29/01/2025
ကင်ဆာနှင့် အာဟာရ အပိုင်း (၉)
လူတိုင်း အသက်ရှင်နေထိုင်ဖို့ က
ကံ စိတ် ဥတု အာဟာရ ၄ ပါး ပေါ်
မူတည်ပါတယ်။
ကင်ဆာ ရောဂါရှင်များသာမက
အသည်း ကျောက်ကပ် အဆုတ်
ကိုယ်ခံအား အားနည်းလာတဲ့
နာတာရှည် ရောဂါရှင်များ အနေဖြင့်
မိမိ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား ဖြင့်
🙏🙏🙏🙏🙏ကောင်းမှု ပြုလုပ်ပြီး
*ကံ* သက်ရှည်အောင်
*စိတ်* ဓာတ်မကျ ဘဲ ၊💪💪💪💪💪
ကောင်းတဲ့ အမြင်အတွေးဖြင့် သာ
မိမိသက်ဆိုင်ရာ ရောဂါနှင့် သင့်တော်တဲ့
*ဥတု* ဆေးဝါးများဖြင့် သေချာ
စနစ်တကျ ကုသသင့်ပါတယ်။
အာဟာရ ဆရာဝန် တယောက်အနေနဲ့
လူနာတွေ အနေဖြင့်
*အာဟာရ* ပြည့်ဝအောင် နေထိုင်နိုင်ဖို့
ရောဂါ အဆင့်အလိုက်
လူနာ အခြေအနေ ပေါ်မူတည်ပြီး
အာဟာရဆိုင်ရာ အကြံပေးချက်များကို
သေချာလိုက်နာစေလိုပါတယ်။
😷🤕
အစားအားနည်း တဲ့ အချိန်
အစာချေအားလျော့လာတဲ့ အချိန်မှာ
ပုံမှန် အစားအစာများကို
အာဟာရပြည့်အောင် မစားနိုင်တဲ့ အခါမှာ
ကိုယ်အလေးချိန် လျော့လာတာ မြန်တဲ့ချိန်မှာ
လူနာတိုင်းမှာ 🧓👱
သွေးအားနည်းခြင်း၊ ကြွက်သားအားနည်းခြင်း
အသားဓာတ် နည်းခြင်း
အဏုအာဟာရဓာတ်နည်းခြင်းစတဲ့ လက္ခဏာများ
အာဟာရ ချို့တဲ့ တဲ့ ပြဿနာများကို
နေ့စဉ်နှင် အမျှ
ကြုံတွေ့လာကြရပါတယ်။
ဒီလို အချိန်မှာ ကင်ဆာ ကိုကာကွယ်ဖို့
အကောင်းဆုံး ဆိုတဲ့
ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတဲ့
အစာအုပ်စု စုံလင်အောင် စားဖို့
ဟင်းသီးဟင်းရွက်များများ စားဖို့ ,,၊🥗🥗
အမျှင်ဓာတ်များဖို့ 🥦🥬🍠
အဏုအာဟာရစုံဖို့ 🥝🍇🍅🍓
အစား များများ မစားနိုင်ပါဘူး။
🙏🙏🙏🙏🙏
ဒီအခါမှာ လူနာနှင့် လူနာရှင် အနေဖြင့်
အခြေအနေ အမှန်ကို လက်ခံပြီး
ဝင်သလောက်နည်းနည်း နဲ့
အာဟာရပြည့်အောင်
Nutrition Intervention အနေဖြင့်
🌟🌟🌟🌟
အသားဓာတ်ပြည့် ကယ်လိုရီပြည့်
အဏုအာဟာရဓာတ် အစုံပါတဲ့
High calorie High Protein
Oral Nutrition Supplements များကို
Liquid sip feeds အနေနဲ့
တနေ့ ၆-၈ 🥛🥛🥛🥛🥛🥛ကြိမ်လောက်
၂-၃ နာရီ ကြား🕰️🕰️🕰️⌚⏲️⏲️
ကြိုးစား စားပေးဖို့ လိုပါတယ်
💪💪💪💪💪
အစားအသောက်ပျက်နေတဲ့ လူနာအတွက်
သူကြိုက်နှစ်သက်မယ့်
အရသာ အမျိုးမျိုး ရှိတဲ့
အာဟာရ အရည် အမှုန့် အမျိုးမျိုးကို
သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်များနှင့်
တိုင်ပင်ပြီး တနေ့တာ လိုအပ်ချက် ပြည့်မီအောင်
တွက်ချက်စားပေးဖို့ လိုပါတယ်။
တန်ဆေး လွန်ဘေး ဖြစ်နိုင်တဲ့
အဏုအာဟာရ တမျိုးချင်းစီကို
ပမာဏများများ (Single nutrients mega dose) အဖြစ်
မိမိသဘောနှင့် မသောက်ကြဘဲ
လိုအပ်ချက် ပေါ် မူတည်ပြီး
လိုရင်ပေးသင့်ကြောင်း
Multi vitamin အားဆေးများကို
သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။
မိမိ တနေ့ ဘယ်လောက် ကယ်လိုရီ ပြည့်အောင်
အာဟာရ ဖြည့်စွက် စားသင့်ကြောင်းကို
ဖော်ပြပါပုံ အညွှန်းဖြင့် ရှင်းပြလိုပါတယ်။
ပုံ 1-နေ့စဥ် ပုံမှန် စားနေကြ ထမင်းပန်းကန် 1/4 ခန့် အစားလျော့ပါက အာဟာရမှုန့် တနေ့ နှစ်ကြိမ်ခန့် ဖျော်သောက်ပေးပါ
ပုံ 2-ပုံမှန် စားနေကြရဲ့ တဝက်လောက်ဘဲ စားနိုင်ရင် အာဟာရမှုန့် 2 ကြိမ် နှင့် အာဟာရ အရည် 2 ကြိမ်..တနေ့ 4 ကြိမ် ဖြည့်စွက်အာဟာရ ကူစားပေးပါ..
ပုံ 3-ပုံမှန် စားနေကြရဲ့ 1/4 လောက်ဘဲ စားနိုင်ရင် အာဟာရမှုန့် 2 ကြိမ် နှင့် အာဟာရ အရည် 4 ကြိမ်..တနေ့ 6 ကြိမ် ဖြည့်စွက်အာဟာရ ကူစားပေးပါ..
ဒီတခါတော့ ဈေးကွက်တွင်းမှာ ရှိတဲ့
အာဟာရ ဖျော်ရည်နှင့် အမှုန့် များကို
အရသာ နှင့် ရရှိနိုင်တဲ့ ကယ်လိုရီ အသားဓာတ်ပမာဏ မှန်းဆ နိုင်ဖို့ ဗဟုသုတ မျှဝေပါရစေ။
Cancer specific High calorie High protein
1. Prosure- 380 g - Orange🍊🍊🍊 အရသာ
အညွှန်းအတိုင်း တခါဖျော် ၊ 70 g🥛တခွက်မှာ
300 kcal & အသားဓာတ် 15 g ပါဝင်ပါတယ်
2. Neo Mune-400 g Vanilla 🥛🥛🥛အရသာ
အညွှန်း အတိုင်း တခါဖျော်50 g တခွက်မှာ
250 kcal & အသားဓာတ် -15 g ပါဝင်ပါတယ်။
အသည်းအာဟာရမှုန့်
Aminolebean -450 g Orange အရသာ
အညွှန်း အတိုင်း တခါဖျော် တခွက်မှာ
210 kcal & အသားဓာတ် -13 g ပါဝင်ပါတယ်။
ဆီးချို အာဟာရမှုန့်
Glucerna/ Diabetesol/ Gen DM
အညွှန်း အတိုင်း တခါဖျော် 50 G တခွက်မှာ
210 kcal & အသားဓာတ် -10 g ပါဝင်ပါတယ်။
Standard formula-
Ensure & Entrasol
အညွှန်း အတိုင်း တခါဖျော် 50-50 G တခွက်မှာ
200-240 kcal & အသားဓာတ် 10 g ပါဝင်ပါတယ်။
Protein powder _2 မျိုး👌👌👌👌👌
🌟🌟🌟Novi Pro Whey protein powder -300 g
10 g - အသားဓာတ် 9 g cal -40 ရပါတယ်
🌟🌟🌟 Hemomin egg white powder
10 g အသားဓာတ် 9 g cal -40 ရပါတယ်
လူတိုင်း ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာ ကြပါစေ
ဒေါက်တာ မေတ္တာ
ကင်ဆာနှင့်အာဟာရ အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=284284356781783&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=284413470102205&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၃)
https://m.facebook.com/story.php?story_fbid=284757200067832&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၄)
https://m.facebook.com/story.php?story_fbid=285070403369845&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၅)
https://m.facebook.com/story.php?story_fbid=285389883337897&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၆) https://m.facebook.com/story.php?story_fbid=285701163306769&id=107570277786526
ကင်ဆာနှင့်အာဟာရ အပိုင်း(၇)
https://www.facebook.com/107570277786526/posts/381004063776478
အသည်း ကင်ဆာ နှင့်အာဟာရ အပိုင်း(၈)
https://www.facebook.com/107570277786526/posts/398937258649825/