Sharing By Dr. AQUAs

Sharing By Dr. AQUAs 💙 ငါးမွေးလုပ်ငန်းရှင်များအတွက်
မွေးမြူရေးဗဟုသုတများမျှဝေရာ 💙

 #ဆိုင်ဖွင့်ပါတယ်ကျွန်မ ဒီနေ့ 25.1.2025 တစ်ရက်ခွင့်ယူ ပါမယ်ရှင် ဆိုင်နှစ်ဆိုင်လုံးကတော့ပုံမှန်အတိုင်းဖွင့်ပါတယ် ဆွေးနွေး...
25/10/2025

#ဆိုင်ဖွင့်ပါတယ်
ကျွန်မ ဒီနေ့ 25.1.2025 တစ်ရက်ခွင့်ယူ ပါမယ်ရှင် ဆိုင်နှစ်ဆိုင်လုံးကတော့ပုံမှန်အတိုင်းဖွင့်ပါတယ် ဆွေးနွေးတိုင်ပင်စရာရှိတာတွေ မေးမြန်းထားတာလေးတွေကိုတော့ မနက်ဖြန်မှပဲ အားလုံး reply လုပ်ပေးသွားပါမယ် ကျွန်မphကိုဆက်လို့မရရင်
မအူပင်ဆိုင် ☎️ 09794312100
တွံတေးဆိုင် ☎️ 09988327058 ကိုဆက်သွယ်ပြီး ပုံမှန်အတိုင်း ဝယ်ယူလို့ရပါတယ်

#မဟာငါးကန်သုံးဆေးဝါး

ငါးသေဆုံးတဲ့ ပြဿနာတွေကိုအသေးစိပ်ဆွေးနွေးပေးစေလိုတဲ့အခါ ဒီအချက်အလက်လေးတွေပါ တစ်ပါထဲပို့ပေးပါ🐟 ငါးကန်ဧက🐟 ထည့်သွင်းထားသောငါ...
20/10/2025

ငါးသေဆုံးတဲ့ ပြဿနာတွေကိုအသေးစိပ်ဆွေးနွေးပေးစေလိုတဲ့အခါ ဒီအချက်အလက်လေးတွေပါ တစ်ပါထဲပို့ပေးပါ
🐟 ငါးကန်ဧက
🐟 ထည့်သွင်းထားသောငါးမျိုးစိပ်တစ်ခုစီနှင့် ငါးကောင်ရေ (ဥပမာ- ငါးမြစ်ချင်း 10000,ငါးကြင်း-3000, ခေါင်းပွ - 500 ,အခြားငါးမျိုးစိပ်များရှိပါကလဲ ထည့်ပြောပေးပါ)
🐟 လက်ရှိတစ်နေ့ ငါးသေအကောင်ရေ
🐟 ငါးစ‌စ သေတဲ့ရက်က အကောင်ရေ
🐟 ငါးအနာပုံ(အနီးကပ်) / ငါးအသေ ဓာတ်ပုံ (အနာပါတာနဲ့ အနာမပါတဲ့ တဲ့ကောင်တွေကို နှစ်ပုံခွဲပြီး စုရိုက်ပေးပါ)
🐟 ကန်ရေပြင် ရေရောင်ဓာတ်ပုံအနီးကပ် ( အပြင်မျက်မြင်အရောင်နှင့်တူနိုင်သမျှတူအောင်ချိန်ရိုက်ပေးပါ)
🐟 ရေအရည်အသွးတိုင်းထားမိရင်လဲ တိုင်းထားတဲ့ Data တွေထည့်ပို့ပေးပါရှင်
Viber ph no - 09796818113 နဲ့ Sharing By Dr.Aqua page messenger ကနေ ပေးပို့မေးမြန်းနိုင်ပါတယ်
☎️09268763909☎️09796818113

#မဟာငါးကန်သုံးဆေးဝါး
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #မှော်ဘီ

19/10/2025

#ဘယ်သူမှလုပ်စားလို့မရတော့တဲ့အခြေအနေတွေအထိဖြစ်လာနိုင်တဲ့ပိုးသတ်ဆေးညွှန်းပုံညွှန်းနည်းသုံးပုံသုံးနည်း

Technician တစ်ယောက်အနေနဲ့ ပြောမှဖြစ်မယ့် အရာတွေကိုပြောရတဲ့အခါ ကျွန်မကိုနားလည်ပေးကြဖို့တော့လို့ပါမယ် နားလည်ပေးပါလို့လဲတောင်းဆိုပါရစေ
ကျွန်မတို့‌တွေဟာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဖို့လိုအပ်တာမို့လို တစ်ယောက်ကိုတစ်ယောက်နဲနဲလေးကြည့်ပေးကြရင် ကျွန်မတို့အားလုံးရေရှည်အတူတူ တိုးတက်သွားကြမှာသေချာပါတယ် မွေးမြူရေးလုပ်ငန်းရှင်တွေအဆင်မပြေတဲ့အခါတိုင်း အဲ့ရိုက်ခတ်မှုဟာ ကျွန်မတို့အားလုံးဆီကို တစ်နည်းနည်းနဲ့ပြန်လာနိုင်တယ်ဆိုတာ မေ့ချင်ယောင်ဆောင်ထားလို့မရပါဘူး

#မဟာငါးကန်သုံးဆေးဝါး
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #မှော်ဘီ

 #ဆောင်းတွင်းနဲ့ကပ်ပါးရောဂါကပ်ပါး ရောဂါတွေကလေ ငါးသေလောက်တဲ့အထိ မဖြစ်ပေမယ့် ကပ်ပါးတွယ်တဲ့ ငါးရဲ့အရေပြားကနေ ဘက်တီးရီးယား ရ...
18/10/2025

#ဆောင်းတွင်းနဲ့ကပ်ပါးရောဂါ
ကပ်ပါး ရောဂါတွေကလေ ငါးသေလောက်တဲ့အထိ မဖြစ်ပေမယ့် ကပ်ပါးတွယ်တဲ့ ငါးရဲ့အရေပြားကနေ ဘက်တီးရီးယား ရောဂါတွေပါ အလွယ်တကူ ဝင်လာနိုင်ပြီး ငါးကိုသေစေတဲ့အထိဖြစ်စေနိုင်တဲ့အပြင်
🔴အစာမစားတော့တာမျိုး၊ အစာစားပြီး ဝိတ်မတက်တာမျိုးက အဆိုးဆုံးနဲ့ ကျွန်မတို့ရဲ့မွေးမြူရေး လုပ်ငန်းရှင်တွေကို စိတ်ဒုက္ခအပေးဆုံးပါပဲ
ဆောင်းတွေမှာကပ်ပါးရောဂါတွေအဖြစ်များ တယ် ကပ်ပါးရောဂါကျတဲ့အတွက် အပေါ်မှာရှင်းပြထားသလိုပဲ နောက်ကနေ ဘက်တီးရီယား ရောဂါတွေပါပါလာတတ်လို့ မပေါ့လျော့ပဲ ကြိုတင်စစ်ဆေးပြီး ကြိုတင်ကာကွယ်ထားကြရပါမယ်
🔴ဖြစ်ခါစလေးသိရရင်ကို မဆိုးပါဘူး အစာမစားတော့တဲ့အချိန်မှ သိရရင်တော့ မကောင်းဘူးပေါ့နော်
အဲ့ဒါကြောင့် ဆောင်းလဲဝင်စပြုလာပြီဖြစ်လို့ ကိုယ့်ကန်ရဲ့ငါးကျန်းမာရေး ကို မဖြစ်မနေ စစ်ကိုစစ်ရပါမယ်
🔴မဖြစ်မနေကွန်ပစ်ရမယ်၊ ပါးဟပ်တွေ၊ ရေယက်တွေ နဲ့ ငါးရဲ့ ခန္တာကိုယ် အနှံ့ မူမမှန်တာရှိမရှိ စစ်ကိုစစ်ရပါမယ်
အကယ်၍ကိုယ်က ကွန်ပစ်ပြီး စစ်ကြည့်လို့ မူမမှန်တဲ့လက္ခဏာတွေ တွေ့တာဖြစ်ဖြစ်၊ စိတ်ထဲရောဂါလက္ခဏာလို့ သံသယရှိပေမယ့် သိပ်မသေချာလို့ ဟုတ်မဟုတ်သိချင်တာ ဖြစ်ဖြစ် ရှိရင် page messenger ကနေဖြစ်ဖြေစ် 09796818113 viberနံပတ်ကိုဖြစ်ဖြစ်ပုံလေးတွေပို့ထားပြီး လာပြ၊ လာတိုင်ပင်လို့ရပါတယ်

#မဟာငါးကန်သုံးဆေးဝါး
#ငါးကပ်ပါးရောဂါ
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #မှော်ဘီ

8လပိုင်း ကတည်းက တင်ထားပေးတယ်နော် ကိုယ့်ငါးတွေဝိတ်မတက်ဘူး အစာစားလျော့လာတယ်ဆိုတာနဲ့ ဘာမှစဉ်းစားမနေနဲ့ ကန်ချက်ချင်းဆင်း၊ ကွ...
18/10/2025

8လပိုင်း ကတည်းက တင်ထားပေးတယ်နော် ကိုယ့်ငါးတွေဝိတ်မတက်ဘူး အစာစားလျော့လာတယ်ဆိုတာနဲ့ ဘာမှစဉ်းစားမနေနဲ့ ကန်ချက်ချင်းဆင်း၊ ကွန်ချက်ချင်းပစ်ပြီး ပါးဟပ်သာဖြဲ ကြည့် ပါးဟပ်ဖြူ ရောဂါကျမနေရင် ကံထူးရှင်ပဲ အစာစားနှုန်း ကျကျမကျကျ ဆောင်းဝင်တော့မှာမို့ စစ်ကိုစစ်ကြည့်ရမယ်နော် ဆေးကိုနှစ်ဆသုံးရပြီး အချိန်ပေးပြီးကုသရလို့ ကြိုတင်ကာကွယ်တာအကောင်းဆုံးပဲ

ဒီလထဲငါးအစာမစာဘူး ငါးဝိတ်မတက်ဘူး ဆိုရင် ကွန်ပစ်ပြီး ပါးဟပ်ကိုစစ်ကြည့်ပါ ကျန်ခဲ့တဲ့ 10/15ရက်လောက်ကစစ်ပြီးသား ဆိုရင်လဲပြန်စစ်ပါ ပါးဟပ်ဖြူရောဂါ ကျနိုင်ခြေ 80%လောက်ကိုရှိနေပါတယ် ရောဂါ လက္ခဏာကို ပုံမှာပြထားပေးပါတယ်ရှင် လုံးဝအစာမစားတော့တဲ့အထိဆိုဆိုးရွားတာမို့လို့ ပုံမှန်ကောင်း‌နေတယ်လို့ထင်ရတဲ့ကန်တွေလဲ စစ်ဖြစ်အောင်စစ်ကြပါ
ကြိုတင်ကာကွယ်ဖို့ အချိန်မှီကုသဖို့လိုအပ်ပါတယ်

ခုလိုပါးဟပ် အနားလေးတွေဖြူလာရင် အသက်ရှုရခက်ခဲတာ၊ အစာစားနည်းလာတာ ကနေ အစာလုံးဝမစားတော့တာ ငါးဝိတ်မတက်တော့တာမျိုးတွေဖြစ်လာပြီး မသိဘဲကန်ဖော် မိရင် ပါးဟပ်အကျနဲ့ ဈေးနှိမ်ခံရတာမျိုးထိ ဖြစ်တတ်ပါတယ် အထူးဂရုစိုက်ပါ အကယ်၍စစ်ကြည့်လို့ ရောဂါကျ‌နေတာ ရှိရင်လဲ လာပြလို့ရပါတယ်နော်

page messenger ကနေဖြစ်ဖြစ် ☎️ 09268763909 ကိုဖြစ်ဖြစ်ဆက်သွယ်မေးမြန်းနိုင်ပါတယ် phဆက်ပေးရင်တော့စကားတိုက်ရိုက်ပြောလို့ရလို့ အချိန်ကုန်သက်သာပြီး သေချာလေးရှင်းပြပေးလို့ရတဲ့အတွက် ပိုအဆင်ပြေပါတယ်ရှင် ခုမျှဝေမှုလေးက အကျိုးတစ်စုံတစ်ရာ ရှိတယ်လို့ယူဆရင် နှုတ်ဖြင့်ဖြစ်စေ ဒီ post လေးကိုshareပြီးဖြစ်စေ ထပ်ဆင့်ပြန်လည်မျှဝေပေးကြပါဦး

#မအူပင် #တွံတေး #ပဲခူး #ထန်းတစ်ပင်
#ဧရာဝတီ
#ပါးဟပ်ဖြူရောဂါ

17/10/2025

⛈ အစွန်းရောက်ရာသီဥတု လာနီညာ ယနေ့မှ စ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်
=================

NOAA NWS Climate Prediction Center မှ အောက်တိုဘာလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ -

အစွန်းရောက်ရာသီဥတုအခြေအနေ လာနီညာ (La Niña)ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ကာ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ပုံမှန်ရာသီဥတုအခြေအနေ(Neutral)သို့ ပြန်လည်ကူးပြောင်းနိုင်ချေ ၅၅% ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

လာနီညာ အစွန်းရောက်ရာသီဥတုအခြေအနေဖြစ်လာသည့်အတွက် -

🔸မိုးရွာသွန်းနိုင်သည့် အခြေအနေ

ကမ်းရိုးတန်းနဲ့ ကမ်းရိုးတန်းအနီး ပြည်နယ်တိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ - နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အောက်တိုဘာလကုန်အထိ နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှာ နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းပြီး

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

🔸အပူချိန်အခြေအနေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ဧရာဝတီတိုင်းမှအပ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အနည်းငယ်အအေးပိုနိုင်ပြီး

မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၅°C မှ ၁°C အထိ လျော့နည်းနိုင်(အအေးပိုနိုင်ကြောင်း)

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် လျော့နည်းနိုင်ကာ အအေးပိုနိုင်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

🔸ပင်လယ်ပြင်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မိုးလွန်ကာလအတွင်း ဖြစ်ပေါ်တတ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း အကြိမ်ရေ ၁ ကြိမ်မှ ၂ ကြိမ်ခန့် ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ အရှေ့မြောက်မုတ်သုံလေတိုးဝင်မှုကြောင့် လှိုင်းလေပြင်းထန်နိုင်ပါတယ်။

လာနီညာဖြစ်ပေါ်သည့်ကာလအတွင်းအအေးပိုပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားတတ်သည့်အတွက် ဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေထိုင်ကြပါရန်လည်း တိုက်တွန်းလိုပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

#မိုးလေဝသ
#ရာသီဥတု
#လာနီညာ
#အစိမ်းရောင်လမ်း
#မိုးလေဝသ

Nitrogen Cycle ဆိုတာ ဘာလဲ? Nitrogen Cycle လည်ပတ်အောင် ဘာလေးတွေကအလုပ်လုပ်ပေးလဲ? ဆိုတာလေး လေ့လာကြည့်ရအောင်​Nitrogen Cycle ...
16/10/2025

Nitrogen Cycle ဆိုတာ ဘာလဲ? Nitrogen Cycle လည်ပတ်အောင် ဘာလေးတွေကအလုပ်လုပ်ပေးလဲ? ဆိုတာလေး လေ့လာကြည့်ရအောင်
​Nitrogen Cycle ဆိုတာက ရေကန်ထဲမှာရှိတဲ့ ငါး‌တွေရဲ့ အညစ်အကြေးတွေကို အဆိပ်အတောက်မဖြစ်တော့အောင် ဘက်တီးရီးယား (Bacteria) လေးတွေကနေတဆင့် ပြောင်းလဲပေးတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
​အဆင့် (၄) ဆင့် ရှိပါတယ်
​ဒီဖြစ်စဉ်မှာ အဓိကအားဖြင့် အဆိပ်အတောက်များတဲ့ ဒြပ်ပေါင်း (၂) မျိုး နဲ့ အဆိပ်အတောက်နည်းတဲ့ ဒြပ်ပေါင်း (၁) မျိုး ကို သိထားဖို့လိုပါတယ်။
​အမိုးနီးယား (Ammonia ) - အရမ်းအဆိပ်ပြင်းပါတယ်။
​နိုင်ထရိုက် (Nitrite ) - အဆိပ်အတောက်ရှိပါတယ်။
​နိုင်ထရိတ် (Nitrate ) - အဆိပ်အတောက်အတော်လေးနည်းပါတယ်။
🐟​အဆင့် (၁): အမိုးနီးယား ဖြစ်ပေါ်လာခြင်း
​ဖြစ်ပေါ်ပုံ: ငါးတွေက သူတို့ရဲ့ ပါးဟပ်ကနေတစ်ဆင့် အမိုးနီးယားကို စွန့်ထုတ်ပါတယ်။ မစားဘဲ ကျန်ခဲ့တဲ့ အစာတွေ၊ ငါးချေးတွေနဲ့ အပင်သေတွေ ဆွေးမြေ့တဲ့အခါမှာလည်း အမိုးနီးယား ဖြစ်လာပါတယ်။
🔴 အမိုးနီးယားဟာ ငါးတွေအတွက် အရမ်းအဆိပ်ပြင်းပြီး သူတို့ရဲ့ ပါးဟပ်နဲ့ အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ Ammonia များနေရင် ငါးတွေ သေစေနိုင်ပါတယ်။

🐟​အဆင့် (၂): အမိုးနီးယားကို နိုက်ထရိုက်အဖြစ် ပြောင်းလဲခြင်း
​လုပ်ဆောင်သူ: ပထမအုပ်စု ဘက်တီးရီးယား (ဥပမာ- Nitrosomonas) များက လုပ်ဆောင်ပါတယ်။
​ဖြစ်စဉ်: ဒီဘက်တီးရီးယားတွေဟာ အဆိပ်ပြင်းတဲ့ အမိုးနီးယားကို စားသုံးပြီး နိုင်ထရိုက် အဖြစ် ပြောင်းလဲပေးပါတယ်။
🔴 နိုက်ထရိုက်က အမိုးနီးယားလောက် အဆိပ်မပြင်းပေမယ့် ငါးတွေအတွက် အဆိပ်အတောက် ရှိနေပါသေးတယ်။ များနေရင် အောက်ဆီဂျင်ကို ခန္ဓာကိုယ်ထဲ သယ်ယူတာကို အနှောင့်အယှက်ဖြစ်စေပြီး ငါးကို ထိခိုက်စေပါတယ်။
🐟​အဆင့် (၃): နိုက်ထရိုက်ကို နိုက်ထရိတ် အဖြစ် ပြောင်းလဲခြင်း
​လုပ်ဆောင်သူ: ဒုတိယအုပ်စု ဘက်တီးရီးယား (ဥပမာ- Nitrobacter) များက လုပ်ဆောင်ပါတယ်။
​ဖြစ်စဉ်: ဒီဘက်တီးရီးယားတွေဟာ အဆင့် (၂) ကနေရလာတဲ့ နိုက်ထရိုက်ကို စားသုံးပြီး နိုက်ထရိတ် အဖြစ် ပြောင်းလဲပေးပါတယ်။

🔴နိုက်ထရိတ်ဟာ အမိုးနီးယားနဲ့ နိုက်ထရိုက် တို့ထက် အဆိပ်အတောက် အများကြီး နည်းသွားပါပြီ။ ပမာဏများပြားမှသာ ငါးကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။

🐟 ​အဆင့် (၄): နိုက်ထရိတ် ကို ဖယ်ရှားခြင်း
​ဖယ်ရှားနည်း (၁): ရေလဲခြင်း (Water Change)။ ရေကန်ထဲက ရေတစ်စိတ်တစ်ပိုင်းကို ပုံမှန် လဲပေးခြင်းဖြင့် နိုက်ထရိတ်ကို ဖယ်ရှားပေးရပါမယ်။ (ဒါဟာ အရေးအကြီးဆုံး ထိန်းသိမ်းနည်းပါ)။
​ဖယ်ရှားနည်း (၂): အပင်များ စိုက်ပျိုးခြင်း။ ရေထဲမှာ အပင်တွေ စိုက်ထားရင် ဒါမှမဟုတ် Phytoplankton မျိုးတွေပေါပေါများများရှိရင် အပင်တွေက နိုင်ထရိတ်ကို သူတို့ရဲ့ အစာအဖြစ် စုပ်ယူသုံးစွဲပေးပါတယ်။
☎️09268763909


#ကန်ရေစိမ်းခြင်း
#တွံတေး #မအူပင် #ပဲခူး #မန္တလေး #မှော်ဘီ

15/10/2025

#ပါဝင်တဲ့ပိုးလေးတွေမလှုပ်တော့တဲ့EMဟာရေနဲ့မခြားပါဘူး
EM ကိုဖောက်ပဲရောင်းရောင်း၊ ကိုယ်တိုင်ပဲဖောက်သုံးသုံး ဒါလေးတွေသတိထားပေးပါ
အရေးကြီးတဲ့အချက်(၂)ချက်
၁. EMမှာပါတဲ့ပိုးကောင်အရေအတွက် (များရင်များသလိုအစွမ်းထက်ပါတယ်)
၂. အရေအတွက်ထက် ပိုအရေးကြီးတာက အသက်ရှင်နေသေးတဲ့ပိုးကောင်လေးတွေဖြစ်နေဖို့ ( Microscopeမရှိလဲ gas ထွက်ပုံနဲ့ အနံ့ ကြောင့်အလွယ်တကူခွဲခြား သိနိုင်ပါတယ်)
ကိုယ့်EM မှာ ပါဝင်တဲ့ပိုးကောင်ရေ အရမ်းမများရင်တောင် ပါဝင်တဲ့ပိုးလေးတွေ အသက်ရှင်နေသေးလား စစ်ဆေးပြီးမှ သုံးဖို့လိုပါတယ်
ထပ်ပြောပါမယ်နော်
ပါဝင်တဲ့ပိုးလေးတွေမလှုပ်တော့တဲ့EMဟာ ရေနဲ့မခြားပါဘူး
☎️09268763909

#ဂျပန်EM
#တွံတေး #မအူပင် #မန္တလေး #ပဲခူး
#ငါး

10/10/2025

ကိုယ့်ကန်မှာ🐟thay တဲ့ပြဿနာ ကြုံနေရရင်ဖြစ်ဖြစ် ကြိုတင်ကာကွယ်ဖို့ရေအရည်အသွေး စစ်ဆေးပြီးပြုပြင်ချင်တာပဲဖြစ်ဖြစ် 📞Hello လိုက်ပါရှင့်
☎️09796818113 ☎️09268763909

10/10/2025

$ဈေးကျလို့ ငါးဈေးကျတယ်ပြောသံကြားတယ်
ကန်ဖော်နေတဲ့သူတွေရှိကြလား? ဘယ်ဈေးတွေ ရကြလဲ?
Edit - အသေးsizeတွေကတော့ဈေးငြိမ်နေပါတယ်တဲ့ update သိချင်ရင် Comment ထဲဝင်ကြည့်နော် ပြောပေးထားကြတဲ့သူ‌တွေရှိ တယ်

#ငါးဈေး

 #တည်ငြိမ်ပြီးကောင်းမွန်တဲ့pHဟာစံချိန်ပြည့်မှီတဲ့Alkalinityရှိမှရနိုင်တာပါငါးမွေးမြူရေးလုပ်ငန်းမှာ အောင်မြင်မှုရဲ့ အဓိကသ...
09/10/2025

#တည်ငြိမ်ပြီးကောင်းမွန်တဲ့pHဟာစံချိန်ပြည့်မှီတဲ့Alkalinityရှိမှရနိုင်တာပါ
ငါးမွေးမြူရေးလုပ်ငန်းမှာ အောင်မြင်မှုရဲ့ အဓိကသော့ချက်ကတော့ ရေအရည်အသွေး ကောင်းမွန်တည်ငြိမ်ဖို့ပဲ ဖြစ်ပါတယ်။ ငါးကန်ရဲ့ ရေအရည်အသွေးတိုင်းတာမှုစံနှုန်း များစွာရှိတဲ့အထဲက Alkalinity (အဖန်နှုန်း သို့မဟုတ် ထုံးဓာတ် ) ဟာလျစ်လျူရှုလို့ မရတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ Alkalinity ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် ရေထဲက အက်ဆစ်ဓာတ်ကို တိုက်ထုတ်ပေးပြီး pH ကို တည်ငြိမ်အောင် ထိန်းညှိပေးနိုင်တဲ့ "ရေရဲ့ ခုခံအား" စနစ်လို ဖြစ်တည်မှုမျိုး ဖြစ်ပါတယ်
🐟 Alkalinity ရဲ့ အဓိက အရေးပါဆုံး အခန်းကဏ္ဍဖြစ်တဲ့ pH တည်ငြိမ်အောင် ထိန်းညှိပေးနိုင်ခြင်း (Buffering Capacity) ဆိုတာကတော့
ငါးကန်ထဲက Phytoplankton (အပင်မျှောများ) ဟာ နေ့ခင်းဘက် နေရောင်ခြည်နဲ့ အစာချက်လုပ်တဲ့အခါ ရေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် (CO_2) ကို စုပ်ယူတဲ့အတွက် CO_2 နည်းသွားတဲ့အခါ pH ဟာလည်း မြင့်တက်လာပါတယ်။ ညဘက်မှာတော့ ငါးနဲ့ အခြားသက်ရှိတွေက အောက်ဆီဂျင်ကို သုံးပြီး CO_2 ပြန်ထုတ်လွှတ်တဲ့အတွက် pH က ပြန်ကျပါတယ်။ Alkalinity လုံလောက်စွာရှိနေရင် ခုလိုpH အတက်အကျ အပြောင်းအလဲတွေကို ထိန်းထားပေးနိုင်ပြီး ငါးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ pH 8.5/ 9 အထက်ကို မရောက်အောင် တားဆီးပေးနိုင်လို့ Alkalinity ဟာအရမ်းကိုအရေးပါပါတယ်
🐟 ငါးများရဲ့ စိတ်ဖိစီးမှု(stress )ကိုလျှော့ချခြင်း
Alkalinity နည်းတဲ့ကန်တွေမှာ pH ပမာဏ ရုတ်တရက် အပြောင်းအလဲဖြစ်ခြင်းဟာ ငါးတွေကို အကြီးအကျယ် စိတ်ဖိစီးမှု (Stress) ဖြစ်စေတဲ့အတွက် အစာစားချင်စိတ် နည်းသွားတာ၊ ကြီးထွားမှု နှေးကွေးတာနဲ့ ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားတာတွေ ဖြစ်တတ်ပါတယ်။
🐟 အမိုးနီးယားအဆိပ်အတောက် လျှော့ချရာတွင် အထောက်အကူပြုခြင်း
ငါးအညစ်အကြေးတွေနဲ့ အစာအကြွင်းအကျန်တွေကနေ ထွက်လာတဲ့ အမိုးနီးယား (Ammonia) ဟာ ငါးများအတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။
အမိုးနီးယားဓာတ်ဟာ pH မြင့်မားတဲ့ အခြေအနေမှာ ပိုမိုပြင်းထန်တဲ့ အဆိပ် ပုံစံကို ပြောင်းလဲသွားတတ်ပေမယ့် စံချိန်ပြည့်မှီတဲ့ Alkalinity ရှိတဲ့ ငါးကန်တွေမှာတော့ pH ကို သတ်မှတ်ပမာဏအတွင်းမှာ တည်ငြိမ်အောင် ထိန်းထားပေးနိုင်တဲ့အတွက် အမိုးနီးယားရဲ့ အဆိပ်အတောက် ဖြစ်နိုင်ခြေကို လျှော့ချရာမှာ သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီပေးပါတယ်။
🐟ဇီဝဖြစ်စဉ်များကို ထောက်ပံ့ပေးခြင်း
Alkalinity ဟာ ငါးကန်ထဲက သဘာဝ ဇီဝဖြစ်စဉ် (Biological Processes) တွေအတွက်လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ငါးကန်တွေမှာ ရေစိမ်းလာတဲ့ဖြစ်စဉ်တွေဖြစ်လာဖို့အတွက် လိုအပ်တဲ့ဓာတ်တွေထဲမှာ
Alkalinity ကို ဖြစ်ပေါ်စေတဲ့ Bicarbonate ဒြပ်ပေါင်းတွေဟာ Phytoplankton တွေအစာချက်ရာမှာလိုအပ်တဲ့ ကာဗွန်ဓာတ်အရင်းအမြစ် ဖြစ်လို့ ရေစိမ်းတဲ့ဖြစ်စဉ်တွေမှာ Alkalinity ဟာအရေးပါနေပြန်ပါတယ်
🐟Nitrogen Cycle အတွက် လိုအပ်ခြင်း
ကျွန်မအမြဲပြောပြောနေတဲ့ Nitrogen Cycle လည်ပတ်ရာမှာ အပုပ်အစပ်နဲ့အစာအကျွင်းအကျန်တွေကထွက်တဲ့ ငါးတွေကို အဆိပ်ဖြစ်စေတဲ့ အမိုးနီးယားကို အဆိပ်အတောက် နည်းပါးတဲ့ Nitrate အဖြစ် ပြောင်းလဲပေးတဲ့ Bacteria တွေရဲ့ လုပ်ငန်းစဉ် (Nitrification) မှာ အချဉ်ပေါက်ခြင်းကြောင့် အက်ဆစ်ဓာတ် ထွက်ပေါ်ပါတယ်။ အဲ့လိုအခြေအနေတွေမှာ Alkalinity ဟာ ဒီအက်ဆစ်ဓာတ်ကို ချက်ချင်းပျက်ပြယ်စေပြီး ဘက်တီးရီးယားတွေ ဆက်လက်အလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးနိုင်လို့ Alkalinity နည်းနေရင် Nitrification ဖြစ်စဉ်ဟာ ရပ်တန့်သွားပြီး အမိုးနီးယားဓာတ်တွေ ပါတယ်

🔴လိုရင်းတိုရှင်းပြောရမယ်ဆိုရင် Alkalinity ဟာ ငါးကန်ရေအရည်အသွေးရဲ့ ကျောရိုး ဖြစ်ပြီး ရေရဲ့ ဓာတုဗေဒဆိုင်ရာ အခြေအနေကို တည်ငြိမ်စေကာ ငါးများ ရှင်သန်ကြီးထွားဖို့အတွက် လိုအပ်တဲ့ သဘာဝဖြစ်စဉ်တွေကို ပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာ ဖြစ်တဲ့အတွက် ကန်ပိုင်ရှင်တွေအနေနဲ့ Alkalinity ကို(သူတေသနတွေအရ50-300 mg/L) ကြားထားသင့်တယ်လို့ဆိုကြပေမယ့် ကျွန်မအနေနဲ့ကတော့ လက်တွေ့မွေးမြူရာမှာ အနည်းဆုံး 80နဲ့အထက် 100 ပတ်ခြာလည်မှာရှိ‌အောင် ထိန်းသိမ်းထားနိုင်ရင်ရပြီလို့ပဲ အလွယ်မှတ်ထားစေချင်ပါတယ် 100ဝန်းကျင်ရအောင်တော့ထားပေးပါ
ကိုယ့်ကန်ရဲ့ Alkalinityပမာဏကို ရေအရည်အသွေးစစ်ဆေးကြည့်တဲ့အခါသိနိုင်ပါတယ် လိုအပ်တာထက် လျော့နည်းနေရင်တော့ စိုက်ပျိုးရေးသုံး ထုံး၊ ဒိုလိုမိုက် (Dolomite) စတဲ့ ထုံးဓာတ်ပါပစ္စည်းများ (Liming Materials) ကို ထည့်သွင်းပေးပြီး ပြုပြင်နိုင်ပါတယ်ရှင်

ရေအရည်အသွေး စစ်ဆေးဖို့အခက်အခဲရှိရင် ကျွန်မကိုဆက်သွယ်နိုင်သလို ခုလိုရေပြင်ရာမှာဖြစ်ဖြစ်၊ ရောဂါကုသရာမှာဖြစ်ဖြစ် လိုအပ်တဲ့ ဆေးဝါးအစုံအလင်ကို "မဟာ" မှာ အလွယ်တကူဆက်သွယ်မှာယူနိုင်ပါတယ်
☎️09268763909 ☎️09794312100
☎️09796818113 ☎️09675745572


#မဟာငါးကန်သုံးဆေးဝါး
#ရေအရည်အသွေး
#တွံတေး #မအူပင် #မန္တလေး #ပဲခူး #ဧရာဝတီ
#ငါး #ပုစွန်

Address

Twantay
Yangon

Website

Alerts

Be the first to know and let us send you an email when Sharing By Dr. AQUAs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram