Shwe Thita Specialist Clinic & Laboratory

Shwe Thita Specialist Clinic & Laboratory Your Health, Our Passion

2024 ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကျနော်များ  🤍❤Shwe Thita Specialist Clinic❤🤍 ...
01/05/2024

2024 ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကျနော်များ 🤍❤Shwe Thita Specialist Clinic❤🤍 မိသားစု မှ ကြိုဆိုပါတယ်။

မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းမှ Blue Collar, White Collar, အသိပညာ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင် ပညာရှင်များ၊ ကာယလုပ်သား၊ ဉာဏလုပ်သားများအားလုံးကို လေးစားစွာ ဂုဏ်ပြုပါကြောင်း၊ လောကကြီးအား အဖက်ဖက်မှ အကျိုးပြုနေသော လုပ်သားများ ကျန်းမာချမ်းသာကာ ကိုယ်စိတ်ခန္ဓာ လိုရာမှန်သမျှ ပြီးပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

All Labor that uplifts humanity has dignity and importance and should be undertaken with painstaking excellent

- Martin Luthor King -

လူကြီးမင်းတို့ ကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ

အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည့်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
#ကြည့်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

ပုံမှန်ဆေးစစ်ချက်တွေ ဘာလို့ လုပ်သင့်တာလဲ?ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသလိုလူ့ကျန်းမာရေးဟာ အရမ်းကို အရေးကြီးပါတယ်။ကိုယ့်...
30/04/2024

ပုံမှန်ဆေးစစ်ချက်တွေ ဘာလို့ လုပ်သင့်တာလဲ?

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသလို
လူ့ကျန်းမာရေးဟာ အရမ်းကို အရေးကြီးပါတယ်။

ကိုယ့်ရဲ့ ကြံစည်မှုတိုင်းကို အကောင်အထည်ဖော်နိုင်ဖို့
ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတိုင်းကို
စိတ်သွားတိုင်းကိုယ်ပါ လုပ်ဆောင်နိုင်ဖို့
ကျန်းမာရေးဟာ အလွန်အရေးကြီးလှပါတယ်။

ဒါပေမယ့် ကျန်းမာနေဖို့ဟာ အမြဲတမ်း
နေကောင်း ကျန်းမာနေရုံနဲ့ မပြီးသေးပါဘူး။
ကိုယ့်ခန္ဓာကိုယ်အတွင်းက
အပေါ်ယံ မမြင်နိုင် ရောဂါတွေ
ရှိနေမရှိနေ သိနေဖို့ကလည်း အရမ်း အရေးကြီးပါတယ်။

အပြင်ပန်း နေကောင်းကျန်းမာနေပေမယ့်
ခန္ဓာကိုယ်အတွင်းက ရောဂါတွေက
အချိန်တစ်ခုကြာ ကိန်းအောင်းနေပြီး
ရောဂါ ကြီးထွားလာမှ လက္ခဏာပြလာရင်
နောက်ကျမှသိလိုက်ရတာက တစ်ကြောင်း
ရောဂါ အားကောင်းနေပြီးသား ဖြစ်တာက
တစ်ကြောင်းမို့ အချိန်ကုန်၊ လူပန်းပြီး
ငွေကုန်ကြေးကျ ပိုများရတဲ့ အဖြစ်မျိုး ကြုံရပါလိမ့်မယ်။

ဒါကြောင့် မိမိခန္ဓာကိုယ်မှာ ဘာတွေ
ဖြစ်ပျက်နေလဲ? ပြောင်းလဲနေလဲ?
အမြဲတမ်း စောင့်ကြည့်ပြီး လိုအပ်တဲ့
ကုသမှုကို ခံယူတာ အကောင်းဆုံးပါပဲ။

Medical Check-up ဆေးစစ်ချက်တွေကို
ဆောင်ရွက်လိုသူများအနေနဲ့
ကြည့်မြင်တိုင် မြို့နယ်က
'​ရွှေသီတာ 'ကို
အရောက် လှမ်းလာခဲ့ပါနော်။

ခေတ်မှီစက်ကြီးများနဲ့ အချိန်တိုအတွင်း
အမြန်ဆုံး စစ်ဆေးဆောင်ရွက်ပေးပြီး
ရောဂါစစ်ဆေး တွေ့ရှိခဲ့ပါကလည်း
သမားတော်ကြီးများနဲ့ ဆွေးနွေးကုသပေးမယ့်
သင့်ကျန်းမာရေး အဖော်မွန်အဖြစ်
ရွှေသီတာ က ရှိနေပေးမှာပါ။

လူကြီးမင်းတို့ ကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ


အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည့်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)

စုံစမ်းမေးမြန်းရန်
09880002101 ( Hot line )
09762050111 ( Office )


#ကြည့်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

 #ဖေဖေပြောမယ် နားထောင်ဒီရက်ပိုင်း အသက်ရှူသိပ်မဝသလိုလိုရင်ဘတ်အောင့်နေသလိုလို ဖြစ်ဖြစ်နေလို့ကြည့်မြင်တိုင်က ရွှေသီတာ မှာဆေ...
27/04/2024

#ဖေဖေပြောမယ် နားထောင်

ဒီရက်ပိုင်း အသက်ရှူသိပ်မဝသလိုလို
ရင်ဘတ်အောင့်နေသလိုလို ဖြစ်ဖြစ်နေလို့
ကြည့်မြင်တိုင်က ရွှေသီတာ မှာ
ဆေးစစ်ရင်း၊ ဆရာဝန်နဲ့ တိုင်ပင်ချင်လို့
သွားမယ်ဆိုပြီး လိပ်စာ ကြည့်လိုက်တာ
ဟုမ်းလမ်း မှတ်တိုင် နားတင်ဆိုတော့
အရမ်းလည်း မဝေးတာနဲ့ ဘတ်စ်ကားပဲ
စီးသွားဖြစ်ခဲ့တယ်။

ကားပေါ်မှာ ငါးခြောက်နှစ်အရွယ်
ကလေးမလေးနဲ့ သူ့အဖေဖြစ်လောက်တဲ့
အစ်ကိုကြီးတစ်ယောက် ကျွန်မနဲ့
မလှမ်းမကမ်းမှာ ထိုင်နေတာ
တွေ့လိုက်တယ်လေ။

ပိတ်ရက်နေ့လည်း ဖြစ်လို့
လူကနည်းနည်းချောင်နေတဲ့အချိန်ဆိုတော့
တိတ်ဆိတ်နေတဲ့ ကားပေါ်မှာ
သူတို့ သားအဖရဲ့ စကားသံတွေက
လှမ်းနားထောင်မနေရင်တောင်
အတိုင်းသား ကြားနေခဲ့ရတယ်။

သူတို့သားအဖလည်း ဆေးခန်းသွားပြကြမလို့နေမှာ
ကလေးမလေးက ဆေးခန်းမပြချင်လို့
သူ့အဖေကို ဂျီကျနေတယ်။
မသွားချင်ဘူး မသွားချင်ဘူး
ဆိုတာချည်းပဲ။

အဖေလုပ်သူက သူ့သမီးကို
အပြန်ကျရင် ကြက်ကြော်လိုက်ကျွေးမယ်
ရေခဲမုန့် ဝယ်ပေးမယ် ချော့ပြောနေပေမယ့်
ကလေးမလေးကတော့ ဗူးဆိုဗူး
ဖရုံကို မသီးတော့ဘူးဖြစ်နေတာ။

စိတ်မရှည်တော့တဲ့ အဖေလုပ်သူက
ဖေဖေပြောမယ် နားထောင် အစချီပြီ
ပြောလိုက်တာ ကျွန်မမှာ သဘောတွေကျလို့။

ဘာပြောလိုက်တာလဲဆိုတော့
သမီး ဆေးခန်းသွားမပြရင်
ကျန်းမာရေး မကောင်းတော့ဘူး။
ကျန်းမာရေး မကောင်းတော့
ဦးနှောက်ပါ မကောင်းတော့ဘူး။
ဦးနှောက် မကောင်းတော့
စာတွေ မရတော့ဘူး။
စာမရတော့ စာမေးပွဲမှာ
အမှတ်မကောင်းဘူး။
အမှတ်မကောင်းတော့ကျ
သမီးကို မေမေက ဆူလိမ့်မယ်။
သမီးကို မေမေဆူရင်
ဖေဖေက မကြိုက်တော့
သမီးမေမေကို ပြန်ဆူရရော။
သမီးမေမေက သူ့ကို ဆူလို့ဆိုပြီးငို
အဲ့မှာ မီးမီးကပါ လိုက်ငို။
ဖေဖေကပါ မီးမီးတို့ ငိုတော့ လိုက်ငို။
တစ်အိမ်လုံး ငိုနေရမှာကို သမီးရယ်။
ဆေးခန်းလေးပဲ သွားပြလိုက်နော် သမီး
ဆိုပြီး ပြောလိုက်တာပဲ။

သူ့သမီးလည်း ဂျီတော့ ကျနေပေမယ့်
အစောကလောက် မဆိုးတော့ဘူး။

ကျွန်မလည်း မှတ်တိုင်ရောက်တော့မှာမို့
ကားတံခါးနားအသွား
သူတို့သားအဖလည်း ကျွန်မနား
တံခါးပေါက်ဝနား ရောက်လာကြတယ်။

မှတ်တိုင်မှာဆင်းအပြီး
ဆေးခန်းဘက်လျှောက်အလာ
ခပ်လှမ်းလှမ်းမှာ သူတို့သားအဖလည်း
ပါလာခဲ့တယ်။
သူတို့လည်း ရွှေသီတာမှာ
လာပြကြတာလေ။

ရွှေသီတာ နဲ့သာဆို မိသားစုတိုင်း မငိုရမှာ သေချာနေတာကိုး

ဘာလို့လဲဆိုတော့
သွားရလာရလွယ်ကူတယ်
ဆေးကုသစရိတ် ချိုသာတယ်
ကျန်းမာရေးပြဿနာတိုင်းအတွက် အချိန်မဆိုင်းပဲ ကူညီဖို့ရာ ပိတ်ရက်မရှိဖွင့်ထားတယ်
မနက် (၈)နာရီကနေ ည (၇) နာရီအထိ အချိန်ပြည့် လာလို့ရတယ်
ဆေးခန်းလာဖို့ အခက်အခဲရှိနေသူတွေအတွက်လည်း ဆေးခန်းမှာရတဲ့ Service မှန်သမျှ အိမ်မှာလည်းရအောင် အိမ်တိုင်ရာရောက် Home Service ရနိုင်တယ်
တိကျမှန်ကန်ပြီး စေ့စပ်သေချာတဲ့ ဓာတ်ခွဲခန်းမှာ သွေးစစ်၊ ဆီးစစ် ဘာပဲစစ်စစ် အကောင်းမွန်၊ အမှန်ကန်ဆုံး ရလဒ်တွေ ရနိုင်တယ်
သားဖွား၊ မီးယပ်နဲ့ ပက်သက်လာရင်လည်း ဝါရင့် ပါရဂူဆရာဝန်ကြီးတွေရှိတယ်

ဒါတွေအားလုံးဟာ ရွှေသီတာ ပါနော်။
ရွှေသီတာ ရဲ့ ဝန်ဆောင်မှုတွေအနေနဲ့

အထူးကုပါရဂူဆရာဝန်ကြီးတွေဆိုရင်
အထွေထွေသမားတော်
ခွဲစိတ်အထူးကု
ကလေးအထူးကု
သားဖွားမီးယပ် အထူးကု
အရိုး/ အကြော အထူးကု
စသဖြင့် မိတ်ဆွေတို့ ကျန်းမာရေးနဲ့ပက်သက်သမျှ စုံလင်နေအောင် ကုသမှုပေးနိုင်ဖို့ စီစဥ်ပေးထားပါတယ်။

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တာမို့
မေးခိုင်၊ (B) ပိုး၊ ခွေးရူးပြန်၊ ရာသီတုတ်ကွေး၊ ကိုဗစ်ကာကွယ်ဆေး စတဲ့ ကာကွယ်ဆေးထိုးနှံပေးတာတွေကိုလည်း ရွှေသီတာမှာ ရနိုင်တာမို့ ကျန်းမာရေးပြသနာမှန်သမျှ အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ အဆင်သင့်ပါပဲ။

လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ


အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည့်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)

09 880 002101


#ကြည့်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

 #ဖုန်းတွေက သင့်ကျန်းမာရေးကို ဒုက္ခပေးနေတယ်!Smartphone တွေဟာ ကျွန်မတို့ လူသားတွေရဲ့မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတွေအဖြစ်နေ...
25/04/2024

#ဖုန်းတွေက သင့်ကျန်းမာရေးကို ဒုက္ခပေးနေတယ်!

Smartphone တွေဟာ ကျွန်မတို့ လူသားတွေရဲ့
မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတွေအဖြစ်
နေရာယူလာခဲ့တာ နှစ်အနည်းငယ်တောင်
ကြာလာခဲ့ပါပြီ။

လူတစ်ဦးနဲ့တစ်ဦး အလွယ်တကူ
ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ ကူညီပေးတဲ့
အရာဝတ္ထုလေးကနေ တိုးတက်ပြောင်းလဲ
လာလိုက်တာ အခုဆို
လက်ကိုင် ကွန်ပျူတာ တစ်ခုလိုမျိုးပဲ
ကိုယ့်ရဲ့ အလုပ်တွေ၊ စိတ်အပန်းပြေ ဖျော်ဖြေရေးတွေနဲ့
အခြားအခြားသော ကိစ္စပေါင်းမြောက်များစွာကို
(၆)လက်မ အရွယ်ဝန်းကျင်ပဲရှိတဲ့
အရာ ဝတ္ထုလေးက လုပ်ဆောင်နိုင်လာပါပြီ။

ဒီလို တိုးတက်လာမှုနဲ့ အတူ ဆိုးကျိုးတွေလည်း
ကပ်ပါလာတာပါနော်။
အထူးသဖြင့် Smartphone တွေက
လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနေတယ်
ဆိုတဲ့ အချက်ပါ။
ဘယ်လိုမျိုး ထိခိုက်စေနေတာလဲဆိုတော့ -

(၁) အကြီးမားဆုံး ထိခိုက်စေတာကတော့ မျက်လုံးပါ။ ဖုန်းမျက်နှာပြင်ကနေ ထုတ်လွှတ်တဲ့ Blue Light တွေဟာ မျက်လုံးကို အလွန်ထိခိုက်စေပါတယ်။ ဒီ့အပြင် မျက်နှာပြင် ခပ်သေးသေးလေးထဲက အရာဝတ္ထုတွေကို ကြာရှည်စွာ အာရုံစူး ကြည့်ရှုခြင်းကြောင့် မျက်လုံး ညောင်းညာတာ၊ မျက်ရိုးကိုက်တာ၊ မျက်ရည်ခမ်းခြောက်တာတွေ ဖြစ်စေတတ်ပါတယ်။

(၂) လည်ပင်းနဲ့ ကျောရိုး နားကျင်မှုတွေလည်း
Smartphone သုံးစွဲမှုကနေ ဖြစ်လာစေပါတယ်။
ကျွန်မတို့တွေ Smartphone သုံးနေတဲ့ အချိန်မှာ ဖုန်းကို ခန္ဓာကိုယ်ရဲ့
ခပ်နိမ့်နိမ့် နေရာကနေ ကိုင်ထားမိတတ်ပြီး
ခေါင်းကိုငုံ့ကာ Smartphone တွေကို လှမ်းကြည့်မိတတ်ပါတယ်။
ဒီလိုလုပ်မိတာကနေ လည်ပင်းနဲ့ ကျောရိုးကို
ခပ်ကွေးကွေး အနေအထားနဲ့ နေစေမိပြီး
ရေရှည်မှာ ဂုတ်ကြောတက်တာ၊
ကျောရိုးနာတာလိုမျိုး နာကျင်မှုဝေဒနာတွေ
ကြုံတွေ့လာရနိုင်ပါတယ်။

(၃) အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာတွေရဲ့
တရားခံလက်သည်ဟာလည်း ဖုန်းတွေပါပဲ။
Smartphone တွေက ထုတ်လွှတ်တဲ့
Blue Light တွေဟာ မိမိမျက်လုံးရဲ့
အိပ်စက်မှု သဘာဝကို ထိခိုက်စေပြီး
အိပ်လို့မပျော်တာ၊ အိပ်ရင်းလန့်နိုးတာ၊
အိပ်ရေးမဝတာ စတဲ့ အိပ်စက်ခြင်း
ပြဿနာတွေ ဖြစ်ပွားစေပါတယ်။
အိပ်ရလို့ ဖုန်းကြည့်တဲ့သူတွေကတော့
ဖုန်းကြည့်မိလို့ ပိုအိပ်မရဖြစ်စေတာပါပဲရှင်။

(၄) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း
Smartphone တွေက ဖော်ဆောင်နေပါတယ်။
Smartphone ကိုပဲ စွဲလမ်းလာတာကြောင့်
Smartphone နဲ့မသက်ဆိုင်တဲ့ ကိစ္စတွေမှာ
စိတ်အာရုံ စူးစိုက်နိုင်မှု လျော့နည်းလာစေပါတယ်။
Smartphone စွဲလမ်းမှုကြောင့်ပဲ အချိန်ပြည့်
ဖုန်းတွေပြော၊ Video တွေကြည့်၊ စာတွေပို့တာကနေ
မိမိ ဦးနှောက်ရဲ့ ခံနိုင်ရည်ကျော်သွားတဲ့အခါမှာ
ဘာကို အလိုမကျဖြစ်မှန်းမသိနဲ့ အလိုမကျဖြစ်တာ၊ ကယောင်ခြောက်ခြားဖြစ်တာ၊
မေ့လွယ်တာ၊ စိတ်ဖိစီးလာတာ စတဲ့ ပြဿနာမျိုးတွေ ကြုံလာရနိုင်ပါတယ်။
ဒီ့အပြင် Smartphone မရှိရင် မနေနိုင်တာလိုမျိုး
Phobia တွေလည်း ဖြစ်လာနိုင်ပါတယ်ရှင့်။

(၅) Smartphone တွေကို သယ်ယူတဲ့ အခါမှာ
အင်္ကျီအိတ်၊ ဘောင်းဘီအိတ်တွေထဲ
ထည့်ပြီး သယ်ဆောင်တာဟာလည်း
ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသေးတယ်။
Smartphone တွေက ထုတ်လွှတ်တဲ့
(RF-EMFs) လှိုင်းတွေဟာ ခန္ဓာကိုယ်ကို
ဘယ်လောက်ထိ ထိခိုက်စေနိုင်လဲနဲ့ပတ်သတ်ပြီး
လက်ရှိအချိန်ထိ လေ့လာနေကြဆဲ ဖြစ်ပေမယ့်
ကင်ဆာရောဂါကို ဖြစ်ပွားစေမှုနဲ့
ဆက်နွယ်နေမယ်လို့ လေ့လာနေသူတွေက ဆိုထားကြပါတယ်ရှင့်။

(၆) ဒီ့အပြင် အမျိုးသားများ အနေနဲ့
ဖုန်းတွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး
ယူဆောင်ခြင်းဟာ မျိုးဆက်မပွားနိုင်တဲ့
အခြေအနေမျိုးအတွက်လည်း စိုးရိမ်ရပါတယ်။
Smartphone တွေက ထုတ်လွှတ်တဲ့ အပူတွေကြောင့်
အမျိုးသား လိင်အင်္ဂါကနေ သုတ်ထွက်နိုင်စွမ်းနဲ့
မျိုးဆက်ပွားနိုင်စွမ်းကို လျော့ကြစေနိုင်မှု
အန္တရာယ်ရှိတယ်လို့ ဆိုထားကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးလည်း ဘယ်လောက်ထိ ထိခိုက်နိုင်လဲ
လက်ရှိမှာ လေ့လာနေဆဲမို့ အသေးစိတ်တော့ မသိရနိုင်သေးပါဘူးရှင့်။

ဆိုတော့ Smartphone စွဲလမ်းမှုတွေ၊
Smartphone ကြောင့် ကျန်းမာရေး တစ်ခုခု ထိခိုက်မှုတွေ ရှိနေပြီလို့
မိမိကိုယ်ကိုယ် သံသယရှိလာပြီဆိုရင်တော့
အခုပဲ ရွှေသီတာကို ဆက်သွယ်လိုက်ပါ။
ဝါရင့်ဆရာဝန်ကြီးများ၊ အထူးကုပါရဂူကြီးများက
လူကြီးမင်းရဲ့ ကျန်းမာရေးပြဿနာများကို
ဆွေးနွေး ကုသသွားဖို့ အသင့်ရှိနေပါတယ်ရှင့်။

အသေးစိတ် သိလိုတာတွေ ရှိလာရင်တော့
09880002101 ( Hot line )
09762050111 ( Office )
ဖုန်းနံပါတ်တွေကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ ကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ

အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)


#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း #အွန်လိုင်းဆေးခန်း

မြန်မာ သက္ကရာဇ် ၁၃၈၆ နှစ်မြန်မာ နှစ်သစ်ကူး အချိန်အခါ သမယ မှာကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာရှိသော နှစ်သစ်ဖ...
17/04/2024

မြန်မာ သက္ကရာဇ် ၁၃၈၆ နှစ်
မြန်မာ နှစ်သစ်ကူး အချိန်အခါ သမယ မှာ
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း
နှစ်သစ်ဆုတောင်း မေတ္တာပို့သအပ်ပါသည်…
🙏🏻🙏🏻🙏🏻

ပျော်ရွှင်စရာ မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးအချိန်အခါ သမယလေးဖြစ်ပါစေ နှစ်ဟောင်းမှအညစ်အကြေးဟူသမျှ နှစ်သစ်မှာ ဆေးကြော...
13/04/2024

ပျော်ရွှင်စရာ မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးအချိန်အခါ သမယလေးဖြစ်ပါစေ

နှစ်ဟောင်းမှအညစ်အကြေးဟူသမျှ နှစ်သစ်မှာ ဆေးကြောသန့်စင်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အထင်ကရ နှစ်သစ်မင်္ဂလာ အတာသင်္ကြန်အချိန်သမယလေးမှာ
ကမ္ဘာအရပ်ရပ်မှ မြန်မာများအားလုံး၊ နိုင်ငံအတွင်းမှ ပြည်သူပြည်သားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး အခက်အခဲဟူသမျှ၊ အပူအပင်မှန်သမျှ နှစ်ဟောင်းမှာပဲ ထားခဲ့နိုင်ပါစေ။

နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ အလုပ်အကိုင်မှန်သမျှ အဆင်ပြေချောမွေ့ပြီး၊ ချစ်ရသူ၊ မိတ်ဆွေများ၊ မိသားစုဝင်များနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ချစ်ခြင်းများနဲ့အတူ ကျော်ဖြတ်နိုင်ပါစေလို့ ကျနော်များ #ရွှေသီတာ မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

🙏🙏🙏 ပျော်ရွှင်ချမ်းမြေ့တဲ့ အတာသင်္ကြန်ကာလလေး ဖြစ်ပါစေ 🙏🙏🙏

လူကြီးမင်းတို့ ကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ

အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည့်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

မင်္ဂလာပါ။ ပျော်ရွှင်စရာ သင်္ကြန်နှစ်သစ်ကူးအချိန်အခါ သမယလေးဖြစ်ပါစေခင်ဗျ။အစဥ်အဆက် ပိတ်ရက်မရှိပဲ ကျန်းမာရေးဝန်ဆောင်မှု အပ...
10/04/2024

မင်္ဂလာပါ။ ပျော်ရွှင်စရာ သင်္ကြန်နှစ်သစ်ကူးအချိန်အခါ သမယလေးဖြစ်ပါစေခင်ဗျ။

အစဥ်အဆက် ပိတ်ရက်မရှိပဲ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနေခဲ့တဲ့ ကျနော်တို့ ရွှေသီတာ Specialist Clinic မှ ယခု မြန်မာ့ရိုးရာအတာသင်္ကြန်နှစ်သစ်ကူး အခါသမယ အားလပ်ရက်အတွင်းမှာ ဆေးခန်းကို ဧပြီ(၁၃) ရက်နေ့မှ ဧပြီ (၁၇) ရက်နေ့အထိ ခဏတာ ပိတ်ထားပါကြောင်း လေးစားစွာအသိပေးပါရစေ။

ဧပြီ (၁၈) ရက်နေ့မှစပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများအားလုံး ရရှိနိုင်မှာဖြစ်ကြောင်း အသိပေးပါရစေခင်ဗျာ။

သာယာပျော်ရွှင်ချမ်းမြေ့သော ရိုးရာသင်္ကြန်နှစ်ကူးအခါသမယလေး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ
#အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည့်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)
Ph no.09 880 002101
thita_specialist
#ကြည့်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

 #ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ် ရွှေသီတာမှာ ဆေးစစ်မယ်။ကျွန်မတို့ နေ့စဉ်ဘဝ ဖြတ်သန်းရချိန်မှာကျန်းမာရေးဟာ အရမ်းအရေးကြီးပါတ...
04/04/2024

#ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမယ် ရွှေသီတာမှာ ဆေးစစ်မယ်။

ကျွန်မတို့ နေ့စဉ်ဘဝ ဖြတ်သန်းရချိန်မှာ
ကျန်းမာရေးဟာ အရမ်းအရေးကြီးပါတယ်။

အလုပ်လုပ်နေတုန်း အအေးမိလို့ ခေါင်းကိုက်တာလေးကစလို့
စိတ်မကြည်တော့တာ၊ အလုပ်ကို အာရုံမစိုက်နိုင်တော့တာ
စသည်ဖြင့် ကျွန်မတို့ အပေါ် သက်ရောက်မှုများစွာ ရှိနေပါတယ်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးရယ်လို့
ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။

ကျွန်မတို့ အပေါ်ယံခန္ဓာကိုယ်မှာ သာမန်
နေထိုင်မကောင်း ဖြစ်တာတွေမရှိမေယ့်
ခန္ဓာကိုယ်တွင်းထဲက ရောဂါတွေနဲ့
အခြား မသိနိုင်တဲ့ အခြေအနေတွေကိုလည်း
စမ်းသပ်စစ်ဆေးဖို့ လိုပါသေးတယ်နော်။

ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝ၊
ပိုကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်ချစ်ရသူတွေနဲ့
သက်ရှည်ရှည် နေထိုင်သွားနိုင်ဖို့
အခုပဲ "ရွှေသီတာ"ကို
ဆက်သွယ်ပြီး Medical Check-up နဲ့
ရောဂါ စစ်ဆေးမှုများ
ခံယူထားလိုက်တော့နော်​

ရွှေသီတာဆေးခန်း မှာဆိုရင်
လူတစ်ဦးချင်းစီအတွက် လိုအပ်ချက်အပေါ်လိုက်ပြီး
သီးသန့် စမ်းသပ်စစ်ဆေးမှုများကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ရောဂါတွေ့ရှိခဲ့ပါကလည်း အထူးကုပါရဂူ ဆရာဝန်ကြီးများကိုယ်တိုင်
ကြည့်ရှုကုသပေးသွားဦးမှာပါ။

စောစော သိ စောစော ကုသထားနိုင်မှ
ရောဂါကို အမြစ်ဖြတ် တွန်းလှန်နိုင်ဖို့
ပိုပြီးလွယ်ကူမှာဖြစ်ပြီး
နောက်ကျသွားခဲ့ရင်
အပ်နဲ့ ထွင်းရမယ့် အနာကို
ပုဆိန်နဲ့ ပေါက်နေရမယ် နော်။

ဒါကြောင့် မိိမိဆောင်ရွက်လိုတဲ့ စမ်းသပ်စစ်ဆေးမှုများနဲ့
မိမိ ခံယူလိုတဲ့ ကုသမှုများအတွက်
ရွှေသီတာ ကို အခုပဲ ဆက်သွယ်လိုက်နော်။

လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ ရွှေသီတာ

#အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)

Ph no.09 880 002101

thita_specialist
#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

ကြည်မြင်တိုင် ၊ သီတာလမ်းထဲရှိ“ ရွှေသီတာ ဆေးခန်း” မှာ လူမှုအကျိုးပြုလုပ်ငန်းအတွက် ဆိုက်ကား ဆရာ ဦးလေးကြီးများအား အမိုးထီး ...
30/03/2024

ကြည်မြင်တိုင် ၊ သီတာလမ်းထဲရှိ
“ ရွှေသီတာ ဆေးခန်း” မှာ လူမှုအကျိုးပြုလုပ်ငန်းအတွက် ဆိုက်ကား ဆရာ ဦးလေးကြီးများအား အမိုးထီး များ လက်ဆောင်ပေးအပ်ခဲ့ပါတယ်

လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ “ ရွှေသီတာ ”

𝙎𝙝𝙬𝙚 𝙏𝙝𝙞𝙩𝙖 𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩 𝘾𝙡𝙞𝙣𝙞𝙘 & 𝘿𝙞𝙖𝙜𝙣𝙤𝙨𝙩𝙞𝙘 𝘾𝙚𝙣𝙩𝙚𝙧

𝐇𝐨𝐭𝐥𝐢𝐧𝐞 𝟎𝟗𝟖𝟖𝟎𝟎𝟎𝟐𝟏𝟎𝟏

အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)

မြေပုံလမ်းညွန် - https://maps.app.goo.gl/QctLy2FAeKYVqagK9?g_st=ic

#𝐒𝐡𝐰𝐞 𝐓𝐡𝐢𝐭𝐚 #ရွှေသီတာ
#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

တပေါင်းလပြည့်နေ့24.3.2024မြန်မာသက္ကရာဇ်-၁၃၈၅ခု (တပေါင်းလပြည့်နေ့)အခါသမယလေးမှာ မြန်မာပြည်သူ/သားများနှင့်တကွ သတ္တဝါ အားလုံ...
24/03/2024

တပေါင်းလပြည့်နေ့
24.3.2024
မြန်မာသက္ကရာဇ်-၁၃၈၅ခု (တပေါင်းလပြည့်နေ့)
အခါသမယလေးမှာ မြန်မာပြည်သူ/သားများနှင့်တကွ သတ္တဝါ အားလုံးချမ်းသာကိုယ်စိတ်မြဲကြပါစေ။ သောက ကင်းဝေး အေးချမ်းမူ နဲ့ပြည့်ဝတဲ့ အချိန်ကာလလေးဖြစ်ကြပါစေ။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စည်းစိမ်ဥစ္စာများ ပိုမိုတိုးပွားပါစေကြောင်း 𝙎𝙝𝙬𝙚 𝙏𝙝𝙞𝙩𝙖 မိသားစုနှင့် အဖွဲ့သားများမှ နွေးထွေးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပက်သက်သမျှ အကောင်းဆုံးလက်တွဲရာ “ ရွှေသီတာ ”

𝙎𝙝𝙬𝙚 𝙏𝙝𝙞𝙩𝙖 𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩 𝘾𝙡𝙞𝙣𝙞𝙘 & 𝘿𝙞𝙖𝙜𝙣𝙤𝙨𝙩𝙞𝙘 𝘾𝙚𝙣𝙩𝙚𝙧

𝐇𝐨𝐭𝐥𝐢𝐧𝐞 𝟎𝟗𝟖𝟖𝟎𝟎𝟎𝟐𝟏𝟎𝟏

အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ)
#ရွှေသီတာ
#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း
#တပေါင်းလပြည့်နေ့
#အဖေများနေ့

21/03/2024

🤒 တုပ်ကွေးအတွက် ကြောက်စရာမလို…
မိုးရာသီတုပ်ကွေးကာကွယ်ဆေး (၄)မျိုးစပ်ဆေး (၃၈၀၀၀) ကျပ်ဖြင့် ကာကွယ်ထားပါ 💪

☔️ ဖြစ်ချင်သလို ဖြစ်နေတဲ့ ရာသီ အကူးအပြောင်းကာလကြီးမှာ 🤒 ကိုက်ခဲဖျားနာတိုင်း တုပ်ကွေးများလားလို့ သံသယဝင်နေရတာလည်း အလုပ်တလုပ်ပါနော်..

☔️ တုပ်ကွေးရဲ့သဘောတရားအရ အိမ်မှာ ကိုယ်ဖြစ်နေပြီဆို အိမ်သားတွေဆီပါ ကူးကုန်မှာကြောက်ရ၊ အလုပ်မှာ ကူးကုန်မှာ စိုးရိမ်ရနဲ့ လူရော၊စိတ်ရော ပင်ပန်းနေရတာမို့ ဒီလို စိတ်ညစ်စရာ တုပ်ကွေးရောဂါကြီးကို ကြိုတင်ကာကွယ်ထားရင် အကောင်းဆုံးဖြစ်ပါတယ် 🥰

☔️ မိမိအတွက်ရော၊ အိမ်သားတွေအတွက်ရော၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ တုပ်ကွေးအန္တရာယ်ကနေ အကောင်းဆုံးကာကွယ်ထားနိုင်ဖို့ …
“ ရွှေသီတာ ” ဆေးခန်းမှာ မိုးရာသီတုပ်ကွေးကာကွယ်ဆေး (၄)မျိုးစပ်အတွက် ကြိုတင်ကာကွယ်ဖို့ ထိုးနှံနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ 🥰

☔️ ကာကွယ်ဆေးထိုးပြီးရင်လည်း ဆေးထိုးပြီးကြောင်း Certificate ထုတ်ပေးမှာမို့ စိတ်ချလက်ချနဲ့ ခရီးတွေထွက်လို့လည်း ရပါတယ် 💯

☔️ စျေးနှုန်းလေးကလည်း တစ်ယောက်ကိုမှ (၃၈၀၀၀) ကျပ် တည်းမို့ ရောဂါဖြစ်လာမှ ဆေးခန်းသွားရ၊ ဆေးဖိုးဝယ်ရ ကုန်ကျစရိတ်တွေထက် ပိုသက်သာပါတယ် ☺️

☔️ တုပ်ကွေးရာသီမှာ ရောဂါကာကွယ်ဖို့ ကြိုတင်ကာကွယ်ဆေးထိုးနှံထားခြင်းဟာ မမှားသလို၊ ရောဂါကာကွယ်ဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့ သင့်တော်လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေ လိုက်ဖက်စွာ စားသုံးဖို့လည်း လိုအပ်ပါတယ်။
🔸 ကိုယ်ခံအားကောင်းစေပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကိုလည်း ပြည့်ဝစေနိုင်တဲ့ “စွပ်ပြုတ်သောက်ခြင်း”
🔸 ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အကူပြုပြီး လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့ ပရိုတင်းကြွယ်ဝသော “ဒိန်ချဥ်‌သောက်ခြင်း”
🔸 တုပ်ကွေးဗိုင်းရပ်စ်ကိုတိုက်ထုတ်ဖို့ အားဖြည့်ပေးပြီး ရောဂါပျောက်ဖို့ကူညီပေးတဲ့ ဗီတာမင်စီ
🔸 တုပ်ကွေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ Allicin ဓာတ်ကြွယ်ဝသော “ကြက်သွန်ဖြူစားသုံးပေးခြင်း”
🔸 ဗီတာမင်စီနဲ့ ဗီတာမင်အီး ပေါပေါများများပါဝင်တဲ့ အစိမ်းရင့်ရောင် အစိမ်းရင့်ရောင်အရွက်များဖြစ်တဲ့ “ဟင်းနုနွယ် နှင့် ကိုက်လန်” ကဲ့သို့သော အရွက်များ စားသုံးပေးခြင်း
စတဲ့အချက်လေးတွေကို တတ်နိုင်သမျှ ကိုယ်တိုင်ရော ကိုယ်နဲ့ နီးစပ်သူတွေကိုပါ ကျင့်သုံးခြင်းဖြင့် မိုးရာသီမှာ အဖြစ်များတဲ့ တုတ်ကွေးရောဂါကို အကောင်းဆုံးနဲ့ စိတ်အချရဆုံး ကာကွယ်ထားနိုင်ပါတယ်။
ကာကွယ်ဆေးလည်း ထိုးထားမယ်၊ အားဖြည့်တဲ့အစားအစာတွေလည်း စားသုံးနေမယ်ဆိုရင်တော့ စိတ်ချလက်ချ နေလို့ရပါပြီနော်။

☔️ မိတ်ဆွေများအနေနဲ့ မိုးရာသီတုပ်ကွေးကာကွယ်ဆေး (၄)မျိုးစပ်အတွက် ကြိုတင်ကာကွယ်ဖို့ ထိုးနှံထားချင်တယ်ဆိုရင်တော့ 𝙎𝙝𝙬𝙚 𝙏𝙝𝙞𝙩𝙖 𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩 𝘾𝙡𝙞𝙣𝙞𝙘 & 𝘿𝙞𝙖𝙜𝙣𝙤𝙨𝙩𝙞𝙘 𝘾𝙚𝙣𝙩𝙚𝙧 မှာ စျေးနှုန်းသက်သာစွာ ပိတ်ရက်မရှိ လာရောက်ထိုးနှံနိုင်ပါပြီ ✅

☔️ လူကြီးမင်းတို့မိသားစုကျန်းမာရေးနဲ့ပတ်သက်သမျှ အကောင်းဆုံးလက်တွဲရာ “ ရွှေသီတာ ”
𝙎𝙝𝙬𝙚 𝙏𝙝𝙞𝙩𝙖 𝙎𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙩 𝘾𝙡𝙞𝙣𝙞𝙘 & 𝘿𝙞𝙖𝙜𝙣𝙤𝙨𝙩𝙞𝙘 𝘾𝙚𝙣𝙩𝙚𝙧
အိမ်အမှတ် ၂၈ ၊ သီတာလမ်း ၊ ကြည်မြင်တိုင်
(အနောက်ပိုင်းဆေးရုံဘေးလမ်း )
မနက် ၈ နာရီ မှ ည ၇ နာရီ ထိ
( နေ့စဉ် / ပိတ်ရက်မရှိ )
ဆက်သွယ်ရန် ☎️
09880002101 ( Hot Line )
09762050111 ( Viber )
095123417 (Customer Call )

map - https://maps.app.goo.gl/QctLy2FAeKYVqagK9?g_st=ic

#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း
#ရွှေသီတာ
#ကြည်မြင်တိုင်

#ဆေးခန်း
#ဓါတ်ခွဲခန်း

Address

Thida Street
Yangon
11101

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959880002101

Alerts

Be the first to know and let us send you an email when Shwe Thita Specialist Clinic & Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Thita Specialist Clinic & Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category