုံမြို့နယ်။
☎️ Phone - 01-3581616,09-777779003

အပါတ်စဥ် - တနင်္ဂနွေနေ့
Grand Hantha International Hospital
ဂရန်းဟန်သာဆေးရုံ
🏠Address - အမှတ် ၃၊ နာနတ်တောလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။
☎️ Phone - 01-2317600, 01-7523000

Email - earpromyanmar@gmail.com



09/02/2026

🙏ရုံးပိတ်ရက်ကြော်ငြာခြင်း🙏

(12.2.2026 နှင့် 13.2.2026) ရက်နေ့တို့တွင်
Ear Pro Hearing Care Center ၏ဝန်ဆောင်မှုများကို ခေတ္တခဏရပ်နားထားမည်ဖြစ်ပြီး (14.2.2026) တွင်ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဖြစ်ကြောင်းအသိပေးအပ်ပါသည်။





အလယ်နားချွဲပိတ်ခြင်း!
29/01/2026

အလယ်နားချွဲပိတ်ခြင်း!

Address

No. 420 Banyardala Road, Tamwe Tsp, Yangon. ( Near Shin Par Gu Hospital )
Yangon
11211

Alerts

Be the first to know and let us send you an email when Ear Pro Hearing Care Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ear Pro Hearing Care Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram