Akasha Yoga Myanmar

Akasha Yoga Myanmar 🕉️ကျန်းမာ တဲ့ ခန္ဓာ လှပတဲ့ ရူပကာ ငြိမ်းချမ်း တဲ့ ဘဝရဲ့ ပျော်ရွှင်မှု တွေ ခံစားရရှိနိုင်ကြပါစေ🙏☯️

10/03/2026

ကြောက်တတ်သူ/စိုးရိမ်တတ်သူ / အရီသန်တတ်သောသူ များ ဤ Video အား ဖွင်မကြည့်ဖို့ မှာလိုက်မယ်နော် 🤭

ဆရာ ပြု သမျှ နု ရသောသူ Thiri Khaing
#သာကေတယောဂ

Backbend လုပ်နိုင်ဖို့ Flexibility ပဲ လိုတာလို့ ထင်ကြသလား…?”တကယ်တော့…….Backbend pose တွေမှာ Flexibility တစ်ခုတည်း မဟုတ်ပ...
05/03/2026

Backbend လုပ်နိုင်ဖို့ Flexibility ပဲ လိုတာလို့ ထင်ကြသလား…?”

တကယ်တော့…….
Backbend pose တွေမှာ Flexibility တစ်ခုတည်း မဟုတ်ပါဘူး

Strength ၊ Balance ၊ Control နဲ့ Breath awareness တွေလည်း အရမ်းအရေးကြီးပါတယ်။

Yoga Wheel ကို အသုံးပြုပြီး practice လုပ်တဲ့အခါ
ခန္ဓာကိုယ်ကို ပိုပီး ဖွင့်နိုင်သလို
တဖြည်းဖြည်း spine flexibility နဲ့ body control ကိုပါ တိုးတက်လာစေပါတယ်။

တစ်ချို့ pose တွေက

ပထမကြည့်လိုက်ရင် ခက်ခဲသလို ထင်ရပေမယ့်
မှန်ကန်တဲ့ guidance နဲ့ တဖြည်းဖြည်း practice လုပ်လာရင်
ခန္ဓာကိုယ်က ကိုယ်ထင်ထားတာထက် ပိုလုပ်နိုင်လာတာကို
ကိုယ်တိုင် အံ့သြမိသွားတတ်ပါတယ်။

Yoga ဆိုတာ
ခန္ဓာကိုယ်ကို အနိုင်ယူတာ မဟုတ်ပါဘူး…
ခန္ဓာကိုယ်ကို နားလည်ပြီး တဖြည်းဖြည်း ဖွင့်သွားတဲ့ journey တစ်ခုပါရှင့်။ ✨

Yoga ကို စိတ်ဝင်စားသူများ

Flexibility ၊ Strength နဲ့ Balance ကို တိုးတက်ချင်သူများ
Akasha Yoga Myanmar မှာ လာရောက် လေ့ကျင့်နိုင်ပါတယ်။ 🧘‍♀️

📱 Phone : 0943098518
📍 Address : အမှတ် (၁၅၈၈) ၊ (၄) လွှာ
ဇင်္ဂမလမ်းမ နှင့် ထူပါရုံလမ်းထောင့်
ထူပါရုံမှတ်တိုင်အနီး ၊ သာကေတမြို့နယ် ၊ ရန်ကုန်။

🧘‍♀️ Split လုပ်ရတာကို စိတ်ညစ်နေတဲ့ ချစ်ရတဲ့ သင်တန်းသူလေးများအတွက်...“ဆရာမရေ တီချယ်ရေ ... မရတော့ဘူး၊ အရမ်းနာတယ်၊ မလုပ်ချင...
27/02/2026

🧘‍♀️ Split လုပ်ရတာကို စိတ်ညစ်နေတဲ့ ချစ်ရတဲ့ သင်တန်းသူလေးများအတွက်...

“ဆရာမရေ တီချယ်ရေ ... မရတော့ဘူး၊ အရမ်းနာတယ်၊ မလုပ်ချင်တော့ဘူး..." 😫

ဒါကတော့ Split (ခြေထောက်ဖြဲခြင်း) ကျင့်တဲ့နေ့တိုင်း ယောဂသင်တန်းခန်းမထဲမှာ ကြားနေကျ စကားသံလေးတွေပါ။

Split လုပ်ရတာဟာ ခန္ဓာကိုယ်အတွက်တင်မကဘဲ စိတ်အတွက်ပါ တကယ်ကို စိန်ခေါ်မှုကြီးတစ်ခုဆိုတာ ဆရာမ နားလည်ပါတယ်။

ဒါပေမဲ့... Split လုပ်တာဟာ ခြေထောက်နှစ်ဖက် ကားသွားဖို့သက်သက်ပဲ မဟုတ်ဘူးဆိုတာ သင်သိပါသလား? 🤔

၁။ ဒါဟာ Emotional Detox တစ်ခုပါ 🌊

ယောဂအယူအဆအရ ကျွန်မတို့ရဲ့ တင်ပါးဆုံ (Hips) တွေဟာ စိတ်ဖိစီးမှု၊ ဒေါသနဲ့ နာကျင်စရာ ခံစားချက်တွေကို သိုလှောင်ထားတဲ့နေရာပါ။ ဒါကြောင့် Split လုပ်တဲ့အခါ စိတ်မရှည်တာ၊ ငိုချင်တာ၊ စိတ်တိုတာတွေ ဖြစ်လာတာဟာ ပုံမှန်ပါပဲ။ ဒါဟာ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်သွားဖို့ ပြင်ဆင်နေတာပါ။

၂။ စိတ်ရှည်ခြင်းရဲ့ အလှတရား ✨

"မရဘူး" လို့ ပြောလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် အကန့်အသတ်တွေနဲ့ ပိတ်လှောင်လိုက်သလိုပါပဲ။ ဒီနေ့ ကြမ်းပြင်နဲ့ မထိသေးလည်း ရပါတယ်။ အသက်ကို ဝဝရှူသွင်းပြီး ကိုယ့်ရဲ့ နာကျင်မှုကို လက်ခံပေးကြည့်ပါ။ Split က သင့်ကို "စိတ်ရှည်ခြင်း" နဲ့ "လက်ခံခြင်း" ဆိုတဲ့ သင်ခန်းစာကို သင်ပေးနေတာပါ။ ( အသက်ရှုသွင်း/ ရှုထုပ် လေး ကို သတိလေးနဲ့ လုပ်ဖို့လုံးဝ မမေ့ပါနဲ့ )

၃။ ရလဒ်ထက် ခရီးစဉ်က ပိုအရေးကြီးတယ် 🧘‍♀️

ယောဂဆိုတာ တစ်ပါးသူနဲ့ ပြိုင်ရတာမဟုတ်သလို၊ ပြီးပြည့်စုံတဲ့ ပုံစံကြီးရဖို့ပဲ အားထုတ်ရတာ မဟုတ်ပါဘူး။ မနေ့ကထက် ၁ လက်မလေးပဲ ပိုကျသွားရင်တောင် ဒါဟာ သင့်အတွက် အောင်မြင်မှုပါပဲ။

ကျွန်မတို့ ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အလှတရား တစ်ခု ဖြစ် တဲ့ လှပတဲ့ ပန်းလေးတစ်ပွင့် ပွင့်ဖို့တောင် အချိန်စောင့်ရသလိုပဲ၊ ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်တစ်ခုရဖို့လည်း အချိန်ပေးရပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို နာကျင်အောင် အတင်းမတွန်းအားပေးပါနဲ့၊ ချစ်ခြင်းမေတ္တာနဲ့ပဲ ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါ။

ကဲ... နောက်တစ်ခါ Split လုပ်ရင် "မရဘူး" လို့ ပြောမယ့်အစား "ငါ့ခန္ဓာကိုယ်ကို ငါ ယုံကြည်တယ်" လို့ ပြောင်းပြောကြည့်ရအောင်လား? ❤️



📌 Akasha Yoga Myanmar
📞 0943098518

⚠️ ခန္ဓာကိုယ်က ပြန်ပြီး လေးလံထိုင်းမှိုင်းလာပြီလား? ⚠️လူမှုရေး ၊ စီးပွါးရေး ၊ မိသားစု အရေး တွေနဲ့ Yoga အတန်းတွေ ခဏခဏ ပျက...
19/02/2026

⚠️ ခန္ဓာကိုယ်က ပြန်ပြီး လေးလံထိုင်းမှိုင်းလာပြီလား? ⚠️

လူမှုရေး ၊ စီးပွါးရေး ၊ မိသားစု အရေး တွေနဲ့ Yoga အတန်းတွေ ခဏခဏ ပျက်တာ၊ ဒါမှမဟုတ် လနဲ့ချီ နားလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲသွားလဲ သတိထားမိပါသလား?

"ခဏလေး နားလိုက်တာပဲ" ဆိုပေမဲ့ ရက်တွေ ကြာလာတဲ့အခါ သင်ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ Progress တွေက တဖြည်းဖြည်း လျော့နည်းလာတတ်ပါတယ်။
အတန်းပျက်တာ ကြာလာရင် ခံစားရမယ့် အားနည်းချက် (၃) ချက် -

❌ ၁။ ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းလာခြင်း: သွေးလှည့်ပတ်မှု နှေးကွေးသွားပြီး လူက အမြဲတမ်း အိပ်ချင်ငိုက်စိုက်နဲ့ နုံးချည့်နေတတ်ပါတယ်။ အရင်လို လန်းဆန်းတက်ကြွတဲ့ Energy တွေ ပျောက်ဆုံးသွားတာကို ခံစားရမှာပါ။

❌ ၂။ ကိုယ်အလေးချိန် (Weight) ပြန်တက်လာခြင်း: ပုံမှန် Yoga ကျင့်စဉ်က Metabolism ကို မြှင့်တင်ပေးပါတယ်။ အတန်းတွေ ပျက်တာ ကြာလာရင် မလိုလားအပ်တဲ့ ကယ်လိုရီတွေ စုမိပြီး ဝိတ်တက်လာဖို့ အရမ်းလွယ်ကူသွားပါတယ်။

❌ ၃။ ကြွက်သားများ ပြန်လည်တောင့်တင်းလာခြင်း: အရင်က ပျော့ပျောင်းခဲ့သမျှ ကြွက်သားတွေက ပြန်တောင့်သွား
ပြီး ခါးနာ၊ ဇက်ကြောတက်တာတွေက ပိုဆိုးတဲ့ ပုံစံမျိုးနဲ့ ပြန်ပေါ်လာတတ်ပါတယ်။

❌၄။ Discipline (စည်းကမ်း) ပျက်ယွင်းခြင်း: တစ်ခါပျက်
ရင် နောက်တစ်ခါ ပျက်ဖို့ ပိုလွယ်သွားပါတယ်။ ဒါဟာ သင်ရရှိထားတဲ့ အလေ့အကျင့်ကောင်းကို ဖျက်ဆီးလိုက်တာပါပဲ။

❌၅။ စိတ်ဖိစီးမှု ပြန်တက်လာခြင်း: Yoga က ပေးတဲ့ စိတ်အေးချမ်းမှုကို မရတော့တဲ့အတွက် နေ့စဉ်ဘဝမှာ အရင်လို ပြန်ပြီး ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။🥺

“နားနေတာကနေ... နောက်ပြန်ဆုတ်သွားတာမျိုး မဖြစ်ပါစေနဲ့"

စဖို့ ခက်ခဲသလောက်၊ ပြန်စဖို့က ပိုခက်ခဲတတ်ပါတယ်။ ခက်ခက်ခဲခဲ နဲ့ တည်ဆောက်ထားတဲ့ ကျန်းမာရေး အလေ့အကျင့်ကောင်းတွေကို အလဟဿ အဖြစ်မခံပါနဲ့။

✨ ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်! ✨
အခုပဲ ဖျာလေးကို ပြန်ဖြန့်ပြီး ခန္ဓာကိုယ်ကို ပြန်လည်နိုးကြားအောင် လုပ်လိုက်ပါ။ သင်တန်းမှာ သင့်အတွက် နေရာလေး အမြဲရှိနေပါတယ်။

📍 အတန်းပြန်တက်ဖို့ အခက်အခဲရှိရင်ဖြစ်ဖြစ်၊ အချိန်ညှိချင်ရင်ဖြစ်ဖြစ် Chatbox မှာ လာရောက်တိုင်ပင်နိုင်ပါတယ်နော်။

With Love 💕 KEINNAYI ( Yoga Instructor )


Akasha Yoga Myanmar
📱 0943098518

🧘‍♂️ 𝟑-𝐃𝐚𝐲 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐘𝐨𝐠𝐚 𝐈𝐦𝐦𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐧 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐰𝐢𝐭𝐡 𝐓𝐫.𝐊𝐞𝐢𝐧𝐧𝐚𝐲𝐢 🧘‍♂️စင်ကာပူမှာရှိတဲ့ Yoga Practice ကို ချစ်မြတ်နိုးသူမျ...
18/02/2026

🧘‍♂️ 𝟑-𝐃𝐚𝐲 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐘𝐨𝐠𝐚 𝐈𝐦𝐦𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐧 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐰𝐢𝐭𝐡 𝐓𝐫.𝐊𝐞𝐢𝐧𝐧𝐚𝐲𝐢 🧘‍♂️

စင်ကာပူမှာရှိတဲ့ Yoga Practice ကို ချစ်မြတ်နိုးသူများအတွက် သတင်းကောင်းပါ! 🇸🇬

ယောဂလောကမှာ လုပ်သက်အတွေ့အကြုံရှိပြီး စီနီယာကျသော Senior Yoga Instructor - Tr.Keinnayi ကိုယ်တိုင် ဦးစီးသင်ကြားမည့် ၃ ရက်တာ Advanced Yoga & Healing Workshop ကို လာမယ့် ဧပြီလ (11,12,13)မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

မိမိရဲ့ Practice ကို နောက်တစ်ဆင့် (Next Level) ထိ တက်လှမ်းချင်သူများ၊ စနစ်တကျ Alignment များကို ပြန်လည်ပြုပြင်လိုသူများနှင့် စိတ်ဖိစီးမှုများကို ကုစားလိုသူများအတွက် အထူးရည်ရွယ်ပါတယ်။

✨ Workshop မှာ ဘာတွေ ပါဝင်မလဲ?
•𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐀𝐬𝐚𝐧𝐚 𝐌𝐚𝐬𝐭𝐞𝐫𝐲: ခက်ခဲသော Pose များကို စနစ်တကျရှိသော Technique များဖြင့် ဒဏ်ရာမရစေဘဲ လေ့ကျင့်နည်းများ။

• 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐭 𝐀𝐥𝐢𝐠𝐧𝐦𝐞𝐧𝐭: ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံအရ မှန်ကန်ထိရောက်သော အနေအထားများကို အသေးစိတ် လမ်းညွှန်ပေးခြင်း။

• 𝐁𝐫𝐞𝐚𝐭𝐡𝐰𝐨𝐫𝐤 & 𝐇𝐞𝐚𝐥𝐢𝐧𝐠: စွမ်းအင်သစ်များ ရရှိစေမည့် Pranayama နှင့် စိတ်ကို အနက်ရှိုင်းဆုံး အနားပေးမည့် Healing Meditation (Yoga Nidra) အစီအစဉ်များသင်ကြားခွင့်ရမည့်အပြင် .. online ကနေ မဟုတ်ဘူး မိတ်ဆွေ သူငယ်ချင်း အချင်းချင်း တနေရာထဲမှာ ယောဂ အတူတူလေ့ကျင့်ရင်း ပင်ပန်း နေတဲ့ မိမိရဲ့ စိတ်ကလေးကို အနားပေး နိုင်တဲ့ ခံစား ချက်တွေကို ရရှိစေမှာပါရှင့်။

📅 Workshop အသေးစိတ်

• 𝑫𝒂𝒕𝒆: 𝑨𝒑𝒓𝒊𝒍 11, 12, 13 (𝑺𝒂𝒕, 𝑺𝒖𝒏, 𝑴𝒐𝒏), 2026
• 𝑻𝒊𝒎𝒆: 10:00 𝑨𝑴 – 5:00 𝑷𝑴 ( နေ့လည်စာ နားချိန် နှင့် ညနေ Tea time နားချိန်ပေးပါမည်)

• 𝑳𝒐𝒄𝒂𝒕𝒊𝒐𝒏: 𝑫𝒐𝒘𝒆𝒍𝒍 𝑫𝒂𝒏𝒄𝒆 𝑺𝒕𝒖𝒅𝒊𝒐
(𝑩𝒍𝒌 536/531 #04-58, 𝑼𝒑𝒑𝒆𝒓 𝑪𝒓𝒐𝒔𝒔 𝑺𝒕𝒓𝒆𝒆𝒕, 𝑯𝒐𝒏𝒈 𝑳𝒊𝒎 𝑪𝒐𝒎𝒑𝒍𝒆𝒙)

💰 𝑺𝒑𝒆𝒄𝒊𝒂𝒍 𝑰𝒏𝒗𝒆𝒔𝒕𝒎𝒆𝒏𝒕 𝑭𝒆𝒆𝒔:
ဆရာမအနေနဲ့ လက်ရှိသင်တန်းတက်ရောက်နေသူများကို ဦးစားပေးသောအားဖြင့် အောက်ပါအတိုင်း သတ်မှတ်ပေးထားပါတယ်။

• Privilege Discount: $300 SGD (Tr.Keinnayi ၏ လက်ရှိသင်တန်းသားများနှင့် တပည့်ဟောင်းများအတွက်သာ)
• Standard Price: $350 SGD (လူသစ်များအတွက်)

⚠️ မှတ်ချက်: သင်တန်းသား တစ်ဦးချင်းစီကို အနီးကပ်သေချာ ဂရုစိုက်ပေးနိုင်ရန် (၁၃) ဦးသာ ကန့်သတ်လက်ခံသွားမှာ ဖြစ်ပါတယ်။ ၃ ရက်လုံး တက်ရောက်နိုင်သူများကို ဦးစားပေး စာရင်းသွင်းပေးသွားပါမည်။

📩 စာရင်းပေးသွင်းရန်
အတွေ့အကြုံရှိ ဆရာမနှင့်အတူ မိမိရဲ့ Yoga Journey ကို အဆင့်မြှင့်တင်ဖို့ အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါပြီ။

📲 WhatsApp/Viber: +95 943098518 (Tr.Keinnayi)
📍 Akasha Yoga Myanmar

"ဆရာမရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို အခြေခံပြီး စနစ်ကျတဲ့ ယောဂလေ့ကျင့်မှုတွေကို အတူတူ ဖန်တီးကြရအောင်။"

Twist Bowl pose... 🌻💪🏾🌿Akasha Yoga Myanmar0943098518   #သာကေတယောဂ
16/02/2026

Twist Bowl pose...
🌻💪🏾🌿
Akasha Yoga Myanmar
0943098518
#သာကေတယောဂ

15/02/2026

🧘‍♂️ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသခြင်း (Self-Healing Meditation) ကနေ စိတ်ချမ်းသာမှု ရှာဖွေစို့

ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေများလာတဲ့အခါ "စိတ်" က တဖြည်းဖြည်းနဲ့ ပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ခန္ဓာကိုယ်မှာ အနာတရဖြစ်ရင် ဆေးထည့်လို့ရပေမယ့် စိတ်ထဲက နာကျင်မှုတွေကိုတော့ ဘယ်လိုဆေးမျိုးနဲ့ ကုသကြမလဲ?

အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ Self-Healing Meditation ပဲ ဖြစ်ပါတယ်။ 🌿
✨ Self-Healing Meditation ဆိုတာ ဘာလဲ?
ဒါဟာ တခြားသူဆီက အကူအညီကို မျှော်လင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ အတွင်းစိတ်စွမ်းအားနဲ့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုသတဲ့ နည်းလမ်းပါ။

💡 ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?

• စိတ်ဖိစီးမှု (Stress) လျော့ကျစေခြင်း: တစ်နေကုန် ပင်ပန်းသမျှကို ၁၅ မိနစ်လောက် တရားထိုင်ရုံနဲ့ သက်သာစေပါတယ်။
• Emotional Balance: စိတ်တိုလွယ်တာ၊ ဝမ်းနည်းလွယ်တာတွေကို ထိန်းချုပ်နိုင်လာမယ်။
• Better Sleep: အတွေးများပြီး အိပ်မပျော်တဲ့ရောဂါကို သက်သာစေပါတယ်။
• Self-Love: ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာပြီး ယုံကြည်မှုတွေ တိုးလာစေပါတယ်။

🧘‍♀️ စတင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်း ၃ ခု
1. အသက်ရှူခြင်းကို အာရုံစိုက်ပါ: မျက်စိမှိတ်ပြီး ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်ပါ။ ကိုယ့်ရဲ့ ထွက်လေ၊ ဝင်လေကိုပဲ အာရုံစိုက်ပါ။
2. ခန္ဓာကိုယ်ကို စကင်ဖတ်ပါ (Body Scan): ခြေဖျားကနေ ခေါင်းအထိ တစ်နေရာချင်းစီမှာ ရှိနေတဲ့ တင်းမာမှုတွေကို လွှတ်ချလိုက်ပါ။
3. မေတ္တာပို့ပါ: "ငါ့စိတ်ရော ကိုယ်ပါ ကျန်းမာပါစေ၊ အေးချမ်းပါစေ" လို့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် ဆုတောင်းပေးပါ။

"အနာဂတ်ဆိုတာ အခုလက်ရှိ စိတ်အေးချမ်းမှုကနေ စတင်တာပါ။"

ဒီနေ့ကစပြီး တစ်နေ့ကို ၁၀ မိနစ်လောက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက် အချိန်ပေးကြည့်ရအောင်။ ❤️

"No excuses, only results! 💪Hip opening sequence တွေကို အခက်အခဲမရှိ၊ ငြင်းဆန်မှုမရှိဘဲ အမြဲကြိုးစားလေ့ကျင့်တတ်တဲ့ ကျွန်မ...
08/02/2026

"No excuses, only results! 💪
Hip opening sequence တွေကို အခက်အခဲမရှိ၊ ငြင်းဆန်မှုမရှိဘဲ အမြဲကြိုးစားလေ့ကျင့်တတ်တဲ့ ကျွန်မတို့ရဲ့ သင်တန်းသူချောလေး။

ခန္ဓာကိုယ်ရဲ့ ပျော့ပျောင်းမှုနောက်ကွယ်မှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေ ရှိနေတယ်ဆိုတာ ဒီပုံရိပ်လေးတွေက သက်သေပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ အကြောင်းပြချက်တွေ ရှာမနေဘဲ အခုပဲ စတင်လိုက်ပါ။" ✨🧘‍♀️
Akasha Yoga Myanmar

“Backbend မရဘူး” ဆိုပြီး ကြောက်နေသေးလား? 😄တဖြည်းဖြည်း…တစ်နေ့တစ်လှမ်း…Consistency လေးနဲ့ဆိုWheel pose တောင် easy ဖြစ်သွား...
06/02/2026

“Backbend မရဘူး” ဆိုပြီး ကြောက်နေသေးလား? 😄

တဖြည်းဖြည်း…
တစ်နေ့တစ်လှမ်း…
Consistency လေးနဲ့ဆို
Wheel pose တောင် easy ဖြစ်သွားတတ်တယ်နော် ✨

Flexibility က talent မဟုတ်ဘူး
Practice လုပ်ရင်းနဲ့ ရတဲ့ result ပဲ 💛

တစ်ခု သတိထားဖို့က — မိမိရဲ့ အတွေးစိတ် ပါ။

“Bend ရမှာ ကြောက်တယ်…”
“အသက်ရှူမဝဘူး…”
“ခါးကြိုးသွားမလား…”
“ခေါင်းမူးမလား…”

ဒီကြောက်စိတ်တွေက
နည်းလမ်းမရှိလို့ မဟုတ်ဘူး
ကိုယ်မလုပ်နိုင်လို့လည်း မဟုတ်ဘူး

👉 ကိုယ့်စိတ်က ကိုယ့်ကို တားထားတာပဲ

အသက်ရှူ ခြင်း ကို မမေ့ ဖို့ပါ
ကိုယ်ခန္ဓာကို ယုံကြည်ပေး ပါ
ကိုယ့်ကိုယ်ကို နည်းနည်းခြင်း ဆီ နားလည်ပေးပါ

Backbend က body training တင်မက
heart opening practice လည်း ဖြစ်ပါတယ် 🌿

Come practice with us @ YGoa 💕

29/01/2026

"နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကြားမှာ ကိုယ့်စိတ်နဲ့ကိုယ် ခဏလောက် အချိန်ပေးပြီး အေးချမ်းမှုကို ရှာဖွေကြည့်ရအောင်။ 🧘‍♀️✨

ယောဂဟာ ခန္ဓာကိုယ်ကျန်းမာဖို့တင်မကဘဲ စိတ်ဖိစီးမှုတွေကို လျော့ချပေးပြီး အတွင်းစိတ်ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။ ကျွန်မတို့ရဲ့ Akasha Yoga Myanmar မှာ အတူတူ လေ့ကျင့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။"

"သင့်ရဲ့ နေ့ရက်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းဖို့ အသင့်ဖြစ်ပြီလား? 🌿
Akasha Yoga Myanmar ရဲ့ အတန်းသစ်တွေအတွက် အချိန်ဇယားထွက်လာပါပြီ။

📅 Monday - Thursday: (7:00 AM | 9:30 AM | 5:00 PM)
📅 Wednesday - Friday: (7:00 PM)
📅 Sat & Sun: (3:30 PM)
📍 နေရာ - အမှတ် ၁၅၈၈၊ ၄ လွှာ၊ ဇင်ဂမလမ်းနှင့် ထုပ္ပါရုံလမ်းထောင့်၊ သာကေတမြို့နယ်။
📞 ဖုန်း - 09 43098518
ခုပဲ စာရင်းသွင်းပြီး ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံကို စတင်လိုက်ပါ။"
#သာကေတယာဂ #သာကေတယာဂ Keinnayi Kyaw

26/01/2026

𝐅𝐢𝐧𝐝𝐢𝐧𝐠 𝐛𝐚𝐥𝐚𝐧𝐜𝐞 𝐢𝐧 𝐚𝐧 𝐮𝐩𝐬𝐢𝐝𝐞 𝐝𝐨𝐰𝐧 𝐰𝐨𝐫𝐥𝐝. 🤸‍♂️✨

(ဇောက်ထိုးဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ့်ရဲ့ ဟန်ချက်ကို ရှာဖွေလိုက်ပါ) #သာကေတယာဂ

Address

No. 1588, 4th Floor, Zingama Road, Thakaeta Tsp. , Near HtuparYone Bus Stop
Yangon

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+95943098518

Website

Alerts

Be the first to know and let us send you an email when Akasha Yoga Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Akasha Yoga Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category