ဒေါက်တာဖြိုး ကလေးကျန်းမာ

  • Home
  • Myanmar
  • Yangon
  • ဒေါက်တာဖြိုး ကလေးကျန်းမာ

ဒေါက်တာဖြိုး ကလေးကျန်းမာ ကလေးငယ်တို့ရဲ့ ကျန်းမာရေးအကြောင်းအရာများကို တင်ပေးသွားပါမည်။
(1)

30/09/2025

ပြင်းထန် တီဘီကာကွယ်ဆေး အကြောင်း

ကိုးကားချက်များ

World Health Organization. (2018). BCG vaccines: WHO position paper – February 2018.

Centers for Disease Control and Prevention. (2016). BCG vaccine fact sheets.

Ministry of Health, Myanmar.

29/09/2025

မေမေတို့ရေ...
ဘေဘီလေးကို ပထမဆုံးထိုးပေးခဲ့တဲ့ ကာကွယ်ဆေးက ဘာကာကွယ်ဆေးလဲ
ဘယ်သူ မှတ်မိလဲ

References

1. WHO
2. EPI

22/09/2025

ဒီတပတ်တော့ ကာကွယ်ဆေးအကြောင်း ပြောပြပေးမယ်နော် အပိုင်း ၁

ကိုးကားချက်များ (References)

၁။ World Health Organization (WHO). (2021). Expanded Programme on Immunization (EPI). WHO Myanmar Country Office.

၂။ UNICEF Myanmar. (2022). Immunization: Every Child’s Right.

၃။ Myanmar Pediatric Society (MPS).

18/09/2025

ကလေးတွေကို ပုံမှန် သန်ချပေးဖြစ်ရဲ့လား

ကျမ်းကိုး

1. WHO. (2017). Soil-transmitted helminth infections.

2. American Academy of Pediatrics. (2018). Red Book: Atlas of Pediatric Infectious Diseases.

16/09/2025

ချက်စူလေးတို့ အကြောင်း

ရည်ညွှန်းချက်များ:

1. American Academy of Pediatrics (AAP). (2020). Umbilical Hernia in Infants & Children.
2. Nelson Textbook of Pediatrics, 21st Edition. (2020). Chapter 400: Umbilicus.

14/09/2025

ချက်လေးမှာ အသားပို နီရဲရဲလေးထွက်နေတယ်
စိုလည်း စိုနေတယ်
စိုးရိမ်ရလား

အကိုးအကားများ (References):

1. American Academy of Pediatrics. (2022). Caring for Your Baby and Young Child: Birth to Age 5. (7th ed.). Bantam.
2. Nelson Textbook of Pediatrics. (2020). Section on Disorders of the Umbilicus. (21st ed.). Elsevier.

မေမေရဲ့ ပြုစုပျိုးထောင်ပုံ အမှားတွေကြောင့် special need မသန်စွမ်းကလေး ဖြစ်တာလားအားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကလေးတ...
13/09/2025

မေမေရဲ့ ပြုစုပျိုးထောင်ပုံ အမှားတွေကြောင့် special need မသန်စွမ်းကလေး ဖြစ်တာလား

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကလေးတွေရဲ့ ကျန်းမာရေးအကြောင်းတွေ မျှ‌ဝေပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာဖြိုးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေမေရဲ့ ပြုစုပျိုးထောင်ပုံ အမှားတွေကြောင့် မသန်စွမ်းကလေး ဖြစ်တာလား ဆိုတဲ့အကြောင်းကို ပြောပြပေးမှာပါ။

အရင်ဆုံး ဘာလို့ ဒီ‌‌အကြောင်း ပြောဖြစ်လဲပေါ့။ တရက်က ကျွန်တာ့်အမျိုးသမီးက မေးတယ်။ special need ကလေးတွေက မိဘတွေ ပျိုးထောင်မှု့ မှားလို့ ဖြစ်တာလားလို့ မေးလာတယ်။ အဲတုန်းကတော့ သေ ချာတော့မဖြေပေးမိဘူး။ မဟုတ်ပါဘူးလို့ပဲ ပြောလိုက်တယ်။ သူက TikTok ပေါ်က ဆရာမတယောက် ပြောတာလို့တော့ ပြောတယ်။

အမှု့မဲ့ အမှတ်မဲ့ပါပဲ။ စိတ်ထဲမှာ‌တော့ ပြောတဲ့သူက ကလေးဆရာဝန်တယောက် မဟုတ်တာ သေချာနေတယ်။ ဘာလို့လဲဆိုတော့ ကလေးအထူးကုဖြစ်ဖို့ နောက်ဆုံးစာမေးပွဲမှာ breaking the bad news ဆိုတဲ့ လူနာရှင်ကို သတင်းဆိုး ပြောရတဲ့အကြောင်းပါတယ်။

ဒီလို ပြောတဲ့အခါ လူနာရှင်ကို လုံးဝ အပြစ်မတင်ရဘူး။ Blame မလုပ်ရဘူး။ ဆိုကြပါစို့။ ကလေးအမေက ရှစ်လအရွယ်ကလေးလေး ခေါင်းမနိုင်သေးလို့ လာပြတယ်။ မွေးကင်းစတုန်းကတော့ အသားဝါဝင်လို့ သွေးလဲဖူးတယ်လို့လည်း ဆိုလာတယ်။

ဒီကလေး အမေကို ခင်ဗျားကလေးက CP လို့ခေါ်တဲ့ သူငယ်နာ အကြောတင်းရောဂါဖြစ်နေတာ။ တသက်လုံးပြန်ကောင်းမှာမဟုတ်ဘူး။ ဒီလိုကြီး သွားပြောလို့မရဘူး။ လက်ခံမှာလည်း မဟုတ်ဘူး။

ကလေး CP ဖြစ်နေတာကို လက်မခံသေးတဲ့ အမေကို ထပ်ပြီး ခင်ဗျား ပြုစုခဲ့တာ အသုံးမကျလို့ ကလေးဒီလိုဖြစ်တာဆိုပြီး ထပ်ပြောလာရင် ကာယကံရှင်မှာ ဘယ်လိုခံစားရမလဲ။

စာမေးပွဲမှာ အဲလိုဖြေခဲ့ရင် ဒီတသက်မဟုတ် နောင်ဆယ်သက် ကလေးဆရာဝန် ဖြစ်မှာမဟုတ်တာ သေချာလို့ ဒီလိုပြောတာပါ။

မနေ့က TikTok ကြည့်နေရင်း အဲဒီ ဗွီဒီယို တက်လာပါတယ်။ ကျွန်တော် ထင်တဲ့အတိုင်း ပြောတဲ့သူက ကလေးဆရာဝန်မဟုတ်သလို ဆေးပညာအသိုင်းအဝိုင်းကလည်း မဟုတ်ဘူး။

သူ့ဗွီဒီယို ကြည့်ရင်းနဲ့ သူ့ရည်ရွယ်ချက်ကို စဉ်းစားမိတယ်။ အရင်ဆုံး ပြုစုမှု့မမှန်ရင် special need child ဖြစ်တတ်တယ်။ ပြုစုနည်းကို သိလား။ မသိရင် ပြောပြမယ်။ ဆိုပြီး သိပ်မကြာခင် ကလေးစနစ်တကျ ပြုစုနည်းသင်တန်းဆိုပြီး ဖွင့်လာလိမ့်မယ်။

မှန်ချင်လည်းမှန်မယ်မှားချင်လည်း မှားမယ်ပေါ့။ စောင့်ကြည့်ရမှာပဲ။ ဒီနေ့တော့ ဒီလောက်ပဲ။ နောက်ရက်မှ မသန်စွမ်းဖြစ်ရတဲ့အကြောင်းက မေမေတို့ရဲ့ အမှားမဟုတ်ကြောင်း အကိုးအကားနဲ့ ပြောပြမယ်။

ချုပ်ရရင် ဒီပို့စ်တခုလုံး ဖတ်ပြီးတဲ့အခါ ဘယ်သူ့ကိုမှမယုံနဲ့။ ကျွန်တော်ပြောတာလည်း မယုံနဲ့။ စာဖတ်။ တတ် သိ နားလည်တဲ့သူကို မေး။

13/09/2025

အလားတူ

လူနာကြည့်တဲ့အခါ ကိုယ်ကုလက်စလူနာ မသက်သာလို့ သောက်နေတဲ့ဆေးတွေ ပြန်စစ်လိုက်တော့မှ ကိုယ်ပေးတဲ့ဆေးနဲ့ လူနာသောက်နေတဲ့ဆေး မတူရင် ဒေါသထွက်ရတယ်။ (ကလေးနဲ့ မိဘတွေကိုမဟုတ်ဘူးနော်။)

ဘာလို့မတူလဲဆိုတော့ ဆေးဆိုင်က ဆရာပေးတဲ့ဆေးမရှိလို့ "အလားတူ" ပေးလိုက်တာပါတဲ့။

ပြသနာ ဘယ်ကစလဲဆိုတော့ ဆေးရုံကပဲစတာပါ။ ဆေးရုံမှာက ဆရာဝန်ပဲရှိတယ်လေ၊ ဆေးကမရှိဘူး။ ထူခန့်ကျော်လည်းမဟုတ်၊ ခင်စန်းရီလည်းမဟုတ်တော့ မန်းလည်းမမန်းတတ်၊ မှုတ်လည်းမမှုတ်တတ်။ ကလေးက ဆေးမဝင်ရင် သက်သာမှာမဟုတ်လို့ အပြင်ကနေပဲ ဆေးဝယ်ခိုင်းရတာပေါ့။ (စကားချပ်။။ လူနာတွေက ဆေးရုံကနေဆေးမပေးရင် online တွေပေါ်ကနေ တက်တက်ရေးကြတယ်။ တကယ်က ပေးစရာဆေးပြည့်ပြည့်စုံစုံမရှိကြပါ။ ဒါကိုနားလည်ပေး။)

အဲဒီတော့ ပြန်ဆက်ရင် အပြင်ဆေးဆိုင်မှာဝယ်။ "အလားတူ"ဆိုတာကြီးကိုရ။ ဘာလို့ "အလားတူ" ကြီးက မှားနေလဲဆိုတော့ ရောင်းပေးတဲ့သူက ဆေးဝါးတက္ကသိုလ်ကနေ ဘွဲ့ရတဲ့ ဆေးဝါးကျွမ်းကျင်မဟုတ်ပဲ ၃လ ၄လ ပဲသင်တန်းပြီးထားတဲ့ ဆေးဝါး #မကျွမ်း #မကျင်တွေ ဖြစ်နေကြလို့ပဲ။

ဒါဆို အဲဒီ ၃လ ၄လ သင်တန်းကို ဘယ်သူတွေသင်ကြတာလဲဆိုတော့ ဆေးဝါးဗေဒကို တက္ကသိုလ်မှာ minor ဘာသာအဖြစ်သာ သင်ရတဲ့ B.N.Sc ဘွဲ့ရ သူနာပြုတွေရော၊ တကယ့် clinical နဲ့ ကင်းကွာနေတဲ့ ဆေးဝါးဗေဒဘာသာကို တစ်နှစ်ပဲ သင်ခဲ့ဖူးတဲ့ MBBS တွေရောပါတယ်။

ဒါဆို ဟို BNSc သူနာပြုဆရာမတွေက သူနာပြုအလုပ်မလုပ်ပဲ ဘာလို့ စာသင်စားနေကြလဲဆိုတော့ တကယ်သူတို့ အလုပ်လုပ်ရမဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တွေ့နေရတဲ့ ၃လ ၄လ သင်တန်းပဲတက်ထားတဲ့ သူနာပြုအကူတွေ လုပ်နေကြလို့ပဲ။

တကယ်ဆို ဆေးခန်းတွေမှာက သူနာပြုစစ်စစ်တွေပဲ ထားရမှာ။ ဘာလို့မထားလဲဆိုတော့ ဈေးကြီးလို့( အမှန်တော့ တန်ရာတန်ကြေး မပေးချင်လို့)။ ဈေးကြီးလည်း လူနာဆီက ပြန်ယူပေါ့ဆိုပြန်တော့လည်း အဲဒီအတွက်က ယူပြီးသား။ အမြတ်ကို ပိုင်ရှင်ပဲယူမှာ။ အမြတ်များများ လစာနည်းနည်းနဲ့ ရသလောက် run နေကြတာ။ အဲဒါကြောင့် မဖြစ်သင့်တဲ့ error တွေဖြစ်နေကြတာပေါ့။

ဟုတ်လား၊ မဟုတ်လား အခု Facebook ,TikTok တွေမှာ ဆေးရှူနေတဲ့ ကလေးတွေ မှန်လားမမှန်လားကြည့်လိုက်။ စိတ်တွေလည်း ဆင်းရဲပါတယ်။

12/09/2025

ဒီနေ့တော့ မေမေတို့ အသိချင်ဆုံး အကြောင်းအရာတစ်ခုကို ပြောပြပေးပါမယ်။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကလေးတွေရဲ့ ကျန်းမာရေးအကြောင်းတွေ မျှ‌ဝေပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာဖြိုးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ တမေးထဲမေးနေတဲ့ အစာမစားရင် တိုက်ရမဲ့ အားဆေးအကြောင်းပြောပေးမယ်နော်။

ဆေးခန်းမှာ နေ့ စဥ်လိုလို ကြုံလေ့ရှိတာက

“ဆရာ သမီးကလေး အစာမစားလို့ ဘယ်အားဆေးလေး တိုက်သင့်လဲ ဆရာ”
ဆိုတဲ့ ကလေးအမေတွေပဲ။ ဒီအကြောင်းလေး ဒီနေ့ပြောသွားပေးပါမယ်။

ထမင်းမစားတဲ့ကလေးအတွက် ဘာလုပ်ပေးသင့်လဲ?
ကလေးတွေမှာ အစားစားချင်စိတ်နည်းတာ (Poor Appetite) က မိဘတိုင်းရင်ဆိုင်ရတဲ့ပြဿနာပါ။ ကလေးက ထမင်းမစားရင် အားဆေးတိုက်ရမလား၊ အစားအသောက်ပုံစံပြောင်းရမလား ဆိုတာ ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

၁။ အရင်ဆုံး အကြောင်းရင်းရှာပါ
ကလေးတွေ အစားမစားရတဲ့အကြောင်းရင်းတွေမှာ –
• ဗိုက်မဆာတာ (အချိုရည်၊ မုန့်ပဲသရေစာများလွန်းတာ)
• ကျန်းမာရေးပြဿနာ (ဗိုက်အောင့်၊ အစာအိမ်နာ၊ သန်ထ၊ အာဟာရချို့တဲ့)
• စိတ်ပိုင်းဆိုင်ရာ (စိတ်ဖိစီးမှု၊ မိသားစုပြဿနာ)
• အစားအသောက်ပုံစံမှားနေတာ (အချိန်မမှန်၊ အာဟာရမညီ)

👉 အားဆေးချက်ချင်းမတိုက်ပါနဲ့! အရင်ဆုံး ဘာကြောင့်မစားတာလဲဆိုတာ ရှာဖွေပါ။

၂။ အားဆေးတိုက်သင့်လား?
အားဆေးက အာဟာရဖြည့်စွက်စာဖြစ်ပြီး လိုအပ်မှသာ တိုက်သင့်ပါတယ်။
• သံဓာတ်၊ ဇင့်၊ ဗီတာမင် B12 စတဲ့ အာဟာရဓာတ်ချို့တဲ့ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်နိုင်ပါတယ်။
• ဇင့် (Zinc) ချို့တဲ့ရင် အစားစားချင်စိတ်နည်းတတ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ ဇင့်အားဆေးအလွန်အကျွံတိုက်ရင် အန္တရာယ်ရှိပါတယ်။
• ဗီတာမင်မျိုးစုံ (Multivitamin) တိုက်တာထက် သဘာဝအစားအစာကနေ အာဟာရရအောင် ကြိုးစားပါ။

၃။ အစားအသောက်ပုံစံပြောင်းကျွေးပါ
ကလေးကို အစားစားချင်စိတ်ဖြစ်အောင် ဒီနည်းလမ်းတွေသုံးပါ –
✔ အာဟာရပြည့်ဝအောင် ကျွေးပါ
• ပရိုတင်း (ကြက်ဥ၊ ငါး၊ ပဲအမျိုးမျိုး)
• သံဓာတ် (အသည်း၊ ဟင်းနုနွယ်၊ အနီရောင်အသား)
• ဗီတာမင် C (သံပုရာ၊ လိမ္မော်၊ ခရမ်းချဉ်သီး) – သံဓာတ်စုပ်ယူမှုအားကောင်းစေတယ်။
✔ ကလေးစိတ်ဝင်စားမယ့်ပုံစံဖန်တီးပါ
• အရောင်စုံ၊ ပုံစံစုံ (သစ်သီးစိတ်၊ ဟင်းသီးဟင်းရွက်ဖော်စပ်)
• ကလေးနဲ့အတူချက်ပါ (စားချင်စိတ်တိုးစေတယ်)
• အချိန်မှန်ကျွေးပါ (နေ့စဉ် ၃ နပ်ပုံမှန်ထားပါ)
✔ အချိုရည်၊ မုန့်ပဲသရေစာလျှော့ပါ
• သကြားများတဲ့အစာတွေက အစားစားချင်စိတ်ကိုလျော့စေပါတယ်။
✔ ဖိအားမပေးပါနဲ့
• "စားပါ၊ မစားရင် အားမရှိဘူး" စတဲ့စကားတွေက ကလေးကို ပိုပြီးစားချင်စိတ်နည်းစေပါတယ်။

၄။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ?
• ကိုယ်အလေးချိန်မတက်ဘဲ ဆက်နေရင်
• အားနည်းပြီး အမြဲငိုနေရင်
• ဗိုက်အောင့်၊ အန်နေရင်
👉 ဒီလိုအခြေအနေဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ပြန်ချုပ်ရရင် ကလေးတွေက သဘာဝအတိုင်း အစားနည်းတတ်ကြပါတယ်။ အားဆေးချက်ချင်းမတိုက်ဘဲ အာဟာရပြည့်ဝအောင် ကျွေးမွေးပါ၊ စားချင်စိတ်ဖြစ်အောင် ဖန်တီးပေးပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အားဆေးတိုက်ပါ။
ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာနဲ့ အာဟာရပြည့်ဝစွာ ကြီးပြင်းနိုင်ကြပါစေ! 💙

11/09/2025

ဒီရက်ပိုင်း ကလေးလေးတွေ ဖျားကြတယ်။ တချို့ကလေးတွေဆို အဖျားက ၁၀၃၊ ၁၀၄။ အဖျားနဲ့အတူတွဲပါလာက တက်တာပဲ။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကလေးတွေရဲ့ ကျန်းမာရေးအကြောင်းတွေ မျှ‌ဝေပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာဖြိုးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမေတို့ကို အဖျားကြီးပြီး တက်တတ်တဲ့ ကလေးတွေအကြောင်း ပြောပြမယ်။ ဒီဗွီဒီယိုတခုလုံးကြည့်ပြီးတဲ့အခါ ဘာမှမမှတ်မိရင်တောင်မှ ကလေးတက်ရင် ဘာလုပ်ရမယ်ဆိုတာသိရင်ကို ရပြီ။

တကယ်တော့ ကလေးတယောက် တက်ရတဲ့အကြောင်းအရာတွေက အများကြီးရှိတယ်။ အဖျားကြီးပြီး တက်ခြင်းဆိုတာသိရဖို့အတွက် Diagnosis of exclusion လို့ခေါ်တဲ့ အခြားတက်စေနိုင်တဲ့ အကြောင်းတွေ မဟုတ်မှသာ အဖျားကြီးပြီး တက်တယ်လို့ ယူဆရပါသည်။

အဖြစ်များတဲ့ တက်စေရတဲ့ အကြောင်းတရားတွေက သွေးတွင်း သကြားဓာတ်နည်းခြင်း Hypoglycemia ၊ ကိုယ်တွင်းဓာတ်ဆားဓာတ် မူမမှန်ခြင်း Electrolytes imbalance ၊ ပိုးဝင်၍ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း Bacterial meningitis စတာတွေဖြစ်တဲ့အတွက် ကလေးတယောက်တက်ရင် ဘာကြောင့် တက်တာလဲသိဖို့ ကလေးဆရာဝန်နှင့် ပြသဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

အဖျားကြီးပြီး တက်သည်ဟု မှတ်ယူဖို့ အထက်ပါအကြောင်းအရာများ မရှိရမည့်အပြင် အခုပြောမဲ့ အချက်အားလုံးလည်း ပြည့်စုံရပါမည်။

၁။ အသက် ၆လမှ ၆နှစ်။
၂။ အဖျားကြီးသည့်အချိန်တွင် တက်ခြင်း။
၃။ တကိုယ်လုံး တောင့်တင်းပြီး တဆတ်ဆတ်တုန်တက်ခြင်း။
၄။ တက်ချိန် ၁၅မိနစ်ထက် မကျော်ရဘူး။
၅။ အတက်ကျပြီးနောက် ခြေလက်အားနည်းမှု့မရှိပဲ ပုံမှန်အတိုင်း ဆော့ကစားခြင်း။

များသောအားဖြင့်တော့ အဖျားကြီးပြီးတက်တဲ့ကလေးတွေမှာ အရင်က ဖြစ်ခဲ့ဖူးတဲ့ မိသားစု ရာဇဝင်တွေရှိတတ်ကြတယ်။ ယောက်ျားလေးများက မိန်းကလေးတွေထက် ပိုပြီးဖြစ်တတ်တယ်။ တကြိမ်ဖျားမှ တကြိမ်သာ တက်တတ်တယ်။

အဖျားကြီး၍တက်ခြင်းကို မဖျားစေရန် ဂရုစိုက်ခြင်း ဖျားသည့်အခါ ကိုယ်ပူမကြီးစေရန် ဂရုစိုက်ခြင်းဖြင့်သာ ကာကွယ်နိုင်တယ်။

အခုပြောမဲ့ အကြောင်းအရာက အရေးအကြီးဆုံး အချက်နော်။
တက်နေသည့်အချိန် ရှေးဦးပြုစုခြင်းပဲ ဖြစ်တယ်။
ကလေးတက်သည့်အခါ စိုးရိမ်မှု့လွန်ကဲပြီး ပိုက်ထွေးမှုမပြုရ။
နှိပ်နယ်ခြင်း မပြုရ။
ကလေးကို ဘယ်စောင်းအနေအထားဖြင့် ထားရမည်။
ကလေးပတ်ဝန်းကျင်တွင် ဝိုင်းအုံကြည့်ရှု့ခြင်းမပြုရ။
ထူထဲသောအဝတ်အစားများ ဝတ်ဆင်ထားပါက ချက်ချင်းချွတ်ပစ်ရမည်။
အဖျားကျစေရန် ရေပတ်တိုက်ရမည်။
ထို့နောက် နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသရမည်။

ကဲ... ဒီလောက်ဆိုရင် မေမေတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ ထပ်ဆုံကြရင် ဘယ်လိုအကြောင်းအရာတွေ ပြောပြပေးရမလဲ။ မှတ်ချက်ပေးခဲ့ကြပါအုံး။ ကျေးဇူးတင်ပါတယ်။

ကျမ်းကိုး

Pediatrics for Undergraduates, Second Edition, Myanmar Pediatric Society

11/09/2025

ဒီရက်ပိုင်း ကလေးလေးတွေ ဖျားကြတယ်။ တချို့ကလေးတွေဆို အဖျားက ၁၀၃၊ ၁၀၄။ အဖျားနဲ့အတူတွဲပါလာက တက်တာပဲ။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ ကလေးတွေရဲ့ ကျန်းမာရေးအကြောင်းတွေ မျှ‌ဝေပေးနေတဲ့ ကလေးအထူးကုဆရာဝန် ဒေါက်တာဖြိုးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေမေတို့ကို အဖျားကြီးပြီး တက်တတ်တဲ့ ကလေးတွေအကြောင်း ပြောပြမယ်။ ဒီပို့စ်တခုလုံး ဖတ်ပြီးတဲ့အခါ ဘာမှမမှတ်မိရင်တောင်မှ ကလေးတက်ရင် ဘာလုပ်ရမယ်ဆိုတာသိရင်ကို ရပြီ။

တကယ်တော့ ကလေးတယောက် တက်ရတဲ့အကြောင်းအရာတွေက အများကြီးရှိတယ်။ အဖျားကြီးပြီး တက်ခြင်းဆိုတာသိရဖို့အတွက် Diagnosis of exclusion လို့ခေါ်တဲ့ အခြားတက်စေနိုင်တဲ့ အကြောင်းတွေ မဟုတ်မှသာ အဖျားကြီးပြီး တက်တယ်လို့ ယူဆရပါသည်။

အဖြစ်များတဲ့ တက်စေရတဲ့ အကြောင်းတရားတွေက သွေးတွင်း သကြားဓာတ်နည်းခြင်း Hypoglycemia ၊ ကိုယ်တွင်းဓာတ်ဆားဓာတ် မူမမှန်ခြင်း Electrolytes imbalance ၊ ပိုးဝင်၍ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း Bacterial meningitis စတာတွေဖြစ်တဲ့အတွက် ကလေးတယောက်တက်ရင် ဘာကြောင့် တက်တာလဲသိဖို့ ကလေးဆရာဝန်နှင့် ပြသဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

အဖျားကြီးပြီး တက်သည်ဟု မှတ်ယူဖို့ အထက်ပါအကြောင်းအရာများ မရှိရမည့်အပြင် အခုပြောမဲ့ အချက်အားလုံးလည်း ပြည့်စုံရပါမည်။

၁။ အသက် ၆လမှ ၆နှစ်။
၂။ အဖျားကြီးသည့်အချိန်တွင် တက်ခြင်း။
၃။ တကိုယ်လုံး တောင့်တင်းပြီး တဆတ်ဆတ်တုန်တက်ခြင်း။
၄။ တက်ချိန် ၁၅မိနစ်ထက် မကျော်ရဘူး။
၅။ အတက်ကျပြီးနောက် ခြေလက်အားနည်းမှု့မရှိပဲ ပုံမှန်အတိုင်း ဆော့ကစားခြင်း။

များသောအားဖြင့်တော့ အဖျားကြီးပြီးတက်တဲ့ကလေးတွေမှာ အရင်က ဖြစ်ခဲ့ဖူးတဲ့ မိသားစု ရာဇဝင်တွေရှိတတ်ကြတယ်။ ယောက်ျားလေးများက မိန်းကလေးတွေထက် ပိုပြီးဖြစ်တတ်တယ်။ တကြိမ်ဖျားမှ တကြိမ်သာ တက်တတ်တယ်။

အဖျားကြီး၍တက်ခြင်းကို မဖျားစေရန် ဂရုစိုက်ခြင်း ဖျားသည့်အခါ ကိုယ်ပူမကြီးစေရန် ဂရုစိုက်ခြင်းဖြင့်သာ ကာကွယ်နိုင်တယ်။

အခုပြောမဲ့ အကြောင်းအရာက အရေးအကြီးဆုံး အချက်နော်။
တက်နေသည့်အချိန် ရှေးဦးပြုစုခြင်းပဲ ဖြစ်တယ်။
ကလေးတက်သည့်အခါ စိုးရိမ်မှု့လွန်ကဲပြီး ပိုက်ထွေးမှုမပြုရ။
နှိပ်နယ်ခြင်း မပြုရ။
ကလေးကို ဘယ်စောင်းအနေအထားဖြင့် ထားရမည်။
ကလေးပတ်ဝန်းကျင်တွင် ဝိုင်းအုံကြည့်ရှု့ခြင်းမပြုရ။
ထူထဲသောအဝတ်အစားများ ဝတ်ဆင်ထားပါက ချက်ချင်းချွတ်ပစ်ရမည်။
အဖျားကျစေရန် ရေပတ်တိုက်ရမည်။
ထို့နောက် နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသရမည်။

ကဲ... ဒီလောက်ဆိုရင် မေမေတို့အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခါ ထပ်ဆုံကြရင် ဘယ်လိုအကြောင်းအရာတွေ ပြောပြပေးရမလဲ။ မှတ်ချက်ပေးခဲ့ကြပါအုံး။ ကျေးဇူးတင်ပါတယ်။

ကျမ်းကိုး

Pediatrics for Undergraduates, Second Edition, Myanmar Pediatric Society

I've just reached 20K followers! Thank you for continuing support. I could never have made it without each one of you. 🙏...
10/09/2025

I've just reached 20K followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉

Address

Yangon

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Telephone

+959975573685

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာဖြိုး ကလေးကျန်းမာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒေါက်တာဖြိုး ကလေးကျန်းမာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram